16 May 2014

ရွှေမြန်မာလေကြောင်းလိုင်း၏ လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

ရွှေမြန်မာလေကြောင်းလိုင်း၏ လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခြင်း
 
***********************************************

ပြည်တွင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် ရွှေမြန်မာလေကြောင်းလိုင်း ၏ လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေလ (၁၅) ရက်နေ့က ရောက်ရှိလာကြောင်း သိရပါသည်။

MRTV

ကမ္ဘာ့ပထမဆုံး ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့

အဝေးက ကြည့်လိုက်ရင်တော့ သင်္ဘောတစ်စီးလို့ ထင်ရပါတယ်။ တကယ်တော့ ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။

ရေပေါ်မှာ တည်ဆောက် ထားတဲ့ မြို့ဆိုပေမယ့်လည်း အားလုံးရှိပါတယ်။ အဲဒါတွေ ကတော့ ရှော့ပင်း စင်တာများ၊ ပန်းခြံ များများ၊ ဈေးများ၊ ကျောင်းများ၊ ဆေးရုံးများ၊ မြို့တော် ခန်းမများ၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာ လက်ရာပြခန်း အဆောက်အအုံများ ၊ ရုပ်ရှင်ရုံများ အပြင် လေယာဉ်ကွင်းတောင် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်းမြေပေါ်ရှိ မြို့တစ်မြို့ ကဲ့သို့ပင် စီစဉ်ပေးထား ပါတယ်။

၎င်းမြို့မှာ အလွှာပေါင်း ၂၅ လွှာရှိပြီး အရှည်အားဖြင့် ၄၅၀၀ ပေ အမြင့် ၇၈၀ ပေ ဖြစ်ပါတယ်။ တည်နေရာ ကတော့ ဖလော်ရီဒါ ကမ်းခြေမှာ ဖြစ်ပါတယ်။ ကြီးမားပြီး ကျယ်ပြန့်တဲ့ သင်္ဘောတစ်စီးကဲ့သို့ တည်ဆောက်ထားတဲ့ ရေပေါ် လူနေ အဆောက်အအုံကြီးကို ကမ္ဘာ့ပထမဆုံး ရေပေါ် တည်ဆောက်ထားတဲ့ မြို့ အဖြစ် သတ်မှတ်ခံထား ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

ဗိုလ်ချုပ်မှုးကြီးလဲ မသေ သေး ... စိန်တလုံးသရက်သီးလဲ မသီးသေး

မကြာသေးခင်က နေပြည်တော်က မြို့ နယ်တခုမှာတောင်သူတွေရဲ့ လယ်မြေတွေကို ဗိုလ်သန်းရွှေ သမီးတော်တွေအတွက် စိန်တလုံးသရက် စိုက်ဖို့ တပ်ပိုင်မြေအဖြစ်သိမ်း
လိုက်တာကို အားလုံးလဲကြားသိပြီးဖြစ်မှာပါ။

စိန်တလုံးသရက်သီး စီမံကိန်းက ခုချိန်ထိကို မပြီးနိုင်သေးတော့ ကျနော်သိထားတဲ့
မင်္ဂလာဒုံလေတပ်ထဲက စိန်တလုံးသရက်စိုက်ခင်းအကြောင်းလေးပြောပြချင်ပါတယ်။

ဗိုလ်ခင်ညွန့်ကောင်းစားစဉ်ကာလ ပေါ့ ..

ဗိုလ်ချုပ်မှုးကြီးသန်းရွှေဇနီးဒေါ်ကြိုင်ကြိုင်နဲ့သမီးတော်များကစိန်တလုံးသရက်သီးကို
လက်ဆောင်ရလို့စားကြရင်းကနေအင်မတန်ကြိုက်တဲ့အတွက်စိန်တလုံးသရက်သီးကို
ပြည်ပ( EXPORT ) ထုတ်ကုန်အဖြစ်ပို့နိုင်ဖို့အတွက်ထိရည်မှန်းပြီး စစ်တပ်တွေထဲမှာ စိန်တလုံးသရက်ပင်တွေကို စီမံကိန်းနဲ့ စိုက်ခိုင်းခဲ့တယ်။ စိုက်ဖို့အတွက် ငွေကိုလဲ
အထက်က ချပေးထားသတဲ့။

အဲဒီတော့ဗိုလ်သန်းရွှေရဲ့သမက်တော်ဖြစ်တဲ့ ဒုဗိုလ်မှုးကြီးမြင့်နိုင်တပ်ရင်းမှုးဖြစ်တဲ့
မင်္ဂလာဒုံလေတပ်(လက်ရှိရန်ကုန်လေဆိပ်ဘေးက လေတပ်) ထဲမှာစိန်တလုံးသရက်
စိုက်ခင်းကိုစိုက်ကြတာပေါ့။

စိုက်ခင်းတာဝန်ယူရတဲ့ ဗိုလ်မှုးက စိန်တလုံးသရက်မျိုးကိုဘယ်လိုရှာရမယ်
ဆိုတာမသိတော့ စိတ်ညစ်နေရာကနေ သူ့ တပ်ခွဲက အရာခံဗိုလ် ဆရာကြီးကို အကြံဥာဏ်တောင်းတယ်။

အဲဒီမှာအရာခံဗိုလ်ဆရာကြီးက ...ဗိုလ်မှုးအသာနေ..

ကျနော်ကြည့် စီစဉ်မယ်ပြောလိုက်တယ်။

နောက်တနေ့မှာသူတို့လေတပ်ထဲက အိမ်ထောင်သည်လိုင်းထဲ က ကလေးတွေကို အကုန်ခေါ်လိုက်တယ်။

ကလေးတွေကို မင်းတို့ ပိုက်ဆံလိုချင်ရင် အမှိုက်ကုန်းတွေ ၊ လမ်းဘေးတွေ မှာပေါက်နေတဲ့ သရက်ပင်ပေါက်တွေကို ရှာပြီး နှုတ်လာခဲ့ကြလို့ပြောပြီး
တပင်ကို ( ၅ )ကျပ်ပေးမယ်လို့လဲပြောလိုက်တော့ တပ်လိုင်းထဲ ကကလေးတွေ
က ပျော်ပျော်ပါးပါး နဲ့ အမှိုက်ပုံတွေ ပေါ်မှာပေါက်နေတဲ့သရက်ပင်ပေါက်တွေကို အကုန်နှုတ်ယူလာကြတယ်။

ကလေးတွေ အမှိုက်ကုန်းနဲ့လမ်းဘေးက နုတ်ယူလာတဲ့ သရက်ပင်ပေါက်လေးတွေကို
တပင်ကို ( ၅ )ကျပ်နဲ့ရှင်းပေး ပြီးတော့စိုက်ခင်းထဲမှာသေချာညီညီညာညာလေး စိုက်လိုက်တယ်။
စိုက်ပြီးတော့အရာခံဗိုလ်ဆရာကြီးက သူ့အထက်က စိန်တလုံးသရက်စိုက်ခင်းတာ
ဝန်ယူထားရတဲ့ဗိုလ်မှုးကိုခေါ်ပြတယ်။ (၁၅)ရက် လောက်ရှိတော့ လေတပ်ဦးစီးချုပ်
နဲ့အတူအခြားအရာရှိကြီးတွေလဲလာကြည့်ပြီး သတ်မှတ်ချိန် အမှီစိုက်ပျိုးနိုင်တယ်ဆိုပြီး ချီးကျူးသွားကြတယ်။

စိုက်ခင်းတာဝန်ခံဗိုလ်မှုးလဲ မျက်နှာရသပေါ့လေ...
စိတ်ထဲကလဲ အရာခံဗိုလ်ဆရာကြီးကို သိပ်ကျေးဇူးတင်နေမိတယ်။

လူကြီးတွေလဲကြည့်ပြီးပြန်သွားတော့ ဗိုလ်မှုးက အရာခံဗိုလ် ဆရာကြီးကို သူ့ရုံးခန်းထဲ
ခေါ်ပြီး မေးတယ်။

ဆရာကြီး ...ဒီ စိန်တလုံးသရက်ပင်ပေါက်တွေကိုအချိန်တိုတိုအတွင်းမှာရအောင် ဆရာကြီးဘယ်လိုရှာဝယ်သလဲမေးတယ် ၊

ဒီတော့ အရာခံဗိုလ်ဆရာကြီးက .. ဗိုလ်မှုးနားကပ်ပြီး ...

ဘယ်ကလာ စိန်တလုံးသရက်မျိုးကမှာလဲ အဲဒါ လိုင်းထဲက ကလေးတွေကို အမှိုက်ပုံတွေမှာပေါက်နေတဲ့ ရင်ကွဲအောင်ချဉ်တဲ့သရက်ပင်ပေါက်တွေကို တပင် ( ၅ ) ကျပ်ပေးပြီး ကျ နော် နှုတ်ခိုင်းလို့ ကလေးတွေ နှုတ်လာတဲ့အပင်တွေကို စိုက်ထားတာ လို့ပြန်ပြောလိုက်တော့ ...

သရက်စိုက်ခင်းတာဝန်ယူထားရတဲ့ဗိုလ်မှုးက .." လန့် " ဖြန့်သွားပြီး..

ဟာ . ဆရာကြီးကလဲ.... အကုန်.ပြုတ်ကုန်တော့မှာပဲ.. ?

သရက်သီး သီးလာရင်ဘယ်နှယ့်လုပ်မတုန်း...? လို့ မေးလိုက်တော့...

အရာခံဗိုလ်ဆရာကြီးက .. အဲဒီအတွက် ဘာမှတွေး ပူမနေနဲ့ ဗိုလ်မှုး ...

အဲဒီသရက်ပင်တွေကနောင် အနှစ်( ၂၀ ) ( ၂၅ ) နှစ်လောက်မှ သရက်သီး သီးမှာ.
.
အဲဒီအချိန်ဆိုရင် ဗိုလ်မှုးလဲ တပ်ထဲမှာ မရှိတော့ဘူး ၊ ကျနော်လဲတပ်ထဲမှာမရှိတော့ဘူး၊

တပ်ချုပ် ဗိုလ်ချုပ်မှုးကြီးလဲ သေပြီ...တဲ့ ..

ဒီ စိန်တလုံးသရက်စိုက်ခင်းအတွက် အထက်ကချထားပေးတဲ့ ငွေအပို သိန်း(၃၀ )ကို
ဗိုလ်မှုးက သိန်း ( ၂၀ ) ယူ ..ကျနော်က ( ၁၀ ) သိန်းယူမယ်ဆိုပြီး ခွဲဝေယူလိုက်ကြ
တယ်။

...... အခုတော့ .....

* * မင်္ဂလာဒုံလေတပ်ဝန်းထဲက ရင်ကွဲသရက်ပင်တွေကလဲ မသီးသေး ...>

* * ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လဲ မသေ သေး ..... >

ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ —

အဲဒါ တကယ်နော် ...အဲဒီ အခင်းအကျင်းမှာ ကျနော့်ဘော်ဒါ ပါတယ်။ အခုတော့ သူလဲ သေရှာ ပြီ ..

Philosophermg Myathar

အာရှတွင် ဒုက္ခသည် အများဆုံးနိုင်ငံစာရင်း မြန်မာဒုတိယချိတ်

အာရှတိုက်၏ အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည် အများဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယနေရာ၌ ရပ်တည်နေ ကြောင်း အိုးအိမ်မဲ့ပြည်တွင်းဒုက္ခ သည်များ စောင့်ကြည့်ရေးဌာန (IDMC)၏ ထုတ်ပြန်ချက်အရ သိရသည်။

အာရှဒေသအတွင်း အိုးအိမ် မဲ့ဒုက္ခသည်အများဆုံးရှိနေသော နိုင်ငံအဖြစ် ပါကစ္စတန်နိုင်ငံသည် ဒုက္ခသည် ၇၄၆,၀၀၀ ကျော်ဖြင့်ရပ်တည်နေသည်။

ထို့ကြောင့် ဒုက္ခသည် အများဆုံးစာရင်းတွင် ပါကစ္စတန်၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံတို့က အစဉ်လိုက်ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ နီပေါ၊ လာအိုနှင့် အရှေ့တီမောနိုင်ငံတို့တွင်လည်း ဒုက္ခသည်များရှိနေသည်။

ဒုက္ခသည်များဆိုင်ရာ နော်ဝေးကောင်စီ (NRC)၏ အဖွဲ့ ခွဲတစ်ခုဖြစ်သော အိုးအိမ်မဲ့ပြည် တွင်းဒုက္ခသည်များ စောင့်ကြည့် ရေးဌာန (IDMC)၏ ထုတ်ပြန် ချက်တွင် မြန်မာနိုင်ငံ၌ အိုးအိမ်မဲ့ ဒုက္ခသည် ၆၅၀,၀၀၀ နီးပါး ရှိနေ ကြောင်း ဖော်ပြသည်။

အိမ်နီးချင်း နိုင်ငံများဖြစ် သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် ၂၉၀,၀၀၀ ဦး၊ ထိုင်းနိုင်ငံတွင် ဒုက္ခသည် ၃၅,၀၀၀ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၁၅,၈၀၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၉၀,၀၀၀ ဦးနှင့် လာအိုနိုင်ငံတွင် ဒုက္ခသည် ၄,၅၀၀ ဦး ရှိနေပြီး စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒုက္ခသည်မရှိကြောင်း ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်ကုန်တွင် ကမ္ဘာ တစ်လွှား လူ့အခွင့်အရေး ချိုး ဖောက်မှုများ၊ အကြမ်းဖက်မှုများ နှင့် လက်နက်ကိုင် ပဋိပက္ခများ ကြောင့် အိုးအိမ်မဲ့ဒုက္ခသည် ၃၃ ဒသမ ၃ သန်းခန့်ရှိလာပြီး ယခင် နှစ်ထက် ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ယခုနှစ်အစောပိုင်းက ထုတ် ပြန်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၁၃ နှစ်လယ်အစီရင်ခံစာတွင် ကမ္ဘာ့ဒုက္ခသည်အများဆုံး ၁၀ နိုင်ငံ၌ မြန်မာနိုင်ငံက အဆင့်(၆)နေရာတွင် ရှိခဲ့သည်။

ဦးသိန်းစိန် အစိုးရ လက် ထက်တွင် ရခိုင်ပြည်နယ်၌ လူမျိုး ရေး ပဋိပက္ခများဖြစ်ပေါ်ခဲ့သလို ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းကြောင့် မြန်မာ နိုင်ငံ၌ အိုးအိမ်မဲ့ဒုက္ခသည် ဦးရေမြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အိုးအိမ်မဲ့ ဒုက္ခသည်များနှင့် ယင်းကဲ့သို့ အခြေအနေတွင် နေထိုင်နေရသူ စာရင်းမှာ ခြောက်သိန်းလေးသောင်းကျော်နှင့် နိုင်ငံမဲ့စာရင်း ဝင်သူအရေအတွက်မှာ ရှစ်သိန်း ကျော်ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး၏ အစီရင်ခံစာတွင် ဖော် ပြထားသည်။

7DAY

လျှာဖျားနဲ့ပန်းချီရေးဆွဲတဲ့ အံ့ဖွယ်အိန္ဒိယပန်းချီဆရာ

အိန္ဒိယနိုင်ငံက ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီရေးဆွဲတာက ထူးခြားပါတယ်။ သမားရိုးကျ တခြားပန်းချီဆရာတွေ ပန်းချီရေးဆွဲကြသလို ဆေးစုတ်တံနဲ့ ရေးဆွဲတာမျိုးမဟုတ်ပဲနဲ့သူ့ရဲ့ လျှာကိုပဲအသုံးပြုပြီးရေးဆွဲတာပါ။ အေနီကေ လို့ အမည်ရတဲ့ အိန္ဒိယပန်းချီဆရာက တစ်ခြားသူတွေနဲ့ မတူညီတဲ့ ထူးခြားမှုတွေလုပ်ပြီး တော့ အောင်မြင်ချင်တဲ့ သူတစ်ယောက်ပါ။

သူ့ရဲ့ အနုပညာဖန်တီးချက်က အရမ်းကို တော်ပါတယ်။ ဦးခေါင်းနဲ့ မျက်နှာကို ထောင့်ချိုးကျကျ နေရာကျအောင်ထားပြီးတော့ လျှာဖျားနဲ့ သုတ်ဆေးတို့ပြီး ပန်းချီကားတစ်ချပ်ကို ဖန်တီးရေးဆွဲပြတာပါ။ တကယ့်ကို အာရုံစိုက်ပြီး လုပ်ရတဲ့အနုပညာတစ်ခုပါပဲ။

အသက် ၃၅ နှစ်ရှိတဲ့ ကျောင်းဆရာလည်းဖြစ်၊ ပန်းချီဆရာလည်းဖြစ်တဲ့ သူက  သူရဲ့ ဒီလို ထူးထူးခြားခြားဖန်တီးထားတဲ့ ပန်းချီလက်ရာနဲ့ပတ်သက်ပြီးတော့ အကောင်းဆုံး ဆု အောင်မြင်မှုရရှိဖို့ကိုလည်းမျှော်လင့်ထားပါတယ်။ ဒီပန်းချီကားကိုရေးဆွဲပြီးဆုံး သွားတော့ သူက”ကျွန်တော့ မေးရိုးတွေနဲ့ လျှာတွေ အရမ်းကို နာကျင်နေပါတယ်။

အမြင်အာရုံတွေလည်းေ၀၀ါးနေပါတယ်။ မျက်စိက သေချာအာရုံစိုက်ပြီးတော့ လျှာကတော့ အားစိုက်ထုတ်ကတာပေါ့။ နှစ်ပတ်လောက်တော့ နာနေအုံးမှာသေချာ ပါတယ်” လို့ပြောပါတယ်။
သူ့မှာ  ဒီလို လျှာနဲ့ရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း တစ်ထောင်ကျော်ရှိပြီးတော့ အဲ့အထဲမှာ အထင်ကရပုဂ္ဂိုလ်တွေဖြစ်တဲ့ ရှစ်ပေအမြင့်ရှိ ဒါဗင်ချီ ပန်းချီကားနဲ့ ဂျက်ဆက်ခရစ်တို့ရဲ့ ပုံတူပန်းချီ ကားတို့ပါဝင်ကြပါတယ်။

 သူ့အနေနဲ့က ဆက်လက်ပြီး ပုံတူပန်းချီတွေကို ဆက်လက်ရေးဆွဲသွားမှာဖြစ်ပြီး ခြေလက်လေးဖက်ကို တစ်ပြိုင်နက် တည်းအသုံးပြုပြီးတော့ ပန်းချီကားလေးကားဆွဲကာ ဂရင်းနစ်စံချိန်ဝင်နိုင်အောင်ရေးဆွဲ သွားဖို့လည်းရှိပါတယ်။

ဖိုးသူတော်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမည့်သြဂုတ်မှစပြီး ရှစ်လအတွင်း အပြီးကောက်ယူသွားမည်

ရန်ကုန်မြို့တွင် မေ ၁၅ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးကို တွေ့ရစဉ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမည့် သြဂုတ်လမှစပြီး ရှစ်လအတွင်း အပြီးကောက်ယူသွားရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောကြားသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ပတ်သက်၍ စမ်းသပ်စီမံချက်ကို မြို့နယ်သုံးမြို့နယ်တွင် စတင်ပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေ ၁၅ ရက်က ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်၌ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အစည်းအဝေးတွင် အဖွင့်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါစမ်းသပ်စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ်ရှိ ၀ိုင်း မော်မြို့နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မကြာမီ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့်အဆိုပါ စမ်းသပ်စစ်တမ်းကို အခြေခံပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်း စမ်းသပ်အစီအစဉ်နှင့် ပတ်သက်ပြီး မေ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မည်သည့် မြို့များတွင် မည်ကဲ့သို့ ကူညီနိုင်မှုများ ပြုလုပ်သွားနိုင်မည် ဆိုသည်ကို ဆွေးနွေးသွားရန် ရှိကြောင်းလည်း ဦးဝင်းကြည်က ပြောကြားသည်။

“Pilot Project က အတွေ့အကြုံတွေကို အခြေခံပြီး အခုနှစ်သြဂုတ်လကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးအောင်ကောက်ပါ့မယ်။ ရှစ်လလို့ မှန်းထားပါတယ်။ မျှော်မှန်းတဲ့အတိုင်း ပြည့်စုံမယ်ဆိုရင် ရှစ်လဆိုရင် အခြေခံမဲစာရင်း ရပါလိမ့်မယ်။ အခြေခံ မဲစာရင်းရပြီးရင် သုံးလတစ်ခါဖြစ်စေ၊ လေးလတစ်ခါဖြစ်စေ၊ ခြောက်လတစ်ခါဖြစ်စေ အမြဲတမ်း Update လုပ်သွားရင် ၂၀၁၅ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာတာနဲ့ တစ်ပြိုင်နက်မဲစာရင်းကို ကြိုပြီးကပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မဲစာရင်းကိုကြိုပြီး စောစောကပ်နိုင်သည့်အတွက် မဲစာရင်းတွင် မပါသေးသည့်သူများ၊ မပါသင့်သည့်သူများကို ၀ိုင်းဝန်းကန့်ကွက် နိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အားကိုယူသကဲ့သို့ နိုင်ငံရေးပါတီများ၏ အားကိုလည်း ယူသွားမည်ဖြစ်ကြောင်း ဦးဝင်းကြည်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကာလက မဲဆန္ဒရှင်စာရင်းကို ကြိုတင်ကြေညာခဲ့သော်လည်း ရွေးကောက်ပွဲနီးကပ်သည်အထိ စောဒကတက်ခြင်းမျိုး များရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းပြည့်ပြည့်စုံစုံ ဖြစ်ရေးမှာ ကော်မရှင်တွင် လုံးဝနီးပါး တာဝန်ရှိသော်လည်း မဲပေးပိုင်ခွင့်ရှိသူများကလည်း စာရင်းပါမပါ သွားကြည့်ထားသင့်ကြောင်း၊ ယင်းအတွက် အသိပညာပေးခြင်းကို အရပ်ဘက် အဖွဲ့အ စည်းများနှင့် နိုင်ငံရေးပါတီများက ပြုလုပ်ပေးရန်လိုကြောင်း ဦးဝင်းကြည်က ပြောကြားသည်။

မဲစာရင်းပြုစုရာတွင် အခြေခံမဲစာရင်း ပြုစုခြင်း၊ မဲစာရင်းကြေညာခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အတည်ပြုမဲစာရင်း ပြုစုခြင်းဆိုသည့် လုပ်ငန်းရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြေခံမဲစာရင်း စတင်ပြုစုစဉ်ကတည်းက Computerized (ကွန်ပျူတာဖြင့် ထိန်းချုပ်) လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များကို မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်ပြီး အသိပညာပေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် CSOs အဖွဲ့အစည်း ဖြစ်သည့် ငြိမ်းအေးရှေ့ဆောင် အဖွဲ့လည်း ပါဝင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသများတွင်ရှိသည့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း မဲဆန္ဒရှင်များ အသိပညာပေးရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး အကြံဥာဏ်ပေးစေ လိုကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ပြည်လုံးကျွတ်ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင်ပြုလုပ်ခဲ့ပြီး၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း နှစ်ကုန်ပိုင်းခန့်မှသာ ပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

eleven media group

အွန်လိုင်းချစ်သူ အပြင်မှာတွေ့တဲ့အခါ ရုပ်ဆိုးလို့ တိုက်ပေါ်က ခုန်ချ

တရုတ်အမျိုးသား တစ်ဦးလည်း ကောင်မလေးက ရှုဖိနပ်တွေ ထပ်ဝယ်ဖို့ ပူဆာလို့ ကောင်လေးက ရှော့ပင်းမောပေါ်ကနေ ခုန်ချခဲ့

ဖိလစ်ပိုင်က လူငယ်တစ်ယောက်ရဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်ကလေးကတော့ ဒီလိုပါ။ ယနေ့ခေတ်မှာ အားလုံးသိတဲ့အတိုင်း အီးခေတ်(အင်တာနက်)ကိုး။ ကမ္ဘာ တစ်လွှားမှာလည်း ဒီအီးကို ပဲ နယ်ပယ်အသီးသီးမှာ အသုံးချနေကြတယ် ဆိုပါတော့။ လူငယ်တွေကြားမှာ အင်တာနက်အသုံးချတာနဲ့ ပတ်သက်ပြီးတော့ အများဆုံး အသုံးပြုကြတာက အွန်လိုင်းပေါ်မှာ တစ်ယောက် နဲ့တစ်ယောက် စကားပြောကြ တာပါ။ အပြင်မှာ မမြင်ဖူးကြပေမဲ့ အွန်လိုင်းပေါ်မှာတော့ အချိန်အတော်ကြာ မိတ်ဆွေ တွေဖြစ်နေတတ်ကြပါတယ်။ ဒါကိုပဲ  စိတ်အပန်းဖြေမှုတစ်ခုလို ခံစားတတ်ကြ လာတာပါ။

အနေဝေးတဲ့ မိသားစုတွေ၊ အပေါင်းအသင်းတွေ၊ ချစ်သူရည်စားတွေ အတွက်ကတော့ အတော့ကိုအဆင်ပြေစေတယ်လေ။ လေလှိုင်းပေါ်မှာပဲ ချစ်သူဖြစ် သွားကြတဲ့ (အွန်လိုင်းချစ်သူ) တွေလည်းပါမှာပေါ့။

အခုဒီမှာလည်း ငိုအားထက် ရယ်အားသန် အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါရစေ။ ဖိလစ်ပိုင် လူငယ်ကောင်လေးတစ်ယောက်က နိုင်ငံပိုင် အွန်လိုင်းမီဒီယာတစ်ခုကနေပြီး ရုပ်ကလေး လှတပတ ပုံတင်ထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ အွန်လိုင်းပေါ်မှာ ချစ်ကျွမ်းဝင်ခဲ့တာ အချိန်အားဖြင့် ခြောက်နှစ်လောက်တောင်ရှိပါပြီတဲ့။ တကယ့်ကို ခိုင်မြဲတဲ့ ချစ်သူသက်တမ်းဆိုပေမဲ့ အပြင်မှာတစ်ခါမှတော့ မမြင်ဖူးပါဘူး။ ဒီလိုနဲ့ပဲ ကောင်လေးက တစ်ရက်လောက်အပြင်မှာတွေကြဖို့ ချိန်းပါတော့တယ်။

 ပြဿ     နာက တော့ ဒီကစတာပါပဲ။ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီကနေ့ခေတ်ကြီးထဲမှာ ကောင်မ လေး၊ ကောင်လေးတော်တော်များများ လုပ်နေကြတဲ့ လုပ်ကွက်တွေအတိုင်း ကိုယ့်ရဲ့ စာမျက်နှာမှာ တင်ထားတဲ့ပုံက တစ်မျိုး၊ တကယ့်အပြင်က ရုပ်ကတစ်မျိုးနဲ့ပြောင်းပြန် လက်မခံနိုင်တဲ့အနေအထားပါ။ ဒီမှာလည်း ဒီလိုပါပဲ။ ကောင်လေးက ကောင်မလေးကို အပြင်မှာ ဘယ်လိုရုပ်ကလေးနဲ့ တွေ့ရမလဲဆိုတာ စိတ်ကူးယဉ်ချင်ယဉ်ခဲ့မှာပေါ့။ တကယ်လည်းတွေ့ရော ရှော့ခ်ရသွားမယ့် ရုပ်ရည်မျိုးကို တွေ့ခဲ့တယ်ထင်ပါတယ်။ ချိန်းတွေ့တဲ့ ကုန်တိုက်ခြောက်ထပ်ကနေ အောက်ကိုဒိုင်ဗင်ကို ထိုးချသွားခဲ့တယ်လေ။

သူတို့နှစ်ဦး ဘာတွေဖြစ်ခဲ့ကြလဲ ဘာတွေပြောခဲ့ကြလဲဆိုတာကို မျက်မြင်သူတွေက ပြောပါတယ်။ ကောင်လေးက ကောင်မလေးကို “ နင့်ရဲ့ ရုပ်ရည်က ဒီပုံကြီးလား။ ပုံတင်ထားတာ ဒီလိုမဟုတ်ပါဘူး။ ဒါဆိုနင်ငါ့ကိုခြောက်နှစ်ကြီးတောင် လိမ်ညာနေခဲ့ တာပေါ့။နင့်ရဲ့ အသားရေကိုက မဲတူးနေတာပဲ။ ငါတော်တော်ကံဆိုးတာပဲ။ ဒီလိုတော့ငါ လက်မခံဘူး” ဆိုပြီးတော့ ခုန်ချသွားပါတယ်တဲ့ လို့ပြောကြပါတယ်။ အင်း   ဒါပါပဲ.......

 ကောင်လေးဘက်က သနားရမှာလား။ ကောင်မလေးကိုရော အပြစ်ပြောလို့ရမလား။ ဒီလောက်ခြောက်နှစ်ကြာချစ်ခဲ့ကြပြီးမှ ရုပ်ရည်ကိုလည်းမြင်လိုက်ရော ဒီလိုလုပ်သွား တာက မှန်လား၊ မှားလားဆိုတာကို မပြောတတ်တော့ပါဘူး။ကံကောင်းတာတစ်ခုက အောက်ကိုခုန်ချတာ
မသေလို့ပေါ့....
  
ဖိုးသူတော်

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ

Photo: ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ
Wednesday, May 14, 2014

ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။
သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း
ကျန်းမာရေးသတင်းများ
 
ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို
ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ် သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။
သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း
ကျန်းမာရေးသတင်းများ

နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်

Photo: နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်
Thursday, May 15, 2014

အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲအဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ်သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။
မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly 
 
 အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြော ကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲ အဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်
သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ် သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။
မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြော ကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly

ရန်ကုန်မြို့ အခြေခံပညာ ကျောင်းအချို့ ဝင်ခွင့် ကျပ် ၁၀ သိန်းနီးပါးအထိ ပေးရကြောင်း သတင်းထွက်ပေါ်

ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ကျောင်းဖွင့်ရာသီ ရန်ကုန်မြို့တော်ရှိ နာမည်ကြီး အခြေခံ ပညာ ကျောင်းအချို့တွင် ကျောင်းဝင်ခွင့်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တစ်ဆင့်ခံ ဝန်ဆောင်ပေးသူများကို ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ပေးရကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ကျောင်းအပ်နှံစဉ် ကာလတွင် အလှူငွေနှင့် ရန်ပုံငွေ ကောက်ခံခြင်းကို ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသော်လည်း အချို့ကျောင်းများတွင် ငွေကြေးပေး၍ ကျောင်းအပ်နှံမှုများ ရှိနေကြောင်း အခြေခံပညာ ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။
“ကျောင်းလေးတွေကျတော့ အလှူငွေ ယူတယ်လို့ အသံကြားရင် အတင်းဖိ စစ်ပြီးတော့ ဒီလို ကျောင်းကြီး ကျတော့ လွှတ်ထားတာ ဘာသဘောလဲ မသိဘူး” ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ် ဆရာ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ မြို့နယ် အတွင်းက ကျောင်းသား၊ ကျောင်းသူများကိုသာ ဦးစားပေး လက်ခံ ရမည် ဖြစ်ပြီး အခြားမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယ ဦးစားပေး အဖြစ်သာ ထည့်သွင်းထားသည်။

သို့သော် ကျောင်းဝန်ဆောင်မှု ကွာဟချက်၊ အခြား သင်ကြားရေး လိုအပ်ချက်နှင့် အကြောင်းရင်း အမျိုးမျိုးကြောင့် ကျောင်းသားမိဘ အချို့က နာမည်ကြီး ကျောင်းများကို ရွေးချယ် အပ်နှံလေ့ ရှိကြသည်။
အလားတူ ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ အသိုင်းအဝိုင်းနှင့် အစိုးရဝန်ထမ်း အရာရှိ အသိုင်းအဝိုင်းကိုသာ ခွင့်ပြုထားသော်လည်း ပြင်ပ အသိုင်းအဝိုင်းမှ ကျောင်းသား၊ ကျောင်းသူများကိုမူ ကျပ်တစ်သိန်းမှ ၁၀ သိန်းအထိ အလှူငွေ ကောက်ခံကာ ကျောင်းဝင်ခွင့် လက်ခံကြောင်း အဆိုပါကျောင်းမှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ယင်းအလှူငွေ ကောက်ခံမှုများသည် ယခင် ပညာသင်နှစ်များထက် လျော့နည်းလာကြောင်း ၎င်းက ပြော ဆိုသည်။

အဆိုပါ ကျောင်းဝင်ခွင့် အခက်အခဲများအပြင် ဆရာ၊ ဆရာမများ၏ သင်ကြားရေး လိုအပ်ချက်ကြောင့် ကျူရှင်၊ စာကျက်ဝိုင်းများ အကူအညီ ထပ်မံယူရသဖြင့် ကျောင်းသားတစ်ဦး၏ အခြေခံ ကုန်ကျစရိတ် ပိုမြင့်မားနေရခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများက ဝေဖန်ကြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာနသို့ The Voice က ဆက်သွယ် မေးမြန်းစဉ် အလှူငွေ ကောက်ခံမှုအကြောင်း သတင်းတိကျ ခိုင်လုံမှု ရှိလျှင် ဆက်သွယ် တိုင်ကြားစေလိုကြောင်း အဆိုပါ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ရွှေက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းက အခြေခံပညာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို ကျောင်းအပ်နှံစဉ် အတွင်း အလှူငွေ ကောက်ခံခြင်း၊ သူငယ်တန်း ကလေးငယ်များကို အသက်စိစစ် လက်ခံခြင်းနှင့် အခြား စည်းကမ်းချက်များကို ယခုဆန်းပိုင်းတွင် ပညာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

The Voice Weekly

မြန်မာဝတ်စုံဒီဇိုင်း

Photo

Photo

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အခမဲ့ ပညာသင်နိုင်တော့မည်

ယူနက်စကိုအဖွဲ့နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲမည့် သင်ရိုးညွှန်းတမ်းဖြင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ် အခမဲ့သင်တန်းများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဇွန်လတွင် စတင်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာန ပါမောက္ခဒေါက်တာ မိုးမိုးခိုင်က မေလ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
“လူငယ်တိုင်းဟာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို အခြေခံဆင့်လောက်တော့ တတ်ထားသင့်ပါတယ်။
လုပ်ငန်းခွင်မှာလက်တွေ့အသုံးချနိုင်ဖို့အတွက် သင်ရိုးညွှန်းတမ်းကို ယူနက်စကိုနဲ့ပူးပေါင်းပြီး ရေး ဆွဲ သွားမှာဖြစ် ပါတယ်။ ဒီသင်တန်းတွေမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဆရာမတွေ သင်ကြားပေး မှာပါ”ဟု ပြောသည်။
 
အဆိုပါ အခမဲ့သင်တန်းတွင် စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များ၊ လူသားရင်းမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို သုံးလကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးဌာနတွင် မေလ ၁၆ ရက်တွင် လျှောက်လွှာများ စတင်လျှောက်ထားရမည်ဖြစ်ပြီး မေလ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ သင်တန်း များကို ဇွန်လ ပထမပတ်အတွင်း စတင် သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ ဘာသာရပ်များအလိုက် လျှောက်ထားသူများထဲမှ ဘာသာရပ်တစ်ခုလျှင် သင်တန်းသား ၃၀ ဦး လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။
 
ယူနက်စကိုအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆရာ၊ ဆရာများအရည်အသွေးမြှင့်တင်ခြင်းနှင့် ပညာရေးမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပထမစီမံကိန်းအဖြစ်လည်းကောင်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ပူးပေါင်း၍ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ အခမဲ့သင်ကြားပေးနိုင်ရေးကို ဒုတိယစီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
ပညာရေးဝန်ကြီးဌာနနှင့် ယူနက်စကိုအဖွဲ့တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များ၊ အခြေခံ ပညာရေးဆိုင်ရာ ဘာသာရပ်များ၊ ပညာရေးစီမံကိန်းများ၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို အဆင့်မီစွာ သင်ကြားပို့ချပေးနိုင်ရေးများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

15 May 2014

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း

ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အတွက် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန်အစိုးရသို့ မေတ္တာရပ်ခံထားသည်ဟု မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ အကြီးတန်း နိုင်ငံခြားရေးအရာရှိ Raymond D Richhart နှင့် အမေရိကန် သံရုံး နိုင်ငံခြားရေးအရာရှိ Robert McDonald တို့သည် မေ ၁၃ ရက်က အမျိုးသား ဒီမိုကရေစီ
ပါတီသစ်ရုံးသို့ လာရောက်စဉ် မေတ္တာ ရပ်ခံခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်ကလည်း အမေရိကန်အစိုးရကို တင်ပြပေးမယ်လို့ ပြော သွားတယ်”ဟု ဦးသိန်းညွန့်က ပြော သည်။
“နေပြည်တော် အမြန်လမ်းက ၃၆၆ မိုင် ရှည်လျားတယ်။ တစ်မိုင်ကို တစ်ဦးနှုန်း သေဆုံးနေတယ်။ အခုဆို သေဆုံးသူ ၃၆၇ ဦးရှိပြီ။ ကတ်္တရားလမ်း အမြန်ဆုံးတည်ဆောက်ဖို့လိုအပ်တယ်
”ဟု ၎င်းက ဆိုသည်။
အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ် နည်းပညာများနှင့် ဆောင်ရွက်ပေး မည်ဆိုပါက ယင်းလမ်းနှင့် ပတ်သက်ပြီး ပြည်သူများ၏အသက်များ ဆုံးရှုံးနေသည့် အခြေအနေများကို လျော့နည်းအောင် လုပ်နိုင် မည်ဟု ဆိုသည်။

အမေရိကန် အကြီးတန်းနိုင်ငံခြားရေး အရာရှိများနှင့်အမျိုးသား ဒီမိုကရေစီ ပါတီသစ်တို့သည် ယခင် ကလည်း နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ဧပြီလ ၁၂ ရက် သန်းခေါင်ကျော် နံနက် ၂ နာရီကျော်က ခရီးသည် တင်ယာဉ်ကြီးနှင့် အိမ်စီးကား တစ်စီးတို့တိုက်မိ၍ မီးလောင်ရာမှ လူ ၁၂ ဦး သေဆုံးခဲ့ပြီးနောက် မေ ၁၂ ရက်၊ ည ၇ နာရီက ရာဇာမင်းအဝေးပြေးကား တိမ်းမှောက်ခဲ့ရာ ၁၄ ဦး သေဆုံးခဲ့သည်။

Mizzima - News in Burmese

လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်

Photo: လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်
Friday, May 16, 2014

န်ဒန်ကနေ အီတလီကို လေယာဉ်နဲ့ အားလပ်ရက် အပန်းဖြေခရီးသွားကြသူ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ လေယာဉ် ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ဟာ အိပ်မက်ဆိုးကြီး တခုကို မြင်လိုက်ကြတာပါဘဲ။
လေယာဉ်စီးခရီးသည်တွေလည်း သူတို့လေယာဉ်ဟာ လေထဲမှာ အတောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခု က ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတာ အခု ပြသမယ့် ဗီဒီယိုက ပြသပါလိမ့်မယ်။
The CityJet airliner လေကြောင်းလိုင်းက လေယာဉ်ဟာ London City လေဆိပ်ကနေ အီတလီနိုင်ငံ Florence ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ် တောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခုဟာ ချောင်ပြီး ပြုတ် ထွက် သွားခဲ့တာဖြစ်တယ်လို့ မေလ ၁၅ ရက်နေ့ The Mirror သတင်းတခုမှာ ဖော်ပြပါတယ်။
ခရီးသည်တွေလည်း ကျယ်လောင်တဲ့ အသံတခုကြားလို့ ပြူတင်းပေါက် အပြင်ကို လှမ်းကြည့် လိုက်တော့ 
လေယာဉ်မှာတွဲလောင်းကျနေတဲ့ လေယာဉ်အစိပ်အပိုင်းတခုကိုတွေ့လိုက်ကြတာလို့ ပြန်ပြောပြပါတယ်။
လေယာဉ်ပေါ်ပါသွားတဲ့ Telegraph သတင်းစာက သတင်းသမား Cole Moreton က လေယာဉ်တက် လိုက်တဲ့ အချိန်မှာ ထူးဆန်းတဲ့ အသံတခုကြားလိုက်ရပြီး လေယာဉ်ဘယ်ဘက်တောင်ပံက ၆ ပေလောက် ရှိတဲ့ အစိပ်အပိုင်းတခု ချောင်ပြီး ပြုတ်ထွက်သွားတာမြင်လိုက်ရပြီး တွဲလောင်းကျနေတယ်လို့ ပြောပါတယ်။
ခရီးသည်တွေကလည်း အရေးပေါ် သတိပေးမှုကို လေယာဉ်ဝန်ထမ်းကဆင့် လေယာဉ်မှူးဆီ အကြောင်း ကြား လိုက်တယ် တဲ့။
အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ တိုင်ပင်မှုတွေမပြီးခင် လေယာဉ်ဟာ သိမ်းမြစ်ကို ပတ်ဝဲပျံသန်း ခဲ့ပြီးနောက်ဆုံး လေဆိပ်ကို ပြန်လည့်လာခဲ့ပါတယ်။
ဂျက်လေယာဉ်ပေါ် ပါတဲ့ ခရီးသည် ၆၁ ဦးလည်း ထိခိုက်မှုမရှိ ခဲ့ပါဘဲ လေဆိပ်ကို အောင်မြင်စွာပြန်ဆင်း သက်နိုင် ခဲ့တယ် လို့ သိရပါတယ်။
ဒီခရီးသည်တွေကို နောက် ၂ နာရီလောက်အကြာ အခြား လေယာဉ်တစင်းနဲ့ မူလ ခရီးစဉ်အတွက် စီစဉ် ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီလေယာဉ်ခရီးသည်တွေ ဘယ်လောက် သွေးပျက်သွားမလဲဆိုတာ အခု ဗွီဒီယိုကို ကြည့်ရင်သိနိုင်ပါတယ်။
http://www.youtube.com/watch?v=ejqmYWzu3Og

အိမ့်သံစဉ် 
The Irrawaddy (Burmese Version)
 
လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်

Photo: လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်
Thursday, May 15, 2014

ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေးလမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆို ပါ သေမင်း တမံလမ်း မကြီးအား နိုင်ငံ တကာအဆင့် မြှင့်တင်ရန် အစိုးရ က ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည် ပြုပြော ကြား သည်။

''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင် အဆင့် မြှင့်တင်သွားမယ်'' ဟု အဆိုပါအရာ ရှိကြီးတစ်ဦးက ပြောကြားသည်။
အဆင့်မြှင့်တင်ရေးဆောင်ရွက် ရာတွင် ပထမ အဆင့်အနေဖြင့် တံတား များအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ယခုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားနှင့် နောက်ဆုံး အဆင့်ရှ စ်လမ်း သွားတံတား အဆင့် ပြုပြင် တည် ဆောက်သွားမည်ဖြစ် သည်။ ဒုတိယအဆင့်အနေဖြင့် အ မြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် သွားမည်ဖြစ်သည်။

နောက်ဆုံး အဆင့်အနေဖြင့် လမ်းတစ်လျှောက် စီစီတီဗွီကင်မရာများ တပ်ဆင်သွား ပြီး ယာဉ်သွားလာမှုအခြေအနေများ ကို ဗဟိုထိန်းချုပ်ဌာနမှ စောင့်ကြည့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''မြင့်နေတဲ့ လမ်းလယ် ကျွန်း တွေကိုနှိမ့်မယ်။ ပြီးရင် ခြံစည်းရိုး တွေကာမယ်။ လမ်းတစ်လျှောက် ဘေးဝဲယာမှာ Guard Rail တွေ အပြည့်တပ်ဆင်သွားမယ်။ လမ်းပေါ် ကို ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ မော်တော် ဆိုင်ကယ်တွေ၊ လူတွေ ဖြတ်သန်း လို့မရအောင် ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ အဲဒီအပြင် အမြန်လမ်းမ ကြီးနှင့်အပြိုင် ဝဲယာတစ်ဖက်တစ် ချက်မှာ ရွာတွေက လူတွေ အသုံး ပြုနိုင်မယ့် ယာဉ်ကြောတစ်ကြောပါ လမ်းတွေဖောက်သွားပေးဖို့ စီမံ ချက်တွေ ရေးဆွဲထားပါတယ်''ဟု အဆိုပါအရာရှိက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတစ်လျှောက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် စီစီတီဗွီကင်မရာ အလုံး ၄ဝဝတပ်ဆင်ပါက လုံလောက် မှုရှိကြောင်း တွက်ချက်ထားပြီးဖြစ် သည်ဟုလည်း သိရ သည်။ အဆိုပါလမ်း အား နိုင်ငံတကာ အဆင့်မီလမ်းအဖြစ် မြှင့်တင်ရာတွင် USAID က ၁ဝကီလိုမီတာအရှည် ရှိသော လမ်းပုံစံတစ်ခုကို ရှေ့ပြေး တည်ဆောက်ရန် နည်းပညာ အကူ အညီ များပေးမည်ဟုလဲ သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံ တော်ဘဏ္ဍာအပြင် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေး အကူအညီ များ ရယူဆောင်ရွက်သွားမည်ဟု သတင်း ရရှိ သည်။ ''အဆင့်တွေအားလုံးပြီးသွား ရင်တော့ ဒီလမ်းမကြီး ဟာ နိုင်ငံတ ကာမှာတွေ့ရတဲ့ အမြန်လမ်းမကြီး တွေအတိုင်းဖြစ်လာမှာဖြစ်ပြီး လက် ရှိကွန်ကရစ်လမ်းမကြီးတွေကနေ နိုင်လွန် ကတ္တရာ လမ်းမကြီးတွေအ သွင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်'' ဟု ထိုအရာရှိကြီးကပြောဆိုသည်။
ရန်ကုန်-မန္တလေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မေ ၁၅ရက် (ယနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရထားဝန်ကြီးဌာန၌ ပြုလုပ်မည့် သတင်း စာ ရှင်းလင်းပွဲ တွင် ရှင်းလင်းပြောကြားမည်ဟု သတင်းရရှိသည်။
၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ သည့် အဆိုပါလမ်းတွင် ယာဉ်တိမ်း မှောက်မှုကြောင့် ၃၆၇ ဦးသေဆုံးခဲ့ ပြီး ယခုနှစ်တွင် အဆိုပါအမြန်လမ်း တွင် ယာဉ်တိမ်းမှောက်မှု ၁၂မှုဖြစ် ပွားခဲ့ ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - သက်ပိုင် (အလင်းပန်းချီ)
[--Democracy today Daily Newspaper--]

ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေးလမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆို ပါ သေမင်း တမံလမ်း မကြီးအား နိုင်ငံ တကာအဆင့် မြှင့်တင်ရန် အစိုးရ က ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည် ပြုပြော ကြား သည်။

''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင်
အဆင့် မြှင့်တင်သွားမယ်'' ဟု အဆိုပါအရာ ရှိကြီးတစ်ဦးက ပြောကြားသည်။
အဆင့်မြှင့်တင်ရေးဆောင်ရွက် ရာတွင် ပထမ အဆင့်အနေဖြင့် တံတား များအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ယခုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားနှင့် နောက်ဆုံး အဆင့်ရှ စ်လမ်း သွားတံတား အဆင့် ပြုပြင် တည် ဆောက်သွားမည်ဖြစ် သည်။ ဒုတိယအဆင့်အနေဖြင့် အ မြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် သွားမည်ဖြစ်သည်။

နောက်ဆုံး အဆင့်အနေဖြင့် လမ်းတစ်လျှောက် စီစီတီဗွီကင်မရာများ တပ်ဆင်သွား ပြီး ယာဉ်သွားလာမှုအခြေအနေများ ကို ဗဟိုထိန်းချုပ်ဌာနမှ စောင့်ကြည့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''မြင့်နေတဲ့ လမ်းလယ် ကျွန်း တွေကိုနှိမ့်မယ်။ ပြီးရင် ခြံစည်းရိုး တွေကာမယ်။ လမ်းတစ်လျှောက် ဘေးဝဲယာမှာ Guard Rail တွေ အပြည့်တပ်ဆင်သွားမယ်။ လမ်းပေါ် ကို ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ မော်တော် ဆိုင်ကယ်တွေ၊ လူတွေ ဖြတ်သန်း လို့မရအောင် ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ အဲဒီအပြင် အမြန်လမ်းမ ကြီးနှင့်အပြိုင် ဝဲယာတစ်ဖက်တစ် ချက်မှာ ရွာတွေက လူတွေ အသုံး ပြုနိုင်မယ့် ယာဉ်ကြောတစ်ကြောပါ လမ်းတွေဖောက်သွားပေးဖို့ စီမံ ချက်တွေ ရေးဆွဲထားပါတယ်''ဟု အဆိုပါအရာရှိက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတစ်လျှောက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် စီစီတီဗွီကင်မရာ အလုံး ၄ဝဝတပ်ဆင်ပါက လုံလောက် မှုရှိကြောင်း တွက်ချက်ထားပြီးဖြစ် သည်ဟုလည်း သိရ သည်။ အဆိုပါလမ်း အား နိုင်ငံတကာ အဆင့်မီလမ်းအဖြစ် မြှင့်တင်ရာတွင် USAID က ၁ဝကီလိုမီတာအရှည် ရှိသော လမ်းပုံစံတစ်ခုကို ရှေ့ပြေး တည်ဆောက်ရန် နည်းပညာ အကူ အညီ များပေးမည်ဟုလဲ သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံ တော်ဘဏ္ဍာအပြင် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေး အကူအညီ များ ရယူဆောင်ရွက်သွားမည်ဟု သတင်း ရရှိ သည်။ 
 
''အဆင့်တွေအားလုံးပြီးသွား ရင်တော့ ဒီလမ်းမကြီး ဟာ နိုင်ငံတ ကာမှာတွေ့ရတဲ့ အမြန်လမ်းမကြီး တွေအတိုင်းဖြစ်လာမှာဖြစ်ပြီး လက် ရှိကွန်ကရစ်လမ်းမကြီးတွေကနေ နိုင်လွန် ကတ္တရာ လမ်းမကြီးတွေအ သွင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်'' ဟု ထိုအရာရှိကြီးကပြောဆိုသည်။
ရန်ကုန်-မန္တလေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မေ ၁၅ရက် (ယနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရထားဝန်ကြီးဌာန၌ ပြုလုပ်မည့် သတင်း စာ ရှင်းလင်းပွဲ တွင် ရှင်းလင်းပြောကြားမည်ဟု သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ သည့် အဆိုပါလမ်းတွင် ယာဉ်တိမ်း မှောက်မှုကြောင့် ၃၆၇ ဦးသေဆုံးခဲ့ ပြီး ယခုနှစ်တွင် အဆိုပါအမြန်လမ်း တွင် ယာဉ်တိမ်းမှောက်မှု ၁၂မှုဖြစ် ပွားခဲ့ ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - သက်ပိုင် (အလင်းပန်းချီ)

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

Photo: ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

ရန်ကုန်၊ မေ ၁၄

လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ  လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။
 
လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်း ဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက် ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ တွင်လည်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် က ထုတ်ပြန်ထားခဲ့သည်။

The Voice Weekly

၂၀၁၄ အာရှဖလား(အမျိုးသမီး) ဘောလုံးပြိုင်ပွဲအုပ်စု(ခ)၊ မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)

Photo: ၂၀၁၄ အာရှဖလား(အမျိုးသမီး)
ဘောလုံးပြိုင်ပွဲအုပ်စု(ခ)
Friday, May 16, 2014

မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)

နှစ်သင်းကြားအဆင့်အတန်းအလွန်
ကွာဟမှု၊လူကောင်အရွယ်အစားချင်း
မတရားကွာဟမှုစသည်တို့ကြောင့်
အာရှထိပ်သီး၊ကမ္ဘာ့တန်းဝင်အသင်း
တစ်သင်းကိုရှုံးသင့်သည်ထက်ပိုမို
အရေးနိမ့်သွားခဲ့တယ်လို့
မြင်မိပါတယ်။မြန်မာအမျိုးသမီး
လက်ရွေးစင်အသင်းဟာလာမယ့်
မေလ ၁၇ ရက်နေ့၊မြန်မာစံတော်ချိန်
ည ၄း၄၅ မှာ တရုတ်အမျိုးသမီး
လက်ရွေးစင်အသင်းနဲ့ဆက်လက်
ယှဉ်ပြိုင်ကစားရမှာပါ။

The Top Soccer League Channel
 
   မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT) နှစ်သင်းကြားအဆင့်အတန်းအလွန်ကွာဟမှု၊လူကောင်အရွယ်အစားချင်းမတရား
ကွာဟမှုစသည်တို့ကြောင့်အာရှထိပ်သီး၊ကမ္ဘာ့တန်းဝင်အသင်းတစ်သင်းကိုရှုံးသင့်သည်ထက် ပိုမိုအရေးနိမ့်သွားခဲ့တယ်လို့
မြင်မိပါတယ်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာလာမယ့် မေလ ၁၇ ရက်နေ့၊မြန်မာစံတော်ချိန် ည ၄း၄၅ မှာ တရုတ်အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ဆက်လက်ယှဉ်ပြိုင်ကစားရမှာပါ။

The Top Soccer League Channel