28 May 2014

ကမ္ဘာ့အကောင်းဆုံးအစားအသောက်များတွင် မုန့်ဟင်းခါးပါဝင်



အမေရိကန်နိုင်ငံအခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ် သော နယူးယောက်တိုင်းမ်သတင်း စာက စုစည်းဖော်ပြသော ကမ္ဘာ့ အကောင်းအဆုံးအစားအသောက် များစာရင်းတွင်မြန်မာ့ရိုးရာစားစရာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးကို ထည့်သွင်းဖော်ပြခဲ့သည်ဟုသိရသည်။

နယူးယောက်တိုင်းမ် သတင်း စာသည် ကမ္ဘာအရပ်ရပ်မှရိုးရာ အစားအသောက်များကို လှည့် လည် လေ့လာမှုပြုလုပ်ပြီးနောက် အကောင်းဆုံးအစားအသောက်များ စာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး မုန့်ဟင်းခါးကိုထိပ်တန်းအစား အသောက်များစာရင်း၌ ထည့်သွင်း ဖော်ပြခဲ့သည်။ ပျမ်းမျှရောင်းဈေး အမေရိကန်တစ်ဒေါ်လာတန်ဖိုး အောက်တွင်ရှိသော မြန်မာ့ရိုးရာ အစားအစာမုန့်ဟင်းခါးမှာ အရသာ ထူးခြားကောင်းမွန်သည့်အပြင် နံနက်စာအဖြစ်စားသုံးရန်သင့်တော် သောအခြေအနေမျိုးပိုင်ဆိုင်ထား သည်ဟု နယူးယောက်တိုင်းမ်က သုံးသပ်ချက်ပေးခဲ့သည်။

နယူး ယောက်တိုင်းမ်မှ တာဝန်ရှိသူများ သည် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူများ၊အာဟာရဆိုင်ရာ ပညာရှင်များ၏ အကူအညီဖြင့် ကမ္ဘာအရပ်ရပ်မှ အစားအသောက် များကို လက်တွေ့လေ့လာမှုပြုလုပ် ခဲ့ခြင်းဖြစ်၍ မုန့်ဟင်းခါးမှာကမ္ဘာ့ ထိပ်တန်းအစားအစာတစ်ခုဖြစ်သည် ဟု ဆိုသည်။

The Union Daily

အားကစားသတင်း အတိုအစများ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_2118.html

ဆောက်သမ်တန်နည်းပြ ပိုချက်တီနိုက စပါးအသင်းက ငါးနှစ်စာချုပ်နဲ့
ခေါ်ယူလိုက်ပါတယ်။

လက်ရွေးစင်အသင်း လေ့ကျင့်ရေး အစီအစဉ်မှာ ခြေသလုံးဒဏ်ရာ ရခဲ့တဲ့ ဟော်လန် ကွင်းလယ်လူ ဗန်ဒါဗတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲဖို့ရှိနေပါတယ်။

ယာဉ်မတော်တဆ ဖြစ်ရာတဲ့ ဂျာမနီ ကွင်းလယ်လူ ဒရက်စလာနဲ့ ဟိုဝီဒက်စ်တို့ဟာ မေ ၂၈ရက် လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒိုင်ကို စောဒက တက်ခဲ့တဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီကို အရေးယူမယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုခဲ့ပါတယ်။

အီတလီတိုက်စစ်မှူး ဘာလော့တယ်လီက သူတို့အသင်းမှာ သွေးအအေးဆုံး ကစားသမားက သူပဲလို့ ပြောခဲ့ပါတယ်။

ကာဒစ်ဖ်စီးတီးအသင်းဟာ မန်ယူတိုက်စစ်မှူး မာချီဒါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

@z (ရိုးရာလေး)

Google ရဲ့ စတီယာရင်နဲ့ ခြေနင်းတွေမပါတဲ့ ကွန်ပျူတာ ထိန်းချုပ်ကား


ပုံမှာ တွေ့မြင်နေရတဲ့ အတိုင်းပဲ ကားပုံစံက သိပ်ကို ချစ်စရာကောင်းပါတယ်။ လုံးလုံး မို့မို့လေးနဲ့ ကာတွန်းကားထဲက ကားပုံစံလေးနဲ့ သွားဆင်နေပါတယ်။ Google ဟာသူရဲ့ ကိုယ်တိုင်မောင်းနင်တဲ့
ကားပရောဂျက်ကို နှစ်တော်တော်များများ ဆောင်ရွက်
ထားခဲ့တာပါ။ အခုတော့ ဖြစ်လာခဲ့ပါပြီ။ နောက်ခံလုပ်ဆောင်မူတွေထဲကနေ အနာဂတ်ပုံစံ ကားလေးကို စတင် စမ်းသပ်မောင်းနှင်တော့မှာ ဖြစ်ပါတယ်။
အခု အနာဂတ် ရှေ့ပြေးပုံစံလေးဖြစ်တဲ့ ထိုကားမှာ စတီယာရင်၊ မှန်နဲ့ ခြေနင်း တစ်စုံတစ်ရာတောင်မပါပါဘူး။ မိုင်အားဖြင့် လောလောဆယ် တစ်နာရီကို မိုင် ၂၅ ထိပြေးနိင်မှာ ဖြစ်ပြီး ကွန်ပျူတာနဲ့ အပြည့်အ၀ကို ဆက်သွယ် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ ဘရိတ်တွေကလည်း အော်တို မတ်တစ် စနစ်တွေပါပဲ။ သို့ပေမဲ့ ရောင်းချမှာ မဟုတ်ကြောင်းနဲ့ သူရဲ့ ပါတနာတွေနဲ့ သူငယ်ချင်းတွေအတွက်သာ ဈေးကွက်ဆီကို သယ်ဆောင်လာမှာ ဖြစ်တယ်လို့ Google ကပြောကြားခဲ့ပါတယ်။

ကားမတော်တဆဖြစ်မူ တစ်စုံတစ်ရာကို သက်သာအောင်လည်း ကားမှာ လေကာ တွေကို လိုက်လျောညီထွေစွာ တပ်ဆင်ထားပါတယ်။ မကြာမီ အော်တိုမတ်တစ်ယာဉ်တွေ အပြည့်အ၀ ခွင့်ပြုရေးအတွက် ဥပဒေ အသစ်ကိုတော့ မျှော်လင့်ရမှာဖြစ်ပြီး ရရှိလာပါကကျတော်တို့မျှော်လင့်ထားတဲ့ ကားပေါ်ဒရိုင်ဘာနေရာက စာရိုက်ခြင်း ၊ စားခြင်းနဲ့ အိပ်မောကျခြင်းတွေကို အပြည်ွှအ၀ လုပ်လာနိင်စေမှာ ဖြစ်ပါတယ်။

Aung Heine ...
Smart Pro Journal


ပုဒ်မ ၄၃၆ အကြောင်း သိကောင်းစရာ



ပုဒ်မ ၄၃၆ တွင် “(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားသည် ကိုတွေ့ရှိရပါသည်။

အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ခုကို လေ့လာလျှင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် မ ဆ လ တပါတီ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနှင့် ကန့်သတ်ပုံခြင်း တပုံစံတည်း ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်ပါသည်။

ပါလီမန် ဒီမိုကရေစီ ခေတ်က ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပုဒ်မများကို လုံးဝကန့်သတ်ထားချက် မပါရှိပါ။ ဆန္ဒခံယူပွဲ ကျင်းပရန်လည်း မလိုအပ်ပါ။ ကိုယ်စားလှယ် အမတ် သုံးပုံ နှစ်ပုံမဲဖြင့် အတည်ပြု ဆုံးဖြတ်ခဲ့သည့် သာဓကကို တွေ့ရပါသည်။

လက်ရှိ အာဏာရ ကြံ့ဖွံ့အစိုးရနှင့် ကြံ့ဖွံ့လွှတ်တော်ကို ကြည့်မည်ဆိုလျှင် တမိုးလုံး ဖျောက်ဆိတ်ဟု ပြောရမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှင့် တပ်မတော် လူထွက် ကြံ့ဖွံ့အမတ်များက ပြည်ထောင်စု လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းကျော်အောင် နေရာယူထားပြီးဖြစ်သောကြောင့် ကြံ့ဖွံ့နာယက ဗိုလ်သန်းရွှေ ရေးဆွဲထားခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သည့်နည်းနှင့်မျှ ဖြည့်စွက် ပြင်ဆင် အစားထိုးရန် ဖြစ်နိုင်ချေ ရှိမည် မဟုတ်ပါ။

ပြင်ဆင်ရန် အလွန်ခက်ခဲလွန်းသည့် ပြဋ္ဌာန်းချက်များဖြင့် ကန့်သတ်ထားသည်ကိုသာ တွေ့ရှိရပါသည်။ ပြင်ဆင်နိုင်ရန် ဆိုပါလျှင် ပုဒ်မ ၄၃၆ (က) (ခ) တခုလုံးကို ပယ်ဖျက်ပစ်ရပါမည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကဲ့သို့သာဖြစ်သင့်ပါသည်။ ကန့်သတ်ပုဒ်မများ လုံးဝမပါရှိဘဲ၊ သုံးပုံနှစ်ပုံ မဲဖြင့် အတည်ပြု ဆုံးဖြတ်နိုင်ရပါမည်။

ဦးမျိုး (ဥပဒေ)
https://www.facebook.com/constitutionmya


မမြင်ချင် မကြားချင် မြန်မာ့လက်ရွေးစင်


မြန်မာလူမျိုးတွေဟာ ဘောလုံးဆိုရင် အရူးအမူး ခုံမင်အားပေးကြပါတယ်။ လူဦးရေ သန်းခြောက်ဆယ်ရှိတဲ့ မြန်မာနိုင်ငံဟာလည်း ဘောလုံးနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းဟာလည်း ထည်ဝါခမ်းနားပါတယ်။ အာရှချန်ပီယံ ဖြစ်ခဲ့သလို မြူးနစ် အိုလံပစ်ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

အခု အာရှတိုက်မှာ စွာနေတဲ့ ဂျပန် အသင်းတို့၊ တောင်ကိုရီးယား အသင်းတို့၊ အစ္စရေး အသင်းတို့ဆိုတာ မြန်မာအသင်းက သူတင် ကိုယ်တင် ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဆိုရှယ်လစ် စနစ်အောက်မှာ ပန်းတိုင်ကို ရှာဖွေရင်းနဲ့ ဘောလုံး အသင်းကလည်း ရပ်ကွက်ထဲမှာ အရက်သမားသား လူမလေးစား ဆိုသလို ဖြစ်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကာလ တစ်လျှောက်လုံး ခေါင်းမဖော်နိုင်ခဲ့တဲ့
မြန်မာ့ဘောလုံး လောကဟာ ပရော်ဖက်ရှင်နယ် ဆုကြေးစား စနစ်ကို ပြောင်းလဲခဲ့ပြီးတဲ့ နောက်မှာ မျှော်လင့်ချက်တွေ အသစ်တစ်ဖန် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စာသင်ကျောင်းမှာ ကတည်းက ရိုက်ချိုးဖျက်ဆီးခြင်း ခံခဲ့ရတဲ့ စိတ်ဓာတ်တွေဟာ အောင်မြင်မှုတွေရဖို့ အရာမရောက်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲဟာ နှစ်ပေါင်း လေးဆယ့်လေးနှစ်ကြာမှ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ နည်းတူ မြန်မာ ဘောလုံးအသင်းရဲ့ အောင်ပွဲကိုလည်း နိုင်ငံသားတွေ အားလုံးက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ချန်ပီယံ ဖြစ်သွားတဲ့ ထိုင်းအသင်းကို သရေကစားပြီး နိုင်သင့်တဲ့ ပွဲတွေမှာ ဉာဏ်ပညာ နည်းပါးမှုတွေနဲ့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရလို့ ဘောလုံး ပရိသတ်တွေက ဒေါသပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ အပြစ်တွေ့ရင် သူတစ်ပါးကို လက်ညှိုးထိုးပြီး အပြစ်ပုံချတတ်တဲ့ မြန်မာတွေရဲ့ အကျင့်စရိုက်ကြောင့် မြန်မာအသင်းရဲ့ အရှုံးဟာ နည်းပြ ဖြစ်တဲ့ တောင်ကိုရီးယား လူမျိုး ပက်ဆောင်ဟွာ အပေါ်မှာ ကျရောက်ခဲ့ပါတယ်။ ဒီအရှုံးနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ ရခဲ့တဲ့ မြန်မာဘောလုံး ပရိသတ်တွေ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တောင်းပန်မှုကို မရရှိခဲ့ပါဘူး။ လုပ်ပုံကိုင်ပုံက သင်းပါတယ်။

ပတ်ဆောင်ဟွာမှာ အပြစ်ရှိလို့ ပတ်ဆောင်ဟွာကို ထုတ်ပြီး ဆားဗီးယား လူမျိုး အီဘရာမိုဘစ်ခ်ျ အစားထိုးကာ ဗိုလ်အောင်ဒင် ပြန်လာပြီဆိုတဲ့ အပေါက်ချိုး ခဲ့ပါတယ်။ မိုဘစ်ခ်ျ အတွက် ပထမဦးဆုံး စာမေးပွဲကတော့ AFC Challenge Cup ဖြစ်ပါတယ်။ ပထမဆုံးပွဲမှာ တစ်ယောက်လျော့နဲ့ အိမ်ရှင် မော်လ်ဒိုက်ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရတော့ မြန်မာ ဘောလုံးသမားတွေဟာ အမျိုးသား သူရဲကောင်းတွေ ပြန်ဖြစ်လာပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းနဲ့ ဒုတိယပွဲကစပြီး မူလ ဂုဏ်သတ္တိတွေ ပြသလာပါတယ်။ ကွင်းထဲမှာ အချင်းချင်း အော်ဟစ်မာန်မဲကြတယ်။ အသင်းလိုက် စုစည်းမှုကို အလေးမထားဘဲ တစ်ယောက်ကောင်း ကစားတယ်။ ပွဲတစ်ခုလုံးကို ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်စွမ်းမရှိဘဲ ကိုယ်ကာယ သက်သက်နဲ့ ဘောလုံး ကစားတဲ့ သူတွေကို ကျွန်တော်တို့ တိုင်းပြည်က ရွေးချယ်ခဲ့တာပါ။

ဒီအတွက် ဒုတိယပွဲမှာ နှစ်ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယပွဲမှာလည်း သရေကျရင်တောင် အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ပေမဲ့ ပွဲတိုင်းရှုံးထားတဲ့ ကာဂျစ္စတန်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဒါဟာ မြန်မာဘောလုံး ပရိသတ် အတွက် မချိတင်ကဲ ဖြစ်ရတယ်လို့ ပြောစရာ လိုမယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအရှုံးတွေကို မြန်မာဘောလုံး အသင်းက တိုင်းပြည် အတွက် အမြဲတမ်း လက်ဆောင်ပေးလို့ပါပဲ။

ဒါ့ကြောင့် နည်းပြပဲ လဲလဲ၊ တိုက်စစ်မှူးတွေပဲ ပြောင်းပြောင်း မြန်မာ ပရိသတ်တွေကတော့ မမြင်ချင်၊ မကြားချင် မြန်မာ့ လက်ရွေးစင်လို့ ဆိုနေကြပါတယ်။

http://www.tomorrow.com.mm/?q=articles%2F526
Tomorrow


27 May 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ကို မပြင်ဆင်ရန် နေပြည်တော်၌ ဆန္ဒပြ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_28.html
 
နေပြည်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ နှင့် ၅၉ (စ) မပြင်ဆင်ရန် ဆန္ဒပြနေကြသူအချို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်း၍ နေပြည်တော်၌ ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်သည့် မေ ၂၇ ရက်တွင် ပြည်သူလူထုအချို့က ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သူ ပြည်သူအချို့မှာ ‘တပ်မတော်ပြိုကွဲမည့်အကြံ လက်မခံ’၊ ‘တိုင်းပြည်အန္တရာယ် ကျရောက်စေမည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းအား ရှောင်ရှားကြ’၊ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းအား ကန့်ကွက်ပါသည်’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မတ်တက်ရပ် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

“ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်ရတာက ပြည်သူ့ဆန္ဒအရ ကန့်ကွက်ရတာ ဖြစ်တယ်။ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲနဲ့ အများအကျိုးအတွက် ကန့်ကွက်ရတာ ဖြစ်တယ်။ နံနက် ၉ နာရီလောက်က စပြတယ်။ အခုလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ ပြည်သူတွေနဲ့ အဆင်ပြေနေတဲ့အတွက် ဘာမှ အခက်အခဲ မရှိတဲ့အတွက် ဖြစ်တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သူတို့ဆောင်ရွက်ပေးနေတဲ့ အနေအထားနဲ့ ပြည်သူလူထုနဲ့ အဆင်ပြေတဲ့ ကိစ္စပေါ့။ အခုလက်ရှိ ဘယ်ကိစ္စပဲဖြစ်ဖြစ် အခုထုတ်ထားတဲ့ ဥပဒေနဲ့အညီ သူတွေဆောင်ရွက်ပေးနေတဲ့အတွက် ကျွန်တော်တို့တတွေ မပြင်စေချင်တာ ဖြစ်ပါတယ်။ ခွင့်ပြုချက်တော့ ယူထားမရှိပါဘူး” ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကြာပန်းအ၀ိုင်းအနီး ဆန္ဒထုတ်ဖော်နေသူ ကိုမြင့်သိန်းက ပြောကြားသည်။

ထိုသို့ ဆန္ဒထုတ်ဖော်နေခြင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက စေခိုင်းခြင်းကြောင့် ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူအချို့က ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လက်မှတ်ရေးထိုးသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲပြုလုပ်သည့် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အနီး၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ကန့်ကွက်သည့်ဆိုင်းဘုတ်များ ချိတ်ဆွဲမှုများ ရှိခဲ့သည်။

ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ကို မပြင်ဆင်ရေးအတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်အတွင်း ဆန္ဒထုတ်ဖော်နေသူ အချို့အား မေ ၂၇ ရက်က တွေ့ရစဉ်

အဆိုပါ ဆိုင်းဘုတ်များတွင် ‘ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းသည် ယနေ့ထိုင်းနိုင်ငံလို ဖြစ်သွားနိုင်သည်’၊ ‘ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ကြိုးစားခြင်းသည် နိုင်ငံရေးအကျပ်အတည်း ဖြစ်သွားနိုင်သည်’၊ တစ်ဦးတစ်ယောက်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးအကြံ ဒို့လက်မခံ’၊ ‘ပြည်ပအားကိုးသူများ အလိုမရှိ’ စသည့်ဆိုင်းဘုတ်များ နေရာအချို့တွင် ချိတ်ဆွဲမှုများ ရှိခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မည်သူက မည်သည့်အချိန်တွင် လာရောက်ချိတ်ဆွဲသွားသည်ကို မသိရှိကြောင်းနှင့် မိမိတို့ ချိတ်ဆွဲထားခြင်း မဟုတ်ကြောင်း အဆိုပါအနီးတွင် နေထိုင်သူများက ဆိုသည်။

ယင်းတို့နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဒက္ခိဏသီရိမြို့နယ် ဟောပြောပွဲတွင် “ကျွန်မ ဇမ္ဗူသီရိမြို့နယ်မှာ ဟောပြောတုန်းက ကြားခဲ့ရတယ်။ အုပ်ချုပ်ရေးထဲက အရာရှိတွေက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆန့်ကျင်တယ်ဆိုပြီး ပိုစတာတွေနဲ့ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြတယ်လို့။ အဲဒီဟာက ဥပဒေနဲ့ မကိုက်ညီဘူးနော်။ ဥပဒေနဲ့ မကိုက်ညီရင် တကယ်ဖြစ်ခဲ့တယ်ဆိုရင် သက်သေအထောက်အထားတွေနဲ့ ခိုင်လုံရင် ဥပဒေလမ်းကြောင်းအရ အရေးယူဖို့ ဆောင်ရွက်မယ်” ဟု ပြောကြားသည်။

Eleven Media Group


ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံအနှံ့ သိန်းနှင့်ချီသောလူထု စတင်လက်မှတ်ရေးထိုး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေ ၂၇ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ် NLD ရုံးတွင် ပြည်သူများ လက်မှတ်ရေးထိုးနေကြစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးလှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကာ ပြည်သူများ လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မှုကို မေ ၂၇ ရက်ကစတင်ပြီး တစ်နိုင်ငံလုံး၌ပြုလုပ်ခဲ့ရာ သိန်းနှင့်ချီသောလူထုမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို တစ်နိုင်ငံလုံးရှိ NLD တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေးရုံးများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ မြို့နယ်ဆက်ဆံရေးရုံးများတွင် ပြုလုပ်လျက်ရှိပြီး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ရက်ပေါင်း ၅၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးမှု အခြေအနေနှင့်ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက “အရေအတွက်ကို အတိအကျပြောလို့မရပေမယ့် ခန့်မှန်းခြေသိန်းနဲ့ချီပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ လက်မှတ်ရေးထိုးမယ့်သူ ၁၆ သန်းလောက် ကျွန်တော်တို့ အဲဒီလောက်ထိကြိုးစားပြီးတော့ ဆောင်ရွက်မယ်လို့ ခန့်မှန်းပါတယ်။ ဒီနေ့ဆိုရင်လည်း ရွှေဂုံတိုင်ကရုံးမှာပဲရှိတယ်။ ရုပ်ရှင်အနုပညာသမားတွေရော ရဟန်းသံဃာတွေရော ပေါင်းစုံပါပဲ လက်မှတ်ထိုးဖို့ ရောက်လာကြတာ။ ညနေအထိမပြတ်ပါဘူး။ လာကြပါတယ်” ဟု မေ ၂၇ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ကို ကျွန်တော်တို့အားလုံး တညီတညွတ်တည်း အဝေးဆုံးရောက်အောင် တွန်းကြပါစို့။ ကျွန်တော်တို့အားလုံးရဲ့ သဘောထားလိုချင်တယ်။ တပ်မတော်သားရော

မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံအဖြစ်တည်ဆောက်ရာတွင် အဟန့်အတားဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲရန်၊ တိုင်းရင်းသား တန်းတူညီမျှရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်မကိုက်ညီသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးအတွက် ပထမခြေလှမ်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးလှုပ်ရှားမှုကို ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် NLD နှင့် ၈၈ မျိုး ဆက်အဖွဲ့တို့မှ တိုက်တွန်းခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့သည့် ဆရာတော်ဦးဈာနေယျက “နိုင်ငံကောင်းအောင်လုပ်ပြီဆိုတော့ ဒီဥပဒေကို ပြောင်းလဲရမယ်။ ဒီဥပဒေပြောင်းမှ ကျန်တဲ့ပြောင်းလဲရာတွေမှာ လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်ဖို့ အားလုံးသုံးသပ် ဆုံးဖြတ်စဉ်းစားနိုင်မှာ။ မဟုတ်ရင် ဘာမှပြင်လို့မရအောင်လုပ်ထားတဲ့ ပုဒ်မကြီးတစ်ခုဖြစ်နေတာကို လက်ရှိအစိုးရလည်း ခံစားမိမှာပါ” ဟု မိန့်ကြားသည်။

NLD ရုံးချုပ်သို့လာရောက်၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးသူ မရမ်းကုန်းမြို့နယ်မှ အသက် ၇၉နှစ်အရွယ် ဒေါ်ညွန့်စိန်က “အဖွားစိတ်ထဲမှာတော့ အားလုံးအတွက် ကောင်းမယ်ထင်လို့ လာလက်မှတ်ထိုးတာပါ။ ဒီပုဒ်မရှိနေသရွေ့ အကုန်လုံးပြည်သူလူထုအတွက် အကျိုးမရှိတဲ့ပုဒ်မမျိုး။ ဒီလိုလက်မှတ်ထိုးခြင်းဟာ ပြည်သူလူထုအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက်လာတာပါ” ဟုဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးဆန္ဒပေးနေသူများကို ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ မေ ၂၇ ရက်က တွေ့ရစဉ်

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု လက်မှတ်ရေးထိုးပွဲနှင့်ပတ်သက်၍ မန္တလေးတိုင်း NLD အထွေထွေအတွင်းရေးမှူး ဦးတင်ကိုကိုက “မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျွန်တော်တို့ တိုင်း၊ ခရိုင်ရုံးများ၊ မြို့နယ်ရုံးများနဲ့ ရပ် /ကျေးရုံးများအားလုံးမှာ သတ်မှတ်ထားတဲ့နေရာအားလုံးမှာ ဒီလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲစတင်ပြီးတော့ ဖွင့်ပွဲအခမ်းအနားကျင်းပပါတယ်။ အဲဒီကနေစတင်ပြီးတော့ လက်မှတ်ရေးထိုးစုဆောင်းမှုတွေ ပြုလုပ်နေပါတယ်။ လာရောက်လက်မှတ်ရေးထိုးသူအရေအတွက် တော်တော်လေး အားကောင်းပါတယ်” ဟုဆိုသည်။

မေ ၂၇ ရက် နံနက်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရုံးချုပ်၌ ပြုလုပ်ခဲ့သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုး လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာလာရောက်ခဲ့ပြီး လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ကြသည်။

သရုပ်ဆောင်အရိုင်းကလည်း “ပြင်ဆင်ဖို့လိုအပ်တဲ့အတွက် အခြေခံဥပဒေပုဒ်မ ၄၃၆ကို အားလုံးဝိုင်းဝန်းပြီးတော့ ပြင်ဆင်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်းတဲ့နေရာမှာ ကိုယ်တို့အနုပညာရှင်တွေအနေနဲ့ တစ်တပ်တစ်အား ကိုယ်တတ်နိုင်တဲ့ထောင့်လေးက လာရောက်ပြီးတော့ တိုင်းပြည်အတွက် အလုပ်လုပ်တယ်လို့ပဲ ကိုယ်ကယူဆပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ကို ကျွန်တော်တို့အားလုံး တညီတညွတ်တည်း အဝေးဆုံးရောက်အောင် တွန်းကြပါစို့။ ကျွန်တော်တို့အားလုံးရဲ့ သဘောထားလိုချင်တယ်။ တပ်မတော်သားရော ဘာရောပေါ့” ဟု NLD ၏ ပြောရေးဆိုခွင့်ရသူလည်းဖြစ်သည့် ဦးဥာဏ်ဝင်းက တိုက်တွန်းပြောကြားသည်။

Eleven Media Group


အရက်သောက်ခြင်းက စိတ်ဓာတ်ပိုမိုကျဆင်းစေ



အရက်သောက်ရင် စိတ်သောက ဝေဒနာများ ပျောက်ကင်းသွားတယ်လို့ ယူဆချက်များက မှားယွင်းတယ်လို့ အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များက သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

ယင်းတွေ့ရှိချက်က အရက်နှင့် ဆက်စပ် ယမကာ သောက်သုံးခြင်းက စိတ်ဓာတ်ကျဆင်းမှုကို မပြေလျော့စေ တဲ့အပြင် စိတ်ကျရောဂါဖြစ်ဖို့ အကြီး မားဆုံး တွန်းအားတစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ Depression ဖြေဖျောက်ဖို့ဆိုပြီး လူအများစု အရက်ကို ထွက်ပေါက် တစ်ခု အဖြစ် သတ်မှတ်ပြီး သောက် သုံးပါတယ်။ ယခုတော့ အရက်ဟာ အခြားကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ ထိခိုက်စေတယ်လို့ သက်သေပြသ ထားလိုက်ခြင်း ဖြစ် ပါတယ်။

ဒါကြောင့် အခြားသော မှန်ကန်တဲ့ စိတ်ထွက်ပေါက်ရှာရန် နည်းလမ်းများကို အသုံးပြုဖို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။
--
Ref: medic-facts
International news for myanmar


ကမ္ဘာ့ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီး ကန်ဒိုက်စ်



Maxim မဂ္ဂဇင်းက ယခုနှစ်အတွက် ကမ္ဘာပေါ်တွင် ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီးအဖြစ် တောင်အာဖရိက စူပါမော်ဒယ်လ် ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ Victoria’s Secret၏ လက်ရွေးစင် အလှမယ်ဖြစ်သော ကန်ဒိုက်စ်ကို Maxim၏ စာဖတ်ပရိသတ်များက နာမည်ကျော် အတော် များများအား ကျော်လွန်ကာ ဆွဲဆောင်မှု အပြည့်ဝ အပြင်းပြဆုံးအဖြစ် မဲပေးခဲ့ကြသည်။



မဂ္ဂဇင်း၏ Twitter စာမျက်နှာ၌ “အားလုံး စောင့်မျှော်နေတဲ့အချိန် ကျရောက်လာပါပြီ။ (၂၀၁၄)ခုနှစ်အတွက် Maximရဲ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး(၁၀၀)စာရင်းမှာ နံပါတ်(၁)အဖြစ် ရွေးချယ်လိုက်တာကတော့ ကန်ဒိုက်စ်ပါပဲ”ဟု ရေးသားဖော်ပြခဲ့သည်။ အသက်(၂၅)နှစ်ရှိ ကန်ဒိုက်စ် ကိုယ်တိုင်ကလည်း ယခုစာရင်း တွင် ထိပ်ဆုံးနေရာ ရခဲ့သည့်အတွက် ပျော်ရွှင်ကြောင်းဆိုသည်။ Maximက ရွေးတဲ့စာရင်းမှာ နံပါတ်(၁) ဖြစ် ခွင့်ရတာဟာ ဧရာမ ဂုဏ်ပြုမှုကြီး တစ်ရပ်ပါပဲ။ အရမ်းလှတဲ့၊ အရမ်းထက်မြက်တဲ့ အမျိုးသမီးတွေထဲမှာမှ ခုလို ရွေးချယ်ခံရတဲ့အတွက် တကယ့်ကို ခမ်းနားပျော်ရွှင်တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာမိပါတယ်”ဟု ကန်ဒိုက်စ် က Twitterပေါ်တွင် တုံ့ပြန်ခဲ့သည်။



Maxim၏ ဖန်တီးမှုဒါရိုက်တာ ပေါလ်မာတီနက်ဇ်က “ကန်ဒိုက်စ်ဟာ Maximက မီးမောင်းထိုးပြချင်တဲ့ ကိုယ်ရည်ကိုယ်သွေး အားလုံးနဲ့ ကိုက်ညီပြည့်စုံနေသူပါ။ လှတယ်၊ ကျက်သရေရှိတယ်၊ ဖက်ရှင်နဲ့ ပတ် သက်ရင် ပင်ကိုအသိဉာဏ်ကို ပြည့်စုံလွန်းတယ်။ ခုဆိုရင် သူဟာ ကမ္ဘာ့ထိပ်တန်းအဆင့် စူပါမော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါပြီ။ သူ့ထက် ပိုပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ကို စိတ်ကူး ပုံဖော်ကြည့်ဖို့ ခက်ခဲလွန်းပါတယ်”ဟု ချီးကျူးခဲ့သည်။



Maxim၏ စာရင်းတွင် ယမန်နှစ်က အဆင့်(၁၃) ချိတ်ခဲ့သည့် စကားလက် ဂျိုဟန်ဆန်မှာ ဒုတိယနေရာ သို့ ရောက်လာပြီး ကေတီပယ်ရီနှင့် ရုရှားစူပါမော်ဒယ်လ် အီရီနာရှိတ်ခ်တို့က အဆင့်(၃)နှင့်(၄) အသီးသီး ချိတ်ခဲ့သည်။ Maxim၏ အဆင့်သတ်မှတ်ချက် နံပါတ်(၅) နေရာတွင် အော်စကာဆုရှင် တက်သစ်စ မင်းသမီး ဂျနီဖာလောရင့်စ်က ယမန်နှစ်ကအတိုင်း အဆင့်မပြောင်းလဲဘဲ ရပ်တည်နေကြောင်း သိရှိရသည်။

Planet Myanmar Network


ရင်ခုန်မိတာ သေမလို့

 
 
 “စူဠနိဒ္ဒေသအဋ္ဌကထာ” နဲ့ “အပါဒါနအဋ္ဌကထာ”တို့မှာ
“ကိလေသာမီး” ကြောင့် အသက်ပါ ဆုံးသွားရတဲ့“သီဟိုဠ်က ဝတ္တု” တစ်ခုကို ထုတ်ပြထားတယ်။
“မဟာဝိဟာရကျောင်းတိုက်”က ရဟန်းငယ်တစ်ပါးဟာ ရုပ်ကလည်းချော၊ အသံကလည်းကောင်း၊
တရားဟောတာကလည်းကောင်းတော့ သီဟိုဠ်မှာ တအားနာမည်ကြီးနေတာပေါ့။

တစ်ခါတော့ ဘုရင်မင်းမြတ်ဟာ မိဖုရားကြီးနဲ့
သမီးတော်ကိုပါ ခေါ်ပြီး ဒီကိုယ်တော်လေးရဲ့ တရားပွဲကိုလာကြတယ်။ မင်းနဲ့ မိဘုရားဆိုတော့
သူတို့ဟာ ရှေ့ဆုံးက နေရာရတာပေါ့။ ဘုရင့်သမီးတော်ဟာ တရားနာရင်းနဲ့ ကိုယ်တော်လေးကို
မသိမသာစိုက်စိုက်ကြည့်တယ်။ ကိုယ်တော်လေးကလည်း သူနဲ့အနီးဆုံးမှာ
တရားနာနေတဲ့မင်းသမီးလေးကို အမှတ်မဲ့ခိုးကြည့်မိလိုက်တယ်။
အကြည့်ချင်းဆုံတော့ ရင်ခုန်တာပေါ့ကွာ။

အဲဒီမှာတင် ကိုယ်တော်လေးဟာ သတိလွတ်သွားပြီး
တရားကို ဆက်မဟောဘဲ မင်းသမီးလေးကို စိုက်ကြည့်မိတဲ့အထိဖြစ်သွားတယ်။
မင်းကြီးဟာ ငယ်ရာက ကြီးလာတာဆိုတော့ သမီးတော်နဲ့ ကိုယ်တော်လေးအဖြစ်ကို ရိပ်မိတယ်။
ကိုယ်ချင်းလည်းစာဟန်တူပါရဲ့။ သူတို့နှစ်ဦး လွတ်လွတ်လပ်လပ်ဆွေးနွေး
တိုင်ပင်ကြပါစေ။ တင်းတိမ် (ကန့်လန့်ကာ)ကာ ပေးလိုက်ကြလို့ အမိန့်ပေးလိုက်တယ်။

ကိုယ်တော်လေး လူဝတ်လဲမယ်ဆိုရင်လည်း
သဘောတူမယ့် သဘောထင်ပါတယ်။ တင်းတိမ်လည်းကာပြီးရော ကိုယ်တော်လေးနဲ့ မင်းသမီးလေးဟာ
တစ်ယောက် လည်ပင်း တစ်ယောက်ဖက်ပြီး ငြိမ်သွားကြသတဲ့။ အတန်ကြာလို့ တင်းတိမ်ဖွင့်ကြည့်လိုက်တော့ နှစ်ဦးလုံး “ရာဂမီး” လောင်ပြီး၊ ပွေ့ဖက်ရင်း သေဆုံးနေတာကို
တွေ့ကြရတယ်။

မင်းလည်း လူငယ်တစ်ယောက်ပဲ။
မင်းနှစ်သက်တဲ့ မိန်းကလေးကို မြင်ရရင် ရင်မခုန်ဘူးလား။ခုန်တာပေါ့ဘုရား။
ကိုယ်ချစ်တဲ့မိန်းကလေးကို သေချာမြင်လိုက်ရတဲ့နေ့ဆိုရင်ထမင်းတောင် မစားချင်တော့ဘူးဘုရား။
အဲဒါ ဘာသဘောလဲ မသိဘူး။

အေး...အဲဒါရှင်းပြချင်လို့ မေးတာ။
ကိုယ်ချစ်တဲ့သူကို မြင်ရရင် ရင်ခုန်သွားတာကိုပဲ “စာရေးဆရာတွေ၊ ဒါရိုက်တာတွေ”က “အချစ်”လို့
တင်စားပြီး အချစ်ဝတ္တုတွေ ရေးကြတယ်။ အချစ်ဇာတ်ကားတွေ ရိုက်ကြတယ်။
ကြားလိုက်ဖူးပါသေးတယ်။ ရုပ်ရှင်ကား တစ်ကားနာမည်။ ဘာတဲ့ “ရင်ခုန်မိတာ အချစ်လား” တဲ့။
မင်းကြားဖူးတယ်မဟုတ်လား။

“ကြားဖူးတယ်ဘုရား။”

တကယ်တော့ ရင်ခုန်တယ်ဆိုတာ
“လောဘမီးက နှလုံးကိုသွားလောင်တာ”။ ဒါကြောင့် နှလုံးဟာ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်
တအားမြန်သွားတာပဲ။ စောစောက ကိုယ်တော်လေးနဲ့ မင်းသမီးလေးဟာ ရင်ခုန်ရင်းကနေသေသွားတာပဲ။
ဒါကြောင့် “ရင်ခုန်မိတာ အချစ်လား”လို့ မပြောနဲ့။“ရင်ခုန်မိတာ သေမလို့”လို့ပြောကြ။
မသေချင်ရင် ရင်မခုန်ကြနဲ့ပေါ့ကွာ။

【(မေတ္တာရှင်-ရွှေပြည်သာ)၏ “လူငယ်များအတွက်
ဂမ္ဘီရဝိပဿနာ အတွဲ-၈”မှ -】

Dhamma Dãna Source ► zahan mon &
www.facebook.com/youngbuddhistassociation.mm


စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ


 
“ဒေါသ”ကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
“ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။”

စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။ အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ
ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့ သိထားကြပါတယ်။
တကယ်တော့ “စိုးရိမ်ကြောက်လန့်”တာဟာလည်း
 
ဒေါသကြောင့်ဖြစ်တာပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။ ဒေါသရှိနေလို့ပေါက်ကွဲတယ်။ဒေါသရှိနေလို့
 ကြောက်တယ်။ စိုးရိမ်တယ်။ ဒေါသမရှိရင် ပေါက်လည်း မပေါက်ကွဲတော့ဘူး။
ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။
 
ဒေါသအားကြီးတဲ့သူတွေကျတော့ ကြောက်စိတ်တွေ ၊စိုးရိမ်စိတ်တွေ ပိုများတယ်။ ဒေါသနည်းအောင်ကျင့်နေတဲ့သူတွေ ကျတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ နည်းလာတယ်။
ဒေါသကို အမြစ်ပြတ် ပယ်သတ်ပြီးတဲ့ သကဒါဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တွေမှာတော့ ကြောက်စိတ်တို့ စိုးရိမ်စိတ်တို့ လုံးဝ မရှိတော့ပါဘူး။

“ကိုယ်နဲ့ နှုတ်”မှာ ဖြစ်ပေါ်နေတဲ့ ဒေါသတွေ ပြေပျောက်ဖို့အတွက် “သီလ”စောင့်ထိန်းရပါမယ်။
“စိတ်”ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် “သမထ”လုပ်ငန်းလို့ခေါ်တဲ့ ၊
စိတ်ကို တည်ငြိမ်အောင် လုပ်ခြင်း၊ မေတ္တာပွားများဖြင်းတို့ကို ပြုလုပ်ရပါမယ်။

ဘ၀အဆက်ဆက်က ကိန်းအောင်းနေတဲ့ ဒေါသကို ပေညာလို့ခေါ်တဲ့
“၀ိပဿနာ”ကို များများ အားထုတ်ရပါမယ်။ထိုကဲ့သို့ “သီလ၊ သမာဓိ၊ ပညာ” တိုးတက်အောင်လုပ်ခြင်းဖြင့် 
ဒေါသစိတ်တွေ ပါးသထက်ပါးပြီး စိုးရိမ်စိတ်တွေလည်းလျော့ပါးသွားပါလိမ့်မယ်။ 
ဒေါသကို အမြစ်ပြတ်ပယ်သတ်နိုင်ရင်တော့ စိုးရိမ်စိတ်တွေ လုံးဝကင်းရှင်းပြီး အဆုံး စွန်သော “အေးချမ်းမှုချမ်းသာ”ကို ခံစားသိရှိရပါလိမ့်မယ်။

-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


မဟာဒါန ကြီးကျယ်သောအလှူ၊ မြင့်မြတ်သောအလှူ”


 

လောကကြီးမှာ လူသန်းပေါင်း ၆၀၀၀ ကျော်ရှိတဲ့ လူတွေအထဲမှာ အဒိန္နာဒါန သူများမပေးတဲ့ပစ္စည်းကို
မယူတဲ့သူက များတယ်လို့ ထင်ကောင်းထင်ကြမယ်။ အရပ်ထဲမှာ သူခိုးကနည်းတယ်။
လူကောင်းတွေကများတယ်လို့ ဒီလိုပြောကြတယ်နော်။ ဟိုအိမ်တက်ခိုး၊ ဒီအိမ်တက်ခိုးတဲ့ သူခိုးကတော့နည်းတယ်။သို့သော် ဒိပြင်နည်းနဲ့ ခိုးနေကြတာက တော်တော်များတယ်။

ဥပမာ ငရုပ်သီးမှုန့်ထဲကို ဒိပြင်ဟာတွေ ရောထည့်ပြီးရောင်းတယ်။နာမည်တပ်လိုက်တာက ငရုပ်သီးမှုန့်။
ဒိပြင်ဟာတွေထည့်ရောင်းတာဆိုရင် ဒါ ခိုးရာမရောက်ဘူးလား။ အနံ့လေးတွင် နနွင်းမှုန့်ထည့်ပြီး ဒိပြင်ဟာတွေရောရောင်းရင်ကော။ဆီထဲမှာလဲ ဆီသန့်နဲ့ ဆီမသန့်ရောရောင်းရင်တာလည်း
အဒိန္နာဒါန ထဲပါတယ်နော်။သတိထားကြရမှာနော်။

တံဆိပ်ကပ်ထားတာက တစ်မျိုး၊ရောင်းနေတဲ့ ပစ္စည်းက တစ်မျိုးဆိုရင် ဒါလဲ ခိုးခြင်း ၂၅ ပါးထဲပါတာပဲ။
ကောင်းတဲ့ပစ္စည်းနဲ့ မကောင်းတဲ့ပစ္စည်းရောတယ်။အဲဒါကျတော့ လူတွေက “သူခိုး” လို့ မထင်ကြဘူး။
ဘယ်သူမလည်း သူခိုးလို့ မသတ်မှတ်ကြဘူးလေ။ တကယ်ကတော့ “ခိုးခြင်း ၂၅ ပါး”က လွတ်တဲ့ပုဂ္ဂိုလ်က
အင်မတန်နည်းသွားပြန်ရော။ အဲ ခုနက သူခိုးဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ရှားကောင်းရှားမယ်။
“မဟုတ်တဲ့နည်းနဲ့ သူများရဲ့ပစ္စည်းကို ရအောင်ယူတယ်”ဆိုတဲ့ အရာအားလုံးဟာ “အဒိန္နဒါနာ” ပဲ။
ဒါကြောင့်မို့ အဒိန္နဒါနရဲ့ အဓိပ္ပါယ်ကိုက “အဒိန္န+အာဒါန” အဒိန္န=သူတစ်ပါးက ကြည်ကြည်ဖြူဖြူပေးတာမဟုတ်တဲ့ သူတစ်ပါးပိုင်ပစ္စည်းကို ၊အာဒါန= ရယူမှုတဲ့။
ကြည်ကြည်ဖြူဖြူပေးတဲ့ ပစ္စည်းမဟုတ်တာကို ၊ရယူတာမှန်သမျှ “အဒိန္နာဒါန”လို့ မှတ်ရမယ်။

စင်စင်ကြယ်ကြယ် အသက်မွေးတယ်၊ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ အမှန်တိုင်းလုပ်တယ်ဆိုတဲ့
အဒိန္နာဒါန ကရှောင်လိုက်ပြီဆိုရင် ကျန်တဲ့တစ်ဖက်သား အန္တရာယ်တွေကင်းသွားတာပေါ့။
မိမိတည်းဟူသော အကြောင်းကြောင့် ဒုက္ခရောက်တာ မရှိတော့ဘူး။

ဥပမာမယ် ဆီထဲကိုမသန့်တာတွေရောထဲ့လို့၊မတော်တာတွေစားမိလို့ ဒုက္ခရောက်တာ မရှိတော့ဘူး။

ဆေးတုတွေရောင်းတာ သောက်မိလို့ ဒုက္ခမရောက်တာတွေ မရှိတော့ဘူး။ကနေ့ခေတ်မှာဆိုရင် အင်မတန်မှ ဒီအတုတွေ အန္တရာယ်က များလာတယ်ပေါ့။ ပစ္စည်းမျိုးစုံကို အတုတွေလုပ်ပြီးရောင်းလာကြတော့ အန္တရာယ်တွေ ဖြစ်လာတ်ာပေါ့။တကယ်လို့ အဲဒါတွေ မလုပ်ဘူးဆိုလို့ရှိရင် သန်းပေါင်း ၆၀၀၀ကျော်သောလူတွေအတွက် ငါအန္တရာယ်ကင်းအောင် လုပ်ပေးတယ်ဆိုတဲ့ မဟာဒါနကြီး။တကယ့်ကို မြင့်မြတ်တဲ့ အလှူဒါနကြီးတစ်ခုကို
ငါပေးနေတယ်လို့ စိတ်ထဲမှာဒီလိုအောက်မေ့ပြီးတော့
“အဒိန္နာဒါနအမှု” ကို ရှောင်ကြဉ်ရမယ်ပေါ့။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏
“မဟာဒါန” စာမျက်နှာနှာ ၂၅ -၂၈ မှ - 】
--------*------------*----------*----------*--------
“အဒိန္နာဒါနာ ၂၅ ပါး”
•••••••••••••••••••••••••
(၁။) နာနာဘဏ္ဍ ပဉ္စက ၅ ပါး
------------------------------
၁။ အာဒိယေယျ - တရားဆင်၍ခိုးခြင်း။
၂။ ဟရေယျ - မိမိယူဆောင်သွားသော သူတစ်ပါးဥစ္စာ ပစ္စည်းကို ခိုးခြင်း။
၃။အဝဟရေယျ - မိမိထံ အပ်နှံထားသော ဥစ္စာကိုခိုးယူခြင်း။
၎။ ဣရိယာပထဝိကောပေယျ - ဥစ္စာယူဆောင်သူ၏ဣရိယာပုတ်ကိုဖျက်၍ ခိုးခြင်း။
၅။ ဌာနာစာဝေယျ - နေရာမှ ရွှေ့စေ၍ ခိုးခြင်း။

(၂)။ ဧကဘဏ္ဍ ပဉ္စက ၅ ပါး
------------------------------
ထိုငါးပါးသည် ရှေ့၌ ဖော်ပြခဲ့ပြီးသော နာနာဘဏ္ဍပဉ္စက ငါးပါးနှင့် အတူတူပင်ဖြစ်သည်။
သို့သော် ဤငါးပါး၌ “သက်ရှိငါးပါး”ကိုသာ ဆို၏။

(၃)။ သာဟတ္တိက ပဉ္စက ၅ ပါး
------------------------------
၁။ သာဟတ္တိက - ကိုယ်တိုင်ခိုးခြင်း။
၂။ အာဏတ္တိက-တပါးသူကို စေခိုင်း၍ ခိုးခြင်း။
၃။ နိဿဂ္ဂိယ - ကင်းချထားရာ အရပ်တွင်းရှိ ဥစ္စာကို အပြင်သို့ ပြစ်လွှင့်၍ လိုးခြင်း။
၎။ အတ္ထသာဓက - မခိုးမီကပင် ကံထိုက်သော အကျိုးကို ဖြစ်စေ၍ နောက်မှယူမည်ဟူ၍ ခိုးခြင်း။
၅။ ဓုရနိက္ခေပ - သူအပ်ထားသော ဥစ္စာကို ပြန်မပေးသဖြင့် ခိုးခြင်း။

(၄)။ ပုဗ္ဗပယောဂ ပဉ္စက ၅ ပါး
------------------------------
၁။ ပုဗ္ဗပယောဂ - မခိုးမီ ရှေ့အဖို့၌ ဖြစ်သော ပယောဂဖြင့် ခိုးခြင်း။
၂။ သဟပယောဂ - ခိုးခြင်းနှင့်တကွဖြစ်သော တူသောခိုးခြင်း။
၃။ သံဝိဓာဝဟာရ - လူများစွာ တုင်ပင်၍ ခိုးခြင်း
၎။ သင်္ကေတကမ္မ - အမှတ်ပြု၍ ခိုးခြင်း။
၅။ နိမိတ္တကမ - မျက်စိမှိတ်ခြင်း ၊ လည်ညိမ့်ခြင်း စသော နိမိတ်ပြု၍ ခိုးခြင်း။

(၅) ။ ထေယျာဝဟာရ ပဉ္စက ၅ ပါး
------------------------------
၁။ ထေယျာဝဟာရ - တင်း စဉ်းလဲ၊ အသပြာ စဉ်းလဲ၊ အလေး စဉ်းလဲ၍ ခိုးခြင်း။
၂။ ပသယှာဝဟာရ - အနိုင် အထက် လုယက် တိုက်ခိုက်၍ခိုးခြင်း။
၃။ ပရိကပ္ပါဝဟာရ - ဥစ္စကို၎င်း၊ အရပ်ကို၎င်း ကြံဆ၍ ခိုးခြင်း။
၎။ ပဋိစ္ဆန္နာဝဟာရ - မြေမှုန့်၊ မြက် သစ်ရွက် စသည်တို့ ဖြင့် ဖုံးလွှမ်း၍ ခိုးခြင်း။
၅။ ကုသာဝဟာရ - ကမ္ဗည်းစာရင်း လိမ်လည်ပြောင်းလဲ၍ ခိုးခြင်း

(အထွေထွေ ဗဟုသုတကျမ်းစာအုပ်မှ -ကူးယူဖော်ပြပါသည်။လွဲမှားတာရှိပါကပြင်ဆင်ဖြည့်စွက်ရေးပါရန်။)

(စာရိုက်ပူဇော်သူ - မြတ်ဗုဒ္ဓ၏သာဝက)

Dhamma Dãna Source ► မြတ်ဗုဒ္ဓ၏သာဝက &
www.facebook.com/youngbuddhistassociation.mm


မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည်



ရှေးပဝေသဏီကာလကပင် ပင်ကိုယ်စိတ်ထား၊ပင်ကိုယ်စရိုက်လက္ခဏာကပင် မျိုးနွယ်ကို စောင့်သိသည်။
ထူးခြားရည်မွန် ကောင်းမြတ်သော စရိုက်လက္ခဏာများဖြင့်ကုံလုံပြည့်ဝသည်။ အမျိုး၏ ဇာတိ ပ၀တ္တိသိက္ခာပြည့်စုံသည်။မိမိမွေးရာ ဇာတိနေရပ်ကို ခုန်မင်တွယ်တာသည်။
လူမျိုးအချင်းချင်း ချစ်ခင်သည်။

ကိုယ့်ဘာသာ ကိုယ့်သာသနာအပေါ် ရိုသေသည်။အပွေးမြင်အပင်သိတတ်သော ပင်ကိုယ်စိတ်ဖြင့်
ပြောဆိုနေထိုင်ကျင့်ကြံအားထုတ်မှုက ရည်မွန်သည်။စိတ်ရှည်သည်းခံတတ်သည်။ ဆင်းရဲအတူ ချမ်းသာမခွဲဘဲကျင့်ကြံနေထိုင်တတ်သည်။ ပင်ကိုယ်ရပ်တည်မှု၊
အပြောအဆို၊ အနေအထိုင်၊ စရိုက်လက္ခဏာတို့က
အိမ်ထောင်ဦးစီးအပေါ် ရိုကျိုးသော အသိဖြင့် အမြဲဆက်ဆံသည်။

လင်ယူသားမွေးကိစ္စကို သုံးနှစ်သုံးမိုး အချိန်ကာလပေးပြီးမှ'လင်ကိုဘုရား၊ သားကိုသခင်' ဟု မှတ်ခဲ့ကြသည်။ယနေ့ခေတ်သစ် လူငယ်ထုတွင် မမြင်ချင်အဆုံး ဖောက်ပြန်မှုများစွာဖြင့်
လူမှုရေးနယ်ပယ်တွင် တွင်ကျယ်နေကြသည်။ယိုသူမရှက် မြင်သူရှက်စရာ လင်ယူသားမွေးကိစ္စ၊
လင်ခန်းမယားခန်း ကိစ္စရပ်များကို ထမင်းစား ရေသောက်ပမာ
တခဏချင်း ဆုံးဖြတ်၍ တဒင်္ဂချင်း လိုက်လျောလိုက်ကြသည်။

'လူ့အခွင့်အရေး' ဟူ၍ ခေါင်းစဉ်ကြီးတစ်ခုကို ထိပ်မှာ စည်းနှောင်ပြီးအမျိုးသားနှင့် အမျိုးသမီး လက်မထက်ဘဲ တစ်အိမ်တည်းတစ်ခန်းတည်း တစ်အိပ်ရာထဲမှာ နေလိုက်ကြသည်။
အမျိုးသားနှင့် အမျိုးသမီး နှစ်ဦး ပွင့်လင်းလွတ်လပ်စွာအချိန်မရှိ အခါမရှိ ဖုန်းကလေး ကောက်ဆက်ပြီး တွေ့လိုက်ကြသည်။သမီးရည်းစားဘ၀များတွင် နေ့ရက်အလိုက် အတွဲများကို
တစ်လှည့်စီ တွဲပြနေကြသည်။ တစ်ချိန်သော တို့မိတို့ဖများလက်ထက်က သူ့ကျွန်ဘ၀တွင် နယ်ချဲ့တော်လှန်ရေး သမိုင်း၌အမျိုးသား၊ အမျိုးသမီးများ တန်းတူရည်တူ လက်ချင်းဆက်၍
နယ်ချဲ့တော်လှန်ရေးတွင် ပါဝင် ဆင်နွှဲခဲ့ကြသည်ကိုသူတို့လေးတွေ သိမှ သိပါလေစ။ နိုင်ငံ့တာဝန် စီးပွားကုန်သွယ်ရေး၊အများအကျိုးစီးပွား မျက်နှာစာများတွင် တန်းတူရည်တူ
လက်တွဲ၍ မြန်မာ့စီးပွားရေး စပါးကျီတည်ဆောက်ခဲ့ကြသည်ကို
သူတို့လေးတွေ သိမှသိပါလေစ။
 

မြန်မာအမျိုးသမီးလောကတွင် ထင်ရှားကျော်ကြားသောမြန်မာ,မြန်မာချင်း စံပြုနည်းယူထိုက်သော
အသိပညာရှင် အမျိုးသမီးပါမောက္ခ၊ နိုင်ငံ့ဝန်ထမ်းအကြီးအကဲ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အင်ဂျင်နီယာ၊စာရင်းအင်း ပညာရှင်၊ ရှေ့နေ၊ ရဲမေ၊ ဥပဒေပညာရှင်၊ဂီတပညာရှင်၊ သဘင်ပညာရှင်များ ပေါ်ထွန်းခဲ့သည်ကိုသူတို့လေးတွေ သိမှ သိပါလေစ။ တစ်လင်တစ်မယားစနစ်ကို
လက်ခံကျင့်သုံးပြီး အိမ်ထောင်ဦးစီးကို မြင့်မြတ်ရာနေရာ၌ထားကာ စားဦးစားဖျားများကိုပင် နေ့စဉ်ကျွေးမွေးခဲ့ကြသောမြန်မာတိုင်းရင်းသား မိသားစုအသွင်အပြင်
ထွန်းကားခဲ့သည်ကို သူတို့လေးတွေ သိမှ သိပါလေစ။

ယနေ့ ဒီမိုကရေစီလမ်းကြောင်း၌ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ် ထူထောင်ရေး ကာလ၀ယ် မြန်မာအမျိုးသား၊အမျိုးသမီးတို့၊ အေးချမ်းစွာ လွတ်လွတ်လပ်လပ်
သွားလာနေထိုင်မှုသည် တစ်ချိန်က တို့မိတို့ဖများကကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သောကြောင့် ဆိုသည်ကို
သိစေချင်လှသည်။ ဗိုလ်မင်းရောင်၏ တော်လှန်ရေးတပ်၌အမျိုးသမီးသူရဲကောင်း 'ပင်းခင်ခင်' ကျဆုံးရတာကို သိစေချင်လှသည်။


၁၉၁၉-၁၉၄၈ ခုနှစ် ကာလများတွင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာYMBA.GCBA တို့ဗမာအစည်းအရုံး၊ ဖဆပလ၊ ကုမ္မာရီအသင်း၊အာရှလူငယ်အစည်းအရုံး၊ လွတ်လပ်ရေးအမျိုးသမီးအစည်းအရုံးတွင်
အမျိုးသမီး သခင်မ၊ ရဲမေများ ပူးပေါင်းပါဝင်ခဲ့ကြသည်ကိုသိစေချင်သည်။

မျိုးနွယ်စောင့်သော မြန်မာအမျိုးသမီးထုတစ်ရပ်လုံး၏ ထူးခြားသောဂုဏ်ကျက်သရေကို ပြန်လည်အောက်မေ့ပြီးယခုခေတ် အမျိုးအများစုက ပူပေါင်းပါဝင်နိုင်ကြပါရန်လှုံ့ဆော်တိုက်တွန်းရပါသည်။ ။

ဇင်မာသင်း
အတွဲ(၁)၊ အမှတ်(၁) ဇူလိုင်လ၊ ၂၀၁၃သာကီသွေးဂျာနယ်-မှ။


https://www.facebook.com/photo.php?fbid=629065237177018&set=a.50106099997744


ပျာ်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ

      

_________________

တချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက ဆင်းသက်လာတာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။

 
ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့ ကျွန်တော်ဆိုချင်ပါတယ်။

ဥပမာ-- (၁) တစ်ဘက်လူရဲ့ ဘဝအခြေအနေကို လေးစားပါ

ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင် အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ မရှိဘူးဖြစ်နေတယ်။ နောက်တော့ သူ့ကို ကျွန်တော်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အဲဒီမှာသူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့အတွဲလို့ လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး.. သူတို့ လမ်းခွဲလိုက်ကြတယ်။

 
နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက ကောင်လေးကို ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ စာကျက်ဝိုင်းတွေ တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။ ဒါပေမယ့် ကောင်လေးက စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။ "ဘာသာတစ်ခုထဲကို နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့ ကောင်မလေးကဆိုတယ်။

စစချင်းမှာ ကောင်မလေးရဲ့ တောင်းဆိုသမျှကို ကောင်လေးလိုက်လျောခဲ့တယ်။ ဒါပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒါတွေကို ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့ သူမြင်လာတယ်။

"ကျွန်တော့်ကို သူအရမ်းဖိအားပေးတယ်။ ဒါတောင် မင်္ဂလာမဆောင်ရသေးပါဘူးဗျာ.. မင်္ဂလာဆောင်ပြီး အတူနေရင် ဒီထက်ပိုဆိုးမယ်" လို့ ကောင်လေးက ပြောပါတယ်။

"ကျွန်မတို့ရဲ့အနာဂတ်အတွက် ကျွန်မပြင်ဆင်တာပဲ.. ကျွန်မ မှားလို့လား" လို့ ကောင်မလေးက စိတ်ပျက်လက်ပျက်ပြောတယ်။

တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်ချစ် လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ လွတ်လပ်မှုတွေရှိတယ်။ ကျွန်တော်တို့ "ကောင်းတယ်" လို့ ထင်တဲ့အရာက တခြားလူရဲ့အမြင်မှာ ကောင်းချင်မှကောင်းလိမ့်မယ်။ ကိုယ့်အထင်၊ ကိုယ့်အမြင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ တခြားလူအပေါ် အတင်းအဓမ္မ ဝတ်မပေးပါနဲ့။

ဥပမာ--(၂) တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကို လေးစားရမယ်

ကျွန်တော်တို့ဟာ အရင်းနှီးဆုံးသူတွေနဲ့ ပြောဆိုဆက်ဆံလေ မယဉ်ကျေးလေ အမြဲဖြစ်တတ်တယ်။ ဒီလို တစ်ဘက်သားကို မလေးစားတတ်မှုတွေက နောက်ဆုံးမှာ ရင်းနှီးမှုတွေကို လဲပြိုစေတဲ့ ကောက်ရိုးတစ်မျှင်ဖြစ်တယ်။

အင်တာဗျူးတစ်ခုမှာ မင်းသမီးတစ်ဦးက သူ့ချစ်သူဟောင်းအကြောင်း ပြောပြတယ်။ သူတို့လမ်းခွဲရတဲ့အကြောင်းကို ပြန်သုံးသပ်ပြတယ်။ "ကိုယ့်ကိုယ်တိုင်ကို ပိုအလေးထား" မိတဲ့အတွက် သူတို့လမ်းခွဲခဲ့ရတယ်လို့ ဆိုတယ်။ အရင်က သူ့အတွက် သူ့ချစ်သူ ပေးဆပ်သမျှ၊ အကောင်းလုပ်ပေးသမျှကို လုပ်သင့်လုပ်ထိုက်တယ်လို့ပဲ သူထင်ခဲ့တယ်။ တကယ်လို့ ချစ်သူက အမှားလေးတစ်ခုခု၊ ဒါမှမဟုတ် သူ့ကို ဥပေက္ခာပြုမိတာနဲ့ သူစိတ်တိုဒေါသထွက်ပြီး ချစ်သူကို ရန်ရှာခဲ့တယ်။ ဒီလိုနဲ့နောက်ဆုံးမှာ ချစ်သူက သူ့ကိုလမ်းခွဲဖို့ စကားစခဲ့တယ်လို့ဆိုတယ်။ "နင်ငါ့ကို ချစ်သူလို မဆက်ဆံဘဲ လက်အောက်ငယ်သားလို ဆက်ဆံနေတယ်" ဆိုတဲ့ချစ်သူရဲ့ စကားတစ်ခွန်းက သူ့အမှားကို သူသိစေခဲ့တယ်လို့ မင်းသမီးကပြောပါတယ်။

သေချာစဉ်းစားကြည့်ပါ.... သင် နောက်ဆုံးအကြိမ် ဘယ်သူ့အပေါ် သည်းခံစိတ်ပျောက်ခဲ့သလဲ၊ စိတ်တိုဒေါသထွက်ခဲ့သလဲ၊ များသောအားဖြင့် အဖြေက ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ အပေါ်မှာပဲဖြစ်တယ်။ တကယ်တော့ သူတို့ဟာ ကိုယ်နဲ့ပိုရင်းနှီး ပိုလေးစားရမယ့်လူတွေဖြစ်တယ်။ တစ်ဘက်လူကို လေးစားရမယ့် အမှုအကျင့်တွေ မဲ့လာတာနဲ့အမျှ ကျွန်တော်တို့ကြားက အချစ်တွေလည်း လျော့လျော့လာမှာဖြစ်တယ်။ ဒါဟာလုံးဝ မဖြစ်ထိုက်တဲ့အရာတွေပါ။

ဥပမာ-- (၃) ဝေဖန်ခြင်းကို ချီးမွမ်းခြင်းဖြင့် အစားထိုးပါ

ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို လိုချင်ကြတယ်။ နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့စကားတွေက သံထည်လိုမာကျောတဲ့ နှလုံးသားကိုတောင် အရည်ပျော်စေနိုင်ပါတယ်။

မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့အကြောင်းကိုပဲ ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စအသေးအမွှားက သူ့ကိုအမြဲ စိတ်တိုဒေါသထွက်စေပြီး လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊ သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။ အဲဒီလို ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း စကားမခေါ်မပြောပဲနေတယ်။ သူဘယ်လိုစိတ်တိုတို၊ ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ အမှိုက်သွန်ဖို့အရေးကို မလှုံ့ဆော်နိုင်ခဲ့ဘူး။

ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက "ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို သဘောထားပါ။ ၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့ လေသံနဲ့ပြောကြည့်ပါ" လို့ သူ့ကို အကြံပေးခဲ့တယ်။

ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။ အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။

"ယောက်ျားရေ... ငါ့ကို အမှိုက်သွန်ပေးနိုင်မလား၊ သွန်ပေးနိုင်ရင် ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ"

အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်ကလေးတစ်ယောက်ကို ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။

"အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ"

အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊ မျက်နှာစူပုပ်တဲ့ အပြုအမူတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူကလည်း သူ့အသိနဲ့သူ အမှိုက်တွေ ကူသွန်ပေးခဲ့တယ်။ "ကဲ့ရဲ့ဝေဖန်"တာကို "ချီးမွမ်း" တာနဲ့ အစားထိုးတာဟာ အရာရာကို အကောင်းဖက်ပြောင်းလဲစေပါတယ်

လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်အယူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး ဦးတည်နေပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အချင်းချင်းလာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို ခွင့်လွှတ်တာနဲ့ အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားမယ်။ ဒါမှ ပျော်ရွှင်ခြင်းသော့ကို သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

မူရင်းရေးသားသူ-- Huang Tong (黃桐)老天給的幸福 要懂得享受
နိုင်းနိုင်းစနေ (Friday, August 13, 2010)
.
 


သော တ ပန် နှင့် စူ ဠ သော တ ပန်

      
 

သောတပန် = သောတပန္န

သောတ = ရေအယဉ် ။ အာပန္န = ရောက်သည် ။
ေေ
ေေေေေေ သောတပန္န (ဝါ) သောတပန် ပုဂ္ဂိုလ် ဆိုသည်မှာ - ဥပမာပြုရသော် အရပ်ရပ်မှ စီးဆင်းလာသော ရေအယဉ်တို့သည်
သမုဒ္ဒရာသို့ ရောက်သောအခါ နောက်သို့ ပြန်မဆုတ်ဘဲ သမုဒ္ဒရာသို့သာ ပြေးဝင်ဘိသကဲ့သို့ သောတပန်ဖြစ်သော
ပုဂ္ဂိုလ်သည် ငရဲ ၊ တိရိ စ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ၊ အပါယ်လေးဘုံသို့ ပြန်မဆင်းတော့ဘဲ နိဗ္ဗာန်သို့သာ ပြေးဝင်မည့်
ပုဂ္ဂိုလ်ဟု ဆိုလိုသည် ။ (ဝါ) အပါယ်လေးပါး တံခါး ပိတ်နေသော ပုဂ္ဂိုလ် လည်း မည်ဧ။် ။

သစ္စာလေးပါး တရားတော်ဧ။် သဘော အဓိပ္ပာယ်ကို ( သင် ၊ မေး ၊ နာကြား ၊ ဆောင်ထား ၊ ဆင်ခြင်မှု တို့ဖြစ်သော )သုတမယဥာဏ် ၊ စိန္တာမယဥာဏ် တို့ဖြင့် သိသော အသိ မဟုတ်ဘဲ အားထုတ်ပွားများထား၍ ထိုးထွင်းသိမြင်သောပဋိဝေဓဥာဏ် ဖြင့် အမှန်တကယ် သိမြင်နိုင်သောသူကို သောတပန် ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုရဧ။် ။

သောတပန် အစစ်သာလျှင် အပါယ်လေးပါး တံခါး ပိတ်သည် မဟုတ်သေး ၊ တရားအားထုတ် ပွားများနေစဉ်
စူဠ သောတပန် အရည်အချင်းနှင့် ပြည့်စုံနေသူလည်း သေလွန်စုတေ သွားပါက အပါယ်လေးပါး တံခါး ပိတ်နိုင်သည်သာတည်း။
( ဝိသုဒ္ဓိ မဂ် ) ။ ( စူဠ သောတပန် = သောတပန်ငယ် ၊ သောတပန်လောင်း )

စူဠ သောတပန် အရည်အချင်း ပြည့်စုံမှု ဆိုသည်မှာ ၊ ရုပ်ဧ။် သဘောတရား ၊ ရုပ်ဖြစ်ကြောင်း တရား ၊ နာမ်ဧ။် သဘောတရား ၊
နာမ်ဖြစ်ကြောင်း တရား ၊ ရုပ်နာမ် အကျိုးတရားကို ဖြစ်ပေါ်စေသော အကြောင်းတရား ( ပဋိစ္စ သမုပ္ပာဒ် ) ကို အနတ္တ ဓမ္မ သဘာဝသို့
ဆိုက်အောင် ဥာဏ်မျက်စိဖြင့် ဆင်ခြင် ပွားများ နေသောအချိန်သည် ထိုပုဂ္ဂိုလ် အတွက် ' စူဠ သောတပန် ' ဖြစ်၍နေသည် မည်ဧ။် ။

ရုပ်နာမ် သဘောတရား ဆိုသည်မှာ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန် နေခြင်းကြောင့် ဆင်းရဲခြင်း အမှန် ဖြစ်ပေါ်နေခြင်း ( ဒုက္ခ သစ္စာ) ကို
သိမှုပင် ဖြစ်သည် ။ ရုပ်နာမ် ဖြစ်ကြောင်းတရား ဆိုသည်မှာ စွဲလန်းတပ်မက်မှု ( သမုဒယ သစ္စာ = တဏှာ ) ကြောင့် ရုပ်နာမ်တို့ ဖြစ်ပေါ်နေခြင်းကို
သိမှုပင် ဖြစ်သည် ။ ထိုအသိဥာဏ် ဖြစ်ပေါ်နေစဉ် အချိန်တွင် ထိုပုဂ္ဂိုလ်သည် စူဠ သောတပန် ဖြစ်၍နေလေသည် ။ ယင်းကဲ့သို့သောအချိန်၌
ကွယ်လွန် စုတေသွားပါက အပါယ်လေးပါးမှ ကင်းလွတ်ခွင့် ရရှိနိုင်ပြီး ကောင်းမြတ်သော နောက်ဘဝကို ရောက်လျှင်ရောက်ချင်း သောတပန်
အစစ် ဖြစ်ခါ အရိယာဘဝ ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည် ။ ( ကင်္ခာ ဝိတရဏ ဝိသုဒ္ဓိ နိဒ္ဒေသ ) ။

ထို့ကြောင့် မိမိသည် ယခုအခါ သောတပန် မဖြစ်သေးသည့်တိုင်အောင် စုတေခါနီးတွင် ဝိပဿနာ ဘာဝနာ ပွားများ အားထုတ်နေခြင်းဖြင့်
အပါယ်ဘေးမှ ကင်းဝေးပြီး နောက်ဘဝ၌ သောတပန် အစစ် ဖြစ်နိုင်ရန် ယခုကပင်လျှင် ကြိုတင်ကြိုးစား၍ ဝိပဿနာ ဘာဝနာကို
အားထုတ်ပွားများနိုင်ရန် အစီအစဉ် ပြုလုပ်ပြီး အချိန်ယူဆောင်ရွက်သင့်လှပေသည် ။

ဝိပဿနာ လုပ်ငန်းမှာ မလိုက်စားဘူး သေး၍သာ ခက်သည် ၊ အရသာမရှိ ၊ ပျင်းရိဖို့ ကောင်းဧ။် ၊ ဟူ၍ ထင်မှားနေခြင်း ဖြစ်သည် ။
အနတ္တ ဓမ္မ သဘာဝကို နိုင်နင်းအောင် အသင်အပြ ကောင်းသော ဆရာမြတ်တို့နှင့် တွေ့ရှိပါက ထူးလှသည့် ဓမ္မအရသာကို လွယ်ကူစွာ
ကိုယ်တိုင်ခံစားနိုင်ပြီး စိတ်ကြည်နူးဖွယ် ၊ ချမ်းမြေ့သာယာဖွယ် ဘဝကို ပိုင်ဆိုင်နိုင်ပေမည် ။

ရွှေဥမင် ဆရာတော် ဘုရားကြီးက မိန့်မှာတော်မူခဲ့သည်မှာ --
လယ် လုပ် မ ခက် ၊ လယ် တည် ခက် ဧ။် ။
အ ကျင့် မ ခက် ၊ အ သိ ခက် ဧ။် ။ ဟူ၍ဖြစ်သည် ။

ဝိပဿနာ ဘာဝနာဧ။် အားထုတ်ပုံ အားထုတ်နည်းကို သိပြီဆိုလျှင် ကျင့်ကြံ ပွားများရန် မခက်တော့ပြီ ။ နည်းသိရန်အတွက်ကိုမူ
အနတ္တ ဓမ္မ သဘာဝကို သဘောပေါက်နားလည်အောင် ရှင်းလင်းသင်ပြပေးနိုင်သော ဆရာစစ် ဆရာမှန် တွေ့ရန် အလွန်အရေးကြီးပေသည် ။
ဆရာကောင်း ဆရာမြတ် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားသိနိုင်ရန်အတွက် မိမိ၌ ဝိပဿနာနှင့်ဆိုင်ရာ ဗဟုသုတ ဦးစွာ ရှိထားရမည် ။
သို့အတွက် အချိန်ကို သီးသန့် ရယူပြီး ဆရာတော်ကြီးများ ၊ လူပညာရှိကြီးများ ရေးသားထားသော စာပေတို့ကို ရှာဖွေ ဖတ်ရှုရမည် ဖြစ်ပေသည် ။

ပထဗျာ ဧကရဇ္ဇေန ၊ သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာ ဓိပစ္စေန ၊ သောတပတ္တိ ဖလံ ဝရံ ။ ( ဓမ္မ ပဒ ပါဠိတော် )

အနက် ။ ။ မြေအပြင်၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်လည်းကောင်း ၊
နတ်ပြည်သို့ လားရောက် စံပျော်ရသည်ထက်လည်းကောင်း
ခပ်သိမ်းသော လောကကို အစိုးရသည်ထက် လည်းကောင်း ၊

သောတပတ္တိဖိုလ်သည် မြတ်ဧ။် ။ ။

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279


မလေးရှားလေကြောင်း (MAS)မှခရီးဆောင်အိတ်၂အိတ်သာသယ်ခွင့်ပြုတော့မည်

 


မလေးရှား (၂၇.၅.၂၀၁၈)
မလေးရှားလေကြောင်းလိုင်း (MAS) မှ မနက်ဖြန် ၂၈.၅.၂၀၁၄ မှစတင်ကာ ခရီးဆောင်အိတ် သယ်ယူခွင့် စည်းမျဉ်များကို ပြောင်းလဲသတ်မှတ်ကြောင်း ယနေ့မလေးရှားနိုင်ငံတစ်ဝှမ်းရှိ သတင်းဌာနများမှ တဆင့် ကြော်ငြာသွားခဲ့သည် ။
အဆိုပါစည်ကမ်းသစ်အရ မည်သည့် CLASS တွင်စီးမည့်ခရီးသည်မဆို ယခင် ခရီးဆောင်အိတ် မည်မျှ သယ်သယ် (ရရှိသော သတ်မှတ်ကီလိုအတွင်း အိတ်မည်မျှများစေ) ရခဲ့သော်လည်း ၂၈.၅.၂၀၁၄ မှ စတင်ကာ ခရီးဆောင်အိတ် ၂ လုံးသာ သယ်ယူခွင့် ရတောမည်ဖြစ်ကြောင်းသိရသည် ။

ခရီးသည် များအနေဖြင့်
ECONOMY CLASS အတွက် ၃၀ ကီလို
BUSINES CLASS အတွက် ၄၀ ကီလို
FIRST CLASS အတွက် ၅၀ ကီလို
အတိုင်း ယခင်လို ကီလို အပြည့်သယ်ခွင့်ရှိသည်
သို့သော် ယခင် ကဲ့သို့ အိတ် ၃-၄ အိတ် ခွဲသယ်ခွင့်မရတော့ပဲ ကီလို ၃၀ ကို အများဆုံး ၂ အိတ်သာ ခွဲပြီး သယ်ဆောင်နိုင်တော့မည်ဖြစ်သည် ။

မလေးရှား မှ ရန်ကုန်သို့ ပြန်မည့် ခရီးသည်များအားလုံးသည်လည်း ၂ အိတ်သာ သယ်ဆောင်ခွင့်ရကြတော့မည်ဖြစ်သည် ။

ထပ်မံပြီး သတ်မှတ်ကီလိုထက် ပိုလာမည့် ခရီးသည်များအတွက် ၅ ကီလို ပိုလျှင် ယခင် ၆၀ ရင်းဂစ်မှ ယခု ၇၀ ရင်းဂစ်သို့ ၁၀ ရင်းဂစ် ပိုမိုပေးဆောင်ရမည်ဖြစ်သည် ။ ထို ဈေးသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံး တူတူပင်ဖြစ်သည် ။

အသက် ၂ နှစ်အောက်ခလေး လက်မှတ်အတွက်မူ ၁၀ ကီလို သယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည် ။
ဆက်လက်ပြီး HAND-CARRY အနေဖြင့် ယခင်အတိုင်း ၇ ကီင်္လိုကို လက်ပ်တော့ပ် ၊ ပိုက်ဆံအိတ်သေး ၊ လက်ဆွဲ(သို့) ဘေးလွယ် (သို့) ကျော်ပိုးအိတ် စသဖြင့် အဆင်ပြေသလို သယ်ယူနိုင်သေကြောင်းသိရပါသည် ။

ထို့ကြောင့် မလေးရှားရောက် မြန်မာများ အားလုံး နှင့် မြန်မာပြည်မှ မလေးရှားသို့ လာရောက်မည့် မြန်မာများ အားလုံး ၊ အလုပ်အကိုင် အေဂျင်စီများအားလုံး နှင့် ခရီးသွားလုပ်ငန်းများအားလုံး ယနေ့ သိရမည်မှာ မလေးရှား အဲလိုင်း (MAS) စီးမည်ဆိုပါက
၁. ခရီးသည်တစ်ဦးလျှင် LUGGAGE(ခရီးဆောင်အိတ်) ၂ လုံးသာခွင့်ပြုခြင်း
၂. ကီလိုပို ၅ ကီလိုလျှင် ယခင် ၆၀ မှ ယခု ၇၀ ရင်းဂစ်သို့ တိုးခြင်း
တို့ကို သတိထား စီးနင်းကြရမည်ဖြစ်ကြောင်း.. ရွှေလူငယ် ခရီးသွားကုမ္မဏီ အနေဖြင့် သတင်းထုတ်ပြန်ကြော်ငြာပေးပါသည် ။

မည်သည့် နိုင်ငံခရီးစဉ်အတွက်မဆို ရွှေလူငယ်တွင်လက်မှတ် မှာယူနိုင်ပြီ ..
ရွှေလူငယ် ခရီးသွားဝန်ဆောင်မှုကုမ္မဏီ (မလေးရှား)
----------------------------------------------------------
အခန်း-၂ ၊ မြန်မာမီနီရှော့ပင်းစင်တာ
မောရှမ်းစားသောက်ဆိုင် အပေါ်ထပ် (သို့)
ရွှေတောင်နံပတ်ဝမ်း စားသောက်ဆိုင် အောက်ထပ်
ဂျလန်းလီပို့ပူဒူး ၊ ကွာလာလမ်ပူ ။
Hot Line - 0124468842 , 0164468842
Line/Fax - 0320222265 -10am-6pm Only

https://www.facebook.com/photo.php?fbid=310481835777289&set


စစ်ဗိုလ်ချုပ်တွေ ဆက်ပြီး ကြွယ်ဝချမ်းသာလာကြဦးမယ်



စည်သူအောင်မြင့်

ခုတစ်ပတ်အတွင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းမှာရော၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အင်န်ဂျီအို အသိုင်းအ၀ိုင်းတွေ အကြားမှာပါ ဂယက်ရိုက်သွားတဲ့ သတင်းတစ်ခုကတော့ ရန်ကုန်၊ ဗဟန်းရွှေတောင်ကြားထဲက ဗိုလ်ချုပ်ဟောင်း တစ်ယောက် ပိုင်တဲ့ခြံနဲ့ အဆောက်အအုံတွေကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့UNICEF က ရုံးခန်းအဖြစ် အသုံးပြုဖို့ တစ်လ ဒေါ်လာ ၈၇,၀၀၀၊ တစ်နှစ်ဒေါ်လာ တစ်သန်းကျော်နဲ့ ငှားရမ်းအသုံးပြုနေတယ်ဆိုတဲ့ သတင်းပါ။ ဧရာဝတီသတင်းဌာနက စပြီးဖော်ထုတ်လိုက်တဲ့ အဲဒီသတင်းနဲ့ ဆက်စပ်ပြီး ပြည်သူတွေ စိတ်ဝင်စားကြတာက ရန်ကုန်မှာ အိမ်ခြံမြေ ဈေးနှုန်းတွေ ဒီ လောက်တောင်တက်နေပြီလား၊ ဒါမှမဟုတ် UNICEF က ငှားထားတဲ့နှုန်းကပဲ သဘာဝမကျစွာ များနေသလား၊ ဗိုလ်ချုပ်ဟောင်းတွေ ဒီလောက်တန်ဖိုးရှိတဲ့ အိမ်တွေ၊ ခြံတွေ ဘယ်လောက်များ ပိုင်နေကြသလဲ၊ ဘယ်လိုနည်းနဲ့ ရလာကြသလဲ၊ မြန်မာပြည်မှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျရောကျဦးမှာလားစတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်းတွေ ဆွေးနွေးတင်ပြသွားပါ့မယ်။

အခု UNICEF က ငှားရမ်းထားတဲ့ခြံဟာ အမေရိကန်အစိုးရက နာမည်ပျက် စာရင်းသွင်းမထားတဲ့ အမျိုးသမီးတစ်ယောက်ပိုင်တယ်လို့ UNICEF ဘက်က ထုတ်ဖော်ပြောဆိုပေမယ့် ရန်ကုန်က ၀ါရင့်အကျိုးဆောင်တွေ အားလုံးကတော့ အဲဒီခြံဟာ အရင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နအဖခေတ် လယ်ယာဆည်မြောင်းဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ညွန့်တင် ပိုင်ဆိုင်တယ်လို့ သိထားကြတာပါ။ သူတို့ရဲ့ပြောပြချက်အရ ဗိုလ်ချုပ်ညွန့်တင်ဟာ ဒီခြံတစ်ခုတည်း ပိုင်ဆိုင်ထားတာ မဟုတ်ဘူး၊ အခြားတန်ဖိုးကြီး အိမ်ခြံမြေတွေ ပိုင်ဆိုင်ထားသေးတယ်လို့ ဆိုပါတယ်။ တကယ်ဆိုတော့ ဗိုလ်ချုပ်ညွန့်တင်ဟာ ၂၀၀၃ ခုနှစ်ကတည်းက ရာထူးကနေ အရာကျသွားခဲ့ရသူပါ။ ဒီဘက်ခေတ်အထိ တန်ခိုးထွားခဲ့၊ တန်ခိုးထွားဆဲ စစ်ဗိုလ်ချုပ်တောင် မဟုတ်သေးပါဘူး။ အဲလိုဆို အခြားစစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေကရော ပိုင်ဆိုင်မှု ဘယ်လောက်ရှိနေမလဲ မေးစရာ ရှိပါတယ်။ အလွန်များတယ်လို့ပဲ တစ်ခွန်းတည်း ဖြေရမှာပါ။

အဲဒီဗိုလ်ချုပ်တွေဟာ ရောင်းရင် ကျပ်ငွေ သိန်းပေါင်းသောင်းချီတန်တဲ့ အိမ်ခြံ မြေတွေ၊ ငှားရင် ခုလိုပဲ တစ်နှစ် ဒေါ်လာ သန်းဂဏန်းလောက်ရနိုင်တဲ့ အိမ်ခြံမြေတွေ၊ စက်မှုဇုန်က မြေကွက်တွေတင်မက တိုက်ခန်းအမျိုးမျိုး၊ တိုင်းနဲ့ ပြည်နယ်အနှံ့က မြေကွက်ပေါင်း မြောက်မြားစွာလည်း ပိုင်ဆိုင်ကြပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့မှာ အလွန်တန်ဖိုးကြီးတဲ့ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ၊ ရွှေတောင်ကြား ရွှေဝတ်မှုံအိမ်ရာ၊ ကမ္ဘာအေးဗီလာစတဲ့ နေရာတွေကတော့ ထင်ရှားပါတယ်။ ဗိုလ်ချုပ်တွေ တရားဝင်ရထားတဲ့ အိမ်ရာတွေပါ။

၁၉၈၈ စစ်တပ်က အာဏာသိမ်းစဉ်တုန်းကတော့ စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုဟာ ဘာမှသိပ်ရှိတာ မဟုတ်ပါဘူး။ အကြမ်းဖျင်းအားဖြင့် စစ်ဗိုလ်ချုပ်တွေဟာ အဲဒီအိမ်ခြံမြေတွေကို နည်းလမ်းသုံးသွယ်နဲ့ ပိုင်ဆိုင်လာတယ်လို့ ပြောနိုင်ပါတယ်။ ပထမ တစ်နည်းကတော့ အိမ်ခြံမြေ၊ တိုက်ခန်းတွေကို ကိုယ့်ဘာသာကိုယ် မတရားနည်းနဲ့ အရယူတာပါ။ မြို့သစ်ဖော်တယ်၊ ယူတယ်၊ စက်မှုဇုန်ဖော်တယ်၊ ဝေစုယူတယ်၊ ကွန်ဒိုဆောက်တယ်၊ ဝေစုယူတယ်၊ ဈေးဆောက်တယ်၊ ဝေစုယူတယ်၊ ၀န်ကြီးဌာနပိုင်တွေကို ဈေးပေါပေါနဲ့ ကိုယ့်ဘာသာကိုယ်ဝယ်ယူတယ် စတဲ့နည်းနဲ့ မြေကွက်တွေ၊ တိုက်ခန်းတွေ၊ ဆိုင်ခန်းတွေ အများကြီးရကြပါတယ်။ မြေကွက်ရပြီးတော့လည်း လွယ်ပါတယ်။ ကိုယ်နဲ့လုပ်စားကိုင်စားနေတဲ့ စီးပွားရေးသမားတစ်ယောက်ယောက်ကို အိမ်ဆောက်ခိုင်းလိုက်ရုံပါပဲ။ အဲလိုနည်းနဲ့ ပိုင်ဆိုင်မှု ပေါင်းများစွာ ရလာကြတာ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ရှေးဘုရင် ခေတ်ကလို မောင်လှယ်နှမလှယ်နည်းနဲ့ မြေကွက်တွေ၊ အဆောက်အအုံတွေရကြတာပါ။ တစ်နေရာမှာ စစ်တိုင်းမှူးလုပ်တဲ့ သူဟာ မြို့သစ်ဖော်ရင် သူ့ဘာသာသူ ယူရုံမက အခြားတိုင်းမှူးတွေကိုလည်း ဝေစုလှမ်းပေးပါတယ်။ စစ်ရုံးချုပ်က ဗိုလ်ချုပ်တွေကိုလည်း ပေးပါတယ်။ နောက်ဆုံး နိုင်ငံခြားရောက်နေတဲ့ စစ်သံမှူးလုပ်သူတွေကိုတောင် ခွဲဝေပေးပါတယ်။ ဒီလိုပဲ အခြားတိုင်းမှူးတွေ၊ ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း သူ့ကို ပြန်ပေးကြလို့ စစ်ဗိုလ်ချုပ် တစ်ဦးချင်းစီဟာ မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာ မြေကွက်ပိုင်၊ အိမ်ခြံပိုင်တွေ ဖြစ်နေကြတာပါ။ တချို့စစ်ဗိုလ်ချုပ်တွေဆို သူတို့ပိုင်ဆိုင်မှုအားလုံးကိုတောင် မမှတ်မိဘူးလို့ ဆိုပါတယ်။

နောက်ဆုံးတစ်နည်းကတော့ အဂတိလိုက်စားမှုလုပ်လို့ ရလာတဲ့၊ လာဘ်စားလို့ရလာတဲ့ တရားမ၀င်ငွေတွေနဲ့ ၀ယ်ယူရင်းနှီးမြှုပ်နှံထားတာပါ။ ကိုယ်ပိုင်ငွေရော၊ အာဏာကိုပါ ပေါင်းလိုက်တဲ့အခါ စစ်ဗိုလ်ချုပ်တွေဟာ ရန်ကုန် ရွှေတောင်ကြားလို တကယ့်မြေဈေးခေါင်ခိုက်နေတဲ့ နေရာမျိုးက မြေကွက်တွေကို ပိုင်ဆိုင်နိုင်တဲ့သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီနေ့မြေကွက်ကိစ္စ၊ အိမ်ခြံမြေကိစ္စ ပြောရင် “အဘပိုင်” ဆိုတာ လက်ညှိုထိုးမလွတ်တာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြေပိုင်ရှင်ကြီးတွေဆိုတာ စစ်ဗိုလ်ချုပ်ဟောင်းတွေပါ။ တကယ့် တန်ဖိုးကြီး မြေကွက်တွေအများစု သူတို့မိသားစု ဆွေမျိုးသားချင်းတွေ လက်ထဲမှာပါ။

မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး တကယ်လုပ်တော့မယ်၊ ရင်းနှီးမြှုပ်နှံမှုကို တကယ် ခွင့်ပြုတော့မယ်၊ တံခါးကိုတကယ် ဖွင့်တော့မယ်ဆိုတဲ့အခါ အိမ်ခြံမြေဈေးတွေက တရိပ်ရိပ်တက်၊ ပြဿနာကြီး တစ်ခုလို ဖြစ်နေတယ်ဆိုတာ အစိုးရအဖွဲ့ရော၊ နိုင်ငံတကာကလည်း သိကြပါတယ်။ ဒီအတွက် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ၀င်ရောက်လာနိုင်ဖို့ မြေဈေးတွေ ကျဆင်းအောင် လုပ်ရမယ်ဆိုပြီး အကြံတွေပေးကြပါတယ်။ လုပ်ဖို့ကလည်း လွယ်ပါတယ်၊ နိုင်ငံတကာ ကုမ္ပဏီတစ်ခုကိုခေါ် ရန်ကုန်အနီးနားပတ်ဝန်းကျင်မှာ စီးပွားရေးလုပ်ငန်းတွေ အသုံးပြုနိုင်တဲ့ မြေကွက်သစ်တွေ အမြောက်အမြားဖော် ထုတ်ရုံပါပဲ။ ထွက်လာတဲ့မြေကွက်ကို အစိုးရနဲ့ အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ကုမ္ပဏီ ခွဲဝေယူရုံပါပဲ။

ဒါပေမဲ့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ဟာ မြေဈေးတွေ ကျဆင်းစေမယ့် အဲလို စီမံကိန်းမျိုးတွေကို လက်ဖျားနဲ့တောင် သွားမတို့ရဲပါဘူး။ အကြောင်းရင်းကတော့ ဒီမြေဈေးတွေ ခေါင်ခိုက်နေတဲ့အပေါ်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆွေမျိုးသားချင်းအားလုံးနီးပါးရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ပါပဲ။ ဒါကြောင့် သိပ်မကြာခင် မြင်နိုင်တဲ့ အနာဂတ်ကာလအထိ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျဆင်းဖို့ မရှိသေးပါကြောင်း၊ စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်း မိသားစုဝင်တွေဟာလည်း ဗိုလ်ချုပ်ညွန့်တင် မိသားစုဝင်တွေလို မြန်မာနိုင်ငံရဲ့ စီးပွားရေးအပြောင်းအလဲ ဖော်ဆောင်နေမှုကနေ အကျိုးအမြတ် အလွန့်အလွန် ရရှိ ခံစားနေကြရဦးမယ်၊ ပိုပိုပြီးကြွယ်ဝချမ်းသာ လာကြဦးမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Mizzima Burmese