9 Sept 2014

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်


(ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်)
ဒုတိယအကြီမ် ပြန်လည် တ်ပေးခြင်းဖြစ်ပါသည်။

(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကိုအလွန်အထင်ကြီးတာပဲ။သင်ဟာသင့်ဘာသာတရားကိုမှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာသက်တော်၃၅နှစ်မှာ(ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ဗုဒ္ဓဘာသာဝင်ပေါင်းသန်းသုံးရာကျော် ရှိနေပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်အထိတော့ဗုဒ္ဓဘာသာဟာအရှေ့တိုင်းဒဿနပညာရပ်တစ်ခု
အဖြစ်သာတည်ရှိခဲ့ပါတယ်။သို့သော်လဲယခုအချိန်မှာဥရောပနှင့်အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။

(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့သင်ပေးပါတယ်။ပြီးတော့ကျွန်ုပ်တို့ဟာသတ္တ၀ါအားလုံးရဲ့မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။

(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။အသက်၂၉နှစ်ရှိတဲ့အခါဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကိုစွန့်၍အာနာပါနဈာန်အခြေခံလျက်မဂ္ဂင်ရှစ်တန်ပွါးမှသာဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့မဟာကရုဏာတော်နှင့်ခန္တီတရားကြောင့်များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက်အိုခြင်းတရား၊နာခြင်းတရားများဖိစီးနှိပ်စက်ခံရသော်လဲချမ်းမြေ့အေးငြိမ်းလျက်ပင်
 
 နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။

(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။သူအချိန်အကြာကြီးစဉ်းစားပြီးတွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ 
 
ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။

(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။

(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက
ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ 
 
 
ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ 
 
 
အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

 
(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။
 
 
ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။
 
 
တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။
စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။
 
 
ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ
ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊
ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့် မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။
 
 
ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
 
 
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။

 
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။.....
 
 
အရှင်မုနိန္ဒ(ပန်းထော်) ပြန်လည်မျှဝေပါသည်။
 
(by Ven S Dhammika)



7 Sept 2014

ပူပန်ကြောင့်ကြစိုးရိမ်ခြင်းဆိုတာအချိန်ဖြုန်းခြင်းပါပဲ

 
ပူပန်ကြောင့်ကြစိုးရိမ်ခြင်းဆိုတာအချိန်ဖြုန်းခြင်းပါပဲ။
ဘာမှလဲအပြောင်းအလဲဖြစ်မလာစေပါဘူး။ ပူပန်ကြောင့်ကြစိုးရိမ်ခြင်းက
သင့်ရဲ့ပျော်ရွှင်မှုတွေကိုခိုးယူပြီး သင်အခြားဘာမှမလုပ်ဖြစ်လောက်အောင်
အလုပ်ရှုပ်စေတာက လွဲပြီးဘာမှအကျိုးမရှိပါဘူး


လူတော်တော်များများက အစိုးရိမ်လွန်တတ်ကြပါတယ်။ တကယ်တော့
အဲ့လိုစိုးရိမ်နေတာက ဘာမှအကျိုးမရှိပါဘူး။ အဲဒိစိုးရိမ်တဲ့အချိန်အတွင်
မှာသင်စိတ်ဆင်းရဲနေရပါတယ်။ ပြီးတော့ သင်စိုးရိမ်ကြောင့်ကြလိုက်လို့လဲ
ဘာမှမပြောင်းလဲသွားပါဘူး။ နောက်တစ်ချက်က သင်ဘာမှလုပ်ချင်ကိုင်ချင်စိတ်
မရှိပဲဖြစ်နေပါလိမ့်မယ်။ အဲဒိတော့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရပါတယ်။
 
နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ သင့်ရဲ့ပူပန်စိုးရိမ်မှုတွေဟာ များသောအားဖြင့်တကယ်ဖြစ်လာတတ်ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ သင့်ရဲ့စိတ်မှာကြီးမားတဲ့တန်ခိုးရှိပါတယ်။ဥပမာ သင်ခရီးတစ်ခုကို သင်ကိုယ်တိုင်ကားမောင်းသွားမယ်ဆိုပါစို့။ သင်က တစ်ခုခုဖြစ်မှာပဲလို့တွေးနေရင် သင့်ရဲ့စိတ်က အလိုလိုလေးလံလာပါတယ်။ အကျိုးဆက်အနေနဲ့ သင်ကားမောင်းရာမှာစိုးရိမ်စိတ်တွေဝင်လာပြီး
တစ်ခုတစ်ခုaccidentဖြစ်တတ်ပါတယ်။ 
 
တကယ်တော့ သင်တွေးတာနဲ့ ဖြစ်ပျက်သွားတာကတိုက်ရိုက်ကြီးပက်သက်နေတာတော့မဟုတ်ပါဘူး။ သင့်ရဲ့စိတ်က သင့်ရဲ့အပြုအမူတွေကိုလွှမ်းမိုးတယ်။သင့်ရဲ့အပြုအမူက အဖြစ်အပျက်တွေကိုလွှမ်းမိုးတယ်။ အဲ့လိုတစ်ဆင့်ချင်းဖြစ်ပွားလာတာပါ။


ဒီတော့အကောင်းမြင်စိတ်ဓာတ်နဲ့စိုးရိမ်ပူပန်ကြောင့်ကြမှုနည်းပြီး ပျော်ရွှင်စွာ
ဘ၀ကိုဖြတ်သန်းနိုင်ကြပါစေ။

မိုးရှင်း (I.M.T)
www.work.com.mm


4 Sept 2014

ကိုယ်လုံးတီးအလှကို ခံစားဖို့ ယဉ်ကျေးမှုရှော့ခ်တစ်ခုတည်း ရှိနေတာလား



လူ့ခန္ဓာကိုယ်ရဲ့ မိမွေးတိုင်းဖမွေးတိုင်း ကိုယ်လုံးတီးအလှကို အနုပညာမျက်လုံးနဲ့ ကြည့်နေတဲ့ ယဉ်ကျေးမှုဟာ မြန်မာပြည်မှာတော့ ယဉ်ကျေးမှုတံတိုင်းရဲ့ စည်းအပြင်ဖက်မှာပဲ ရှိနေပါသေးတယ်။ Nude Art ကို ခံစားဖို့၊ လက်ခံဖို့ စောနေတာဟာ ယဉ်ကျေးမှုပိုင်းမှာတင် ရှော့ခ်ရနေတာမဟုတ်ဘဲ အခြားသော ကဏ္ဍအားလုံးမှာ ရှော့ခ်ရှိနေပြီလား။

နိုင်ငံတကာအတွေ့အကြုံတွေနဲ့ မြန်မာ့လူမှုဘဝ၊ အမြင်တွေ တိုးတက်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အကယ်ဒမီ ဆွေဇင်ထိုက်ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာလည်း မြန်မာပြည်သူတွေ ရှော့ခ်ရနေတာကြောင့် အခုလို ယဉ်ကျေးမှုရှော့ခ်ကိုလည်း လက်မခံနိုင်ကြသေးတာပါလို့ ရှင်းပြပါတယ်။ အတွေးအခေါ်တွေ ထိန်းချုပ်ခံခဲ့ရလို့ Nude Art ကို လက်ခံဖို့လည်း စောနေတာဖြစ်မှာပါလို့ သူက ဆိုပါတယ်။ ဒါပေမယ့် လူတိုင်းက ရွေးချယ်ခွင့်ရှိတာကြောင့် လူမှုကွန်ရက်တွေမှာခေတ်စားလာနေတဲ့ Nude Artနဲ့ပတ်သက်လို့ ကာယကံရှင်တွေ ဝေဖန်တုံ့ပြန်တာကိုခံရမှာမို့ ရွေးချယ်တဲ့သူအပေါ် မူတည်ပါတယ်လို့ ပြောပါတယ်။

မြန်မာ့ယဉ်ကျေးမှုအရ Nudity ဖြစ်တဲ့အရာကို အနုပညာလို့ လက်မခံနိုင်ကြသေးတာလို့ ပြောလာသူက ပန်းချီ ငြိမ်းချမ်းစုပါ။ သူက ကိုယ်ဗလာကျင်းလုနီးနီး ဓာတ်ပုံတွေ မြန်မာတွေရဲ့ လူမှုကွန်ရက်တွေမှာ ပြန့်နှံ့နေတာ ပွင့်လင်းမှုတစ်ခုအနေနဲ့ လက်ခံပေမယ့် ဓာတ်ပုံရှင်တွေက ကိုယ့်ဆုံးဖြတ်ချက် ကိုယ်တာဝန်ယူရမယ်လို့ ဆိုပါတယ်။
သံမဏိလိုတင်းမာတဲ့ စစ်အစိုးရရဲ့ ဆင်ဆာစိစစ်ရေးကာလ ရှည်ကြာခဲ့ပြီးနောက်မှာတော့ အနုပညာကို ပြောင်းလဲမခံစားတတ်ကြသေးပေမယ့် Nudeတိုင်းကိုတော့ အနုပညာအဖြစ် လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာလူမှုကွန်ရက်တွေမှာ ပွက်လောရိုက်လောက်အောင် Sexy Model အဖြစ် ရပ်တည်နေသူ ဇွန်သဉ္ဇာက သူ ဒီလိုဓာတ်ပုံတွေ အရိုက်ခံတဲ့အတွက် သူချစ်မြတ်နိုးရသူတွေကို စွန့်လွှတ်ခဲ့ရသလို တစ်ယောက်တည်း အထီးကျန်တဲ့အထိ အပြောအဆိုခံခဲ့ရပြီးမှ အနုပညာလမ်းပေါ် သူလှမ်းတတ်နိုင်ခဲ့တာပါလို့ ကမာရွတ်မီဒီယာကို သီးသန့်ပြောဆိုခဲ့ပါတယ်။


တက္ကသိုလ်ဘွဲ့ရ ပညာတတ်မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ အနုပညာလောကမှာ လူသိများပြီး ထိုးဖောက်ဖို့အတွက် အဖော်အချွတ်နီးနီး လိင်လှုံ့ဆော်မှုဆန်တဲ့ ဓာတ်ပုံတွေ အရိုက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်သဉ္ဇာတစ်ယောက် အောင်မြင်မှုအတွက် စွန့်လွှတ်ပေးဆပ်ရတာတွေ ထိုက်တန်ပါရဲ့လား။
ဘယ်လမ်းကြောင်းကပဲ အနုပညာလောကကို ဝင်လာတာဖြစ်ဖြစ် နောက်ဆုံးတော့ ကိုယ့်သမိုင်းကိုယ် ရေးကြရမှာမို့ အများတန်ဖိုးထားတဲ့ အနုပညာသည်အဖြစ် ရပ်တည်လို့ရသလို နာမည်ကြီးပြီးရောဆိုပြီး ခံယူပြီး ရပ်တည်မယ်ဆိုရင်တော့ အနာဂတ်လမ်းကြောင်းအတွက် စဉ်းစားစေချင်တယ်လို့ ဒေါ်ဆွေဇင်ထိုက်က အကြံပေးပါတယ်။ အနုပညာမှာလည်း ကျင့်ဝတ်ရှိပါတယ်လို့ ဆိုပါတယ်။


အနုပညာသမားတစ်ယောက်အနေနဲ့ ပရိသတ်က လက်ခံကြမယ်ဆိုရင်တော့ ဝေဖန်ပြစ်တင် ကဲ့ရဲ့စကားတွေဟာ နောင်အနှစ် ၂ဝကျရင် ရပ်သွားပါလိမ့်မယ်လို့ ငြိမ်းချမ်းစုက ပြောပါတယ်။


 http://kamayutmedia.com/



 
 
 
 

အိမ်ထောက်ဘက်နေ့နံများ


အိမ်ထောက်ဘက်နေ့နံများ

 
ဦး သာ စိန် ပန်း ဒန်းလှကိုရှာ
ဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်
စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်
ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်
ကို-ရှာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်`

အိမ်ထောက်ရန်ဖက်
ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ
ဓ မ္မာ - စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်
သော က - သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်
အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်
ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

မိတ်ဖက်
အောင်ပ ကုလား ဆွေသား နောင်ရင်း
အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်
ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်
ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်
နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

ကမ္ဘာ့ရန်
ဦးညို ခေမာ သုတ ဝေရီ
ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်
ခေ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်
သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန်
ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်

ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ
တနင်္ဂနွေ - ကြေးနီး
တနင်္လာ - ပတ္တမြား
အင်္ဂါ - ရွှေ
ဗုဒ္ဓဟူုး - ကျောက်သံပတ္တမြား
ကြာသပတေး -ငွေ
သောကြာ ပုလဲ
စနေ သံ

ရက်ရာဇာ ရွေးနည်း
တန်ခူး သာလှ - တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး
ထွန်းပ ကဆုန် - ကဆုန်လမှာ စနေ - ကြာသပတေး
နယုန်ညွန့်စ - နယုန်လမှာ အင်္ဂါ
အောင်လှဝါဆို - ၀ါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး
သာလိုဝါခေါင် - ၀ါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ
မြတောင် တော်သလင်း - တော်သလင်းလတွင် ကြာသပတေး- စနေ သီတင်းကျွတ် ဆီ - သီတင်းကျွတ်လတွင် အင်္ဂါ
သောရီ တန်ဆောင်မုန်း - တန်ဆောင်မုန်းလတွင် သောကြာ - ရာဟု
ချမ်းတုန် နတ်တော် နတ်တော်လတွင် တနင်္လာ - စနေ မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ
မိညိုတပို့တွဲ တပို့တွဲလတွင် အင်္ဂါ - ကြာသပတေး
ထဲဝင်တပေါင်း တပေါင်းလတွင် စနေ - ဗုဒ္ဓဟူး
ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။

ပြဿဒါးရက်ရွေးနည်း
တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မလျော မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)

ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)

နယုန် ၀ါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)

ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ)
မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား

ဲဂြိုလ်နေ ဂြိုလ်သက်များ
================
တနင်္ဂနွေ ဂြိုလ်သက် - ၆နှစ်
တနင်္လာ ဂြိုလ်သက် - ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် - ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် - ၁၇ နှစ်
ကြာသပတေး ဂြိုလ်သက် - ၁၉နှစ်
သောကြာ ဂြိုလ်သက် - ၂၁ နှစ်
စနေ ဂြိုလ်သက်- ၁၀ နှစ်
ရာဟုဂြိုလ် - ၁၂ နှစ်

အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ န၀င်းလို့ခေါ်ကြလေသည်။
 

ဝက်ခြံလုံးဝ မထွက်ချင်ရင် ဒီနည်းလမ်းတွေကို သုံးကြည့်လိုက်ပါ


 
 
လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။

မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက် တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစား အသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်း ကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

Ref-healthnews

ကျော်လင်းနိုင် (ရိုးရာလေး)



3 Sept 2014

{ မန်းနီး }


{ မန်းနီး }

တစ်ချို့က ငွေကို မီးရှို့ဖွာရှိုက်နေကြတယ်.....
တစ်ချို့က ငွေကို ဝါးထွေးနေကြတယ်.....
တစ်ချို့က ငွေကိုသောက်ကာ မူးနေကြတယ်.....

တစ်ချို့က ငွေနဲ့ ရောဂါဝယ်ကြတယ်.....
တစ်ချို့က ငွေနဲ့ ရောဂါကုကြတယ်.....

ငွေဟာ
တရားမသိသူတွေရဲ့ လက်ထဲကို
ရောက်သွားတဲ့အခါ
တန်ဖိုးမဲ့သွားရသလို.....

ငွေဟာ
တရားသိသူတွေရဲ့ လက်ထဲကို
ရောက်သွားတဲ့အခါ
တန်ဖိုးရှိသွားပြန်တယ်......

ငွေဟာ
တရားမရှိသူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
အကုသိုလ်မြင်ကွင်းတွေကို မြင်ကြရသလို......

ငွေဟာ
တရားရှိသူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
ကုသိုလ်မြင်ကွင်းတွေ မြင်ခွင့်ရကြပြန်တယ်......

ငွေဟာ
တရားမကျင့်သူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
ဆင်းရဲနွမ်းပါးသူတွေရဲ့ပါးကို
မောက်မာရိုင်းပြစွာရိုက်နိုင်သလို.......

ငွေဟာ
တရားကျင့်သူတွေရဲ့ လက်ထဲ
ရောက်သွားတဲ့အခါ
ဆင်းရဲနွမ်းပါးသူတွေရဲ့ အိတ်ကပ်ထဲကို
ရိုသေစွာ ထည့်လှူနိုင်ကြပြန်တယ်.....

အချို့က ငွေပင်ကို အကုသိုလ်မြေပေါ်မှာ
စိုက်တယ်.....
ထိုငွေပင်မှ သီးလာတဲ့ ငွေသီးဟာ
စိုက်ပျိုးသူကိုရော၊စားသုံးသူကိုပါ
ခါးသက်ပူလောင်စေတဲ့ အရသာကိုပေးတယ်.....

တစ်ချို့က ငွေပင်ကို ကုသိုလ်မြေပေါ်မှာ
စိုက်တယ်......
ထိုငွေပင်မှ သီးလာတဲ့ ငွေသီးဟာ
စိုက်ပျိုးသူကိုရော၊စားသုံးသူကိုပါ
ချိုမြိန်အေးမြတဲ့ အရသာကိုပေးတယ်.....

အချို့က ငွေကို ပျော်ပါးဖို့အတွက် သုံးတယ်.....
အချို့က ငွေကို မော်ကြွားဖို့အတွက် သုံးတယ်.....
အချို့က ငွေကို စော်များဖို့အတွက် သုံးတယ်.....
အချို့က ငွေကို ကျော်ကြားဖို့အတွက် သုံးတယ်.....
အချို့က ငွေကို ဉာဏ်များဖို့အတွက် သုံးတယ်.....

တစ်ချို့က ငွေနဲ့ အပါယ်လမ်း ဆင်းတယ်.....
တစ်ချို့က ငွေနဲ့ နိဗ္ဗာန်လမ်း ခင်းတယ်.....

အမှန်တကယ်တော့ ငွေဟာ
" အယောနိသောမနသိကာရ "ရှိသူအတွက်
လောဘ၊ဒေါသ၊မောဟ ကိလေသာတရားတွေ
တိုးပွားစေတဲ့ မာရ်နတ်တစ်ပါးဖြစ်သလို
" ယောနိသောမနသိကာရ "ရှိသူအဖို့တော့
စားဝတ်နေရေး၊ကုသိုလ်ရေး ပြေလည်စေတဲ့
စက္ကူတစ်ရွက်မျှသာ.......။

ဦးတိုးအောင်

2 Sept 2014

တစ်နေ့တစ်နေ့ ပိုဆိုးလာတဲ့ ယာဉ်ကြော ပိတ်ဆို့မှုပြဿနာကို အစိုးရမင်းတွေ ဒီအတိုင်း ကြည့်နေကြတော့ မှာလား

 
 
အချိန်ကို ကြည့်လိုက်တော့ မနက် ၇ နာရီခွဲ ကျွန်တော် နေထိုင်ရာ မြောက်ဥက္ကလာပ မြို့လေးမှာ စထွက် ကတည်းက ကြုံတွေ့ရသည်က အ၀ိုင်းကြီးဆိုသော နေရာမှာ အဆမတန် ယာဉ်ပိတ်ဆို့ နေခြင်းဖြစ်သည် ။ ကားသမား အားလုံးကို ကြည့်လိုက်တေတာ့ မျက်နှာ များက သုန်သုန်မှုန်မှုန် ။ သူလို ကိုယ်လို အလုပ်ကို အချိန်မမှီမှာ စိုးတာနဲ့ အရေးကြီးကိစ္စများ နောက်ကျမှာ စိုးသည်နှင့် ပူလောင်သောက ရောက်နေသော မျက်နှာ များနှင့် ပင်ဖြစ်သည် ။ မြို့ထဲကို ရောက်ဖို့ လမ်း ၃ လမ်း သာရှိသည် ။ လမ်းဝအောက်ကနေ သွား၍ ဝေဇယန္တာ လမ်းအတိုင်းသွား ဒါမှမဟုတ် ကမ္ဘာအေးလမ်းကြော အတိုင်းသွား ဒါမျမဟုတ် ပြည်လမ်းကနေသွား ဒါပဲဖြစ် သည် ။ ၃ လမ်းစလုံးသည် နေ့စဉ် ရုံးတက်ရုံးဆင်း ချိန်သာမက အချိန်တိုင်းလိုလို ယာဉ်ကြော ပိတ်ဆို့နေလေ့ ရှိပါသည် ။ ကျွန်တော့်စိတ်ထဲ မေးခွန်းတွေ မေးချင်လာသည် ။
၁ ။ နေ့စဉ် ပိုဆိုးလာနေသော ယာဉ်ကြော ပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန် မည်သူ့တွင် တာဝန်ရှိသနည်း
၂ ။ တာဝန်ရှိသူများသည် ဘာကြောင့် မသိကျိုးနွံ နေ့စဉ်ပြုနေရသနည်း
၃ ။ ဘာကြောင့် ယာဉ်ကြော ပိတ်ဆို့ရသနည်း
၎ ။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကိုဖြေရှင်းရန် နည်းလမ်း တကယ်မရှိတာလား ရှိရဲ့သားနဲ့ မလုပ်ပေးကြတာလား
၅ ။ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ဘာတွေ နစ်နာသွားသလဲ

အမ်အာတီတွေ ဘာအာတီတွေ ညာအာတီတွေ ခဏထားပါ လောလောဆယ် ရန်ကုန်မှာ နေ့စဉ် သွားလာနေ ရတဲ့ပြည်သူတွေအဖို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မှန်အနက်ကြီးတွေတပ်ပြီး အဲကွန်းဖွင့်ထားတဲ့ ဇိမ်ခံ ကားစီးနေသော လူကြီးမင်းများ သိဖို့ကောင်းလှပါတယ် ။ VIP ဆိုသော လူတန်းစားတစ်ရပ် နှင့် လမ်းကြောင်း ဆိုသော အရာ ၊ မော်တော်ပီကယ်တွေမှ မှုတ်သော ၀ီစီတံ တညံညံနှင့်သွားလာနေကြ အစိုးရလူကြီးမင်းတို့ ထိုအချက်အလက် ကို ကြုံတွေ့ဖူးကြမည်မထင် ။ တစ်ခါလောက် တာဝန်ရှိသူ အာဏာပိုင်အစိုးရမင်းတို့အနေနနှင့် လိုင်းကားတိုးမစီးတာတောင် မော်တော်ပီကယ် လမ်းကြောင်းရှင်းမပါပဲ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို စနည်းနာ ကြည့်စေချင်ပါသည် ။ နံပါတ် ၁ တွင် မေးထားသော မေးခွန်းအတိုင်း ယာဉ်ကြောပိတ်ဆို့မှုသည် မည်သူ့တွင် တာဝန်ရှိသနည်း ။ အစိုးရအာဏာပိုင်လူကြီးမင်းတွေလား ၊ နေ့စဉ် သွားလာနေသော ပြည်သူတွေလား ၊ ဘတ်စ်ကား သမားတွေလား ၊ ကိုယ်ပိုင်ယာဉ်မောင်းသူတွေလား ၊ တက်စီအမောင်းသမားတွေလား ၊ မထသ လား ပို့ဆောင်ရေးဝန်ကြီးဌာနလား စည်ပင်သာယာလား ကျွန်တော် တကယ်ကိုသိချင်မိသည် ။ နိုင်ငံတစ်နိုင်ငံကို အာဏာရ အစိုးရဖြစ်စေ လူထု တင်မြှောက်ထားသော အစိုးရဖြစ်စေ အစိုးရမင်းသာ အုပ်ချုပ်ပါသည် ။ ထို အစိုးရမင်းတွင် နိုင်ငံသားတိုင်း လိုလို ကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်းရန် တာဝန်ရှိသည်ဟု ယူဆပါသည် ။ တာဝန်မရှိဟုဆိုလျှင် အစိုးမင်းများမှာ ဘာတွေ တာဝန်ရှိသနည်း ။ သေချာပါသည် ။ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို မြန်မြန်ဖြေရှင်းရန်လိုအပ်လာနေသော First Priority (ပထမဦးစားပေး ) အဆင့်ဖြစ်သည် ဟု ကျွန်တော်ယူဆ ပါသည် ။


မီဒီယာများမှဖြစ်စေ Social Network များ မှဖြစ်စေ နေ့စဉ်ယာဉ်ကြောပိတ်ဆို့နေခြင်းကို အမြဲတင်ပြနေခဲ့ပါသည် ။ သို့သော်ဘယ်လောက်ပဲ ရေးသည်ဖြစ်စေ တင်ပြသည်ဖြစ်စေ တာဝန်ရှိသူများသည် မသိကျိုးနွံပြုနေကြဆဲ ပင်ဖြစ်သည် ။ ကိုယ့်ကိုယ်ကို တာဝန်မရှိဟု ယူဆနေကြခြင်းလော သို့တည်းမဟုတ် ကြည့်ကောင်းကောင်းနှင့် ကြည့်နေကြခြင်းပေလော တာဝန်ရှိသူများမှပင်သိပေလိမ့်မည် ။ အဓိကကတော့ လူတွေ မှာ ကိုယ်ချင်းစာတရား ပျောက်ဆုံးနေခြင်းသာဖြစ်ပေလိမ့်မယ် ။ သူများ ဘယ်လောက်အခက်အခဲ ဖြစ်ဖြစ် ကိုယ့်အခက်အခဲမဖြစ်သရွေ့ ကိုယ်နဲ့မဆိုင် ကိုယ့်တွင်တာဝန်မရှိဟူသော တာဝန်မဲ့စိတ်ဓါတ်များ ကိန်းအောင်းနေသရွေ့ ကျွန်တော်တို့ ရန်ကုန်မြို့ သည် စင်ကာပူကို မှီဖို့မဆိုထားနှင့် ဒုံရင်းကဒုံရင်း လူနေထူထပ် သည်းသည်း ကားကြပ်စိတ်ရှုပ်စရာ မြို့ကြီးသာ ဖြစ်လာလိမ့်မည် ။


ဘာကြောင့် ယာဉ်ကြောပိတ်ဆို့ရသနည်း ဆိုသော မေးခွန်းကို ဖြေချင်နေတာကြပါပြီ ။ မိုးရွာလည်းလမ်းပိတ်သည် မီးပွိုင့်စနစ်တွေ Timing မကိုက်၍ လမ်းပိတ်သည် ဘတ်စ်ကားတွေ မှတ်တိုင်မှာ ပိတ်ရပ်၍ လူစောင့်တင်နေ၍ လမ်းပိတ်သည် အိမ်ကားတွေများလာ၍ လမ်းပိတ်သည် ။ လမ်းတွေကျဉ်း၍ လမ်းပိတ်သည် ။ လမ်းပေါ် ဈေးသည်တွေ တက်ရောင်း၍ လမ်းပိတ်သည် ဘုရားဘုရား ကျွန်တော် တွေးကြည့်တာတင်အတော်များသည် ။


ထိုသို့ဆိုလျှင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်နည်းလမ်းမရှိကြတော့ဘူးလား ။ အမြန်လမ်းတွေ ပြေးဖို့တွေ ဘီအာတီတွေ အမ်အာတီတွေ ခဏထားကြပါ မိုးပျံရထားတွေကောင်းကင်ရထားတွေ မြေအောက် ရထားတွေ ခဏထားကြပါဦး အပေါ်မှာ ဖော်ပြထားတဲ့ အရာတွေကို ဖြေရှင်းရန် နည်းလမ်းတကယ်မရှိကြတာလား ။ ရှိပါသည် ။ နည်းလမ်းများစွာရှိပါသည် ။ ရှိလျှင် ဘာကြောင့် မဖြေရှင်းပေးကြသနည်း ဟုတ်ကဲ့ တာဝန်မဲ့သော စိတ်ဓါတ်တွေကိန်းအောင်းနေခြင်းကြောင့်သာဖြစ်ပါသည် ။ တစ်ချက်ချင်းကို ပြန်လည်တင်ပြပါမည် ။


၁ ။ မိုးရွာလို့လမ်းပိတ်သည် အမှန်တော့ ဆင်ခြေဆင်လက်သာဖြစ်သည်။ မိုးရွာတိုင်းလမ်းပိတ်စရာမရှိပါသည် ။ အန္တရာယ်ဖြစ်မှာစိုး၍ ကားအရှိန်ကို လျော့ချလိုက်၍ ကားသွားနှေးသွားခြင်းသာဖြစ်နိုင်သည် ကားတွေ ဘီးလှိမ့်လို့ မရလောက်အောင် ပိတ်ဆို့စရာအကြောင်းမရှိပါ ။ ဟော .... အဖြေတွေ့ပါပြီ မိုးနည်းနည်းရွာလိုက်တိုင်း လမ်းပေါ် ရေတင်သော စနစ်ဆိုးကြီးကြောင့်ဖြစ်သည် ။ ဘာကြောင့် စနစ်ဟူသော စကားကို ထည့်ပြောရသနည်း ။ မိုးရွာလျှင် ရေတင်သည် ကို ဖြေရှင်းရန် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းစေရန် လုပ်ဆောင်ရမည့်အစား အဘယ် ဥာဏ်ကြီးရှင်က ချော်တောငေါ့၍ လမ်းသားတွေမြှင့်ရမည်ဟု ရွှေဥာဏ်တော်စူးရောက်သွားသည်မသိ ကွန်ကရစ်ထုထည်အမြင့်ကြီးနှင့် လမ်းတွေ ခင်းလိုက်ကြသည် ။ သူတို့စိတ်ထဲ လမ်းမြင့်ရင် ရေမတင်ဟု တွေးနေ ပုံရသည် ။ မိုးက နာရီဝက်လောက်ရွာသည် ရေတွေပြန်တင်သည် ကားတွေပိတ်သည် ဒုံရင်းကဒုံရင်းသာ ဖြစ်နေ လေတော့သည် ။


၂ ။ မီးပွိုင့်စနစ်တွေ ဒါတော့ကျွန်တော်သိပ်နားမလည်ချင် ရန်ကုန်မှ မီးပွိုင့်များသည် မော်တော်ပီကယ်လက်ထဲတွင် နီချင်သလို စိမ်းချင်သလို လုပ်လို့ရသည် ။ ခင်ဗျားတို့ တွေ့ဖူးကြသလတော့မသိပါဘူး တစ်ခါကဆိုလျှင် မီးပွိုင့် နှစ်ဖက်စလုံးမှာ အနီအ၀ါအစိမ်း ၃ ခုစလုံး လင်းနေတာတွေ့ရသည် ။ ကားတွေက မထွက်ရဲကြ ။ ဘယ်ထွက် ရဲမလဲ မတော် ရွှီ ဆိုပြီး အသံထွက်လာမှဖြင့် လိုင်စင်အသိမ်းခံရရင် သိမ်းခံရ ဒါမှမဟုတ် အိတ်ကပ်ထဲက ပို်က်ဆံ တချို့တော့ပါသွားမည်ဖြစ်သည် ။ ကမ္ဘာ့ အံ့သြစရာအကောင်းဆုံးမီးပွိုင့်စနစ် ရန်ကုန်မြို့တွင်ရှိပါသည် ။ စီမ်းနေရင်း တန်းလန်းက ကိုယ့်အလှည့်မှ တစ်ခါတည်း တန်းနီချင်နီသွားသည် အ၀ါကို ဘယ်လို ကျော်သွားမှန်းမသိ ကိုယ်က အ၀ါဆိုပြီး ကွေ့ကြောဖြတ်မည်ကြံတော့ ခဏလေးနဲ့နီသွားလို့ Back ပြန်ဆုတ်ရတာတွေရှိသည် တော်တော် အံ့သြစရာ မီးပွိုင့်စနစ် ဥာဏ်ကြီးရှင်များ ထွင်ထားသော မီးပွိုင့်စနစ်ဟု နေ့စဉ်တွေးနေမိတော့သည် ။


၃ ။ ဘတ်စ်ကားတွေ မှတ်တိုင်မှာ အကြာကြီးရပ်၍ လူစောင့်တင်လို့လမ်းပိတ်သည် ။ အမှန်တော့ ဘတ်စ်ကားတွေ ကို သိပ်မပြောချင်ပါ ဘာကြောင့်လည်းဆိုတော့ လူပေါင်းများစွာ ကို နေ့စဉ်တင်ဆောင်နေရသော ယာဉ်လိုင်းတွေ မရှိလျှင် ကျွန်တော်တို့အခြေခံလူတန်းစားတွေအဖို့ ခြေကျင်လျှောက်မှသာ မြို့ထဲရောက်နိုင်မည်ဖြစ်သည် ။ လိုင်းကားတစ်စီးတွင် လူငါးဆယ်တင်နိုင်သည်ဆိုပါစို့ အိမ်စီးကား တစ်စီးတွင် လူ ၂ ယောက်စီးလျှင် လိုင်းကား တစ်စီးက အိမ်စီးကား ၂၅ စီးစာနှင့်ညီမျှပါသည် ။ ဒါကြောင့် လိုင်းကားတွေ လမ်းကိုပိတ်ပြီး လူရပ်တင်တာမျိုး မဖြစ်ရလေအောင် Bus stop တွေကို ယာဉ် ၃ စီးစာ အနည်းဆုံး လမ်းဘေးမှ ချဲ့၍ လုပ်ပေးစေချင်ပါသည် ။ မှတ်တိုင်တိုင်းလိုလို လုပ်ရမည်ဟု ကျွန်တော်ယူဆပါသည် ။ လမ်းပိတ်လေ့ရှိသော မှတ်တိုင်များတွင် ပို၍ လုပ်ရ မည်ဖြစ်သည် ။ လယ်တွေ မြေတွေသိမ်းနေမည့်အစား ထိုသို့အမှန်တကယ်လိုအပ်သော နေရာများတွင် လမ်းများ ချဲ့ထွင်စေချင်သည် ။ အိမ်ကားတွေများလာတာကတော့ ဘယ်လို မှမတတ်နိုင် ကျွန်တော်တို့မြန်မာနိုင်ငံ မှာက လည်း ငွေလေးနည်းနည်းစုမိပြီဆိုလျှင် နေစရာမရှိရင်မရှိပလေ့စေ ကားဝယ်စီးမည် ဆိုသည့် လူအများကြီး ပင်ဖြစ်သည် ။ ဘာကြောင့်မှန်းမသိပါ ကားမောင်းဝါသနာပါကြ၍ပင်ဖြစ်မည်ထင်သည် ။


၎ ။ လမ်းတွေကျဉ်းသည် မကျဉ်းအောင်ချဲ့မည် ချဲ့မည်ဆိုလျှင်ချဲ့လို့ရပါသည် ။ လူတွေ ကားလမ်းပေါ်တက် လမ်း မလျှောက်ရအောင် လူသွားလမ်းလုပ်စေချင်သည် ။ လူသွားလမ်းပေါ်တွင်လည်းလူများသာသွားစေချင်သည် ။ ဈေးသည်တွေ က တခမ်းတနား ဆိုင်ခန်းတွေ ဘာတွေဘာတွေဖွင့်၍မ ရောင်းစေချင် ။ ထိုသို့ပြောလျှင် ဈေးသည်တွေ စီးပွားရေးတုတ်နှင့်ထိုးရာရောက်ဦးမည် ။ အဓိကကတော့ လိုင်းကြေးစနစ်ဆိုလား ဈေးကောက် ဆိုလား တရားမ၀င် ဈေးသည်တွေ ပလက်ဖောင်းပေါ်လမ်းပေါ် တက်ရောင်းနေသည်ကို ခွင့်ပြုထားသည့် ဆိုးရွား လွန်းသော လုပ်ရပ်ကြောင့်ဖြစ်သည် ။ စစ်ဆေးရေးလာမည်ဆိုလျှင် ကြိုတင်အကြောင်းကြားပြီး ဈေးသည် တစ်သည်နှစ်သည်လောက်ကို ဟန်ပြဖမ်း ပြီးလျှင် တစ်ပတ်လောက်တော့ရှင်းသွားသည် ။ တစ်ပတ်ကျော်လျှင် ဒုံရင်းကဒုံရင်း ဈေးသည်တွေပြန်ရောက်မြဲ ဈေးကောက်တွေကောက်၍ ခွင့်ပြုမြဲ လမ်းတွေက ပိတ်မြဲပိတ်မြဲပင် ဖြစ်ပေတော့သည် ။


နည်းလမ်းများစွာ ရှိပါသည် ။ တမင်မဖြေရှင်းကြပေးခြင်းသာဖြစ်သည် ။ ဘာကြောင့် မရှင်းတာလဲဆိုလျှင် ကိုယ်ကိုယ်တိုင် ထိုဒုက္ခမျာားကို မကြုံတွေ့ဖူး၍သော်လည်းကောင်း ကြုံတွေ့ဖူးလျှင်လည်း အရေးမကြီးဟု ထင်နေ သလား ဆိုသည်ကတစ်ကြောင်း ကျွန်တော်လည်းသိပ်မတွေးတတ်တော့ပါ ။ 
 
တာဝန်မဲ့လွန်းသည်ဟူသော စကားတစ်ခွန်းသာပြောချင်ပါသည် ။ အဆုံးသတ်အနေနှင့်ယာဉ်ကြောပိတ်ဆို့မှုကြောင့် နစ်နာရသော အရာများကို တင်ပြလိုသည် ။ တခါတလေ VIP လမ်းကြောင်းကြောင့် မော်တော်ပီကယ်က လမ်းပိတ်ထားပြီး တစ်ဖက်မှာ ဆေးရုံတင် ကားထဲကလူနာက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရသော အခြေအနေများ မမြင်မတွေ့ချင်မှအဆုံး ။ ထို ဆေးရုံ့တင်ကားကို ရုပ်ရှင်တွေထဲက စူပါမန်းလို မ ပြီး VIP လမ်းကြောင်းပေါ်ချထားပေးလိုက်ချင်သည် ။ လူလူချင်း သူတို့ဘာကြောင့် ကျွန်တော်တို့ထက် အရေးကြီးလူသားများဖြစ်နေရသနည်း ။ တကယ်တွေးကြည့်လျှင် ကျွန်တော် တို့က ပြည်သူတွေဖြစ်သည် ။ ပြည်သူတွေ တင်မြှောက်ထားသော အစိုးရသည် ပြည်သူတွေလို ဒုက္ခတွေခံစား ရမည် ပြည်သူတွေစားသည့် ဆန်ပဲစားရမည် ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်နေရမည် မဟုတ်ပါ လား ။


ပိတ်ဆို့နေသော ယာဉ်ကြောထဲတွင် အဖေအသက်မမှီမှာစိုး၍ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနှင့်ဆေးရုံးကိုတက်စီငှား၍ ထွက်လာရသော ဆင်းရဲသားတစ်ယောက်ပါကောင်းပါမည် ။ အရေးကြီးအစည်းအဝေးရှိ၍ မျက်နှာမှာ ချွေးပျံနေသော ၀န်ထမ်းတစ်ယောက်ပါကောင်းပါမည် ။ လူနာက သွေးပေါင်ချိန်တက်နေ၍ လေဖြတ်မှာစိုး၍ လူနာ ပင့်ခံထားရသော ရေးကြီးသုတ်ပျာ ဆရာဝန်တစ်ယောက်ပါကောင်းပါမည် ။ ဆေးရုံခွဲမှ မနိုင်တော့၍ ရန်ကုန် ဆေးရုံကြီးသို့အရေးပေါ်လွှဲလိုက်သော တက်စီပေါ်မှ အောက်ဆီဂျင်ဘူးနှင့်လူနာတစ်ယောက်ပါကောင်းပါမည် ။ ရုံးချိန်မမှီမှာစိုး၍ သောကရောက်နေသော ဘတ်စ်ကားပေါ်မှ လူအုပ်ကြီးပါကောင်းပါမည် ။ အများကြီးပင်ဖြစ်နိုင် ပါသည် ။ ငွေကြေးအရ တွက်ချက်မည်ဆိုလျှင်လည်း Time waste အရ Man power တွေလည်းဆုံးရှုံး ငွေကြေး များလည်း အချိန်နှင့်အမျှ ဆုံးရှံးနေရသည် ။


တွေးမိကြရဲ့လား အစိုးရမင်းများခင်ဗျာ တစ်နေ့တစ်နေ့ပိုဆိုးလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အစိုးရမင်းတွေ ဒီအတိုင်းကြည့်နေကြတော့မှာလား ဟု မေးချင်ပါသည် ။ 

သက်တန့်ချို
3rd Sept 2014


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် လွတ်လပ်စွာ ရောင်းချနေချိန်တွင် အူရီဒူး၏ ၀န်ဆောင်မှု များအပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်


 
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဆင်းမ်ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် လွတ်လပ်စွာ ရောင်းချချိန်တွင် အူရီဒူး၏ ဆင်းမ်ကတ်များ ရောင်းအား ကျဆင်းခဲ့ပြီး ၎င်းတို့၏ ဝန်ဆောင်မှု အပေါ် ဝေဖန်မှုများလည်း မြင့်တက်လာ ကြောင်း သိရသည်။

အူရီဒူးက ဖုန်းပြောခနှုန်းထားကို ၎င်းတို့၏ ဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြား အော်ပရေတာ ဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ဟု သတ်မှတ် ထားသောကြောင့် တစ်မိနစ်လျှင် ကျပ် ၅ဝ ထက် ပိုမိုသက်သာသည်ဟု ယူဆစရာဖြစ်သော်လည်း မိနစ်အပေါ် အခြေခံ၍ ဖြတ်တောက်နေသောကြောင့် လက်တွေ့တွင် ပိုမိုကုန်ကျမှုများ ရှိနေကြောင်း သိရသည်။

“အရင် MPT ဖုန်းနဲ့သုံးတုန်းကတောင် တစ်ရက်ကို ကျပ် ၁ဝဝဝ၊ ၂ဝဝဝ လောက်ပဲ ကုန်ကျတယ်။ အူရီဒူးဖုန်းနဲ့ သုံးကြည့်တော့ မှ တစ်ရက်ကို ကျပ် ၅ဝဝဝ၊ ၆ဝဝဝ လောက် ကုန်ကျနေတယ်။ သူက တစ်မိနစ်နဲ့ တစ်စက္ကန့် ဆိုလည်း နှစ်မိနစ်စာ ကျပ် ၇ဝ ဖြတ်သွားတယ်”ဟု အူရီဒူးဖုန်းကို စမ်းသပ် သုံးစွဲကြည့်သော လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဦးငြိမ်းချမ်း က ကြုံတွေ့ရပုံကို ပြောပြသည်။

ဖုန်းပြောမှုအများစုမှာ တစ်မိနစ်၊ နှစ်မိနစ်ဝန်းကျင်သာရှိကြပြီး အူရီဒူး၏ ကောက်ခံမှုပုံစံမှာ ပိုမိုသက်သာခြင်းမရှိဘဲ ပိုမိုကုန်ကျနေကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

အူရီဒူးက ပုံမှန်အင်တာနက်အသုံးပြုခကို ဩဂုတ် ၃၁ ရက်မှစ၍ 1Mb လျှင် ၂၅ ကျပ်မှ ၁ဝ ကျပ်သို့ လျှော့ချ ကောက်ခံခဲ့သော်လည်း Package Plan နှုန်းထားများမှာမူ အပြောင်းအလဲ မရှိကြောင်း သိရသည်။

သာမန်သုံးစွဲသူများပင် တစ်လတာသုံးစွဲမှုမှာ 1Gb,2Gb ဝန်းကျင်ရှိနေကြောင်း သိရသည်။ ထိုပမာဏ ဝန်းကျင် သုံးစွဲသူများမှာ တစ်လလျှင် ငွေဖြည့်ကတ်အတွက် ကျပ် ၁ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ ဝန်းကျင်သာ သုံးစွဲသူများဖြစ်ရာ အူရီဒူး၏ အင်တာနက်သီးသန့်အတွက် ကျပ် ၁၂ဝဝဝ ဆိုသောနှုန်းထားမှာ များပြားသည့် ပမာဏတစ်ခု ဖြစ်နေ ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အူရီဒူးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က ဆင်းမ်ကတ်များကို အပြိုင်အဆိုင် ရောင်းချပေးလျက် ရှိပြီး မကြာမီတွင် တယ်လီနောကလည်း ရောင်းချတော့မည်ဖြစ်ရာ ဝန်ဆောင်မှုနှင့် ဈေးနှုန်းပိုင်းဆိုင်ရာ အဆင်ပြေ သော အရာကိုသာ သုံးစွဲသူများ ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

Eleven news

မင်းလည်းသိတယ်၊ ငါလည်းသိတယ် သူငယ်ချင်း

(အမျိုးသားပညာရေး ဥပဒေမူကြမ်းအား တ-က-သ များကွန်ရက်(မုံရွာ)မှ ကျောင်းသား၊ ကျောင်းသူများ သြဂုတ် ၂၉ ရက်က ကန့်ကွက်ဆန္ဒပြကြစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))


ဗုဒ္ဓက ဟောခဲ့တာပဲလေ။

တကယ်တော့ ဒုက္ခတွေထဲမှာ ငါလည်းပါတယ်၊ မင်းတို့လည်းပါတယ် သူငယ်ချင်း။

မင်းတို့က အစိုးရ၊ မင်းတို့မှာ သေနတ်ရှိတယ်။ မင်းတို့က ခရိုနီတွေလေ၊ ပိုက်ဆံရှိတယ်။ အာဏာရှိတယ်။ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုပြီး ထင်ရာစိုင်းနေကြတယ်။ ဒါဆိုရင် ဒီဒုက္ခကနေ လွတ်မယ်ထင်လို့လား။

“အာရပ်စပရင်းတဲ့”

Spring ကို နွေဦးလို့ ဘာသာပြန်တယ်။ အညှောက်ထွက်တယ်လို့လည်း ဆိုတယ်။ ငါကတော့ Spring ဆိုတာ ကန်ထွက်တဲ့ စပလိန်လို့လည်း ယူဆနိုင်တယ် သူငယ်ချင်း။ နယူတန်ရဲ့ နိယာမကို မင်းလည်းသင်ဖူးတယ်။ ငါလည်းသင်ဖူးတာပဲ။

To every action there is an equal and opposite reaction တဲ့။

သက်ရောက်မှုတိုင်းမှာ တူညီပြီး ဆန့်ကျင်တဲ့ တန်ပြန်သက်ရောက်မှု ရှိပါသတဲ့။ ဒါသိပ္ပံရဲ့ နိယာမပါ။ သိပ္ပံရဲ့ နိယာမဆိုတာ ငါလူကြီးပဲ၊ ငါမပါဘူးဆိုတဲ့ ခြွင်းချက်မျိုးတွေထားလို့ မရဘူး။ သိပ္ပံရဲ့နိယာမ(ဥပဒေ)ပေါ်မှာ ဘယ်သူမှမရှိပါဘူး။ ၅၅ဝဝ ဗို့ဓာတ်ကြိုးကို ကိုင်ကြည့်ပါသူငယ်ချင်း။ အစိုးရဖြစ်ဖြစ်၊ ခရိုနီဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် သေကြတာပါပဲ။ ဆိုလိုတာကကွာ နယူတန်နိယာမမှာ တူညီပြီး ဆန့်ကျင်တဲ့တန်ပြန်သက်ရောက်မှုဆိုတာ အာရပ်နွေဦး(Arab Spring) ကို ဖော်ပြလိုက်တာပါပဲ။

သူငယ်ချင်းရေ

ဟိုဘက်၂၆ နှစ်၊ ဒီဘက် ၂၆ နှစ် စုစုပေါင်း ၅၂ နှစ် တို့ပြည်သူတွေ ခံစားနေကြရပြီပဲ။ ရိုးသားတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ အနိုင်ယူတယ်။

မင်းကြည့်ပါဦး၊ တို့နိုင်ငံဆိုတာ ဟိုဘက်က အင်မတန်လူဦးရေများတဲ့တရုတ်။ ဒီဘက်က အင်မတန်လူဦးရေများတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ၊ ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ သူရဲ့အသက်ရှင် ရပ်တည်ရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေရတယ်။ မီးခိုးတွေမှောင်နေတဲ့ ရှန်ဟိုင်းမြို့၊ ဝက်အသေကောင်များစွာကို စွန့်ပစ်ထားတဲ့ ယန်စီမြစ်ကို တွေ့ရမယ်။ (တရုတ်ကိုသွားရင် ဆေးလိပ်အခမဲ့ သောက်ရတယ်၊ ဝက်စွပ်ပြုတ်လည်း အလကားသောက်ရယ်လို့ ဟောင်ကောင်သတင်းစာတစ်စောင်က ရေးဖူးတယ်) စဉ်းစားသာကြည့်ပေတော့။ ဒီအတိုင်းပဲ လူဦးရေအရကြည့်ရင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပေါင်းရင်လည်း တရုတ်ထက်တောင် သာသွားနိုင်တယ်။ သူတို့နိုင်ငံတွေလည်း ဒီလိုပဲ ရုန်းကန်နေကြရတယ်။

တို့ကျတော့ ဒီနိုင်ငံတွေကြားမှာ ရေမြေအနေအထားအရ နေထိုင်နိုင်တယ်။ တစ်ဖက်ကလည်း စိတ်ဓာတ်ကအရေးကြီးတယ်။ မြန်မာတစ်နိုင်ငံလုံးက လူတွေဟာ မိမိတို့ အသက်ရှင်ရပ်တည်ရေးအတွက် အဲဒီနိုင်ငံကလူတွေ အလွန်အမင်း မထိုးဖောက်လာဖို့ ကာကွယ်နိုင်စွမ်းရှိတယ်။ သို့သော်သူငယ်ချင်းရေ။ တို့နိုင်ငံအနေနဲ့ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို မင်းစဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ တို့ကို အင်္ဂလိပ်က ကျွန်ပညာရေးဆိုပြီး သင်ပေးလိုက်တာပဲ။ ဒါပေမဲ့ အဲဒီကနေ ဦးသန့်က ကုလသမဂ္ဂ အတွင်းမှူးချုပ် ဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်တွေလေးစားတဲ့ မျိုးချစ်နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတယ်။ ဦးနုကတော့ Back-up ပေါ့လေ။ ယနေ့ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေသူတွေ သိကြပါတယ်။ Back-up ဟာ အင်မတန် အရေးကြီးတယ်။ တက်ကျိုးရင် လက်ထိုးလှော်လို့ ရပါတယ်။ ခရီးမရောက်ဘူး။ ဦးနုကတော့ နောက်တက်တစ်ချောင်းပဲ၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတာနဲ့ အောင်ဆန်းအက်တလီစာချုပ် ပျက်ပြယ်သွားတာကို နုအက်တလီစာချုပ် ချုပ်နိုင်ခဲ့တယ်။

စစ်အစိုးရက ၁၉၆၂ ခုနှစ်က အာဏာသိမ်းတယ်။ အဲဒီအချိန်မှာ မြန်မာဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံတစ်ခုဆိုတာ မမေ့ပါနဲ့။

၁၉၆၂ ခုနှစ် မတ်လက အာဏာသိမ်းတယ်။ ဇူလိုင်လ ၈ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖြိုခွဲဖျက်ဆီးပစ်လိုက်တယ်။ ၁၉၆၄ ခုနှစ်မှာ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲလိုက်တယ်။ အဓိကဘာသာစနစ် (Major System) တွေပေါ်လာတယ်။ အမှတ်တွေနဲ့ တက္ကသိုလ်သတ်မှတ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ဖျက်ပစ်လိုက်ပြီး ၁၉၇၄ အခြေခံဥပဒေကို ပြန်ဆွဲတယ်။ အခြေခံဥပဒေကိုဖျက်တာ အကျင့်ပါလာပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ၁၉၇၄ အခြေခံဥပဒေကိုဖျက်ပြီး ၂ဝဝ၈ အခြေခံဥပဒေကို ဆက်ဆွဲတာပါပဲ။ ၁၉၇၄ အခြေခံဥပဒေအရ တစ်ပါတီသာရှိရပြီး တစ်ပါတီတည်းကို မဲထည့်ကြရပြီး တစ်ပါတီတည်းသာ အစိုးရဖွဲ့ကာ ရွေးကောက်ပွဲရလဒ်က မည်သို့ပင်ဖြစ်စေကာမူ အာဏာရှင်သည်သာ ခေါင်းဆောင်ဖြစ်လာတော့တယ်။

လူတွေ ဘာလို့လက်ခံလဲ။

မေးမှမေးရက်ပလေ။

သူငယ်ချင်းရေ။ တို့နိုင်ငံအနေနဲ့ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို မင်းစဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ တို့ကို အင်္ဂလိပ်က ကျွန်ပညာရေးဆိုပြီး သင်ပေးလိုက်တာပဲ။ ဒါပေမဲ့ အဲဒီကနေ ဦးသန့်က ကုလသမဂ္ဂ အတွင်းမှူးချုပ် ဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်တွေလေးစားတဲ့ မျိုးချစ်နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတယ်။ ဦးနုကတော့ Back-up ပေါ့လေ။ ယနေ့ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေသူတွေ သိကြပါတယ် . . . . .
လူတွေက သူတို့စားဝတ်နေရေးကိုပဲ လုံးပန်းရတယ် မဟုတ်လား။ စစ်တပ်ဆိုတာ အခြားနိုင်ငံတွေက ကျူးကျော်လာရင် ခုခံကာကွယ်ဖို့၊ အစိုးရက အုပ်ချုပ်ပေးဖို့ပေါ့။ ဒါပေမဲ့ အမျိုးမျိုးအနိုင်ကျင့်တော့ လူတွေကတော့ ကြိမ်မီးအုံးသလိုပေါ့။ တကယ်ပါ သူငယ်ချင်း ပိုက်ဆံတွေကို တရားမဝင်လုပ်ပစ်တာ သုံးကြိမ်လောက်ရှိတယ်။ မှတ်မိတာပေါ့။ လူတွေဟာ ကိုယ့်ချွေးနှဲစာနဲ့ ရှာထားတဲ့ငွေတွေလေ။ အဲဒီကစပြီး ငွေတွေကို အယုံအကြည် မရှိတော့ဘူး။ အိမ်တွေမှာ ပစ္စည်းတွေဝယ်ပြီး သိုလှောင်ထားကြတာ။ အိမ်တွေလည်း ဂိုဒေါင်တွေ ဖြစ်ကုန်တော့တာပဲ။ အစိုးရကိုမယုံ ငွေကိုမယုံဆိုတာ တိုင်းပြည်ပျက်တာပါ သူငယ်ချင်း။

ဘယ်သူဘာပြောပြော မယုံကြတော့ဘူး။ မင်းစဉ်းစားကြည့်လေ၊ တို့လမ်းထဲက စသုံးလုံးအရာရှိတစ်ယောက် သူဝန်ထမ်းဘဝကအကြောင်း ပြောပြတယ်။ သူတို့အဖွဲ့က မန္တလေးမှာ သွားရောက်စစ်ဆေးတယ်။ အမှုကတော့ “တစ်ရာတန်” ကို လက်မခံလို့တဲ့။ တရားဝင်သုံးစွဲနေတဲ့ငွေကို ဈေးဆိုင်တစ်ဆိုင်က လက်မခံဘူး။ ဒါကြောင့် သူ့ကိုခေါ်ယူမေးမြန်း ဖမ်းဆီးအရေးယူကာ ထောင်ချတယ်။ အမှုစစ်ပြီး သူတို့ ညရထားစီးပြီး ရန်ကုန်ပြန်လာတယ်။ တောင်ငူမှာ ရထားခေတ္တနားတော့ ဝင်ရောက်စားသောက်တယ်။ ဖြစ်ချင်တော့ အဲဒီမှာ ဆိုင်ရှင်က တစ်ရာတန်ကို လက်မခံဘူး။ ဒီတော့ စသုံးလုံးအရာရှိက ရှင်းပြတယ်။ “ကျုပ်တို့ခုပဲ မန္တလေးကနေ ပြန်လာတာ။ အဲဒီမှာ ခင်ဗျားလိုပဲ ရာတန်ကိုလက်မခံလို့ ထောင်ချခဲ့ရတယ်။ ခင်ဗျားငြင်းဦးမလား” လို့ မေးတယ်။ ဒီတော့ဆိုင်ရှင်က “ငြင်းပါတယ်” ဆရာလို့ ပြန်ပြောတယ်။ ဒီတော့ ဆိုင်ရှင်ကို ဖမ်းဖို့လုပ်ရတာပေါ့။ ဒီအခါမှာ လူတွေဝိုင်းလာတယ်။ ဘာဖြစ်တာလဲမေးတော့ အကျိုးအကြောင်း ပြောပြရတယ်။

ဒီအခါ လာကြည့်နေတဲ့ လူထဲက တစ်ယောက်က ရယ်တယ်။

“ဖြစ်မှဖြစ်ရပလေ ဆရာတို့ရယ်၊ ဒီမှာ ရန်ကုန်ရထားဝင်လာလို့ သတင်းစာရောက်ပြီ။ ဖတ်ကြည့်ပါဦးဆရာ ညကလည်းကြေညာတယ်။ ရာတန်တွေကို တရားမဝင်လုပ်လိုက်ပြီဆရာ” တဲ့။

“ကျွန်တော့်မျက်နှာကို ကျွန်တော် ဓားနဲ့လှီးပစ်ချင်လောက်အောင် ရှက်ခဲ့ပါတယ် ဆရာ” လို့ သူကငါ့ကို ပြောပြတယ် သူငယ်ချင်း။

မင်းလည်းသိတယ်၊ ငါလည်းသိတယ်။ ဒီလိုအဖြစ်မျိုးတွေ အများကြီးပါ သူငယ်ချင်း။ လူတွေကို ထင်ရာမြင်ရာ ပြောဆိုလုပ်ကိုင်တဲ့ အဲဒီခေတ်ကနေ ဖြတ်လာကြတာပဲ မဟုတ်လား။ အဲဒီခေတ်က မှောင်ခိုဆိုတာ လမ်းမှာပဲ မှောင်ခိုဖြစ်တာ။ ဥပမာ မော်လမြိုင်နဲ့ ရန်ကုန်အကြားလမ်းမှာ မှောင်ခိုပေါ့။ လမ်းမှာဖမ်းလိုက်၊ ပြေးလိုက်၊ လာဘ်ပေးလိုက်နဲ့။ ရန်ကုန်ရောက်တော့ မင်္ဂလာဈေး တစ်ဈေးလုံးဟာ မှောင်ခိုပစ္စည်းတွေပဲ။ မင်းလည်းသိတယ်၊ ငါလည်းသိတယ် သူငယ်ချင်း။

ငါဆိုလိုတာက လူတွေကို လိမ်နေတာပြောတာပါ။ ဆန်တွေရှားတော့ တရုတ်အရေးအခင်း ဖန်တီးတယ်။ နိုင်ငံတစ်ခုလုံး ကုန်းကောက်စရာမရှိတော့ အဆင်းရဲဆုံးနိုင်ငံ (LDC) အဖြစ် ခံယူတယ်။ ဦးသန့်အရေးအခင်း ဖန်တီးတယ်။ မှိုင်းရာပြည့် ဖန်တီးတယ်။ နောက်တော့ ပါတီစုံလိုလား တစ်ပါတီကိုလိုလားပြောပြီး တစ်ပြိုင်နက်တည်း ပြည်သူတွေကို ခြိမ်းခြောက်တယ်။ ပြီးတော့ ၈၈ အရေးအခင်းခလုတ်ကို နှိပ်ခဲ့တာပါပဲ။

ဦးစိန်လွင်တို့၊ ဦးမောင်မောင်တို့ သမ္မတတင်လို့ အဆင်မပြေတဲ့အခါ အာဏာသိမ်းတယ်။ ရွေးကောက်ပွဲလုပ်ပေးပြီး “ကျုပ်တို့ စစ်တန်းလျားကို ပြန်မယ်” ဆိုပြီး ကတိပေးတယ်။

တကယ်တော့ စစ်တပ်က စစ်တန်းလျားကိုပြန်တယ်ဆိုတာ သတင်းမှမဟုတ်တာပဲ၊ ဒါပေမဲ့ သတင်းဖြစ်တယ်။ ရွေးကောက်ပွဲပြီးတော့ သူတို့ အာဏာဆက်သိမ်းတယ်။

၂ဝဝ၈ အခြေခံဥပဒေဟာ ၁ဝ နှစ်ကျော်ဆွဲခဲ့ရတဲ့ ဥပဒေပါ။ အာဏာဆက်ထိန်းထားဖို့ ရည်ရွယ်တာပါ။

အမျိုးမျိုးလှည့်စားဖို့ ကြိုးစားကြတယ်။

■ တိုက်ပွဲတွေ (ငြိမ်းချမ်းဆွေးနွေးကြတာပေါ့)
■ ဘာသာရေးအဓိကရုဏ်းတွေ၊ အရေးအခင်းတွေ၊
■ စစ်ဆေးအရေးယူမှုတွေ၊ ဖမ်းဆီးတာတွေ
■ PR (PR ကိုတော့ နောက်ဆုံးကျည်ဆန်လို့ ပြောနေကြတယ်)

ဒါတွေနဲ့ မိုးကြီးချုပ်၍ ကျွန်ုပ်အိမ်ရောက်မည်မဟုတ်လို့ သင်ဖူးတယ်မဟုတ်လား သူငယ်ချင်း။

နောက်ဆုံး ဓမ္မစေတီခေါင်းလောင်း ဆယ်ယူတာကိုတောင် လူတွေက မယုံတော့ဘူး။ အာရုံပြောင်းနေတာလို့ ယူဆနေကြတယ်။ အာရုံဘယ်လိုပြောင်းပြောင်း နယူတန်ရဲ့ နိယာမကတော့ မပြောင်းဘူး သူငယ်ချင်း။

မင်းလည်းသိတယ်၊ ငါလည်းသိတယ်။ ဒုက္ခထဲမှာ မင်းလည်းပါတယ်။ မျက်ဝါးထင်ထင်မြင်ရမှာပါ သူငယ်ချင်း။



(Written by: ဒေါက်တာခင်မောင်ညို)

နေ့ကောင်း ရက်မြတ် မင်္ဂလာချိန်ခါ နှင့် ရာသီဖွားအလိုက် သိကောင်းစရာများ

 
အခု(၂ဝ၁၄) ခုနှစ် အတွင်း မင်္ဂလာ ပွဲနွှဲကြမယ့် သူတွေ အပါအဝင် ခုနစ်ရက် သားသမီးများ အတွက်ဖွား ရာသီအလိုက် ကံအနိမ့်အမြင့် အခြေအနေ၊ အကျိုးပေး ကာလ ၊ဆောင်ရန်၊ ရှောင်ရန် နဲ့ တစ်နှစ်တာ အတွင်း သတိထားရမယ့် အကျိုးအကြောင်း ၊အဆိုးအကောင်း တွေကို “ပါရမီဖြည့်ဘက် အနက် အဓိပ္ပာယ် နှင့်ကြည်နူးပျော်ရွှင် လှပ မိသားစု ဘဝ အထူးပြုအချပ် ပိုသတင်းလွှာ” စာမျက် နှာကနေ လက္ခဏာဗေဒင် ပညာရှင် ဆရာ စံဇာဏီဘို ကစာဖတ် ပရိသတ် များထံကောင်းကျိုး မင်္ဂလာ အဖြာဖြာရောက် ရှိ စေခြင်း အလို့ငှာ အမှတ်တရ မေတ္တာလက်ဆောင် ပို့သလိုက် ပါတယ်။


မိဿရာသီ ARIES (မတ်လ) ၂၁ မှ ဧပြီလ ၂ဝကြား

စိတ်ကူးပေါ်ပြီး စွန့်စွန့်စားစား တစ်ဦးတည်း ဆုံးဖြတ်ပြီး လုပ်လိုက်သော ကိစ္စမှ ထူးခြားစွာ အကျိုးရရှိမည်။အပြောင်းအလဲ များဖြစ်ပေါ် မည်။ ပြဿနာ အခက်အခဲများ ကြုံပါက စိတ်မရှုပ်ပါနှင့်။ ဖြစ်နေကျ ပြဿနာမျိုးသာ ဖြစ်၍ ဖြေရှင်းနေကျ ထုံးစံ အတိုင်းဖြေ ရှင်းပြေလည် သွားမည်။ အကြံသစ်များ လက်တွေ့ အကောင် အထည်ဖော်နိုင် သည်။ ဒုက္ခပေးသော သူများကို လက်တွဲ ဖြုတ်၍ လူသစ် များနှင့် ဆက်ဆံဖြစ်မည်။ ကြိုးစားသမျှ အကောင်အထည် ဖော်နိုင်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။


ပြိဿရာသီ TAURUS (ဧပြီလ) ၂၁ မှ မေလ၂၁ကြား


စေတနာ တန်ဖိုး မထားသော သူများ ၊ကျေးဇူးကန်းသော သူများနှင့် တွေ့ကြုံရမည်။ ကိုယ့်အပေါ် ဝေဖန် တိုက်ခိုက် တတ်သည်။ ဒုက္ခတွေ့နေဆဲ ကယ်ဆယ်ပေး ထားသော သူများ၊ အန္တရာယ် ကြုံဆဲ အကာအကွယ်ပေး ထားသော အနီးကပ် လူများကပင် မိမိကို ဒုက္ခပေးတတ်သည်။ ကိုယ်တိုင်လည်း စိတ်ထင်ရာ စိုင်းသောကြောင့် မမှား သင့် သောအမှားမျိုး ကြုံတွေ့တတ်ပါသည်။ မူလ စီစဉ်ထားသော ကိစ္စများ မလုပ် ဖြစ် ၍ ထင် သလောက် မရရှိပါ။ စီးပွားရေး လုပ်ငန်းများ ကိုယ်တိုင်လုပ် မှအကျိုး ရှိမည်။


မေထုန်ရာသီ GEMINI (မေလ)၂၂မှ ဇွန်လ၂၁ကြား

ကာလ အတန်ကြာ အောက်ခြေမှ စတင်၍ မိမိ ထူထောင် စတင်ထားသည့် လုပ်ငန်းများ မှကောင်းသော အကျိုး ဆက် ရရှိမည်။ နာမည်ကောင်းရသော ကာလဖြစ် သည် ။ဖြေရှင်းရန် ခက်ခဲ သောပြဿနာဟောင်း များကို မိတ်ဆွေ အကြီးအကဲ အကူအညီနှင့် ပြီးမြောက် အောင်ဖြေရှင်းနိုင်မည်။ ဒုက္ခပေးသော သူများရန်မှ ကင်းလွတ် သွား မည်။ မိသားစုနှင့် ပတ်သက်၍ စိတ်ချမ်း သာစရာများ ကြုံတတ်သည်။ ပညာအတတ်နှင့် ပတ်သက်၍ ကံကောင်း သော ကာလဖြစ်သည်။ စီးပွားရေး အတွေ့အကြုံ ရှိ သူ များနှင့်ရင်းနှီးမြှုပ်နှံ ပါက အကျိုးရှိမည်။


ကရကဋ်ရာသီ CANCER (ဇွန်လ) ၂၂မှ ဇူလိုင်လ၂၂ကြား

ရန်သူဟောင်းနှင့် ပြန်တွေ့ တတ်သည်။ မိမိနှင့် မတည့်သော အဆင်မပြေ သော သူကိုပင် ပြန်လည် ဆက်ဆံ ရတတ်သည်။ ကနဦးပိုင်းတွင် အဆင်ချော မ ယောင်နှင့် နောက်ပိုင်း တွင် စိတ်ရှုပ်စရာ များ တစ်မျိုးပြီး တစ်မျိုးပေါ် တတ် သည်။ အပြစ်ရှာပြီး ဝေဖန် တိုက်ခိုက်ခြင်း ခံရတတ်သည်။ အလွန် သည်းခံစိတ် ရှည် သင့်သော ကာလဖြစ် သည်။ ဖြစ်ပေါ်လာသော အညံ့သည် ယာယီသာ ဖြစ်သည်။ အခက်အခဲ အားလုံးကို ရင် ဆိုင် ကျော်ဖြတ်ပြီးမှ ကောင်းသော ကံများ ဆက် တိုက်ဖြစ် လာလိမ့်မည်။


သိဟ်ရာသီ LEO (ဇူလိုင်လ) ၂၃မှ သြဂုတ်လ၂၃ကြား

အကြံအစည် များ အောင်မြင်မည်။ ငွေကြေး ကိစ္စပြောဆိုဆောင်ရွက် မှုများလက်တွေ့ လုပ်ကိုင်အကျိုး ပေး မည်။ အပြိုင်အဆိုင် များကို အောင်နိုင် မည်။ ခရီးကိစ္စ အဆင်ပြေမည်။ စုပေါင်း လုပ်ငန်း အကျိုးပေးမည်။ မိသားစုနှင့် ပတ်သက်သော ကောင်းသတင်းများ ကြားသိရမည်။ ရှုပ်ထွေးနေသော ကိစ္စ များပြေ လည်အောင် ဖြေရှင်းနိုင်မည်။ မိမိအား လျှို့ဝှက်၍ ဒုက္ခပေးမည်ဟု ကြံ စည်ထားသည် များကို ဖော်ထုတ် သိရှိ နိုင်မည်။ အလုပ်အကိုင်များ တိုးတက် အောင်မြင်မည်။


ကန်ရာသီ VIRGO (သြဂုတ်လ) ၂၄မှ စက်တင်ဘာလ၂၃ ကြား
ကြိုးစားမှု၏ ရလဒ်ကောင်းကို ရမည်။ ရိုးရိုးရှင်းရှင်းနှင့် လုပ်၍ အရာရာ အောင်မြင်မည် ။ဝီရိယ ၏ အကျိုးကို ခံ စားရမည်။ ခရီး များမည်။ မရောက် ဖူး သော အရပ်ဒေသ များသို့ ရောက်တတ်သည်။ ခရီးသွား၍ အကျိုးရှိမည်။ စကား အောင်မြင်မည် ။ကောင်းသော သတင်းစကား များရမည်။ တစ်ပါး သူလုပ်၍ အဆင် မပြေသော လုပ်ငန်း ကို လုပ်ရကိန်း ကြုံမည်။ ဝီရိယ ထည့်ပြီး လုပ်လိုက်ပါ။ အလုံးစုံ အဆင်ပြေသွားမည်။ ကျန်းမာရေး အထူးဂရုစိုက် ပါ။ ကြံစည် ထားသမျှ ကောင်းသော ကာလဖြစ်မည်။


တူရာသီ LIBRA စက်တင်ဘာလ ၂၃မှ အောက်တိုဘာလ ၂၃ကြား

အနှောင့်အယှက်၊ အပြိုင်အဆိုင်၊ အခက်အခဲ များကို ရင်ဆိုင် အောင်မြင်မည်။ ဦးတည်လိုက်တိုင်း ၊နေရာတိုင်းတွင် အခက်အခဲ ရှိမည်။ မဖြစ်မနေ လုပ်ကိုင် မှုကြောင့် အဆုံးပိုင်းတွင် အောင်မြင်မည်။ ရိုးရိုးရှင်းရှင်း လုပ်ကိုင်ခြင်း၊ ဇွဲနှင့်ဝီရိယ စွမ်းအားကြောင့် ရန်အပေါင်း ကိုနိုင်မည်။ အထူးသဖြင့် ရင်ဘတ်တွင် မှဲ့ပါသော တူရာ သီဖွား များ အတွက် အထူးမြင့်မားသော အောင်မြင်မှုများ ဖန်တီးရရှိမည်။ လုပ် ငန်း အတွေ့အကြုံ ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှု ကြုံလာတတ်သည်။အဆင်ပြေမှု များကြုံမည်။


ဗြိစ္ဆာရာသီ Scorpio အောက်တိုဘာ လ၂၄မှ နိုဝင်ဘာလ၂၂ ကြား

အရာရာ သတိနှင့် ယှဉ်ပြီး လုပ်ပါ။ အလွယ် လိုက်၍မရ။ မိမိ ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင် လည်းကောင်း၊ ကစားဝိုင်း တွင်ငွေ ဆုံးရှုံးခြင်း၊ လောင်း က စားကြောင့် ဥစ္စာ ဆုံးရှုံးခြင်း များ ကြုံတွေ့ရမည် ဖြစ်သည်။ ပစ္စည်း လှောင်က ဆုံးရှုံးမည်။ လောဘနှင့် ယှဉ်ပြီး လုပ်ပါက အဆင် မပြေဖြစ်မည်။ အကျိုးအမြတ်ကို အဓိက မထားဘဲ ဆောင် ရွက်သင့်သည်ကို ပြတ်သားစွာ ဆောင်ရွက် ရမည်။ ကြိုးစား သမျှ အရာ ထင်နိုင်မည်။ အခက်အခဲ များကို ရင် ဆိုင်ပြီး မှအောင်မြင်မှုများ ကြုံလာမည်။


ဓနုရာသီ Sagittarius နိုဝင်ဘာလ ၂၃ မှ ဒီဇင်ဘာ ၂၁ကြား

အလွန် စိတ်တိုနေမည်။ စိတ်တိုင်းမကျ ဖြစ်နေမည်။ ကိုယ်က စေတနာထား ၊သူတစ်ပါးက စေတနာ မသိ။ ကိုယ် ကအပင်ပန်းခံ လုပ်၊ သူတစ်ပါး က အေးအေးဆေးဆေး ကိုယ်လုပ်သည့် အပေါ် အမြတ်ထုတ် ။ရှေ့ကလုပ်သွား နောက် လူမပါ။ အမှန်အတိုင်းပြောသူ မရှိ။ မည်သူ့ကိုမှ မယုံကြည်နိုင်လောက် အောင်ဖြစ်နေသည်။ ကြီးမားသော ပြိုင်ဘက်နှင့် ထိပ်တိုက်တွေ့မည်။ စိတ် အေးလက်အေး ၊ခေါင်းအေးအေးနှင့် ရင်ဆိုင်ပါ။ အလုံးစုံ အောင်မြင်လိမ့် မည် ။ရင်းနှီးထားသော စီးပွားရေး လုပ်ငန်းများ အကျိုး ရှိ ပါလိမ့်မည်။


မကာရရာသီ Capricom ဒီဇင်ဘာ လ၂၂မှ ဇန်နဝါရီလ ၂ဝကြား


လက်ဝယ် ရရှိထားသော အခွင့်အရေးကို လုယူလိုသော သူများမည်။ ရင်းနှီးသော လူများနှင့် စကားများရမည်။ လှည့်စားတတ်သော သူများတွေ့တတ် သည်။ ပရိယာယ်နှင့် မိမိကို ဒုက္ခပေး မည့် သူများရှိမည်။ ခရီးနှင့် ပတ်သက်သော ကိစ္စ အဆင်ပြေမည်။ လူမျိုးကွဲ ၊လူမျိုးခြား ကောင်းကျိုးပေးမည်။ အကျိုးအမြတ် ကြီးမားစွာ ရရှိမှုကို ရည်မှန်းပြီး မလုပ်ရ။ ရန်ဝန်းရံနေမည်။ ရန်ပြဿနာ(၂)ခု ကို ဖြေရှင်းနေဆဲ နောက်ထပ် ပြဿနာ တစ်ခု ပေါ်ထွန်းနိုင် သည်။ စိတ်ဓာတ် မကျဘဲ ကြိုးစား လုပ်ဆောင် သွားပါ။အရာရာ အဆင်ပြေမည်။


ကုမ်ရာသီ Aquarius ဇန်နဝါရီလ ၂၁ မှ ဖေဖော်ဝါရီ၁၈ကြား

အတူနေသူ အချင်းချင်း၊ ဘဝတူ အချင်းချင်း ပြဿနာသေးငယ်မှ အစ ချီ၍ စိတ်ဝမ်းကွဲရခြင်း အထိ ဖြစ်တတ်သည်။ အိမ်တွင်း၌ လည်းမကြာခဏ အယူအဆ သဘော ကွဲပြားမှုများ ကြုံမည်။ လုပ်ကိုင်သမျှ ကိစ္စများတွင် ဖြစ်လို သည်က တစ်မျိုး၊ လက်တွေ့ဖြစ်နေ သည်က တစ်မျိုးကြုံမည်။ ကိုယ့်စိတ်ကိုယ့် သဘာဝနှင့် အရာရာ သည် ဆန့်ကျင် ဘက်သဖွယ် ဖြစ်ကိန်း ကြုံမည် ။ငွေကြေး အရှုပ်အထွေး ကိစ္စများ၊ လူမှုရေး ပြဿနာ တစ်မျိုးပြီး တစ်မျိုး ဖြေရှင်းနေရမည်။


မိန်ရာသီ pisces ဖေဖော်ဝါရီလ ၁၉ မှ မတ်လ၂ဝကြား

ကျန်းမာရေး ဂရုစိုက်ပါ။ မိမိ ကျန်း မာရေး အညံ့ကြုံဆဲ မိသားစုဝင်၏ ကျန်း မာရေးသည် မိမိထက်ပို၍ ဆိုးညံ့သော အညံ့ရှိမည်။ ညာခြေ၊ ညာလက်တွင် မတော် တဆ ထိခိုက် တတ်သည်။ အစားအသောက်၊ အနေအထိုင် ပေါ့လျော့မှုနှင့် စိတ် ပင်ပန်းမှုကြောင့် ကျန်းမာရေးကျ ဆင်းတတ်သည် ။ ရန်အလွန်များသည်။ အနှောင့်အယှက် အတိုက် အခံ များ ကြား မှအကြံသစ် အောင်မြင်မည်။ကာလရှည် ကြာ လိုလားနေသည့် စိတ်ဆန္ဒ တစ်ခု အလိုအလျောက် ပြည့်ဝလိမ့်မည်။


ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။

စံ-ဇာဏီဘို Popular Journal



သာမန် AAA ဘက်ထရီ တစ်လုံးအား အသုံးပြု ထားတဲ့ ဟိုက်ဒရိုဂျင် ထုတ်လုပ်စက်

 
 
ဟိုက်ဒရိုဂျင်ဆို ကျွန်တော်တို့ ခေါင်းထဲ စဉ်းစားလို့ ရတဲ့ အသန့်စင်ဆုံး လောင်စာ တစ်မျိုးလောက်ပါပဲ။ ၎င်း ဟိုက်ဒရိုဂျင်ကနေ ထွက်လာတဲ့ တစ်ခုတည်းသော အရာက ရေပါ။ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုက ရေမော်လီကျူးတွေ ထဲမှာ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် အက်တမ်တွေကို သီးခြား သတ်သတ်ဆီ ခွဲဖို့ လျှပ်စစ်စီကြောင်း အသုံးပြုတဲ့ လျှပ်စစ်သုံးဓာတ်ခွဲမှု ( electrolysis) ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ သုတေသနပညာရှင်တွေက လျှပ်စစ်ဓာတ်အားနဲ့ ဆက်ထားတဲ့ သံပြားနှစ်ခုကို သန့်စင် တဲ့ရေထဲ ထိုးစိုက်လိုက်ပါတယ်။ (အဖိုအမလျှုပ်စီးလိုင်း) လို့ခေါ်တဲ့ ၎င်းသံပြားနှစ်ခုပေါ် လျှပ်စစ်ဓာတ်ဖြတ်သွားတဲ့ အခါ လျှပ်စီးမလိုင်းမှာ ဟိုက်ဒရိုဂျင် ထွက်ပေါ်လာပြီး အဖိုလိုင်းမှာ အောက်ဆီဂျင် ထွက်လာပါတယ်။ 

အဲ့ဒီသတ္တုအမျိုးအစားတွေက လျှပ်စစ်ဓာတ်ကို လုံလုံလောက်လောက်ပေးနိုင်ပြီး ရေမှာ လွယ်လွယ်ကူကူ ပျက်စီးမှု မရှိနိုင်တာကြောင့် အခုအချိန်ထိတော့ သိပ္ပံညာရှင်များက လျှပ်စီးအဖိုအမအတွက် ပလက်တီနမ်ကဲ့သို့သော အဖိုးတန် သတ္တုများကို အသုံးပြုခဲ့ပါတယ်။ အခုတော့ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အကုန်ကျသက်သာပြီး ၎င်းနေရာ မှာ အစားထိုးသုံးနိုင်တဲ့ နီကယ်လ်သတ္တုတစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ နီကယ်လ်သတ္တုကို လျှပ်စီးဖို/မ အဖြစ် အသုံးပြုပြီး ၎င်း အဖွဲ့က ၁.၅ ဗို့အားရှိသာမန် ဘက်ထရီတစ်လုံးအားပြုပြီးရေထဲက အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် ခွဲခြားပေးတဲ့စက်ကို ပြုလုပ်ခဲ့ပါတယ်။ 
 
 
ယခုလက်ရှိအခြေအနေထိတော့ အဲဒီလျှပ်စီးစွန်း( electrodes) တွေဟာ ရေထဲမှာ အချိန် (၂) ရက်ကြာသာခံပေမဲ့ နောက်ပိုင်းကျရင် ရက်သတ္တပတ်နဲ့ချီ (သို့) လနဲ့ချီ ကြာရှည် ခံအောင် တိုးတက်မှုရလာပြီး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ထုတ်လုပ်သူတွေအတွက် ဒေါ်လာဘီလျံနဲ့ချီ အကုန်ကျသက်သာစေမယ် လို့ သုတေသနပညာရှင်များက မျှော်လင့်ထားပါတယ်။


Source: sciencemag
Trend Myanmar


လှပသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် ၈ စက္ကန့်

 
 
လူလတ်ပိုင်း အရွယ်မှာ ခန္ဓွာကိုယ် နောက်ပိုင်းမှာ အဆီ တက်လာခြင်း၊ ဗိုက်ပူလာခြင်းတို့ဟာ ဖြစ်လာပြီး ကိုယ်ခန္ဓာ အချိုးအစားဟာ စိတ်ပျက်စရာ ကောင်းတဲ့ အနေအထားအဖြစ် ပြောင်းလဲလာတာကို တွေ့မြင်ရမှာပါ။
TV၊ မဂ္ဂဇင်းတွေမှာ လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေကို တင်ဆက်ပေးနေတဲ့ Mori San ရဲ့ ဖြေကြားချက် ကတော့ “ခန္ဓာကိုယ် နောက်ပိုင်း ကြွက်သားတွေဟာ ခြေထောက်နှင့်ယှဉ်လျှင် လှုပ်ရှားမှုနည်းပါးတဲ့ အစိတ် အပိုင်းတွေပါ။ အသက် ၃၀ ကျော်လာရင် ခန္ဓာကိုယ်နောက်ပိုင်း ကြွက်သားတွေဟာ အားနည်းလာတဲ့အတွက် ခါး၊ တင်၊ ရင် တွေရဲ့ကြွက်သား ကိုထိန်းချုပ်နိုင်ခြင်း လျော့နည်းလာပါတယ်။ လူလတ်ပိုင်းအရွယ်တွေရဲ့ ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲရခြင်းအကြောင်းရင်းက အဆိုပါကြွက်သားတွေ အားနည်းလာခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် လူလတ်ပိုင်းအရွယ်တွေအတွက် လွယ်ကူတဲ့ လေ့ကျင့်ခန်း ပြုလုပ်ပုံကို မိတ်ဆက်ပေးလိုက်ပါတယ်။


Mori San ဟာအသက်၄၀ကျော်အရွယ်မှာ ကလေးမွေးဖွားပြီး ၁လကြာလေ့ကျင့်ခန်း လုပ်ရုံဖြင့် ကိုယ်ဝန်မဆောင် ခင် အချိန်က ခန္ဓာကိုယ် အချိုးအစားကို ပြန်ရခဲ့ပါတယ်။လူလတ်ပိုင်း အရွယ်တွေဟာ ခန္ဓွာကိုယ်ကို ထိန်းသိမ်းဖို့ အတွက် Diet လုပ်ခြင်း ၊ပြင်းထန်တဲ့ အားကစားတွေကို လုပ်ဖို့မလိုပါဘူး။ အရေးကြီးတာက မတ်တပ်ရပ်တဲ့အခါ အသုံးပြုသော ကြွက်သားတွေကသာ အရေးကြီးပါတယ်။ ကျွန်မတို့ဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး ရပ်နေတဲ့အတွက် ကျော ၊ ဗိုက် မှာရှိတဲ့ ကြွက်သားတွေကို သုံးရမှာဖြစ်ပင်မဲ့ ကိုယ်နဲ့အဆင်ပြေတဲ့ ပုံစံနဲ့သွားလာ လှုပ်ရှားနေကြတဲ့အတွက် ခန္ဓာကိုယ်အနေအထားလည်း မမှန်တော့ပါ။ ခန္ဓာကိုယ် အနေအထားကို ပြန်လည် ပြုပြင်ဖို့အတွက် ၈ စက္ကန့်လေ့ကျင့်ခန်းလေးကို တင်ပြပါရစေ။


ခန္ဓွာကိုယ်အောက်ပိုင်းအတွက် လေ့ကျင့်ခန်း
၀၁.ခြေဖျားထိပ်လေးများကို ဘေးသို့ကား၍မတ်တပ်ရပ်ပါ

ဖနောင့်တွင်အားပြု၍ ခြေထောက်နှစ်ဖက်စလုံးရဲ့ ခြေဖျားထိပ်ကို ၄၅ ဒီဂရီခန့် ဘေးသို့ကားပြီး မတ်တပ်ရပ်ပါ။

၀၂. ဒူးကွေး၍ ခါးကိုအောက်သို့ နှိမ့်ချပါ

ဒူးကွေး၍ ခါးကိုအောက်သို့ နှိမ့်ချရာတွင် ခြေမျက်စိတွင်အားမသက်ရောက်ရပါ။

၀၃. ခြေနှစ်ဖက်လုံး၏ ဒူးတွေကိုကပ်ထားပါ

ဒူးကွေး၍ခါးကိုအောက်သို့ချထားသော အနေအထားဖြင့် ဂုံညင်းများကို အချင်းချင်းထိအောင် ကပ်လိုက်ပါ။

၀၄. ဂုံညင်းကိုကပ်ထားရင်းဖြင့် ဒူးခေါင်းကို ဆန့်ထုတ်ပါ။ နံပါတ်(၃)အနေအထားဖြင့် ဒူးခေါင်းကို ဆန့်၍ မတ်တပ် ရပ်ပါ။

အထက်ပါလှုပ်ရှားမှုများသည် ခန္ဓွါကိုယ်အောက်ပိုင်းအတွက် ဖြစ်ပါသည်။

ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် လေ့ကျင့်ခန်း
၀၅. လက်နှစ်ဘက်ကို မိုးပေါ်သို့ Y ပုံစံမြှောက်ထားပါ

ခြေထောက်ကို မရွေ့ဘဲ လက်နှစ်ဘက်လုံးကို Y ပုံစံ အပေါ်သို့မြှောက်ထားပါ။ပြီးလျှင် လက်ဖဝါးနှစ်ဘက်က ကိုယ်ခန္ဓာအတွင်းပိုင်းကို မျက်နှာပြုထားပါ။

၀၆. လက်ကိုအပေါ်ကို မြှောက်ထားလျှက် ခါးကိုရှေ့ပိုင်းသို့ကိုင်းထားပါ

လက်ကိုမြှောက်လျှက်အနေအထားဖြင့် ခန္ဓွာကိုယ်ကိုရှေ့သို့ ဖြေးဖြေးချင်း ကိုင်းပါ။ ၄၅ ဒီဂရီ ခန့်ဖြစ်အောင် ကိုင်း ထားပါ။

၀၇. လက်ကိုအောက်သို့ချထား၍ တင်ပါး၏ ဘေးတွင်ထားပါ

ခန္ဓွာကိုယ်အပေါ်ပိုင်းကို ကိုင်းထားသော အနေအထားဖြင့် လက်နှစ်ဘက် ကိုအောက်သို့ချပါ။ တင်ပါး၏ နောက်ပိုင်း သို့လက်ကို ဆွဲသွားပါ။

၀၈. ဖြေးဖြေးချင်း တည့်တည့်ပြန်ရပ်ပါ

အဲဒီအတိုင်း ခန္ဓွာကိုယ်အပေါ်ပိုင်းကို တည့်တည့်ပြန်ရပ်ပြီး လက်ကိုခန္ဓွာကိုယ်ဘေးသို့ သဘာဝရှိနေတဲ့အတိုင်း ပြန်ထားပေးပါ။


မှန်ရှေ့မှာ ဒီလေ့ကျင့်ခန်းလေးကို စမ်းပြီးလုပ်ကြည့်လိုက်လျှင် ၈စက္ကန့်နဲ့ ကြွက်သားနာကျင်ခံစားမှု အနည်းငယ် ဖြစ်လာပေမယ့်လည်း ထိရောက်မှုရှိသော လေ့ကျင့်ခန်းလေး ဖြစ်မှာပါ။ အခြေခံလှုပ်ရှားမှုမှာ စနစ်ကျတဲ့ နည်းစနစ် ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။


ခဏလေးလုပ်ကြည့်လိုက်ရုံဖြင့် လှပတဲ့ခန္ဓာကိုယ် အချိုးအစားလေးကို ပြန်လည်ပိုင်ဆိုင်စေမှာပါ။

Happiness Is To You

Chelmo Team
Ref.http://mdpr.jp/
Photo By. http://googirl.jp/
http://www.chelmo.tips



အရွယ်နှင့် မလိုက်ဖက်အောင်ပင် မနိုင်ဝန် ထမ်းနေရသည့် မူလတန်း ကလေးများ၏ ဒုက္ခ

 
 
“နင်တို့လဲ အဲ့ဒီလွယ်အိတ် သယ်နေရတာနဲ့ အရပ်ထွက် မှာကို မဟုတ်တော့ဘူး” ဟုအိမ်ဘေးမှ မကရင်မဟု ဆိုသော အသိတစ်ယောက်၏ ပြောဆိုသံကြောင့် ကျွန်တော် အနည်းငယ် စိတ်ဝင်စား မိသွားပါတယ်။ 


လွယ်အိတ်ဆိုတဲ့ စကားသံကြောင့် သွားရောက် မေးမြန်း ဖြစ်တော့သူက “သုံးတန်းကျောင်းသားလွယ် အိတ်က တက္ကသိုလ် ကျောင်းသား ထက်တောင် သယ်ရတာ များသေးတယ်။ တစ်နေ့ကို အုပ်နှစ်ဆယ် လောက်ထမ်းပြီး ကျောင်းသွားနေရတာ အရပ်ထွက်မှာကို မဟုတ်ဘူးလို့ပြောတာ။ သယ်ရတာကလေး ငယ်ရတာ မဟုတ် အစ်မတို့က လိုက်သယ်ပေးရတာ။ သူတို့က အပြန်လောက်ပဲ သယ်ရတာ။ စာအုပ် တွေသယ်ရတာ လေးတဲ့ အပြင် စာကျက်ရတာ သက်သာမလား အောက်မေ့တယ်၊ တစ်နေ့တစ်နေ့ ကျက်လိုက်ရတဲ့ စာကလဲ ဖင်မီးခိုးထွက်အောင် ကျက်တာမှ စာလေး တစ်ပိုဒ်တောင် ဖြစ်ဖြစ်မြည်မရဘူး။ ကလေးကိုတော့ အပြစ်မပြော ချင်ဘူး။ တစ်ခါတလေ သူကျက်နေတာတွေကမှားလား မှန်လားဆိုတာ နားထောင်ရုံနဲ့မရတော့ဘူး။ ကိုယ်တိုင် လေ့လာ နေရတယ်။ မသိရင်သိတဲ့ လူလိုက်မေးနေတယ်။ ဘာတွေမှန်းကို မသိပါဘူး” လို့ မကရင်မက ညည်းတွား ကာ မေးသမျှပြန်ပြောပြပါတယ်။ 


ဒါကြောင့်ကျွန်တော်လည်း မူလတန်းသင်ခန်းစာတွေနဲ့ စာအုပ်တွေတစ်နေ့ဘယ်လောက် သယ်နေရ တယ်ဆိုတာ တွေကို လေ့လာရပါတော့တယ်။ နည်းနည်းလေးလွဲနေတဲ့ကိစ္စတွေကို ထောက်ပြနိုင်ဖို့အ တွက်ဖြစ်ပါတယ်။

စာအုပ်အရေအတွက်ကတော့ ပထမတန်းကျောင်းသားတစ်ယောက်နဲ့ ဒုတိယတန်းကျောင်းသားတွေ အတွက် စာအုပ်အရေအတွက်ကတော့ အတူတူဖြစ်ပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သဘာဝ သိပ္ပံ၊ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ရသ၊ ပြည်ထောင်စုစိတ်ဓာတ်၊ စိုက်ပျိုးရေးဆိုပြီး ၉ မျိုးလောက်ရှိပါတယ်။ ပြဋ္ဌာန်း စာအုပ်တွေချည်းပါပဲ။ မှတ်စုစာအုပ်နဲ့ဆိုရင် ၁၈ အုပ်ပါ။ ဒါကြောင့်လည်း ဒီဘက်ခေတ်မိဘတွေက ကျောင်းသား တွေ တောင်းဆိုတဲ့ လွယ်အိတ်တွေအစား နိုင်ငံခြားကလာတဲ့ ကျောပိုးအိတ်တွေကို အသုံးများလာတာကို တွေ့ရ မှာပါ။ 
 
ရိုးရိုးလွယ်အိတ်ဆိုရင် အဲဒီလောက်စာအုပ်အ ရေအတွက်နဲ့ဆို နှစ်ဝက်လောက်သာ ခံတဲ့အတွက် ကျောင်းသားတွေ ခါးကိုင်းစေမယ့် ကျောပိုးအိတ် တွေနဲ့သာ ကျောင်းတက်နေရတာဖြစ်ပါတယ်။ 


ဒါကိုသိတဲ့ ဆရာမအချို့က ကိုယ့်ကျောင်းသားတွေ သက်သာစေဖို့ တွဲဖက်သင်ရိုးဝင်ဘာသာရပ်များ ထဲက နှစ်ဘာသာကိုမှတ်စုတစ်အုပ်သာ ထားခိုင်းပါတယ်။ ကျောင်းသားတွေအနည်းငယ်ဝန်ပေါ့အောင် ဖြစ်ပါတယ်။ ဆရာမတွေကလည်း သင်ရိုးတွေများနေတာနဲ့ပတ်သက်ပြီး ခက်ခဲနေတဲ့ အပိုင်းတွေရှိနေ ပါသေးတယ်။ 


အထက(၄) မြိတ်မှမူလတန်းပြ ဆရာမဒေါ်စန္ဒာက “တွဲဖက်သင်ရိုးတွေကအရမ်းများနေတယ်။ တွဲဖက် သင်ရိုးတွေ က ပထမတန်းနဲ့ ဒုတိယတန်းမှာသင်မယ်ဆိုရင် အချိန်ရတယ်။ တတိယတန်းနဲ့ စတုတ္ထ တန်းမှာသင်မယ်ဆိုရင် အချိန်ဘယ်လိုမှမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တတိယတန်းနဲ့ စတုတ္ထတန်း ကခရိုက်က စစ်မယ်လို့လဲ ကြားထား တာတော့ သင်ရိုးတွေကိုကုန်အောင် သင်ပေးနေရတယ်။ အဲ့ဒီအခါ ကျတော့ တွဲဖက်ဘာသာရပ်တွေဘက်သင်တာ အားနည်းသွားရော။ ပြီးတော့လေးတန်းက ကလေး တွေက အလယ်တန်းတက်ရမယ့် သူတွေဆိုတော့ အခြေခံ ကောင်းတွေပါစေချင်လို့ အဓိကဘာသာရပ် တွေကို ကျေအောင် သင်ပေးရတာ မျိုးတွေရှိတယ်” လို့ရှင်းပြပါတယ်။ 


ဆက်လက်ပြီး ယင်းတို့အခက်အခဲတချို့ကို ပြောပြရာမှာတော့ “စိုက်ပျိုးရေးဘာသာရပ်ဆိုရင် မူလ တန်းအဆင့်မှာ ပထမတန်းနဲ့ ဒုတိယတန်းကို အသိလေးရအောင်ပဲ သင်ခိုင်းစေချင်တယ်။ ဒီဘာသာရပ် ကလက်တွေ့လုပ်ကိုင်မှ ပိုအဆင်ပြေမယ့် ဘာသာရပ်မျိုးပါ။ သင်ရိုးထဲမှာ ထည့်ထားပေမယ့် ကျွမ်း ကျင်ဖို့အထိ မဖြစ်နိုင်ဘူး” လို့ဆိုပါတယ်။ 


ဂျပန်ပညာရေးနဲ့ပတ်သက်ပြီး ဖတ်ဖူးလိုက်တာ တစ်ခုရှိပါတယ်။ သူတို့မှာ သုံးတန်းအရွယ် (၉နှစ်) အထိသာ စာမေးပွဲမှဖြေစရာမရှိဘဲ ကျောင်းတက်ရုံ၊ စာလုပ်ရရုံလောက်ပဲရှိတယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ ကျောင်းတက်တဲ့အရွယ် ပထမသုံးနှစ်တာကာလရဲ့ မျှော်မှန်းချက်ကတော့ ပညာမဟုတ်ဘဲ အကျင့်စာရိတ္တပိုင်း ကောင်းမွန်ရေးသာဖြစ်ပါတယ်။ အဲဒီကာလတွေမှာ စာထက်ကိုယ် အမူအရာ၊ လူမှုဆက်ဆံရေး အစရှိသဖြင့် ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့စာတွေကိုသာ အလေးထား သင်ကြားပေးတယ်လို့ ဆိုပါတယ်။ ဂျပန်တို့ရဲ့ ခံယူချက်က ပညာနဲ့ အကျင့်စာရိတ္တယှဉ်ရင် အဓိကနေရာ မှာ အကျင့်စာရိတ္တရှိတယ်လို့ ဆိုပါတယ်။ 


ဒါကြောင့်သုံးတန်းအထိ ဂျပန်မှာပေါ့ပေါ့ပါးပါးသာ စာသင်ရပြီး ကလေးတွေ ကျောင်းပျော်လာစေရန် အတွက်၊ အကျင့်စာရိတ္တကောင်းမွန် လာစေရန်အတွက်သာ အဓိကထားဆောင်ရွက်ပါတယ်။ မူလတန်း ကလေးတစ် ယောက်အတွက် သင်ခန်းစာတွေဟာ များပြားခြင်းမရှိဘဲ ကလေးတွေဦးနှောက်နဲ့ လိုက် လျောညီထွေဖြစ်မယ့် အကြောင်းအရာတွေလောက်ပဲ သင်ကြားပေးသလို၊ သူတို့သယ်ရတဲ့စာအုပ်ဆို ရင်မှတ်စုစာအုပ် သုံးလေးအုပ် ထက် မပိုဘူးလို့လည်း ဂျပန်ပညာရေးနှင့် နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 


ဒီလိုဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးအရာရှိတွေ နည်းနည်းစဉ်းစားပေးဖို့တော့ လိုနေပြီထင် ပါတယ်။ ဘာလို့လဲဆိုတော့ အခုသွားနေတဲ့ပညာရေးစနစ်က နိုင်ငံတကာအဆင့်မီဖို့နဲ့ ဘက်စုံထူးချွန် လူငယ်တွေပေါ် ထွက်ရေးအတွက် ဖြစ်ပါတယ်။ ဒါတွေကိုတစ်ဆင့်ချင်း အကောင်အထည်ဖော်သင့် တယ်ဆိုတာကို ပညာရေး ဝန်ထမ်း အရာရှိတစ်ဦးဖြစ်တဲ့ အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ ဦးစီးအ ရာရှိဦးငွေတိုးက “သင်ရိုးတွေက များနေတာ မဟုတ်ဘူး။ ဖောင်းပွနေတာ။ ဖောင်းပွနေတော့ မယောင် ရာဆီလူးပုံစံမျိုးတွေဖြစ်နေတာ။ ကလေး တွေကို ဆရာတွေက ထိထိရောက်ရောက်မသင်ပေးနိုင်ဘဲ သူတို့လဲ ပင်ပန်းကုန်တာတွေဖြစ်နေရတာပါ။ အမှန်တကယ်က မူလတန်းအဆင့်မှာပေးရမှာက ဘာ သာစကားတတ်ကျွမ်းမှုကို အမှန်တကယ် တတ်မြောက် သွားနိုင်ဖို့ကို လုပ်ပေးလိုက်ရမှာပါ။ ပြီးတော့ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ ဖြစ်ဖို့သွားတာ၊ လာတာ၊ စားတာ၊ ကျန်းမာရေးအခြေခံအသိတွေ ရရှိဖို့တွေပဲ လုပ်ပေးရမှာပါ” လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။ 


လက်ရှိအခြေခံပညာရေးရဲ့ ဦးတည်ချက်တွေနဲ့ ပတ်သက်ပြီးဦးငွေတိုးက မြန်မာ့ပညာရေးသမိုင်းနှင့် ယှဉ်ပြီးထပ်မံ သုံးသပ်ပြရာမှာတော့ မူလတန်းအဆင့်ရဲ့ ဦးတည်ချက်မှာတစ်မျိုး၊ အလယ်တန်းအဆင့် ရဲ့ဦးတည်ချက်မှာတစ်မျိုးနဲ့ အထက်တန်းအဆင့်ရဲ့ ဦးတည်ချက်မှာတစ်မျိုးဖြစ်နေကြောင်း ပြောပြပါ တယ်။ ဒါကြောင့်ရာတွေဟာ ဦးတည်ချက် ပန်းတိုင်ပျောက်နေရပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေရတယ် လို့ဆိုပါတယ်။ ဒါကြောင့်ဆရာတွေအနေနဲ့ လက်ရှိ သင်ရိုးညွှန်းတမ်းတွေရဲ့ ဦးတည်ချက်တွေကို သေ ချာလေ့လာနိုင်ဖို့ လိုအပ်ပြီးကျောင်းသားတွေကို ပြန်သင်နိုင်ဖို့ လုပ်သင့်တယ်လို့ဆိုပါတယ်။ လက်ရှိ သင်ရိုးများဟာနိုင်ငံတကာ စံချိန်စံညွှန်းများဖြင့် ချိန်ထိုးမည်ဆိုပါက ထပ်မံပြဋ္ဌာန်းပေးရန် လိုအပ်နေ သေးတယ်လို့ ပြောပြပါတယ်။ 


ယခုလိုတင်ပြသွားရတာဟာလည်း နိုင်ငံ၏ပညာရေးစနစ်တွင် မပါမဖြစ်ပါဝင်နေသော သင်ရိုးတွေနဲ့ ပတ်သက်ပြီး ဘာတွေလိုနေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာ သက်ဆိုင်ရာလူကြီးတွေသိရှိနိုင်ဖို့ ရေး သားလိုက်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့မူလတန်းကျောင်းသားအရွယ်နှင့် လေ့လာနေရသော သင်ရိုး တွေကို ကျစ်ကျစ်လျစ်လျစ် ဖြစ်စေချင်ကာ မနိုင်ဝန်ထမ်းနေရသည့် ဒုက္ခများမှလွတ်မြောက်စေလိုသော စေတနာဖြင့် ရေးသားလိုက်ရကြောင်း ပါ။ 


Democracy Today Daily
သြဂုတ် (၂၀) ရက်၊ ၂၀၁၄ ခုနှစ်


ကြွက်တက်ခြင်း ကာကွယ်ရန် နည်းလမ်းများ

 
 
သင်သည် ပုံမှန်လေ့ကျင့်ခန်း လုပ်သူ မဟုတ်ပါက ကြွက်တက်လေ့ ရှိခြင်းမှာ မထူးဆန်းပေ။ သို့သော် ကြွက်တက်ခြင်းကို လျစ်လျူရှုထားပါက နောင်တွင် ဒဏ်ရာ အနာတရဖြစ်နိုင်သည်။ ကြွက်တက်ခြင်းကို ကာကွယ်နိုင် မည့်နည်းလမ်း များကို ဖော်ပြပေးလိုက် ပါသည်။


ရုတ်တရက် မထင်မှတ်ဘဲ ကြွက်သားများ ကျုံ့သွားချိန် တွင် ကြွက်တက်ခြင်း (သို့မဟုတ်) အကြောဆွဲခြင်းတို့ ဖြစ်တတ်သည်။ ယင်းအကြောဆွဲခြင်း များက ကြွက်သား တစ်ခု (သို့မဟုတ်) ကြွက်သားအုပ်စု တစ်စုကို ရုတ်တရက် ကျုံ့သွားစေနိုင်သည်။ ကြွက်တက်ခြင်းမှာ စက္ကန့် အနည်းငယ် (သို့) မိနစ်အနည်းငယ်မှ ယင်းထက်လည်း ပိုကြာနိုင်သည်။


ကြွက်သားနှစ်မျိုးရှိပြီး တစ်မျိုးမှာ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း စသည်တို့ပြုလုပ်ချိန်တွင် သုံးနိုင်သည့် ခြေနှင့်လက်တို့ရှိ ကြွက်သားများကဲ့သို့ ထိန်းချုပ်နိုင်သော ကြွက်သားများဖြစ်သည်။နောက်တစ်မျိုးမှာ မထိန်းချုပ်နိုင် သောကြွက်သားများဖြစ်သည်။ မထိန်းချုပ်နိုင်သော ကြွက်သားများမှာ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း တို့ဖြစ် စေနိုင်သည်။


ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ် ဓာတ်များမရှိ ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း တို့ကြောင့် ကြွက်တက် ခြင်းကိုဖြစ် စေနိုင်သည်။ အာရုံကြော (သို့မဟုတ်) ကြွက်သား ဒဏ်ရာရပါက အကြောဆွဲခြင်း ကိုဖြစ်စေနိုင်သည်။ ကြွက်သားများသို့ သွေးလည်ပတ်မှု ညံ့ဖျင်းခြင်းကလည်း ကြွက်တက်စေနိုင်ပြီး ခြေချင်းချိတ်၍ အချိန်အကြာကြီး ထိုင်ပြီးနောက် ကြွက်တက်နိုင်သည်။


အချို့သောဆေးဝါးများကြောင့်လည်း ကြွက်တက်နိုင်သည်။ ဇရာကြိုရောဂါ (အယ်လ်ဇိုင်းမား)ကို ကုသရာတွင် သုံးသော ဆေးဝါးအချို့၊ ပါကင်ဆင်ရောဂါ၊ သွေးတိုးရောဂါနှင့် ကိုလက်စထရော လျှော့ချစေရန် သုံးသောဆေးဝါး အချို့ကြောင့် ကြွက်တက်နိုင်သည်။ သို့သော် ယင်းဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆေးသောက်သုံးသူ အားလုံးကို ထိခိုက်ခြင်းမရှိဘဲ လူအနည်းငယ်မျှကိုသာ ထိခိုက်စေသည်။


ကြွက်တက်ခြင်းကိုကုသရန် ကြွက်သားများကို သက်သောင့် သက်သာဖြစ်အောင်လုပ်ပါ။ ကြွက်သားပေါ်တွင် အပူဖိကပ်ပါ။ ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပါ။ နှိပ်ပေးခြင်းကလည်း ကြွက်တက်ခြင်းကို ကုသရာတွင် ကောင်းသည်။ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များချို့တဲ့နေပါက ဖြည့်စွက်စာစားပေးပါ။ ရေသောက်ပါ။ လျှပ်စစ်ဓာတ်ဖြတ်နိုင်သော ဖျော်ရည်များသောက်ပါ။ လမ်းလျှောက်ခြင်း (သို့မဟုတ်) မတ်တတ် ရပ်ခြင်းမျိုးပြုလုပ်ပါ။


ခြေဆန့် လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်း လုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကြွက်တက်ခြင်းကို ကာကွယ်နိုင်သည်။ အားသွန်ခွန်စိုက် လှုပ်ရှားမှုမျိုးပြုလုပ်ရမည် ဆိုပါက ရေဓာတ်ဖြည့်တင်းထားပါ။ ချွေးအလွန်ထွက်ချိန်တွင် လျှပ်စစ်ဓာတ်ဖြတ်နိုင်သော ဖျော်ရည်များ သောက်သုံးပေးရန် အထူးအရေးကြီးသည်။


အသက်ကြီးသူများအိပ်နေချိန်တွင် သွေးလည်ပတ်မှုနှေးကွေးသွားသဖြင့် ကြွက်တက်နိုင်ပြီး လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ သို့သော် ကိုယ်နေဟန်ထား တစ်မျိုးတည်း အချိန်အကြာကြီး ရပ်နေခြင်း၊ ကုလားထိုင်ပေါ်တွင်ထိုင် နေရခြင်းတို့ကြောင့် ကြွက်တက်ခြင်းမှာ မည်သူမဆို ဖြစ်နိုင်သည်။


ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်သက်တမ်းဒုတိယ သုံးလပတ်ကာလအတွင်း ခြေနှင့်လက်တို့ ကြွက်တက် လေ့ရှိသည်။ ကိုယ်ဝန်ဆောင်များမည်သည့်အတွက်ကြောင့် ကြွက်တက်သည် ကို ရှင်းရှင်းလင်းလင်း မသိရသော် လည်း ကိုယ်အလေးချိန်ပိုများခြင်းနှင့် ဆက်နွှယ်ဖွယ်ရှိသည်။ အနှိပ်ခံခြင်းက ကြွက်တက်ခြင်းကိုသက်သာနိုင်သည် ဆိုသော်လည်း မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကိုပိုမိုဆိုးရွားစေနိုင်သည်။ 


 Ref - TOI
7Day Daily