3 Nov 2014

ဖင်ပြောင် ခရီးသွား ထောင်(၇)နှစ်ကျ



တမ္ဘားလုံးက နိုင်ငံတွေကို ကျောပိုးအိပ်တလုံးနဲ့  ဖင်ပြောင်သွားခဲ့သည့် အင်္ဂလန် နိုင်ငံသား
Stephen စတီဗင် တို့ စုံတွဲအား ဥရောပ တရားရုံးက ထောင်ဒဏ်(၇)နှစ်ချမှတ်လိုက်ပါတယ် ။
 
 
 
 

သွားလေရာ နိုင်ငံတလျှောက် မှာ အမှုခင်း ၃၀ ကျော်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ လူတဦးတယောက်ရဲ့  လွတ်လပ်ခွင့် ဆိုပေမယ့် ပါတ်ဝန်းကျင်နဲ့  နိုင်ငံတခု၇ဲ့  ယာဉ်ကျေးမှုကို ချိုးဖေါက်ရာရောက်ကြောင်း။
 

အမေရိကန်မှာ အခြေစိုက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဖင်ပြောင်အသင်း
American Association for Nude Recreation တွေကတော့ ဒါဟာလူတယောက်ရဲ့  လွတ်လပ်မှုကို တားဆီးပိတ်ပင်တာဘဲ ဖြစ်တယ်လို့ ကန့် ကွက်နေကြပါသည်၊
နိုင်ငံတကာမှာ ဖင်ပြောင်အသင်းဝင်ပေါင်း သိန်းနှင့် ချီရှိနေရာမှာ ဒေါ်လာ ၃၀ (၃၀၀၀၀)ကျပ် ခန့် နဲ့  ဖင်ပြောင် အသင်းဝင်ဖြစ်ပြီး အဖွဲ့ ကလုပ်တဲ့  ကမ်းခြေဖင်ပြောင်ပွဲ-အပန်းဖြေခရီး-တောတွင်းဖင်ပြောင်အိပ်ပွဲနှင့် တခြား ပျော်၇ွင်စရာတွေမှာ ခရီးစရိတ်ထညိ့ပြီး တ၀ကြီးကြည့် ၀င်ရောက်ပျော်ပါး၍ရပါသည်။
 
 
 

အာရှနိုင်ငံတွေမှာလည်း ဖင်ပြောင်းအသင်းဝင်များ အင်တာနက်နေတဆင့် ၀င်ထားပြီး အပန်းဖြေစခန်းလုပ်မယ့် နေရာမှာ သီးသန့် နေရာ ဌားပြီးကျင်းပကြပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် ချင်းမိုင်မြို့  က တောင်ကုန်းတခုကိုဌားပြီး ဖင်ပြောင်ပါတီလုပ်ခဲ့သလို မလေးရှားမှာလည်း ကမ်းခြေတခုမှာ ဖင်ပြောင်လျှောက်ပွဲလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံသား နှစ်ဦးပါဝင်ခဲ့ကြောင်းနှင့် ထိုသူများကို မလေးရှားအစိုးရက အရေယူခဲ့ကြောင်းသိ၇ပါသည်။။
 
 
မင်းဗမာ ဘာသာပြန်ဆိုသည်။
 
 
myanmarlatestnews

2 Nov 2014

အရက်သေစာ သောက်စားပြီး ကားမောင်းသည့် ဘုန်းကြီးအိုအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲ


အရက်သေစာ သောက်စားပြီး ကားမောင်းသည့် ဘုန်းကြီးအိုအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲ


တာချီလိတ်မြို့နယ်သည် နယ်စပ်ဒေသမြို့ဖြစ်ပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ အနေဖြင့် စေတနာသဒ္ဒါအား ထက်သန်သည့် မြို့တစ်မြို့ဖြစ်ရာ တာချီလိတ်မြို့ပေါ်တွင် နိုင်ငံတော် အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် တရားဝင်ဘုန်းကြီးကျောင်း (၁၁၃)ကျောင်းရှိပြီး အထောက်အထားမရှိသည့် ဘုန်းကြီးကျောင်း (၆၀)ခန့်ရှိရာ သာသနာတော် သန့်ရှင်းတည်မြဲရေးနှင့် ပတ်သက်၍လည်း မြို့နယ်သာသနာရေးဦးစီးဌာန နှင့် မြို့နယ်သံဃာနာယကအဖွဲ့ အပါအ၀င် တာဝန်သိ ပြည်သူများ၊ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်လျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ ညပိုင်းတွင် အရက်သေစာ သောက်စားပြီး ကားကို ကိုယ်တိုင်မောင်းကာ ရမ်းကားနေသူ ဘုန်းကြီးတစ်ပါးအား သာသနာညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲပြီး တရားဥပဒေအရ ဆောင်ရွက်လိုက်ကြောင်း သိရသည်။

 
ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ ၀မ်လုံးကျေးရွာအုပ်စု၊ မြို့ပတ်လမ်းအနီး ဓမ္မ၀ိဟာရ အေးရိပ်သာ ကျောင်းနေ ဦးကောသလ္လ (ခ) မြင့်ဦး (ခ) ကံကြီးမောင်သည် အသက်အားဖြင့် (၇၆)နှစ်ရှိပြီး ၀ါတော်အားဖြင့် (၂၆)၀ါရှိရာ ၎င်းသည် သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက်စား မူးယစ်ပြီး မကာဟိုခမ်းရပ်ကွက် မြို့နယ်လ၀ကရုံးလမ်းပေါ်တွင် ယာဉ်အား မဆင်မချင် မောင်းနင်ပြီး ရမ်းကားနေမှုကြောင့် မြို့နယ်သံဃာနာယက(သုဓမ္မာ)အဖွဲ့၏ ဆုံးဖြတ်ချက်အရ လူဝတ်လဲစေပြီး တာချီလိတ်မြို့မရဲစခန်းတွင် ရာသေးမှုအမှတ် ၆/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၂၉၅-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။


ဝမ်ကောင်းရပ်ကွက်နေ ဦးမင်းအောင်က "သင်္ကန်းဝတ်တွေနဲ့ ဒီလိုမျိုးတွေ နောက်မရှိအောင် သာသနာ ရှင်းလင်းရေးအနေနဲ့ သက်ဆိုင်ရာတွေက ၀ိုင်းဝန်းပြီး ဥပဒေအရ ဆောင်ရွက်မှ ပိုထိရောက်မှာဖြစ်ပါတယ်။ တခြားဘာသာခြားတွေလည်း မြင်သွားရင် မသင့်လျော်ပါဘူးပေါ့"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၃၁)ရက်နေ့ မဟာဘုံကထိန် အစည်းအဝေးတွင် နိုင်ငံတော်သြ၀ါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ honorary ph.d. နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"က ရဟန်းသိက္ခာကျင့်ဝတ် ၀ိနည်းများနှင့် မလျော်ညီသည့် ကိစ္စများနှင့် ပတ်သက်၍ အရက်သေစာ သောက်စားမူးယစ်နေသော သင်္ကန်းဝတ်ရဟန်းများ နှင့် စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားများကို ကိုယ်တိုင်မောင်းနင်နေသည့် သံဃာများကို တရားဥပဒေအရ စိစစ်အရေးနိုင်ရန် အတွက် သာသနာတော် သန့်ရှင်းတည်မြဲရေး ကိစ္စရပ်များကို မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် ယခုလို ကိစ္စရပ်နှင့် ပတ်သက်၍ သင်္ကန်းဝတ်နှင့် အရက်သေစာ သောက်စားခြင်း၊ ယာဉ်များမောင်းနင်ခြင်း စသည့် မလျော်ညီသော ကိစ္စရပ်များကို မဖြစ်ပေါ်စေရန်အတွက် သာသနာရှင်းလင်းမှုများ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။


Coko Dmoe

သီတဂူဆရာတော် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့အား ပြောင်မြောက် ပြတ်သားသောစကား မိန့်ကြား



အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့သည် ၂၁-၈-
၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူ
ဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့်ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်
သည့် စကားများ


လူကြီးမင်းများခင်ဗျား၊
ကောင်းသောနံနက်ခင်းပါ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။
တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။


ဘာသာတရားစတင်ပေါ်ပေါက်
--------------------------------------
ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါ
တယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည်
ကြောက်စိတ်ကိုအခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကို
ကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီ
ခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစု
တို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆို
ရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို
သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့
တာဝန်ရှိပါတယ်။


ဘာသာတရားတိုင်းနှင့် အတူလက်တွဲနိုင်တဲ့ ဗုဒ္ဓဘာသာ
---------------------------------------------------------------------
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်
စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာ
ကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်
လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်
လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်
အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်း
ဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေ
နှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊
ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်
နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ ဟိန္ဒူဘာသာဝင်တို့က
ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိ
ခဲ့ပါဘူး။ ဟောပြောရေးသားတုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။


လွတ်လပ်ခွင့်အပြည့်ရှိသော ဘာသာ
----------------------------------------------
ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့
တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား
ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်
သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊
ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာ
ဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍
နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်
ရာ ဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-
kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ
လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။


မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး
ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော
ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်း
ဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည်
ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။


ကမ္ဘာ့ကြောက်စရာကောင်းသော ဘာသာတရားတစ်ခု ရှိနေ
-------------------------------------------------------------------------
Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ
ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်း
မစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်
နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစၥလာမ္ဘာသာ
ထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်
ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်
ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့
တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြ
ပါတယ်။ အနှစ်လေးဆယ်ကြာခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့
သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။


မွတ်စလင်နိုင်ငံထူထောင်ဖို့ ကမ္ဘာအနှံ့အပြား တိုက်ခိုက်နေ
------------------------------------------------------------------------
အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်
ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့
ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာ
နိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံ
တောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်
နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်
ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်
ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်
ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး
ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်
ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံ
ထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။


ဘင်္ဂလားတွေကို မြန်မာပြည်ထဲသွင်းခဲ့သူ
----------------------------------------------------
ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့
ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်
တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကနေပြီးစည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာ
နဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်
ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။
ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေ
ခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့
တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြ
စရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယား
တပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။


အင်္ဂလိပ်တွေထားခဲ့ ဆိုးမွေ
----------------------------------
အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်
တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာ
ပါပဲ။ အဲဒီပြဿ နာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာ
လွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်
တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှ
ကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်
များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim
State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာ
ပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေ
တောင်းဖို့ ကြိုးစားနေကြပါတယ်။


ကမ္ဘာကြီးနဲ့ မီဒီယာများကို ကြီးစိုးလာတဲ့ အစ္စလာမ်
--------------------------------------------------------------
ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့
အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ
ထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။
Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာ
ကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်း
အုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်
နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။


ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက် ကာကွယ်
သွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။


လူကြီးမင်းများခင်ဗျား ------------

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီ
ဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊ လွတ်လပ်ရေး
ရပြီးတဲ့အခါမှာလည်း နှစ်ပေါင်းခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ
ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲ
ပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်
ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿ နာတွေ ပြေလည်
မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။


သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿ နာများ
ကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာ
ရပ်ခံလိုပါတယ်။


နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရ
က စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်
နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က
ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြ
ရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင်ဝိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာ
ရပ်ခံပါတယ်။ ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီး
ပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့
လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွား
စွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ
ကြီးကြီးထား၍ ဤဘာသာရေး ပြဿ နာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက်
ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။
အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။


ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt )
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာ

www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

31 Oct 2014

၎-ပွင့်ဆိုင် ပဲ ဒေါ်စု လိုလား

 
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတနဲ့ ကာချုပ် တွေ့ဆုံ
 
 
 တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် နို်င်ငံခေါင်းဆောင်တွေ နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အကြား ဒီကနေ့ ဆွေးနွေးခဲ့တဲ့ နေပြည်တော် သမ္မတ အိမ်တော်က ဆွေးနွေးပွဲ ဟာ သိပ်ပြီး ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့တဲ့ သဘော မရှိဘူးလို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲ အပြီးမှာ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ 
 
 
ဒါကြောင့် အောင်မြင်တဲ့ ဆွေးနွေးပွဲ တခုလို မသတ်မှတ်နိုင်သလို  ၄ပွင့်ဆိုင်တွေ့ဆုံဖို့ အတွက် အခုထိ မျှော်လင့် ထားတုန်းပဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီနေပြည်တော် ထိပ်သီးဆွေးနွေးပွဲကို စောင့်ကြည့် သတင်းယူ ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။


နိုင်ငံတော်သမ္မတ အိမ်တော် ငုဝါခန်းမ မှာ ကျင်းပခဲ့တဲ့ ခေါင်းဆောင် ၁၄ ဦး တွေ့ဆုံခဲ့တဲ့ အစည်းအဝေးပွဲဟာ တစ်ယောက်ကို ၁၀ မိနစ်နှုန်း ပဲ ဆွေးနွေးခွင့် ရတဲ့ အတွက် ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိဘူးလို့ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အခုထိ မျှော်လင့်ထားပြီးတော့ ဒီလိုဆွေးနွေးနိုင်မှပဲ မြန်မာ့နိုင်ငံရေး အလားအလာ အတွက် သေသေချာချာ ဆွေးနွေးနိုင်မယ်လို့ ရှု့မြင်ကြောင်း သူမကပြောပါတယ်။


"အောင်မြင်တယ်ဆိုတာ ဘယ်လို သတ်မှတ်တယ်ဆိုတာ အန်တီ မသိဘူးပေါ့နော်။ အခါအားလျော်စွာ နောက် ဒါမျိုးတွေ လုပ်မယ် ဆိုတာ ပြောတာပဲ ရှိပါတယ်၊ အခါအားလျော်စွာ ဆိုတော့ နည်းနည်း စဉ်းစားရတော့ ခက်တာပေါ့။ အဲ့ဒီ့ဟာကတော့ အမေတို့ကတော့ လေးပွင့်ဆိုင် ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင် ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဘာမှ ကိုယ်ပါတီ စွဲနဲ့လည်း မဟုတ်ဘူး။ ဝါဒစွဲကြောင့်လည်း မဟုတ်ဘူး။ လက်တွေ့ကျကျ လိုအပ်တယ်လို့ ထင်လို့ပါ။ နိုင်ငံ အတွက်လေ။ ဒီတစ်ယောက် ၁၀မိနစ်ပြောပြီးတော့ နောက်ဆုံး အထွေထွေ ရှိသေးလား ဆိုတော့  အန်တီတို့ အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ မျိုးကို မြင်တဲ့ပုံစံတော့ မဟုတ်ပါဘူး။"


ဒီကနေ့ဆွေးနွေးပွဲ မစခင်နဲ့ ဆွေးနွေးပွဲ အပြီး ထမင်းစားချိန်တွေမှာ တစ်ခါမှ မတွေ့ဆုံဖူးသေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပြုံးပြုံးရွင်ရွင် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကြောင့် သူတို့ ၂ ဦး ဆက်ဆံရေး ဘယ်လိုများရှိနေလဲ ဆိုတာကို အများ ကလည်း စိတ်ဝင်စားနေကြတာပါ။ တပ်မတော် ကာချုပ် နဲ့ အခုလို တွေ့ဆုံခွင့် ရခဲ့တဲ့ အပေါ် သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူး လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။


" သိပ်တော့လည်း အံ့အားသင့်စရာ တော့ မပါပါဘူး။"

ဒါပေမဲ့ တစ်ဖက်မှာတော့ သမ္မတ ပြောခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒီကနေ့ ဆွေးနွေးပွဲ ဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲ တစ်ခု လို့ ရှုမြင်နိုင်တဲ့အကြောင်း၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ ခေါင်းစဉ်တွေ အားလုံးကို ခြုံငုံဆွေးနွေးနိုင်တဲ့ အကြောင်း သူကပြောပါတယ်။ ဒါ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရ ဘက်က ပယ်ချခဲ့တာ မဟုတ်ပဲ အင်အားစု အားလုံးပါဖို့သာ ပြန်ပြီးတော့ အစိုးရက တိုက်တွန်းခဲ့တဲ့ အကြောင်း သူကပြောပါတယ်။


"တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ချင်ပါတယ် လို့ပြော ကတည်းကိုက ကျနော်တို့က အကြောင်းပြန်ခဲ့ပြီးဖြစ်ပါတယ်။ နံပတ်တစ် -လေးယောက်တည်းတင် မကဘူး။ အမျိုးသားနိုင်ငံရေး အင်အားစု တွေ ပါနိုင်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြီးရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ ဆွေးနွေးမယ် ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်လို့ လေ့လာနေတဲ့ ကော်မတီ လည်း ရှိသေးတယ်။ သူတို့ပြီးအောင် စောင့်သင့်တယ်လို့ ကျနော်တို့ ပြောခဲ့တယ်။"


နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အကြားတွေ့ဆုံတဲ့ ဒီဆွေးနွေးပွဲ ဟာ  အမြင်ခြင်း ဖလှယ်ဆွေးနွေးတဲ့ တွေ့ဆုံပွဲဖြစ်တာကြောင့် ရလာဒ် ပိုင်းတော့ သိသိသာသာ ထွက်မလာခဲ့ဘူးလို့လည်း  အမျိုးသာဒီမိုကရေစီ အင်အားစု ပါတီ ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကပြောပါတယ်။


" သဘောတူတာ ရှိပေမဲ့လည်း ဒါကို ကိုင်တွယ်ဖြေရှင်းမှသာလျှင် Result ကောင်း ထွက်လာမှာပေါ့။ ချက်ခြင်းကြီးလည်း Result ကောင်းထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီပွဲက ဆွေးနွေးပွဲ မဟုတ်ဘူးလေ။ အမြင်ချင်း ဖလှယ်တဲ့ပွဲပဲ။ ဆုံးဖြတ်ချက် ချမယ်။ ဆုံးဖြတ်ချက် ချမယ်။ ရလာဒ်ကောင်းတွေ ဘယ်လိုစီစဉ် ဆောင်ရွက်မယ်လို့ အစကတည်းက ချမှတ်ထားတာ မဟုတ်ဘူး။ ဒီနိုင်ငံရေး ပါတီတွေဘက်က နိုင်ငံရေးခေါင်းဆောင်တွေ နဲ့ နိုင်ငံခေါင်းဆောင်တွေကြားထဲမှာ အမြင်ချင်း ဖလှယ်ပြီးတော့ တူတာတွေ များတဲ့ အတွက်ကြောင့်မို့လို့ ဒါက ကောင်းတဲ့ဘက်မှာ ရှိတယ်လို့ပြောလို့ပဲရမယ်။


နောက်ပြီးတော့ ဒါကိုဆက်ပြီးတော့ အခုမဟုတ်တောင် နောင်ကို ဒီအယူအဆတွေကို အကောင်အထည်ဖော်နိုင်အောင် အာဏာပိုင်အဖွဲ့အစည်းတွေ က ကြိုးပမ်းမယ် ဆိုရင်တော့ ကောင်းလာဖွယ် ရှိတာပေါ့။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ် ထိုးနိုင်အောင် ကျနော်တို့က တိုက်တွန်းတဲ့ဟာကို သူတို့က ခံယူပြီးတော့ကာ ဆက်သွားနိုင်တယ် ဆိုရင်တော့ မဆိုးဘူးပေါ့။ ကောင်းတဲ့ ဘက်ကို ရောက်သွားနိုင်ပါတယ်။ အခုကတော့ ချက်ခြင်း ပြောလို့မရပါဘူး။ ဘာရလာဒ်၊ ညာရလာဒ် ထွက်တယ် ဆိုတာ ဆုံးဖြတ်ချက်မှ မထွက်တာ ဘယ်လို လုပ်ပြောလို့ရမလဲ နော်။"


အခုဆွေးနွေးပွဲ မတိုင်ခင်မှာပဲ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။


သမ္မတ ဦးသိန်းစိန် အိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ချို့က သမ္မတ အိုဘားမား ရဲ့ရှေ့လ နိုဝင်ဘာမှလာမဲ့ ခရီးစဉ် အကြိုး နိုင်ငံရေး ဖိအားပေးတာမျိုးတွေ မခံရအောင် အစိုးရ ဘက်က လုပ်ဆောင်တဲ့ သဘော လို့ ပြောဆိုမှုတွေကိုလည်း ဦးရဲထွဋ်က ဗွီအိုအေနဲ့ မေးမြန်းမှု မှာ ပယ်ချခဲ့ပါတယ်။

 
အောင်ရဲ မောင်မောင် / ဗွီဘီအို (မြန်မာပိုင်း)
 
 
 


ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံပွဲ (ရုပ်/သံ)



သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ထိပ်သီးနိုင်ငံရေး ခေါင်းဆောင် ၁၄ ဦး ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တချို့ရဲ့ ပြောကြားချက်တချို့နဲ့ ဦးရဲထွဋ် ဖြေကြားချက်တွေကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။




RFA Burmese

30 Oct 2014

သားသမီးကိုဖျက်ဆီးလိုက်သောဖခင်၊ သင်ပါဝင်နေပါသလား ?



၁။ အိမ်ထောင်ရေး ဖောက်ပြန်တတ်သောဖခင်

ဖခင်ကအိမ်ထောင်ရေး ဖောက်ပြန်တော့ မိခင်နဲ့ခဏခဏပြဿနာတက်တယ်။ အိမ်မှာနေ့တိုင်းဆိုသလို တိုက်ပွဲဖြစ်နေတော့ ဘယ်သူ့မှသားသမီးကို မကြည့်အားဘူး။ သားသမီးတွေရဲ့စိတ်ကို အရမ်း ထိခိုက် စေပါတယ်။ ကိုယ့်အဖေကိုကြည့်ပြီး အိမ်ထောင်ပြုမဲ့အရွယ်ရောက်နေတဲ့ မိန်းခလေးတစ်ယောက် အိမ်ထောင်ရေးအကြောင်းလုံးဝမစဉ်းစားရဲတာ ကိုတွေ့ဖူးတယ်။

၂။ စိတ်ကြီးတဲ့ဖခင်

နည်းနည်းဆိုဆူပြီ၊ ထစ်ကနဲဆို လက်ပါပြီ၊ ( ၆ ) နှစ်အောက်ခလေး ဒီလိုဖခင်မျိုးနဲ့တိုးရင် ချစ်စရာအမူအကျင့်လေးတွေ ပျောက်ဆုံးပြီး ထုံထုံအအ ဖြစ်သွားမှာပဲ။ ကလေးရဲ့စိတ်ဟာ အလွန်နုနယ်လွန်းလှပါတယ်။ ကလေးတွေ အတွက် အယုံကြည်ရဆုံးနဲ့ အားအကိုးရဆုံးဆိုလို့ မိဘပဲရှိပါတယ်။

၃။ ဆေးလိပ်သောက်တတ်သောဖခင်

အချို့ကသားသမီးရှေ့မရှောင် ဆေးလိပ်သောက်တတ်ကြပါတယ်။ ဆေးလိပ်ဆိုတာ သောက်တဲ့လူတင် မကပဲ ဘေးမှာရှိတဲ့လူတွေကိုပါ ကျန်းမာရေးထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တတ်သောဖခင်ဟာ ဆေးလိပ်သောက်တတ်သော သားကိုပိုမိုမွေးထုတ်တတ်ပါတယ်။ ဖခင်ကိုအထင်ကြီးတော့ အတုမြင်အတတ်သင်တော့တာပါပဲ။

၎။ ဂိမ်းဆော့ဝါသနာပါသောဖခင်

ဖခင်ကဂိမ်းဆော့ဝါသနာပါရင် သားသမီးကိုတိုက်ရိုက်ကူးစက်တတ်ပါတယ်။ သားသမီးတွေဟာ ဂိမ်းရဲ့ဆွဲဆောင်မူကို ငြင်းဆန်နိုင်စွမ်း မရှိပါဘူး။ ဖခင်ကဂိမ်းဆော့နေမယ်။ သားသမီးကလိုက်ဆော့မယ်။ ကလေးရဲ့ပညာရေးဘယ်လောက်ထိခိုက်တယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။

၅။ အမြဲပျက်ကွက်တတ်သောဖခင်

မိဘဆရာတွေ့ဆုံပွဲ၊ အားကစားပွဲ၊ ကျောင်းအကြိုအပို့၊ ကလေးမွေးနေ့ စသည်တို့မှာ ဖခင်ကခဏခဏ ပျက်ကွက်နေရင် ကလေးကိုစိတ်ထိခိုက်စေတတ်ပါတယ်။ အတန်းဖေါ်တွေက အဖေအမြဲလာကြိုပြီး ကိုယ့်အဖေကျတော့ အမြဲအမအားဘူးလို့ပဲ ပြောနေတယ်။ ဖခင်မေတ္တာနဲ့ မိခင်မေတ္တာ ဟာ တခါတလေမှာ ကွာခြားတတ်ပါတယ်။ ဖခင်မေတ္တာဟာ ကလေးတွေ မိမိကိုယ်မိမိ ယုံကြည်ချက်တည်ဆောက်တဲ့နေရာမှာ အလွန်အထောက်အကူဖြစ်ပါတယ်။

ကျွန်တော်အပါအ၀င် ဖခင်များဆင်ခြင်နိုင်အောင် Wechat မှ ကောက်နုတ်ဘာသာပြန်ထားပါသည်။


 

လိပ်ကျွန်းသူဌေးသား သတင်းစာရှင်းပွဲတွင် ဒီအန်အေ အစစ်ခံ


 
ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ ကိစ္စမှာ အဓိက ပါဝင်ပတ်သက်သူလို့ လူမှုကွန်ရက်က ပစ်မှတ်ထား သံသယဖြစ်ခံနေရတဲ့ ကျွန်းသူကြီးရဲ့သား နိုင်းဝါလ်လုတ့် တုဝိချဲ ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်က ဘန်ကောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဒီအန်အေ စစ်ဆေးခံခဲ့ပါတယ်။

ခိုတောင်ကျွန်းသူကြီးလည်းဖြစ်၊ အေစီဘားပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲနဲ့ မိသားစုဝင်တွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ သံသယဖြစ်မှုတွေ ခံနေရတဲ့အတွက် သံသယတွေ ရှင်းသွားအောင် တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ဒီအန်အေ လာရောက် အစစ်ခံတာလို့ ထိုင်းအမျိုးသားရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

သူကြီးကလည်း ဒီလူသတ်မှုမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖြစ်ရပ်မှန်ထက် လွန်ကဲ ရေးသားလို့ သူတို့မိသားစုအပေါ် ထိခိုက်သလို ခိုတောင်ကျွန်းကိုရော ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကိုပါ ထိခိုက်ကြောင်း၊ အမှန်က စစ်ဆေးရေးလုပ်ငန်းစဉ်တွေလည်း ရှိပါလျက် သူ့ကို ဖုန်းဆက်မေးလို့လည်း ရပါလျက်နဲ့ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတာ မသိကြောင်း၊ သူတို့ကို နာမည်ပျက်အောင် ရေးသားဖော်ထုတ်နေတဲ့ လူမှုကွန်ရက်တွေကို ရှေ့နေတွေကနေတဆင့် တရားစွဲမယ်လို့   ပြောသွားပါတယ်။

သူကြီးသားကလည်း ဒီဖြစ်ရပ်ပေါ်မှာ ၀မ်းနည်းမိကြောင်း၊ ဘယ်သူမှန်းမသိရတဲ့ (အကောင်အထည်မရှိတဲ့) သူက ရေးသားတဲ့ဟာကို ယုံကြည်တဲ့ ထိုင်းလူမျိုးတွေကိုလည်း အံ့သြကြောင်း၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူမှ မိမိကို လာရောက်မေးမြန်းတာ မရှိကြောင်း၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ လာမေးကြောင်း ပြောသွားပါတယ်။

ဒီကနေ့ ဒီအန်အေစစ်ဆေးမှုမှာ ဘန်ကောက်ခရိုင် ဆီရီရတ်ဆေးရုံ၊ ချူလာလောင်ကွန်းဆေးရုံ၊ ရာမာဓိပတိဆေးရုံက ၀န်ထမ်းတွေနဲ့ ရဲဆေးရုံ မှုခင်းဆေးသိပ္ပံဌာနက ၀န်ထမ်းတွေရှေ့မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအန်အေရဲ့ ရလဒ်ကတော့ ၂၄ နာရီကြာမှသာ အဖြေထွက်မယ်လို့ ဆေးဝန်ထမ်းတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြ ပါတယ်။

သေဆုံးသူ ၂ ဦးထဲက အမျိုးသမီးဖြစ်သူ ဟန်နာဝစ်သရစ်ဟာ အဓမ္မပြုကျင့်ပြီးမှ အသတ်ခံရတာ ဖြစ်ကြောင်း ဆေးစစ်ချက်မှာ ပေါ်တဲ့အတွက် သံသယရှိသူတွေရဲ့ ဒီအန်အေ မျိုးဗီဇကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒါဟာ လူသတ်မှု ဖြစ်ပွားပြီး ရက်ပေါင်း ၄၅ ရက်အကြာမှာ စစ်ဆေးခံခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်က  အမှုကိုင်တွယ်တဲ့ ရဲတွေက သူကြီးသားဟာ သံသယရှိသူထဲ မပါလို့  ဒီအန်အေစစ်ဆေးဖို့ မလိုအပ်ကြောင်း၊ သံသယမရှိဘဲ စစ်ဆေးရင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သံသယရှိ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေတွေဟာ အဓမ္မကျင့်ခံရသူ ဟန်နာရဲ့ ကိုယ်က ဒီအန်အေနဲ့ တိုက်ဆိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာ ၂ ဦးဟာ ပထမတကြိမ် စစ်ဆေးခံရစဉ်က ဒီအန်အေတူညီကြောင်း မတွေ့ရဘဲ ဒုတိယအကြိမ်မှ တွေ့ရှိတဲ့အပြင်၊ ရဲတွေက သူတို့ကို  ရှေ့နေရှေ့မှာ စစ်ဆေးတာ မဟုတ်တဲ့ အတွက် ရဲတပ်ဖွဲ့ကလည်း သံသယမေးခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စပေါ်မှာ ထိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းအမျိုးသားလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ကျန်အိုးချားကတော့ ဒီအန်အေ စစ်ဆေးချက်ပေါ်မှာ သံသ ယဖြစ်ရင် ပြန်လည်စစ်ဆေးနိုင်ကြောင်း၊ အပြစ်မရှိဘဲနဲ့ ဒဏ်ပေးမှာ မဟုတ်ကြောင်း၊ တရားခံတွေဟာ တရားရုံးမှာ ပြန်လည်ချေပနိုင်ပြီး သူတို့အခွင့်အရေးဖြစ်တဲ့အတွက်  ဟန့်တားမှု မရှိကြောင်း၊ တရားစီရင်မှုမှာတော့ သက်သေအထောက်အထားတွေသာ အဓိကကျတယ်လို့ အောက်တိုဘာ ၃၀ ရက် ပညာရေးဝန်ကြီးဌာန အစည်းအဝေးအပြီး သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

ဒီအမှုမှာ မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ သံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ထိုင်းရဲတွေဟာ အစကတည်းက သက်သေပြည့်စုံအောင် မလုပ်ခဲ့ဘဲ ခုမှပြန်လုပ်ခိုင်းတာ နည်းလမ်းမကျဘူးလို့ ပြောပါတယ်။

“ရဲရဲ့ လုပ်ထုံးလုပ်နည်းအရ သူတို့နိုင်ငံထဲက အမှုတွဲကို သူတို့စပြီး စီစဉ်ကတည်းက ဒါတွေကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ရမှာပါ။ အခုမှ မကျေနပ်ရင် စစ်ဆေးပါလို့ ပြောတဲ့သဘောကတော့ ကျနော်တို့ ဗမာပုံပြင်အရ ဖိုးသူတော်ဂဏန်းစားတဲ့ ပုံပြင်လို ဖြစ်နေပါတယ်။ အကောင်ကြီးတယ်၊ နောက်တခေါက်ပြန်လျှောက်ဆိုပြီး ရေနွေးပူပေါ် ပြန်လျှောက်ခိုင်းတာ၊   ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီအန်အေ ပြည့်စုံမှု မရှိကြောင်း ဒီလဆန်းပိုင်းက ကျနော် ပြောခဲ့ပါသေးတယ်။ အစက ဘာမှမပြောဘဲ အခုလိုကျမှ မတတ်သာတဲ့အဆုံးမှာမှ ပြန်စစ်ရင်လည်း စစ်လို့ ပြောတာက ဒီလို ပြစ်ဒဏ်ကြီးတဲ့အမှုမှာ နည်းလမ်းမကျဘူးလို့ပဲ ပြောချင်ပါတယ်။”


သံသယဖြစ်ခံ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေ ပြန်စစ်၊ မစစ်ကတော့ သူတို့ဘက်က ချေပပေးမယ့် ရှေ့နေကောင်စီအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

မြန်မာလူငယ် ၂ ဦး တရားမျှတမှုရှိရေးအတွက် မြန်မာသံရုံးအထူးအဖွဲ့က ထိုင်းရှေ့နေများ ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အောက်တိုဘာ ၂၉ ရက်နေ့က သွားရောက် တင်ပြခဲ့တာမှာ ထိုင်းရှေ့နေများကောင်စီက လက်ခံခဲ့ပြီး  အဖွဲ့ဝင်  ၂၀  ဦးပါ ရှေ့နေအဖွဲ့ကို ဖွဲ့ခဲ့ကြောင်း၊ အဲဒီထဲက ၁၂ ဦးဟာ တရားရုံးမှာ ရင်ဆိုင်ပေးမှာ ဖြစ်ပြီး နောက်ထပ်  ၈ ဦးက အတိုင်ပင်ခံဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။


By နန်းမြနဒီ (ဒီဗွီဘီ)
 

အရည်အသွေးနိမ့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကို အရေးယူမည်




ရန်ကုန်၊ အောက်တိုဘာ ၂၈

လျှပ် စစ်အန္တရာယ် ကင်းရှင်းစေရေးအ တွက် အရည်အသွေးနိမ့်ကျသည့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊သုံးစွဲခြင်းများကိုတိကျသည့် အရေး ယူမှုများ ပြုလုပ်နိုင်တော့မည်ဖြစ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောသည်။


အောက်တိုဘာ ၂၈ရက်တွင်ကျင်း ပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ကွာလတီမမီသော လျှပ်စစ်ပစ္စည်းများကို မည်သူများ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်သုံးစွဲခွင့် ပြုထားသည်ဟူသည့် မေးခွန်းနှင့်စပ် လျဉ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



လျှပ်စစ်အန္တရာယ် ဖြစ်ပွားရ ခြင်းအကြောင်းအရင်း လေးမျိုးရှိ ပြီး ဓာတ်အားလိုင်းများ နိမ့်ကျပြတ် ကျမှု၊ သုံးစွဲသူများ သွယ်တန်းထား သည့် လျှစ်စစ်ကြိုးများ ပေါက်ပြဲ ပြတ်ကျမှု၊ အရည်အသွေးနိမ့်သည့် ပစ္စည်းများ သုံးစွဲမှု၊ လျှစ်စစ်အန္တရာယ် ကင်းရှင်းရေး ကာကွယ်ရေးအသိမရှိ မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည် ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဒုတိ ယဝန်ကြီး ဦးမော်သာထွေးက ပြော သည်။
ယင်းက ဆက်လက်ပြီး''သွယ် တန်းထားတဲ့ အိမ်ထဲမှာရှိတဲ့ပစ္စည်း တွေဟာ ကာလကြာရင်လည်း လဲဖို့ လိုသလို ဈေးပေါပေါနဲ့ ဖြစ်သလိုလုပ် ထားတဲ့ ပစ္စည်းတွေဆိုရင်လည်း ဝင် ရောက်စိစစ်ခြင်းတွေလုပ်တာတွေ ကို လျှပ်စစ်ဥပဒေနဲ့အညီ လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်''ဟုဆိုသည်။



လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ဆွေးမြေ့လျှပ်စစ်ဓာတ် ကြိုးများ၊ ဟောင်းနွမ်းဓာတ်တိုင်များ၊ အန္တရာယ်ရှိလျှစ်စစ် သွယ်တန်းမှုများ နဲ့ပတ်သက်ပြီး လွှတ်တော်တွင်း မေးမြန်း ခြင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဝေဖန်ထောက်ပြမှုများကို အကြိမ် ကြိမ်တိုက်တွန်းဆောင်ရွက်ခဲ့မှု အပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ပြုပြင်ဆောင်ရွက်မှု ကတိ ကဝတ်များပြုခဲ့သော်လည်း လျှပ်စစ် ကြောင့်သေဆုံးမှုများဖြစ်ပေါ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က လွှတ်တော် အတွင်း ဝေဖန်ပြောကြားခဲ့သည်။


''ကွာလတီမမီတဲ့ ပစ္စည်းတွေ ကို ပြည်သူတွေက သုံးကြတယ်။ ဒီ ကွာလတီမမီတဲ့ လျှပ်စစ်ပစ္စည်းတွေ ကို ဘယ်ကနေဘယ်လို ခွင့်ပြုချက် တွေနဲ့ တင်သွင်းဖို့ ခွင့်ပြုထားတာ လဲ။ ကွာလတီမီမမီကို တာဝန်ရှိတဲ့ သူတွေကနေ တိုင်းတာစစ်ဆေးရမှာ ဖြစ်ပါတယ်''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လွှတ်တော်အတွင်း မေးခွန်းထုတ်ပြော ဆိုသည်။



ယင်းအပေါ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော် သာထွေးက ''လျှပ်စစ်ပစ္စည်းတွေတင် သွင်းတာ သုံးစွဲတာဟာဥပဒေနဲ့ဆိုင် ပါတယ်။ ဒါကြောင့် လျှပ်စစ်ဥပဒေ ကို လွှတ်တော်အသီးသီးက အတည်ပြု ပြဋ္ဌာန်းပြီး နိုင်ငံတော်က မကြာခင် ထုတ်ပြန်တော့ မှာဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် တိကျတဲ့ အရေးယူမှု လုပ်ဆောင်ချက်တွေကို အတိကျဆုံး ဆောင်ရွက်နိုင်မယ့် နည်းဥပဒေတွေ ပါ ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါ တယ်''ဟု ပြောသည်။
 
YM, MP

‪#‎Democracytoday‬

မြို့ပတ်ရထားအားလုံးကို အဲကွန်းရထားများဖြင့်ပြောင်းလဲပြေးဆွဲမည်



ရန်ကုန်မြို့တွင်း၌ ယခု ပြေးဆွဲလျက်ရှိသည့် မြို့ပတ်ရထား များအားလုံးနေရာ၌ ၂ဝ၁၅ခုနှစ်တွင် အဲကွန်းရထားများဖြင့် ပြောင်းလဲပြေး ဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရထားသွားလာရေးအမှတ်(၇)မှ လက် ထောက် အထွေထွေမန်နေဂျာ ဦးဇော် ဖေစိန်က ပြောသည်။


ယင်းပြောင်းလဲမည့် အဲကွန်း ရထားများမှာ လက်ရှိပြေးဆွဲနေသည့် အဲကွန်းရထားများထက် ပိုမိုကောင်း မွန်စေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။


''ဒီပြောင်းလဲမယ့် အစီအစဉ်ကို လာမယ့် ၂ဝ၁၅မှာပြုလုပ်မှာပါ။ ပြု လုပ်ဖို့လဲသေချာပါတယ်။ ပြောင်းလဲ မယ့်ရထားတွေကလဲ လက်ရှိပြေးဆွဲ နေတဲ့ အဲကွန်းရထားတွေထက် ပိုအ ဆင့်မြင့်မှာပါ''ဟု ယင်းကပြောသည်။


ယင်းကဲ့သို့ ရထားများအား ပြောင်းလဲပြီးပါက နေ့စဉ်စီးနင်းသည့် ခရီးသည်များ အခက်အခဲမတွေ့ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်း ကဲ့သို့ပြောင်းလဲပြီးပါက ရထားစီးခရီး သည်များမှ ရထားများအား မဖျက် ဆီးရန် လိုအပ်ကြောင်းလည်း ယင်း က ဆက်ပြောသည်။


''ပြောင်းလဲမယ့်ရထားတွေက လက်ရှိပြေးဆွဲနေတဲ့ အဲကွန်းရထား တွေထက် အဆင့်မြင့်တဲ့ တွဲဆိုင်းတွေ ပါ။ ဒီလိုတွဲဆိုင်းတွေကို စီးနင်းသူ တွေ မဖျက်ဆီးကြဖို့ အရေးကြီးပါ တယ်''ဟု ဦးဇော်ဖေစိန်ကပြောသည်။


လက်ရှိတွင် ရန်ကုန်မြို့ပတ်ရ ထားအားလုံးနီးပါးမှာ စီးနင်းသူခရီး သည်များ၏ ဖျက်ဆီးမှုများကြောင့် ပျက်စီးမှုများစွာရှိနေသဖြင့် ယင်း သို့ပြောဆိုခြင်းဖြစ်သည်။
ရထားပို့ဆောင်ရေးရှိ ရထား အားလုံးကို အဲကွန်းအသုံးပြုရထား များအဖြစ် ပြောင်းလဲနိုင်ရေးသည် ရထားပို့ဆောင်ရေး၏ ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း ထပ်မံသိရသည်။

#TheYangonTimes

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၁၀၂၀ အထိ အမြင့်ဆုံးတက်လာ

ငွေလဲလှယ်နေသူ အချို့အား တွေ့ရစဉ်


အောက်တိုဘာ ၂၉ ရက် ပြင်ပ နိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုး ကျပ် ၁ဝ၂ဝ ဝန်းကျင်အထိ အမြင့်ဆုံး စံချိန်တင်မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြား ငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။


အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ သိမ်ဖြူငွေလဲကောင်တာ၌ ရောင်းဈေး ၁ဝဝ၈ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပငွေလဲနှုန်း နံနက်ပိုင်း အဖွင့်ဈေးတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၁ဝ၁၃ ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တွင် ရှိနေခဲ့ပြီး ညနေအပိတ်ဈေးတွင် ရောင်းဈေး ၁ဝ၁၄ ကျပ်အထိ ဆက်တိုက်တက်လာခဲ့သည်။
ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် လေးကျပ်နှုန်းတိုး၍ သတ်မှတ်လာသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့်အတူ ပို့ကုန်ရငွေတန်ဖိုးမှာ အောက်တိုဘာ ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁ဝ၂ဝ ကျပ်အထိ အမြင့်ဆုံးမြင့်တက် လာခဲ့ကြောင်း သိရသည်။


ထို့အတူ အောက်တိုဘာ ၂၉ ရက် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း ၁ဝဝ၆ ကျပ်နှင့် သိမ်ဖြူနိုင်ငံခြား ငွေလဲကောင်တာ၏ ရောင်းဈေး ၁ဝဝ၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တို့မှာ ငွေလဲနှုန်း နှုန်းရှင်သတ်မှတ်ခဲ့သည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်မှစ၍ နှစ်နှစ်ကျော်အတွင်း စံချိန်တင်ဈေးနှုန်းများသို့ ပထမဦးဆုံး စတင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အောက်တိုဘာ ဒုတိယပတ် သိမ်ဖြူငွေလဲကောင်တာတွင် ရောင်းဈေး ၉၉၃ ကျပ်၊ ဝယ်ဈေး ၉၈၇ ကျပ်ဝန်းကျင်တွင် ရှိနေ၍ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာရောင်းဈေး ၉၉၂ ကျပ်၊ ဝယ်ဈေး ၉၈၈ ကျပ်တွင် ရှိနေခဲ့သည်။


အောက်တိုဘာ တတိယပတ်တွင် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁ဝဝဝ ဝန်းကျင်သို့ မြင့်တက်ခဲ့ပြီး အောက်တိုဘာ နောက်ဆုံးပတ် ၂၇ ရက်မှစ၍ တစ်ရက်လျှင် လေးကျပ်နှုန်းဝန်းကျင်အထိ သိသာစွာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ယနေ့ဈေးနှုန်းသည် ၂ဝ၁၄ ခုနှစ် အတွင်း အမြင့်ဆုံး ဒေါ်လာတန်ဖိုး ရောက်ရှိခဲ့သော စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ကျပ် ၁ဝဝဝ ဝန်းကျင်ထက် ၁ဝ ကျပ်ဝန်းကျင်အထိ တစ်လခန့်အတွင်း စံချိန်တင် မြင့်ခဲ့ခြင်း ဖြစ်သည်။


http://news-eleven.com

နိုဝင်ဘာလာမည့် ကန်သမ္မတအိုဘားမားလုံခြုံရေးအတွက် နိုင်ငံတကာ၊ အာဆီယံနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်မည်


(၂၅)ကြိမ်မြောက် အာဆီယံထိပ် သီးအစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အမေရိ ကန်သမ္မတ၏လုံခြုံရေးကို နိုင်ငံတကာ ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက် သွားမည်ဟု နိုင်ငံတော်အဆင့်မြင့်အ ရာရှိတစ်ဦးက အောက်တိုဘာ ၂၈ရက် တွင်ပြောသည်။


''လုံခြုံရေးကတော့ အမြင့်ဆုံး ဆောင်ရွက်ထားပါတယ်။ အသေးစိတ် တော့ပြောလို့မရဘူး။ နိုင်ငံတကာရဲတပ် ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်'' ဟု ပြောသည်။

အမေရိကန်သမ္မတသည် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတက်ရောက်ရန် နေပြည်တော် သို့နိုဝင်ဘာ ၉ ရက်တွင်ရောက်ရှိမည် ဖြစ်ပြီး ၁၃ ရက်တွင် မြန်မာနိုင်ငံမှပြန် လည်ထွက်ခွာမည်ဖြစ်သည်။ 


ယခုအချိန် တွင် အမေရိကန်သမ္မတနှင့် ၄င်း၏ဝန် ထမ်းများတည်းခိုနိုင်ရန် ကမ္ဘာ့အဆင့် မီကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်သုံးလုံး ငှားရမ်းထားလျက် ရှိကြောင်း သတင်း များလည်းထွက်ပေါ်လျက်ရှိသည်။


အရပ်သားအစိုးရသစ်လက်ထက် တွင် အမေရိကန်သမ္မတအိုးဘားမား ခရီးစဉ်သည် မြန်မာနိုင်ငံသို့ဒုတိယအ ကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။ 


ပထမအကြိမ်ခရီးစဉ်တွင် မြန်မာ နိုင်ငံရေးအတိုက်အခံခေါင်းဆောင် များ၊ တိုင်းရင်းသားအဖွဲ့များနှင့်တွေ့ဆုံ ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်း ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံမှ ကြက်နှင့်ကြက်ဥတင်သွင်းမှု မရပ်တန့်ပါက ဥပဒေအရ အရေးယူမည်



ထိုင်းနိုင်ငံအတွင်းမှ တ ရားမဝင်တင်သွင်းလာသည့် ကြက်နှင့် ကြက်ဥများကြောင့် မွန်ပြည်နယ်အ တွင်း ကူးစက်ရောဂါများ ဖြစ်ပွားနိုင် သည့်အတွက် အရေးယူဆောင်ရွက် မည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ သိရသည်။


၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီ ၂ရက် တွင် မွန်ပြည်နယ်အတွင်းရှိ ကြက်၊ ဘဲ အဝယ်ဒိုင်များကို ကြက်၊ ဘဲများတင်ပို့ ခြင်းမပြုရန် ခေါ်ယူသတိပေးခဲ့ကာ အောက်တိုဘာ ၁ဝရက်တွင် ဒုတိယ အကြိမ်အနေဖြင့် ကြက်ဥ၊ ဘဲဥဒိုင်များ ကို ထိုကဲ့သို့ တရားမဝင်တင်သွင်းခြင်း မပြုရန် ကုန်သည်များအား ရှင်းပြခဲ့ ကြောင်း သိရသည်။


အောက်တိုဘာ ၂၆ရက်တွင် တ တိယအကြိမ် ခေါ်ယူရှင်းပြပြီးနောက် တရားမဝင် ကြက်နှင့်ကြက်ဥတင်သွင်း နေခြင်းကို မရပ်တန့်ပါက တိရစ္ဆာန် များ စနစ်တကျ မွေးမြူရေးနှင့်ထိန်း ကျောင်းရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု မွန် ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင် သန်းဦးက ပြောသည်။

''တတိယအကြိမ်ရှင်းပြပြီးတော့ မှ ဆက်တင်သွင်းခဲ့မယ်ဆိုရင်တော့ ပိတ်ဆို့ဖမ်းဆီးမှု ပြုလုပ်မှာဖြစ်တယ်။ ဒီလိုလုပ်ရင် ကုန်သည်တွေနစ်နာမှုရှိ လာမယ်။ တစ်ယောက်မှမနစ်နာခင် အခုလို ပညာပေးမှု၊ အသိပေးမှုတွေ လုပ်ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။


တရားမဝင် တင်သွင်းလာသော အသားစားကြက်နှင့် ကြက်ဥများသည် ကြက်ငှက်တုပ်ကွေးကဲ့သို့သော ရောဂါ ပိုးများ ကူးစက်နိုင်ခြင်း၊ ပြည်တွင်းမှ ကြက်ပေါက်နှင့် ကြက်ဥဖြန့်ချိနေသည့် လုပ်ငန်းရှင်များကို ထိခိုက်နိုင်သည့် အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မွန်ပြည်နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


လက်ရှိတွင် မွန်ပြည်နယ်အတွင်း ၌ ကြက်အရောင်းအဝယ်ဒိုင် သုံးဒိုင်ရှိ ပြီး ဒေသတွင်း ကြက်မွေးမြူသူများ ရောင်းချသည့် ကြက်အသားဈေးမှာ ကျပ် ၃၂ဝဝပေါက်ဈေးရှိပြီး ထိုင်းနိုင်ငံ မှတင်ပို့သည့် ကြက်အသားဈေးမှာ ကျပ် ၃ဝဝဝ ဝန်းကျင် ဈေးပေါက်ကြောင်း သိရသည်။

#TheYangonTimes

အစိုးရအဆက်ဆက် အဂတိလိုက်စားမှုကြောင့် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး မအောင်မြင်ဟုဆို


 
မြန်မာနိုင်ငံတွင် ဘိန်းစိုက် ပျိုးမှု ပပျောက်ရေးအတွက် အစိုးရ အဆက်ဆက်မှ စီမံကိန်းများဖြင့် အ ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ရခြင်းအ ကြောင်းအရင်းများထဲတွင် အဂတိ လိုက်စားမှုရှိခြင်း အချက်သည်လည်း အပါအဝင်ဖြစ်သည်ဟု ပအို့ဝ်လူငယ် အစည်းအရုံး(PYO)နှင့် တောင်တန်း ဒေသ လူမှုဖွံ့ဖြိုးရေးလှုပ်ရှားဆောင် ရွက်မှုအဖွဲ့(AHLSD) တို့ပူးပေါင်း ပြီး ဘိန်းနွံတွင်းက ငိုရှိုက်သံအမည် ဖြင့် အောက်တိုဘာ ၂၄ရက်က ထုတ် ဝေသော အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

AHLSD မှ ကိုခွန်ချန်ကီက ''ဘိန်းပပျောက်ရေးအတွက် စီမံကိန်း များချမှတ်တဲ့နေရာမှာ အဂတိလိုက် စားမှုပပျောက်ရေးအတွက် သက်ဆိုင် ရာအစိုးရအနေနဲ့လဲ အရေးယူပြစ် ဒဏ်ချမှတ်မှုတွေ လုပ်ဖို့လိုပါတယ်။ လွှတ်တော်မှာ ဘိန်းပပျောက်ရေးအ တွက် အတည်ပြုထားတဲ့ ဥပဒေတွေ ကိုလဲ အကောင်အထည်ဖော် ဆောင် ရွက်ဖို့လိုပါတယ်။ ပြည်သူတွေအနေ နဲ့လဲ ဒါအစိုးရတာဝန်ပဲဆိုပြီး မနေ သင့်ဘဲ ပူးပေါင်းပါဝင်ဖို့လဲလိုပါတယ်'' ဟု ပြောသည်။

တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ၁၉၆၄-၁၉၆၉ လေး နှစ် ဘိန်းပပျောက်ရေးစီမံကိန်း ချမှတ် ခဲ့သော်လည်း အစိုးရ၏ကာကွယ်ရေး တပ်ဖွဲ့များ စိုးမိုးထားသော ရှမ်းပြည် နှင့် တရုတ်နိုင်ငံနယ်စပ်တစ်လျှောက် ရှိဒေသများတွင် ဘိန်းစိုက်ပျိုးထုတ် လုပ်မှုရာခိုင်နှုန်း ၈ဝ ရှိခဲ့သဖြင့်စီမံ ကိန်း မအောင်မြင်ခဲ့ဟု အဆိုပါအစီ အရင်ခံစာတွင် ဖော်ပြထားသည်။

မဆလအစိုးရလက်ထက်တွင် ၁၉၇၆-၁၉၉ဝ မူးယစ်ဆေးဝါးနှိမ်နှင်း ရေး ၁၅နှစ်စီမံကိန်းအား ကုလသမဂ္ဂ နှင့်ပူးပေါင်းပြီး ချမှတ်ခဲ့သော်လည်း အစိုးရ၏ 'ဖြတ်လေးဖြတ်'စစ်ဆင်ရေး ကြောင့် ဒေသခံများမှာ စပါး၊ ကောက်ပဲ သီးနှံများအစား ငွေဖြစ်လွယ်သည့် ဘိန်းကိုစိုက်ပျိုးခဲ့ကြသည်။


နဝတအစိုးရလက်ထက်တွင် ၁၉၉၁ခုနှစ်၌ ကုလသမဂ္ဂနှင့်ပူးပေါင်း ပြီး ၁၉၉၉-၂ဝ၁၄ မူးယစ်ဆေးဝါး နှိမ်နှင်းရေး ၁၅နှစ်စီမံကိန်းချမှတ်ခဲ့ သော်လည်း တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ဘိန်းစိုက်ပျိုးမှုမှာ ၃၃၂ ရာ ခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည် ဟု ဖော်ပြထားသည်။


PYO ၏စီမံကိန်းဦးစီးမှူး ကို ခွန်ဦးက ''စီမံကိန်းကိုငါးနှစ်ထပ်တိုး ထားတယ်လို့ပြောပါတယ်။ စီမံကိန်း အတွင်းမှာ တကယ်ထိထိရောက်ရောက် လုပ်သွားဖို့ပဲ တောင်းဆိုချင်ပါတယ်။ နှစ်တစ်နှစ်အနေနဲ့ စီမံကိန်းကာလ ဘယ်လောက် သတ်မှတ်ဖို့လိုတယ်လို့ တော့ မတိုက်တွန်းချင်ပါဘူး။ ဘိန်း ကိစ္စကြောင့် တခြားသော ရွေးကောက် ပွဲကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ ရပ်တန့် မသွားစေချင်ပါဘူး''ဟု ပြောသည်။


၁၉၆၄ ခုနှစ်မှ ၂ဝ၁၄ခုနှစ်ထိ အစိုးရအဆက်ဆက်မှ ဘိန်းပပျောက် ရေး စီမံကိန်းကြီးသုံးခုကို နှစ်ပေါင်း ၃၄နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် ဒုတိယအများ ဆုံးဘိန်းထုတ်နိုင်ငံအဖြစ် ရပ်တည် နေဆဲဖြစ်သည်။
 

ဒီဇင်ဘာလကုန်တွင် လူဦးရေ၏ ၂၅သန်းအထိ ကွန်ရက်ဖြန့်ကြက်နိုင်တော့မည်ဟု အော်ရီဒူးပြော


၂ဝ၁၄ခုနှစ် ဒီဇင်ဘာလကုန် ပိုင်းတွင် နိုင်ငံလူဦးရေ၏ ၂၅သန်းအ ထိ ဖုန်းသုံးစွဲနိုင်မည့် ကွန်ရက်ဖြန့်ကြက် မှုကိုလုပ်ဆောင်နိုင်တော့မည်ဟု အော် ရီးဒူး ဆက်သွယ်ရေးကုမ္ပဏီက ထုတ် ဖော်ကြေညာလိုက်သည်။


အောက်တိုဘာ ၁ဝရက်တွင် နောက် ဆုံးကောက်ယူရရှိသည့်အချက်အလက် များအရ အော်ရီဒူးမြန်မာ၏နောက်ဆုံး ပေါ် မျိုးဆက်သစ်ကွန်ရက်က လွှမ်း ခြုံဖြန့်ကြက်လိုက်နိုင်မှု ပမာဏသည် လူဦးရေ ၁၂ ဒသမ၅သန်းအထိရှိနေပြီ ဖြစ်ကြောင်း အော်ရီဒူးမြန်မာ၏စီးပွား ရေးလုပ်ငန်းများဆိုင်ရာဌာန၏ အမှု ဆောင်အရာရှိဦးကျော်မင်းစိုးက ဆို သည်။


ရန်ကုန်မြို့တော်နှင့် တိုင်းဒေသကြီး အတွင်းတွင် စုစုပေါင်း ၄၄ မြို့နယ်ရှိ သည့်အနက် အောက်တိုဘာလကုန် ပိုင်းတွင် စုစုပေါင်း ၃၉ မြို့နယ်အထိ ကွန်ရက်ဖြန့်ကြက်နိုင်တော့မည်ဖြစ် ၍ ရန်ကုန်မြို့တော်၏အကျယ်အဝန်း ၉၅ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်မည် ဟု သိရသည်။


ထို့ပြင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စုစုပေါင်း ၂၈မြို့ နယ်အနက် ၁၇မြို့နယ်ကို အောက်တို ဘာလကုန်ပိုင်းတွင် ကွန်ရက်လွှမ်းခြုံ ထားနိုင်မည်ဟု အော်ရီဒူးမြန်မာအမှု ဆောင်အရာရှိချုပ်က ဆိုသည်။

ဗြိတိန်စုံတွဲအား သတ်မှုဖြင့်စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးအတွက် ဒုတိယအကြိမ် DNA စစ်ဆေးခွင့်ပြု


ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်မှုဖြင့်စွပ် စွဲခံထားရသော မြန်မာအမျိုးသား နှစ်ဦးအား DNA စစ်ဆေးမှုထပ်မံ ပြုလုပ်ရန် ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြု ပေးလိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ်ပ ရာယုသ်က အောက်တိုဘာ ၂၉ ရက်ကပြောသည်။

နှစ်လောင်းပြိုင်လူသတ်မှုအ တွက် စွပ်စွဲခံထားရသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦး၏ DNA သည် အသတ်ခံခဲ့ရသူနှစ်ဦးမှ တစ်ဦး ၏ ခန္ဓာကိုယ်မှရရှိသော DNA နမူ နာနှင့်တူညီနေကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး စွပ်စွဲခံရသူနှစ်ဦးက လည်း ၄င်းတို့ကျူးလွန်ကြောင်း ဝန် ခံခဲ့သည့်အတွက် ထိုလူသတ်မှုအား ထိုင်းရဲ့တပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှု ကို အစောပိုင်းကချီးကျူးခဲ့ကြသည်။ သို့သော်နောက်ပိုင်းတွင် ဝေဖန်မှုများ စွာ ဖြစ်ပေါ်လာသည်။

မြန်မာအလုပ်သမားနှစ်ဦးဖြစ် သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ သည် ဗြိတိန်အမျိုးသားကိုသတ်မှု၊ အမျိုးသမီးကို အဓမ္မကျင့်သတ်ဖြတ် မှုတို့ဖြင့် တရားစွဲခံခဲ့ရပြီး ၄င်းတို့က လည်း ဝန်ခံခဲ့သည်။ သို့သော် မကြာ သေးမီက ၄င်းတို့နှစ်ဦးက လူသတ် သည်ဟူသော ၄င်းတို့၏ဝန်ခံမှုကိုရုပ် သိမ်းကာ ထိုင်းရဲများ၏ညှဉ်းပန်းနှိပ် စက်မှုကြောင့် ဝန်ခံရခြင်းဖြစ်သည် ဟု ပြန်လည်စွပ်စွဲခဲ့သည်။

ယင်းကြောင့် လူသတ်မှုအပေါ် ထိုင်းရဲ၏ကိုင်တွယ် ဖြေရှင်းပုံနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ တွင်သာမက နိုင်ငံခြား၌ပင်ဝေဖန်မှု များရှိလာသည်။ ယင်းကြောင့် ဒုတိ မြောက် DNA စစ်ဆေးမှုပြုလုပ် ရန် ခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

''သံသယရှိသူတွေကို နောက် တစ်ကြိမ် DNA စစ်ဖို့ ခွင့်ပြုပေးမှာ ပါ။ စုံစမ်းစစ်ဆေးမှုမှာ မတရားဟု ထင်နေသူများရှိခြင်းကြောင့် ဒီလိုခွင့် ပြုပေးရတာပါ''ဟု ထိုင်းဝန်ကြီးချုပ် ပရာယုသ်က အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် သတင်း ထောက်များကို ပြောခဲ့သည်။

ထိုသို့ပြန်လည်စစ်ဆေးခြင်း သည် ထိုင်းရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့် ဖြစ်ပြီး မြန်မာသံရုံးအနေဖြင့် ဝင် ရောက်စွက်ဖက်ပိုင်ခွင့်မရှိသည့်အ တွက် DNA စစ်ဆေးရာတွင် ပွင့် လင်းမြင်သာမှုမရှိမည်ကို မြန်မာသံ ရုံး အထူးစုံစမ်းရေးအဖွဲ့အနေဖြင့် စိုးရိမ်ကြောင်း သံရုံးအထူးကိုယ် စားလှယ်အဖွဲ့မှ သိရသည်။

မြန်မာသံရုံးအထူးစုံစမ်းရေး အဖွဲ့ ကိုမင်းဦးက

''ဘားပိုင်ရှင် သူဌေးသားကိုပါ စစ်ဆေးခွင့်ရပြီလို့ သိရပါတယ်။ ကာယကံရှင် (ဘားပိုင် ရှင်၏သား) ကိုယ်တိုင်ကလဲ စစ်ဆေး ခွင့်ပြုပြီလို့ကြားတယ်။ ဒါပေမဲ့ အဲ့ဒီ စစ်ဆေးချက်အပေါ်ကိုတော့ ပွင့်လင်း မြင်သာမှုရှိမရှိကို စိုးရိမ်ရမယ့်အနေ အထားပါ။ တရားခံတွေရဲ့ sample က ဘယ်လိုရှိလဲမသိတဲ့အပြင် ဒီ လိုစစ်ဆေးမှုကို ထိုင်းရဲရဲ့ လုပ်ပိုင် ခွင့်အပိုင်းဆိုတော့ ကြားဝင်ပိုင်ခွင့် လဲမရှိပါဘူး။ အဲ့ဒီစစ်ချက်ပေါ် မူ တည်ပြီး အခြေအနေဘယ်လိုပြောင်း သွားမလဲဆိုတာ ခန့်မှန်းရခက်ပါ တယ်''ဟု ပြောသည်။

ဝေဖန်ခံနေရသော်လည်း ထိုင်း ရဲကဝေဖန်မှုများကို ပြင်းပြင်းထန်ထန် ငြင်းဆိုကာ ၄င်းတို့သည် သံသယရှိသူ များနှင့် သေဆုံးသူအမျိုးသမီးထံမှ ရရှိသော DNA များကို သေချာ စစ်ဆေးပြီး တူညီနေသောကြောင့် ယင်းကိုအခြေခံ၍ အမှုကိုအခိုင်အ မာတည်ဆောက်ခဲ့ခြင်းဟု ဆိုသည်။

ထိုလူသတ်မှုအား စုံစမ်းခြင်းအတွက် စိုးရိမ်ကြောင်း ဗြိတိန်အစိုးရကပြော ကာ စုံစမ်းမှုတွင်ပါဝင်ကူညီမည်ဟု ကမ်းလှမ်းမှုကြောင့် ထိုင်းအစိုးရက ဗြိတိန်ရဲများကို စုံစမ်းစစ်ဆေးမှုများ တွင် လေ့လာသူအဖြစ်ပါဝင်ရန် ခွင့် ပြုပေးခဲ့သည်။

KZCH, KM, AFP

#Democracytoday

ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်ခဲ့သူ



အမေရိကန်နိုင်ငံ ၊ မီချီဂန်း ပြည်နယ် ၊ ဂျက်ဆင်မြို့လေးမှာ နေထိုင်တဲ့ အသက် အသက် ၁၇ နှစ်သာရှိသေးသော Broc Brown ဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် ၂၀၁၄ ခုနှစ် ဧပြီလမှာ တရားဝင် တိုင်းတာကာ စံချိန်တင်နိုင်ခဲ့ပါတယ်။ သူရဲ့ အရပ်ကတော့ ၇ ပေ ၁.၅ လက်မရှိပါတယ်။

Ref : GWR

#YangonMediaGroup™

အိပ်ရင်းနဲ့ကွန်ပြူတာ သုံးချင်သူများအတွက်



အိပ်ရင်းနဲ့တော့ ဘယ်သုံးလို့ရပါ့မလဲ။ လှဲလျောင်းနေတဲ့ Position ကနေ အသုံးပြုလို့ရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 


အောက်ကိုလည်း မကျစေရဘူးလို့ ထုတ်လုပ်သူတို့က အာမခံထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်ပေးဖို့အတွက်လည်း စားပွဲမှာ ပန်ကာ အဆင်သင့် ပါရှိပြီးသား ဖြစ်ပါတယ်။ အောက်ကို လပ်တော့ မကျနိုင်အောင်လည်း အဆင့်ဆင့် ချည်နှောင်၊ တပ်ဆင်ထားပေးတဲ့အတွက် သုံးနေရင်းနဲ့ အိပ်ပျော် သွားမယ်ဆိုရင်တောင် ရတယ်လို့ ဆိုပါတယ်။ 

အိပ်နေတဲ့ အနေအထားမှာတင် မကပါဘူး။ ထိုင်နေရင်းနဲ့လည်း စားပွဲတစ်လုံးလို ပြင်လို့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ထိုင်နေရင်းမှ ခါးညေင်းလာလို့ အိပ်ပြီး အသုံးပြုချင်သပဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Position ပြောင်းပေးလိုက်ရုံပဲလို့ ဆိုပါတယ်။ 

သို့ပေမယ့် လက်တော့ ညောင်းမှာတော့ အမှန်ပါပဲ။ ဥာဏ်ကြီးကြီးနဲ့ ထုတ်လုပ်လိုက်တာကတော့ ဂျပန်နိုင်ငံမှဖြစ်ပြီး ညလုံးပေါက် Facebook သုံးတဲ့သူများအတွက် အံကိုက်ဖြစ်လောက်မယ်ထင်ပါတယ်။


အိပ်ရင်းနဲ့တော့ ဘယ်သုံးလို့ရပါ့မလဲ။ လှဲလျောင်းနေတဲ့ Position ကနေ အသုံးပြုလို့ရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 


အောက်ကိုလည်း မကျစေရဘူးလို့ ထုတ်လုပ်သူတို့က အာမခံထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်ပေးဖို့အတွက်လည်း စားပွဲမှာ ပန်ကာ အဆင်သင့် ပါရှိပြီးသား ဖြစ်ပါတယ်။ အောက်ကို လပ်တော့ မကျနိုင်အောင်လည်း အဆင့်ဆင့် ချည်နှောင်၊ တပ်ဆင်ထားပေးတဲ့အတွက် သုံးနေရင်းနဲ့ အိပ်ပျော် သွားမယ်ဆိုရင်တောင် ရတယ်လို့ ဆိုပါတယ်။ 

အိပ်နေတဲ့ အနေအထားမှာတင် မကပါဘူး။ ထိုင်နေရင်းနဲ့လည်း စားပွဲတစ်လုံးလို ပြင်လို့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ထိုင်နေရင်းမှ ခါးညေင်းလာလို့ အိပ်ပြီး အသုံးပြုချင်သပဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Position ပြောင်းပေးလိုက်ရုံပဲလို့ ဆိုပါတယ်။ 

သို့ပေမယ့် လက်တော့ ညောင်းမှာတော့ အမှန်ပါပဲ။ ဥာဏ်ကြီးကြီးနဲ့ ထုတ်လုပ်လိုက်တာကတော့ ဂျပန်နိုင်ငံမှဖြစ်ပြီး ညလုံးပေါက် Facebook သုံးတဲ့သူများအတွက် အံကိုက်ဖြစ်လောက်မယ်ထင်ပါတယ်။