11 Jan 2015

ဈေးလျှော့ ပေးလိုက်သည်ဟု ဆိုသော်လည်း ဈေးမသက်သာ သေးသည့် MPT

ဓာတ်ပုံ - လှိုင်မျိုးထွန်း
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ GSM နှင့် WCDMA ဖုန်းများကို ဖုန်းပြောဆိုခ တစ်မိနစ် လျှင်၃၅ကျပ်၊မက်ဆေ့ခ်ျတစ်စောင် လျှင် ၁၅ ကျပ်နှုန်းဖြင့်လျှော့ချပေး မည်ဖြစ်ကြောင်း ယမန်နေ့ကကြေ ညာခဲ့သည်။

ထိုသို့ဝန်ဆောင်ခ လျှော့ချပေး မည့် အစီအစဉ်သည် နိုင်ငံခြားအော် ပရေတာများ ဖြစ်သည့် အော်ရီဒူး၊ တယ်လီနောတို့၏ ဝန်ဆောင်မှုများ နှင့်ကွာခြားမှုမရှိသော ဈေးနှုန်း သက်သာအောင်ချပေးနိုင်ခြင်းမရှိ သည့်အတွက် စောင့်မျှော်နေသော သုံးစွဲသူများ၏စိတ်မကျေနပ်မှုကိုသာ ရရှိဖွယ်ရှိနေသည်။

အော်ရီဒူး၊ တယ်လီနောတို့က ဖုန်းခေါ်ဆိုခကို စက္ကန့်ဖြင့်သာဖြတ် တောက်ခြင်းဖြစ်ပြီး MPT က မိနစ် ဖြင့်ဖြတ်တောက်ခြင်း၊ အင်တာနက် သုံးစွဲမှု၌လည်း HS-PA+3G ဆက်သွယ်ရေးနည်းပညာဖြင့်အသုံး ပြုမည်ဖြစ်သည့်အတွက်ပုံမှန်ထက် ခြောက်ဆမြန်မည်ဟုဆိုကာ 1 MB လျှင် ၁၅ကျပ်နှုန်း သတ်မှတ် ထားခြင်းများကြောင့် သိသာသော ဝန်ဆောင်ခလျှော့ချမှုမျိုးမဟုတ် ဟုဆိုရမည်ဖြစ်သည်အော်ရီဒူး၏အင်တာနက်ဝယ်ယူ သုံးစွဲခမှာ 500 MB ကို ကျပ် ၃၉ဝဝ၊1 GB ကို ကျပ်၆၉ဝဝ ရှိပြီးတယ်လီနောကမူ Smart အင် တာနက်အနေဖြင့် 1 GB ကို ကျပ် ၆၆ဝဝသာ ကုန်ကျမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး၏ ဆွေ သဟာအစီအစဉ်သစ်တွင်ပါဝင်မည့် အင်တာနက် Paln တွင် 400 MB ကို ကျပ် ၅ဝဝဝ၊ 1 GB ကို ကျပ် ၁ဝဝဝဝ ကောက်ခံမည်ဖြစ်သဖြင့် အော်ရီဒူး၊တယ်လီနော၏ဝန်ဆောင် ခများထက် ဈေးကြီးနေပြီး MPT ၏အင်တာနက် Download နှင့် Upload နှုန်းများ ယင်းနှစ်ခုထက် နှေးနေသေး၍ ယုံကြည်စိတ်ချ၍ မရနိုင်ကြောင်း MPT သုံးစွဲသူများ ကပြောသည်။
''ကုမ္ပဏီသုံးခုထဲမှာ MPT က အင်တာနက် Speed အနှေးဆုံး၊ ဒါကို Deta Plan နဲ့ယူတာဈေးကြီး ပါတယ်ဆိုတဲ့ အော်ရီဒူးထက်များ တယ်။ အင်တာနက်နှုန်းမြှင့်ထား တယ်ပြောပေမယ့်ဘယ်လိုယုံရမလဲ။ MPT ကို အဝင်ပဲလက်ခံတော့ မယ်''ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုမိုးဇော်ကပြောသည်။

ထို့အပြင် ယခုဈေးနှုန်းလျှော့ ချပေးသည့်အစီအစဉ်တွင် CDMA 800 MHz (093......) နှင့် (0973........) ဖုန်းများ CDMA 450 MHz (0986......0985........ နှင့် 0945.......) ဖုန်းများ ပါဝင်ခြင်းမရှိကြောင်းသိရသည်။ဆွေသဟာအစီအစဉ်သစ်တွင် တန်ဖိုးနည်း ငွေဖြည့်ကတ်များဖြစ် သည့် ကျပ် ၁ဝဝဝတန်နှင့် ၃ဝဝဝ တန် ငွေဖြည့်ကတ်များကို ယခုလ ၁၂ရက်မှစတင်၍ရောင်းချပေးမည် ဖြစ်သည်။

ယခင်က Sim Card ပျောက်ဆုံးသွားလျှင် Sim Card အသစ်ပြန်လည်ရယူလိုသူများအနေ ဖြင့် ငွေကျပ်၂ဝဝဝဝကုန်ကျခဲ့ရ သော်လည်း ယခုအခါငွေကျပ် ၁၅ဝဝ သာ ကုန်ကျရုံနှင့် Sim Card ကို ပြန်လည် ထုတ်ပေးမည့် အပြောင်းအလဲများ ထည့်သွင်း ထားသည်။

ဖုန်းခေါ်ဆိုခကို ၃၅ကျပ် သို့လျှော့ချလိုက်သော်လည်းအသစ် မိတ်ဆက်သည့် ဆွေသဟာအစီ အစဉ်သစ်ကို သုံးစွဲခြင်းမပြုပါက မူရင်းအတိုင်းကျပ် ၅ဝ ဖြင့်သာ ကောက်ခံမည်ဖြစ်သည်။

ဆွေသဟာအစီအစဉ်ကိုအသုံး ပြုမည်ဆိုပါက အင်တာနက်အသုံး ပြုနိုင်ရန်အတွက် ယခင်ကကျပ် တစ်သောင်းပေး၍လိုင်းဖွင့်ရသည် မျိုးရသော်လည်းပဲအခမဲ့ရရှိမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ပြီးခဲ့သည့် ၁ဝ စုနှစ် တစ်စု ကျော်က မိုဘိုင်းလ်ဖုန်းများကို ကျပ်သိန်း ဆယ်ဂဏန်းကျော်ဖြင့် ရောင်းချခဲ့ပြီး တစ်ဦးတည်းမူပိုင် ချုပ်ကိုင်ထားခဲ့ရာမှ ၂ဝ၁၃ ခုနှစ် ကုန်ပိုင်းနှင့်၂ဝ၁၄ခုနှစ်တွင် ပြည်ပ အော်ပရေတာများဖြစ်သည့်တယ်လီ နော၊အော်ရီဒူးတို့ကိုလုပ်ငန်းလိုင်စင်
 ပေးအပ်ခဲ့သည်။

ပြည်တွင်း၌ အင် တာနက်သုံးစွဲရာတွင်အများပြည်သူ သုံးအင်တာနက်ဆိုင်ဖွင့်လှစ်ခွင့် အတွက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ကျပ်သိန်း ၁ဝဝ သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် အများပြည်သူသုံးအင်တာနက်ဆိုင် များ ဆက်လက်ရပ်တည်ရန်ခက်ခဲ လာချိန်တွင် မိုဘိုင်းလ်ဖုန်းဖြင့် အင် တာနက်သုံးစွဲမှုမှာ ပိုမိုမြင့်တက်လာ ဖွယ်ရှိနေသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ဂျပန်ကုမ္ပဏီ (KDDI) Sumitomo Corportion နှင့်ပူး ပေါင်းပြီးနောက် ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်းကို ဆောင်ရွက် နေပြီး ယခုနှစ်မတ်လကုန်တွင် 3G စခန်းများ၏အရေအတွက်မှာလက်ရှိ အရေအတွက်၏ နှစ်ဆရှိလာမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး မှသိရသည်။

ဂျပန်ကုမ္ပဏီ KDDI အနေ ဖြင့် ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင် ရန် ကနဦးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၇၁၅ သန်း စတင်မြှုပ်နှံထားပြီးဖြစ်ကာ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်တွင်မိုဘိုင်းလ်ဖုန်းသုံး စွဲမှု ၅ဝ ရာခိုင်နှုန်းအထိမြင့်မား လာစေရန်ဆောင်ရွက်မည်ဟုဆိုသည်။

''အင်တာနက်အတွက် နှုန်း ထားက ပုဂ္ဂလိက အော်ပရေတာ တွေနဲ့တန်းတူဈေးနှုန်းသတ်မှတ်ဖို့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆို တော့ကျွန်တော်တို့တစ်နိုင်ငံလုံးမဖြန့် ကြက်နိုင်ဘူး။ အရည်အသွေးကို ဒီထက်ပိုကောင်းဖို့လုပ်ရမှာ။ ကျွန် တော်တို့အနေနဲ့ ဖုန်းပြောခလည်း တစ်မိနစ် ၂၅ကျပ်၊ သူတို့ကလည်း တစ်မိနစ်၂၅ကျပ်ဆိုရင် ဈေးကွက် ရဲ့သဘောအရပုဂ္ဂလိကဆက်သွယ် ရေးလုပ်ငန်းတွေက အခုမှစလုပ် တာဆိုတော့ အလဲထိုးလိုက်သလို နေမှာပေါ့။ အပြင်မှာ MPT က ဈေးကွက်ကြီးနေတာပဲ။ အင်တာ နက်လည်းပါပြီးသားဆိုတော့အရည် အသွေးကို အဓိကထားပြီး ကောင်း အောင်လုပ်သွားမှာဖြစ်ပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူဦးစောထူးသာကပြော သည်။

MPT ၏ အားသာချက်မှာ ဖုန်းလိုင်းခေါ်ဆိုရာတွင် မြန်မာနိုင်ငံ နေရာအနှံ့အပြားခေါ်ဆိုနိုင်ခြင်း၊ ဖုန်းလိုင်းဆွဲအားကောင်းနေသေးခြင်း တို့ကြောင့် ဖုန်းခေါ်ဆိုခများ၊ အင် တာနက်သုံးခများကိုမချပေးခြင်း ဖြစ်ကြောင်း MPT သုံးစွဲသူများက သုံးသပ်သည်။''ကိုယ်က ဒီနံပါတ်ကို စွန့်လို့ မရသေးဘူး။ ဒါ့ကြောင့်သူတို့ကလဲ ဈေးမချတာပါ''ဟု MPT ဖုန်းကို သိန်း ၅ဝကျော်ဖြင့်ဝယ်ယူသုံးစွဲ ခဲ့သူဦးသူရကပြောသည်။

တချို့ သုံးစွဲသူများကလည်းမြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲရာတွင်ဒေတာ နှင့် ပိုက်ဆံဖြတ်တောက်ခြင်းကို မရင်းနှီးသေးသဖြင့် နာရီဖြင့်သာ ကောက်ခံစေလိုကြောင်းဆန္ဒပြုကြ သည်။

MPT ဈေးနှုန်းလျှော့ချသည့် အစီအစဉ်နှင့်ပတ်သက်ပြီးလူမှုကွန် ရက်စာမျက်နှာများတွင် ဖုန်းခေါ် ဆိုခနှုန်းထားနှင့် အင်တာနက်သုံး စွဲမှုများအတွက် ဈေးနှုန်းမြင့်မား မှုရှိနေသေးကြောင်း ဝေဖန်မှုများ လည်းပေါ်ထွက်လျက်ရှိသည်။ဖုန်ခေါ်ဆိုခလျှော့ပေးမည်ဖြစ် ကြောင်း သိရသည့်အတွက် MPT ၏ဈေးကွက်အတွင်း၌တစ်ကတ်လျှင် ကျပ် ၈၅ဝဝ အထိရှိနေကြောင်း ဖုန်းဆိုင်များမှသိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏တယ်လီ ဖုန်းသုံးစွဲနှုန်းသည် ၁၅ရာခိုင်နှုန်း ရှိပြီး ၂ဝ၁၅-၂ဝ၁၆တွင် ၅ဝ ရာ ခိုင်နှုန်းအထိ တိုးတက်လာရန် မျှော် လင့်ထားကြောင်းမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှအတည်ပြုထားသည်။

ကြည်ပြာ၊ လင်းလင်း၊ ကိုအောင်
The Union Daily

8 Jan 2015

ဓမ္မစေတီ ခေါင်းလောင်း ဒုတိယအကြိမ် ထပ်မံရှာဖွေခွင့်ပြု

ဓမ္မစေတီခေါင်းလောင်း, ရန်ကုန်မြစ်ဝ , ငဇင်ကာ , ပေါ်တူဂီ , ရွှေတိဂုံ ,


၂၀၁၄ ခုနှစ်တွင် ခေါင်းလောင်းကြီး ရှာဖွေနေပုံကို ရှုခင်းသာကမ်းစပ်တွင် ထိုင်ကြည့်နေသူများ ရှိသကဲ့သို့ စက်လှေဖြင့် အနီးသို့ သွားကြည့်သူများလည်း ရှိခဲ့သည်။ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က ရန်ကုန်မြစ်ဝတွင် နစ်မြုပ်ခဲ့သည်ဆိုသော ဓမ္မစေတီ ခေါင်း လောင်းကြီးကို  ရှာဖွေရန် ပုဂ္ဂလိက သဘောင်္အရာရှိဟောင်း ဦးကျော်ဝင်းဆိုသူကို အစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီး မကြာမီ ရှာဖွေရေးလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ပုဂ္ဂလိက သင်္ဘောအရှိဟောင်း ဦးကျော်ဝင်းက အိမ်မက်နှင့် အထက် ပုဂ္ဂိုလ်များ၏ ရှာဖွေရန် တိုက်တွန်းမှုများကြောင့် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရန်ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာ သန်လျင် ရေနံချက် စက်ရုံ ဆိပ်ကမ်းအနီးတွင် ရှာဖွေသွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်အမေနဲ့ ကျနော် ကျိုက်ခေါက် ဘုရားသွားတော့ ၀တ်ဖြူစင်ကြယ်နဲ့ အဖိုးအို တဦးကိုတွေ့ တယ်။ သူက ခေါင်းကြီး ငုံ့ထားတယ်။ကျနော်တို့ သူ့နားသွားတော့ သူက ကျနော်ကို ပြောတယ်။ ကြောက်တဲ့သူတွေ ဆယ်ရင် ကျောက်ခဲ ဖြစ်သွား မယ်။ မကြောက်တဲ့ သူတွေ ဆယ်မှ ပေါ်မှာလို့ ပြောတယ်။ သူဘယ်သူမှန်း ကျနော် မသိဘူး။ နောက်ဓာတ်ပုံ တွေမှာ တွေ့တော့မှ ၀ိဇ္ဇာ အဘသံ ဖြစ်နေတယ် ဆိုတာ သိရတာ။ ရှာမယ်လို့ ဆုံးဖြတ်ပြီးပြီ။ ရေ အောက် တိုင်းတာရေး စက်လဲ ၀ယ်ပြီးပြီ။ မနက်ဖြန် ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ကျနော့် ကို တွေ့ဖို့ ခေါ်ထားတယ်”ဟု ဦးကျော်ဝင်းက ပြောသည်။


ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေ ဆယ်ယူရန် ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရန် ကနဦး အကြို စမ်းသပ်လေ့လာမှုများဖြင့် တိုင်းတာ မှုများ ပြု လုပ်ထားပြီး လတ်တလော တွေ့ရှိချက်များအရ  ခေါင်းလောင်းကြီးမှာ ရေအောက်ကြမ်းပြင်၏ တ၀က်ခန့်တွင် နစ်မြုပ်နေကြောင်း ဦးကျော်ဝင်း၏အဆိုအရ သိရှိရသည်။


မွန်ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေခြင်းမှာ ကောင်းမွန်သည့် ရည်ရွယ်ချက် ဖြစ်သော်လည်း သေသေ ချာချာ စနစ်တကျ သူတေသန ပြုပြီးမှသာ ရှာဖွေသင့်ကြောင်း မွန်သမိုင်း သုတေသန အသင်း တွဲဖက်အတွင်းရေးမှူး ဦးနိုင်ရဲဇော်က ပြော သည်။


“လုံလောက်တဲ့ သုတေသနတွေ ပြုလုပ်ပြီးမှ ရှာဖွေတာ ကောင်းပါတယ်။ ဒီလို မဟုတ်ရင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာလိုက် မတွေ့လိုက်နဲ့ဆို ခေါင်းလောင်းကြီးဟာ အများ အမြင်မှာ ပျက်ရယ် ပြုစရာ ဖြစ်နေမယ်”ဟု ပြောသည်။


၂၀၁၄ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် ဦးစံလင်းဆိုသူက နဂါးအကူအညီဖြင့် ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမည်ဟုဆိုကာ ရန်ကုန်မြစ်ဝတွင် ၂ လနီးပါးကြာ ရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း ခေါင်းလောင်းကြီးကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။
၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာက ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အဓမ္မ ယူဆောင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် သုံးခုဆုံရာအရပ်တွင် နစ်မြှုပ်ခဲ့ကြောင်း မှတ်တမ်းတချို့က ဖော်ပြသည်။


http://burma.irrawaddy.org



7 Jan 2015

မြန်မာမယ်စကြ၀ဠာ ပန်ထွာဘုရင်မ

Miss Myanmar Universe အလှမယ် သျှားထွဋ်အိန္ဒြာ (ဓာတ်ပုံများ - Miss Myanmar Universe offilcial facebook)

 ကမ္ဘာ့အဆင့်မြင့်ဆုံးအလှမယ်ပြိုင်ပွဲကြီးတခုဖြစ်တဲ့ Miss Universe 2015 ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်နေတဲ့ ဒီပြိုင်ပွဲကြီးကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Miami ကမ်းခြေမှာ ကျင်းပပြုလုပ်နေတာပါ။

နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ မြန်မာနိုင်ငံအနေနဲ့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်လာခဲ့တဲ့ ဒီပြိုင်ပွဲကြီးဟာ အခုဆိုရင် ဒုတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်နေခြင်းပါ။

Miss Universe ပြိုင်ပွဲဝင် မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာဟာ အမျိုးသားဝတ်စုံပြိုင်ပွဲ၊ ရေးကူးဝတ်စုံပြိုင်ပွဲ၊ ညနေခင်းဝတ်စုံပြိုင်ပွဲတွေနဲ့ အတူ ဒိုင်လူကြီးတွေက မေးမြန်းလာမယ့် ဗဟုသုတဆိုင်ရာ မေးခွန်းတွေကို ဖြေကြားကြရမယ့် ပြိုင်ပွဲတွေကို အဆင့်ဆင့်ကျော်ဖြတ်ပြီး ပြိုင်ပွဲဝင် အားလုံးထဲကမှ စကာတင် ၁၆ ယောက်ကို ပြန်လည်ရွေးထုတ်ယှဉ်ပြိုင်စေမှာပါ။ ဒီ ၁၆ ယောက်ထဲမှ ပြိုင်ပွဲဝင် ၁၅ ယောက်ကတော့ ဒိုင်လူကြီးတွေ အကဲဖြတ်အမှတ်ပေးပြီး ရွေးချယ်ခံထားရသူတွေဖြစ်ပြီး နောက်တယောက်ကတော့ Miss Universe ပြိုင်ပွဲကြီးရဲ့ တရားဝင်အွန်လိုင်းမဲပေးစနစ်က မဲအများဆုံး ရရှိလာမယ့် ပြိုင်ပွဲဝင်ပါပဲ။

ဒီမဲပေးစနစ်ကိုလည်း ပြိုင်ပွဲ ကျင်းပခါနီး တပတ် သို့မဟုတ် ၁၀ ရက်လောက်အလိုမှ စတင် မဲပေးခွင့်ရှိ မှာပါ။

မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာတယောက် သူယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတခုဖြစ်တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် အမျိုးသားဝတ်စုံ (National Costume) ပြိုင်ပွဲမှာ ပျုခေတ်က ပန်ထွာ ဘုရင်မရဲ့ အဆောင်အယောင်တွေနဲ့ ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။




 ပန်ထွာဘုရင်မရဲ့ ဘယ်လိုအဆောင်အယောင်တွေနဲ့ ဘာကြောင့် ပြိုင်ဖြစ်တာလဲဆိုတော့..

“သူ့ကိုဆင်ထားတာ ပန်ထွာဘုရင်မပုံစံ ဆင်ထားတာပါ။ ပန်ထွာဘုရင်မ လုပ်ဖြစ်တာကလည်း အခု ပျူမြို့ဟောင်းကို ပြန်ပြီးတော့ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းတယ်ဆိုတော့ ဒီဝတ်စုံကနေမှ ပျူလူမျိုး တွေ ပျူခေတ်အကြောင်းလေး မြန်မာပြည်နဲ့ပတ်သက်ပြီး နိုင်ငံတကာကို မက်ဆေ့ခ်ျပေးလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပန်ထွာဘုရင်မ၀တ်စုံလေးကို ဖန်တီးဖြစ်တာပါ။ ဒီဝတ်စုံနဲ့ပတ်သက်လို့ ကိုယ်တတ်နိုင်သလောက် သမိုင်းအထောက်အထား စာအုပ်တွေဖတ်ပြီးတော့မှ အနီးစပ်ဆုံး ဖန်တီးထားတာပါ။ ကိုယ်လည်း ပျူခေတ်ဆိုတာကြီးကို မမီခဲ့ဘူး။ အထောက်အထားဆိုတာကလည်း အရမ်းအတိအကျ အခိုင်အမာကြီးမရှိခဲ့ဘူး။ ကိုယ်လည်း အနီးစပ်ဆုံးတော့ ကြိုးစားပြီး ဖန်တီး ခဲ့ပါတယ်။ ကာလာရွေးချယ်မှုအပိုင်းကတော့ ကျမ အနီရောင်သုံးလိုက်တယ်ဆိုတာက ရဲရင့်တဲ့ ပန်ထွာဘုရင်မကို ပြချင်လို့ အနီရောင်ကို သုံးလိုက်တာပါ။ အနီရောင်မှာ ပိုရဲပြီးစိုတဲ့ဘက်ကို သုံးထား တယ်။ နောက် ချပ်ဝတ်တန်ဆာတွေဘာတွေကတော့ ရွှေဘက်ဖောက်တဲ့အရောင်ကို သုံးထားတယ်။ ဘုရင်မဖြစ်တာလည်းပါတယ်။ သူ့ အဆင်တန်ဆာတွေကို ရွှေနဲ့ ကြေးနဲ့ ရောပေးထားတယ်။ ဘာကြောင့်လည်းဆိုတော့ ပျူခေတ်က ကြေးတွေ ခေတ်စားတယ်။ သူတို့ရဲ့ အဆင်တန်ဆာတွေ သုံးတဲ့ ပန်းကန်ခွက်ယောက်တို့ တခြား လက်ကောက် လက်ပတ် ပိုက်ဆံကအစ လေ့လာမိသလောက် ကြေးတွေကို အရမ်းအသုံးပြုတယ်။ သူ့အကျီမှာ ထိုးတာတွေကိုလည်း ခေါင်း ဆောင်းတို့ နောက် ခါးက ဒွါဒရာတို့ လက်ပတ်တို့ကိုလည်း အကုန်လုံး ကြေးနဲ့ပဲ ဖန်တီးထားပါတယ်။ ကနုတ်ကိုလည်း ဗမာ ကနုတ်ရအောင် အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး ဗမာကနုတ်တွေနဲ့ပဲ ခေါင်းတို့ ဘာတို့မှာ အကုန်ပြန်ပြီး ဖန်တီးပေးထားပါတယ်။

နောက် အဆင်တန်ဆာတွေမှာသုံးတဲ့ ကျောက်တွေကလည်း မြန်မာပြည်မှာ ဒီလိုမျိုး မိုးကုတ်တွင်း ထွက် ကျောက်တွေရှိတယ်ဆိုတာကို ပြချင်တော့ ကျမက ကျောက်တွေအကုန်လုံးကို မိုးကုတ်တွင်း ထွက် အစစ်တွေ အသုံးပြုထားတယ်။ လိုအပ်တဲ့ ကျောက်တွေကို organization ကနေ ကျမကို စီစဉ်ပေးပါတယ်။ တွင်းထွက်ကျောက်အစုံ အလုံး ၆၀ ကျော်သုံးထားပါတယ်။” လို့ ဒီဝတ်စုံကို ဖန်တီး ပေးထားတဲ့ ဒီဇိုင်နာ မပုံ့ (My Favourite) က ဧရာဝတီဘလော့ဂ်ကိုပြောပါတယ်။

Miss Universe 2015 ပြိုင်ပွဲကြီးဟာ (၆၃) ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံပေါင်း ၈၉ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်နေတာပါ။





http://blog.irrawaddy.org/2015/01/blog-post_80.html

4 Jan 2015

စကားပြောတတ်ပြီလား?





“နှုတ်ကြောင့်သေ၊လက်ကြောင့်ေ
ကြ”ဆိုတဲ့စကားပုံကိုတော့အားလုံးကြားဖူးကြမယ်ထင်ပါတယ်။ စကားပြောတယ်ဆိုတာ တကယ်တော့အနုပညာတစ်ခုပါ။ 

လူနှစ်ယောက်၊သို့မဟုတ် နှစ်ယောက်ထက်ပိုသော အခြားသူများနှင့်ဆက်ဆံသောအခါ စကားဆိုတဲ့အရာကိုသုံးရပါတယ်။ အဆိုလေးတစ်ခုတောင်ရှိပါတယ်။ 
အပြောကောင်းရင် လေယာဉ်တောင်အလကားစီး ရတယ်တဲ့။ အပြောကောင်းတယ်ဆိုတာ လိမ်ညာတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ စကားပြောတတ်ခြင်း၊အချိန်အခါကြည့်တတ်ခြင်း၊ ပြောနည်းကို
သိခြင်းတွေကြောင့်ပါ။ စကားပြောကောင်းတဲ့သူတွေရှိသလို ထိုစကားကိုကောင်းကောင်းမပြောတတ်သောကြောင့် လူမုန်းများသူများ လည်း လောကကြီးမှာရှိနေပြန်ပါတယ်။ ဒါကြောင့် လူမုန်းများခံရနိုင်တဲ့ စကားပြောပုံများကို အောက်မှာဖော်ပြ ပေးလိုက်ပါတယ်။ အားလုံးပဲ စကားပြောတတ်ကြပါစေ။


(၁) စကားများခြင်း
စကားများတာတော်တော်ကိုဆိုးပါတယ်။ ပြောတဲ့စကားတွေက အဓိပ္ပါယ်မရှိရင် ပိုလို့တောင်ဆိုးပါသေးတယ်။ ဘယ်နေရာမှာမှအဆင်ပြေမှာမဟုတ်ပါဘူး။ တစ်ချို့လူတွေအတွက် စကားများတာဟာ အလေ့အကျင့်တစ်ခု လိုတောင်ဖြစ်နေပါတယ်။ သူတို့ကိုယ်တောင်သူတို့သတိမထားမိတတ်ကြပါဘူး။ တစ်ချို့သူတွေက သတိထားမိရဲ့ သားနဲ့ မပြင်ကြတာပါ။ ဒါ့ကြောင့် စကားများတတ်တယ်ဆိုရင်တော့ သင့်ကိုယ်သင်ပြန်သုံးသပ်သင့်ပါပြီ။ စကားဆိုတာ အကျိုးရှိတဲ့စကားကိုပဲ ရွေးပြောတာကောင်းပါတယ်။ 


(၂) သူတစ်ပါးကိုစကားပြောခွင့်မပေးခြင်း
သူတစ်ပါးကို စကားပြောခွင့်မပေးပဲ သူတို့ချည်းပဲ တောက်လျှောက်ပြောတတ်တဲ့သူမျိုးတွေကို သင်မြင်ဖူးပါသလား? သင်ဘယ်လိုခံစားရပါသလဲ? အကယ်၍ သင်လည်း ထိုကဲ့သို့ သူများစကားပြောတာကို အလှည့်မပေးတတ်တဲ့သူမျိုးဆိုရင်တော့ သတိထားသင့်ပါပြီ။ ဒါဟာ တော်တော်လေးကို စိတ်အနှောက်အယှက် ပေးတဲ့ အမူအရာမျိုးပါ။ ကျွန်တော့်ဘ၀မှာ ထိုကဲ့သို့သူမျိုးတွေကြုံခဲ့ဖူးပါတယ်။ သူတို့နဲ့စကားပြောရတာ ငရဲရောက်နေသလိုပါပဲ။ 


(၃) စကားကိုကျယ်လောင်စွာပြောဆိုခြင်း
တစ်ချို့သူတွေက စကားကိုကျယ်လောင်စွာပြောဆိုတတ်ပါတယ်။ ဒါဟာ မိသားစုထဲမှာတော့ အဆင်ပြေပေမယ့် တကယ့်လက်တွေ့လောက အလုပ်ခွင်တွေမှာတော့ ဘေးမှာရှိတဲ့သူတွေကို တော်တော်လေး စိတ်အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် သင့်မှာထိုအကျင့်မျိုးရှိတယ်ဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။


(၄) ဆရာကြီးအထာနှင့်အမြဲစကားပြောခြင်း
ဆရာကြီးအထာဖြင့် အမြဲစကားပြောတာဟာလည်း လူမုန်းများစေပါတယ်။ ဒီအမူအရာကလည်း တော်တော်လေးကိုဆိုးပါတယ်။ နေရာတကာ အကုန်သိသောအထာမျိုးဖြင့် သင်ကစေတနာနဲ့ ၀င်ပြောနေရင်တောင် လူအမြင်ကတ်ခံရနိုင်ပါတယ်။ 


(၅) မမေးပဲဝင်ဖြေခြင်း
ဒါကလည်း တစ်ခါတစ်လေကောင်းပေမယ့် အမြဲဆိုရင်တော့ လူအမြင်ကတ်ခံရနိုင်ပါတယ်။ တစ်ခါတစ်လေ လက်တွေ့လောကမှာ သိတိုင်းလည်း ၀င်မပြောသင့်ပါဘူး။ သင့်ရဲ့အသိပညာကို တန်ဖိုးထားစေချင်ရင် လိုအပ်တဲ့အချိန်မှာ အသုံးချတတ်ရပါတယ်။ အမြဲတမ်းပြောနေရင် လူမုန်းလည်းခံရနိုင်သလို သင့်အသိပညာ ဟာလည်း တန်ဖိုးမရှိဖြစ်နေပါလိမ့်မယ်။


စကားအချိုသာကြီးမပြောတတ်ရင်တောင် အထက်ပါအချက်လေးများကို ရှောင်ရှားနိုင်ရင် နေ့စဉ်ဘ၀မှာ ပိုအဆင်ပြေလာမှာပါ။ အားလုံးပဲ စကားပြောတတ်ကြပါစေ။


မိုးရှင်း (I.M.T)
www.work.com.mm


ဗုဒ္ဓဘာသာ လေ့လာနေသည့် အနောက်နိုင်ငံသားများ စလင်းမြို့ဟောင်းတွင် ရှင်ပြုအလှူပြုလုပ်


 
 
တိဗက်တွင် ဗုဒ္ဓဘာသာကို လေ့လာခဲ့ကြသည့် မဟာယာနဗုဒ္ဓဘာသာဝင် အင်္ဂလန်နိုင်ငံ မှ နိုင်ငံတကာခရီးသွား ၁၃ဦးတို့က မကွေးတိုင်း စလင်းမြို့ဟောင်းရှိ ရုပ်စုံကျောင်းတွင် မြန်မာ့ရိုးရာရှင်ပြုအလှူတခု ပြုလုပ်လှူဒါန်းခဲ့ကြောင်း Myanmar Zarmani Creative Tours Co.ltd.မှ မန်နေဂျင်ဒါရိုက်တာ ဒေါ်နီနီမြင့်က ပြောကြားသည်။


“ဒီကို လာလေ့လာတဲ့ နိုင်ငံတကာခရီးသွားတွေထဲမှာ မဟာယာနတွေလည်းပါတယ်။ သူတို့က
တောင်ပိုင်းဗုဒ္ဓဘာသာကို လေ့လာချင်လို့ စလင်းမြို့ဟောင်းကို လာခဲ့တာပါ”ဟု
ယင်းကပြောဆိုသည်။


အဆိုပါ အင်္ဂလန်မှ ဘာသာရေးလေ့လာသူများအဖွဲ့တွင် ရုပ်သံဇာတ်လမ်းတိုရိုက်ကူးရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာဓလေ့ ရှင်ပြုအလှူပွဲတွင် ကုသိုလ်ပြုလှူဒါန်းခြင်းအပြင် ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်သူများအဖြစ်လည်း အလှူပွဲတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။


ယင်းအဖွဲ့မှ ရုပ်သံဇာတ်လမ်းတိုရိုက်ကူးရေးသမားများက ဗုဒ္ဓဘာသာ မြန်မာဓလေ့ရှင်ပြုအလှူပွဲရုပ်သံမှတ်တမ်းကို နိုင်ငံတကာသတင်း Channel များတွင် ပြသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည့်အစီအစဉ်လည်းရှိကြောင်း မြန်မာ့ရှင်ပြုအလှူကို ရိုက်ကူးနိုင်ရန် ကြိုတင်စီစဉ်ပေးခဲ့သူ စလင်းမြို့မိမြို့ဖတဦးဖြစ်သ
ဦးစိုးလင်းက ပြောဆိုသည်။


ထိုဘာသာရေးလေ့လာသူများသည် စလင်းမြို့အတွင်းလည့်လည်ပြီး မြန်မာဗုဒ္ဓဘာသာဝင်များ၏ လူနေမှုစရိုက်များကို လေ့လာမှတ်တမ်းတင်ခြင်း၊ ကျေးလက်ဈေးသည်များ၏
နေမှုထိုင်မှုဘ၀ကိုလည်း ရုပ်သံမှတ်တမ်းရိုက်ကူးသွားကြောင်း သိရသည်။


  စောကျော်ဝင်း
https://www.facebook.com/NewsWatchJournal


30 Dec 2014

အကယ်ဒမီပေးပွဲတွင် ရိုင်းစိုင်းသည့်စကားလုံးပြောဆိုမိခြင်းအပေါ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း ပြန်လည်တောင်းပန်



ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အကယ်ဒမီ ပေးပွဲတွင် ရိုင်းစိုင်းသည့် စကားလုံး ထွက်ဆိုလိုက်မိခြင်းအပေါ် မြန်မာ့ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြန်လည်တောင်းပန် လိုက်ကြောင်း သိရသည်။


''အကယ်ဒမီပေးပွဲ ပြီးခါနီး အကယ်ဒမီဆုရတဲ့ သူတွေအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန်မှာ ကျွန်တော်က ရုပ်သံတွေကနေပြီး တော့ တိုက်ရိုက်ထုတ်လွှင့်ပေးတာ ကို သတိမေ့ပြီးတော့ ပြောလိုက်တဲ့ စကားလုံးကြောင့် ပရိသတ်တွေ အားလုံးကို ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်။ တကယ်တော့ ပြေတီဦးအပေါ်မှာ သူအကယ်ဒမီ ဆုရသွားလို့ ဘာမလိုမုန်းတီးစိတ်မှ မရှိဘဲ အရင်ကတည်းက အပြင်မှာ ပြောနေကျအတိုင်း ကျွန်တော်ပြော လိုက်မိတာပါ။ အဲဒီအတွက် အား လုံးကို တောင်းပန်ပါတယ်''ဟု ယင်း ကဆက်လက်ပြောသည်။


အဆိုပါ တောင်းပန်စကားအား ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွငှ်ုပှအမေံသအနူ ၌ မြန်မာ့ရုပ်ရှင် ထူး ချွန်ဆုရရှိသူများအတွက် ကျင်းပ သည့် ဂုဏ်ပြုညစာစားပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံးဥက္ကဋ္ဌ ဦးလူမင်းသည် အကယ်ဒမီ ပေးပွဲည ပွဲပြီးခါနီးအချိန်တွင် အကယ် ဒမီဆုရရှိသူများအား မီဒီယာသမား များက မှတ်တမ်းဓာတ်ပုံ ရိုက်ယူနေ ချိန်၌ စင်မြင့်အထက်တွင် ထိုင်ပြီး မိုက်ကရိုဖုန်းကိုင်ထားကာ ယခုနှစ် အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရရှိသည့် ထပ်ဆင့် အကယ်ဒမီပြေတီဦး၏ နာမည်အား ခေါ်၍ ''ပြေတီ ပြေတီ ဟေ့ကောင် ငါဒီဘက်မှာ ထိုင်နေတယ်။ အဲဒီဆု က ငါရမှ . .. -ီးပဲ''ဟု ပြောဆို ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံး ဥက္ကဋ္ဌမှ ယင်းကဲ့သို့ ပြောဆိုခဲ့ မှုများအား အကယ်ဒမီ ပြေတီဦး အနေဖြင့် မီဒီယာသမားများ၏ မေး မြန်းမှုများအား ဖြေကြားနေခြင်း ကြောင့် သိရှိခြင်းမရှိသော်လည်း ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ် လွှင့်မှုများ ဆက်လက်ထုတ်လွှင့်နေ ခြင်းကြောင့် ယင်းကဲ့သို့ ပြောဆိုခဲ့ သည့် ဦးလူမင်းအပေါ် ပရိသတ် အများစုမှ ဝေဖန်မှုများ ရှိခဲ့သည်။


ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းမှာ ဥက္ကဋ္ဌ ဦးလူမင်းနှင့် သရုပ်ဆောင် ပြေတီဦးတို့ အပြင်တွင် တွေ့ဆုံခဲ့သည့် အခါများ၌ ယင်းသို့ပင် တစ်ယောက် နှင့် တစ်ယောက် ခင်မင်မှုအရ နောက် ပြောင်ပြောဆိုလေ့ရှိသည်။

NN

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
 
--Yangon Media Group --

27 Dec 2014

အဲအေးရှား လေယာဉ်တစီး အင်ဒိုနီးရှားမှ စင်ကာပူသွားစဉ် ပျောက်ဆုံးနေ


အဲအေးရှား လေယာဉ်တစီး အင်ဒိုနီးရှားမှ စင်ကာပူသွားစဉ် ပျောက်ဆုံးနေ

ကြားဖြတ်သတင်း

အဲအေးရှား QZ 8501 ခရီးသည်တင် လေယာဉ်တစင်းသည် အင်ဒိုနီးရှားနိုင်ငံမှ
စင်ကာပူနိုင်ငံ သို့ ပျံသန်းစဉ် ပျောက်ဆုံးနေကြောင်း ဘီဘီစီ၊ CNA သတင်းများတွင်
ဖော်ပြထားသည်။

လေယာဉ်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး အသေးစိပ် မသိရသေးပေ။
လေယာဉ်ပေါ် တွင် လေယာဉ် အမှုထမ်း၊ ခရီးသည် မည်မျှ ပါဝင်သည်ကိုလည်း
အသေးစိပ် မသိရသေးပေ။

The Irrawaddy

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ



၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ..

အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (ဇာတ်ကား - နင်စေရင်)

အမျိုးသမီး ဇာတ်ဆောင်ဆု - ဝတ်မှုံရွှေရည် (ဇာတ်ကား - နင်စေရင် )

 

ဒါရိုက်တာ - ဝိုင်း ( ဇာတ်ကား - စေတန်ရဲ့ ကချေသည်)

အမျိုးသားဇာတ်ပို့ဆု - မင်းဦး (ဇာတ်ကား - နင်စေရင်)


 

အမျိုးသမီး ဇာတ်ပို့ဆု - ခိုင်သင်းကြည် (ဇာတ်ကား - စုန်းပြူး)

ရုပ်ရှင်နောက်ခံ တေးဂီတ ဆု - စန္ဒယားတင်ဝင်းလှိုင် (ဇာတ်ကား - ကြယ်စင်မော်ကွန်း)

မြန်မာနိုင်ငံသားများအားသတ်ဖြတ်သည့်တရားခံ ၁၁ ဦးအမိန့်ချရန်တစ်ပတ်ရွှေ့

 
 
မလေးရှား (ပီနန်း)
သတင်း (27.12.2014)

ပီနန်းရှိ မြန်မာနိုင်ငံသား အယောက် ၂၀ သေဆုံးမှု နှင့်ပတ်သက်ဆက်ဆပ်နေသော တရားခံ ၁၁ ဦးအား အပြီးသတ်အမိန့်ချရန် အတွက် ရက်သတ္တတစ်ပတ် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ပီနန်း ခရိုင် ဂျာဝီတရားရုံး မှာ မနေ့က တရားဝင်သတင်းထုတ်ပြန်လိုက်သည် ။

တောင်ပိုင်းခရိုင် Seberang Pra မှ ရဲအရာရှချုပ်က အောက်ခြေအထိ လိုအပ်သော စစ်ဆေးမေးမြန်းမှုများအဆုံးမသတ်သေးသောကြောင့် ယခုကဲ့သို့တစ်ပတ် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းလည်း သတင်းဌာနများကဖော်ပြသည် ။

အော်ပရာစီ ကီလားဟု အမည်ပေးထားသောစစ်ဆင်းရေးတွင် အသက် ၂၀ မှ ၄၀ ကြား တရားခံ ၁၇ ဦးအား ဖမ်းဆီးရရှိထားကြောင်း ထိုသူများထဲမှ ယခု ၁၁ ဦးအား အမိန့်ချရန် ဒီဇင်ဘာ 30 ရက်သို့ ရွှေ့ဆိုင်းထားခဲ့ကြောင်း ။

မေးခွန်းများအပြီးသတ်မေးမြန်းရန် လိုအပ်ချက်ကြောင့်ယခုကဲ့သို့ရွှေ့ဆိုင်းထားကြောင်း ။

လွန်ခဲ့သည့် မြန်မာနိုင်ငံသား ၁၈ ဦင်္း ဆင်တူ အသတ်ခံရမှု အတွက် ပီနန်းရဲဌာနချုပ်မှ အလိုရှိသည့် လူသတ်မှု နှင့်ဆက်ဆပ်သော အဓိက တရားခံ ၂ ဦးအား အထူးရှာဖွေဖမ်းဆီးခဲ့ကြောင်း ။

ယခု ဒီဇင်ဘာ လဆန်းက အဆိုပါ လူသတ်မှု အတွက် အဓိကတရားခံနေထိုင်ရာ အိမ် အား Kampung Pisang, Machang Bubok တွင် ရှာဖွေတွေ့ရှိခဲ့ပြီးနောက်အခြား ပါဝင်ပတ်သက်သော တရားခံများကို ဖော်ထုတ်ဖမ်းဆီးထားပြီဖြစ်ကြောင်း ။

လူသတ်ရာတွင် အသုံးပြုသည်ဟု ယူဆရသော ဓားရှည် 3 လက်အားလည်း သက်သေခံအဖြစ်ရရှိထားပြီးဖြစ်ကြောင်း ၊ ယခု ဖမ်းဆီးထားသူ ၁၇ ဦးရှိပြီး
ထိုသူများအား စစ်ဆေးခဲ့ရာမှ ပီနန်းရှိ မြန်မာနိုင်ငံသားများအား သတ်ဖြတ်မှု ၁၈ မှုတွင် ၈ မှုကို ဖော်ထုတ်ရရှိပြီးဖြစ်ကြောင်း ။

အလောင်းများအားလုံးအား စောင်ဖြင့်ထုတ်ကာ ပစ်ထားသည့် လူသတ်မှု များအားလုံးတွင် အလောင်းများအား ဓားချက်ပေါင်းများစွာ နေရာအနှံ ခုတ်ထစ်သတ်ဖြတ်ထားကာ ဒီဇင်ဘာ ၈ ရက်နေ့အထိ ခန္ဒာကိုယ် အစိတ်ပိုင်း စုစုပေါင်း ၃၄ ခု ရရှိခဲ့ကြောင်း ။

မြန်မာနိုင်ငံသား အဖြစ် ၂၀ ဦး အတည်ပြုနိုင်ခဲ့ကာ အတည်မပြုနိုင်သေးသော အလောင်းများလည်းရှိနေသေကြောင်းကို ..

ယမာန်နေ့ထုတ် မလေးရှားသတင်းစာများတွင်ဖော်ပြခဲ့ကြောင်း တင်ဆက်ပေးရပါသည် ။


မလေးရှားရောက်မြန်မာများ Official Facebook Page
www.facebook.com/mmrinmy


မင်းအုပ်စိုးကို လူသတ်မှုဖြင့် အင်းစိန်ထောင် ပို့လိုက်ပြီ

မင်းအုပ်စိုး ၊ မနုနုယဉ် (ခ) တေးနုယဉ်
အခင်းမဖြစ်ပွားခင် ရက်ပိုင်းအတွင်းက တွေ့ရသည့် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုး (ဓာတ်ပုံ – သဲသဲ / ဧရာဝတီ)


သရပါ မဂ္ဂဇင်း အယ်ဒီတာဖြစ်သူ မနုနုယဉ်(ခ) တေးနုယဉ်အား ထိုးကြိတ်ရာမှ သေဆုံးခဲ့မှုကြောင့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ယမန်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် လူသတ်မှုဖြင့် အမှုဖွင့် ရုံးထုတ်၍ ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သတင်းရရှိသည်။


ဒီဇင်ဘာလ ၂၅ ရက် နံနက် ၂ နာရီ အချိန်ခန့်တွင် မင်းအုပ်စိုးက ညီမ၀မ်းကွဲဆိုသူ သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ်(ခ) တေးနုယဉ်အား ၄င်း၏နေအိမ်တွင် လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တချို့၏ ထွက်ဆိုချက်များအရ သိရသည်။


ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က“သူ့(မင်းအုပ်စိုး)ကို ရမန်ယူပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပြီ။ ပုဒ်မ လူသတ်မှု ၃၀၂ နဲ့ အမှု ဖွင့်ထားတယ်။ လာမယ့် ဇန်န၀ါရီ ၈ ရက်နေ့ ရုံးထုတ်စစ်ဆေးမယ်”ဟု ဧရာဝတီသို့ ပြောသည်။


မင်းအုပ်စိုး အနေဖြင့် ပြစ်မှုကျူးလွန်ချိန်တွင် မှုးယစ် ဆေးဝါး သုံးစွဲထားခြင်းရှိ၊ မရှိနှင့် သေဆုံးသူ မနုနုယဉ် (ခ)တေးနုယဉ်သည် ၄င်း၏ ညီမ၀မ်းကွဲ ဟုတ်မဟုတ်ကိုမူ ဗဟန်းရဲစခန်းက အတည်မပြုခဲ့ပေ။
လက်ရှိတွင် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ်(ခ)တေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ရန် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်များ ရယူရန် တရားရုံးတွင် ရမန် (၁၅ ရက်) ယူထားကြောင်း ဗဟန်းရဲစခန်းက ပြောသည်။


သရပါ မဂ္ဂဇင်းနှင့် သရ၀ဏ် ဗီဒီယို ထုတ်လုပ်ရေး ပိုင်ရှင် မင်းအုပ်စိုး နေအိမ်တွင် မဂ္ဂဇင်း ထွက်ရက်နှင့် ဗီဒီယို ဇာတ်ကား ထွက်ရက် များတွင် ၀န်ထမ်းများ ညအိပ်ရလေ့ရှိကြောင်း မင်းအုပ်စိုးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပြသည်။


မင်းအုပ်စိုးကို ဗဟန်းမြို့နယ် ရဲစခန်းတွင် သွားရောက် တွေ့ဆုံခဲ့သူ၏ ပြောပြချက်အရ မနုနုယဉ် သေဆုံးမှုနှင့်ပတ်သက်ပြီး မင်းအုပ်စိုး အနေဖြင့် မယုံကြည်နိုင်မှုများ ဖြစ်နေကြောင်း၊ ရန်ကုန်သို့ ရောက်ရှိနေသည့် မနုနုယဉ် အမေ ၏ ကျန်းမာရေး ဂရုစိုက် ပေး ရန်နှင့် သေဆုံးသူ မြေကျသည်အထိ ကောင်းကောင်းမွန် ဆောင်ရွက်ပေးရန် သူ့ မိသားစုဝင်များအား မှာကြားခဲ့ကြောင်း သိရ သည်။


“ကျမ သူ့ကို သွားတွေ့ပြီး အစ်ကို ဘယ်လို ဖြစ်တာလဲ မေးတော့ သူက “တေးနု’’ တကယ် သေသွားပြီလားတဲ့ ဒါပဲ ပြောတယ်”ဟု မင်းအုပ်စိုးနှင့် နီးစပ်သူ မိတ်ဆွေ အိုအေစစ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုး က ပြောသည်။
သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ၄င်းနေထိုင်ရာ ဖိုးစိန်လမ်းရှိ လုံခြုံရေး ၀န်ထမ်း ၂ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖိုးစိန်လမ်းရှိ အမိုက်ပုံ မီးရှို့ခဲ့မူကြောင့် ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခံရခြင်းတို့လည်း ဖြစ်ပွားခဲ့ဖူးသူ ဖြစ်သည်။


ဧရာဝတီ
 

အကယ်ဒမီစာရင်းက ဖယ်ရှားသင့်သူများ



ပြက္ခဒိန်တစ်နှစ်ကုန်ဆုံးလု နီးချိန်ရောက်တိုင်း ကာယကံရှင် သရုပ်ဆောင်တွေရော၊ ၀ါသနာရှင် ပရိသတ်တွေပါ ရင်ခုန်စိတ်လှုပ်ရှားကြမြဲဖြစ်တဲ့ ‘‘အကယ်ဒမီ’’ဆိုတဲ့ဝေါဟာရကို မြန်မာအဘိဓာန်မှာ တွေ့ရမလားလို့ ကျွန်တော်လှန်ရှာကြည့်သေးပေမယ့်ဘာကြောင့်မှန်းမသိထည့်သွင်း ဖော်ပြထားတာမတွေ့ရပါဘူး။


သူ့နည်းတူအသုံးကြာလာ လို့ မွေးစား  စာလုံးဖြစ်နေရတဲ့ အယ်ဒီတာတို့၊ အင်ပါယာတို့၊ အောက်စီဂျင်တို့လို  ဝေါဟာရ တချို့ကိုတော့  တွေ့ခဲ့ရပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားလုံးဟာ မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီးသား မို့ အဓိပ္ပာယ်အကျယ်ကို သိနေကြ မှာဖြစ်တဲ့အလျောက် ကျွန်တော့် သဘောဆို မိမိကျရာ ဇာတ်ရုပ်ကိုသဏ္ဌာန်လုပ် သရုပ်တူအောင် ထူးချွန်ပြောင်မြောက်စွာ တင်ဆက် ပြသနိုင်မှုကြောင့် အမွှမ်းတင်ချီး မြှောက်ခံရခြင်းလို့ပဲ အနီးစပ်ဆုံး ဖွင့်ဆိုကြည့်ချင်ပါတယ်။
တကယ်တမ်းပြောကြကြေး ဆို ရုပ်ရှင်အနုပညာအကြောင်း ကျွန်တော်ကျွမ်းကျင်လှတာ မဟုတ်ပါဘူး။


 အဲ . . . ဒါပေမဲ့ ‘‘သဏ္ဌာန်လုပ် သရုပ်တူမှု’’တည်း ဆိုတဲ့ သရုပ်ဆောင်အတတ်ပညာ အကြောင်းတော့ အတန်အသင့် လောက် တီးခေါက်မိထားသူ စာ ရေးသမားတစ်ယောက်ပီပီ မျက် မှောက်မြန်မာ့နိုင်ငံရေးထဲက ဖြစ်ပျက်ပြောင်းလဲမှုတွေကိုရော၊ ကကြိုးကကွက်တချို့ အပေါ်ပါ မျက်ခြည်အပြတ်မခံဘဲ၊ တာဝန်ခံရမှာပါ။ ဒါကြောင့်အခုလည်း ၂၀၁၄ အတွင်း ပရိသတ်ပြည်သူတွေ ထူးထူးခြားခြားထိခိုက်ခံစားခဲ့ရတဲ့ လက်လှမ်းမီရာ ဇာတ်ဝင်ခန်းတွေသာမက နှစ်ခြိုက်သဘောခွေ့ခဲ့တဲ့ ဇာတ်ကွက်တွေကိုပါ အကဲဖြတ်စောကြောသွားချင်တာဖြစ်တဲ့အလျောက်ပထမဆုံးတော့ မူလနဂိုအနေ အခင်းအကျင်းလို့ ပြောရမယ့် ပေးထားချက်ဇာတ်ရုပ်ကို ပြန်မြင်ယောင်ကြည့်ရှုထားရဦးမယ် လို့ထင်ပါတယ်။


  စာဖတ်သူပရိသတ်အ ပေါင်းသိမှတ်ထားကြတဲ့အတိုင်း ဆို မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရ အဖွဲ့အပါအ၀င် အဓိကနေရာ အသီးသီးက လှုပ်ရှားကပြနေသူ အားလုံးနီးပါးဟာ ယခင်စစ်အစိုး ရအဖွဲ့ဟောင်းက သူတွေချည်း ဖြစ်ခဲ့တာမို့ အထူးအားဖြင့် ‘‘မူ သာပြောင်းပြီး လူမပြောင်းသေး တဲ့ အစိုးရ’’လို့ သူသူ၊ ငါငါခေါ် တွင်နေကြတာကိုက ဒါဟာ နောက်ခံမူလဥပဓိရုပ်ဆိုတာ အရှင်းသားနားလည်နိုင်မယ် ထင်ပါတယ်။ ထား။ ဘယ်လိုပဲဖြစ်ပါစေ ၂၀၁၄ အတွက် မြန်မာနိုင်ငံ၊ မြန်မာပြည် သူတွေနဲ့   မြန်မာအစိုးရကို (၂၀၁၃  မကုန်ခင်ကတည်းက) ကြိုနှင့်နေတဲ့ အဓိကဇာတ်လမ်း ကျောရိုးကြီးအဖြစ် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို တွေ့ခဲ့ရသလိုအဲဒီကိစ္စကို   အကြောင်းပြုလို့ပဲ သမ္မတဦးသိန်းစိန်နှုတ်က ထွက် ကျလာတဲ့ ဒိုင်ယာလော့ခ်တချို့ ဟာ ၂၀၁၄ ကို ကြိုဆိုရာ ရောက် ခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ 


တကယ်ဆို အခြေခံဥပဒေအရေး ဟာ သမ္မတ၊ တပ်ချုပ်နဲ့ လွှတ် တော်အကြီးအကဲတွေအားလုံးက ခေတ်နဲ့ အညီပြင်ဆင်သွားရမယ်  တို့၊ အများဆန္ဒအတိုင်း ပြင်ဆင် ပြောင်းလဲနိုင်ပါတယ်တို့ ဆိုတာ မျိုးတွေ လူသိရှင်ကြားပြောထား ပြီးသားမို့ သာမန်အားဖြင့်ဆိုရင် စိတ်အေးစရာလို့တော့ ထင်နိုင်ပေမယ့် ပြည်သူလူထုကြားကျယ် ပြန့်စွာ ဂယက်ထလာခဲ့တာမို့ ညင်သာစွာ ကျော်လွှားသွားနိုင်ရေး မျှော်မှန်းချက်ကို ဆုပ်ကိုင်ပြီး လူ ထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်က လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးကို စာပို့ တောင်းဆိုလိုက်တော့တယ်။


ဒီမှာတင်ပဲ တစ်ပတ်လောက်အကြာ ဧရာဝတီတိုင်းက ငွေ ဆောင်မြို့နယ်ခွဲနဲ့ ရန်ကုန်တက္က သိုလ်စိန်ရတုခန်းမတွေမှာ ပြောခဲ့ တဲ့ သမ္မတဦးသိန်းစိန်မိန့်ခွန်းထဲ ဘာတွေပါလာသလဲဆိုတော့ ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်း တွေရှောင်ရှားဖို့ဆိုတာနဲ့ မင်းသား
ကြီးမလုပ်ရလို့  ပတ်မကြီးထိုး ဖောက်ချင်တဲ့  စိတ်ဓာတ်တွေ ဖျောက်ဖျက်ပစ်ရမယ်ဆိုတဲ့ ဒိုင် ယောလော့ခ်တွေပေါ့။ ပြန်စဉ်း စားကြည့်တော့ ဒီလိုအသုံးအနှုန်း မျိုးတွေဟာ ၉၀ ပြည့်နှစ်အလွန် မြန်မာ့နိုင်ငံရေးမုန်တိုင်းထန်နေ စဉ်ကာလတွေတုန်းကသာ ရေပန်းစားခဲ့ဖူးတာအားလုံးလည်း အသိမို့ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့ အံ့အားသင့်မိကြတာ အမှန်ဖြစ်ပေမယ့် သြော် . . .  ဒါ ကလည်း ဖြစ်တတ်တဲ့ ဇာတ်လမ်း၊ဇာတ်ကွက်သဘာဝတွေအရ လွမ်းခန်းရှိသလို ကြမ်းခန်းလည်း ရှိနိုင်တာပဲလေဆိုပြီး အခိုက်အ တန့်ခံစားမိတာကလွဲလို့ ဖြေ လျှော့နိုင်ခဲ့ကြတာပဲ မဟုတ်လား။


   တကယ်တော့ ၂၀၁၄ အတွင်းမှာ အခြေခံဥပဒေပြင် ဆင်ရေးအကျပ်အတည်းကြီးဟာ ဇာတ်တစ်ခုလုံးကို လွှမ်းနေတာနဲ့ မခြား ယူဆရမလိုဖြစ်ခဲ့ပေမယ့် ဒါထက်ပိုပြီး စိတ်လှုပ်ရှားစရာတွေ ကောင်းနေတာက ဇာတ်သဘော ပီသစွာ အလှည့်အပြောင်းတွေ၊ အကွေ့အ၀ိုက်တွေ၊ အတက်အ ကျတွေ၊ အဖိအဖော့တွေနဲ့ မထင် မှတ်ရတဲ့လှည့်ကွက်၊ မြှုပ်ကွက် အချို့ကိုပါ ရှုမြင်ခံစားခဲ့ကြရသေး လို့ပါ။    တခြားမကြည့်ပါနဲ့၊ ပီအာရ်ကိစ္စဆိုတာ တစ်နိုင်ငံလုံး ကျွက်ကျွက်ညံပြီးမှသာအေးသွား ခဲ့ပေမယ့် လှစ်ခနဲ ဖြတ်ဝင်လာ လိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့ လို့လဲ။  တစ်ဆက်တည်းပြော လိုက်ရရင်  ပီအာရ်စနစ်ကျင့်သုံး ရေး၊  မကျင့်သုံးရေးအတွက် လွှတ်တော်မှာ ၀ိုင်းဝန်းဆွေးနွေး ကြစဉ်က တပ်မတော်သားကိုယ် စားလှယ်တွေရဲ့ ရပ်တည်ချက် ဖြစ်တဲ့ ‘‘ဒီတစ်ကြိမ်ကျင့်သုံးရန် မသင့်သေး’’ဆိုတာကြားလိုက်ရ တော့ ကျွန်တော်ဆို‘‘ဟာ . . . တယ်ကောင်းတဲ့ သဘောထားပါ လား’’ဆိုပြီး အဲဒီဇာတ်ဝင်ခန်းကို မှင်တက်ခဲ့ရသလောက်   မျက် တောင်မခတ်ဘဲလည်း ကြည့်နေမိရာက အခြေခံဥပဒေပြင်ဆင်ရေး အခန်းရောက်လာချိန်မှာတော့ သေပြီဆရာဖြစ်သွားရတယ်။

 ကြည့်ပါလား။ ၅၉ လည်း ခါးခါး သီးသီး၊ ၄၃၆ လည်း ပစ်ပစ်ခါခါ။ မာလိုက်တဲ့ ရပ်တည်ချက်၊ တင်း လိုက်တဲ့ သဘောထား။

ထူးမခြားနားပါပဲ။ အာဏာ ရပါတီကြီးဆိုလည်း အခြေခံဥပ ဒေပြင်ဆင်ရေးကိစ္စကို တစိုက် မတ်မတ်တောင်းဆိုနေခဲ့တာက အင်န်အယ်လ်ဒီပါတီဖြစ်ပေမယ့် လွှတ်တော်ကို ခြေမြန်၊လက်မြန် တကယ်တင်သွင်းလိုက်တာက သူမှ သူအစစ်မို့ ယုံတောင်မယုံ ချင်စရာဖြစ်ခဲ့ရသေးတာအ ဟုတ်။ နောက်ဆုံးတော့ တကယ် မှတ်လို့ ကြက်သေသေပြီး ကြောင်
ကြည့်နေမိတဲ့ ကိုယ်တွေပဲ ငုတ်
တုတ်မေ့ခဲ့ရတာ ရှက်ဖို့တောင်
ကောင်းလှသေးတော့။


  အဲဒီလိုအဝေ့အ၀ိုက်က လေးတွေနည်းတူ ပါးစပ်အ ဟောင်းသားနဲ့ တောင်ကြည့်၊ မြောက်ကြည့်ဖြစ်ခဲ့ရသေးတာ တစ်ခုက အဲဒါဘာရှိဦးမလဲ လွှတ် တော်ဥက္ကဋ္ဌကြီးပေါ့။ လုပ်ပုံပြော ပါတယ်။ ၂၀၁၅ မှာ သမ္မတဦး သိန်းစိန်ထပ်မံအရွေးခံမှာ မဟုတ် တော့တဲ့အကြောင်းသူ အခိုင်အ မာသိထားရသတဲ့။ တချို့တွေ စိတ်မကောင်းလွန်းလို့ မျက်ရည် တောင်လည်ကြတယ်ဆိုလား။ ထင်မြင်ချက်တွေရော၊ သုံးသပ် မှန်းဆချက်တွေပါ ပေါ်ထွက်လာ ခဲ့ပြီး ဟော . . . နောက်တစ် ရက်လည်းကျရော ပြောရေးဆို ခွင့်ကြီးက  တစ်ဆင့်ရှင်းချက် ထုတ်သံကြားလိုက်ရတယ်။ သမ္မတကြီးသဘောထားအစစ် အမှန်မဟုတ်ပါဘူးတဲ့။ အချိန် တန်ရင် ၀င်၊ မ၀င်ကိစ္စသူကိုယ် တိုင်ပြောပါ့မယ်တဲ့။


ကဲ . . . အဲဒီလိုပါဆို၊ လူ တွေမှာ ငိုရတော့မလို၊ ရယ်ရ တော့မလို၊ ထိုင်ရတော့မလို၊ ထရတော့မလို ဒါမျိုးတွေ ဖြစ် ပေါင်းလည်း မနည်းတော့ဘူး။ အေးလေ . . .ဒါကိုက ပြောင် မြောက်တဲ့ အတတ်ပညာဆိုတာ မျိုး ရပ်ကွက်ထဲမှာ မှတ်သားခဲ့ရ ဖူးသလို တကယ်ဟုတ်ချင်လည်း ဟုတ်နေမှာပေါ့။
အခုအဲဒီမနောမနည်းတွေ ထဲကပဲ သတိရလို့ ပြောလိုက်ရ ဦးမယ်။ ဘာလဲဆိုတော့ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲဖြစ် မြောက်ရေးအတွက် ဟိုက၊ ဒီက ၀ိုင်းဝန်းတောင်းဆိုပြီး ဆန္ဒတွေ ထုတ်ဖော်ပြနေကြတာ။ ၂၀၁၃ နို ၀င်ဘာ ၂၃ ရက်က စတင်ရေ တွက်
ရင် နှစ်ပေါက်ခဲ့ပြီမဟုတ်ဘူးလား။


တွေ့မယ်တွေ့တော့ အာဆီယံ အစည်းအဝေးကြီးနီးကပ်နေခါမှ ပဲ ၁၄ ပွင့်ဆိုင်ဆိုပြီး ထလုပ်လိုက် တယ်။ ဒါမျိုးကျတော်တော်အား တယ်လေ။ ပြောရရင် ဒါဟာ နောင်မှ ရင်းနှီးယုံကြည်မှုတွေရှိ လာစေဖို့အတွက် အဦးအစ ပထမ
ခြေလှမ်းပါလို့ ဘယ်လိုပဲဆိုဆို ပရိ
သတ်တွေ သိပ်ခံတွင်းမတွေ့နိုင် ဖြစ်ခဲ့ရတာက ခါတော်မီရုပ်ပြ ဆန်နေတယ်ဆိုတာထက် ဘာ ရလဒ်မှ မထွက်ပေါ်ခဲ့ဘဲဖြစ်က တတ်ဆန်းနိုင်လွန်းခဲ့တာကြောင့် လို့ပဲထင်မိတယ်။ တကယ်လို့သာ အခုထက် နည်းနည်းလေးစော တွေ့ခဲ့မယ်ဆိုရင် သဘာဝကျတဲ့ ပြကွက်တစ်ခုဖြစ်လာနိုင်ရုံသာမ က ရသပိုင်းအရလည်း ပိုကြွလာ နိုင်စရာအကြောင်းရှိပါလျက် အခု
တော့ သို့လောသို့လောတွေဖြစ်ခဲ့ ရတာပဲ အဖတ်တင်သွားတော့ တယ်။


ဘာတွေဘယ်လိုဖြစ်ခဲ့၊ ဖြစ်ခဲ့ ၂၀၁၄ ဇာတ်ထုပ်ကြီးတစ်ခု လုံးရဲ့အစပိုင်း၊ အလယ်ပိုင်းနဲ့ ဇာတ်သိမ်းပိုင်းမရောက်ခင်တွေ အထိ ပြန်သုံးသပ်ကြည့်ရင်း လွမ်းခန်းနဲ့ လန်းခန်းတွေထက် အကြမ်း၊ အရမ်း၊ အသွမ်းတွေက အတော်အတန်ပိုများခဲ့တာတော့ တွေ့ရပေမယ့် သရုပ်မှန်ပြကွက် တွေရော၊ ပြောင်မြောက်တဲ့ ဟန် ပန်အမူအရာတွေပါ ရှိသင့်သ လောက်ရှိနေတာကိုလည်း တွေ့ရတယ်ပြောရမှာပါ။ ဒါကြောင့် လည်း ပါဝင်တင်ဆက်ခဲ့တဲ့ သရုပ်ဆောင်အသီးသီးတို့ရဲ့ အားပြိုင် လှုပ်ရှားမှုတွေအပေါ်အကဲဖြတ် ကြည့်တဲ့အခါမှာ ဆုံးဖြတ်ဝေခွဲ ရ ခက်စေတာတွေနဲ့တောင် ကြုံခဲ့ရ သေးတယ်ဆိုရင် တချို့က ယုံချင် မှ ယုံကြလိမ့်မယ်။


ဥပမာ . . . လစဉ်ကြားနေ  ကျဖြစ်တဲ့ မိဘပြည်သူများ ခင်ဗျာ လို သံနေသံထားမျိုးဆိုပါတော့။ ရွေးကောက်ပွဲမတိုင်မီ ခြောက်လ အလိုမှာ အခြေခံဥပဒေပြင်ဆင် ပြီး ဖြစ်ရမယ်လို့ တည်ကြည်ခံ့ ညားတဲ့ အိုက်တင်မျိုးဆိုပါတော့။ သန့်ရှင်းမျှတမှုကတိစကားအပါ အ၀င် နှစ်ကုန်ပိုင်းမှာ ‘‘ကြားဖြတ်’’ကျင်းပပေးမယ်လို့ ရသမြောက် မှုမျိုးဆိုပါတော့။ နိုင်ငံကြီးနှစ်ခု ကြားမှာ ရောက်နေလို့ အခြေခံ ဥပဒေခိုင်မာမှုရှိဖို့လိုတယ်ဆိုတာ တွေလို ယုတ္တိလည်း တန်၊ အ သက်လည်းပါတဲ့ စံနှုန်းပြည့်ပြ ကွက်တွေကြောင့်ပဲ မူလဇာတ်ရုပ်ကိုတောင် မေ့ပျောက်သွားစေ လောက်အောင် ကျွန်တော်တို့ ပရိသတ်ပြည်သူတွေအယောင် ယောင်အမှားမှားဖြစ်မိကြသေး တယ်လို့ ဆိုနိုင်မှာပါ။


သြော် . . . တကယ်ဆို ‘‘သဏ္ဌာန်လုပ် သရုပ်တူရမြဲ’’ဆို တဲ့ အမှာစကားအတိုင်း ကိုယ့် အနုပညာကိုရော၊ အတတ်ပညာ တွေကိုပါ နှစ်ဆုံးချိန်အထိ ဆက် ထိန်းထားလိုက်ကြဖို့ ကောင်းတာ ပေါ့။ ဒါဆိုရင် ထူးချွန်ပြောင် မြောက်မှုအတွက် အကယ်ဒမီ စာရင်းထဲတောင် ၀င်ချင်ဝင်နိုင်ဦး မှာ။ အခုတော့ ပြီးခါနီးလေးမှ ကပ်ဖောက်သွားရတယ်လို့။


ကြည့်ပါဦး ‘‘လွှတ်တော်ထဲ ၀င်ထိန်းပေးမယ်ဆိုတဲ့ သဘောနဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါနေရ တာ’’တဲ့။ ‘‘တိုင်းပြည်မတည်ငြိမ် ဆူပူလာရင် စစ်တပ်က အာဏာ သိမ်းရမှာပဲ’’တဲ့။ ‘‘ဒီမိုကရေစီရေ ချိန်အဆင့်လိုက်ပေးသွားဖို့ အ တွက်တင်းကျပ်ထားရတာ’’ တဲ့။  ‘‘၆၂ အာဏာသိမ်းမှုမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေရှိနေသ တဲ့’’။ ‘‘တပ်မတော်ကို ထိပါးလာ လို့ ၈၈ မှာ မလွှဲမရှောင်သာ အာ ဏာသိမ်းခဲ့တာ’’တဲ့။ ‘‘အင်န် အယ်လ်ဒီ ကို အာဏာမလွှဲတာ အာဃာတတွေ ထားခဲ့လို့ပါ’’တဲ့။ အံ့ရော . . .။
စစ်တပ်အစိုးရတွေ ခြယ် လှယ်အုပ်စိုးခဲ့လို့ တိုင်းပြည်စုတ် ပြတ်မွဲပြာကျသွားရတာ တစ်ခုပဲ ထည့်ပြောမသွားဘူး။


အေးလေ၊ နောက်ဆုံးတော့ မြွေဆိုတာ အရေခွံဘယ်လို ပြောင်းပြောင်း အဆိပ်ထုတ်မ ထားရင် အန္တရာယ်ရှိနေမြဲမို့ မြွေ ဟာ မြွေပဲဆိုတဲ့ စကားအတိုင်း အခုလည်း ဇာတိအမှန်လှန်ပြ လိုက်တာနဲ့ ဘာခြားတော့မလဲ။ တကယ်ဆို ကိုယ်ရထားတဲ့ နေရာ က ဒိုင်လူကြီးနဲ့တူတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ။ တာဝန်က တခြား ပြောထွက်ခဲ့တဲ့ နှုတ်စကားကတခြား။ ဒီလိုပါပဲယုံလောက်အောင် ပါးစပ်က ဘယ်လိုပဲ အသံကောင်းဟစ်နေနေ လက်တွေ့မှာ ထင်ရာစိုင်းတတ်တာတွေ မသိခဲ့လိုတော့  မဟုတ်ပေမယ့် ခေတ်၊ စနစ်တွေ  ပြောင်းလိုက်ပြီဆိုမှတော့လည်းဘယ်ထင်ပါ့မလဲ။ ပြောရင်းဆိုရင်း အခုတောင် လက်ပံတောင်းတောင်ပေါ်မှာ လက်တွေ့ကျကျ သက်သေပြလိုက်ပြန်ပြီ။ ဟူး . . ။


စိတ်ပျက်ဝမ်းနည်းခြင်းများ စွာနဲ့အတူ ဒီမှာတင်ပဲ ‘‘၂၀၁၄ မြန်မာ့နိုင်ငံရေး’’လို့ အမည်ရတဲ့ အကယ်ဒမီစစ်တမ်းကြီးလည်း ပြီး ဆုံးခဲ့ပါပြီ။ တစ်ခုရှိတာက ကျွန် တော့်အနေနဲ့ လိုက်နာစောင့်ထိန်း ရမယ့် ကျင့်ဝတ်တချို့ရှိနေပြန် တာမို့ ထုတ်ပြန်ကြေညာမပေးနိုင် တာကို (ပွင့်လင်းမြင်သာမှုမရှိရ ကောင်းလားလို့) နားလည်မှုမလွဲ စေချင်ဘူး။


ဆုရရှိသူစာရင်းကို လော လောဆယ်လျှို့ဝှက်ထားလိုက်ရ တဲ့တိုင် ဆန်ခါတင်အဆင့်အထိပဲ ၀င်တော့မလိုလိုနဲ့  တကယ့် တကယ်မှာ  ပဏာမစာရင်းက တင် ဖြုတ်ပယ်ဖယ်ရှားထားခဲ့ရ သူတွေထဲ ဘယ်သူတွေပါဝင်သွား တယ်ဆိုတာကိုတော့ မိဘပြည် သူပရိသတ်အားလုံးလည်း ကျွန် တော်နဲ့ ထပ်တူအမြင်သဘော ထားတိုက်ဆိုင်ကြလိမ့်မယ်လို့ ယုံကြည်ယူဆမိကြောင်းပါ။


မှတ်ချက်။။ ယခုစစ်တမ်းတွင် ထည့်သွင်းစဉ်းစားစိစစ်ရန်အ တွက် အရေးပါသော ဇာတ်ဝင် ခန်းတချို့ကြွင်းကျန်သွားခဲ့နိုင်ပါ ၍ သက်ဆိုင်နေသူတိုင်းအား တောင်းပန်အပ်ပါသည်။

(စစ်တမ်းပြုစုသူ)

http://7daydaily.com

လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တက်ရောက်

သေဆုံးသူ လက်ပန်းတောင်းတောင်သူ ဒေါ်ခင်ဝင်း အုတ်ဂူကို လာရောက် အလေးပြု။ Credit to သတင်းဓာတ်ပုံ (ကိုထက်)

သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံတွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအ၀င် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာ တာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ် သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးမာ သတင်းပေးပို့ထားပါတယ် ။


လက်ပန်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဈာပနကို လက်ပန်တောင်းတောင်မှာ ထောင်ချီတဲ့ဒေသခံတွေက ချီတက် အလေးပြုခဲ့ပြီး ဆန္ဒပြတောင်းဆိုခဲ့တာပါ။ ဒီထဲမှာ အချက် ၃ချက်ကို သာ ဒေသခံတွေ က တောင်းဆိုခဲ့ကြောင်း စန်းမြ၀တီကျောင်းတိုက်က ဦးဇင်းဦးစန္ဒာသိရီက မိန့်ပါတယ်။
" သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ ကျဆုံးခဲ့တဲ့နေရာ၊ သေဆုံးခဲ့တဲ့ နေရာကို ချီတက်ပြီးတော့ ဝမ်းနည်းဖွယ် အထိမ်းအမှတ် နောက်ပြီးတော့ ဂုဏ်ပြု ချီတက်ပွဲလေး လုပ်လိုက်တယ် ဒကာမကြီး။ လက်ပန်းတောင် တောင်ဒေသ ခံတွေ က ဒေါ်ခင်ဝင်းကို အကြမ်းဖက် ပစ်သတ်လိုက်သော ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေါ့နော်။ စုံစမ်းရေး အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းပစ်ပေါ့နော်။ 


အကြမ်းဖက် သိမ်းပိုက်ခံလိုက်ရသော လယ်ယာမြေများကို ချက်ခြင်းပြန်ပေးဆိုပြီးတော့ ဒီအချက်သုံးချက်ကို ၂၆ရွာနဲ့တကွ တနိုင်ငံလုံးရဲ့ တောင်သူလယ်သမားတွေ ရဲ့ကိုယ်စား တောင်းဆိုတဲ့အချက် ကတော့ ဒီသုံးချက်ပဲ ဒကာမကြီး။ အဖွဲ့အစည်း အတော်များများရော နောက်ပြီးတော့ ဒီလက်ပန်းတောင် ပတ်ဝန်းကျင်က ကျေးရွာတွေရော၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ပေါ့ အင်အားကတော့ ကွင်းလည်းပြည့်တယ် ဆိုတော့ နှစ်ထောင်ကျော်ကျော် သုံးထောင်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒကာမကြီး။ "
ခြံစည်းရိုးကာရံထားတဲ့ အတွင်းမှာ သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေရှိနေသလို သူတို့ မြေကြီးကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူးလို့ သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဆွေမျိုးတော်စပ်သူ မိုးကြိုးပြင်ရွာသူ မဝ ကပြောပါတယ်။


" ကျမတို့ လက်ပန်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်းကို ဖျက်သိမ်းရင် အကြိုက်ဆုံးပဲ။ ကျမတို့ လယ်ယာမြေတွေကို ရောင်းမှာမဟုတ်ဘူး။ သတ်ပစ်လည်း ရောင်းမှာ မဟုတ်ဘူး။ လူကို သတ်လုလည်း ကျမတို့က ရောင်းမှာမဟုတ်ဘူး။ မရောင်းနိုင်ဘူး။ ကျမတို့က တောင်သူပဲ လုပ်စားမှာ။ သူတို့ကျွန်ကိုလည်း မခံနိုင်ဘူး။ အခုဆိုရင် သူတို့က ကျမတို့ကို ရိုက်တာ ပစ်တာ၊ ကျမတို့ အခင်းတွေကို မရောင်းနိုင်လို့ ကျမတို့ ကာကွယ်တာ၊ ကျမတို့ လက်ထဲမှာဘာမှ မပါဘူး။ သူတို့ လက်ထဲမှာက သေနတ် ပါတယ်။ ဘတ်ခွ ပါတယ်။ ဓားပါတယ်။ နံပတ်တုတ် ပါတယ်။ ကျမတို့ လူထုမှာ ဘာမှ မပါဘူး။ သေနတ်နဲ့ပစ်တာ၊ တရုတ်ဝန်ထမ်းက တူနဲ့ထုတာ။ ခြံစည်းရိုး ခတ်တယ် ဆိုလို့ရှိရင် သံပိုက်လုံးကြီးတွေနဲ့ ခတ်တယ်။ အချွန်တွေ ခတ်တယ်။ တူတွေနဲ့ ထူတယ်။ လူကိုလည်း ထုတယ်။ သူတို့ သံလုံးကိုလည်း ထုတယ်။ အကုန်ထုတာ။"


ပြီးခဲ့တဲ့ရက်က ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံမူအတွင်းမှာ ဒေသခံလူထုနဲ့ ကုမ္ပဏီဝန်ထမ်းတွေ ကုမ္ပဏီကို အကာကွယ်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေ တင်းမာမူဖြစ်အပြီးမှာ လူတဦးသေဆုံးပြီး ဒါဇင်နဲ့ ချီတဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာပါ။ မြန်မာအစိုးရပိုင် သတင်းတွေမှာတော့ ကြေးနီး စီမံကိန်းခြံစည်းရိုး ကာရံတာကိုအနှောက်ယှက်ပေးတာကြောင့် ပဋိပက္ခဖြစ်ပွားပြိးလူတဦးသေဆုံးကာ ဒေသခံတွေနဲ့ ရဲတွေ ဒဏ်ရာရခဲ့တယ် လို့ ရေးသားထားပါတယ်။ ဒီအတွက် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ဖြစ်တဲ့၁၂ ဗို့ပြောင်းချောသေနတ်ကို သုံးခဲ့ရတယ်လို့ဆိုပါတယ်။


ဒေသခံတွေကတော့ သူတိုရဲ့မြေတွေ သိမ်းဆည်းခံလိုက်ရတဲ့အတွက် ဆည်တဲရွာတရွာလုံးကတော့ နောက်ထပ် စိုက်ပျိုးစားသာက်စရာမြေတွေ မရှိတော့တဲ့အတွက် တောင်သူတွေရဲ့ စားဝတ်နေရေး အတွက် အခက်အခဲတွေ ကြုံရတော့မယ်လို့ ဆိုပါတယ် လက်ရှိမှာလည်း ရွာမီးရှို့မယ် ဆိုတဲ့ သတင်းတွေ ကြားနေရတာကြောင့် ရိပ်သိမ်းပြီးသားပဲနှမ်းတွေ ပြောင်းရွှေ့နေရသလို စိုက်လက်စ မရိတ်သိမ်းရသေးတဲ့ ပဲနှမ်းတွေကတော့ ဆုံးရှုံးနစ်နာခဲ့ရပြီလို့လည်း ဆိုပါတယ်။ ဒီထဲမှာ ခြံစည်းရိုး ကာရံထားတဲ့နေရာတွေမှာ လျှပ်စစ်ဓါတ်တွေ လွှတ်ထားတယ် ဆိုတဲ့သတင်းတွေကြောင့် ကျဲနွားတိရစ္ဆာန်တွေ ရွာသားတွေအတွက် စိုးရိမ်ပူပန်မူတွေလည်း ရှိနေပါတယ်။


 မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကို ခြံစည်းရိုးကိုလျပ်စစ်ဓါတ်အားတွေ လွှတ်ထားတာ ဟုတ်မဟုတ် ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဒီသတင်းမဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။
မအေးအေးမာ (VOA) - ခြံစည်းရိုးကာထားတဲ့ သွပ်ဆူးကြိုးတွေ နေရာမှာ လျှပ်စစ်ဓာတ်အားတွေ လွှတ်တယ်ဆိုတာ ဟုတ်ပါသလား။


မြန်မာဝမ်ပေါင်- ဟာ မရှိဘူး။ မရှိဘူး။ အဲ့တာဟာ ကောလဟာလပဲ။ အဲ့တာမရှိဘူး။
ရန်ကုန်မြို့မှာတော့ ညနေပိုင်းမှာ အင်အား ၆၀ ခန့်ရှိတဲ့ တက်ကြွလှုပ်၇ှားသူတွေ စုဝေးပြီး တရုတ်သံရုံးရှေ့မှာဆန္ဒပြနေကြပါတယ် နစ်နာကြေး မယူထားတဲ့မြေတွေ သိမ်းဆည်းခံရတာတွေ ဟာ ဒေသခံတဦး သေဆုံးရတဲ့အထိ အခြေအနေတွေ ဖြစ်ခဲ့ ရတယ် ဆိုပြီး ဆန္ဒပြသူတွေကဆိုပါတယ်။ တရုတ် ကုမ္ပဏီဖြစ်တဲ့ မြန်မာ ၀မ်ပေါင် ကုမ္ပဏီ ၀န်ထမ်းတွေရဲ့ ဒေသခံတွေအပေါ် ကိုယ်ထိ လက်ရောက် ကျုးလွန်မူတွေ ရှိတာကြောင့်ဆိုပြီး တရုတ်အစိုးရမှာတာဝန်ရှိတယ်ဆိုကာ တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။


VOA

လိပ်ကျွန်းလူသတ်မှု သက်သေစာရင်း တင်သွင်း

လူသတ်မှု စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦးသတ်ဖြတ်ခံရမူနဲ့ ပတ်သက်လို့ မြန်မာ လူငယ်၂ဦးကို စွပ်စွဲထားတဲ့အတွက် မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ လိပ်ကျွန်းကိစ္စ အထူးစုံစမ်းရေးကော်မတီက ဒီအမှုမှာ ခုခံချေပမယ့် သက်သေ ၃၁ဦးပါ စာရင်းနဲ့ သူတိုရဲ့ ထွက်ချက် အထောက်အထားတွေကို ကော့စမွေ တရားရုံးမှာ သောကြာနေ့ က တင်သွင်းခဲ့ပါတယ်။ ထိုင်းရှေ့နေများကောင်စီ က တောင်းဆို ထားတဲ့ နိုင်ငံခြားသား ၂ဦး အား သက်သေ စစ်ဆေးခွင့်ရဖို့ကိုလည်း တရားသူကြီး ကခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘာလှည့် ခရီးသွားအများအပြား လာလည်ကြတဲ့ ကော့သောင်ကျွန်း လို့ ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်က ဗြိတိန်နိုင်ငံသား လူငယ် ၂ဦး သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီသတ်ဖြတ်မူနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသား လူငယ်၂ဦး ကို ထိုင်းရဲတွေက လူသတ်မှု၊ မုဒိန်းမှုစတဲ့ ပုဒ်မတွေ အပါအ၀င် ပုဒ်မ ၇ခုလောက်နဲ့ တရားစွဲထားပါတယ်။  မြန်မာလူငယ်တွေကတော့ စစ်ဆေးမေးမြန်း စဉ်မှာ ခြိမ်းခြောက်မှု၊ နှိပ်စက်မူတွေကြောင့် သူတို့ ၀န်ခံရပါတယ် လို့ ပြောဆိုပြီး သူတို့ရဲ့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီ့အတွက် မြန်မာ သံရုံးက အထူးစုံစမ်းရေး အဖွဲ့ဖွဲ့ပြီး ရှေ့နေ ၁၂ဦးနဲ့ ခုခံချေပဖို့ ပြင်ဆင်ခဲ့တာပါ။

ကော့စမွေတရားရုံးမှာ ရုံးထုတ်ချိန် နှစ်ဖက်သက်သေတွေ ရဲ့ စာရင်း အထောက်အထားတွေကို တင်ပြရာမှာ မြန်မာ လူငယ်၂ဦးအတွက် သက်သေ (၃၁ဦး) စာရင်းကို တင်ပြခဲ့ကြောင်း မြန်မာသံရုံး က တာဝန်ပေးထားတဲ့ အထူး စုံစမ်းရေးကော်မတီက ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

"တရားသူကြီး အမိန့်ပြောတဲ့အတိုင်းပါပဲ။ အခု ၂၆ရက် ၁၂လ မတိုင်ခင်မှာ နှစ်ဖက် သက်သေတွေ တင်မယ်။ သက်သေ စာရင်းတွေ တင်မယ်။ တရားလိုဘက်က သက်သေ (၆၅) ယောက်တင်ပါတယ်။ ကျနော်တို့ဘက်က သက်သေ (၃၁) ယောက်တင်တယ်။ နိုင်ငံခြားသားသက်သေ (၂)ယောက်ပါပါတယ်။ ရက်ချိန်းကတော့ ရှေ့နှစ် ၇လပိုင်းမှာ စမှာပါ။ ပြန်ပြီးတော့ ၇လပိုင်း ၈ရက်နေ့လောက်မှ တရားလိုပြသက်သေတွေကို စစ်မယ်။ ပြီးလို့ရှိရင် ၈လပိုင်းမှာ တရားလိုပြသက်သေ ၆၅ယောက် စလုံးကို အပြီးစစ်မယ်ပြောပါတယ်။ ပြီးတော့ ၉လပိုင်းမှာ ကျနော်တို့ တရားခံပြသက်သေ တွေကိုစစ်မယ်။ ကျနော်တို့မြင်တာတော့ ကျနော်တို့ ဆောင်ရွက်ရတာ တရားရုံးအခြေအနေ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းကဆိုရင် တရားရုံးက အလျင်စလို ဆောင်ရွက် ထားတဲ့အတွက် မြန်မြန်စစ် မြန်မြန်အပြစ်ပေးမယ့်ပုံစံမျိုးဖြစ်နေတာ။  ဒါပေမဲ့ ဒီနေ့ကတော့ ကျနော်တို့ပြောချင်တာကို ပြောခဲ့ရတယ်။ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးအတိုင်းပဲ ၇လ၊ ၈လ ခွာပြီး ချိန်းလို့ရခဲ့ပါတယ်။ ၇လပိုင်း ၈ရက်နေ့ဆိုရင် သက်သေတွေကို ရှာဖွေမယ်။ တကယ်တန်ဖိုးရှိတဲ့ သက်သေတွေကို ရွေးထုတ်မယ် ဆိုတဲ့ အချိန်ရသွားတာပေါ့။ "

မြန်မာနိုင်ငံသား သက်သေ ၂၀ကျော်ဟာ လူသတ်မှုဖြစ်ချိန် လိပ်ကျွန်းမှာ ရှိနေကြ သူများဖြစ်ပါတယ်။ သူတို့သက်သေ ထွက်ပေးဖို့ အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နဲ့ တိုင်းဒေသအလိုက် အစိုးရအဖွဲ့တွေ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေက အကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တရားရုံးထုတ်ချိန်တုန်း ကတော့ ကော့တောင်ကျွန်း လူသတ်မှု အခြေအနေ ကို သိနိုင်တယ်လို့ ယူဆထားတဲ့နိုင်ငံခြားသား ၂ဦးကိုလည်း ထိုင်းရှေ့နေများကောင်စီ က သက်သေ အဖြစ် ခေါ်ယူခွင့်ပေးဖို့ တောင်းဆို ထားပါတယ်။ ဒီတောင်းဆိုချက်ကို တရားရုံးက လက်ခံခဲ့ကြောင်း အထူး စုံစမ်းရေးကော်မတီက ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်ကဆိုပါတယ်။

" ကျနော်တို့က တောင်းဆိုထားတော့ အဲ့တာကို တရားသူကြီးက အကြမ်းဖျင်းပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက တောင်းဆိုထားတော့ လက်ခံထားပါတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်တော့ စစ်ခွင့်ပေးမယ်ဆိုတာတော့ ဒီနေ့ အတိအကျ မပြောသေးပါဘူး။ ဆိုလိုတာက ထိုင်းထဲမှာရှိရင်တော့ ခေါ်စစ်ပိုင်ခွင့် ပေးမယ်ပေါ့။ ထိုင်းထဲမှာမရှိတဲ့သူဆိုရင်တော့ သူတို့ အတိအကျမပြောပါဘူး။"

နိုင်ငံခြားသား၂ဦးအနက် တဦးကတော့ သေဆုံးသူရဲ့  မိတ်ဆွေဖြစ်ပြီး နောက်တဦး ကတော့ အဲ့ဒီကျွန်းက ကျွန်းသူကြီး ပိုင်တဲ့ AC ဘားမှဂီတာတီးပြိးအလုပ်လုပ်နေသူ တဦးဖြစ်ပါတယ်။ သူတို့ဟာ ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ်ခံရတဲ့ နောက်တနေ့ မှာပဲ ကျွန်းကနေ ထွက်ခွါခဲ့ကြသူများဖြစ်ပါတယ် ။ သူတိုကို ထိုင်းရဲက မေးမြန်း စုံစမ်းမှု အနည်းငယ် လုပ်ခဲ့ပေမဲ့ သူတို့ဟာ လူသတ်မှုနဲ့ မသက်ဆိုင်ဘူး ဆိုပြီး ပြန်ခွင့်ပေးခဲ့တာဖြစ်ပါတယ် ။

အဲ့ဒီ့အချိန်တုန်းက တဦးကတော့ သူရဲ့အခန်းမှာ သွေးစွန်းနေတဲ့ အ၀တ်အစားတွေ ရှိနေပြိး နောက်တဦးကတော့ သေဆုံးသူ တိုက်ခိုက်ခံရတဲ့ ဒဏ်ရာဒဏ်ချက်မျိုးတွေ ကို သူခန္ဓာကိုယ်ပေါ်မှာတွေ့ ရှိခဲ့တာပါ ။ ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက သူတိုကို ထိထိရောက်ရောက် စစ်ဆေးမေးမြန်းတာမျိုးတွေ မလုပ်ခဲ့ဘူးဆိုပြီး ထိုင်းလူမူကွန်ယက်တွေမှာတော့ ဝေဖန်ခဲ့ကြပါတယ်။

ဒါအပြင် သူတို့တွေဟာ လိပ်ကျွန်း လူသတ်မှု အဖြစ်အပျက်တွေကို မျက်မြင် သိရှိနိုင်တဲ့ လူများဖြစ်တယ်လို့ ထိုင်းရှေနေများကောင်စီကလည်း ယုံကြည်နေ ပါတယ်။ ဒီအတွက် သူတို့တွေဟာ ထိုင်းနိုင်ငံမှာ မရှိတော့ဘူးဆိုရင် စုံစမ်းရေးအဖွဲ့ အနေနဲ့ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို မေးကြည့်ခဲ့ပါတယ်။

" အဲ့တာတော့ သူ့ဥပဒေအရ အဲ့လိုခေါ်လို့ရလား၊ မရလားဆိုတာတော့ ကျနော်တို့ ထိုင်းရှေ့နေတွေနဲ့ ညှိရမယ်လေ။ တကယ်လို့ မြန်မာအစိုးရဘက်က သူတို့နိုင်တဲ့ဘက်က ကျနော်တို့ အကြံပေးတဲ့အတိုင်းတော့ သူတို့ကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ ဆိုတော့ တကယ်လို့ ထိုင်းရှေ့နေတွေက ကျနော်တို့ သံရုံအထူးကိုယ်စားလှယ် အဖွဲ့ကနေတဆင့် ခေါ်သင့်တယ် ခေါ်ရမယ်ဆိုရင် ကျနော်တို့ ထိုင်းအစိုးရကို တရားဝင်စာတင်ပြီး ခေါ်မှာဖြစ်ပါတယ်။"

ဒီနေ့ ကော့စမွေ တရားရုံးမှာစွပ်စွဲခံရသူတွေကို ရုံးထုတ်စစ်ဆေးချိန်မှာ မိသားစုဝင်တွေနဲ့ ရခိုင်ဘုန်းတော်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သက်သေတွေ ထွက်နိုင်ဖို့အတွက် နောက်ထပ် အချိန်လ နှစ်ဝက်ကျော် အချိန်ရတဲ့အတွက် အကောင်းဆုံး ပြင်ဆင်မူတွေ လုပ်သွားမှာဖြစ်သလို စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ဦး အာမခံရနိုင်ဖို့ကိုလည်း ကြိုးစားလုပ်ဆောင်သွားမယ်ဆိုပြီး စုံစမ်းရေးကော်မရှင်က ပြောပါတယ်။

မအေးအေးမာ - VOA

22 Dec 2014

၂၀၁၅ ခုနှစ် အစောပိုင်းတွင် 4G Lenovo စမတ်ဖုန်း သစ်နှစ်မျိုး အတွက် Intel အထောက်အပံ့ ပေးမည်


Lenovo သည် Intel မှအထောက်အပံ့ ပေးထားသည့် စမတ်ဖုန်းသစ် နှစ်မျိုးကို လာမည့်နှစ် အစောပိုင်းတွင် မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း သိရသည်။ Intel သည် အဆိုပါ Lenovo ဖုန်းများအတွက် 64-bit Atom ပရိုဆက်ဆာနှင့် LTE-Advanced modem ချစ်ပ်တို့ကို ထောက်ပံ့ပေးမည် ဖြစ်သည်။ ၎င်းဖုန်း နှစ်မျိုးအနက် တစ်မျိုးကို ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ မိတ်ဆက် ပေးမည်ဖြစ်ပြီး ကျန်တစ်မျိုးကို အခြား နာမည်ကျော် ဈေးကွက်များအတွက် ဖြန့်ချိမည်ဟု သိရသည်။


အဆိုပါ သတင်းသည် ဇန်နဝါရီလ အစောပိုင်းတွင် လက်စ်ဗီးဂက်စ် မြို့၌ကျင်းပမည့် CES ပြပွဲမတိုင်မီ ရက်သတ္တပတ် အနည်းငယ် အလိုတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြပွဲတွင် Intel နှင့် Lenovo အပြင် အခြားနည်းပညာ ကုမ္ပဏီကြီးများက ၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ပြသ သွားမည်ဖြစ်သည်။
ထို့အပြင် Intel သည် လာမည့်နှစ် အစောပိုင်းတွင် ပထမဦးဆုံး 4G system-on-a-chip ကို SoFIA အမည်ဖြင့် မိတ်ဆက် ပေးဖွယ်ရှိသည်။ ပရိုဆက်ဆာ တစ်ခုနှင့် modem ပါဝင်သော ချစ်ပ်များသည် သီးခြား ပရိုဆက်ဆာနှင့် ရေဒီယို ချစ်ပ်များထက် အရွယ်သေးငယ်သလို စွမ်းအင်သုံးစွဲမှု နည်းပါးသောကြောင့် ဟန်းဆက် ထုတ်လုပ်သူများက မျက်စိကျလျက် ရှိသည်။ အဆိုပါချစ်ပ်သည် Intel က Qualcomm ၏ Snapdragon system-on-a-chip  နှင့်ယှဉ်ပြိုင် စေနိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref : CNET

internetjournal

ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့ ပူးပေါင်း


Akamai Technologies ၏ ပြီးခဲ့သည့်နှစ် အစီရင်ခံစာအရ hacking နှင့်ဆက်နွှယ်သည့် နိုင်ငံများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၌ ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုသည် အင်ဒိုနီးရှား နိုင်ငံရှိ လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများအတွက် ဆိုက်ဘာလုံခြုံမှုကို ကာကွယ်ပေး နိုင်မည်ဖြစ်ကြောင်း  ပြည်တွင်းသတင်း ပေါ်တယ်ဖြစ်သည့် Kompas မှဖော်ပြခဲ့သည်။


Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့သည် အင်ဒိုနီးရှား အစိုးရအနေဖြင့် လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများကို ဒီဂျစ်တယ် ဒုစရိုကမှုများ၏ အန္တရာယ်မှ ကာကွယ် ပေးရမည်ဟု ပြဋ္ဌာန်းထားသော နိုင်ငံ၏ မူပိုင်ခွင့် ဥပဒေ No.28/2014 အတိုင်း အပြောင်းအလဲ မရှိဆောင်ရွက် သွားမည်ဟုဆိုသည်။
“ဆိုက်ဘာ ဒုစရိုက်မှုနဲ့ mal-ware တိုက်ခိုက်မှုတွေက အရေးပါတဲ့ လုံခြုံရေး ပြဿနာတွေ ဖြစ်လာပါပြီ။ လူတစ်ဦး တစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက် တွေဟာ နေ့စဉ်နေ့တိုင်း ခိုးယူခံနေ ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းလုံခြုံမှုနဲ့ ဆော့ဖ်ဝဲအစစ်အမှန် အသုံးပြုခြင်းရဲ့အရေးပါမှုတွေကို လူမှုအသိုက် အဝန်းတွေနဲ့ တက္ကသိုလ်တွေမှာ ဝေမျှသွားမှာ ဖြစ်ပါတယ်”ဟု ဂျကာတာ ရဲမှူးကြီးဖြစ်သူ ဘူဒီဝစ်ဒ်ဂျာနာကိုက ဆိုခဲ့သည်။


Microsoft Indonesia မှ ဒါရိုက်တာ အကြီးအကဲဖြစ်သူ အင်ဒရီစ်ဒီယန် တိုရိုကလည်း “အင်ဒိုနီးရှား တစ်ဝန်းလုံးက သုံးစွဲသူတွေကို ကာကွယ်ပေးဖို့က Microsoft ရဲ့အဓိက ရည်ရွယ်ချက်ပါ” ဟု ပြောကြားခဲ့သည်။

Ref: TechInAsia

internetjournal

MPT ဖုန်းပြောခနှင့် ၀န်ဆောင်ခများ လျှော့ချရန်ရှိ

(ဓာတ်ပုံ-ကျော်ဇင်သန်း)
 

MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။


‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှုအားလုံးကို ပြည်သူတွေသက်သက်သာသာနဲ့ သုံးနိုင်မယ့် နှုန်းထားတစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာဦးစောထူးသာကပြောသည်။
MPTကလျှော့ချပေးသွားမည့် ၀န်ဆောင်မှုများမှာ ဖုန်းပြော ခများ၊ အင်တာနက်အသုံးပြုခများနှင့် ဆင်းမ်ကတ်ဝယ်လျှင် ကျပ်တစ်သောင်းဖြင့် အင်တာနက်လျှောက်ရသည့်ဝန်ဆောင်မှု များပါဝင်ပြီးအခြားသောဝန်ဆောင်ခများကိုလည်းလျှော့ချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်းပြောခတစ်မိနစ်လျှင် ကျပ်၅၀နှင့် SMSတစ်စောင်လျှင် ၂၅ ကျပ်နှုန်းကောက်ခံလျက်ရှိပြီး ပြည်ပအော်ပရေတာနှစ်ခုက ဖုန်းပြောခတစ်မိနစ်လျှင် ၂၅ကျပ်နှင့် SMSတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်  နိုင်ငံတစ်ဝန်းတွင် ဆင်းမ်ကတ်ပေါင်း ၁၄သန်းဝန်းကျင်အထိ ရောင်းချပေး ထားပြီး အဆိုပါအရေအတွက်မှာ ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံး ပြုသူအားလုံး၏ ၉၀ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်းအော်ပရေ တာများ၏ ထုတ်ပြန်မှုစာရင်းများအရသိရသည်။


http://7daydaily.com
 

အင်တာနက်ဆိုင်ထိုင်ရင် သတိထားရမည့် အချက်များ


အင်တာနက်ဆိုင်ထိုင်ရင် သတိထားရမည့် အချက်များ


(၁) သင့်ဘေးနာကလူ

သင့်ဘေးနားက လူဟာ သင့်ရဲ့ အကောင့်ကို ခိုးကြည့်ပြီး အပ်လိမ့်မယ်။ လက်ခံ
လိုက်တာနဲ့ သင်ဘယ်လို ပုံစံ ဘာအင်္ကျီ ၀တ်ထား သလဲ ဆိုတာကို ခန့်မှန်း
ပြောဆိုလိမ့်မယ်။ နောက်ပြီး သင့်ရဲ့ လက်ကိုင်ဖုန်း ပုံစံနှင့် အသေးစိတ်ကို သူက ပြောလိမ့်မယ်။ ဒီအချက် ကတော့ အင်တာနက်ဆိုင် ထိုင်ကြသူတိုင်း ဖြစ်တတ်တဲ့
ပြဿနာ တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကတော့ မိန်းကလေးများ သတိထား သင့်ပါတယ်။ 



(၂) မတော်တရော်များ ကြည့်ခြင်း

တစ်ခါတစ်လေ သတိမေ့ပြီး အင်တာနက်ပေါ်မှာ မတော်တရော် ဇာတ်လမ်းများ ဒါမှမဟုတ် ဓာတ်ပုံများကို စိတ်အား ထက်သန်စွာ ကြည့်နေ တတ်တယ်။ ဘေးလူတွေကပါ
မိမိကြည့်နေတဲ့ အရာတွေကို အာရုံစိုက်လာပြီး အထင်သေး ခံရတတ်တယ်။
အထူးသဖြင့် အမျိုးသားတွေ သတိထား သင့်ပါတယ်။


(၃) ဓာတ်ပုံတွေ ကျန်ခဲ့ခြင်း

တစ်ခါတစ်လေမှာ မိမိဖုန်းနဲ့ ချိတ်ဆက်ပြီး သုံးလေ့ရှိတယ်။ အဲလိုသုံးတဲ့ အခါမှာ အင်တာနက်ဆိုင်မှ ကွန်ပျူတာထဲကို ခဏတာ ဓာတ်ပုံများ Save လုပ်ထား
တတ်တယ်။ ပြန်တဲ့အခါ ဖျက်ပစ်ဖို့ မေ့နေပြီး နောက်လူတွေ ၀င်လာတဲ့ အခါ
ယူသုံးခြင်းကို ခံရနိုင်ပါတယ်။ ဒီအတွက်ကြောင့် သတိထားပါ။


(၄) အသံကျယ်ကြီး ဖုန်းပြောခြင်း

မိတ်ဆွေ သူငယ်ချင်း ချစ်သူ အစရှိသူတို့နှင့် အင်တာနက်ကနေ နားကျပ်တပ်ပြီး
စကားပြောတဲ့ အခါ ရုတ်တရက် မေ့လျော့နေပြီး အသံ အကျယ်ကြီး
အော်မိတတ်တယ်။ မိမိအတွက် မကောင်း သလို တစ်ပါးသူတွေ အတွက်လည်း
စိတ်အနှေင့် အယှက်ဖြစ်စေ နိုင်ပါတယ်။


(၅) Log Out လုပ်ဖို့ မေ့ကျန်ခဲ့ခြင်း

အရေးအကြီးဆုံးပါ။ အင်တာနက်ဆိုင်မှာ အကောင့်ကို Log Out လုပ်ဖို့ မေ့ကျန်ခဲ့လေ့ ရှိကြတယ်။ အဲလို မေ့ကျန်တဲ့ အခါမှာ တစ်ချို့ကတော့ ပိတ်ပေး သလို တစ်ချို့ကတော့ မပိတ်ပေးဘဲ မိမိပုံစံဖြင့် သုံးလေ့ရှိကြတယ်။ တစ်ချို့အင်တာနက် ဆိုင်တွေက တစ်ယောက် သုံးပြီးတိုင်း Restart ချတတ်ကြပေမယ့် တစ်ချို့ ဆိုင်တွေကို မချပေးပါဘူး။ ဒါကြောင့် သတိထားပါ။


ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com