30 Jan 2015

လူငယ်ဆိုတာ လန်းရမယ် …


“အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ” ဆိုတဲ့ စာအုပ်လေးက ထင်ထားတာထက် ပရိတ်သတ်က အများကြီး အားပေးကြတဲ့အတွက် ဝမ်းသာစရာပါ … ရန်ကုန်မိတ်ဆက်ပွဲပြီးတော့ မိထ္ထီလာ နည်းပညာ တက္ကသိုလ် စာပေ နဲ့ အနုပညာ အသင်း ရဲ့ စီစဉ်မှု နဲ့ စိတ်ဓာတ်ခွန်အားဖြည့်ဟောပြောပွဲ လေး ကျင်းပခဲ့သလို … စာအုပ်ကိုလည်း အမှတ်တရ လက်မှတ်ထိုး ရောင်းချခဲ့ပါတယ် … လူငယ်တွေ တက်တက်ကြွကြွ အားပေးကြတာကို တွေ့ရတော့ ဝမ်းသာပီတိ ဖြစ်မိတယ် …


လူငယ်တွေ ဂီတဖျော်ဖြေပွဲ တွေကို စိတ်ဝင်စားကြသလို … စာအုပ် စာပေကိုလည်း အားတက်သရော စိတ်ဝင်စားကြတာကို ကျွန်တော် သွားခဲ့တဲ့ ဟောပြောပွဲတွေတိုင်းမှာ လက်တွေ့မြင်ခဲ့ရပါတယ် … ။ လူငယ်တွေကို ရည်ရွယ်တဲ့ အတွက် ဟောပြောပွဲ ခေါင်းစဉ်ပေးရတာလည်း လူငယ်တွေ စိတ်ဝင်စားဖို့ လိုပါတယ် …

ဒီနေ့ခေတ်လူငယ် တွေကြားမှာ အသုံးများတဲ့ လန်းဆိုတဲ့စကားကို သွားသတိရမိလို့ … “လူငယ်ဆိုတာ လန်းရမယ်” လို့ နာမည်ပေးလိုက်တာပါ … ပွဲမှာလည်း တကယ်ကို လန်းဆန်းတက်ကြွတဲ့ လူငယ်တွေ … ကို တွေ့ခဲ့ရတော့ ပွဲတွေဆက်နေပေမယ့် ကိုယ်ကိုတိုင် မောရမှန်းမသိပါဘူး … ကဲ ကျွန်တော်ပြောချင်တဲ့ လူငယ်တွေ “လန်းရမယ်” ဆိုတာက LEARN ကိုလည်း လေ့လာသင်ယူရမယ် ဆိုတဲ့ တစ်ခုတည်း အဓိပ္ပာယ်သာမက တစ်လုံးခြင်းကို ဒီလိုပြောခဲ့ပါတယ် …

L E A R N ဆိုတာက

L – Listen to Learning
==============
- လေ့လာသင်ယူဖို့အတွက် နားထောင်ပါ
---------------------------------------------
ကျွန်တော်တို့ တစ်တွေဟာ ကိုယ်ကသာ ပြောချင်သလောက် သူများပြောတာကို နားထောင်ဖို့ ဝန်လေးတတ်ပါတယ် … တကယ်တော့ ထောင်တတ်တဲ့ နားတစ်စုံသာရှိရင် ကိုယ့်အတွက် လေ့လာ သင်ယူ လို့ရပါတယ် … ဒါကို “နားထောင်ခြင်းဖြင့် သင်ယူခြင်း” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပါပြီ … ကိုယ့်ကို နည်းပေးလမ်းပြပေးမယ့် လမ်းညွှန်ပြသမယ့်သူတွေ ရဲ့ စကားတွေကို နားထောင်တာဟာ သင်ယူခြင်းတမျိုးပါ … “ပဏ္ဍိတာနဉ္စ္စသေ၀နာ” ဆိုတဲ့ ပညာရှိကို ဆည်းကပ်ခြင်း မင်္ဂလာတရားတော်နဲ့ လည်း ညီပါတယ် … ကျွန်တော် ဆရာအမ်း ဆီမှာ တောက်တိုမယ်ရ လုပ်နေတုန်းက ဆရာအမ်းနားတဲ့ အချိန်လေးတွေ ပြောပြတဲ့ သူရဲ့ဘဝအတွေ့ အကြုံတွေကို နားထောင်းရင်းနဲ့ ကိုယ့်အတွက် တကယ်သုံးဝင်တဲ့ အကြောင်းအရာ ပေါင်းစုံကို ရရှိခဲ့ပါတယ် … ။

E – Explode the thoughts
================
- အတွေးတွေကို ဖြန့်ကျက်လိုက်ပါ
---------------------------------------
Explode ရဲ့ မူလအဓိပ္ပာယ်က ပေါက်ကွဲတာ၊ ဖောက်ခွဲတာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ ဒီမှာ ဖြန့်ကျက်တဲ့ အသုံးနဲ့ သုံးချင်ပါတယ် … ။ လေ့လာမှုက ရရှိလာတဲ့ အသိအပ်ါအခြေခံပြီးတော့ ဆက်တွေးဖို့ အတွေးကို ဖြန့်ကျက်ဖို့လိုပါတယ် … ဒါဆိုရင် ကိုယ်ဘာဖြစ်ချင်တယ် … ဘာလုပ်ချင်တယ်ဆိုတာ … ဆိုတာကို မြင်လာပါလိမ့်မယ် ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ ဘောင်တစ်ခုအတွင်းမှာ ကြီးပြင်းလာကြတော့ ပတ်ဝန်းကျင် လွှမ်းမိုးမှုရဲ့ အောက်မှာ ကိုယ့်ရဲ့ ပင်ကိုဖြစ်ချင်တဲ့ စိတ်ကို မမြင်မိတတ်ပါဘူး … ဥပမာ … Channel 7 က အစီအစဉ်တစ်ခု ဖြစ်တဲ့ “မိသားစု ပြိုင်ပွဲ” ကို တစ်ခါကြည့်လိုက်တော့ အဲဒီမှာ မေးခွန်းတစ်ခု မေးတယ် ကလေးတွေကို သားသား/မီးမီး ကြီးလာရင် ဘာလုပ်မယ် လို့ မေးတဲ့အခါ နံပါတ် (၁) ဆရာဝန်၊ (၂) က အင်ဂျင်နီယာ၊ (၃) ကတော့ စစ်ဗိုလ်ကြီးလို့ ဖြေကြတယ် … အဲဒီမေးခွန်းကိုပဲ ကျွန်တော် စစ်ကိုင်းမှာရော … ခု မိထ္ထီလာမှာရော မေးကြည့်တော့ အဲဒီအတိုင်း ဖြေကြတယ် … ။ ဒီအဖြေဟာ ကလေးတွေရဲ့ စိတ်ရင်းအမှန်လား လွှမ်းမိုးမှုလားဆိုတာ တွေးကြည့်ပါ … ဒါကြောင့် ဘောင်တစ်ခု ထဲမှာ မနေဘဲ ဖြန့်ကျက်တွေးလိုက်ပါ … ။

A – Aim the target
============
- ရည်မှန်းချက်ကို သတ်မှတ်ပါ
---------------------------------
ဒီအကြောင်းတွေကို ပြောတာလည်း အပ်ကြောင်းထပ်သလောက် ဖြစ်နေပါပြီ … အရေးကြီးတာ ကတော့ ဆန္ဒနဲ့ ရည်မှန်းချက် ကွဲပြားဖို့ လိုပါတယ် … ဥပမာ သရုပ်ဆောင် တစ်ယောက်ဖြစ် ချင်တယ် ဆိုတာက ဆန္ဒ၊ လာမယ့် ဘယ်နှစ်နှစ်အတွင်းမှာ သရုပ်ဆောင်ဖြစ်အောင် လုပ်မယ် ဆိုတာက မှ ရည်မှန်းချက်ပါ … ။ တိကျတဲ့ ရည်မှန်းချက်မရှိရင်တော့ ဘယ်သွားလို့ သွားရမှန်းမသိဖြစ်တတ်ပါတယ် … ။ လူငယ်တွေကို ဘာဖြစ်ချင်တာလဲ လို့ မေးကြည့်တဲ့အခါ ဘာဖြစ်ချင်မှန်း တိတိကျကျ မသိတဲ့သူတွေရယ် … ဖြစ်ချင်တာတွေများနေတဲ့ သူတွေရယ် … (၂)မျိုး တွေ့ရပါတယ် …. ဘာဖြစ်ချင်မှန်းမသိရင်လည်း သွားစရာလမ်းပျောက်နေတတ်သလို … ဖြစ်ချင်တာတွေများနေရင်လည်း သွားစရာလမ်းများလို့ ပန်းတိုင်မရောက်ဖြစ်တတ်ပါတယ် … ။ ဒါကြောင့် ရည်မှန်းချက်ကို တိတိကျကျ သတ်မှတ်ဖို့ အရေးကြီးပါတယ် … ။

R – Run to the target
==============
- ပန်းတိုင်ကို ရောက်အောင်ပြေးပါ
--------------------------------------
ပန်းတိုင်ကို သတ်မှတ်ပြီးရင်တော့ ရောက်အောင် ပြေးဖို့လိုပါတယ် … ဒီမှာ တစ်ချက်ပြောစရာ ရှိတာက ပန်းတိုင်ကို သတ်မှတ်ပြီးရင် မပြေးခင် အကောင်းဆုံး လမ်းကို ရွေးချယ်ဖို့လည်း အရေးကြီးပါတယ် … ။ ကျွန်တော်တို့ မြန်မာ လူငယ်တွေ အနေနဲ့ အဖက်ဖက်က နောက်ကျနေတဲ့အတွက် ပန်းတိုင်ကို သိပြီးရင် လျှောက်ရုံ လောက်နဲ့ အဆင်မပြေတော့ပါဘူး … ပြေးမှသာ အလျင်မီမှာပါ … ။ ပြေးတာတောင်မှ အသားကုန် ပြေးရမှာပါ … ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ စကားလို ပြဲ လန် နေအောင် လုပ်မှ တော်ကာကျပါ လိမ့်မယ် ကိုယ့်ပတ်ဝန်းကျင်နိုင်ငံက လူငယ်တွေက ကျွန်တော်တို့ထက် ခြေတစ်လှမ်းမက သာနေပါပြီ …


N – Never give up
============
- ဘယ်တော့မှ အလျော့မပေးပါနဲ့
-------------------------------------
ပန်းတိုင်လည်းရှိပြီ … လမ်းလည်း တွေ့ပြီ … ပြေးလည်း ပြေးနေပြီဆိုရင်တော့ မရောက်မချင်း အလျော့မပေးပါနဲ့ … အခြေအနေနဲ့ အချိန်အခါအရ … ခဏတဖြုတ် နားတာတော့ နားလို့ ရပါတယ် … ဒါပေမယ့် လုံးဝ ရပ်လိုက်တာ … အလျော့ပေးလိုက်တာတော့ မဖြစ်ပါစေနဲ့ … ဘဝရဲ့ ခရီးလမ်းဟာ ပန့်မွေ့ယာ ရွှေကောဇောတော့ အမြဲတမ်း မဖြစ်နိုင်ပါဘူး … ဒါကြောင့် ကျွန်တော် ရေးခဲ့ဖူးတဲ့ “စိတ်ညစ်စရာရှိရင် … ညစ်ပါ၊ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့” ဆိုတဲ့ စာစုထဲကလို … ဘယ်လောက်ပဲ အခက်အခဲ တွေနဲ့ ကြုံပါစေ … အရှုံးမပေးဘဲ … လဲကျရင်ပြန်ထပြီး ပန်းတိုင် ရောက်အောင် လျှောက်ကြမယ် … ။

L E A R N =
L – Listen to Learning
E – Explode the thoughts
A – Aim the target
R – Run to the target
N – Never give up

“လူငယ်တိုင်း အောင်မြင်နိုင်ကြပါစေ … ”

  အောင်ကိုဦး(UMK)
Be the Best !

Credit to : [https://www.facebook.com/aungkouumk]



ကမ္ဘာ့အလှဆုံး အလှမယ်စာရင်းဝင် ဟန်သီ


ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်The Ideal Beauty မှ ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များမှ အလှဆုံး ၂၅ ဦးစာရင်းတွင် Miss Supranational Myanmar ဟန်သီပါဝင်နေသည်။
အလှမယ် ၂၅ ဦးမှ ဆန်ခါ တင် ၁၃ ဦးစာရင်းတွင် ပါနိုင်ရန် ယနေ့မှစ၍ ဖေ့စ်ဘွတ်ခ်၌ မဲ ပေးနိုင်ပြီး နောက်ဆုံးတွင် အ လှဆုံးတစ်ဦးကို ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုဝက်ဘ်ဆိုက်မှ ရွေးချယ် သည်ကို မသိလိုက်ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း ၂၅ ဦးအထိ ပါဝင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း Miss Supranational Myanmar 2014 ဟန်သီက ဆိုသည်။
‘‘ဒီအဆင့်ထိပါလာတဲ့ အ တွက်လည်း အရမ်းပျော်ပါတယ်။ ပြိုင်ပွဲတွေ အများကြီးထဲကမှ အ ယောက် ၆၀၀ ကို ပြန်ရွေးပြီးတော့ အယောက် ၁၀၀၊ အခု ၂၅ ယောက် အထိတောင် ပါတယ်ဆို တော့ အဲဒီလောက်ထိ မမှန်းထား ပါဘူး။ နောက်ပိုင်း အဆင့်တွေကို လည်း မမှန်းရဲပါဘူး။ ဒါပေမဲ့ အားပေးစေချင်ပါတယ်’’ ဟု အ လှမယ် ဟန်သီက ပြောသည်။

လက်ရှိတွင် ဂျာနယ်၊ မဂ္ဂ ဇင်းများအတွက် ဓာတ်ပုံများ ရိုက် ကူးဖြစ်နေပြီး ဖေဖော်ဝါရီလဆန်း ၌ ကြော်ငြာများ ရိုက်ကူးရန်ရှိကာ ဇာတ်ကားရိုက်ကူးမှုများလည်း လုပ်ဆောင်တော့မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

အလှမယ်ဟန်သီသည် ၂၀၁၄ တွင် ပိုလန်နိုင်ငံ၌ ကျင်းပ ခဲ့သည့် Miss Supranational ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စား ပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Supranational Asia ဆုနှင့်Miss Internet ဆုတို့ ရရှိထားသူ ဖြစ်သည်။
 
 
7Day Daily

Selfie ဓာတ်ပုံ ရှိက ပက်စ်ပို့ မလိုပဲ ဥရောပ ပတ်လို့ရပြီ


EU အဖွဲ့ဝင်ထားတဲ့ နိုင်ငံများမှာ ရှိတဲ့ နိုင်ငံသားများအတွက် ဥရောပ သမဂ္ဂမှ အခွင့်အလမ်းတစ်ခု ပေးလိုက်ပါတယ်။ ယင်းကတော့ မိမိရဲ့ Selfie ဓာတ်ပုံ ရှိရုံနဲ့ ဥရောပ Eu အဖွဲ့ဝင်နိုင်ငံများကို ပတ်စ်ပို့ မလိုပဲ ခရီးသွားခွင့် ဖြစ်ပါတယ်။

ယင်း Selfie ကို ရိုက်ပြီးရင် သတ်မှတ်ထားတဲ့ ဝဘ်ဆိုဒ် တစ်ခုမှာ တင်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ယင်း ဝဘ်ဆိုဒ်က ရလာတဲ့ selfie ကို အသုံးပြုပေးထားတဲ့ ကဒ်တစ်ကဒ်ကို ပြန်ထုတ်ပေးပြီး ယင်းကဒ်ကို အသုံးပြုရင် ခရီးသွားလို့ ရပါပြီ။ ပက်စ်ပို့ ယူစရာမလိုတော့ ပါဘူး။ အီးယူနိုင်ငံအပြင် iceland, နော်ဝေနဲ့ Liechtenstein တို့ပါ သွားနိုင်မှာ ဖြစ်ပါတယ်။ ကဒ်လုပ်တဲ့ ကုန်ကျစရိတ်ကတော့ ယူရိုငွေ ၃၅ ဒေါ်လာ ရှိပါတယ်။ ယခုနှစ်လယ်နောင်းပိုင်းလောက်ဆိုရင် EU အဖွဲ့ဝင် နိုင်ငံအားလုံး စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ပက်စ်ပို့နဲ့ ဘာကွာသလဲ ဆိုတော့ သူက ဓာတ်ပုံပို့ပေးလိုက်ရုံနဲ့ ကဒ်ထုတ်ပးတဲ့ စနစ်မျိုးနီးပါး တစ်ခုဖြစ်ပါတ်။ ဘာ အချက်အလက်မှ ဖြည့်နေစရာတောင် မလိုတော့ပါဘူး။ တကယ်တန်းကတော့ အီးယူအဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံသားများရဲ့ ရုပ်ပုံများကို ဗဟို အချက်အလက်သိမ်းဆည်းဌာနမှာ ထားရှိထားပြီးသား ဖြစ်တာကြောင့် ပုံတစ်ပုံတင်လိုက်တာနဲ့ ယင်းပုံနဲ့ အက်စပ်တဲ့လူကို ပြန်ရှာပေးတဲ့ စနစ်ကောင်း ရှိတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီတော့ selfie ကို ပဲပေး ရိုက်လို့ မရပဲ ရုပ်တည်နဲ့ ရိုက်မှ ရမှာ ဖြစ်ပါတယ်။

ယင်းစနစ်ကို နောက်ဆိုရင် အမေရိက နိုင်ငံများလည်း အသုံးပြုလာဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocket-lint
  အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

29 Jan 2015

အညွန့်မခူးတတ်သူများ

MYANMAR US

မြန်မာပြည်က မိန်းကလေးတော်တော်များများ အတီးအတ နိုင်လှတယ်။ အဟဲ… အဲဒီထဲမှာ ကျွန်တော့်မိန်းမတော့ မပါဘူး။ အသက်လေးဆယ်ကျော် အဖိုးကြီးကို ရအောင်ယူနိုင်ခဲ့လို့ သူမ မပါဘူးလို့ ကျွန်တော် ပြောတာပါ။ အဖိုးကြီးတယ်ဆိုတာ တန်ဖိုးကြီးတယ်ကို ဆိုလိုတာဆိုတော့ တော်ရုံတန်ရုံနဲ့ ဝယ်နိုင်ဖို့ခဲယဉ်းတယ်။ လေးဆယ်ကျော် ကျွန်တော်လို လူပျိုကြီးဆိုတာကလည်း အဖိုးကြီးလို့ သတ်မှတ်လို့ ရမယ်ထင်တယ်။ ဒီလိုအဖိုးကြီးတစ်ယောက်ကို အရယူနိုင်တဲ့ ကျွန်တော့်မိန်းမက အတတတော့ မဟုတ်ဘူး။


(စကားချပ် ။ ။ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်များသည့်အတွက် လူပျိုကြီး ဖြစ်ရသည်။ ထို့ကြောင့် လူပျိုကြီးများသည် အတ္တကြီးသူများလို့ ဆိုနိုင်သည်။ အသက်ကြီးလေ အစဉ်းစားလွန်လေ၊ အတ္တကြီးလေ ဖြစ်သည်။ ထိုအတ္တများ လွင့်စင်သွားအောင် လုပ်ခဲ့သည့် ကျွန်တော့်မိန်းမကို ကျွန်တော် ချီးကျူးပါသည်။)


လူရယ်လို့ ဖြစ်လာရင် အသိုင်းအဝိုင်း မိသားစုနဲ့ နေကြရတာ ဓမ္မတာပါပဲ။ ဒီလိုနေနိုင်အောင်လည်း မိသားစုဘဝကို ထူထောင်ကြရတယ်။ ဒီအတွက် အိမ်ထောင်ပြုဖို့ဆိုတာ မလွှဲမသေ လိုအပ်ချက် တစ်ခုပဲ။ အိမ်ထောင်မပြုပဲနေနေတဲ့ မိန်းမတွေတွေ့ရင် ကျွန်တော့်အနေနဲ့တော့ “ဒီမိန်းမ အ,ကိုအ,လွန်းတယ်၊ အညွန့်မခူးတတ်ဘူး” လို့ ယူဆတယ်။ ဘာလို့ ဒီလိုယူဆသလဲဆိုတာကို ဆက်ရှင်းပြပါ့မယ်။
မြန်မာပြည်က မိန်းမတွေအဖို့ ယောက်ျားယူရတာ ခိုင်းနွားတစ်ကောင်ကို အလကားရလိုက်သလိုပါပဲ။ ကိုယ်ယူမယ့် ယောက်ျားအရွယ်ရောက်လာအောင် သူ့မိဘတွေက ကျွေးမွေးခဲ့ရတယ်။ ကိုယ်ဘာမှ ကျွေးမွေးစရာ မလိုခဲ့ဘူး။ အတတ်ပညာတွေတတ်အောင်လည်း သူ့မိဘတွေက သင်ပေးလိုက်တယ်။ ပညာသင်စရိတ်အတွက်လည်း ကိုယ်က ဘာမှ စိုက်ထုတ်စရာ မလိုဘူး။ ကြန်အင်လည်းစုံပြီ၊ ခိုင်းလို့ရမယ့် အရွယ်ရောက်တော့ ဘာအရင်းမှ စိုက်ထုတ်စရာမလိုဘဲ ယူပြီး ခိုင်းစားရုံပါပဲ။

နွားတစ်ကောင်ကို ခိုင်းစားဖို့ ခေါ်ထားပြီဆိုမှတော့ နွားစာကျွေးရမယ်၊ နောက်ချေး (ချီး) ကျုံးရမယ့် အလုပ်ကလေးလောက်ပဲ မပျင်းမရိ လုပ်ဖို့လိုတယ်။ အဲဒီအလုပ်တွေအတွက် ညည်းငြူနေစရာ မလိုဘူး ထင်တယ်။ နွားစားကျင်းထဲ ရေထည့်၊ ကောက်ရိုးခြောက်လေးတွေ ထည့်ပြီး ပုံမှန်ကျွေးနေရုံပဲ။ အလုပ်ပင်ပန်းတဲ့ နေ့မျိုးမှာ မြေပဲရိုးကလေးထည့်ကျွေးလို့ကတော့ နွားခဗျာ အားပါးတရ စားပြီး ကျေနပ်နေလေရဲ့။


ဒီလိုမျိုး နွားတစ်ကောင်ကို အလကားရဖို့ အခွင့်အရေးရှိပါရက်နဲ့ မယူတတ်တဲ့ မြန်မာပြည်က မိန်းမပျိုတွေကို အညွန့်မခူးတတ်ဘူးလို့ ပြောမိတာ ကျွန်တော့်ကိုယ်ကျွန်တော် လွန်တယ်လို့ မထင်ပါဘူးဗျာ။


သတိပြုစရာ
နွားဆိုတာကလည်း မြက်နုနုစိမ်းစိမ်းလေး မြင်ရင် စားချင်စိတ် ပေါ်တယ်။ သူများခြံထဲက မြက်တွေမစားအောင် နွားပိုင်ရှင်တွေအနေနဲ့ နွားကို ပါးခြုပ်တပ်ထားပေးရမယ်။ မြက်စိမ်းစိမ်းလေးတွေ မြင်ရရင် စားချင်စိတ်ပေါ်ပေမဲ့ “ငါဟာ အိမ်ထောင်သည်၊ ကလေးနှစ်ယောက်အဖေ” ဆိုတဲ့ အသိတရားပါးခြုပ်ကြီးကြောင့် ကိုယ့်အရှင်သခင် အစာမကျွေးသ၍ ဘာမှ မစားဖြစ်တော့ဘူး။ ဒါကြောင့် တစ်ခါတစ်လေ မြက်စိမ်းစိမ်းလေးမြင်ပြီး စားချင်စိတ်ပေါ်တဲ့အခါ ခွန်သန်းထွန်းရဲ့ “မြင်သာမြင် အကြင်ခက်တဲ့ ဒီဘဝအဖြစ်ဟာ ဪသာ်… ကျိန်စာရှိရင် ကျေပါစေ” ဆိုတဲ့ သီချင်းစာသားကို ညည်းနေတတ်တယ်။


ဆန္ဒမွန်
အရွယ်ရောက်ပြီးတဲ့မိန်းမတိုင်း နွားတစ်ကောင်စီ ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ကိုယ်ပိုင်မယ့်နွားက ခိုင်းနွားဖြစ်ဖို့က အရေးကြီးတယ်။ နွားပျင်း၊ နွားကပ်ကြား၊ ဗွေဆိုးတဲ့နွားဆိုရင် နွားပိုင်ရှင် စိတ်ဒုက္ခရောက်ရလိမ့်မယ်။ ခိုင်းနွားဟုတ်မဟုတ်ဆုံးဖြတ်တဲ့အခါ ကြန်အင်လက္ခဏာကို ကြည့်ကြတယ်။ ဒီလိုကြည့်တဲ့အခါ နွားရဲ့ဗွေကို အဓိကထားကြည့်ပြီး ဆုံးဖြတ်လေ့ရှိတယ်။


ဝန်ခံချက်
တက္ကသိုလ်တက်စဉ်တုန်းက သူများတွေမှာ ရည်းစားရှိကြတော့ ကိုယ်လည်း ရည်းစားရချင်ခဲ့တယ်။ ပိုးပန်းခဲ့တဲ့ မိန်းမတွေလည်း မနည်းခဲ့ဘူး။ ဘယ်သူမှ ပြန်မကြိုက်တော့ အသဲတွေကွဲပြီး၊ ကွဲသွားတဲ့အသဲတွေ ပြန်ဆက်ဖို့ ကော်ရည်ခေါက်ဆွဲ စားခဲ့ရတာလည်း မနည်းဘူး။ တစ်ယောက်ကြိုးစားလို့ အဆင်မပြေရင် နောက်တစ်ယောက် ထပ်ပြီး ကြိုးစားခဲ့တော့ သူငယ်ချင်းတွေက “ဘကြီးမောက်ရဲ့ အချစ်က ပျဉ်းမငုတ်တိုပင်ကြီးလိုပါလား။ ဒဏ်ရာဒဏ်ချက်ဘယ်လောက်များများ၊ မိုးလေးတစ်ဖြိုက်နှစ်ဖြိုက်ကျလိုက်တာနဲ့ ချက်ချင်းကို အညွန့်တလူလူ ပြန်ထွက်ပါလား” လို့ လူကို ခနဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ “တစ်ယောက်ပြီး တစ်ယောက်ချစ်ခဲ့ဖူးလို့၊ ငါ့နှလုံးသားကို လူတွေရှုတ်ချကြပေမဲ့၊ ဒီရှုတ်ချခံခဲ့ရတဲ့အချစ်တွေကို အရင်းတည်ပြီး၊ နောက်တစ်ယောက်ကို ထပ်ချစ်ရတာပါ” ဆိုပြီး ဖြေရှင်းချက် ပေးခဲ့တယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ကြိုးစားခဲ့သမျှ အဆင်မပြေတဲ့အခါတိုင်း စိတ်နာနာနဲ့ “ဒီမိန်းမတွေ အညွန့်ကို မခူးတတ်ဘူး” လို့ မှတ်ချက်ချမိရာကနေ ဒီစာလေး ဖြစ်လာရပါတယ်။

ဆယ်မောက်

http://nyanhline.com/media

ပြိုင်ဘက်မရှိသဖြင့် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် လူမင်းပြန်အရွေးခံရ

ဓာတ်ပုံ- ဇွဲဉာဏ်
 
 
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်ခြင်းကို ယနေ့ (ဇန်န၀ါရီ ၂၇ ရက်) နံနက်တွင် ပြုလုပ်ခဲ့ရာ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာအတွက် လက်ရှိဥက္ကဋ္ဌ ဦးလူမင်းကပင် ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
‘‘ဥက္ကဋ္ဌနေရာကို ကျန်တဲ့လူတွေက ၀င်မပြိုင်ပါဘူး။ ဦးလူမင်းတစ်ယောက်ပဲ ၀င်ပြိုင်တာဖြစ်လို့ ပြိုင်ဘက်မရှိပါဘူး။ ကျန်တဲ့နေရာတွေအတွက်ကတော့ နှစ်ယောက်၊ သုံးယောက်ရှိရင် မဲနဲ့ ရွေးတယ်’’ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးနှင်းမိုးက ပြောသည်။

  
ကနဦးတွင် ဥက္ကဋ္ဌရာထူးအတွက် ပြန်လည်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း  ရွေးကောက်ပွဲကို စိတ်ဝင်စားသူ နည်းသောကြောင့် ဆုံးဖြတ်ချက်ပြင်လိုက်ကြောင်း လူမင်းက ပြောကြားခဲ့သည်။
ဒုဥက္ကဋ္ဌရာထူးတွင် ဦးအေးကြူလေးက ဒုဥက္ကဋ္ဌက ၁၊ ဦးဇော်မင်းက ဒုဥက္ကဋ္ဌ ၂ အဖြစ် ရွေးချယ်ခံခဲ့ရပြီး အတွင်းရေးမှူး ရာထူးအတွက် ဦးကိုကိုတင်က ရွေးချယ်ခံခဲ့ရသည်။


 http://7daydaily.com/story/30392#.VMruPy5IS01




MPT အမှတ်တံဆိပ် ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများ ဖြစ်ပေါ်လာပါက ဆင်းမ်ကတ် အသုံးပြုသူများ အနေဖြင့် ၎င်းတို့နှင့် နီးစပ်ရာ ဆက်သွယ်ရေး ရုံးများတွင် ပြန်လည် လျှောက် ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။


ထိုကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝယ်ယူထားသော ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် မည်သည့် နေရာဒေသတွင်မဆို ပြန်လည်လျှောက်ထားနိုင်သည် ဆိုရာတွင် ယခင်က တန်ဖိုးကြီး ဆင်းမ်ကတ်များပါ ပါဝင်ပြီး ပြန်လည် လျှောက်ထားခသည်လည်း ကျပ် ၁,၅၀၀ သာ ကျသင့်မည် ဖြစ်သည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နည်းပညာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများအတွက်မူ ပြန်လည်လျှောက်ထားခ ပေးချေရမည်မဟုတ်ကြောင်း သိရသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချထားသော ဆင်းမ်ကတ် ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် ယခင်က ရန်ကုန်တိုင်းဒေသကြီးရှိ အလုံမြို့နယ် ဆက်သွယ်ရေးရုံးနှင့် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတို့တွင်သာ ပြန်လည်လျှောက်ထားခြင်းကိစ္စကို ဆောင်ရွက်ခဲ့ကြ ရကြောင်း သိရသည်။
“အခုဆိုရင် ကိုယ်ရောက်နေတဲ့ ဘယ်နေရာဒေသမှာဖြစ်ဖြစ် ဆင်းမ်ကတ်တွေ ပျောက်ဆုံး၊ ပျက်စီးမှုအတွက် အမြန်ဆုံး ပြန်လည်လျှောက်ထားလို့ ရပါပြီ။ ခရီးလွန်နေရင်းနဲ့ ဆင်းမ်ကတ်တွေ ပျောက်ဆုံးတာဖြစ်ဖြစ်၊ ပျက်စီးတာဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့ မြို့နယ်က အနီးစပ်ဆုံး ဆက်သွယ်ရေးရုံးမှာ လျှောက်နိုင်ပါပြီ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ထိုကဲ့သို့ ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းအတွက် နေရာဒေသမရွေး ပြန်လည်လျှောက်ထားနိုင်မည့်အပြင် အချိန်တိုအတွင်း အမြန်ဆုံး ပြန်လည် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားသည့်အခါ အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်ခန့် စောင့်ဆိုင်းရပြီး ကျပ် ၂ သောင်းမှ ကျပ် ၅ သောင်းခန့် ကုန်ကျခဲ့ရကြောင်း MPT ဆင်းမ်ကတ် အသုံးပြုသူအချို့ထံမှ သိရသည်။


 http://internetjournal.media/new/1357


ကျိုက်ထီးရိုး ဘုရားရင်ပြင် ပေါ်က မလွယ်ကူလှတဲ့ ကျောတစ်ခင်းစာ


''ကျောင်းပိတ်ရက်မှာ ကလေးတွေကျိုက်ထီးရိုးဘုရား သွားဖူးချင်တယ်ဆိုလို့လိုက်ပို့ပေးတယ်။ ဟိုရောက်တော့ အိပ်စရာနေရာမရှိဘူး။ ဟိုတယ်တည်းခိုခန်းတွေက ဈေး အဆမတန်တောင်းလို့ မတည်းနိုင်ဘူး။ ဘုရားရင်ပြင်တစ် ဝက်လောက်ကလည်း လူကြီးတွေလာရင် တည်းဖို့သူတို့ ကိုယ်ပိုင်ဓမ္မာရုံအလားဆောက်ထားကြတော့ တကယ့်ဘုရား ဖူးပြည်သူတွေ ကျောတစ်ခင်းစာတောင် နေရာမရှိတော့ဘူး''။


ကျောင်းပိတ်ရက်လေးမှာ ကျိုက်ထီးရိုးဘုရားကို တစ် ညအိပ်ခရီး ဘုရားဖူးထွက်လာခဲ့တဲ့ ဒိုက်ဦးမြို့ကဒေါ်တင် လှတို့မိသားစု အိပ်စရာနေရာ မရလို့တစ်ညလုံးရင်ပြင်တော် ဆေးပေးခန်းအနီးမှာ ဖြစ်သလိုအိပ်စက်ခဲ့ပုံကိုပြောပြပါ တယ်။
မြန်မာနိုင်ငံရဲ့အထင်ကရကျိုက်ထီးရိုးစေတီတော် ကို ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာ နေ့စဉ်ဘုရားဖူးထောင်ချီ လာရောက်ကြပါတယ်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေပိတ် ရက်တွေမှာ တိုးမပေါက်နိုင်အောင်များ ပါတယ်။ ဒါပေမဲ့ ကျိုက်ထီးရိုးစေတီဘုရားရင်ပြင်တော်က အဲဒီဘုရားဖူးတွေ အားလုံးတည်းခိုနိုင်လောက်အောင် နေရာမကျန်တော့ပါ ဘူး။

 


ဘာကြောင့်လဲဆိုတော့ ရင်ပြင်တော်တစ်ဝက်လောက် ကိုနိုင်ငံတော်အကြီးအကဲတွေလာရင် တည်းခိုဖို့ဓမ္မာရုံတွေ ဆောက်ထားကြပါတယ်။ အထူးသဖြင့် သီဟဓမ္မာရုံနဲ့တိ ဿဓမ္မာရုံနှစ်ခုဟာ ဘုရားရင်ပြင်တော်ပေါ်မှာ နေရာ တော်တော်ယူထားပါတယ်။ အဲဒီဓမ္မာရုံတွေကို အချိန်ပြည့် ပိတ်ထားပြီး တာဝန်ကျလုံခြုံရေးတွေက အမြဲစောင့်ကြပ် နေပါတယ်။ သီဟဓမ္မာရုံရဲ့ရှေ့ဘက်မျက်နှာစာမှာတော့ အလှူရှင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ဇနီးဒေါ်ခင်လေး သက်လို့ ကမ္ဗည်းစာလုံးအကြီးကြီးထိုးထားပါတယ်။ ဒီစာ သားကို ကြည့်ခြင်းအားဖြင့် ဒီဓမ္မာရုံမှာ သာမန်ဘုရားဖူးပြည် သူတွေ တည်းခိုခွင့်မရှိဘူးလို့ထုတ်ပြောနေသလိုပါပဲ။


ဒါ့အပြင် အခြားသုံးထပ်ဆောင်၊ ပြည်ထဲရေးဓမ္မာရုံ နဲ့ဌာနဆိုင်ရာခေါင်းစဉ်တွေနဲ့ဆောက်ထားတဲ့ ဓမ္မာရုံတွေ ကိုလည်း ပြည်သူတွေကိုတည်းခိုခွင့်မပြုပါဘူး။ သက်ဆိုင် ရာဌာနကလူကြီးတွေလာရင် တည်းခိုဖို့နဲ့လူကြီးတွေ လာ မတည်းတဲ့အချိန်မှာ ဘုရားဖူးတွေကို ဈေးကြီးကြီးနဲ့ဓမ္မာရုံ စောင့်တွေက ငှားစားကြပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် နည်းနည်းနဲ့ဘုရားလာဖူးတဲ့မိသားစုတွေဟာ ရင်ပြင်တော် မှာဖြစ်သလို စောင်လေးတွေကာပြီး အဖီထိုးညအိပ်ကြပါ တယ်။


''ရင်ပြင်မှာ အိပ်တဲ့လူက အရမ်းများတယ်။ တချို့တွေ က ကိုယ့်ကလေးတွေကို အဲဒီမှာပဲသေးတည်ကြတော့ ဆီးအနံ့တွေက ဟောင်နေတာပဲ။ ထမင်း ဆိုင်တွေကလဲ ဈေးမတန်တဆတောင်းနေတော့ ဘုရားဖူးတွေက ကိုယ့် ထမင်းချိုင့်နဲ့ပဲ ကိုယ်လာကြတယ်။ ဝယ်မစားကြတော့ဘူး။ အဲဒီတော့ ရင်ပြင်တော်က ထမင်းကျန်ဟင်းကျန်တွေနဲ့ ညစ်ပတ်နေတာပဲ။
တော်တော်စိတ်ပျက်ဖို့ကောင်းတယ်''လို့ သန်လျင်နည်းပညာတက္ကသိုလ်မှ အုပ်စုအလိုက်ဘုရား ဖူးထွက်လာကြတဲ့ ဒုတိယနှစ်ကျောင်းသားတစ်ဦးက ပြော ပါတယ်။ ဒါ့ပြင် ရင်ပြင်တော်မှာ အိပ်တဲ့လူတွေများလွန်း လို့ဘုရားဝတ်ပြုဖို့လူတစ်ကိုယ်စာတောင်နေရာမရလို့ ဘုရား ကောင်း ကောင်းမဖူးခဲ့ရဘူးလို့လည်း သူကဆက်ပြောပါ တယ်။
''ဘုရားရှိခိုးဖို့နေရာတောင်မရှိဘူး။ ရင်ပြင်တော် ရော၊ ဘုရားအပေါ်အောက် ပတ်လမ်းတွေမှာရော စောင် ကာပြီး အိပ်နေတဲ့လူတွေ ပြည့်နေတာပဲ။

 


ဘုရားကောင်း ကောင်းရှိခိုးလို့ရမယ့်နေရာကျပြန်တော့လဲ ဓမ္မာရုံတွေ ဆောက်ထားတယ်။ အဲဒီဓမ္မာရုံတွေမှာ ပြည်သူတွေကိုပေး မတည်းဘူး။ နိုင်ငံတော်အကြီးအကဲတွေအတွက်တဲ့''။
ကျိုက်ထီးရိုး ဘုရားရင်ပြင်တော်မှာ အများသုံးအိမ် သာတွေကို တစ်ခါသုံးကျပ်နှစ်ရာပေးရပါတယ်။ ဒါပေမဲ့ အိမ်သာထဲမှာ ရေပုံးမထားပေးပါဘူး။ ကိုယ့်တစ်ခါသုံးစာ အတွက် ရေပုံးသေးသေးလေးတစ်ပုံးကို ကိုယ်တိုင်ဆွဲပြီး အိမ်သာတက်ရပါတယ်။ အဲဒီတစ်ခါစာက ရေဖလားသုံးခွက် စာတောင်မပြည့်ပါဘူး။ အများသုံး ရေချိုးခန်းဆိုလည်း ရေတစ်ပုံး ကျပ် ၅ဝဝနဲ့ဝယ်သုံးရပါတယ်။ ရေနွေးဆိုရင် တော့ ကျပ် ၈ဝဝယူပါတယ်။ ဒီလောက်တစ်နိုင်ငံလုံးဘုရား ဖူးတွေကြိတ်ကြိတ်တိုးစည် ကားတဲ့နေရာမျိုးမှာ သန့်ရှင်း ရေး(ရေ+အိမ်သာ)အတွက် အဆင်ပြေအောင် မဖန်တီး ထားတာဟာတော်တော်အရုပ်ဆိုး အကျည်းတန်စေပါ တယ်။


ကျိုက်ထီးရိုးစေတီယဉ်ကျေးမှုဇုန်ဝင်ကြေးကောက် ခံမှုကို ယဉ်ကျေးမှုဝန်ကြီးဌာနက မွန်ပြည်နယ်စည်ပင် သာယာရေးကော်မတီကို ၂ဝ၁၃နိုဝင်ဘာ ၁ရက်ကစတင် ပြီး လွှဲပြောင်းပေးခဲ့ပါတယ်။ ၂ဝ၁၄ နိုဝင်ဘာ ၁၂ရက်အ ထိ အချိန် ၁၂လအတွင်းမှာ ဇုန်ဝင်ကြေး သိန်းခုနစ်ထောင် ကျော် ကောက်ခံရရှိတယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံခြား သားတစ်ဦးကိုအမေရိကန် ခြောက်ဒေါ်လာ (မြန်မာ ငွေကျပ်၆ဝဝဝ)ကောက်ခံပါတယ်။ အဲဒီနိုင်ငံခြားသား တွေကိုရိုးရိုးတည်းခိုခန်းမှာ တည်းခိုခွင့်မပြုလို့သူ တို့ဟာ ရိုးရိုးလေးဟိုတယ်၊ ကျိုက်ထီးရိုးဟိုတယ်နဲ့ Mountain Top ဟိုတယ်တွေမှာ တည်းခိုရပါတယ်။

 

သြစတြေးလျနိုင်ငံသူ Maddie Gange က ''ကျွန်မတို့ကို Foreign Pass ဆိုပြီး ခြောက်ဒေါ်လာယူတယ်။ ပြီးတော့ ကျွန်မတို့ကိုတည်းခိုခန်းတို့ဘုရားရင်ပြင်တို့မှာ တည်းခိုခွင့် မပြုဘူး။ ဟိုတယ်တွေမှာ တည်းခိုခိုင်းတယ်။ ကျွန်မရိုးရိုး လေးဟိုတယ်ရောက်သွားတော့ တစ်ညကို ဒေါ်လာ ၁ဝဝ တောင်းတယ်။ ကျွန်မထပ်ခါထပ်ခါဈေးဆစ်တော့ နောက် ဆုံး ၇၅ဒေါ်လာနဲ့ဈေးတည့်သွားတယ်။ ဒီ Golden Castle Rock
ဘုရားတစ်ခါလာလည်ဖို့ကျွန်မတို့ ဒေါ်လာ ၁ဝဝကျော် (မြန်မာငွေကျပ်တစ်သိန်း)ကျော်ကုန်တယ်။ ကမ္ဘာလှည့်ခရီး သွားတွေအတွက် အရမ်းဈေးကြီးတဲ့နေရာဖြစ်နေတယ်''လို့ပြောပြတယ်။


ကျိုက်ထီးရိုးစေတီတော်ပေါ်မှာ နိုင်ငံခြားသားတွေ ကို တည်းခိုခွင့်ပြုထားတဲ့ဟိုတယ်တွေဟာဈေးနှုန်းအတည် မသတ်မှတ်ထားကြဘူး။ လူအခြေအနေကိုကြည့်ပြီး ဟို တယ်ခန်းခဈေးနှုန်းတိုးကောက်ယူနေကြတာပါ။ ၂ဝ၁၂ ခုနှစ်မှာ ကျိုက်ထီးရိုးတောင်ပေါ်ကို နိုင်ငံခြားသားခြောက် သောင်းကျော်နဲ့ ၂ဝ၁၃ခုနှစ်မှာတော့ ၈ဝဝဝဝကျော်အထိ တိုးပြီးလာရောက်လည်ပတ်ခဲ့ကြပါတယ်။ ၂ဝ၁၃ခုနှစ် နိုဝင်ဘာ၁ရက်နေ့ကနေ ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁၂ရက်အ ထိကျိုက်ထီးရိုးဇုန်အတွင်း နိုင်ငံခြားဧည့်သည် ၁၂၈၁၈၂ ဦးဝင်ရောက်ခဲ့ပြီး ဇုန်ဝင်ကြေးငွေကျပ် ၇၆၉ဝ၉၂ဝဝဝရ ရှိခဲ့တယ်လို့ မွန်ပြည်နယ်စည် ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိကဆိုပါတယ်။


လစဉ်နိုင်ငံပေါင်း ၅၂ နိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်နေတယ်လို့ စေတီတော်ဂေါပကတစ်ဦးကဆိုပါတယ်။ ဒီပမာဏကို ကြည့်ခြင်းအားဖြင့် ကျိုက်ထီးရိုးစေတီဟာ နိုင်ငံခြားဝင် ငွေသိန်းပေါင်းများစွာရှာပေးနေတဲ့ ခရီးသွားဇုန်တစ်ခုဆို တာ ငြင်းလို့မရပါဘူး။ ဒီလိုနေရာမျိုးမှာ ခရီးသွားတွေရဲ့ တည်းခိုခန်းခကို ဈေးအဆမတန်ကောက်ယူနေတာတွေ၊ ရင်ပြင်တော်မှာဖြစ်သလို တည်းခိုနေကြတဲ့ ဘုရားဖူးတွေရဲ့ ပုံရိပ်တွေ၊ သန့်ရှင်းရေးဝန်ဆောင်မှုကောင်းကောင်းမလုပ် နိုင်လို့အနံ့အသက်ဆိုးရွားနေတာတွေ၊ ရေချိုးခန်းနဲ့အိမ် သာ အလုံအလောက်မရှိတာတွေဟာ နိုင်ငံ့ပုံရိပ်ကိုအများ ကြီးထိခိုက်စေပါတယ်။
''ကျိုက်ထီးရိုးဘုရားမှာ စိတ်အပူရဆုံးက မီးပဲ။ မီးလောင်ရင်ပြေးစရာလမ်းလုံးဝမရှိဘူး။ ဆိုင်ခန်းတွေက ပိတ်ကျပ်နေတယ်။ နောက်ဖေးဘက်က ချောက်ကြီး ပြေးလို့ မရဘူး။

အရင်တစ်ခါလောင်တုန်းကလဲ ပြေးစရာ လမ်းမရှိ လို့လူတွေ အများကြီးသေသွားရတယ်။ ဒီတစ်ခါထပ်ဖြစ်ရင် တွေးတောင်မတွေးရဲဘူး''လို့ ကျိုက်ထိုမြို့ခံ အငြိမ်းစားအ ထက်တန်းပြဆရာတစ်ဦးကဆိုပါတယ်။ လွန်ခဲ့သော ဆယ် နှစ်ခန့်က ကျိုက်ထီးရိုးစေတီဘုရားဆိုင်ခန်းမီးလောင်မှုမှာ လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီမီးလောင်မှု ဖြစ်ပြီးတဲ့အချိန်မှာ မုဆိုးတောင်ဘက်အခြမ်းသွားတဲ့ ထမင်း ဆိုင်ခန်းတွေကို စနစ်တကျပြန်ဆောက်ပေးခဲ့ပေမယ့် ကျီး ကန်းပါးစပ်နဲ့ရင်ပြင်တော်မြောက်ဘက်ခြမ်း ပတ်ပတ်လည် မှာ ဆိုင်ခန်းတွေဖြစ်သလို ဆောက်ထားကြတာဟာ အလွန် အန္တရာယ်ကြီးပါတယ်။
ရိုးရိုးလေးဟိုတယ်နဲ့ ကျိုက်ထိုဟိုတယ်တွေ အတွက် မြေနေရာအများ ကြီးပေးထား ပြီး တကယ်ဘုရားဖူးတွေ တည်း ခိုနိုင်မယ့်တည်းခိုခန်းငယ်တွေ အတွက် မြေနေရာ၊ ရေမီး၊ အိမ်သာစတဲ့အခြေခံအဆောက် အအုံတွေကိုအဆင်ပြေအောင်ဖန်တီးမပေးနိုင်တဲ့ စေတီ တော်တာဝန်ရှိသူတွေကို မေးခွန်းထုတ်စရာပါ။ အဆိုးရွား ဆုံးကိစ္စတစ်ခုက ကျိုက်ထီးရိုးတောင်တက်လမ်းတစ်လျှောက် ကအလှူခံတွေပါပဲ။ ဘုရားဖူးတွေကို ကြည်ညိုသဒ္ဓါစိတ် ဖြစ်အောင်လုပ်ရမယ့်အစား အတင်းအကျပ်လမ်းပိတ်ပြီး အလှူခံနေကြတာဟာ အင်မတန်စိတ်အနှောင့်အယှက်ဖြစ် စေပါတယ်။


အထူးသဖြင့် ရွှေနန်းကျင်နတ်နန်းကိုဝင်မဖူး သွားရင် ရှေ့မှာအန္တရာယ်ကျရောက်မယ်ဆိုတဲ့အပြောမျိုး နဲ့အတင်းအကျပ်ဝင်ဖူး ခိုင်းပြီးအလှူခံနေတဲ့ပုံစံဟာ လုံးဝ မဖြစ်သင့်ပါဘူး။ နိုင်ငံခြားသားတွေအတွက်လည်း ထေရ ဝါဒဗုဒ္ဓဘာသာအပေါ် အမြင်စောင်းစေတဲ့ကိစ္စမျိုးဖြစ်နေ ပါတယ်။

 

ဒါကြောင့် ရင်ပြင်တော်ပေါ်ကဓမ္မာရုံတိုင်း အများ ပြည်သူတွေတည်းခိုခွင့်ပြုဖို့၊ ဟိုတယ်တွေကို ဈေးနှုန်းကန့် သတ်ဖို့၊ ရေချိုးခန်း၊ အိမ်သာလုံလောက်အောင်တည်ဆောက် ပေးဖို့၊ တည်းခိုခန်း၊ ဆိုင်ခန်းတွေကို စနစ်တကျတည် ဆောက်ပေးဖို့၊ သန့်ရှင်းရေးဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားဖို့နဲ့ အလှူခံတွေကိုထိန်းကျောင်းပြု ပြင်ပေးဖို့စတဲ့အချက်တွေ ကို စေတီတော်တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးအကောင် အထည်ဖော်သင့်နေပါပြီ။


 ဒါမှသာဆံတော်ရှင်ကျိုက်ထီး ရိုးစေတီတော်ကြီးကို ပြည်တွင်းဘုရားဖူးများ ငွေကြေးနည်း နည်းနဲ့နှစ်စဉ်သွားရောက်ဖူးမြော်နိုင်မှာဖြစ်သလို ပြည်ပ ကမ္ဘာလှည့် ခရီးသွားတွေအတွက်လည်း အေးအေးချမ်း ချမ်းလာရောက်လည်ပတ်နိုင်မယ့် Tour Site တစ်ခုအဖြစ် ဆက်လက်တည်ရှိနေ နိုင်မှာဖြစ်တဲ့အကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။


 မင်းညီ ရေးသားသည်

26 Jan 2015

အိမ်ထောင်မပြုခင် သင့်ချစ်သူနဲ့အတူ ပြုလုပ်ထားဖူးသင့်တဲ့ အရာများ



ကိုယ့်ချစ်သူနဲ့အတူ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး သူနဲ့အတူ ပြုလုပ်ဖူးသင့်တဲ့အရာတွေ ရှိနေပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ဘာမှ ဂဃနဏမသိပဲ တွဲတာ လပိုင်းလောက်နဲ့ မင်္ဂလာခန်းမထဲ ၀င်လိုက်မိတယ်ဆိုရင်တော့ ဒီအိမ်ထောင်ဟာ နားလည်မှုပိုင်း အားနည်းနိုင်သလို၊ အိမ်ထောင်ရေး ပြသနာတွေလည်း ရှုပ်ထွေးနိုင်ပါတယ်။ ခုလို ပြောလို့ အရင်က လူကြီးမိဘတွေ ပေးစားတဲ့အတိုင်း တွေ့ကြည့်ပြီး ယူလိုက်တာမျိုးတွေ ရှိနေတာပဲ၊ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်ကြတာပဲလို့ ဆိုစရာ ရှိပါတယ်။ ဒါကို ပြန်မေးစရာရှိတာက ခုလို အိမ်က ဒီလူနဲ့သင့်တော်တယ်ဆိုလို့ အိမ်ထောင်ပြုရာက အဆင်မပြေတာ၊ ဖောက်ပြန်တာ၊ နားမလည်တာတွေ ရှိကြရင်တောင် အရင်ခေတ်ကလူတွေဟာ ကွဲဖို့၊ ကွာဖို့ လွန်စွာရှက်ရွံတတ်ကြတဲ့ လူမျိုးတွေပါ။ ကွဲလိုက်မယ်ဟဲ့ ဆိုတဲ့စိတ်ကို မျိုသိပ်၊ နာကြည်းမှုတွေနဲ့သာ တစ်သက်လုံး နေသွားရတာမျိုးတွေ ရှိတာမို့ ဒါမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်မပြုခင် လုပ်ဖူးထားသင့်တဲ့ အရာတွေကို ခုလို အကြံလေးတွေ ပေးချင်ပါတယ်။


၁။တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ကို ဖြစ်ဖူးထားရပါမယ်။

ကိုယ်အိမ်ထောင်ပြုမယ့် သူနဲ့ တစ်ခါဆိုတစ်ခါမှ ရန်ဖြစ်တာမျိုး မရှိဘူးလား။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် သဘောမတူညီတဲ့ ကိစ္စရပ်တွေ၊ နှစ်သားကြားက ဇြစ်လာနိုင်တဲ့ ပြသနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားထားပါ သလဲ။ သဘာဝကျကျပဲ ဆိုရမယ်ဆိုရင် အတွဲတိုင်းဟာ အနည်းဆုံး ပြသနာတစ်ခါ၊ နှစ်ခါ၊ ဒီ့ထက်မက တက်ဖူးကြပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုရှိသွားတာမျိုး ကြုံရမှာ ဖြစ်သလို သူမကြိုက်တာ၊ ကိုယ်မကြိုက်တာတွေလည်း ပိုသိသွားမှာပါ။  ဒီလိုမျိုး ပြသနာတစ်ခါမှမတက်ဖူး၊ ရန်တစ်ခါမှမဖြစ်ဖူးတဲ့သူနှစ်ဦး အိမ်ထောင်ကျတဲ့အခါ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံလာရရင် သူတို့ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ မသိနိုင်ပါဘူး။

 
၂။နှစ်ဦးစလုံးနဲ့ မရင်းနှီးတဲ့ နေရာဒေသတွေကို ခရီးအတူထွက်ဖူးထားရပါမယ်။

အိမ်ထောင်ပြုခြင်းဟာ စွန့်စားခန်းကြီးလို့တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် ထူးဆန်းတာတွေကို မြင်တွေ့ ကြုံတွေ့ရမယ့် ခရီးရှည်ကြီးတစ်ခုလို့တော့ ပြောပါရစေ။ ဒီတော့ ဒီခရီးကို အတူသွားမယ့် လူနှစ်ယောက်မှာ မကြုံတွေ့ဖူးတဲ့ အရာတွေနဲ့ ကြုံလာရတဲ့အခါ၊ သူစိမ်းတွေနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါ ဘယ်လိုတုံပြန်မလဲ၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာမျိုးဟာ သင်တို့နှစ်ယောက်အတူ ခရီးသွားဖူးတဲ့အခါ သိသွားမယ့်အရာပါပဲ။ သင်တို့နှစ်ဦးမှာ အစီအစဉ်ကျကျ စဉ်းစားထားတာမျိုးတွေ ကြုံဖူးသွားမယ်။ ကိုယ်စီစဉ်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်လိုပြန်စဉ်းစားဆုံးဖြတ်ကြမယ်ဆိုတဲ့ အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားစရာ အသစ်အသစ်သော အရာတွေ အားလုံးဟာ သင်တို့အတူ ခရီးသွားဖူးထားပါမှ ပိုအဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။


၃။နှစ်ဦးနှစ်ဖက်က မိသားစုဝင်တွေနဲ့ ရင်နှီးပြီးသား ဖြစ်ရပါမယ်။

အိမ်ထောင်ပြုတဲ့အချိန်ရောက်မှ ကိုယ့်ချစ်သူရဲ့ မိဘတွေ၊ မောင်နှမတွေကို မြင်တွေ့ဖူးတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ရည်းစားဘ၀မှာကတည်း တစ်အိမ်ကို တစ်အိမ် ၀င်ထွက်နိုင်ရင်တော့ ပိုကောင်းပါတယ်။ ဒီလိုဆိုရင် ကိုယ့်ချစ်သူရဲ့ မိသားစုဝင်တွေအကြောင်း၊ သူတို့ရဲ့  စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံစတာတွေကို အကဲခတ်နိုင်မှာ ဖြစ်သလို ကိုယ့်ချစ်သူအကြောင်းလည်း ပိုနားလည်လာပါလိမ့်မယ်။


၎။တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေ့လာသုံးသပ်ဖူးရပါမယ်။

ချစ်သူနှစ်ဦးမှာ တစ်ဦးက အလုပ်တွေ များလွန်းလို့ ကိုယ့်ကိုအချိန်မပေးနိုင်တာကြောင့် သိပ်မတွေ့ဖြစ်ကြဘူးဆိုတဲ့ စကားဟာ တကယ်တော့ စိတ်ကုန်ဖို့ ကောင်းလွန်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူအတွက်တော့ မရရအောင် အချိန်ဖဲ့ပေးတတ်ကြပါတယ်။ ဒါမှလည်း တစ်ဦးရဲ့အကြိုက်၊ တစ်ဦးရဲ့သဘောထားတွေကို နားလည်နိုင်မှာဖြစ်ပြီး နားလည်မှုဆိုတာလည်း ပိုရှိနိုင်မှာပါ။ ဒီလိုအချိန်ကျမှ တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်ရင်း ငါသူနဲ့ ဘ၀တစ်လျှောက်နဲ့ အတူနေဖို့ အဆင်ပြေမလားဆိုတာ တွေးရမှာပါ။


 http://www.trend.com.mm

မယ်စကြ၀ဠာဆု ကိုလံဘီယာ အလှမယ် ရရှိ


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြ၀ဠာ ပြိုင်ပွဲမှာ ကိုလံဘီယာ ပေါလီနာ ၀ီဂါက မယ်စကြ၀ဠာ အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။


အသက် ၂၂ နှစ်အရွယ် ၀ီဂါ ဟာ ပြိုင်ပွဲမှာ တင်ဆက်မှုတိုင်းမှာ အမှတ်အများဆုံးရ ရှိခဲ့သူဖြစ်ပါတယ်။

စီးပွားစီမံခန့်ခွဲရေး အထူးပြုနဲ့ ကိုလံဘီယာမှာ ကျောင်းတက်နေတဲ့ ၀ီဂါဟာ အသက် ၈ နှစ်အရွယ်ကတည်းက မော်ဒယ်အဖြစ် ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်။


“အလှအပနဲ့ မက်မော စွဲမက်ဖွယ်ကို ဂရုစိုက်ရုံသာမက ကျွမ်းကျင်မှု၊ ထက်မြက်မှု၊ အလုပ်ကြိုးစားမှု စတဲ့ ဒီကနေ့ အမျိုးသမီးတွေကို ကိုယ်စားပြုရတဲ့ အိမ်မက် အကောင်ထည်ဖော်နိုင်တော့မယ်”လို့ ၀ီဂါက အစောပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။


သူနဲ့ အတူ 1st runner-up အဖြစ် အမေရိကန် ပြည်ထောင်စု အလှမယ်၊ 2nd runner-up အဖြစ် ယူကရိန်း အလှမယ်နဲ့ 3rd runner-up အဖြစ် နယ်သာလန် အလှမယ်တို့က ရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံကိုယ်စားပြု  ၀တ်စုံဆုကိုတော့ အင်ဒိုနိးရှား ဓာတ်ပုံ အလှမယ်ဆုကိုတော့ ပူရာတိုရီကို အလှမယ်နဲ့  နှစ်လို ဖော်ရွေတဲ့ အလှမယ်အဖြစ် နိုက်ဂျီးရီးယား အလှမယ်တို့ကို ရွေးချယ်ခဲ့ပါတယ်။


ဒီပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု မီယာမီက ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။


မယ်စကြ၀ဠာ ပြိုင်ပွဲမှာ  နိုင်ငံပေါင်း ၈၈ နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သလို  မြန်မာကိုယ်စားပြု  အလှမယ် သျှားထွဋ်အိန္ဒြာက ၀င်ပြိုင်ခဲ့ပါတယ်။


By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/78679


မျက်စိကွယ်နေသော မိခင်တစ်ဦးက ၄င်း၏ မွေးကင်းစကလေးကို e-Sight မျက်မှန်ဖြင့် ပထမဆုံးအကြိမ် အဖြစ် ကြည့်ရှုနိုင်ခဲ့


အော့တ၀ါ ၊ ၂၆-၁-၂၀၁၅

ကနေဒါနိုင်ငံ၌ မျက်စိ ကွယ်နေသော မိခင်တစ်ဦးသည် ၄င်း၏ မွေးကင်းစ ကလေးကို e-Sight ဟု အမည် ပေးထားသည့် အမြင်အာရုံ မြှင့်တင် ပေးသည့် မျက်မှန်ကို တပ်ဆင်၍ ပထမဆုံး အကြိမ် အဖြစ် ကြည့်ရှု နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် ၌ ယမန်နေ့တွင် ဖော်ပြခဲ့သည်။


မိမိအနေဖြင့် မျက်စိ ကွယ်နေသော်လည်း မိမိ၏ မွေးကင်းစ သားငယ် ကလေးကို ယခုကဲ့သို့ အမြင်အာရုံ မြှင့်တင်ပေးသည့် မျက်မှန် ၏ အကူအညီဖြင့် ကြည့်ရှု နိုင်ခြင်းသည် အလွန် အံ့သြဖွယ် ကောင်းပြီး ဝမ်းသာ ကြည်နူးဖွယ် ဖြစ်ကြောင်း အသက် ၂၉ နှစ်ရှိ မိခင်ဖြစ်သူ ဘိတ်ဇ် က ပြောကြား ခဲ့သည်။


ဘိတ်ဇ် သည် အမြင်အာရုံ ဆုတ်ယုတ်မှု ရောဂါတစ်ခု ဖြစ်သည့် Stargardt ရောဂါကို ခံစားနေရသူ ဖြစ်ပြီး သူမအနေဖြင့် ရင်သွေးငယ်ကို မွေးမွေးပြီးချင်း မြင်တွေ့ လိုသည့်ဆန္ဒ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် e-Sight မျက်မှန်၏ အကူအညီဖြင့် ရင်သွေးငယ်ကို ကြည့်ရှုခဲ့ခြင်း ဖြစ်ကြောင်း ၄င်း၏ညီမ ဖီးလစ် က ပြောကြားခဲ့သည်။


အဆိုပါ မျက်မှန်သည် မျက်စိ မမြင်သူများ ၄င်းတို့၏ အနီး တစ်ဝိုက်ရှိ အရာဝတ္ထု များကို မြင်တွေ့ နိုင်စေရန် အထောက်အကူ ပြုပေး နိုင်သော်လည်း ၄င်း မျက်မှန်မှာ ဈေးနှုန်းမြင့် ခြင်းကြောင့် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


23 Jan 2015

ဒေါ်လာ ၃၀၀,၀၀၀ ကျော်တန် မယ်စကြာဝဠာ သရဖူ

ဒေါ်လာ ၃၀၀,၀၀၀ ကျော်တန် မယ်စကြာဝဠာ သရဖူ (သတင်းဓာတ်ပုံ- အင်ကြင်းနိုင်- VOA မြန်မာပိုင်း)
 
လာမယ့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈နာရီကျရင်တော့ ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူ ကို ဘယ်သူဆောင်း မလဲဆိုတာကို သိရမှာပါ။ ဒီသရဖူကို ဘယ်လို အဖိုးတန်ကျောက်တွေ လုပ်ထားပြီးတော့ ဘယ်လောက်တောင် တန်ဖိုးရှိသလဲ ဆိုတာကို မအင်ကြင်းနိုင်က ဆက်ပြောပြပါမယ်။


နာမည်ကျော် ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကြီးမှာ ချီးမြှင့်မယ့် ဒီနှစ်အတွက် သရဖူဟာ အလွန် တန်ဖိုးကြီးတယ်၊ အလွန်ထူးခြားတယ်လို့ အဖွဲ့ရဲ့ အကြီးအကဲတွေက ပြောပါတယ်။ ဒီသရဖူကို တီထွင်ဖန်တီးဖို့အတွက် နာရီ အချိန်ပေါင်း ၃၀၀၀ လောက်ကြာခဲ့ပါတယ်။ သရဖူရဲ့တန်ဖိုးကတော့ ဒေါ်လာ ၃၀၀,၀၀၀ လောက်ရှိတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။


ဒီဟာကို တီထွင်ဖန်တီးတာနဲ့ပတ်သက်ပြီးတော့ Miss Universe အဖွဲ့ကြီးရဲ့ တာဝန်ရှိပုဂ္ဂိုလ်တဦးဖြစ်တဲ့  Shawn McClain ပြောပါတယ်။


" ဒီသရဖူကို စိန်တွေ၊ ဥဿဖယား ကျောက်တွေ၊ သလင်းကျောက်တွေနဲ့ လုပ်ထားတာပါ။ ဆိုတော့ ဒါက သိပ်ကို ဘေးအန္တရာယ်ကင်းတဲ့ သရဖူဖြစ်ပြီး မယ်စကြာဝဠာရဲ့ ခေါင်းပေါ်ကနေ ပြုတ်ကျမသွားနိုင်ပါဘူး။ ဒေါ်လာ သုံးသိန်းကျော် တန်ပြီး တချိန်လုံး လုံခြုံရေးနဲ့ ထားတာပါ။ နယူးယောက်မှာဆိုရင် လုံခြုံတဲ့ သေတ္တာနဲ့ထည့်ပြီး ဘဏ်မှာ အပ်ထားပါတယ်။ ဘယ်ဘဏ်ဆိုတာတော့ ကျနော် မပြောနိုင်ပါဘူး။ ဒါကို ထုတ်ပြရတာ ကျနော်တို့အတွက် သိပ်ကို စိတ်လှုပ်ရှား ရင်ခုန်ရပါတယ်။ တနင်္ဂနွေနေ့ညမှာ မယ်စကြာဝဠာ ကိုကြေညာပြီးရင်တော့ ရွေးချယ်ခံရတဲ့ မယ်စကြာဝဠာအသစ်ကို ဒီသရဖူဆောင်းပေးပြီး သူ့ဆီမှာ တစ်နှစ်တာ ရှိနေပါလိမ့်မယ်။"


အခုတနင်္ဂနွေနေ့မှာ ကျင်းပမယ့် မယ်စကြာဝဠာရဲ့ နောက်ဆုံးပြိုင်ပွဲမှာ ဘယ်သူ သရဖူဆွတ်ခူးမလဲဆိုတာကိုတော့ အားလုံးက စိတ်ဝင်တစားဖြစ်နေကြပါတယ်။

 
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)


19 Jan 2015

စားသုံးရန်မသင့်ဟု ကြေညာထားသည့် မုန့်လေးမျိုးကို ဈေးနှင့် ကျောင်းမုန့်ဈေးတန်း များမှ တွေ့ရှိခြင်း


နေပြည်တော် ၊ ၂၀-၁-၂၀၁၅

တရုတ် နိုင်ငံထုတ် ကလေး အစားအစာ သရေစာ ဆီးသီးထုပ် ယိုစုံနှစ်မျိုး နှင့် အချိုရည် နှစ်မျိုးတို့တွင် တားမြစ်ဆိုးဆေး သုံးစွဲထား သည်ကို တွေ့ရှိရသဖြင့် စားသုံးရန် မသင့်ဟု ကျန်းမာရေး ဝန်ကြီးဌာန က သတိပေး ထုတ်ပြန် ပေးထားကြောင်း သိရသည်။


စားသုံးရန် မသင့်ဟု ကြေညာ လိုက်သည့် ကုန်ပစ္စည်း များမှာ ဆီးသီးထုပ် အမှတ်တံဆိပ် Miko-ko နှင့် တွင်ကျယ်၊ အားဖျန်း အချိုရည်နှစ်မျိုး ဖြစ်ပြီး ယခုတွေ့ရှိသည့် တားမြစ် ဆိုးဆေးသုံး အစားအသောက် များကို ဈေးများနှင့် ကျောင်း မုန့်ဈေးတန်း များမှ စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ စားသုံးရန် မသင့်သော အစားအသောက် များကို ဓာတ်ခွဲ စစ်ဆေး စမ်းသပ်ချက် အဖြေများအရ စားသုံးသူများ သိရှိစေရန် ထုတ်ပြန် ကြေညာ ပေးခဲ့သည်မှာ အမျိုးပေါင်း ၂ဝ ကျော်ရှိပြီး ဖြစ်ကာ အများစုမှာ တရုတ်မုန့်ဟု ပြောရမည် ဆိုသော်လည်း အချို့သော တရုတ်စာတန်းပါ မုန့်များသည် ပြည်တွင်း ထုတ်လုပ်မှုများ ဖြစ်နေသည်ဟု သိရသည်။


''စားသုံးရန် မသင့်ဆိုတဲ့ အစားအသောက် တွေအားလုံးမှာ တရုတ်မုန့်တွေလို့ ပြောရပေမယ့် အထူးသဖြင့် အစပ်ချောင်းလို မုန့်အုပ်စု တွေမှာ တရုတ်စာတွေနဲ့ ရေးထားတယ်။ ဒါပေမဲ့ ပြည်တွင်း မှာပဲပြုလုပ် နေတာမျိုးလဲ ရှိတယ်။ တရုတ်စာနဲ့ ရေးထားတိုင်း တရုတ်နိုင်ငံက သွင်းတယ်လို့ ဆိုမရပြန်ဘူး။ အခု အနေအထား မှာက နယ်စပ်မြို့တွေမှာ ကုန်သွယ်မှု အတွက်ကို နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေးမှုတွေ အပြင် ပြည်တွင်း ဌာနပေါင်းစုံရဲ့ စစ်ဆေးမှု၊ မိုဘိုင်းတင်း အဖွဲ့တွေရဲ့ စစ်ဆေးမှု တွေကြောင့် တရားမဝင် ဝင်ရောက်နေတဲ့ ကုန်စည် စီးဆင်းမှုက အထိုက် အလျောက် လျော့ပါးလာပြီ ဖြစ်ပါတယ် .. '' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ယခုအခါ ကျန်းမာရေး ဝန်ကြီးဌာနမှ စားသုံးရန် မသင့်သော အစားအသောက် များကို စစ်ဆေးတွေ့ရှိ သည်နှင့် စားသုံးသူများ သိရှိရန် သတင်းထုတ်ပြန် ပေးနေ သော်လည်း စီးပွားရေး လောဘသား များ၏ ကိုယ်ကျိုးကြည့် ထုတ်လုပ်နေမှု များကြောင့် ယခုကဲ့သို့ သုံးစွဲရန် မသင့်ဆိုသည် များ ထပ်မံတွေ့ရှိ နေဦးမည် ဖြစ်သည်ဟု မန္တလေး မိုဘိုင်းတင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ပြည်တွင်း၌ အစားအသောက် ထုတ်လုပ်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ မသုံးစွဲရန် တားမြစ်ပိတ်ပင် ထားသည့် ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြု ရန်နှင့် မလိုက်နာ ပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈(က) အရ တရားစွဲဆို အရေးယူ နိုင်သည်ဟု သိရသည်။


ယခုအခါ မြန်မာနိုင်ငံ အတွင်း ရှိ မိုဘိုင်းတင်း အဖွဲ့များ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စားသုံးရန် မသင့်ဟု ထုတ်ပြန် ကြေညာထားသည့် အစားအသောက် များကို ဈေးများနှင့် ကျောင်းမုန့်ဈေးတန်း များတွင် ရောင်းချမှုများ စစ်ဆေး တွေ့ရှိသည် နှင့် ထို အစားအစာ များကို ဆက်လက် ရောင်းချခွင့် မပြုဘဲ သိမ်းဆည်း ဖျက်ဆီး မှုများကို လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။
 

#Yadanarpondaily
 

#ရတနာပုံနေ့စဉ်
 


15 Jan 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် တောင်တွင်းကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျှက်ရှိ



ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြု အထိမ်းအမှတ် တောင်တွင်းကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျှက်ရှိ ဗိုလ်ချုပ်ဝင်ထွက်သွားလာ များသော မြို့တစ်မြို့ဖြစ်သည့် (မွေးရပ်ဌာနေလို့) ပြောလို့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာဇာတိ ဖြစ်တဲ့ နတ်မောက်မြို့နှင့် ၂၈ မိုင် သာဝေးသော တောင်တွင်းကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြုပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ နံနက် ၈း၀၀ အချိန်တွင် တောင်တွင်းကြီး မြို့ မြို့လယ်လေးလမ်းဆုံတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အား လေးစား ချစ်ခင်မြတ်နိုးကြသော စေတနာတူ၊ ဆန္ဒတူညီကြသော ပါတီအသီးသီး၊ ဘာသာအသီးသီး၊ အလွှာ အသီးသီးမှ နှလုံးသားချင်း အပ်သော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


၎င်းဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ဂုဏ်ပြုပွဲ အထိမ်းအမှတ် အခမ်းအနားအား ဗိုလ်ချုပ်အား လေးစား တန်ဖိုးထား ချစ်မြတ်နိုးကြသော စေတနာတူ၊ ဆန္ဒတူသူများ က ဗိုလ်ချုပ်စိတ်ဓာတ် ပြန့်ပွားအောင် အနာဂတ်တွင် ဗိုလ်ချုပ်စိတ်ဓာတ်ဖြင့် တိုင်းပြည်အကျိုးပြုနိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ဒေသခံများက ၀ိုင်းဝန်းစုပေါင်း ဆောင်ရွက်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ ဦးဆောင် ဆောင်ရွက်တာမျိုး မဟုတ်ကြောင်း သိရှိရသည်။


အခမ်းအနားဖွင့်ပွဲတွင် ဗိုလ်ချုပ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများ ဖြင့် ဧည့်ခံခဲ့ကြောင်း သိရှိရသည်။ ၄င်းနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကြီးတွင် စာစီစာကုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြိုင်ပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ ကဗျာရွတ်ဖတ်ခြင်း၊ ရိုးရာခြင်းလုံး အလှခတ်ပြပွဲ၊ ပန်းချီပြပွဲ၊ ဓါတ်ပုံပြပွဲ၊ အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများအား သတ်မှတ်ထားသည့် ရက်အချိန်နေရာများ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။
 

BY THIT HTOO LWIN 
 



မလေးရှား၌ တစ်ပတ်အတွင်း မြန်မာ အပါအဝင် အခြား အလုပ်သမား (၁၂၀၀) ခန့် ဖမ်းဆီး ထိန်းသိမ်းခံရ

တရာမဝင် နိုင်ငံခြားသား အလုပ်သမား များအား မလေးရှား အာဏာပိုင် များမှ ဖမ်းဆီး ခေါ်ဆောင်လာစဉ် ဓါတ်ပုံ - AFP
 
မလေးရှား နိုင်ငံ၌ တရားမ၀င် နိုင်ငံခြားသား အလုပ်သမား များအား စီမံချက် တစ်ရပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း နေသည့် ယခု ကာလတွင် တစ်ပတ် အတွင်း၌ တရားမဝင် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမား (၁၂၀၀) ခန့်ကို မလေးရှား အာဏာပိုင် များက ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း မလေးရှား နိုင်ငံ ကပုန်းမြို့ မြန်မာ လူမှု အကူအညီ ပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ရွှေဟင်္သာ သတင်း ဌာနအား ဇန်နဝါရီလ (၁၄) ရက်နေ့၌ ပြောကြား ခဲ့သည်။


“တနင်္ဂနွေ နေ့မှာ ဆိုရင်ကွာရာလမ်ပူ မြို့မှာ ကား (၁၂) စီး လောက် ဖမ်းသွားတယ်။ ရဲအချုပ်ကား တွေက မဆန့် တော့ဘူး။ စည်ပင်က အချုပ်ကားတွေ ခေါ်ပြီး ဖမ်းတယ်။ကွာရာလမ်ပူ မြို့လယ်ခေါင် ကိုတာရာယာ ပါတ်ဝန်းကျင်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အိန္ဒိယ နိုင်ငံက လူပေါင်းစုံ စုနေတယ်။ ရဲတွေက ၀င်ပေါက်ေ တွကို ပိတ်ပြီး ဖမ်းတယ်။အဲဒီမှာ (၁၂၀၀) လောက် ဖမ်းသွားတယ်” ဟု ဦးဆန်းဝင်းက ပြောသည်။


ထိုအဖမ်း အဆီး ခံရသည့် တရားမဝင် နိုင်ငံခြားသား အလုပ်သမား (၁၂၀၀) အနက် မြန်မာ နိုင်ငံသား (၁၃၀) ဦး ပါဝင်ကာ ကျန် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများမှာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ၊ နီပေါ နှင့် အန္ဒိယ နိုင်ငံသားများ ဖြစ်ကြကြောင်း ဦးဆန်းဝင်းက ဆက်ပြောသည်။


အလားတူ မလေးရှား ရဲတပ်ဖွဲ့မှလည်း ကွာလာလမ်ပူမြို့ ကိုတာရာယာအရပ်နှင့် မိုင်ဒင်း မြို့တို့၌ တရားမဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီး ခဲ့စဉ်တွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားပေါင်း ၁၁၉၈ ဦး တို့အား ဖမ်းဆီး ရမိ ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြ ထားပါသည်။


ယခု ကဲ့သို့ မလေးရှား အာဏာပိုင် များမှ တရားမဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီး နေသည့် ကာလတွင် စာရွက် စာတမ်း အထောက် အထား ရှိသည့် မြန်မာ နိုင်ငံသား အလုပ်သမား များအား မြန်မာ သံရုံးမှ ကူညီ လုပ်ဆောင် ပေးနိုင် သော်လည်း အထောက်အထားမဲ့ များကိုမူ အကူအညီ ပေးနိုင်ရေး အခက်တွေ့ နေကြောင်း မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံး ဝန်ထမ်း တစ်ဦး ကလည်း ရွှေဟင်္သာသတင်းဌာနအား ဇန်နဝါရီလ (၁၄) ရက်နေ့၌ ပြောကြားသည်။


“အခု လောလော ဆယ်ဆယ်တော့အချုပ်ခန်းထဲ ၀င်လို့ မရဘူးလေ။သူတို့ နိုင်ငံရဲ့ စီမံချက်နဲ့ ဖမ်းနေတယ် ဆိုတော့တရားမ၀င် သူတွေ အနေနဲ့တော့ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံရမယ်။ပြီးမှ သံရုံးကနေ သူတို့ကို တွေ့ပြီးတော့ပတ်စ်ပို့ ရှိရင်ဒါမှ မဟုတ် သူတို့ရဲ့မြန်မာ နိုင်ငံသား မှတ်ပုံတင် ရှိလို့ ရှိရင်မြန်မာ နိုင်ငံကို ပြန်လို့ ရတာ ပေါ့နော်။အဲဒီ ကိစ္စ တခုဘဲ ကူညီလို့ ရတယ်” ဟုအမည် မဖော်လိုသည့် မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ဝန်ထမ်း တဦးက ပြောသည်။


ထို့ပြင် မြန်မာ နိုင်ငံသား များအား အသွားအလာ ဆင်ခြင် ကြရန်နှင့်နေ့ကြီး ရက်ကြီး များ၌ လူစည်ကားသည့် နေရာ များသို့ မသွားလာ ကြရန်၊ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များ၌ အပြင် မထွက် ကြရန် မြန်မာ အလုပ်သမား များအား မြန်မာ သံရုံးမှ ဆော်သြော် ပြောကြား ထားကြောင်း ၎င်းက ဆက်ပြောသည်။


ယခု အကြိမ် မလေးရှား အာဏာပိုင် များ၏ ဖမ်းဆီး မှုတွင် တရားဝင် အထောက်အထား ရှိသည့် သူများပါ မကျန် ဖမ်းဆီး နေခြင်းကြောင့် သွားရေး လာရေး၌ အခက်အခဲ ကြီးစွာ ဖြစ်နေကြောင်း မြန်မာ အလုပ်သမား များက ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ကြသည်။


ထိုစီမံချက်၌ ဖမ်းဆီး ခံရသည့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) လက်မှတ် ကိုင်ဆောင်ထားသည့် သူများအား ရုံးမှ တဆင့် လာရောက် ထုတ်ယူ နေကြောင်း မလေးရှား နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်း များမှ တာဝန်ရှိသူ များက ရွှေဟင်္သာ သတင်း ဌာနအား အတည်ပြု ပြောသည်။


မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ လာမည့် ၂၀၁၅ ခုနှစ် ဆန်းမှ စ၍ တရားမဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီးမည် ဖြစ်ကာ၊ ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ မလေးရှား နိုင်ငံ တွင်းမှ ထွက်ခွာ ပေးရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လတွင်း၌ မလေးရှား အာဏာပိုင် များမှ တရားဝင် ထုတ်ပြန် ကြေငြာ ထားခဲ့သည်။


သို့မဟုတ်ပါက မလေးရှား နိုင်ငံ၌ တရားမဝင် နေထိုင်သည့် နိုင်ငံခြားသား မျာအား မလေးရှား အာဏါပိုင် များမှ ဖမ်းဆီး ရမိခဲ့ ပါက ထောင်ဒဏ် (၃) လနှင့် ကြိမ်ဒဏ် တစ်ချက် ချမှတ် ခံရမြည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာ ထားသည်။


Written by  ရွှေဟင်္သာသတင်းဌာန



14 Jan 2015

မလေးရှားမှာ မြန်မာတွေ အသတ်ခံရမှု သံသယရှိသူ ကိုးဦးကို တရားစွဲ

မလေးရှားမှာ မြန်မာတွေ အသတ်ခံရမှု သံသယရှိသူ ကိုးဦးကို တရားစွဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားလို့ဆိုသူ ကိုးဦးကို လူသတ်မှုနဲ့ ဇန်နဝါရီလ ၁၄ရက်နေ့တွင် တရားစွဲဆိုလိုက်တယ်လို့ မလေးရှား သတင်းဌာနတစ်ခုဖြစ်တဲ့ The Star Online သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ 

ဘီလေ မိုဟာမက် ဂူလမ်၊ မိုဟာမက် ရာဖေး၊ ဟဘီဘူလရ်၊ မိုဟာမက် ရဖိ ရှဖိုင်း၊ ယဆင့်၊ ဟူဆင့် ဆယလေး၊ စိုးမောင်မောင်၊ အလီနှင့် ဟဖိုက် အမတ်ဆိုသူတို့ကို မျိုးအောင်ဆိုသူနဲ့ အခြား မြန်မာနိုင်ငံတစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က အသတ်ခံမှုနဲ့ တရားစွဲဆိုခံရတယ်လို့ မလေးရှားသတင်းမှာ ဖော်ပြပါတယ်။

မိုဟာမက် ရာဖေး၊ ဘီလေ မိုဟာမက် ဂူလမ်နဲ့ ဟဖိုက် အမတ် ဆိုသူတွေကို မြန်မာနိုင်ငံသား သုံးကို သတ်ခဲ့တယ်ဆိုပြီး နောက်ထပ် လူသတ်မှုနှစ်ခုနဲ့ ထပ်မံ တရားစွဲဆိုခဲ့တယ်လို့ The Star Online သတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီ လူသတ်မှုနှစ်ခုအနက် တစ်ခုမှာ ထူးအောင်ဆိုသူကို Taman Impian Ria, Machang Bubok ရှေ့မှာ အောက်တိုဘာလ ၁၅ရက်နေ့က သတ်ခဲ့တာဖြစ်ပြီး ဒုတိယ တစ်ခုမှာ ကျော်တင်လှနဲ့ ထွန်းရင်မောင် တို့ကို Machang Bubok မှာရှိတဲ့ Kampung Manggis ဆီအုန်းခြံမှာ စက်တင်ဘာလ ၁၄ ရက်နေ့က သတ်ဖြတ်ခဲ့တာလို့ မလေးရှား သတင်းတွေမှာ ဖော်ပြပါတယ်။ 

သူတို့ကို ပုဒ်မ ၁၄၉နှင့် ပုဒ်မ ၃၀၂တို့အရ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီပုဒ်မှုအရ ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရမယ်လို့ The Star Online သတင်းမှာဖော်ပြပါတယ်။ 
သူတို့ကို ဇန်နဝါရီလ ၃၀ရက်နေ့ကို တရားရုံးချိန်း ချိန်းဆိုလိုက်ပြီး တရားစွဲဆိုခံရသူတွေ ဘက်က တစ်စုံတစ်ရာ ခုခံချေပမှု မရှိဘူးလို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။ 

ပီနန်းပြည်နယ်မှာ ၂၀၁၄ခုနှစ်အတွင်း လူသတ်မှု ၅၂မှု ဖြစ်ပွားခဲ့ပြီး မလေးရှားနိုင်ငံသား ၁၈ဦး၊ မြန်မာ ၁၈ဦး၊ အခြား အမည်မသိသူ ၁၁ဦး ရှိခဲ့တယ်လို့ The Star Online သတင်းမှာဖော်ပြပါတယ်။

(Photo - The Star Online)

 
မလေးရှားနိုင်ငံ ပီနန်းပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားလို့ဆိုသူ ကိုးဦးကို လူသတ်မှုနဲ့ ဇန်နဝါရီလ ၁၄ရက်နေ့တွင် တရားစွဲဆိုလိုက်တယ်လို့ မလေးရှား သတင်းဌာနတစ်ခုဖြစ်တဲ့ The Star Online သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ 
 
 
ဘီလေ မိုဟာမက် ဂူလမ်၊ မိုဟာမက် ရာဖေး၊ ဟဘီဘူလရ်၊ မိုဟာမက် ရဖိ ရှဖိုင်း၊ ယဆင့်၊ ဟူဆင့် ဆယလေး၊ စိုးမောင်မောင်၊ အလီနှင့် ဟဖိုက် အမတ်ဆိုသူတို့ကို မျိုးအောင်ဆိုသူနဲ့ အခြား မြန်မာနိုင်ငံတစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က အသတ်ခံမှုနဲ့ တရားစွဲဆိုခံရတယ်လို့ မလေးရှားသတင်းမှာ ဖော်ပြပါတယ်။
 

မိုဟာမက် ရာဖေး၊ ဘီလေ မိုဟာမက် ဂူလမ်နဲ့ ဟဖိုက် အမတ် ဆိုသူတွေကို မြန်မာနိုင်ငံသား သုံးကို သတ်ခဲ့တယ်ဆိုပြီး နောက်ထပ် လူသတ်မှုနှစ်ခုနဲ့ ထပ်မံ တရားစွဲဆိုခဲ့တယ်လို့ The Star Online သတင်းမှာ ဖော်ပြပါတယ်။ 
 

အဲဒီ လူသတ်မှုနှစ်ခုအနက် တစ်ခုမှာ ထူးအောင်ဆိုသူကို Taman Impian Ria, Machang Bubok ရှေ့မှာ အောက်တိုဘာလ ၁၅ရက်နေ့က သတ်ခဲ့တာဖြစ်ပြီး ဒုတိယ တစ်ခုမှာ ကျော်တင်လှနဲ့ ထွန်းရင်မောင် တို့ကို Machang Bubok မှာရှိတဲ့ Kampung Manggis ဆီအုန်းခြံမှာ စက်တင်ဘာလ ၁၄ ရက်နေ့က သတ်ဖြတ်ခဲ့တာလို့ မလေးရှား သတင်းတွေမှာ ဖော်ပြပါတယ်။ 
 

သူတို့ကို ပုဒ်မ ၁၄၉နှင့် ပုဒ်မ ၃၀၂တို့အရ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီပုဒ်မှုအရ ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရမယ်လို့ The Star Online သတင်းမှာဖော်ပြပါတယ်။
သူတို့ကို ဇန်နဝါရီလ ၃၀ရက်နေ့ကို တရားရုံးချိန်း ချိန်းဆိုလိုက်ပြီး တရားစွဲဆိုခံရသူတွေ ဘက်က တစ်စုံတစ်ရာ ခုခံချေပမှု မရှိဘူးလို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။ 
 

ပီနန်းပြည်နယ်မှာ ၂၀၁၄ခုနှစ်အတွင်း လူသတ်မှု ၅၂မှု ဖြစ်ပွားခဲ့ပြီး မလေးရှားနိုင်ငံသား ၁၈ဦး၊ မြန်မာ ၁၈ဦး၊ အခြား အမည်မသိသူ ၁၁ဦး ရှိခဲ့တယ်လို့ The Star Online သတင်းမှာဖော်ပြပါတယ်။
 

(Photo - The Star Online)
by the voice weekly

Facebook က မဖွယ်မရာ ရုပ်သံဖိုင် နှင့် ဓာတ်ပုံများကို ကန့်သတ်တားမြစ်မည်

အကြမ်းဖက် သမားများက ရဲအရာရှိ Ahmed Merabet ကို ပစ်သတ်နေပုံ ရုပ်သံဖိုင်ကို ဆက်လက် တင်မရ၊ ပြမရ၊ ကြည့်မရအောင် လုပ်ဆောင်ထားမည်



ဝါရှင်တန် ၊ ၁၅-၁-၂၀၁၅
 

ကမ္ဘာပေါ်တွင် လူသုံး အများဆုံး လူမှုကွန်ရက် အင်တာနက် စာမျက်နှာအဖြစ် ရပ်တည်နေဆဲ ဖြစ်သည့် Facebook က User များအနေဖြင့် ရုန့်ရင်း ကြမ်းတမ်းပြီး မဖွယ်မရာ ပြကွင်းပြကွက် နှင့် ပုံရိပ်များ ပါဝင်သော ရုပ်သံနှင့် ဓာတ်ပုံများ ကို တင်ထားခွင့် မပြုတော့ဘဲ ကန့်သတ်တားမြစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 

Facebook ၏ တားမြစ် ကန့်သတ်ချက် နှင့် ငြိစွန်းသည့် ရုပ်သံ၊ ရုပ်ပုံတက်လာလျှင် အထိတ်တလန့် ဖြစ်စေနိုင်သော ဟု အဓိပ္ပာယ် ရသည့် Shock ကို လည်းကောင်း၊ အရှက်ရ စေသောဟု အဓိပ္ပာယ် ရသည့် Offend ကို လည်းကောင်း၊ စိတ် အနှောင့်အယှက် ဖြစ်စေသောဟု အဓိပ္ပာယ် ရသည့် Upset ကို လည်းကောင်း ကွန်ပျူတာနှင့် ဖုန်းစကရင် များတွင် စာတန်းပြေး လေးဖြင့် တောက်လျှောက် ထိုးပြ သတိပေး နေမည်ဖြစ်ပြီး အဆိုပါ ရုပ်သံနှင့် ရုပ်ပုံများ ကိုလည်း အလိုအလျောက် ပွင့်လာစေမည် မဟုတ်တော့ဘဲ ကြည့်ရှု လိုသူက ကလစ်ခေါက် မှသာ ပွင့်လာ တော့မည်ဖြစ်သည်။

ထို့ပြင် Facebook သည် အသက် ၁၈ နှစ်အောက် User များထံ၌ အဆိုပါ မဖွယ်မရာ ရုပ်သံ၊ ရုပ်ပုံနှင့် အခြား ဂရပ်ဖစ်ပုံရိပ်များ မပွင့်အောင် ပိတ်ပင် ထားမည် ဖြစ်သည်။

 

'' Facebook ကို အသုံးပြုလို့ အန္တရာယ်နဲ့ ကြုံတွေ့ရတယ် ဆိုတာမျိုး မဖြစ်စေချင်လို့ အခုလို စတင် ကန့်သတ်ရတာ ဖြစ်ပါတယ်။ ငယ်ရွယ်နုနယ် အသိမကြွယ် သေးတဲ့ ကလေးငယ် တွေဟာ Facebook ကို အသုံးပြုပြီး အမဲလိုက် နေတဲ့ မနုဿမုဆိုး တွေရဲ့သားကောင် အချိန်မရွေး ဖြစ်သွား နိုင်ပါတယ်။ ဒါကို ထိရောက်စွာ ဟန့်တားချင်လို့ အခုလို ကန့်သတ် ပိတ်ပင် တားမြစ်ချက် တွေကို အကောင် အထည်ဖော် ဆောင်ရွက် ရတာ ဖြစ်ပါတယ် '' ဟု Facebook မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

 

Facebook သည် ရုန့်ရင်း ကြမ်းတမ်းသော လူသတ်၊ မုဒိမ်းကျင့်၊ လိင်စိတ်နှိုးဆွ ပေးသော ရုပ်သံဖိုင် နှင့် ရုပ်ပုံဖိုင်များကို ထိန်းချုပ်ရာတွင် အားနည်းသည် ဟု နိုင်ငံတကာ၏ ဝေဖန်ပြစ်တင် မှုကို လွန်ခဲ့သော နှစ်ပိုင်းကပင် စတင်ခံစား ခဲ့ရသည့် အတွက် ယခုဖော်ပြပါ အတိုင်း စတင် အရေးယူ ဆောင်ရွက်ခြင်း လည်း ဖြစ်နိုင်ကြောင်း လေ့လာ စောင့်ကြည့်သူ များက သုံးသပ် ထားသည်။

 

ပထမဆုံး အနေဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ ချာလီဟက်ဗဒို ဂျာနယ်တိုက် အရေးတွင် အကြမ်းဖက် သမားများက ရဲအရာရှိ Ahmed Merabet ကို ပစ်သတ်နေပုံ ရုပ်သံဖိုင်ကို ဆက်လက် တင်မရ၊ ပြမရ၊ ကြည့်မရအောင် ပိတ်ချ ထားတော့မည် ဖြစ်ကြောင်း သိရသည်။

 

#PyiChitThar 



13 Jan 2015

MECTel ဖုန်းများ အင်တာနက်လျှောက်လျှင် ကျပ်တစ်သောင်း ပေးဆောင်ရန် မလိုတော့



မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဝန်ဆောင်မှု ပေးနေသည့် ၃၀၊ ၃၁ နှင့် စသည့် MECTel ဖုန်း များတွင် အင်တာနက် စတင်အသုံးပြုရန် ဝန်ဆောင်ခ ကျပ် တစ်သောင်း ပေးဆောင်နေရာမှ လက်ရှိအချိန်တွင် ပေးသွင်းရန် မလိုအပ်တော့ဟု MECTel ထံမှ သိရသည်။
ယင်းကဲ့သို့ အင်တာနက် စတင်အသုံးပြုခ ကျပ် တစ်သောင်းပေးရန် မလိုခြင်းကို ဇန်န၀ါရီ ၁၅ ရက်က စတင်လိုက်ပြီ ဖြစ်သည်။
 

ယင်းအပြင် စာတိုစနစ် မက်ဆေ့ခ်ျပေးပို့မှုအတွက် ယခင် တစ်စောင်လျှင် ၂၅ ကျပ် ကောက်ခံရာမှ ဇန်န၀ါ ရီ ၁၅ ရက်မှစပြီး တစ်စောင်လျှင် ၁၅ ကျပ်နှုန်း လျှော့ချ ကောက်ခံသွားမည် ဖြစ်သည်။
ယင်းအပြင် MECTel က ၎င်းတို့၏ဖုန်းများ ငွေဖြည့်သွင်းမှုအတွက် နှစ်သစ်ကူး အစီအစဉ်အဖြစ် ဇန်န၀ါရီ ၁၅ ရက်မှ စတင်ပြီး ၃၁ ရက်အထိ ငွေဖြည့်သွင်းပါက ဖြည့်သွင်းသည့် ငွေဖြည့်ကတ် တန်ဖိုး၏ ၇၀ ရာခိုင် နှုန်းကို အပို ထပ်ဆောင်းငွေအဖြစ် ပေးအပ်သွားမည် ဖြစ်သည်။
 

MEC ဆင်းမ်ကတ် အသုံးပြုသူတစ်ဦးက “ငွေဖြည့်ကတ်ပေါ်မှာ ၇၀ ရာခိုင်နှုန်း ထပ်ပေးတော့ တစ်မိနစ်ကို ဖုန်းပြောခ ၃၀ လောက်တော့ ကျတာပေါ့။ MPT ရဲ့အစီအစဉ်ထက်စာရင် ပိုကောင်းပါတယ်။ အမြဲလုပ်ပေး မယ်ဆိုရင် အဆင်ပြေမယ်” ဟု ဆိုသည်။
 

ငွေဖြည့်ကတ်တန်ဖိုး ကျပ်တစ်သောင်း ဖြည့်သွင်းပါက အပိုငွေ ကျပ် ၇,၀၀၀ ရရှိ မည်ဖြစ်ပြီး ကျပ် ၅,၀၀၀ ဖြည့်ပါက ကျပ် ၃,၅၀၀ အပိုရရှိမည်ဖြစ်သည်။ ကျပ် ၃,၀၀၀ တန် ငွေဖြည့်ကတ် ဖြည့်သွင်းပါကလည်းကျပ် ၂,၁၀၀ ရရှိမည်ဖြစ်သည်။
 

ထပ်ဆောင်းပေးထားသည့် အပိုငွေကို ကုန်ဆုံးသည်အထိ အချိန် အကန့်အသတ်မရှိ အသုံးပြုနိုင်မည် ဖြစ် သည်။ ဖုန်းငွေဖြည့်ကတ်များကို အသုံးပြုသူများ အဆင်ပြေစေရန် ကျပ် ၃,၀၀၀ တန် ငွေဖြည့်ကတ်များ လည်း ဈေးကွက်အတွင်း ဖြန့်ဖြူးပေးလျက်ရှိသည်ဟုMECTel ထံမှ သိရသည်။
 

ယခင်ကMECTel ၏ ဆင်းမ်ကတ် ပျောက်ဆုံးပါက ပြန်လည်လျှောက်ထားရန် ကျပ်နှစ်သောင်း ကောက်ခံ ရာမှ လက်ရှိအချိန်တွင် ကျပ် ၁,၅၀၀ သို့ လျှော့ချ ကောက်ခံလျက် ရှိသည်။


မဇ္ဈိမ