12 Feb 2015

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတိ စာအုပ်

ကျွန်တော် ဗိုလ်ချုပ်မွေးနေ့ 100 ပြည့်နှစ်မှာ အမှတ်တရအနေနဲ့ ဗိုလ်ချုပ်အတ္ထုပ္ပတိ စာအုပ်လေး Site တစ်ခုမှာရေးထားတဲ့ ဆောင်းပါးလေးကို PDF ပြောင်းပြီးတင်ပေးလိုက်ပါတယ်။ကျွန်တော်တွေ့တာတော့ ဗိုလ်ချုပ်အတ္ထုပ္ပတိ စာအုပ်က အိမ်တိုင်းမှာ Hard Copy ပဲရှိကြတာများတယ်လေ။အဲဒါကြောင့်တင်ပေးလိုက်ပါတယ်။လေ့လာချင်သောမိတ်ဆွေများ Download ဆွဲပြီး သိမ်းထားလိုက်ကြပေါ့ဗျာ။


http://myatthantint.blogspot.com

8 Feb 2015

ဂျော်ဒန်တွေ IS ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်

IS စစ်သွေးကြွတွေရဲ့ မီးရှို့သတ်ဖြတ်မှုခံခဲ့ရသူ တိုက်လေယာဉ်မှူးရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့တဲ့ ဂျော်ဒန်မိဘုရား Rania 
 
ဂျော်ဒန် တိုက်လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ပေါ် ကတဆင့် ပြသပြီး နောက်ပိုင်း ဂျော်ဒန် လေတပ်က IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်း စစ်ဆင်မှု ၅၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဂျော်ဒန်နိုင်ငံက တနင်္ဂနွေနေ့မှာ ပြောပါတယ်။


ဂျော်ဒန်လေတပ်ဟာ တိုက်လေယာဉ်မှူး Muath al-Kaseabeh အတွက် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး Mansour al-Jabour က ပြောပါတယ်။ ဂျော်ဒန်တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေးသင်တန်းစခန်းတွေ၊ စစ်တန်းလျားတွေ၊ လက်နက်နဲ့ လောင်စာဆီသိုလှောင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးကပြောပါတယ်။


အီရတ်နဲ့ ဆီးရီးယားနိုင်ငံနယ်မြေအတွင်းမှာရှိတဲ့ IS ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဂျော်ဒန်နိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကစလို့ လေကြောင်း စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ကြရာမှာ စစ်သွေးကြွ (၇) ထောင်ကျော်ကို သုတ်သင်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး al-Jabour ကပြောပါတယ်။
 

ကျနော်တို့ရဲ့ ရည်မှန်းချက် အလုံးစုံ အောင်မြင်တဲ့အထိ IS အစွန်းရောက် စစ်သွေးကြွတွေကို ခြေမှုန်းပစ်ဖို့ သံဓိဌန် ချထားပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး al-Jabour က Amman မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


ဂျော်ဒန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်ရေး အစီအစဉ်ကို အကူညီပေးဖို့အတွက် အာရပ်စော်ဘွားများနိုင်ငံ UAE က F-16 တိုက်လေယာဉ် တပ်ဖွဲ့တခုကို စေလွှတ်ထားတယ်လို့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

7 Feb 2015

ပထမဆုရသူခေါင်းပေါ်က သရဖူလုယူလွှင့်ပစ်တဲ့အလှမယ်



ဖေဖော်ဝါရီ ၆

ဘရာဇီးနိုင်ငံ မန်နာ့စ်မြို့ မှာကျင်းပခဲ့တဲ့ 2015 Miss Amazon အလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရရှိသူက သရ ဖူရရှိသွားသူရဲ့သရဖူကို ပွဲအပြီးမှာ စင် ပေါ်တက်ပြီး ချွတ်ယူလွှင့်ပစ်ခဲ့ပါတယ်။

ဒုတိယဆုရရှိခဲ့တဲ့အလှမယ် ဟေရာလာရဲ့လုပ်ရပ်ကြောင့် ပြိုင်ပွဲကို တက်ရောက် အားပေးခဲ့တဲ့ပရိသတ်အား လုံးကို အံ့သြမှင်တက်သွားစေခဲ့ပါတယ်

ဟေရာလာသူမရဲ့လုပ်ရပ်အတွက် စိတ် ဆန္ဒရှိလို့လုပ်ခဲ့တာမဟုတ်ဘူးလို့ ခုခံပြော ကြားခဲ့ပြီး ပထမဆုရရှိသွားတဲ့ ကာရိုတို လီဒါရဲ့မိသားစုက သရဖူကို ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဘရာဇီးနာမည်ကျော်အနု ပညာရှင်ဝက်ဘ်ဆိုက် Ego ကို ပြောကြား ခဲ့ပါတယ်။

ဟေရာလာက အခုလိုလုပ် တာ မိမိအတွက်မဟုတ်ဘဲ အခြားပြိုင်ပွဲ ဝင်တဲ့သူတွေအတွက်သာဖြစ်တယ်လို့ ဆို ပါတယ်။

သရဖူလုယူလွှင့်ပစ်ခံရတဲ့ပထမ ဆုရအလှမယ်တိုလီဒါကတော့ အခုဖြစ် ရပ်အတွက် တစ်စုံတစ်ရာတုံ့ပြန်ပြော ကြားခဲ့ခြင်းမရှိဘဲ အလွန်စိတ်လှုပ်ရှား ဖွယ်ရာ ညတစ်ညဖြစ်ခဲ့ပြီး သူမရဲ့အိပ်မက် တွေအမှန်တကယ်ဖြစ်လာတာကို အား လုံးက ဂုဏ်ယူဝမ်းမြောက်ကြမှာပါလို့ ပြောကြားခဲ့ပါတယ်။

Ref: CBA
 
 
 

6 Feb 2015

မြန်မာရုပ်ရှင်ဇာတ်ကားကြီးများပြသရန် ဖလင်တစ်ကော်ပီ ကူးစရာမလိုတော့ဘဲ DCP စနစ်ဖြင့် တိုက်ရိုက်ပြသနိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်



ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာ ရုပ်ရှင်ဇာတ်ကားကြီးများပြသရန် အတွက် ဖလင်တစ်ကော်ပီကူးစရာ မလိုတော့ဘဲ DCP (Digital Cinema Package) စနစ်ဖြင့် တိုက်ရိုက်ပြသ နိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။


ယခင်ကမြန်မာရုပ်ရှင်ဇာတ် ကားများအား ရုံတင်ပြသခွင့်ရရှိရန် အတွက် မည့်သည့်စနစ်ဖြင့်ရိုက်ကူး ထားသည့်ရုပ်ရှင်ဇာတ်ကားများဖြစ် စေ ရိုက်ကူးပြီး ရုပ်ရှင်ဇာတ်ကားများ အားဖလင်တစ်ကော်ပီကူး၍ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးသို့ ဆင်ဆာ ခွင့်ပြုချက်လက်မှတ်ရရှိရန်အတွက် တင်ပြရလေ့ရှိကြောင်း သိရသည်။


''အရင်တုန်းကအစည်းအရုံး ကို ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက် ရင် ဘာစနစ်နဲ့ပဲ ရိုက်ရိုက်ဖလင်တစ် ကော်ပီကူးပြီးတော့ ဆင်ဆာတင်ရ တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းရိုက် ကူးတဲ့ဇာတ်ကားတွေမှန်သမျှ ဖ လင်ကူးပြီးတော့ တင်ပေးစရာမလို တော့ဘူး။ DCP စနစ်နဲ့တိုက်ရိုက် ဆင်ဆာကတ်တွေယူလို့ရပြီ။ ဖလင် ကူးခိုင်းတာကလဲ ဒစ်ဂျစ်တယ်စနစ် မပြောင်းနိုင်သေးတဲ့နယ်မြို့က ရုံတွေ အတွက်စဉ်းစားပြီးတော့ လုပ်တာ ပါ။ အခုတော့ တော်တော်များများ ရုံတွေကလဲ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလိုက်ပြီဖြစ်တဲ့အတွက် ဖလင် ကူးစရာ မလိုတော့ပါဘူး'' ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။


ယင်းကဲ့သို့မြန်မာရုပ်ရှင်ဇာတ် ကားများအား DCP (Digital Cinema Package) စနစ်ဖြင့်ပြသခွင့် အား ၂ဝ၁၅ခုနှစ်ဇန်နဝါရီ ၁၃ရက် နောက်ပိုင်းရိုက်ကူးသည့် ရုပ်ရှင် ဇာတ်ကားများအားလုံးသည် ဖလင် တစ်ကော်ပီကူးရန်မလိုတော့သော် လည်း ယခင်က ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားများအနေဖြင့် ဖလင် တစ်ကော်ပီကူး၍ အစည်းအရုံးသို့ တင် ပြရန် လိုအပ်သေးကြောင်းသိရသည်။


မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံး ထုတ်လုပ်သူအခြေခံအလွှာမှ ယခုအခါတွင် ရုပ်ရှင်ရုံတော်တော် များများသည်လည်း မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာန၏ အစီအစဉ် ဖြင့် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်း နေပြီဖြစ်သောကြောင့် မြန်မာရုပ် ရှင်ဇာတ်ကားများအား ဆင်ဆာ ကတ်ရရှိရန်အတွက် မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးသို့တင်ပြရာတွင် ဖလင်တစ်ကော်ပီကူးယူသည့်စနစ် အား ပယ်ဖျက်ပေးရန် ဆွေးနွေးတင် ပြလာခြင်းကြောင်း ယင်းကဲ့သို့ခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


''အကယ်ဒမီစာရင်းဝင်တဲ့ ဇာတ်ကားတွေကို ဖလင်နဲ့ကြည့်တာ ထက် ဒစ်ဂျစ်တယ်နဲ့ကြည့်တာက တော့ အကယ်ဒမီအကဲဖြတ်အဖွဲ့ အတွက် ပိုပြီးတော့မှန်ကန်တဲ့ဆုံး ဖြတ်ချက်တွေချနိုင်တာပေါ့''ဟု အ ကယ်ဒမီ အကဲဖြတ်အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


အကယ်ဒမီစာရင်းဝင်ရုပ်ရှင် ဇာတ်ကားများအား အကဲဖြတ်စိစစ် ရန်အတွက် ဖလင်ဖြင့်ရိုက်ကူးထား သည့်ရုပ်ရှင်ဇာတ်ကားများအား ကြည့်ရှုစစ်ဆေးရာတွင် ရုပ်သံမပီပြင် မှုများကြောင့် အကဲဖြတ်မှုမမှန်ကန် ခြင်းများဖြစ်ပေါ်တတ်ပြီး ဒစ်ဂျစ်တယ် စနစ်ဖြင့်ရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကားများအား ကြည့်ရှုရာတွင် ယင်းကဲ့သို့ ဖြစ်ပေါ်တော့မည်မဟုတ် ကြောင်း သိရသည်။

NN

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
 

3 Feb 2015

အလန်းလေးတွေစားပွဲထိုးတဲ့ ဟွတ်တာစားသောက်ဆိုင်


 
 Hooters (ဟွတ်တာ) အမည်ရှိ အမေရိကန်နိုင်ငံမှ နာမည်ကြီး စားသောက်ဆိုင်ဟာ သူ့ဒေသမှာ စားသောက်ဆိုင်ခွဲ အများအပြား ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း အခုနှစ်မှာ ပထမဦးဆုံး  ဖွင့်လှစ်လိုက်တာကတော့ ဟောင်ကောင်မြို့မှာ စတင်ခဲ့ကာ လူအများရဲ့ အာရုံစူးစိုက်မှုကိုလည်း ရရှိခဲ့ပါတယ်။


အမေရိကန်စားသောက်ဆိုင်ရဲ့ အရသာတွေကို လူတိုင်း နှစ်သက်မှာမဟုတ်ပေမယ့် Hooters (ဟွတ်တာ)ဆိုင်ကတော့ ၄င်းရဲ့ “ဟွတ်တာ မိန်းကလေးများ”လို့ ခေါ်တဲ့ မလုံ့တလုံဝတ်ဆင်ထားတဲ့ ရင်သားကြီးကြီး၊ လုံးကြီးပေါက်လှ အမျိုးသမီးလေးများက အမေရိကန်အစားအသောက်များနဲ့ ဖျော်ရည်မကာများကို စားပွဲထိုးခြင်းအပေါ်မှာသာ အဓိကဖြစ်ပြီး ဒါကိုလည်း Hooters အမှတ်တံဆိပ်ရဲ့ ဂုဏ်တစ်ခုအဖြစ် ခံယူထားတာပါ။ သေချာတာတစ်ခုကတော့ အဲ့ဒီလိုဆိုင်မျိုးကိုတော့ လူတော်တော်များများ သတိထားမိကြမယ်ဆိုတာ ဧကန်မလွဲပါပဲ။


ဟောင်ကောင်ဟာ ဟွတ်တာဆိုင်များကို တိုးချဲ့ဖွင့်လှစ်နိုင်မယ့် အဓိကကျတဲ့ နေရာတစ်ခုဖြစ်ပြီး ဒါတင်မကပဲ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း နောက်ထပ် ဟွတ်တာ ဆိုင်ပေါင်း (၃၀)လောက်ကို လာမယ့် (၆)နှစ်အတွင်း ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။ နောက်ထပ်ဖွင့်လှစ်ဖို့ ကြံရွယ်ထားတဲ့ ဆိုင်နေရာတွေကတော့ မကာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများမှာပဲ ဖြစ်ပါတယ်။
နောက်ထပ် ဈေးကွက်ချဲ့ထွင်ခဲ့တဲ့နေရာကတော့ မနှစ်က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းနိုင်ငံ၊ ဖူးခက်မှာရှိတဲ့ ဟွတ်တာဆိုင်ပဲ ဖြစ်ပါတယ်။


Hard Rock ကဖေးဆိုင်တို့လို ဘန်ကောက်အခြေစိုက် နိုင်ငံတကာလုပ်ငန်းလုပ်ကိုင်ခွင့်တွေ ရရှိထားတဲ့ Destination အမည်ရှိ အပန်းဖြေစခန်းမှ အမှုဆောင်အရာရှိဖြစ်သူ Gary Murray က “ဖူးခက်မြို့က ဟွတ်တာဆိုင်ကို ဖွင့်လှစ်လိုက်ချိန်မှာတော့ အာရှတခွင်မှာလည်း ဟွတ်တာဆိုင်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့ အလားအလာ အရမ်းကောင်းနိုင်ကြောင်း ကျွန်တော်တို့တတွေ သိရှိ လိုက်ရပါတယ်”လို့ ဆိုပါတယ်။


အမေရိကန်နိုင်ငံ အတ္တလန်တာ အခြေစိုက် Hooters ကုမ္ပဏီ ရုံးချုပ်ရဲ့ ဖော်ပြချက် တစ်ခုမှာတော့ “ထိုင်းနိုင်ငံမှာ Hooters ဆိုင်များကို ဆက်လက်များပြားအောင် လုပ်ဆောင်သွားပြီး နောင်လာမယ့် နှစ်တွေမှာလည်း ဟောင်ကောင်နဲ့ ဖိလစ်ပိုင်နိုင်ငံများမှာ ဖြစ်မြောက်အောင်မြင်ဖို့ ငွေပင်ငွေရင်းရော၊ အရင်းအမြစ်တွေကိုပါ မြုပ်နှံသွားမယ်” လို့ ရေးသားထားပါတယ်။


ဒါ့အပြင် နာမည်ကျော် ဗြိတိသျှ စားဖိုမှူးများဖြစ်တဲ့ ဂျေမီ အိုလစ်ဗာနဲ့ ဂေါ်ဒန် ရမ်ဆေးတို့ဟာ သူတို့ရဲ့ စားသောက်ဆိုင်တွေကို ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်မှာ ဖွင့်လှစ်လိုက်တာဟာ နိုင်ငံတကာ လုပ်ငန်းလုပ်ပိုင်ခွင့်ကို ရယူဖွင့်လှစ်လိုက်နိုင်ခြင်းလည်းဖြစ်ပါတယ်။


 (၂၀၀၄)ခုနှစ် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ဟွတ်တာဆိုင် စတင်ဖွင့်လှစ်စတုန်းကတော့ ဟွတ်တာဆိုင်နဲ့ ပတ်သက်တဲ့ အယူအဆတွေဟာ အာရှအတွက်တော့ အစိမ်းသက်သက်လိုဖြစ်နေ တာပါ။


အဲ့ဒီနောက်မှာတော့ ရှန်ဟိုင်းမှာနောက်ထပ် ဆိုင်နှစ်ဆိုင်ဖွင့်လှစ်ခဲ့ပြီး ဘေဂျင်း၊ ချန်ဒူးနဲ့ ဇီယန်မြို့များမှာလည်း အသီးသီးဖွင့်လှစ်ခဲ့ပါတယ်။ (၂၀၁၀)ခုနှစ်တွင် ဂျပန်နိုင်ငံမှာ ဆိုင်ခွဲဖွင့်လှစ်ခဲ့ပြီး တောင်ကိုရီးယားနဲ့ ထိုင်ဝမ်နိုင်ငံတွေမှာလည်း ဖွင့်လှစ်ခဲ့ပါတယ်။


ဟွတ်တာဆိုင်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့ချိန်က စလို့ ဟွတ်တာ ကုမ္ပဏီဟာ အမျိုးသမီးများကိုသာ စားပွဲထိုးအဖြစ်ငှားရမ်းတဲ့ မူဝါဒအပါအ၀င် တခြားသော အမှုပေါင်းများစွာအတွက် တရားစွဲဆိုမှုတွေ ရှာဖွေထောက်လှမ်းခြင်း အမျိုးမျိုးတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရတာပါ။


(၂၀၀၃)ခုနှစ်မှာတော့ Hooters Air လို့ခေါ်တဲ့ လေကြောင်းလိုင်းကို စတင်ခဲ့ပြီး သက်တမ်း (၃)နှစ်သာကြာရှည်ခံခဲ့ပါတယ်။


အဲဒီကနေမှ  ဟွတ်တာဆိုင်များဟာ အစပြုခဲ့ပြီး အခုအခါတွင် နိုင်ငံပေါင်း (၂၇)နိုင်ငံမှာ ဆိုင်ပေါင်း (၄၀၀)ကျော်ဖြင့် အောင်မြင်လျက်ရှိလို့နေကာ အခုတော့ ဟောင်ကောင်မြို့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဟောင်ကောင်ဆိုတာလည်း အစားအသောက်နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ပေါများလှတဲ့အပြင် အခန်းငှားခတွေလည်း ဈေးမြင့်လာတာမို့ ဟွတ်တာ ရဲ့နောက်ဆုံး စွန့်စားခန်းက အောင်မြင်မလား၊ ကျဆုံးမလားကတော့ အချိန်က စကားပြောပါလိမ့်မယ်။


ခင်အေးမြလွင်
ကိုးကားသတင်း။ ။ http://www.scmp.com/news/hong-kong/article/1694283/happy-hour-just-got-happier-hooters-open-hong-kong-amid-brand-push 


Hooters Restaurant က စားပွဲထိုးကောင်မလေးတွေရဲ့ ၀န်ဆောင်မှုများကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်များ အောက်ပါယူကျူ လင့်ခ်မှာ ကြည့်ရှုနိုင်ပါကြောင်း..။
 
 
https://www.youtube.com/watch?v=-TCeiv2J62k
 

http://blog.irrawaddy.org/2015/02/blog-post_3.html


လေသူရဲမီးရှို့အသတ်ခံရမှု ISIS တုန်ခါသွားအောင် ဂျော်ဒန်တုံ့ပြန်မည်

 
IS အစ္စလာမ်မစ် စစ်သွေးကြွတွေက သူတို့ဖမ်းဆီးထားတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ကတဆင့် ပြသလိုက်ပြီးတဲ့နောက် ဒီလုပ်ရပ်အပေါ် တုံ့ပြန်လက်စားချေမယ်လို့ ဂျော်ဒန်နိုင်ငံက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဂျော်ဒန်နိုင်ငံသားတွေရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ အလားတူ ကျုပ်တို့က လက်စားချေ အပြစ်ပေးရပါလိမ့်မယ်လို့ ဂျော်ဒန် ကြည်းတပ်ရဲ့ ပြောခွင့်ရသူ Mamdouh al-Ameri က ရုပ်သံကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားလိုက်ပါတယ်။
 
IS စစ်သွေးကြွတွေက ဂျော်ဒန်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အီရတ်အမျိုးသမီး တဦးကို မကြာခင် နာရီပိုင်းအတွင်းမှာ သေဒဏ် စီရင်ဖို့ ဂျော်ဒန်က စီစဉ်နေတယ်လို့ လုံခြုံရေးဘက်ဆိုင်ရာ သတင်းအရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
 
ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတဲ့ ဂျော်ဒန်ဘုရင် Abdullah က တိုက်လေယာဉ်မှူး Muath al-Kaseasbeh ကို သတ်ဖြတ်လိုက်တဲ့အတွက် ဂျော်ဒန်ပြည်သူတွေ ပိုပြီးတော့ ညီညွတ်သွားစေခဲ့တယ်လို့ ပြောဆိုပါတယ်။
 
အမေရိကန် သမ္မတ Barack Obama ကလည်း ကျနော့် အထင်တော့ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ အနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ကျသွားအောင် နောက်ဆုံးမှာ လုံးဝအနိုင်ရသွားတဲ့အထိ ကြိုးပမ်းကြဖို့ ဆုံးဖြတ်ချက်က နှစ်ဆတိုးပြီး ခိုင်မြဲလာစေပါလိမ့်မယ်။ သူတို့ရဲ့ အယူအဆတွေ၊ လုပ်ရပ်တွေဟာ အတွေးအခေါ်မဲ့၊ ဘယ်လောက် အကျင့်သိက္ခာမဲ့တယ်ဆိုတာကို ပြသနေတာပါပဲ လို့ သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။
 
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Mr. Ban Ki-moon ကလည်း ဂျော်ဒန်လေယာဉ်မှူးကို သတ်ဖြတ်ခဲ့တဲ့အပေါ် ပြစ်တင် ရှုံ့ချလိုက်ပြီး၊ IS အကြမ်းဖက်စစ်သွေးကြွတွေဟာ လူ့အသက်ကို အလေးမထားကြသူတွေ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
 
 
http://burmese.voanews.com/content/jordan-islamic-state/2627967.html


2 Feb 2015

မင်းကွန်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝကျော်ဝန်းကျင်က နစ်မြုပ်ခဲ့သည်ဟုယူဆရသော ရှေးဟောင်းလှေကြီးအား ဖော်ယူလျက်ရှိ



စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁

ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သည့် စစ်ကိုင်း မြို့နယ် မင်းကွန်းရွာတွင် ဧရာဝတီ မြစ်ကမ်းပါးပြိုရာမှ တွေ့ရှိခဲ့သည့် လွန် ခဲ့သည့်နှစ် ၂ဝဝ ဝန်းကျင်က နစ်မြုပ် ခဲ့သည်ဟုယူဆရသော ရှေးဟောင်း ကျွန်းလှေကြီးအား ယခုအခါ မင်းကွန်း လေးဌာနဆရာတော်ကြီးများကဦး ဆောင်၍ ပြန်လည်ဆယ်ယူလျက် ရှိကြောင်း သိရသည်။

အဆိုပါလှေကြီးကို ဇန်နဝါရီ ၄ရက်က ဧရာဝတီမြစ်ကမ်း ဖောင် တော်သီဆိပ်တွင် ကမ်းပါးပြိုရာမှ လှေဦးပိုင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ် ပြီး ဇန်နဝါရီ ၂၉ရက်မှ စတင်ကာ နစ်မြုပ်လှေကြီးအား စတင်ဖော် ဆောင်နေခြင်းဖြစ်ကြောင်း၊ ဦးမြင့် သိန်းဦးဆောင်သည့်အဖွဲ့မှ လူအင် အား ၁၅ယောက်၊ စက်လှေသုံးစင်း ကိုအသုံးပြုကာ ဘာလီကြိတ်ဖော် သည့်နည်းစနစ်နှင့်ဖော်နေခြင်းဖြစ် ကြောင်း သိရသည်။

ယခုအခါ လှေကြီး၏တံကူကြီး နှစ်ခုနှင့်ဘေးကာတန်းသစ်သားပြား ကြီးနှစ်ချောင်းတို့ကို ဖော်ယူရရှိ ထားကြောင်း၊ လှေကြီး၏တံကူကွေး ကြီးများမှာ ထုခြောက်လက်မခန့်ရှိ ပြီး အချင်းငါးပေ ခြောက်လက်မခန့် ရှိကြောင်း၊ လှေကြီးမှာ ထွင်းလှေဖြစ် ပြီး အလျားပေ ၆ဝခန့်ရှိမည်ဟု လှေဖော်အဖွဲ့သားများက ခန့်မှန်း ကြကြောင်း၊ အဆိုပါလှေကြီးမှာ ရေအနက် ၁၅ပေခန့်အောက်ရွှံ့နွှံထဲ တွင် နစ်မြုပ်နေခြင်းဖြစ်ပြီး ရေဝဲ ရှိနေသဖြင့် လှေဖော်အဖွဲ့များအ နေဖြင့် ခက်ခက်ခဲခဲဖော်ယူနေကြရ ကြောင်း၊ လှေကြီးဖော်ဆောင်သည့် နေရာသို့ စိတ်ဝင်စားစွာလာရောက် ကြည့်ရှုနေသူများနှင့်လည်း နေ့စဉ် စည်ကားလျက်ရှိကြောင်း သိရသည်။

''လှေကြီးဖော်နေတာ သုံးရက် ရှိနေပြီ။ ဘေးတန်းပျဉ်ချပ်ကြီးတွေ နဲ့လှေတံကူကြီးတွေပဲ ဖော်လို့ရသေး တယ်။ ရေငုပ်သမားတွေကရေအောက် ငုပ်ပြီး ကြိုးချည်တယ်။ အပေါ်က စက်လှေကြီးနှစ်စင်းမှာ တန်းပစ်ပြီး ဘာလီကြိတ်ပြီး ဆွဲတင်ကြတယ်။ ဝဲဂယက်ကလဲရှိပြီး ရွှံ့ညွန်ထဲမှာ နစ် မြုပ်နေတာဖြစ်လို့ ခက်ခက်ခဲခဲဖော် နေတာကို တွေ့ရတယ်''ဟု မင်းကွန်း ဒေသခံပန်းချီဆရာကိုစုက ပြော ပြသည်။

အဆိုပါ ရှေးဟောင်းလှေကြီး သည် သက္ကရာဇ် ၁၁၅၈ခုနှစ်ခန့် ဘိုးတော်ဘုရားလက်ထက် မင်းကွန်း ရွာတွင် ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ ခေါင်းလောင်းကြီးတို့ လာရောက် တည်ထားစဉ်က နစ်မြုပ်နေခဲ့သည့် ရှေးဟောင်းလှေကြီးဟု ယူဆရသည်။

ဖောင်တော်သီဆိပ်ကမ်းအနီးတွေ့ရှိခြင်းဖြစ်၍ မင်းကွန်းခေါင်းလောင်း ကြီးအား နန်းတော်ကျွန်းတွင် သွန်း လုပ်ပြီး မင်းကွန်းဘက်ကမ်းသို့ လှေ ဖောင်များနှင့်သယ်ယူရာတွင် အသုံး ပြုခဲ့သည့်လှေကြီး တစ်စင်းဖြစ်မည် ဟု ယူဆကြသည်။

၁၉၇၉ခုနှစ်က နန်းတော်ကျွန်းဘက်မှ ရွှေပိန်းချ ရှေးဟောင်းသစ်ထွင်းလှေကြီး တစ် စင်းကို တူးဖော်တွေ့ရှိခဲ့ဖူးကြောင်း၊ အဆိုပါလှေကြီးမှာ အလျား ၇၉ပေ၊ လှေဝမ်းအကျယ် ငါးပေခွဲရှိကြောင်း၊ ရှေးဟောင်းသုတေသနဌာနမှ ပြန် လည်ပြုပြင်ကာ အမရပူရမြို့နယ် သပြေတန်းခံတပ်တွင် ထိန်းသိမ်း ပြသထားကြောင်း၊ ယခုတွေ့ရှိသည့် လှေကြီးသည်လည်း သပြေတန်းခံ တပ်တွင် ထိန်းသိမ်းပြသထားသည့် လှေကြီးအရွယ်ရှိလိမ့်မည်ဟု ခန့်မှန်း ထားကြကြောင်း သိရသည်။

NDML

ဓါတ်ပုံ - ရှေးဟောင်းလှေကြီးအား ဖော်ယူနေသည်ကို တွေ့ရစဉ်။

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

ထိုင်းနိုင်ငံက ဘေးကြပ် နံကြပ် ရွှေ့ပြောင်း အလုပ်သမားများဘဝ


"ဘေးကြပ် နံကြပ် ရွှေ့ပြောင်း အလုပ်သမားများဘဝ"


ထိုင်းနိုင်ငံရောက် မြန်မာ များ(ယာယီနိုင်ငံကူးလက်မှတ်ရှိသူများ) သိသင့်သည့် မြန်မာပြည်ပြန် ရန် လ၀က (တာမော) စည်းတံဆိပ်ထုခြင်း (RE-ENTRY PERMIT) မူ အသစ်
ယာယီနိုင်ငံကူးလက်မှတ် (TEMPORARY PASSPORT) ကိုင်ဆောင်သူများ အနေနှင့် မြန်မာပြည်သို. ပြန်ရန် ထိုင်းလူဝင်မှု.ကြီးကြပ်ရေး (IMMIGRATION) တွင် အပြန်စည်းတံဆိပ် (RE-ENTRY PERMIT) ထုရန်အတွက် ယခင်က နိုင်ငံကူးလက်မှတ် တစ်မျိုးတည်းဖြင့်သာ နယ်သတ်မှတ်ချက်မရှိပဲ ထုပေးခဲ့သော်လည်း
26/1/2015 ရက်မှ စတင်ကာ အလုပ်လုပ်ခွင့်လက်မှတ် (WORK PERMIT) ၊ အလုပ်ရှင်၏ ခွင့်ပြုချက် လျှောက်လွှာပုံစံ (အလုပ်ရှင်လက်မှတ်ထိုးရပါမည်)
 
မှတ်ချက် ။ ။ မိမိနေထိုင် အလုပ်လုပ်ကိုင်သည့် ပါမစ်((WORK PERMIT) ကိုင်ဆောင်ထားသည့် မြို./ခရိုင်/ပြည်နယ် တွင်သာ သွားရောက် စည်းတံဆိပ်ရိုက်နှိပ်ရမည်ဖြစ်ပြီး အခြားနယ် ရုံးများ၌ သွားရောက် စည်းတံဆိပ်ရိုက်နှိပ်၍ ရမည်မဟုတ်ပါ)

ဒါ့ကြောင့်ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအနေနဲ. မိမိတို.အမှန်တကယ် နေထိုင်ရာ / အလုပ်လုပ်ကိုင်ရာအလုပ်ရှင် များ၏ အမည်ဖြင့် အလုပ်လုပ်ခွင့်လက်မှတ်(WORK PERMIT) ကို ပြုလုပ် ထားသင့်ပါတယ်။


(WORK PERMIT) ပါမစ်မရှိသူများ မိမိနေရပ် မြန်မာပြည်သို. တရားဝင်ပြန်ရန် ခက်ခဲမည်ဖြစ်သည်။
(ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင်တွင် အထက်ပါမူအတိုင်း 26/1/2015 ရက်နေ.မှစတင်ကာ စီစစ်ဆောင်ရွက်နေပြီဖြစ်သည်)
လေ့လာသိရှိသလောက်ပြန်လည်ဝေမျှပေးခြင်းသာဖြစ်သည်။
---
ဝေမင်း (phang nga)


 ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားများဘဝ

မလေးရှားတွင် မွေးကတည်းက လက်ချောင်းများမပါသူကို လက်ချောင်းအတုတပ်ပေးရာ ရင်းဂစ် ၁ဝဝ မျှသာကုန်ကျ


ဂျော့ဂ်ျတောင်း၊ ဖေဖော်ဝါရီ ၁

မလေးရှားတွင် မုကရီမိဖ်ဇယ်လ် ရေမီဖ်ဇယ်လ်သည် မွေးဖွားစဉ်က သူ၏ ဘယ်ဘက်လက်ချောင်းများ ပါမလာခဲ့ချေ။ သို့ဖြစ်၍ သူ၏ ထို ဘယ်ဘက်လက်တွင် မကြာသေးမီ က လက်ချောင်းအတုများတပ်ပေး ထားလိုက်သည်။ လက်ချောင်းအတု ကလေးများ တပ်ခအတွက် ရင်းဂစ် ၁ဝဝမျှသာကုန်ကျသည်ဟု သိရသည်။

ရီဇယ်လ်၏ လက်ချောင်းအတု ကလေးများကို အင်္ဂလိပ်ကျောင်း ဆရာဟောင်း ဆူဂျာနာမို့ဒ်ရီဂျက်ဘ် အသက် ၄၇ နှစ်က ပြုလုပ်သည်။ 

ထိုလက်ချောင်းအတုများကို ပိုလီလက် တစ်အက်ဆစ်(PLA)ဟု ခေါ်သော ပလတ်စတစ်တစ်မျိုးကို အသုံးပြု လျက် 3-D Printer ဖြင့်ပြုလုပ်သည်။

မစ္စတာဆူဂျာနာထံမှ လက် ချောင်းအတုများကို ဇန်နဝါရီ ၃ဝ ရက်၌ လက်ခံရရှိသောအခါ မုကရီ သည် အံ့အားသင့်နေသည်ဟု သိရ သည်။

သူသည် သူ၏လက်ချောင်းအ တုများဖြင့် ရှေ့ဆက်၍ပညာသင်ယူ နိုင်ကြောင်း၊ လက်တွေ့စမ်းသပ်မှု များကိုလည်း ပြုလုပ်နိုင်ကြောင်းသူ နှင့်တစ်တန်းတည်းသား သူငယ်ချင်း နှစ်ယောက်ကဆိုသည်။
''ကျွန်တော်ကတော့ အင်္ကျီကြယ် သီးတပ်တာ၊ ရှူးဖိနပ်ကြိုးချည်တာ စတဲ့ နေ့စဉ်လုပ်နေကျအလုပ်တွေ ကို လုပ်နိုင်ပါပြီး ကျွန်တော်လက် ချောင်း အတုလေးတွေအတွက် ကျွန် တော်အတော်အံ့အားသင့်ရပါတယ်။ ကျွန်တော့်ကို ဘယ်သူကမျှ လူထူးလူ ဆန်းလိုကြည့်တာခံရမှာမဟုတ်တော့ ပါဘူး''ဟု မုကရီက ဆိုသည်။

The straits Times

‪#‎Democracytoday‬

31 Jan 2015

ဒေါ်စု နေအိမ် ခြံတံခါးဟောင်းကို တော်ဝင်နှင်းဆီက ဈေးပြိုင် ရောင်းမယ်


ဒေါ်စု နေအိမ် ခြံတံခါးဟောင်းကို တော်ဝင်နှင်းဆီက ဈေးပြိုင် ရောင်းမယ်

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရစဉ် တလျှောက် နေခဲ့ရတဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် ခြံဝင်း ဂိတ်တံခါးဟောင်းကို လက်ဝယ် ရရှိထားသူ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ကြမ်းခင်းဈေး ကျပ်သိန်း ၂၀၀၀ နဲ့ ဈေးပြိုင် ရောင်းချတော့မှာ ဖြစ်ပါတယ်။


ဂိတ်တံခါးဟောင်းနဲ့ အတူ အင်္ဂတေနဲ့ ထွင်းထုထားတဲ့ အိမ်နံပါတ် အမှတ် ၅၄ လည်း ပါဝင်မှာ ဖြစ်ပါတယ်။ 


ရောင်းရငွေကို ပါတီဌာနချုပ်ရုံး အသစ် ဆောက်လုပ်ရာမှာ သုံးစွဲမယ်လို့ သိရပါတယ်။


အဝါရောင်နဲ့ အနီရောင် သံပန်းဂိတ်တံခါးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်လာကာစ ၂၀၀၅၊ ၂၀၀၆ ကာလတွေမှာ အဲဒီ ဂိတ်တံခါးကနေ လူထုကို အပတ်စဉ် မိန့်ခွန်းပြောတာတွေ လုပ်ခဲ့တဲ့ နေရာလည်း ဖြစ်လို့ ကမ္ဘာ့ သတင်းမီဒီယာတွေမှာ ဖော်ပြခံခဲ့ရတဲ့ ထင်ရှားတဲ့ ဂိတ်တံခါး တစ်ခုလည်း ဖြစ်ပါတယ်။
 
 
BBC
 
 

ဗောဓိညောင်ပင်စိုက်ခဲ့တဲ့ အိန္ဒိယရောက် အမေရိကန်သမ္မတ အိုဘားမား







ဗောဓိညောင်ပင်စိုက်ခဲ့တဲ့ အိန္ဒိယရောက် အမေရိကန်သမ္မတ အိုဘားမား
======================================


အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေခိုက် နယူဒေလီမှာ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်ဖြစ်သော ဗောဓိညောင်ပင်ကို စိုက်ပျိုးခဲ့ပါတယ်။ 


ဗုဒ္ဓဘုရားရှင်ဟာ ဘုရားအဖြစ်ကို မရမှီ အဆိုပါ ဗောဓိညောင်ပင်ခြေရင်းမှာ တရားကျင့်ကြံအားထုတ်ရင်း နောက်ဆုံး ဘုရားရှင်အဖြစ်ကို ရရှိစေခဲ့တာဖြစ် ပါတယ်။ 


Photo : worldbuddhistradio

 Yangon Media Group



ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်သလဲ ?



ဗစ်တာဆိုတဲ့ (၁၅) နှစ်အရွယ် လူငယ်တစ်ယောက်ကို သူ့ဆရာက “မင်းဟာ အလကားလူပဲ၊ မင်းဒီလိုပုံစံနဲ့ဆိုရင် ဘယ်တော့မှ ကျောင်းပြီးမှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပဲသူဟာ စိတ်ဓာတ်တွေကျပြီး
ကျောင်းကထွက်လိုက်ပါတယ်။ သူ့ဆရာကောက်ချက်ချခဲ့သလို သူ့ကိုယ်သူ အလကားလူ၊ အသုံးမကျတဲ့လူလို့မြင်နေခဲ့တယ်။ ဒီလိုနဲ့ပဲ သူဟာ(၁၇)နှစ်လုံးလုံး
ဟိုစပ်စပ်ဒီစပ်စပ်နဲ့အလကား လူလိုလုပ်နေခဲ့ပါတယ်။
သူ့အသက် (၃၂) နှစ်အရွယ်ရောက်တဲ့အခါမှာဆန်းစစ်ချက်အရ သူ့မှာဉာဏ်ရည်ပြကိန်း(၁၆၁) ရှိတာကိုသူသိလိုက်ရတယ်။ အလကားလူလို့ သူ့ကိုယ်သူအမြဲတမ်းမြင်နေတဲ့ဗစ်တာ ဘာဖြစ်သွားမယ်လို့ထင်ပါသလဲ။ သူဟာ သူ့ကိုယ်သူပါရမီရှင် တစ်ယောက်လိုပဲ မြင်ယောင်လာခဲ့ပါတယ်။ 
 
 
ဒီတော့သူဟာ တကယ့်ပါရမီရှင်တစ်ယောက်လို နေထိုင်တယ်။ လုပ်ဆောင်ပြုမူတယ်။
သူ့အမြင် စတင်ပြောင်းလဲသွားတဲ့အချိန်က စပြီးစာအုပ်ပေါင်းများစွာ
ကိုရေးတယ်။ တီထွင်မှုတွေကို ပြုလုပ်တယ်။ နှစ်အနည်းငယ်အတွင်းမှာ
အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့တယ်။
ကျောင်းမပြီးဘဲ၊ ကျောင်းထွက်ခဲ့ရတဲ့လူတစ်ယောက်က နောက်ဆုံးမှာ အများလေးစားအားကျရတဲ့ ပါရမီရှင် တစ်ယောက်၊ ထူးချွန်တဲ့လူတစ်ယောက်
ဖြစ်လာခဲ့တယ်။

သူ့ကိုယ်ထဲမှာ ထူးခြားတဲ့ စွမ်းရည်တွေ၊ ဉာဏ်ရည်တွေဆိုတာ နဂိုကတည်းက ရှိနေပြီးသားပါ။ ဒါပေမဲ့ (၁၇)နှစ်လုံးလုံး အလကား လူတစ်ယောက်လို ယောင်လည်လည် ဖြစ်နေခဲ့တာ သူ့ကိုယ်သူအလကား လူလို့ မြင်နေတဲ့အမြင်ကြောင့်ပါ။ နောက်ဆုံးမှာ ဗစ်တာအနေနဲ့
ပြောင်းလဲအောင်မြင်သွား တာဟာ တခြားကြောင့် မဟုတ်ပါဘူး။ 
 

သူ့ကိုယ်သူ ရှုမြင်တဲ့အမြင်ပုံစံပြောင်း လဲသွားလို့သာ ဖြစ်ပါ တယ်။ ဒီလိုအမြင်ပုံစံပြောင်းလိုက်တာနဲ့ သူထပ် ဆောင်းရရှိလိုက်တာကတော့မိမိကိုယ် မိမိယုံကြည် မှုသာဖြစ်ပါတယ်။
ဗစ်တာရဲ့ဘ၀ဖြစ်စဉ်လေးကို ဖတ်ရှုမိတဲ့အခါမှာ ကျွန်တော်စဉ်းစား မိပါတယ်။ ဗစ်တာ့လိုမျိုး အလကားလူ၊ အသုံးမကျတဲ့လူလို့ အပြောခံလိုက်ရလို့
သူတို့ကိုသူတို့အလကားလူလို့မြင်ပြီး အလကားလူလို လျှောက်သွားနေကြ တဲ့သူတွေ လောကမှာ ဘယ်လောက်များများရှိနေလိမ့်မလဲလို့ တွေးစရာ
ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ အတွက် အဓိကရရှိလိုက်တဲ့ သင်ခန်းစာ ကတော့ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ဟာ ဘယ်လောက် အရေးပါသလဲဆိုတာနဲ့ အဲ့ဒီအမြင် ပြောင်းလဲသွားတဲ့အခါဘ၀ရဲ့
ရလဒ်တွေလည်း ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အသိပါပဲ။
 

ဒီတော့သင်ရောကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ပါသလဲ။ သင့်ရဲ့အမြင်ဟာ သင့်ဘ၀အတွက် အရမ်းကို အရေးပါတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ သင့်ကိုယ်သင် မြင်တဲ့အမြင်က ထိပ်ဆုံးကိုလည်း ရောက်အောင်ပို့နိုင်သလို
အောက်ဆုံးကိုလည်း ရောက်အောင် တွန်းချနိုင်ပါတယ်။ သင့်ကိုယ်သင် အောင်မြင်သူလူသားတစ်ယောက်အဖြစ် မြင်နေ မယ်ဆိုရင်
သင်ဟာလုံးဝအောင်မြင်လာနိုင်ပါတယ်။ သင့်ကိုသင်အလကား လူလို့မြင်နေရင်လည်းသင်ဟာ အလကားလူဖြစ်လာမှာပါပဲ။ အလကားလူဆိုတဲ့ ဘ၀ကနေ ပါရမီရှင်ဘ၀အဖြစ်ကို ပြောင်းလဲပေးနိုင်ဖို့ ခြေတစ်လှမ်းသာ
လိုပါတယ်။ သင့်အမြင်ဟာ သင့်ဘ၀ပါပဲ။ သင့်အမြင်လေး တစ်ချက်ပြောင်း လိုက်တာနဲ့ သင့်ဘ၀ကလည်း လုံးဝပြောင်းသွားမှာ ဖြစ်ပါတယ်။
 

ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ဟာ ကိုယ့်စိတ်အတွင်းထဲကို ပုံရိပ်တွေအဖြစ် ၀င်ရောက်ကိန်းအောင်းပြီး ခြယ်လှယ်တတ်ပါတယ်။ ဥပမာ - ပျဉ်ပြားတစ်ချပ်ကို ကြမ်းပြင်မှာချခင်းထားပြီး လမ်းလျှောက်မယ်ဆိုလွယ်ကူပေမယ့်(၁၀)ထပ် အမြင့် ရှိတဲ့ အဆောက်အဦ နှစ်ခုကြားမှာ ခင်းထားပြီး လျှောက်မယ်ဆိုရင်တော့ အတော်ခက်ခဲမယ့်ကိစ္စ ဖြစ်ပါတယ်။ တကယ်တော့လွယ်ကူတယ်၊ ခက်ခဲ တယ်ဆိုတာကိုယ်မြင်တဲ့အမြင်နဲ့ သက်ဆိုင်နေပါတယ်။
ကြမ်းပြင်ပေါ်မှာခင်းထားရင် အလွယ်တကူ လျှောက်လှမ်းနိုင်တယ် လို့မြင်တဲ့အတွက် သက်သောင့်သက်သာ လမ်းလျှောက်နိုင်တာဖြစ်ပြီး အဆောက်အဦးနှစ်ခုကြားမှာခင်းထားတဲ့ ပျဉ်ပြား ပေါ်တက်လျှောက်ဖို့ကြတော့ အခန့်မသင့်လိမ့်ကျသွားနိုင်တယ်လို့မြင်တဲ့အတွက်စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်ဝင်ပြီး ခက်ခဲသွားတာဖြစ်ပါတယ်။
 

ကျွန်တော့်သင်တန်းက သင်တန်းသားတွေကို စင်မြင့်ထက်မှာ စကားတက်ပြောခိုင်း တဲ့အခါ ဒီသဘာဝတွေကို အမြဲတွေ့မြင်နေကျပါ။ လူထုရှေ့ စင်မြင့်ထက်မှာစကားပြောဖို့ ဖိတ်ခေါ်ခံရတော့မယ့် သင်တန်းသား တချို့ရဲ့ရင်ထဲမှာသူတို့ အဆင်မပြေ ဖြစ်တဲ့ပုံတွေ၊ ကြောက်ဒူးတုန်ပြီး
ချွေးပြန်နေတဲ့ ပုံတွေ၊ ပြောစရာစကားတွေမေ့ပြီး ရှက်ကိုးရှက်ကန်း
ဖြစ်နေတဲ့ပုံရိပ်တွေကို မြင်ယောင်နေတတ်ကြပါတယ်။ ဒီအမြင်တွေရဲ့ ရလဒ်ဟာစင်ပေါ်ကို ရောက်တဲ့အခါပေါ်တော့တာပါပဲ။ သူတို့ကိုယ်သူတို့ ကြိုတင်မြင်ထားတဲ့အတိုင်းစင်ပေါ်မှာ တကယ်ဖြစ်လာ ကြတယ်လေ။
 

ဟုတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်ကို စိတ်ကအဆုံး အဖြတ်ပေးပြီး တကယ့်အရှိတရား တွေဖြစ်လာအောင်ဖန်တီးပေးတာပါ။
 

ကြောက်စိတ်တွေဝင်နေရင်ကြောက်တဲ့အတိုင်း တကယ်ဖြစ်လာတယ်။ စိုးရိမ်စိတ်တွေဝင်နေရင် စိုးရိမ်နေတဲ့အတိုင်း တကယ်ဖြစ်လာတတ်တယ်။ ဒီလိုပါပဲ ယုံကြည်စိတ်တွေဝင်နေရင်တော့ယုံကြည်တဲ့အတိုင်း တကယ်ဖြစ်လာမှာပဲပေါ့။ အလုပ်ခွင်မှာ အမှားတွေလုပ်မိပြီး ဆုံးရှုံးမှုတွေကြုံလာတဲ့အခါ "ဟူး၊ ဒီလိုဖြစ်မယ်လို့တော့ ငါထင်သားပဲ” ဆိုပြီး
ပြောတတ်ကြတာကို သတိထားကြည့်ပါ။
 ကိုယ်ထင်မြင်နေတဲ့ အရာတွေဟာ တကယ်ဖြစ်လာမှာပဲပေါ့။
 
 
ဆရာဖူးကျော်ဇင်(Future Wave)
 
 

ဗုဒ္ဓနည်းကျ ရေစက်ချအမျှဝေနည်း


 
 မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။

  ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။
ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည်
အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး
အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၁၆)

ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က
၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)

အထက်ပါရေစက်ချပုံကိုထောက်ဆ၍ သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား လှူဒါန်းရေစက်ချမည်ဆိုပါက သက္ကစ္စဒါန အထောက် အပံ့ဖြစ်အောင် ရေထဲ တွင် မွှေးကြိုင်သော နံ့သာထည့်ထားပါ။

တစ်ခါ ရေစက်ခွက်စီမံပုံနဲ့ပတ်သတ်ပြီး
ကျမ်းဂန်များတွင် ဖော်ပြရာမှာ အနာထပိဏ်သူဌေး ဇေတ၀န် ကျောင်းလှူသော အခါ၊ ဒေဝါနံပိယတိဿမင်း မဟာမေဃဝန်ဥယျာဉ် လှူသောအခါတို့တွင် အလှူရေစက်ကို ရွှေကရား၌ ထည့်ထားပြီး ရေစက်သွန်းချကြပါတယ်။ (ဇာ၊ဋ္ဌ၊၁၊ ၁ဝ၉။ ဝိ၊ဋ္ဌ၊၁၊၆ဝ)

ကျောင်းစသော ထာဝရ၀တ္ထုရေစက်ချရာတွင် ရေစက်ခွက်မထားဘဲ ဘုရားရဟန္တာ လက်ထဲ၌သာ ရေစက် သွန်းချကြောင်း မှတ်သားရပါတယ်။ ဆွမ်းကပ်လှူဒါန်းရာတွင် ရေစက်ချရာ၌
ဗုဒ္ဓရဲ့သပိတ်၊ ဗုဒ္ဓမပါက မထေရ်ကြီး များရဲ့သပိတ်ထဲသို့ အလှူရေစက်သွန်းချလှူဒါန်းကြပါတယ်။ (ဓမ္မ၊ဋ္ဌ၊ စူဠပန်ဝတ္ထု)

ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များပေါ်လာချိန်တွင် ရုပ်ပွားတော်နဲ့တကွ သံဃာတော်များဆွမ်းလှူဒါန်းသောအခါ ရုပ်ပွားတော်စေတီတော်ကိုရည်စူး၍ ရေစက်ခံသပိတ်တို့ကို ရှေ့၌ထားကြပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၂၄။ ဝိ၊သင်္ဂဟ၊၂၅၅။ ကင်္ခါဋီကာသစ်၊၂၉၈)

တဖန် ရေစက်ချပုံအနေအထားနဲ့ပတ်သတ်ပြီး ဗိမ္ဗိသာရမင်း၊ အနာထပိဏ်သူဌေးတို့သည် ရွှေ ကရားဖြင့် ရေစက်ချသောအခါ တံစက်မြိတ်မှရေကျသလို ရေကိုတဖြည်းဖြည်းချင်း
ယဉ်ယဉ်ကျေးကျေး ဗုဒ္ဓလက်တော်သို့ သွန်းလောင်းကြပါတယ်။

အလှူဒါနပြုလုပ်ရာတွင် ရေစက်ချရခြင်းအကြောင်းမှာ-

၁။ အလှူဝတ္ထုကိုယ်စားပြု၍ အလှူခံလက်ထဲသို့ အပ်နှင်းရန်အကျိုးငှာ အလှူဒါနမြောက်ကြောင်းပြရန် ရေစက်ချတာပါ။
၂။ ရေစက်ချသောအခါ အလှူခံကလက်ဖြင့် ခံယူလိုက်သဖြင့် အလှူဝတ္ထုအားလုံး အလှူခံပိုင်ဆိုင်သွားသဖြင့်
မည်သူမျှပြန်ယူသိမ်းပိုင်ခွင့် မရှိအောင် ရေစက်ချလှူဒါန်းရခြင်း ဖြစ်ပေတယ်။

သာဓကအားဖြင့် ဝေဿန္တရာမင်းသည် သားတော်သမီးတော်တို့ကို ရေစက်ချလှူဒါန်းလိုက်သောကြောင့် ဘိုးတော်မင်းသည်
သူ့မြေးများကို ပုဏ္ဏားထံမှ အာဏာဖြင့် သိမ်းယူမရသလို မြေးဖြစ်သူများကလည်း ဘိုးတော်မင်း ခေါ်တိုင်း
သွားလို့မရတော့ချေ။ ဒါကြောင့် အဘိုးဖြစ်သူမင်းက
မြေးတော်များကို ပုဏ္ဏားထံမှ ခွင့်ပြုချက်ဖြင့် ရွှေပိဿာ
(၁ဝဝဝ)နဲ့ ဝယ်ယူလိုက်ရပါတယ်။

ဒါကြောင့် အလှူဒါနပြုလုပ်တိုင်း အနည်းဆုံး စိတ်ထဲကနေဆုတောင်းခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ ဆက်လက်၍ ရေစက်ချအမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာ
ကျနစွာ မသိကြတာကြောင့် ဦးဇင်းဖတ်မှတ်လေ့လာဖူးသမျှ ရေးပေးပါဦးမယ်။

အမျှဝေခြင်းကို ပတ္တိဒါနလို့ခေါ်ပြီး သာဓုခေါ်ခြင်းကို ပတ္တာနုမောဒနလို့ ခေါ်ပါတယ်။ ပတ္တိဆိုတာ ကုသိုလ်ရှင်က မိမိပိုင်သောကုသိုလ်ကို သူတစ်ပါးအား ပေးဝေရာတွင် ခံယူရရှိမည့် သာဓုခေါ်ဆိုသူထံ ပေးဝေသော ကုသိုလ်ကို ပြောတာပါ။ ထိုသို့ကုသိုလ်ပေးဝေရာတွင် တစ်စိတ်တစ်ပိုင်းကို ပေးတာမဟုတ် အညီအမျှရရှိအောင် ပေးပါတယ်။

ဥပမာ-ကုသိုလ်ရှင်က တစ်ပိဿာကုသိုလ်ရရင် သူရသလောက် တစ်ပိဿာလုံးကို ပေးဝေလိုက်တာပါ။
ဒါကြောင့် ပတ္တိ-ကုသိုလ်အမျှကို ဒါန-ပေးခြင်း၊ ဝေခြင်း။ ပတ္တိဒါန-အမျှဝေခြင်းလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ပတ္တာနုမောဒန-ပတ္တိ-အနုမောဒန၊ ပတ္တိ-ကုသိုလ်အမျှကို၊
အနုမောဒန-ဝမ်းမြောက်စွာသာဓုခေါ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ပတ္တိဒါန အမျှဝေရာတွင် မိဘဆရာသမား ဆွေမျိုးတို့အား အမျှဝေခြင်းကို သြဓိသအမျှဝေခြင်း၊
အလုံးစုံသော သတ္တဝါတို့အား အမျှဝေခြင်းကို အနောဓိသအမျှဝေခြင်းဟု ခေါ်ဆိုကြောင်း
ကျမ်းဂန်မှာ လာရှိပါတယ်။ (အဘိ၊ဋ္ဌ၊၁၊ ၂၀၂)

ထိုသို့ကုသိုလ်အမျှဝေရာတွင် ကုသိုလ်ရဲ့အကျိုးကိုပါ ဝေရာရောက်သွားသောကြောင့် ဆွမ်းအလှူဒါန
အမျှဝေသောအခါ သာဓုခေါ်ဆိုသူဟာ ဆွမ်းဒါနကုသိုလ်ရသလို အလှူရှင်ရဲ့
ဆွမ်းအကျိုးငါးပါးကိုလည်း ရရှိသွားပါတယ်။

သူတစ်ပါးက အမျှဝေလိုက်သော ဒါနကုသိုလ်၊ သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာကုသိုလ်စသည်
တို့ကိုလည်း ဝမ်းမြောက်ဝမ်းစွာ သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ် ဖြစ်ပါတယ်။
သူတစ်ပါးက အမျှမဝေတဲ့ကောင်းမှုကိုလည်း မိမိက သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ်မရပေမဲ့ အနုမောဒနကုသိုလ်ရခြင်းကြောင့် သူတစ်ပါးကောင်းမှုကိုတွေ့မြင်ပါက
ဝမ်းမြောက်ဝမ်းသာဖြစ်ပေးမယ်ဆိုရင် မုဒိတာဘာဝနာကုသိုလ်နဲ့နည်းတ
အနုမောဒနာအကျိုး ရရှိပါတယ်။

ထိုကုသိုလ်ကြောင့် မျက်မှောက်ဘဝတွင် လူချစ်လူခင်ပေါခြင်းအကျိုးရသလို တမလွန်တို့မှာလည်း
ခံတွင်းမှ ကြာညိုနံ့သင်းခြင်း အကျိုးများ ရရှိပါပေတယ်။

ပတ္တိဒါန၊ ပတ္တာနုမောဒနကုသိုလ်သည် ဒါနကုသိုလ်တစ်ခုသာ အကျုံးဝင်သည်မဟုတ်
သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ စာချ၊ စာသင်၊ ကျမ်းပြုကုသိုလ်များတွင်လည်း အကျုံးဝင်တာမို့
ထိုကုသိုလ်များကိုလည်း အမျှဝေ၊ သာဓုခေါ်၊ ဝမ်းမြောက်ခြင်း အနုမောဒနာများ ပြုလုပ်ပေးပါက အကျိုးများစွာ ရရှိပါတယ်။

သာဓကအနေနဲ့ဖော်ပြပေးရမယ်ဆိုရင် မင်းတုန်းမင်းလက်ထက် အလုံဂိုဏ်အုပ် ကျောက္ကာ တောင်ဖီလာ ဆရာတော်သည် ရွှေတိဂုံဘုရားသွားဖူးတဲ့အခါ လမ်းတွင် နတ်လူသာဓုခေါ်စေသော် ဆိုင်းဘုတ်တွေ့တိုင်း သာဓုခေါ်ဆိုသလို ဆိုင်းဘုတ်မရှိတဲ့ ကောင်းမှုလုပ်ထားတဲ့ အဆောက်အဦးများတွေ့ရင်လည်း သာဓုခေါ်ဝမ်းမြောက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပတ္တာနုမောဒန၊ အနုမောဒနာကုသိုလ်နှစ်မျိုးလုံး
ဘုရားဖူးသွားရင်း ယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် မိမိဗုဒ္ဓဘာသာဝင်များ ဘုရားဖူးသွားရင်းဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ ကြုံတွေ့ရတဲ့ ကောင်းမှုများကို
ယူတတ်မယ်ဆိုရင် ကုသိုလ်ချည်းပဲမို့ သတိထားယူတတ်ဖို့ရန် လေ့ကျင့်ပေးကြပါလေ။

ဒါပြင် လယ်တီဆရာတော်ဘုရားကြီး ကျမ်းစာရေးရင် ခဲတံချွန်ပေးရသော ဦးနန္ဒိယသည် ဆရာတော်ကြီးက
သင်္ကန်းစတဲ့ ပစ္စည်းဝတ္ထုများစွန့်ကြဲပါက မယူဘဲ နေ့စဉ် ဆရာတော်ရေးသားသော ကျမ်းပြုရခြင်း ပတ္တိဒါနကိုပဲ ခံယူလိုပါတယ်လို့ လျှောက်ထားပါတယ်။
ထိုအခါ ဆရာတော်မှ နေ့စဉ်ကျမ်းပြုရသော ကောင်းမှုများကိုဦးနန္ဒိယအား အမျှဝေပေးပါသည်လို့ မိန့်ကြားလျှင် ဦးနန္ဒိယမှ သာဓုခေါ်ဆိုတော်မူပါတော့တယ်။
ဒါဟာလည်း မျက်မှောက်တခဏတာ အသုံးပြုရမဲ့ ပစ္စည်းဝတ္ထုများထက် သံသရာတစ်လျှောက်လုံးအတွက် အရေးကြီးသောကုသိုလ်ကိုသာ အဓိကထားယူဖို့ သင်ခန်းစာရရှိစေတာမို့ ကျင့်သုံးလိုက်နာကြရပါမယ်။

ပတ္တာနုမောဒန-သာဓုခေါ်ဆိုရကျိုးနဲ့ပတ်သတ်ပြီး မျက်မှောက်အကျိုး၊ တမလွန်အကျိုးပေးများကို
ကျမ်းဂန်များမှ အနည်းငယ် ဖော်ပြပေးပါဦးမယ်။
သာဓုခေါ်ဆိုလိုက်သည်နဲ့ အကျိုးပေးများရရှိသွားရာ အကျိုးပေးစေတနာဇော(၇)ချက် ဇောသွားရာတွင်
ထိုဇောများထဲမှ ပထမဇောသည် မျက်မှောက်ဘ၀တွင် အကျိုးပေးသည်။
သတ္တမဇောသည် ဒုတိယဘဝတွင် အကျိုးပေးသည်။ အလယ်ဇောငါးချက်သည် တတိယဘဝမှစ၍
နိဗ္ဗာန်ရောက်တဲ့ထိ အကျိုးပေးသည်။

ပထမဇောက မျက်မှောက်ဘဝ အကျိုးပေးအရာတွင် ခဏချက်ခြင်းအကျိုးပေးတာရှိသလို နှစ်၊ လကြာမှ
အကျိုးပေးတာများလည်း ရှိပါတယ်။ လူနတ်ပြိတ္တာတို့တွင် ပရဒတ္တုပဇီဝိကပြိတ္တာလို့ခေါ်တဲ့ ရည်ညွှန်းပြီး နာမည်နဲ့အမျှဝေခံရတဲ့ ပြိတ္တာသာ အဲဒီပြိတ္တာက အမျှသာဓုခေါ်လိုက်တာနဲ့ ချက်ခြင်းအကျိုးပေးရရှိပါတယ်။
ကျန်တဲ့ လူ၊ နတ်၊ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာကယ်တို့မှာ အကြောင်းတိုက်ဆိုင်မှ
ခဏချက်ခြင်း အကျိုးပေးရကြပါတယ်။ များသောအားဖြင့် နောက်နောင်အချိန်ကြာမှသာ
အကျိုးပေးတွေ ရကြတာပါ။

လူတွေသာဓုခေါ်လို့ အကျိုးပေးရရှိတာကို မိမိတို့ဗုဒ္ဓဘာသာဝင်တွေမှာ မသိရှိကြတဲ့အတွက်
တချို့က သာဓုခေါ်တာ အကျိုးမရှိဘူးလို့ ထင်မြင်ယူဆနေကြတာတွေ ရှိနေကြတာမို့
လူ့ဘဝမှာပင် အမျှကုသိုလ်သာဓုခေါ်ဆိုမှုကြောင့် အကျိုးရရှိတာကို တင်ပြပေးပါဦးမယ်။

ဂေါတမဘုရားလောင်းတော်ဟာ တစ်ခုသောဘဝမှာ သင်္ခအမည်ရှိတဲ့ ကုန်သည်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။
တစ်နေ့ တပည့်များစွာနဲ့ ကုန်ကူးသွားဖို့ သင်္ဘောဆိပ်သွားရာ လမ်းတွင် ဖိနပ်၊ ထီးမပါသော ပစ္စေကဗုဒ္ဓါတစ်ပါးကိုမြင်တွေ့ရသဖြင့် ဖိနပ်ထီး လှူဒါန်းခဲ့ပြီး သမုဒ္ဒရာကို ရွက်သင်္ဘောစီးသွားကြလေသည်။ လမ်းတွင် မုန်းတိုင်းကြောင့် သင်္ဘောမြုပ်နစ်သွားရာ ဘုရားလောင်းနဲ့အနီးနေတပည့်တို့က
သင်္ဘောတိုင်ထိပ်တတ်ပြီး သမုဒ္ဒရာထဲ ခုန်ချကြသည်။ ကျန်တပည့်များကတော့ သင်္ဘောနစ်ရင်း သေဆုံး
သွားကြလေသည်။ ဘုရားလောင်းသည် သမုဒ္ဒရာထဲမျောပါနေချိန်မှာ သီလစောင့်ထိန်းရင်း မျောလိုက်နေလေသည်။

အဲဒီချိန်မှာ မဏိမေခလာနတ်သမီးသည် ဘုရားလောင်းရဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ဖိနပ်ထီးလှူဒါန်းခဲ့တဲ့
ဒါနကြောင့် ကယ်တင်ရန် ရတနာလှေကြီးဖန်ဆင်း ရောက်ရှိလာလေသည်။

နတ်သမီးက ဘုရားလောင်းကိုပဲ ကယ်တင်ပြီးတပည့်ဖြစ်သူကို မကယ်တယ်ဘဲထားလေရာ
ဘာကြောင့် မကယ်တင်ရတာလဲလို့ နတ်သမီးကိုမေးရာ တပည့်ဖြစ်သူမှာ ကုသိုလ်မရှိလို့ မကယ်တင်ကြောင်းသိလိုက်တာနဲ့ ဘုရားလောင်းမှ သူ့ကုသိုလ်ကို အမျှဝေပေးလိုက်သည်။ ထိုအခါ တပည့်ဖြစ်သူမှ သာဓုခေါ်ဆိုလိုက်သည်နဲ့ နတ်သမီးလည်း ကယ်တင်ပေးလိုက်လေသည်။ ဒီဇာတ်ကြောင်းလေးကတော့ သာဓုခေါ်ဆိုခြင်းကြောင့် ခဏချက်ခြင်း အကျိုးပေးရရှိသော လူ့ဘုံအကြောင်းပါ။
(ဒသကနိပါတ်၊ သင်္ခဇာတ်)

တစ်ခါ နတ်တို့ သာဓုခေါ်ဆိုမှုကြောင့် အကျိုးပေးရရှိပုံကို အနည်းငယ်တင်ပြပေးပါဦးမယ်။ မစ္ဆုဒ္ဒါနဇာတ်တွင်
ဘုရားလောင်းသည် မြစ်ထဲ၌ရှိသော ငါးတို့အား
ထမင်းများကျွေးမွေးပြီး အမျှဝေသောအခါ မြစ်စောင့်နတ်သည် သာဓုခေါ်ဆိုလိုက်သဖြင့် ချက်ခြင်း စည်းစိမ်းချမ်းသာတိုးပွားသွားသည်။ ယခု မြစ်စောင့်နတ်အကျိုးရရှိပုံကို
ထောက်ဆကြည့်ပြီး ကျန်တဲ့ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာတို့လည်း ထိုနည်းတူ
အကျိုးရရှိသည်ဟု မှတ်သားနိုင်ပါပြီ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး
ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီးအမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။

ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ဆုတောင်း ခြင်း၊ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတစ်ယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။
တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီးမေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့
ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို
သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ပြုလုပ်မှသာ ဘုရားအလောင်း
သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ် ကိုရရေး)အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေ ဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။ တကယ်လို့ ကောင်းမှုကုသိုလ်များများ လုပ်ထားသူဟာ သေခါနီးမှာ မကောင်းတဲ့အာရုံစွဲလမ်းမိလို့ ငရဲသို့ ရောက်သွားလျှင် ယမမင်းက
သူ့အား အမျှဝေ ပေးဖူးသလားလို့ သတိပေးစကားပြောကြာတဲ့အခါ မိမိပြုလုပ်ခဲ့တဲ့ကုသိုလ်၊ အမျှဝေပေးခဲ့တဲ့ကုသိုလ်တို့ကို အမှတ်ရ ပါက ငရဲမှ လွတ်မြောက်ကြရပါတယ်။

အလှူတစ်ခုပြုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့
နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း
ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ကြတာပါ။

ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာ တွေမှာက အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတော့ ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာ ဖယောင်တိုင်း တစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့ အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။ အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်း ရောင်တွေတောက်ပသွားပါတယ်။ အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာ အလင်းရောင် လျှော့နည်းမသွားတဲ့အပြင် မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်း ရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။

မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။

မိမိအလှူဒါနပြုလုပ်ပြီး အမျှဝေတာကို အမျှဝေတာ
မသိလိုက်သူတွေ၊ နတ်ဗြဟ္မာတွေကို နတ်တွေကနေတဆင့် ပြောကြားပေးပါတယ်။ ဗုဒ္ဓအပါဒါန်ပါဠိတော်နဲ့ အဋ္ဌကထာတို့မှာ ဘုရားလောင်းစကြာမင်းကြီး အလှူဒါနပြုလုပ်ပြီး အမျှဝေတာကို နတ်တွေကတဆင့် ပြောကြား ပေးတယ်လို့ ဖော်ပြထားတာကို ထောက်ဆကြည့်ရင် မိမိအမျှဝေတာကို
နတ်တွေကတဆင့် သာဓုခေါ်နိုင်မဲ့ သတ္တဝါ
အားလုံးကြားသိအောင် ပြောဆိုပေးကြပါလိမ့်မယ်။

တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုမယ်ဆိုရင် အဲဒီသူဟာ ဖြစ်လေရာဘ၀တို့မှာ အာခံတွင်းမှကြာညိုနံ့ထွက်ခြင်းအကျိုးကို ရရှိပါတယ်။ သာဓကအနေအားဖြင့် တင်ပြပေးရမယ်ဆိုရင်
မြတ်ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာနေထိုင်တဲ့ သူဌေးသမီးရဲ့ ခင်ပွန်းတစ်ယောက်ဟာ သူ့အာခံတွင်းကနေ ကြာညိုနံ့ထွက်ခြင်း အကျိုးပေး ပါရှိလာပါတယ်။
တစ်နေ့မှာ မြတ်ဗုဒ္ဓတရားကို နာကြားရတဲ့အခါ သဒ္ဓါတရားဖြစ် သံဝေဂရပြီး ဇနီးဆီမှာ ခွင့်ပြုချက် တောင်းကာ ရဟန်းပြုသွားခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့သောအခါမှာ ကောသလမင်းက အဲဒီရဟန်းရဲ့ ဇနီးဟောင်းကိုမြင်ပြီး ခင်ပွန်းမရှိဘူး
ဆိုတာနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ကောသလမင်းကြီးက မိဖုရားထံ
ကြာပန်းများပေးတဲ့အခါ ပြုံးပြုံးရွှင်ရွှင်ဖြစ်ပြီးကြာပန်းကို နမ်းရှိုက်ကြည့်တော့ သူ့ခင်ပွန်းဟောင်းရဲ့
အာခံတွင်းနံ့ကို သတိရကာ ငိုပါတော့တယ်။ ဒါနဲ့ ကောသလမင်းကြီးက ဘာလို့ငိုတာလဲမေးတဲ့အခါ
သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ဟာကြာပန်းရနံ့ထက် မွှေးကြိုင်တာကို သတိရလို့
ငိုမိတာပါလို့ ပြန်ပြောပါတယ်။

ကောသလမင်းဟာ မိဖုရားစကား မယုံတာနဲ့ အဲဒီရဟန်းထံမှ ကြာညိုနံ့ထွက်မထွက်
စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲလို့ သိသွားပြီးနောက် မြတ်ဗုဒ္ဓထံ မေးမြန်းလျှောက်ထားကြည့်တယ်
  မြတ်ဗုဒ္ဓက ဒကာတော်မင်းကြီး အဲဒီရဟန်းဟာ ရှေးအတိတ်ဘဝတုန်းက တရားနာသောအခါ
ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုခဲ့တဲ့ ကောင်းမှုကံကြောင့် ယခုဘဝမှာ အာခံတွင်းက ကြာညိုနံ့သင်းရခြင်းအကျိုး ရရှိတာပါလို့ မိန့်တော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၁)

ဒါကြောင့် မိမိတို့ဟာ ကိုယ်ပြုလုပ်တဲ့ကုသိုလ်ကိုလည်း သတ္တဝါအားလုံးအား အမျှဝေပေးကြရမှာဖြစ်သလို
သူတစ်ပါးပေးဝေတဲ့ အမျှကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုကြရပါမယ်။ ဒါမှ မြတ်ဗုဒ္ဓရဲ့ အလိုတော်ကျဖြစ်ပြီး ဗုဒ္ဓသာသနာတွင်း လူဖြစ်ရကျိုးနပ်ကာ ဗုဒ္ဓပွင့်ရကျိုးလည်း နပ်မှာပါ။

ဦးဇင်းကတော့ ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း သတ္တဝါအား လုံးအား အမျှဝေပေးတယ်။

ပြီးရင် ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း မှန်းဆသာဓုခေါ်ဆိုလေ့ရှိပါတယ်။
ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ စာဖတ်သူအားလုံး အသိဉာဏ်ဗဟုသုတများ
တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။


-[(အရှင်ကောမလ ဆန်နီနေမင်း) (သာသနတက္ကသီလ ဓမ္မာစရိယ)
B.A (Buddhism), M.A (သီရိလင်္ကာ)Ph.D, Thesis (သီရိလင်္ကာ)]

Dhamma Danã Source ►

မြန်မာဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တချို့


Byမောင်သာချို On Friday, December 19, 2014

(တစ်)

အိမ်နားနီးချင်း ထိုင်းနိုင်ငံရောက် မြန်မာတွေက မေးဖူးပါတယ်။ ထိုင်းနဲ့ မြန်မာဘယ်လိုခွဲမလဲတဲ့။ ဟုတ်ပါ့။ ဘယ်လိုလုပ်ပြီး ခွဲတတ်ပါလိမ့်မလဲ။ ဆံပင်အတူတူ၊ အရပ်အတူတူ၊ မျက်နှာပေါက်အတူတူ၊ အသားအရောင်အတူတူ၊ ပါးစပ်က ထွက်လာတဲ့ စကားသံကို မကြားဘဲနဲ့တော့ ဘယ်လိုမှ ခွဲခြားလို့မတတ်ပေါင်ဗျာ။ ကွယ်လွန်သူသံအမတ်ကြီး ဦးသက်ထွန်းကတောင် သူ့စာတစ်ပုဒ်မှာ ‘‘သိပ်မတူသော အမြွှာညီနောင်’’လို ခေါင်းစဉ်တပ်ပြီး ထိုင်းနဲ့ မြန်မာတို့ ဆင်ဆင်တူပုံတွေကို ရေးခဲ့ဖူးသေးတာပဲဥစ္စာ။


ဟုတ်ပါတယ်။ ကွဲပြားခြား နားမှုရဲ့ သော့ချက်ကို မသိသူတွေ အဖို့ ထိုင်းနဲ့ မြန်မာခွဲရတာ နည်း နည်းကလေးခက်ပါတယ်။ ဒါပေမဲ့ခွဲနည်းကို သူတို့က ပြောပြတော့ လည်း အရှင်းသားပါကလား။


ထိုင်းရဲတွေက မြန်မာကို ဖမ်းတဲ့အခါ နှစ်ချက်ကြည့်လေ့ရှိပါ တယ်တဲ့။ ပထမတစ်ချက်က ပါး စပ်ကိုကြည့်တာပါ။ မသေချာရင် ပါးစပ်ကို ဟပြခိုင်းတတ်ပါတယ်။ ကွမ်းစားထားသလား၊ မစားဘူး လား။ ကွမ်းစားထားရင် မြန်မာ၊ မစားရင် ထိုင်း။ လွဲခဲပါတယ်။ တောနေ တောထိုင်သက်ကြီးရွယ် အို နည်းနည်းပါးပါးကလွဲလို့ သည်နေ့ မျိုးဆက်သစ်ထိုင်းတွေဟာ ဘယ်သူမှ ကွမ်းမစားကြတော့ပါ ဘူး။ ဒါကြောင့် ပါးစပ်မှာ ကွမ်းစား ထားတဲ့ အရိပ်အယောင်ကလေး တွေ့လိုက်ရပြီဆိုတာနဲ့ အဲသည့် လူကို ဖမ်းပြီး လိုချင်တာကို ညှစ် လို့ရပါပြီ။ ဧကန်မုချ အဲဒါ မြန်မာ နိုင်ငံသားပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ကားလမ်း၊ ရထားလမ်း၊ ဘူတာရုံ၊ လူသွားစင်္ကြံ၊ ဆေးရုံ၊ ကျောင်း၊ရုံး၊ လှေကားအတက်အဆင်းနေ ရာတိုင်းမှာ ကွမ်းတံတွေးတွေနဲ့ ပေ လူးနေတာကို အားလုံးအသိပဲမို့ ထိုင်းရောက်မြန်မာအမျိုးကောင်း သားတို့က အဲဒါကို ဆက်ပြီးကျင့် သုံးကြတဲ့အခါ ထိုင်းရဲက ဖမ်းဖို့ လွယ်ကူသွားတာပါ။


(နှစ်)

ကျွန်တော်က ဒါဆိုရင် ကွမ်း မစားကြတော့ဘူးဆိုရင်ဖြင့် ခွဲရ ခက်သွားမှာပေါ့လို့ အထွန့်တက် မိခဲ့ပါသေးတယ်။ မိတ်ဆွေက ရယ်ပါတယ်။ မခက်ဘူး ဆရာရဲ့ တဲ့။ တခြားနည်းလမ်းတွေရှိသေး တယ်တဲ့။ ဆိုစမ်းပါဦးလို့ စကား ကလေးထောက်ပေးတော့ ရယ် သွမ်းသွေးရင်းကနေ မလှမ်းမ ကမ်းက ပလက်ဖောင်းပေါ်မှာ လျှောက်သွားနေတဲ့ လူတစ် ယောက်ကို လက်ညှိုးညွှန်ပြပါ တယ်။ အဲဒါ မြန်မာဗျတဲ့။ ကျွန် တော်က ခင်ဗျား ဘယ်လိုခွဲခြားသ တုံးဗျာလို့ မေးမိတော့ သူက ဟိုမှာလမ်းသွားရင်းနဲ့ ဖုန်းကို ပွတ်သွား နေတာ မတွေ့ဘူးလားတဲ့။ ဟုတ် တယ်ဗျ။ လမ်းတစ်လျှောက်လုံး မှာကို လက်ထဲက ဖုန်းကို တရစပ်ပွတ်ပြီး လျှောက်သွားနေတာ။ သူ ပြောမှပဲ သတိထားမိတော့တယ်။ ထိုင်းနိုင်ငံသားအားလုံးလိုလိုဟာ အကြောင်းမဲ့သက်သက် ဖုန်းကို ပွတ်နေတယ်ဆိုတာ အလွန်တွေ့ ရခဲတာကလား။ အမျိုးကောင်း သား မြန်မာတို့သာ ဘူတာရုံမှာ ပွတ်၊ ကားမှတ်တိုင်မှာပွတ်၊ ရ ထားပေါ်၊ ကားပေါ်ပွတ်၊ ရုံးခန်းစားပွဲမှာပွတ်၊ ခြင်ထောင်ထဲမှာပွတ်၊ လှေကားထစ်ထောင့်ချိုးမှာပွတ်၊ လမ်းဘေးအုတ်ခုံမှာပွတ်၊ ထိုင်ပွတ်၊ ထပွတ်၊ လျောင်းပွတ်၊အိပ်ပွတ်။ ထိုင်းရဲက အရည်မရ အဖတ်မရ ဖုန်းပွတ်နေတာကို မြင်လိုက်တာနဲ့ ဒါမြန်မာနိုင်ငံသားဆိုတာ ကိုးဆယ့်ကိုးဒသမကိုးကိုး သေချာတယ်ဆိုပြီး ဖမ်းတာပါ။ လွဲခဲတယ် ခင်ဗျ။


(သုံး)

မြန်မာနိုင်ငံသားဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တွေဟာ တော်တော်ပဲများပါတယ်။ ထိုင်း ရောက် မြန်မာတွေဟာ ထိုင်းနဲ့ ဆင်တူကြတာကြောင့် ထိုင်းလား၊ မြန်မာလားဆိုတာကို အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်းမျိုးတွေနဲ့ ခွဲရသလို ဥရောပကမ္ဘာလို ၊အနောက်ကမ္ဘာလို နိုင်ငံကလူတွေကျတော့ လည်း ဒါဟာ မြန်မာလား၊ ထိုင်း လား၊ ဗီယက်နမ်လား၊ ကမ္ဘော ဒီးယားလားခွဲခြားရခက်တတ်ပါ တယ်။ ရင်းနှီးသူ၊ လူဖြူမိတ်ဆွေ တချို့က မြန်မာဖြစ်မှန်းတန်းသိ တဲ့အချက်တချို့ကို အသိတရား လက်ဆောင်ဝေမျှပါတယ်။


လေဆိပ်ထဲမှာ Check In ၀င်တဲ့အခါ၊ လေဆိပ်ကောင်တာမှာ Boarding Pass ယူတဲ့အခါ၊ လေယာဉ်ပေါ်သို့တက်၊ လေယာဉ်ပေါ် က ဆင်းတဲ့အခါ တန်းမစီဘဲနဲ့ ဟိုလိုလို သည်လိုလိုလုပ်ပြီး ၀င်လာ သူကို တွေ့တဲ့အခါ အဲဒါမြန်မာပါ တဲ့။


အမှိုက်ကို ရထားပေါ်က၊ ကားပေါ်က၊ လမ်းလျှောက်သွား နေရင်းက၊ တိုက်ခန်းပေါ်က ပစ် ချသူကိုတွေ့တဲ့အခါ အဲဒါမြန်မာ ပါတဲ့။


ကလေးငယ်ကလေးတစ် ယောက်၊ သက်ကြီးရွယ်အိုတစ် ဦး၊ မသန်စွမ်းသူ တစ်ပုဂ္ဂိုလ်ကို တွေ့နေပါလျက်နဲ့ ထိုင်ခုံက မထ ပေးဘဲ နေမြဲနေနေတာ အဲဒါမြန် မာပါတဲ့။


မျဉ်းကျားကနေ လမ်းကူးဖို့ စောင့်နေတဲ့ လူကိုရပ်မပေး၊ ကူး နေတဲ့သူကို တွေ့တော့လည်း နင် ပဲ ငဆနဲ့ဆဲဆိုကြိမ်းမောင်းပြီး မထီမဲ့မြင်မောင်းနှင်ထွက်သွားတတ် တဲ့ ကားမောင်းသူနဲ့တွေ့တဲ့အခါ အဲဒါ မြန်မာပါတဲ့။


အသက်မပြည့်တဲ့ ကလေး တွေကို စီးကရက်ရောင်းပေးတာ မြန်မာ၊ အရက်ဘီယာရောင်းပေး တာ မြန်မာ၊ အိမ်နားနီးချင်းတွေ နားမခံသာအောင် သီချင်းတွေ၊ တရားခွေတွေ ၀က်ဝက်ကွဲဖွင့်တာ မြန်မာ၊ ကိုယ့်ကြောင့် လူတစ် ယောက်ယောက် အနေအထား ပျက်သွားတဲ့အခါ တောင်းပန်ပါ တယ်လို့ တိုးလျှိုးဖို့ ၀န်လေးနေ တာ မြန်မာ၊ သြော်...မြန်မာရဲ့ သိ သာထင်ရှားတဲ့ အမှတ်အသား တွေဟာ များလှချည်ရဲ့။


ဒါပေမဲ့...အဲဒါတွေဟာ ကျေနပ်စရာတွေလားလို့ မေးခဲ့ရင် မြန် မာနိုင်ငံသားတွေ ဘယ်လိုဖြေကြ လေမယ် မသိ။ စိတ်တွေ ဘာတွေ ရော ဆိုးနေကြဦးမှာလေလား။ ကျွန်တော်ကတော့ မဆိုးဘူး။ မ ဆိုးချင်ဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ ပုံရိပ်ပဲလေ။ အဲသည့်ပုံရိပ်ကို ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးခဲ့ကြ တာပဲလေ။


မကျေနပ်ရင် အဲသည့်ပုံရိပ် တွေကို ဖျက်ပစ်ဖို့ပဲပေါ့။ ပုံရိပ်လှ အောင်ပြန်ပြီး ထုဆစ်ကြရုံပဲပေါ့။ အဲဒါ စာဖတ်တဲ့သူတွေရော၊ စာ မဖတ်တဲ့သူတွေရော ပြန်ပြီး ထု ဆစ်ကြမှရမယ့်ကိစ္စ။ မြန်တာနှေး တာက နိုင်ငံသားတွေနဲ့ စိတ်ဇော အဟုန်ထက်သန်မှု၊ မထက်သန် မှု။


  မောင်သာချို

30 Jan 2015

လူငယ်ဆိုတာ လန်းရမယ် …


“အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ” ဆိုတဲ့ စာအုပ်လေးက ထင်ထားတာထက် ပရိတ်သတ်က အများကြီး အားပေးကြတဲ့အတွက် ဝမ်းသာစရာပါ … ရန်ကုန်မိတ်ဆက်ပွဲပြီးတော့ မိထ္ထီလာ နည်းပညာ တက္ကသိုလ် စာပေ နဲ့ အနုပညာ အသင်း ရဲ့ စီစဉ်မှု နဲ့ စိတ်ဓာတ်ခွန်အားဖြည့်ဟောပြောပွဲ လေး ကျင်းပခဲ့သလို … စာအုပ်ကိုလည်း အမှတ်တရ လက်မှတ်ထိုး ရောင်းချခဲ့ပါတယ် … လူငယ်တွေ တက်တက်ကြွကြွ အားပေးကြတာကို တွေ့ရတော့ ဝမ်းသာပီတိ ဖြစ်မိတယ် …


လူငယ်တွေ ဂီတဖျော်ဖြေပွဲ တွေကို စိတ်ဝင်စားကြသလို … စာအုပ် စာပေကိုလည်း အားတက်သရော စိတ်ဝင်စားကြတာကို ကျွန်တော် သွားခဲ့တဲ့ ဟောပြောပွဲတွေတိုင်းမှာ လက်တွေ့မြင်ခဲ့ရပါတယ် … ။ လူငယ်တွေကို ရည်ရွယ်တဲ့ အတွက် ဟောပြောပွဲ ခေါင်းစဉ်ပေးရတာလည်း လူငယ်တွေ စိတ်ဝင်စားဖို့ လိုပါတယ် …

ဒီနေ့ခေတ်လူငယ် တွေကြားမှာ အသုံးများတဲ့ လန်းဆိုတဲ့စကားကို သွားသတိရမိလို့ … “လူငယ်ဆိုတာ လန်းရမယ်” လို့ နာမည်ပေးလိုက်တာပါ … ပွဲမှာလည်း တကယ်ကို လန်းဆန်းတက်ကြွတဲ့ လူငယ်တွေ … ကို တွေ့ခဲ့ရတော့ ပွဲတွေဆက်နေပေမယ့် ကိုယ်ကိုတိုင် မောရမှန်းမသိပါဘူး … ကဲ ကျွန်တော်ပြောချင်တဲ့ လူငယ်တွေ “လန်းရမယ်” ဆိုတာက LEARN ကိုလည်း လေ့လာသင်ယူရမယ် ဆိုတဲ့ တစ်ခုတည်း အဓိပ္ပာယ်သာမက တစ်လုံးခြင်းကို ဒီလိုပြောခဲ့ပါတယ် …

L E A R N ဆိုတာက

L – Listen to Learning
==============
- လေ့လာသင်ယူဖို့အတွက် နားထောင်ပါ
---------------------------------------------
ကျွန်တော်တို့ တစ်တွေဟာ ကိုယ်ကသာ ပြောချင်သလောက် သူများပြောတာကို နားထောင်ဖို့ ဝန်လေးတတ်ပါတယ် … တကယ်တော့ ထောင်တတ်တဲ့ နားတစ်စုံသာရှိရင် ကိုယ့်အတွက် လေ့လာ သင်ယူ လို့ရပါတယ် … ဒါကို “နားထောင်ခြင်းဖြင့် သင်ယူခြင်း” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပါပြီ … ကိုယ့်ကို နည်းပေးလမ်းပြပေးမယ့် လမ်းညွှန်ပြသမယ့်သူတွေ ရဲ့ စကားတွေကို နားထောင်တာဟာ သင်ယူခြင်းတမျိုးပါ … “ပဏ္ဍိတာနဉ္စ္စသေ၀နာ” ဆိုတဲ့ ပညာရှိကို ဆည်းကပ်ခြင်း မင်္ဂလာတရားတော်နဲ့ လည်း ညီပါတယ် … ကျွန်တော် ဆရာအမ်း ဆီမှာ တောက်တိုမယ်ရ လုပ်နေတုန်းက ဆရာအမ်းနားတဲ့ အချိန်လေးတွေ ပြောပြတဲ့ သူရဲ့ဘဝအတွေ့ အကြုံတွေကို နားထောင်းရင်းနဲ့ ကိုယ့်အတွက် တကယ်သုံးဝင်တဲ့ အကြောင်းအရာ ပေါင်းစုံကို ရရှိခဲ့ပါတယ် … ။

E – Explode the thoughts
================
- အတွေးတွေကို ဖြန့်ကျက်လိုက်ပါ
---------------------------------------
Explode ရဲ့ မူလအဓိပ္ပာယ်က ပေါက်ကွဲတာ၊ ဖောက်ခွဲတာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ ဒီမှာ ဖြန့်ကျက်တဲ့ အသုံးနဲ့ သုံးချင်ပါတယ် … ။ လေ့လာမှုက ရရှိလာတဲ့ အသိအပ်ါအခြေခံပြီးတော့ ဆက်တွေးဖို့ အတွေးကို ဖြန့်ကျက်ဖို့လိုပါတယ် … ဒါဆိုရင် ကိုယ်ဘာဖြစ်ချင်တယ် … ဘာလုပ်ချင်တယ်ဆိုတာ … ဆိုတာကို မြင်လာပါလိမ့်မယ် ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ ဘောင်တစ်ခုအတွင်းမှာ ကြီးပြင်းလာကြတော့ ပတ်ဝန်းကျင် လွှမ်းမိုးမှုရဲ့ အောက်မှာ ကိုယ့်ရဲ့ ပင်ကိုဖြစ်ချင်တဲ့ စိတ်ကို မမြင်မိတတ်ပါဘူး … ဥပမာ … Channel 7 က အစီအစဉ်တစ်ခု ဖြစ်တဲ့ “မိသားစု ပြိုင်ပွဲ” ကို တစ်ခါကြည့်လိုက်တော့ အဲဒီမှာ မေးခွန်းတစ်ခု မေးတယ် ကလေးတွေကို သားသား/မီးမီး ကြီးလာရင် ဘာလုပ်မယ် လို့ မေးတဲ့အခါ နံပါတ် (၁) ဆရာဝန်၊ (၂) က အင်ဂျင်နီယာ၊ (၃) ကတော့ စစ်ဗိုလ်ကြီးလို့ ဖြေကြတယ် … အဲဒီမေးခွန်းကိုပဲ ကျွန်တော် စစ်ကိုင်းမှာရော … ခု မိထ္ထီလာမှာရော မေးကြည့်တော့ အဲဒီအတိုင်း ဖြေကြတယ် … ။ ဒီအဖြေဟာ ကလေးတွေရဲ့ စိတ်ရင်းအမှန်လား လွှမ်းမိုးမှုလားဆိုတာ တွေးကြည့်ပါ … ဒါကြောင့် ဘောင်တစ်ခု ထဲမှာ မနေဘဲ ဖြန့်ကျက်တွေးလိုက်ပါ … ။

A – Aim the target
============
- ရည်မှန်းချက်ကို သတ်မှတ်ပါ
---------------------------------
ဒီအကြောင်းတွေကို ပြောတာလည်း အပ်ကြောင်းထပ်သလောက် ဖြစ်နေပါပြီ … အရေးကြီးတာ ကတော့ ဆန္ဒနဲ့ ရည်မှန်းချက် ကွဲပြားဖို့ လိုပါတယ် … ဥပမာ သရုပ်ဆောင် တစ်ယောက်ဖြစ် ချင်တယ် ဆိုတာက ဆန္ဒ၊ လာမယ့် ဘယ်နှစ်နှစ်အတွင်းမှာ သရုပ်ဆောင်ဖြစ်အောင် လုပ်မယ် ဆိုတာက မှ ရည်မှန်းချက်ပါ … ။ တိကျတဲ့ ရည်မှန်းချက်မရှိရင်တော့ ဘယ်သွားလို့ သွားရမှန်းမသိဖြစ်တတ်ပါတယ် … ။ လူငယ်တွေကို ဘာဖြစ်ချင်တာလဲ လို့ မေးကြည့်တဲ့အခါ ဘာဖြစ်ချင်မှန်း တိတိကျကျ မသိတဲ့သူတွေရယ် … ဖြစ်ချင်တာတွေများနေတဲ့ သူတွေရယ် … (၂)မျိုး တွေ့ရပါတယ် …. ဘာဖြစ်ချင်မှန်းမသိရင်လည်း သွားစရာလမ်းပျောက်နေတတ်သလို … ဖြစ်ချင်တာတွေများနေရင်လည်း သွားစရာလမ်းများလို့ ပန်းတိုင်မရောက်ဖြစ်တတ်ပါတယ် … ။ ဒါကြောင့် ရည်မှန်းချက်ကို တိတိကျကျ သတ်မှတ်ဖို့ အရေးကြီးပါတယ် … ။

R – Run to the target
==============
- ပန်းတိုင်ကို ရောက်အောင်ပြေးပါ
--------------------------------------
ပန်းတိုင်ကို သတ်မှတ်ပြီးရင်တော့ ရောက်အောင် ပြေးဖို့လိုပါတယ် … ဒီမှာ တစ်ချက်ပြောစရာ ရှိတာက ပန်းတိုင်ကို သတ်မှတ်ပြီးရင် မပြေးခင် အကောင်းဆုံး လမ်းကို ရွေးချယ်ဖို့လည်း အရေးကြီးပါတယ် … ။ ကျွန်တော်တို့ မြန်မာ လူငယ်တွေ အနေနဲ့ အဖက်ဖက်က နောက်ကျနေတဲ့အတွက် ပန်းတိုင်ကို သိပြီးရင် လျှောက်ရုံ လောက်နဲ့ အဆင်မပြေတော့ပါဘူး … ပြေးမှသာ အလျင်မီမှာပါ … ။ ပြေးတာတောင်မှ အသားကုန် ပြေးရမှာပါ … ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ စကားလို ပြဲ လန် နေအောင် လုပ်မှ တော်ကာကျပါ လိမ့်မယ် ကိုယ့်ပတ်ဝန်းကျင်နိုင်ငံက လူငယ်တွေက ကျွန်တော်တို့ထက် ခြေတစ်လှမ်းမက သာနေပါပြီ …


N – Never give up
============
- ဘယ်တော့မှ အလျော့မပေးပါနဲ့
-------------------------------------
ပန်းတိုင်လည်းရှိပြီ … လမ်းလည်း တွေ့ပြီ … ပြေးလည်း ပြေးနေပြီဆိုရင်တော့ မရောက်မချင်း အလျော့မပေးပါနဲ့ … အခြေအနေနဲ့ အချိန်အခါအရ … ခဏတဖြုတ် နားတာတော့ နားလို့ ရပါတယ် … ဒါပေမယ့် လုံးဝ ရပ်လိုက်တာ … အလျော့ပေးလိုက်တာတော့ မဖြစ်ပါစေနဲ့ … ဘဝရဲ့ ခရီးလမ်းဟာ ပန့်မွေ့ယာ ရွှေကောဇောတော့ အမြဲတမ်း မဖြစ်နိုင်ပါဘူး … ဒါကြောင့် ကျွန်တော် ရေးခဲ့ဖူးတဲ့ “စိတ်ညစ်စရာရှိရင် … ညစ်ပါ၊ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့” ဆိုတဲ့ စာစုထဲကလို … ဘယ်လောက်ပဲ အခက်အခဲ တွေနဲ့ ကြုံပါစေ … အရှုံးမပေးဘဲ … လဲကျရင်ပြန်ထပြီး ပန်းတိုင် ရောက်အောင် လျှောက်ကြမယ် … ။

L E A R N =
L – Listen to Learning
E – Explode the thoughts
A – Aim the target
R – Run to the target
N – Never give up

“လူငယ်တိုင်း အောင်မြင်နိုင်ကြပါစေ … ”

  အောင်ကိုဦး(UMK)
Be the Best !

Credit to : [https://www.facebook.com/aungkouumk]