7 Sept 2012

ရက် ၁၀၀ အတွင်း Samsung Galaxy S 3 အလုံးရေ သန်း ၂၀ ရောင်းချရ


ရက် ၁၀၀အတွင်း Samsung Galaxy S 3 ရောင်းချမှုဟာ သန်း ၂၀ အထိ ရှိတယ်လို့ သိရပါတယ်။

နောက်တစ်ခုထူးခြားချက်က လက်တလောက် ကာလမှာ အမေရိကန်နိုင်ငံရဲ့  ရောင်းအားအကောင်းဆုံး စမတ်ဖုန်းစာရင်းမှာလည်း Samsung Galaxy S 3 က နံပါတ် ၁ နေရာယူဆဲ ဖြစ်တယ်လို့ သိရပါတယ်။ တရားဥပေဒ ရင်ဆိုင်မှုအရ အမေရိကန်မှာ ရှုံးနိမ့်သွားပေမယ့် Samsung Galaxy S3 ရဲ့ ရောင်းအားဟာ ကျမသွားခဲ့ပါဘူး။

စတင် ရောင်းချတဲ့ မေလကုန်ပိုင်းကတည်းက ယနေ့တိုင် ရေပန်းစားနေတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါကြောင့် Samsung ဟာ အမေရိကန် တရားရုံးမှာသာ Apple ကို ရှုံးနိမ့်ခဲ့ပေမယ့် တောင်ကိုရီးယားအတွက် ဂုဏ်ယူရမယ့် World leading Electronics ကုမ္မဏီအဖြစ် တည်ရှိနေ ပါ သေးတယ်။ 
-----
Ref: 
Aung Kham (TSJ Tech Team)


0 comments:

Post a Comment