11 Jun 2014

Facial recognition ပရိုဂရမ်အတွက် ဓာတ်ပုံသန်းပေါင်းများစွာကို NSA စုဆောင်းခဲ့


အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) သည်ပစ်မှတ်များကို ရှာဖွေရာတွင် အထောက်အပံ့ဖြစ်စေရန် facial recognition ပရိုဂရမ်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုများမှ ဓာတ်ပုံများကို ကြားဖြတ်ရယူခဲ့ကြောင်း News York Times သတင်းစာက ဖော်ပြသွားခဲ့သည်။

NSA သည် email, text message, social media, videoconference များနှင့် အခြားဆက်သွယ်ရေး နည်းလမ်းများမှ ဓာတ်ပုံသန်းပေါင်းများစွာကို ရယူရန် ရှုပ်ထွေးသော ဆော့ဖ်ဝဲများ အသုံးပြုခဲ့သည်။ ထို့ကြောင့် NSA အနေဖြင့်တယ်လီဖုန်းနှင့် email ဆက်သွယ်မှုအချက်အလက်များစွာ စုဆောင်းခြင်းကို အဓိက အာရုံစိုက်ခဲ့သော်လည်း ၎င်းပရိုဂရမ်များဖြင့် ပစ်မှတ်များကို နည်းသစ်ဖြင့် ထောက်လှမ်းမှုများ ပြုလုပ်နိုင်မည်ကို သိရှိခဲ့ကြောင်း NSA အေးဂျင့်ဟောင်း Edward Snowden ရယူခဲ့သည့် စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

NSA ၏နည်းပညာနှင့် ပတ်သက်ပြီး New York Times သတင်းစာက ရုပ်ရည်သွင်ပြင်နှင့် အပြင်အဆင်အမျိုးမျိုးရှိသော လူတစ်ဦးတည်း၏ ဓာတ်ပုံများကို ၎င်း၏ ခရီးသွားလာမှုအခြေအနေနှင့် ဆက်နွှယ်မှုရှိသည့် သူများဖြင့် တွဲဖက် ပြသပေးထားကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။ NSA ၏ပြောရေးဆိုခွင့် ရှိသူကမူ အေဂျင်စီ၏ နိုင်ငံခြားရေး စောင့်ကြည့်မှု ပရိုဂရမ်များသည် အမေရိကန်ဥပဒေများနှင့် ပေါ်လစီရည်မှန်းချက် တို့ဖြင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်ထားကြောင်း CNET သို့ပြောကြားခဲ့သည်။


စိုးထက်
Ref: CNET
Internet Journal


0 comments:

Post a Comment