17 Jul 2014

အစ္စရေးက တိုက်ခိုက်မှုတွေ ရပ်ထားမယ်လို့ ကြေညာ

 
 
 ကြာသပတေးနေ့ ဒီနေ့ကစပြီး ဂါဇာမှာ လူသားချင်း စာနာတဲ့အနေနဲ့ အပစ်အခတ် ရပ်ထားမယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေးနဲ့ ဟာမတ်တို့ကြား ရက်အတန်ကြာ တဖက်နဲ့တဖက် ဒုံးကျည်တွေကို ပစ်ခတ်ပြီး အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။
ရပ်သူရွားသားတွေ စားနပ်ရိက္ခာ စုဆောင်းနိုင်အောင် ဒေသစံတော်ချိန် ဒီကနေ့မနက် ၁၀နာရီကနေ ညနေ၃နာရီအထိ အပစ်ရပ်ထားမယ်လို့ အစ္စရေး စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် အခုလူသားချင်း စာနာတဲ့ အပစ်ရပ်မှုကို အခွင့်ကောင်းယူပြီးဟာမတ်တို့ဘက်က အစ္စရေး အရပ်ဘက်နဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်လာရင်တော့ ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ဂါဇာမှာ အဓိကအင်အားစုတခုဖြစ်တဲ့ ဟာမတ်တို့က အီဂျစ်တို့ကမ်းလှမ်းတဲ့ အပစ်အခတ်ရပ်စဲရေးကို ပယ်ချလိုက်ပြီး အစ္စရေးတို့ဘက်က အခုလိုဆောင်ရွက်တာဖြစ်ပါတယ်။

သူတို့ခေါင်းဆောင်ပိုင်းက အတည်မပြုတဲ့ အပေးအယူမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ ဟာမတ်အဖွဲ့ ပြောခွင့်ရပိုဂ္ဂိုလ် ဆာမိ အဘူဇူရီကပြောပါတယ်။

အစ္စရေးတို့ဘက်က အင်္ဂါနေ့တုန်းကစအပစ်ရပ်ပေမယ့် ဂါဇာဘက်ကနေ ရော့ကက်တွေနဲ့ ဆက်ပစ်လို့ တိုက်ပွဲတွေပြန်ဖြစ်ပါတယ်။ ဟာမတ်တို့ဘက်က ရော့ကက်နဲ့ အကြိမ်၁၂၀ဝကျော် ပစ်ခဲ့ပြီး အစ္စရေး တယောက် သေဆုံးပါတယ်။

ဇူလိုင် ၈ရက်နေ့ကစပြီး အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာဘက်မှာ လူ၂၂၀သေပြီး ၁၈၀ဝ ဒဏ်ရာရတယ်လို့ ဟာမတ်တို့ဘက်က ပြောသွားပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)


0 comments:

Post a Comment