6 Jul 2014

ကျပ် (၆၃)သိန်း တန်ဖိုးရှိ ကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိ



သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ရှိ ကမ်းနီးစိန်ပိုက်လုပ်ငန်းရှင် ဦးဖေလှိုင်၏ငါးဖမ်းလှေမှ (၃-၇-၂၀၁၄)ရက်နေ့ ကျိုက္ခမီမီးပြအနီး၊ တပ်မြေမှ (၈)မိုင်ခန့်အကွာတွင်
ကမ်းနီးစိန်ပိုက် (ကက္ကူရံပိုက်) ဖြင့် တန်ဖိုးရှိကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ပါသည်။

ငါး၏အရွယ်အစားမှာအလျား(၄)ပေ၊ အနံ(၁၁)လက်မရှိပြီး အလေးချိန်မှာ(၁၇)ပိဿာ (၅၀) ကျပ်သား ရှိပြီး အဆိုပါ ငါးအား အကောင်လိုက်ရောင်းချခဲ့ရာ ကျိုက္ခမီမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဦးခင်ဝင်းမှ တန်ဖိုး ကျပ် (၆၃)သိန်းပေး၍ ၀ယ်ယူခဲ့ကြောင်းသိရှိရပါသည်။

မွေးရေ/ကျေးလက် ၀န်ကြီးဌာန
Government Organization


0 comments:

Post a Comment