8 Jul 2014

အကြမ်းဒဏ်ခံနိုင်သည့် iPhone 6 Sapphire display ဗီဒီယိုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာ


၎.၇ လက်မ iPhone 6 တွင် အသုံးပြုမည့် အကြမ်းဒဏ်ခံနိုင်သော sapphire display နှင့် ပတ်သက်သည့် ဗီဒီယိုများသည် အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

၎.၇ လက်မ sapphire crystal display cover အကြောင်းကို ဆန်နီဒစ်ခ်ဆန်ဆိုသူက ဗီဒီယိုတစ်ခုဖြင့် ပထမဦးဆုံး ဖော်ပြခဲ့သလို မားကက်စ်ဘရောင်လီဆိုသူကလည်း sapphire display ၏ အကြမ်းဒဏ်ခံနိုင်ပုံကို YouTube တွင်ဖော်ပြခဲ့သည်။

ဘရောင်လီ၏ ဗီဒီယိုတွင် sapphire display ကို ဓားဖြင့် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့သော်လည်း ခြစ်ရာများ မထင်ကျန်ခဲ့သလို ပျက်စီးမှုလည်း မဖြစ်ပေါ်ခဲ့ပေ။ ထို့အပြင် ၎င်းသည် display ကို ခေါက်ချိုးရန် ကြိုးပမ်းခဲ့သော်လည်း မိမိ၏ အားဖြင့် display ကို လုံးဝမချိုးနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗီဒီယိုဖော်ပြချက်များကြောင့် Apple အနေဖြင့် ၄.၇ လက်မ iPhone 6 တွင် sapphire display ကို ပထမဦးဆုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူများ၏ ခန့်မှန်းချက် ပိုမိုအားကောင်းလာခဲ့သည်။ Apple သည် လက်ရှိတွင် iPhone 5S home button နှင့် ကင်မရာ မှန်ဘီလူးတွင်သာ sapphire ကို အသုံးပြုထားသည်။

ထို့အပြင် အခြားသော ကောလာဟလ သတင်းများကလည်း Apple အနေဖြင့် တန်ဖိုးကြီးမြင့်သည့် ၅.၅ လက်မ iPhone 6 တွင်သာ sapphire display ကို အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။


 


http://www.myanmarinternetjournal.com

0 comments:

Post a Comment