1 Sept 2014

CDMA 800 MHz ဖုန်း အင်တာနက် ချို့ယွင်းမှု ပြန်လည်ကောင်းမွန်ကြောင်း ကြေညာ

အင်တာနက်စနစ် ချို့ယွင်းခဲ့သော CDMA 800 MHz ဖုန်းများ ယခုအခါ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ CDMA 800 MHz မိုဘိုင်းဖုန်း ကွန်ရက်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် သြဂုတ်လ ၃၀ ရက်မှစ၍ အင်တာနက် ဝန်ဆောင်မှုများ ဆက်သွယ်မှု ယာယီ ပြတ်တောက်ခဲ့ကြောင်း၊ သြဂုတ်လ ၃၁ ရက်တွင် ပြန်လည်ကောင်းမွန်ခဲ့သော်လည်း ၎င်းရက်နေ့တွင် အဆိုပါဖုန်း၏ အင်တာနက်ဝန်ဆောင်မှုမှာ ပြန်လည်ချို့ယွင်းခဲ့ကြောင်း သိရသည်။

 ဆက်လက် ပြုပြင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁ ရက်တွင် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာသည်။

 
http://www.internetjournal.com.mm/

0 comments:

Post a Comment