17 Sept 2015

အမလေး ရှား (ငါ ပြန်ခဲ့မယ်)



အမလေး ရှား
~~~~~~~~

ငါ ပြန်ခဲ့မယ်....

ဝဖီးနေတဲ့ အာရှကျား ခံတွင်းဝက_
မေဒေး မသိတဲ့ သူဌေးကြီး ဖ၀ါးအောက်က_
တစ်နေ့ ၁၂ နာရီ အလုပ်လုပ်ရတဲ့ စက်ရုပ်ဘ၀က_
တစ်နေ့အလုပ်ပျက်ရင် ၃ ရက်စာ လုပ်ခ ဖြတ်တဲ့ ဘူဇွာ ဥပဒေအောက်က_
လူကို လေချွန်ပြီးခေါ် ခြေထောက်နဲ့ ထိုးပြပြီး ခိုင်းတတ်တဲ့ ယဉ်ကျေးမှုကြားက_

အလုပ်ရှင်သူဌေးကို ကြောက်ရ_
လမ်းထွက်ရင် ရဲကိုကြောက်ရ_
အိမ်မှာ ညအိပ်ရင် အော်ပရာစီ ကြောက်ရ_
ပွဲစား လူလိမ်၊ ဂိုဏ်းစတား ၊အိန္ဒိယ
ရဲ ရေလာ ဖာသယ် အရက်အတု_
အမလေး ရှား နေရတဲ့ဘဝ
 
..........ထွီ...............

ဘုရင့်နောင်ကို အားနာပါရဲ့..
ဦးအောင်ဇေယျရေ တောင်းပန်ပါတယ်...
အာရှ ကျားတွေသနားမှ ချမ်းသာရမယ့်....
အာရှ နွားဘ၀မို့ပါ....
ဒါလေး ၀ရိန်ဆော်ပြီးရင်
ဒီကဗျာကို ဆက်ရေးပါ့မယ်...
ဒီတစ်လ အကြွေးကျေရင်တော့.....
စိတ်ချ......
စိတ်ချ......
မုတ်သုန်မိုးနဲ့ အတူ ငါပြန်ခဲ့မယ်...။
 

ကျော် န၀ဒေး(ခေတ္တ..မလေးရှား)
၁၅ .၆. ၂၀၁၃

0 comments:

Post a Comment