14 May 2014

iPhone တွင် email attachment ဖိုင်များကို ဟက်ကာများ ရယူနိုင်သည့် အားနည်းချက်ရှိ



iPhone ကို passcode ဖြင့် lock ပြုလုပ်ထားလျှင်ပင် email မှတစ်ဆင့် ပေးပို့ထားသည့် ဖိုင်များကို အသုံးပြုနိုင်သည့် အားနည်းချက်အား ဂျာမန်လုံခြုံရေးပညာရှင် Andreas Kurtz က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၂၀၁၀ ခုနှစ်တွင် iOS 4 Software ကို မိတ်ဆက်စဉ်က ဖိုင်များကို လုံခြုံမှုရှိသည့် အလွှာတစ်ခုဖြင့် ထပ်မံ ကာကွယ်ထားကြောင်း Apple က အခိုင်အမာဆိုခဲ့သည်။ အဆိုပါစနစ်သည် ဖုန်းအတွင်းရှိ email attachment များကို သီးခြား lock လုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းစနစ်သည် အကယ်၍ ဟက်ကာများက ဖုန်းကိုထိန်းချုပ်ပြီး ကွန်ပျူတာနှင့် ချိတ်ဆက်ကာ passcode ကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် email attachment များကို တွေ့မြင်နိုင်ခြင်းမရှိအောင် ပြုလုပ်ထားခြင်းဖြစ်သည်။

သို့သော်လည်း အမှန်တကယ်တွင် ဖိုင်များကို encrypt လုပ်ထားခြင်းမရှိဘဲ iPhone 4 ကို ကွန်ပျူတာတွင် တပ်ဆင်ပြီး passcode ကျော်ဖြတ်လိုက်သည်နှင့် email attachment များကို တွေ့မြင်နိုင်ကြောင်း Kurtz က ပြောကြားခဲ့သည်။

Passcode နှင့် Lock ပြုလုပ်ထားသည့် iPhone အတွင်းမှ ဖိုင်များကို ဟက်ကာများမှ ရယူနိုင်သည့် နည်းလမ်းအချို့ ရှိသော်လည်း သီအိုရီအရ ဖိုင်များကို encrypt လုပ်ထားသောကြောင့် ရှုပ်ထွေးသည့် နံပါတ်များနှင့် စာလုံးများကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း Kurtz ၏ တွေ့ရှိချက်တွင် email attachment များကို encrypt လုပ်ထားခြင်းမရှိကြောင်း သိရသည်။ အဆိုပါ နည်းလမ်းသည် ထုတ်ကုန် အသစ်များတွင် အလုပ်မလုပ်သော်လည်း အားနည်းချက်များမှာမူ ဆက်လက်ရှိနေသေးကြောင်း ၎င်းအားနည်းချက်ကို iPhone 4, iPhone 5S နှင့် iPad 2 တွင် စမ်းသပ်ခဲ့ပြီး Apple ထံသို့ အကြောင်းကြား ခဲ့သော်လည်း update အနေဖြင့် ဖြန့်ချိခဲ့သည့် iOS 7.1.1 တွင် အားနည်းချက်ကို ပြင်ဆင်ထားခြင်း မရှိကြောင်း NESO Security Labs ကို တွဲဖက်တည်ထောင်သူ Kurtz က ပြောကြားခဲ့သည်။

နောင်နောင်
Ref: CNN
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)


iOS ထုတ်ကုန်များ၏ ဝယ်လိုအား ၂၀၁၃ ပထမလေးလပတ်ထက် မြင့်တက်လာ



ပြည်တွင်း နည်းပညာထုတ်ကုန်ဈေးကွက်တွင် iOS ထုတ်ကုန်များ၏ ဝယ်လိုအားသည် ပြီးခဲ့သည့်နှစ် ပထမလေးလပတ်ထက် အနည်းငယ်မြင့်တက်လာကြောင်း ရန်ကုန်အခြေစိုက် နည်းပညာ ထုတ်ကုန်ဈေး ကွက်မှ စုံစမ်းသိရသည်။

ရန်ကုန် မိုဘိုင်းဖုန်းနှင့် ဆက်စပ်နည်းပညာဈေးကွက်တွင် ထုတ်ကုန်များဖြစ်သည့် မိုဘိုင်းဖုန်းနှင့် သင်ပုန်း ကွန်ပျူတာ (Tablet) များကို သုံးစွဲသူပိုမိုများပြားသော်လည်း ၂၀၁၃ မှစတင်ကာ ထုတ်ကုန်များကို သုံးစွဲမှု အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်ဟု အထက်ပါ ဈေးကွက်မှသတင်းရရှိသည်။

iOS ထုတ်ကုန်များသည် နည်းပညာထုတ်ကုန်များထက် ဈေးနှုန်းမြင့်မားသော်လည်း ကြာရှည်အသုံး ခံခြင်းနှင့် နည်းပညာစွမ်းဆောင်မှုမှာ ပိုမိုကောင်းမွန်ခြင်းစသည့် အချက်များကြောင့် သုံးစွဲသူ တိုးတက် လာခြင်းဖြစ်ကြောင်း သိရသည်။

Android OS ထုတ်ကုန်များထက် ဈေးနှုန်းမြင့်မားသည့် iOS နည်းပညာပစ္စည်းများသည် ယခင်က ငွေကြေး တတ်နိုင်သည့် လူတန်းစားတစ်ရပ်သာ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် နည်း ပညာနှင့် အလှမ်းမဝေးသည့် ကုမ္ပဏီဝန်ထမ်းလူငယ်များသည် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍သော် လည်းကောင်း၊ အရစ်ကျရောင်းချပေးသည့် စနစ်များဖြင့်လည်းကောင်း ဝယ်ယူအသုံးပြုနိုင် ကြခြင်းဖြစ်သည် ဟု သိရသည်။

iOS နည်းပညာ ထုတ်ကုန်များဖြစ်သည့် Apple အမှတ်တံဆိပ်၏ iPhone, iPad, MacBook Air အစရှိ သည်တို့၏ ဝယ်လိုအားများသည် Android OS ဖြစ်သည့် Huawei, Samsung အမှတ်တံဆိပ်များ၏ ဈေး ကွက်နေရာကို အနည်းငယ်ပိုမို ရရှိလာခြင်းဖြစ်သည်။

“ Android OS ထုတ်ကုန်တွေက ကြာရှည်အသုံးမခံဘူး။ Huawei တံဆိပ်တွေဆိုရင် ခဏလေးသုံးရုံနဲ့ ပူလာတာမျိုးရှိတယ်။ iOS ကျတော့ အဲ့ဒီပြဿနာမရှိဘူး။ သုံးနေရင်းနဲ့ မျက်နှာပြင်တွေ ပွတ်လို့မရတာမျိုးလည်း မရှိဘူး” ဟု ထုတ်ကုန်များကို အသုံးပြုနေသူ ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်တွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းဈေးကွက်တွင် iOS ထုတ်ကုန်များကို ပုံမှန်ထက် ပိုမိုတင်သွင်းလာရကြောင်း သိရသည်။

“နည်းပညာတွေက အရင်တုန်းကဆို ဈေးနှုန်းကကြီးပေမယ့် အခုအချိန်မှာ လျော့ကျလာတာရှိပါ တယ်။ ဈေးတွေကျလာတော့ ဝယ်လိုအားက ပိုတက်လာတဲ့သဘောပါ။ iPhone 6 လာရင်လည်း သူ့ရဲ့ဝယ်လိုအားက အရင်ထုတ်ကုန်တွေထက် ပိုများလာနိုင်မယ်လို့ထင်တယ်” ဟု Apple အမှတ်တံဆိပ် ထုတ်ကုန်များကို ရောင်းချသည့် iNora ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းဈေးကွက်တွင် iPhone ဝယ်ယူသူများပြားလာခဲ့ပြီး Apple ၏ နောက်ဆုံးထုတ်ကုန်ဖြစ်သော iPhone 5S ၏ ဝယ်လိုအားသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ Samsung နှင့် Huawei အမှတ်တံဆိပ်များ၏ နောက်ဆုံးထုတ်ကုန်များ၏ ဈေးကွက်နေရာကို အနည်းငယ်ရယူလာနိုင်ခဲ့သည်ဟု စုံစမ်းသိရသည်။

ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)


ဒုတိယကမ္ဘာစစ်အတွင်းက ရိုက်ကူးထားတဲ့ ဓါတ်ပုံပေါင်း ၁၅,၀၀၀ နဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာ





ref;oddstuffmagazine
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)


အကုန်အကျသက်သာပြီး ဆွဲဆောင်မှုရှိတဲ့ လက်စွပ်တကွင်း ပြုလုပ်နည်း

 
 
 အကုန်အကျသက်သာပြီး ဆွဲဆောင်မှုရှိတဲ့ လက်စွပ်တကွင်း ပြုလုပ်နည်း... 

 

























ref;oddstuffmagazine
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
 
 


ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် သံဃာ့အစည်းအဝေး ဆုံးဖြတ်



ရန်ကုန်၊ မေ ၁၃

ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ၊ စာစောင်များနှင့် အသံသွင်း တိပ်ခွေများတွင် အယူအဆ အလွဲများဖြင့် ရေးသား၊ ဟောပြောမှုများ ပါရှိနေ၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာတော်များထံမှ သိရသည်။

မေလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင်ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် အထက်ပါအတိုင်း ဆွေးနွေး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က မိန့်ကြားသည်။

အဆိုပါ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို အခြားလောကီဆိုင်ရာ စာပေများကဲ့သို့ ထုတ်ဝေပြီးမှ ပြန်လည် တင်ပြသည့် စနစ်ကျင့်သုံးပါက အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွားသွားပြီး သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာ ဘိဝံသက မိန့်ကြားသည်။
“အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွား သွားပါက သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

အဆိုပါ အယူအဆလွဲများဖြင့် ရေးသားဟောပြော နေသောကြောင့် သာသနာတော် တည်တံရေးအတွက် နိုင်ငံတော် သံဃမဟာနာယကက စိစစ်ရန် တာဝန်ရှိကြောင်း မွန်ပြည်နယ် နိုင်ငံတော် သံဃာ့ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက မိန့်ကြားသည်။

“မြတ်စွာဘုရားရှင်ရဲ့ဓမ္မဝိနယများကို မကျွမ်းကျင်ပဲ လူပြိန်းကြိုက် ကိုယ်လိုရာဆွဲပြီး ဟောပြော ရေးသားနေသောကြောင့် အဓမ္မဝါဒများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းကမိန့်ဆိုသည်။

အဆိုပါ အယူအဆ အလွဲများဖြင့် ရေးသား ဟောပြောမှုများကို စိစစ်ပြီးမှ ထုတ်ဝေရန် ဆုံးဖြတ်ချက်ကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး အပြီးတွင် နိုင်ငံတော် သံဃမဟာနာယက အစည်းအဝေး ဆုံးဖြတ်ချက်များမှ ညွှန်ကြားချက်များဖြင့် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော် သံဃဗဟိုဝန်ဆောင် အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းရှိပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ၁၉၈၀ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို လေးကြိမ် ကျင်းပခဲ့သော်လည်း ယခုပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ၁၉ နှစ်အကြာမှ ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ သံဃာတော် ကိုယ်စားလှယ်ပေါင်း ၂၅၅၈ ပါး တက်ရောက်ခဲ့ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

The Voice Weekly


ကမ္ဘာ့ ဈေးအကြီးဆုံး လေယာဉ် လက်မှတ်


ကမ္ဘာ့ ဈေးအကြီးဆုံး လေယာဉ် လက်မှတ် တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂၁၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီအတွက် ရရှိတဲ့ အခွင့် အရေး ကလည်း မနည်း ပါဘူး။

၁၂၅ စတုရန်းပေ ကျယ်တဲ့ အခန်းထဲမှာ အိပ်ရာ၊ ၃၂ လက်မ တီဗီ၊ အိမ်သာ၊ ရေချိုးခန်း၊ ရေခဲသတ္တာ၊ ထမင်းစား ခန်း၊ ဧည့်ခန်းစားပွဲ အစရှိ သဖြင့်တို့ စုံစုံလင်လင် ပါရှိမှာ ဖြစ်ပါတယ်။ အဆင့်မြင့် ဟိုတယ် အခန်း တစ်ခန်း မှာ ပါရှိတဲ့ ဝန်ဆောင်မှုများ အတိုင်း ပါပဲ။ ယူအေအီး နိုင်ငံ အခြေ ဆိုက် Etihad လေကြောင်းလိုင်းမှ ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ အဘူဒါဘီ ကနေ လန်ဒန် ကို သွားတဲ့ ခရီးစဉ် အတွက် စတင်နေပြီ ဖြစ်ပြီး အခြားသော ခရီးစဉ် များ အတွက်ပါ ဝန်ဆေင်မှု ထပ်မံ တိုးချဲ့မှာ ဖြစ်ကြောင်း ဆိုပါတယ်။

၂ ယောက်အိပ်ခန်း၊ ၁ ယောက်အိပ်ခန်း အစရှိသဖြင့်တို့ ပါဝင်ပြီး ဈေးနှုန်းက ကန်ဒေါ်လာ ၂၁၀၀၀ (၂သောင်း၁ထောင်) ကနေ အစားစား များ သွားခြင်း ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း နှစ်ရာ ကျော် ပါပဲ။ ကား ကောင်း တစ်စီး ဝန်လို့ရတဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ ခရီးစဉ် ဖြစ်နေတော့ ကမ္ဘာ့ လူချမ်းသာ များအတွက်သာ ရည်ရွယ်ထားတဲ့ လေယာဉ် ခရီးသည် လက်မှတ် ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Eithad
အောင်ခမ်း (ရိုးရာလေး)



လမ်းဘေးမှာ အရှက်မရှိ စည်းကမ်းမဲ့ သေးပေါက်သူများကို မီးသတ်ပိုက်ဖြင့် လိုက်ထိုး၍ နှိမ်နင်း (ရုပ်/သံ)



အိန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့ ရဲ့ အစိုးရမဟုတ်တဲ့ ပြည်သူအဖွဲ့ က မိမိဘာသာ အာဏာအပ်နှင်းပြီး လမ်းတွေမှာ သေးပေါက်တဲ့ လူတွေကို ရေပိုက်နဲ့ လိုက်ထိုးနေပါပြီ။

ဒီအ၀ါရောင်ရေသယ်ကားတွေမှာ လူတစ်ဦးသေးပေါက်နေတဲ့ပုံကို အနီရောင်အမှတ်အသားခတ်ထားပြပြီး ‘မင်းတို့ ရပ်ရင် ငါတို့ ရပ်မယ်’ ဆိုတဲ့ စာသားကို ရေးထိုးထားပါတယ်။ အားပြင်းတဲ့ မီးသတ်ပိုက် အကြီးစားတစ်ခု ပါရှိပြီး လမ်းလေးသေးပေါက်တဲ့လူတွေကို မြို့  အနှံ့ လိုက်ရှာဖွေနေတယ်လို့  သိရပါတယ်။ ရေသယ်ကားတွေရဲ့ ခေါင်မိုးနေရာလွတ်ကနေ မျက်နှာဖုံးတပ်ထားတဲ့ ပြည်သူ့  ၀န်ထမ်းတွေက သေးပေါက်တဲ့လူတွေကို မီးသတ်ပိုက်နဲ့ လှမ်းထိုးတာပါ။

ဒီ အ၀ါတောက်တောက်ရေသယ်ကားတွေဟာ Clean Indian လို့ ခေါ်တဲ့ အမည်မသိအဖွဲ့ တစ်ခုက လုပ်ဆောင်နေတယ်လို့ ယူဆရပြီး လူမြင်ကွင်းသေးပေါက်ခြင်းကို ဆန့် ကျင်တဲ့လှုပ်ရှားမှုအဖွဲ့ အစည်း အဖြစ် လူသိများကြပါတယ်။

အိန္ဒိယရဲ့ လူဦးရေထူထပ်တဲ့မြို့ လမ်းပေါ်မှာ အရှက်မရှိ၊ အားနာမှုမရှိဘဲ သေးပေါက်တဲ့လူတွေကို အမြစ်ဖြတ်တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး အုတ်နံရံနဲ့ လမ်းတွေကို သေးတွေစိုအောင် ပေါက်တဲ့လူတွေကို တုံ့ ပြန်တဲ့ အနေနဲ့ စိုရွှဲနစ်မွန်းသွားတဲ့ အထိ ရေပိုက်နဲ့ လိုက်ထိုးနေပါတယ်။

လူမြင်ကွင်းကျင်ငယ်စွန့် ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတစ်ခုဖြစ်ပြီး ဒါကို တွန်းလှန်သွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို ဝေဖန်သူတစ်ချို့ ကတော့ ပြည်နယ်ရဲ့ အများသုံးအိမ်သာမလုံလောက်မှုကို ပိုအပြစ် တင်သင့်ပြီး လမ်းလေးသေးပေါက်တာက အဓိကမဟုတ်ကြောင်း ပြောဆိုနေကြပါတယ်။
Trend Myanmar

၎င်း Video ကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်..






လေရှူ အထုတ်အသွင်း လုပ်ရုံဖြင့် ကင်ဆာရှိမရှိ သိနိုင်ပြီ



ကိုယ်တွင်းမှ လေရှူ အထုတ် အသွင်း ပြုလုပ်ရုံနဲ့ မိမိမှာ ကင်ဆာ ရှိမရှိ သိနိုင်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။ ဒီအတွက် ထောက်ပံ့တဲ့ အိတ်ဆောင် စက်ငယ် လေးများကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ပုံမှာ ပြသထားတဲ့ စက်ကတော့ အယ်လ်ကိုဟော ဓာတ်ဘယ်လောက် ရှိ တယ် ဆိုတာကို စမ်းသပ်တဲ့ စက်ပါ။ ယခု လေကို စစ်ဆေးလို့ ကင်ဆာ ရောဂါ စစ်ဆေးမ့ယ် စက်ကလည်း ယင်းနဲ့ သိပ်မကွာတဲ့ ပုံစံ အတိုင်း ထုတ်လုပ် သွားမှာ ဖြစ်ပါတယ်။ အမေရိကန် Respiratory Institute မှ ဒေါက်တာ Raed Dweik ဦးဆောင်လို့ ဖန်တီး ရရှိ ခဲ့တဲ့ အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။ ကင်ဆာ ရောဂါတင် မကပဲ ဘယ်လို ရောဂါ မျိုးကို မဆို စစ်ဆေး တွေ့ရှိ နိုင်မှာ ဖြစ်ပါတယ်။

လေဟာ အဆုပ်ကနေ ထွက်လာတာ ဖြစ်ပေမယ့် ကိုယ်တွင်း နေရာ အနှံ့က အခြေအနေ အားလုံးကို ဖော်ပြ ပေးနိုင် ပါတယ်။ အားကစား သမား တစ်ယောက် အနေနဲ့ ခေါင်းမှာ ဒဏ်ရာ ရှိနေရင်တောင် သူ့ရဲ့ လေနဲ့ တင် သိရှိ နိုင် ပါတယ်။ ယင်း စက်က ကင်ဆာတင် မကပဲ အခြားသော ဘယ်လို ရောဂါ မျိုးများ ကိုမဆို စုံစမ်း သိရှိ ထောက်လှမ်း ပေးနိုင် မှာ ဖြစ်ပါ တယ်။ ဥပမာ နှလုံး နှင့် ဆက်စပ် ရောဂါ၊ အရိုးအကြော နဲ့ အူ လမ်း ကြောင်း ရောဂါ၊ သွေးကြော ရောဂါ အမျိုးမျိုး တို့ကို ထောက် လှမ်း ပေးနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်မှန် ရိုက်ကူးခြင်းဟာ အသက်အန္တရာယ် ရှိတာကြောင့် အကန့် အသတ် ပြုလုပ်ရပေမယ့် Breathalyzer-style device ကတော့ သွားလေရာ ဆောင်ပြီး အချိန်မရွေး အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ယင်း အတွက် ထုတ်လုပ် ဖန်တီးမှုကို စတင်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး)


ရန်ကုန်မြို့၌ ဒိုင်နာယာဉ် ပြေးဆွဲမှုများကို ရပ်ဆိုင်း၍ ဘတ်စ်ကားများကို အစားထိုး ပြေးဆွဲမည်


 ရန်ကုန် ၊ ၁၄-၅-၂၀၁၄

 ရန်ကုန်မြို့တွင် ဒိုင်နာယာဉ် ပြေးဆွဲမှု များကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောကြားကြောင်း သိရသည်။

တစ်နှစ်လျှင် ဒိုင်နာယာဉ် အစီး ၅၀ ၀န်းကျင် တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးမှု နှင့် ဒဏ်ရာ ရရှိမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွား နေသည့်အတွက် ပြေးဆွဲမှုကို မကြာမီ ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း ၊ ဒိုင်နာယာဉ် များသည် ထရပ်ကား အမျိုးအစား ဖြစ်သောကြောင့် ကုန်တင်ရာ၌ သင့်လျှော် သော်လည်း လူစီးရာတွင် ဟိုင်းလတ်ယာဉ် များထက် ပိုမို အန္တရာယ် ရှိသည့်အတွက် ဖျက်သိမ်းမှု အစီအစဉ် တွင် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ သုံးစွဲမှုစရိတ် စစ်တမ်း ကောက်ယူရာ၌ ၃ ရာခိုင်နှုန်းသည် ယာဉ်ကြောင့် ဖြစ်သည့် သေဆုံးမှု စရိတ်များ ဖြစ်နေပြီး တစ်နှစ်လျှင် ငွေကျပ် သန်း ၃၀၀ ခန့်ရှိကြောင်း ၊ အဝေးပြေး ခရီးသည်များ အတွက် မြန်မာ့ အာမခံ လုပ်ငန်းက ခရီးသွား အာမခံ ထားရှိ ပေးသော်လည်း မြို့တွင်း သယ်ယူ ပို့ဆောင်ရေး ခရီးစဉ်အတွက် အာမခံ ဖွင့်လှစ် ထားခြင်း မရှိကြောင်း ၊ ဟိုင်းလတ်ယာဉ် များကို ရန်ကုန်မြို့တွင်း ၀င်ရောက် ပြေးဆွဲခြင်း မရှိစေရန် ညွှန်ကြား ထားပြီး ဖြစ်ပြီး ယခုအခါ ဒိုင်နာယာဉ် ပြေးဆွဲမှု များကိုပါ ရပ်ဆိုင်း၍ လူစီး ဘတ်စ်ကားများ ကိုသာ အစားထိုး ပြေးဆွဲမည် ဖြစ်ကြောင်း ဦးလှသောင်းမြင့် က ဆက်လက် ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိသော ဒိုင်နာယာဉ် အစီးရေမှာ ၁၈၆၈ စီးခန့် ရှိကြောင်း မထသ (ဗဟို) ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

(၄၀၁)

Themyawadydaily

13 May 2014

ဗုဒ္ဓဘာသာဝင်များနှင့် လွဲနေသော အယူအဆများ



ဒီပုံကတော့ ကျိုက်ထီးရိုး စေတီ ရင်ပြင်တော်မှာ ရိုက်ခဲ့တာပါ။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားမှာ စေတီမှာ အမွေးတိုင် ထွန်းတယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘုရားစေတီ ပတ်ဝန်းကျင်မှာ အမွေးနံ့ သင်းပျံ့စေဖို့ပါ...

ဘုရားမီးပူဇော်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘုရားအနီးနား ပတ်ဝန်းကျင်မှာ အလင်းရောင် ရရှိစေဖို့ပါ...

အခုတော့ အဲလို မဟုတ်ဘူး.... ဘယ်သူက ဟောခဲ့လေသည်မသိ... ဘုရားရောက်ပြီဆိုတာနဲ့ အမွေးတိုင် လေးငါးခြောက်ထုပ်ကို ဖောက်ပြီး တစ်ခါတည်း မီးရှို့ပလိုက်တယ်...

ကျိုက်ထီးရိုး စေတီ ရင်ပြင်မှာဆိုရင် ဟိုလူက လာရှို့ ဒီလူက လာရှို့နဲ့ အဲဒီ အမွေးတိုင်တွေ မီးပုံရှို့ထားတဲ့ မီးခိုးနံ့တွေနဲ့ စေတီရင်မှာ ဘယ်သူမှ ကြာကြာ ထိုင်မနေနိုင်ဘူး နံဟောင်လာတယ်... အဲဒီလို လုပ်ရင် သူတို့ကို သူတို့ ဘာကုသိုလ်ရနေပြီလို့ တွေးလဲမသိဘူး... ဒါပေမယ့် စေတီပတ်ဝန်းကျင်မှာတော့ အနံ့အသက်ဆိုးတွေနဲ့ တစ်ခြား ဘုရားဖူးလာသူတွေကို အနှောက်အယှက်အကြီးကြီး ဖြစ်စေတယ်...

နောက်ပြီးတော့ နေ့ခင်းကြောင်တောင် ဘုရားမီး ပူဇော်တယ်ဆိုပြီး ဖရောင်းတိုင်တွေ ထွန်းကြတယ်... တစ်ချို့က သက်စေ့ဆိုပြီး အသက်လေးငါးခြောက်ဆယ် လူကြီးတွေဆိုရင် ဖရောင်းတိုင် အတိုင်လေးငါးခြောက်ဆယ်ကို တန်းစီ ထွန်းသွားကြတယ်... ထွန်းချင်ရင်လဲ ညမှထွန်းပေါ့ အခုတော့ မလိုအပ်ပဲ နေ့ခင်းကြောင်တောင် ထွန်းတော့ ဒါက ဖြုန်းတီးမှု သက်သက်ပဲ...

အဲလို လုပ်တာ ကုသိုလ်ရတယ်လို့ ဘယ်သူတွေက ဟောခဲ့ကြလဲ မသိဘူး... သေချာတာကတော့ ဗုဒ္ဓကတော့ အဲလို ဟောခဲ့မှာ မဟုတ်ဘူး...


စိုးဇေယျာထွန်း


စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ


 
- လူ့သဘာဝ ကြိုက်တဲ့သူက ကိုယ့်ကို ကောင်းတာပြောမယ်။ ချီးမွမ်းမယ်။
မကြိုက်တဲ့သူက မကောင်းတာ ပြောမယ်။ ကဲ့ရဲ့မယ်။ ဝေဖန်မယ်။ အပြစ်
တင်မယ်။

- ဒီလိုပြောသမျှ ကိုယ့်စိတ်က လိုက်ပြီး ခံစားနေရမယ်ဆိုရင် ကိုယ့်ဟာ သူ
များ စိတ်နဲ့ အသက်ရှင်နေရသလို ဖြစ်နေမယ်။ ကောင်းတာပြောရင် ကျေနပ်၊ နှစ်သက်၊ သဘောကျတတ်ပေမဲ့ မကောင်းတာ အပြောခံရတော့ စိတ်
ဓာတ်ကျတယ်။ စိတ်အားငယ်တယ်။ ၀မ်းနည်းတယ်။

- တကယ်တော့ လူ့သဘာဝ ကောင်းတာလည်း ပြောချင်ပြောမယ်။ မကောင်း
တာလည်း ပြောချင်ပြောမယ်။ တခါတလေ ကောင်းတာပြောနေတဲ့သူ၊ ချီးမွမ်းနေတဲ့သူတောင် စိတ်အခန့် မသင့်တဲ့အခါဖြစ်စေ၊ ကိုယ်နဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့တဲ့ အခါဖြစ်စေ ကိုယ့်ရဲ့ ငယ်ကျိုးငယ်နာတွေ ပြန်ဖော်တတ်ပြီး မကောင်းပြောတတ်တယ်။ ကဲ့ရဲ့တတ်ပါတယ်။

- ဒီလိုလူတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ကို ထောက်ပြတဲ့ အ
တွက် ဒါတွေကို ကိုယ်ကသင်္ခန်းစာယူတတ်ဖို့ လိုတယ်။ မကောင်းပြောတဲ့ သူ
ကိုလည်း မုန်းနေဖို့ မလိုဘူး။ လူတစ်ယောကိုမုန်းရတာဟာ ကိုယ့်စိတ်မှာ အင်
မတန်မှ ပင်ပန်းဆင်းရဲရပါတယ်။

- ကိုယ့်ကို မကောင်းပြောတဲ့သူကို ကိုယ်က နားလည်လိုက်တယ်။ ခွင့်လွှတ်
လိုက်တယ်ဆိုတာ ကိုယ့်စိတ်ချမ်းသာဖို့အတွက် ကိုယ်တိုင်ရွေးချယ်လိုက်တာပါပဲ။

* အားနည်းချက်ကို ထောက်ပြတဲ့သူ၊ မကောင်းပြောတဲ့ သူတွေရဲ့ စကားလုံး
တွေကို မိမိက သတိလေးထား၊ သေချာပြန်ဆန်းစစ်၊ ဝေဖန်ကြည့်။ သူတို့ပြောတာ ငါ ဟုတ်နေသလား၊ မဟုတ်ဘူးလား။ ဟုတ်နေတယ်ဆိုရင် ပြင်သင့်တာကြိုးစား ပြင်ကြည့်။ မဟုတ်ဘူးဆို သြော် သူက ငါ့ကို မကြိုက်လို့ ပြောတာဖြစ်မယ်။ ပြောပါစေ။ သူ့ဘ၀ကို သူကိုယ်တိုင် ရွေးချယ်နေတာလို့ တွေးကြည့်လိုက်ပါ။

* အားသာချက်ကို ပြောပြတဲ့သူ၊ ချီးမွမ်းတဲ့သူတွေရဲ့ စကားလုံးတွေကိုလည်း
ကိုယ့်ရဲ့ တွန်းအားအဖြစ်နဲ့ ဆက်လက်ကြိုးစား၊ နေထိုင်ကျင့်သုံးမယ်ဆိုရင် ဘ၀ဟာ အဆင်ပြေတဲ့ဘ၀၊ နေပျော်တဲ့ ဘ၀ဖြစ်လာမှာ မလွဲပါပဲ။

- “ဌေး”သာမဏေကျော်ဆရာတော်
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် အကျွတ် အလွတ်ပွဲ ပြုလုပ်ခဲ့ရာ ပရလောက သားတို့၏ ခြေရာများ တွေ့ ရှိ


ယာဉ်တိမ်းမှောက်မှု များကြောင့် သေဆုံးသွား သူများအား ရည်စူး၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် သဲပုံစေတီတည်ထား ကိုးကွယ်ပြီး မေ ၁၀-ရက်နေ့က အကျွတ်အလွတ်ပွဲ ဆုတောင်းပွဲ ပြုလုပ်ခဲ့ ရာတွင် နာနာဘာဝ(ပရလောကသား) တို့၏ ခြေရာများ တွေ့ရှိခဲ့ရသည်။






“မေ ၁၀-ရက်နေ့ညပိုင်းမှာ တောစောင့်နတ်၊တောင်စောင့်နတ်တွေကို ပင့်ဖိတ်ပြီး၊ မကျွတ်မလွတ်သေးတဲ့ပရ လောကသားတွေအတွက် ကောင်း မှုတွေ သာဓုခေါ်နိုင်အောင် ဒါနပွဲလုပ်ခဲ့တယ်။ သဲပုံစေတီတည်ထားပြီး သူတို့ အတွက်နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ ချပေးထားတာပါ။ ခင်းထား တဲ့သဲပြင်ပေါ် ည ၁၂-နာရီ လောက်ရောက်ချိန် ဓါတ်မီးထိုးကြည့်လိုက်တော့ ကလေး နဲ့လူကြီးခြေရာတွေ တွေ့ရတယ်။ မန်းမြို့တော်ခရီးသည်တင် ကားမှောက်တုန်းက သေဆုံးခဲ့တဲ့လူကြီးတွေထဲမှာ ကလေးတစ်ယောက်လဲ ပါခဲ့တာ။ညျေမှာင်ကတည်းက အဲဒီသဲခင်းနေရာကိုဘယ်သူမှမ၀င်ရဘဲနဲ့ ခြေ ရာတွေ အများကြိးတွေ့ခဲ့ရတာပဲ။"လိုက်ပါသွားသူ သတင်းထောက် တစ်ယောက် က အံ့သြစွာပြောပြသည်။

အဆိုပါအကျွတ်အလွတ်ပွဲကိုမန္တလေးမှ သတင်းထောက် ၇-ဦးလိုက်ပါသွား၍ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ပြီး၊ မန္တလေးမြို့၊ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ကလျာ ဏမိတ္တ လူမှုကူညီရေး အသင်း၊ချမ်းမြသစ္စာ လူမှုကူညီရေးအသင်း၊ဖြူးမြို့ လူမှုကူညီရေးအသင်းတို့နှင်အတူ အလှုရှင် ဒေါက်တာ မိုးမိုးခိုင်(မိုးပုလဲ-တိုင်းရင်းဆေးမိသားစု)တို့ကမတည်ကာ ၇-ရက်သားသမီးများကုသိုလ်ဖြစ် ပထမဆုံးပြုလုပ် ခြင်းဖြစ်သည်ဟုဆိုသည်။

“အဲဒီနေရာအနီးမှာကြီးကြီးမားမားယာဉ်တိမ်းမန်းမြို့တော်နဲ့ တောင် ပြာတန်းခရီးသည်ယာဉ် နှစ်စီးပါ။ကျွန်တ်ာတို့ အသင်းက တောင်ပြာတန်းကား မီးလောင်တုန်းက သိသိချင်းသွားပြီးကူညီကြတာ၊ မီးလောင်တဲ့အပူရှိန်ကြောင့် သေဆုံးသူတွေကို ဆွဲမထုတ်နိုင် ခဲ့ပေ မယ့် ဒဏ်ရာရသူတွေကို တော့ အချိန်မီ ကယ်နိုင်ခဲ့ပါတယ်။သေဆုံးသူပေါင်း ၂၀ လောက်ရှိသွားပြီ။သူတို့ အတွက်ကောင်းရာမွန်ရာ ရောက်အောင် ကုသိုလ်ပြု အမျှဝေပေးတာပါ။” ဖြူးမြို့မှ လူမှုကူညီရေးအသင်းမှ ပြောသည်။

အမြန်လမ်းမကြီးစတင်ဖွင့်စဉ်ကစ၍ ယာဉ်မတော်တဆမှု ၂၅၉-မှုဖြစ်ပွားခဲ့ရာ လိုက်ထရပ် ယာဉ် အများဆုံးဖြစ်၍ ခရီးသွားမှန်လုံ ယာဉ်များက ဒုတိယ အများဆုံး ၊ကျန်ယာဉ်များမှာ ကိုယ်ပိုင်ယာဉ်များသာဖြစ်ကြောင်း၊ယင်းလမ်းမ ကြီးကို ဖြတ်သန်းမောင်းနှင်သော ယာဉ်အစီးရေမှာ ယခင်နှစ်က၅၀၀၀ ကျော်ရှိရာမှ ယခုနှစ်တွင် တစ်သောင်းကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

 အောင်သန့်ခိုင်
Mandalay News Agency  


ကမ္ဘာ့ဖလားပွဲ မက္ကစီကိုနိုင်ရေး မှော်ဆရာတွေလုံးပမ်း

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_8359.html

နောက်လမှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ဘရာဇီးလ်အသင်း ဗိုလ်စွဲလိမ့်မယ်လို့ မက္ကဆီကိုနိုင်ငံက မှော်ဝိဇ္ဇာ အကြီးအကဲဆိုသူက ဟောကိန်း ထုတ်လိုက်ပါတယ်။

ဘရာဇီးလ်နိုင်ငံမှာလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ မက္ကဆီကိုနိုင်ငံအသင်း အောင်မြင်ဖို့အတွက် မှော်ဆရာကြီး Antonio Vazquez နဲ့ သူ့လက်ထောက်တွေက တနင်္လာနေ့က အစီအရင်တွေ ပြုလုပ်ခဲ့ကြတာပါ။

ဒီကမ္ဘာ့ဖလားပွဲဟာ ဘောလုံးအသင်းတွေအကြား ယှဉ်ပြိုင်မှုသာမက အနိုင်ရဖို့အတွက် ကြိုးပမ်းနေကြတဲ့ မှော်ဆရာတွေရဲ့ ယှဉ်ပြိုင်မှုလည်းဖြစ်တယ်လို့ Vazquez က ဆိုပါတယ်။ ပွဲတော်ကာလအတွင်း ဘရာဇီးလ်မှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်လာနိုင် တယ်လို့လည်း သူက သတိပေးထားပါတယ်။

Vazquez က ဖဲချပ်တွေနဲ့ ကြယ်တာရာတွေကို လေ့လာပြီး ဒီလိုဟောကိန်းထုတ်လာခဲ့တာ ၁၉၈၀ ပြည့်နှစ်ကတည်းပါ။ ဒါပေမဲ့ အမြဲတမ်းတော့ မမှန်ခဲ့ပါဘူး။
VOA




မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား


မြန်မာနိုင်ငံ ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် မြန်မာနယ်ခြားစောင့်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတစ်ခု မေ ၁၂ ရက် ည ၇ နာရီက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင်အမှတ် ၃၈ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“မြန်မာနိုင်ငံထဲကို ၀င်ဖို့ကြိုးစားတဲ့ RSO သောင်းကျန်းသူတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ နယ်စပ်မှတ်တိုင် အမှတ် ၃၈ အနီးမှာ ဖြစ်တာ” ဟု အမှတ် (၁) နယ်ခြားစောင့်တပ်မှ ရဲမှူးတစ်ဦးက ပြောကြားသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီရွာနှင့် နီးစပ်ပြီး မြန်မာနိုင်ငံ တောင်ပြိုလက်ဝဲမြို့နယ်ခွဲရှိ ကျေးရွာများနှင့် နီးစပ်ကြောင်း၊ အဆိုပါ လက်နက်ကိုင် သောင်းကျန်းသူများမှာ မောင်တောမြို့နယ်အတွင်း နယ်စပ်ရှိ တိုင်းရင်းသားကျေးရွာများအား ၀င်ရောက်ဖျက်ဆီးရန် ၀င်ရောက်မည့် ရည်ရွယ်ချက်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ လုံခြုံရေးကို အသင့်အနေအထားတွင် ထားရှိဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာလျှင် ပစ်ခတ်မည်ဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောကြားသည်။

ဝင်ရောက်လာသည့် လက်နက်ကိုင်များမှာ ပြောက်ကျားအညိုမည်းကွက်အား ၀တ်ဆင်ထားပြီး အင်အားမှာ ၁၀ ဦးဖြစ်ကြောင်းနှင့် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် (၃၈/၃၉) ကြားတွင် မြန်မာနယ်စပ် ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာရာ မြန်မာနိုင်ငံဖက်မှ လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုးကာ တစ်ဘက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း သွေးထိုးလှုံ့ဆော်မှုများကြောင့် ၂၀၁၂ ခုနှစ် ဇွန်လကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ မဖြစ်လာစေရေး မေ ၁၂ ရက်မှစတင်ကာ မောင်တောမြို့ပေါ်နှင့် နယ်စပ်ကျေးရွာများတွင် လုံခြုံရေး တိုးချထားကြောင်းနှင့် လုံခြုံရေး အသင့်အနေအထား ဆောင်ရွက်ထားကြောင်းသိရသည်။

Eleven Media


အမေချစ်တဲ့ သမီး လိမ္မာ ဖြစ်လိုလျှင်


အမေကို မချစ်တဲ့ သားသမီး မရှိသလောက် ရှားပါတယ်။ အမေ့ကို ချစ်ပြီး အမေ့အကြိုက် လိုက်နေပေးတဲ့ သမီးလိမ္မာဖြစ်ချင်ရင်တော့ အမေတွေ သဘောကျတဲ့ အချက်လေးတွေကို လိုက်နာနိုင်ရင် ကောင်းတာပေါ့နော်။ အမေ အများစု ဘာတွေ ကြိုက်တတ်တယ်ဆိုတာကို လေ့လာစစ်တမ်းကောက်ထားတဲ့ အချက်လေးတွေကို ရှိတာမလို့ ဖတ်ကြည့်ရအောင်နော်။

၁။ အမေနဲ့ အခက်အခဲ ပြဿနာဟူသမျှ တိုင်ပင်ဆွေးနွေးဖို့ ၀န်မလေးပါနဲ့။ (သူမ လက်တွေ့ မကူညီနိုင်ရင်တောင် အကြံကောင်းတွေ ပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့)

၂။ ဈေးဝယ်ထွက်တာမျိုး ဖြစ်ဖြစ်၊ အလှပြင်ဆိုင်သွားတာ ၊ မုန့်အတူ ထွက်စားတာ စသဖြင့် အတူတူ နေပေးတာကို သိပ်သဘောကျပါတယ်။

၃။ ပုံမှန် ဖုန်းခေါ်ပါ။ တစ်အိမ်တည်း အတူတူ မနေရတဲ့ အမေတွေမှ မဟုတ်ပါဘူး။ အတူတူ နေရပေမယ့် အချိန်ပြည့် မိခင်နဲ့ မနေရတဲ့အခါမှာလည်း သား သမီးကို အမြဲ သတိရနေတဲ့ မိခင်တွေကို အလွမ်းပြေစေဖို့ စိတ်ပါလက်ပါနဲ့ ပုံမှန်ဖုန်းခေါ်ပြီး စကားပြောသင့်ပါတယ်။

၎။ အမေအတွက် အမြဲအသင့်ဖြစ်နေပါစေ။ အရေးပေါ် အကြောင်း တစ်စုံတစ်ရာကြောင့် အမေခေါ်တဲ့အခါ သူ့ဆီ အမြဲရောက်အောင် သွားပါ။ ဘယ်အရာကမှ အမေနဲ့ အစားထိုး မလဲနိုင်ပါဘူး။

၅။ အမေနဲ့ အတူတူ နှစ်ယောက်အတူ ခရီးထွက်တာ ၊ အပန်းဖြေ အလည်သွားတာမျိုး လုပ်ပေးပါ။

၆။ ဖုန်းမဆက်အားရင်တောင် အချိန်ရရင် ရသလို ထမင်းစားပြီးပြီလား၊ ဘာလုပ်နေလဲ စသဖြင့် မက်ဆေ့ခ်ျပို့နိုင်ရင် ပို့ပါ။

၇။ ဖြစ်နိုင်ရင် မိသားစုစုံစုံညီညီ ညစာ ထမင်း အတူစားပါ။

၈။ သူမခရီးသွားနေတဲ့အခါ သူမစိုက်ပျိုးထားတဲ့ ပန်းပင်တွေကို ရေလောင်းပေးပါ။

၉။ နောက် သူမမွေးထားတဲ့ ခွေး ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဂရုစိုက် စောင့်ရှောက်ပေးပါ။

၁၀။ မကြာခဏ လက်ဆောင်ဝယ်ပေးပါ။ တန်ဖိုးကြီးတာ နည်းတာ သူမအတွက် ပဓာနမဟုတ်ပါဘူး။ သင့်ရဲ့ စေတနာနဲ့ သိတတ်မှုကို သူမလိုချင်တာပါ။

၁၁။  ကော်ဖီ လက်ဘက်ရည် သောက်လျှင်လည်း အတူတူသောက်ပါ။ ဒါကလည်း သားအမိချင်း မျက်နှာချင်းဆိုင်ဖို့ အခွင့်အလမ်းတစ်ခုပါ။

၁၂။ သင့်ရဲ့ မင်္ဂလာဆောင် အခမ်းအနား စီစဉ်မှုတွေကို ပါဝင်ခွင့်ပေးပါ။

၁၃။ သူမကြိုက်တဲ့ ပြဇာတ်၊ အော်ပရာတွေ အတူတူ လိုက်ကြည့်ပေးနိုင်ရင် ကောင်းပါတယ်။

၁၄။ သူမအတွက် အကျီင်္အ၀တ်အစား ရွေးချယ်ပေးပါ။

၁၅။ မမျှော်လင့်ထားပဲ အံ့သြသွားစေမယ့် လက်ဆောင်မျိုး ပေးပါ။

၁၆။ Facebook သုံးတဲ့ အမေ ဆိုရင် သူမအတွက် ဟာသလေးတွေ ပို့ပေးပါ။

၁၇။ မိန်းကလေးဆန်ဆန် ပြင်ဆင်မွမ်းမံထားတဲ့ နေ့လည်စာ အတူထွက်စားတာမျိုး၊ ဒါမှမဟုတ် သူမအတွက် ပြင်ဆင်ပေးတာမျိုး နှစ်သက်ပါတယ်။

၁၈။ သူမအတွက် တွေးတော စဉ်းစားစရာများတဲ့ စာပိုဒ်တွေ ဒါမှမဟုတ် မှတ်စုလေးတွေ ရေးပေးပါ။

၁၉။ သူမရော သင်ပါ ကြိုက်နှစ်သက်မယ့် တီဗွီအစီအစဉ်တွေ အတူတူ ကြည့်ပေးပါ။

၂၀။ သူမနဲ့အတူတူ လျှောက်လည်နိုင်မယ့် အားလပ်ရက် တစ်ရက်ရှိနေပါစေ။ ဥပမာ တနင်္ဂနွေနေ့လိုပေါ့။

၂၁။ သူမရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အဆင်ပြေအောင် ပြောဆိုဆက်ဆံပါ။ သင့်ရဲ့ အပြုအမူက သူမရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက် ပတ်သက်နေတယ် ဆိုတာ မမေ့ပါနဲ့နော်။

၂၂။ သူမ မအားတဲ့အခါ၊ ဒါမှ မဟုတ် အပြင်သွားနေတဲ့အခါ အိမ်အလုပ်တွေ ကူလုပ်ပေးပါ။

၂၃။ သူမအတွက် မဟုတ်တောင် အိမ်အတွက် ပန်းလှလှလေးတွေ ၀ယ်ပေးသင့်ပါတယ်။ သူမစိတ်ကြိုက် ပြင်ဆင်ခွင့်ပေးလိုက်ရင် ပျော်ရွင်နေပါလိမ့်မယ်။

၂၄။ သူမအတွက် အ၀တ်အစား ဒီဇိုင်း၊ ဒါမှမဟုတ် အကျီင်္ချုပ်ဆိုင်ကောင်းကောင်း အကြံပေးပါ။

၂၅။ အမေနဲ့ သူမသူငယ်ချင်းတွေ အပြင်ထွက်လည်တဲ့အခါ သူမခေါ်ရင် မငြင်းပါနဲ့။ အတူလိုက်သွားပေးပါ။

၂၆။ ဘာအကြောင်းပြချက်မှ မရှိဘဲ ချစ်စရာ ကဒ်လေးတွေ ပို့ပေးပါ။ သူမ နှစ်သက်ပါလိမ့်မယ်။

၂၇။ သူမ တကိုယ်ရေ သုံးဖို့ အတွက် လက်ဆောင် ကိုယ်တိုင်လုပ်ပေးတာမျိုး၊ ဒါမှမဟုတ် ၀ယ်ပေးတာမျိုး ဆိုရင်လည်း သူမနှစ်သက်ပါတယ်။

၂၈။ သူမကို အပြင်မှာ ထွက်စားဖို့ ခေါ်ပါ။ (သင်ကျွေးရမှာနော်)

၂၉။ သင့်ရဲ့ အ၀တ်အစား၊ အသုံးအဆောင် ပစ္စည်းတွေ ကို မတွန့်တိုပါနဲ့။ သူမ၀တ်ချင်တာ ယူဝတ်ပါစေ။

၃၀။ သင့်မိတ်ကပ်တွေကိုလည်း ထိုနည်းတူပါပဲ။ သူမ ယူလိမ်းချင်တဲ့အခါ သူမနဲ့ သင့်တော်မယ့် အရောင်၊ အမျိုးအစားကို ကူညီရွေးချယ်ပေးလိုက်ပါ။

ကဲ အခုပြောထားတဲ့ အချက် ဘယ်နှစ်ချက်လောက်ကို သင်ချစ်တဲ့ အမေ့အတွက် လုပ်ပေးနိုင်သလဲ။ ဒီ့ထက်ပိုပြီး လိုပေးနိုင်တယ်ဆိုရင်တော့ သင်ဟာ အမေချစ်သမီးလိမ္မာလေးပေါ့။ သားသမီးတိုင်း အမေချစ်တဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်နိုင်ကြပါစေလို့ World-Myanmar News က ဆုမွန်ကောင်းတောင်းပါတယ်နော်။

World-Myanmar News

ref: dailymail.co.uk


မှန်လုံယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သော ခရီးသည်များအတွက် အာမခံလျော်ကြေးငွေများ လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးမည်



နေပြည်တော်-ရန်ကုန် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သောခရီးသည်များအတွက် အာမခံလျော်ကြေးများကို လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်၍သေဆုံးခဲ့ရသော ခရီးသည်တစ်ဦးလျှင် အလုံးစုံအာမခံကြေး ငွေကျပ် ၁၀ သိန်း၊ အထူးခရီးသွား အာမခံကြေးငွေကျပ်သိန်း ၃၀၊ သူတစ်ပါးထိခိုက်မှု အာမခံကြေးငွေကျပ် ငါးသိန်း စုစု ပေါင်း ကျပ် ၄၅ သိန်းကို သေဆုံးသူနှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသူများအား ထုတ်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။
ထိခိုက် ဒဏ်ရာရသူများအား အထူးခရီးသွားအာမခံကြေးအဖြစ် ဒဏ်ရာရရှိမှုအပေါ်မူတည်၍ ငွေကျပ် ၁၀၀၀၀မှ ငွေကျပ် ၂၄သိန်းအထိသတ်မှတ်ထားသည့်အတိုင်း ပေးလျော် သွားမည်ဖြစ်ကြောင်း၊ သေဆုံးသူများအတွက် အာမခံလျော်ကြေးကိုမထသသို့လွှဲပြောင်း၍ ခံစားခွင့်ရှိသူ များကို ရှေ့တစ်ပတ်တွင် ထုတ်ပေး သွားမည် ဖြစ်ကြောင်း၊ ဒဏ်ရာရသူများအတွက် အာမခံလျော်ကြေးပေး လျော်မှုကိုမူ အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းကပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း သည် ရာဇာမင်းမှန်လုံယာဉ် တိမ်း မှောက်မှုတွင် ဒဏ်ရာရရှိသူခရီးသည်များကို ကုသပေးလျက်ရှိသည့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ ကြီးသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်ကလာရောက် ကြည့်ရှုနှစ်သိမ့်အားပေးခဲ့ ပြီး အာမခံလျော်ကြေးဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
MOI Webportal Myanmar


အွန်လိုင်း အချက်အလက်ဟောင်းတွေ ဖျောက်ဖျက်ခွင့်



Right to be forgetten အတွက် ရှာဖွေရေး အင်ဂျင်တွေက တည်းဖြတ်ပေးဖို့ လို။

အင်တာနက်မှာ အချက်အလက် ရှာဖွေသူတွေ အနေနဲ့ မိမိကိုယ်ကို ထိခိုက်စေနိုင်တဲ့ သတင်း အချက်အလက် အဟောင်းတွေ၊ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတော့တဲ့ သတင်းဟောင်းတွေကို ပယ်ဖျက်ပေးဖို့ အတွက် ဘယ်သူမဆို ဂူဂဲလ်လို အင်တာနက် ရှာဖွေရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို တောင်းဆိုခွင့် ရှိတယ်လို့ ဥရောပ တရားမျှတမှု ဆိုင်ရာ တရားရုံးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ဖျောက်ဖျက်ပစ်နိုင်ခွင့် right to be forgetten ဆိုတဲ့ ဒီ အခွင့်အရေး အတွက် အင်တာနက် ရှာဖွေရေး အင်ဂျင်တွေဟာ တချို့ တွေ့ရှိချက်တွေကို တည်းဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီအမှု စတင်ခဲ့တာကတော့ စပိန် နိုင်ငံသား တစ်ဦးဟာ ဂူဂဲလ်မှာ သူ့နာမည်ကို ရှာရာမှာ လွန်ခဲ့တဲ့ ၁၆ နှစ်က သတင်းစာ တစ်စောင်မှာ သူ့အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်တွေ့ခဲ့ပြီး အဲဒီအချိန်က သူဟာ အကြွေးပေးစရာ ရှိလို့ အိမ်ကို ရောင်းခဲ့ရတယ်ဆိုတဲ့ အကြောင်း သတင်းစာမှာ ရေးထားတာ ဖြစ်ပါတယ်။

အဲဒီတုန်းက သူ့အဖြစ်ဟာ အခု သူ့အခြေအနေနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိတော့ဘူးလို့ အဲဒီ စပိန် အမျိုးသားက ဆိုပါတယ်။

ဂူဂဲလ်ကတော့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ထိန်းချုပ်တာမျိုး လုပ်တာ မဟုတ်ဘဲ အင်တာနက်မှာ လွတ်လပ်စွာ ဖော်ပြထားတဲ့ သတင်း အချက်အလက် တွေရဲ့ လင့်ခ်ကိုသာ ဖော်ပြပေးတာ ဖြစ်တယ်လို့ ချေပ ပြောဆိုခဲ့ပါတယ်။

BBC