24 Jun 2014

ဆွာရက်တို့ ကိုက်လိုက်ပြန်ပြီ


 
 
 
 
 ဆွာရက်တို့ ကိုက်လိုက်ပြန်ပြီ
ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဟာ မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ ဘယ်ဘက်ပုခုံးကိုကိုက်လိုက်ပါတယ်။ ဟန်ဆောင်ကောင်းခဲ့တဲ့ ဆွာရက်ဟာ အဝါကဒ်တောင်မထိခဲ့ပါဘူး။ ပွဲအပြီး ရုပ်သံအနှေးပြကွက်တွေမှာတော့ ရည်ရွယ်ချက်ရှိရှိနဲ့ Giorgio Chiellini ပုခုံးကို ကိုက်ခဲ့တဲ့ အတွက် အရေးယူခံရဖွယ်ရှိပါတယ်။

လီဗာပူး အသင်းရဲ့ တိုက်စစ်မှူးလည်း ဖြစ်တဲ့ လူးဝစ် ဆွာရက်ဟာ ၂၀၁၃ ခုနှစ် English Premier League ပွဲစဉ်တခုဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်မှာလည်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ရဲ့ ညာဘက်လက်ကို ကိုက်ခဲ့ပါသေးတယ်။ လီဗာပူး အသင်းကို မရောက်ခင် အေဂျက် အသင်းမှာ ကစားစဉ် ၂၀၁၀ ခုနှစ်ကလည်း အေဂျက်အသင်းနဲ့ PSV အသင်းတို့ ကစားတဲ့ ပွဲမှာ PSV ကစားသမား Otman Bakkal ရဲ့ ပုခုံးကိုကိုက်ခဲ့ဖူးပါတယ်။ 

ဆွာရက်ဟာ ကမ္ဘာကျော်တိုက်စစ်မှူး စာရင်းဝင်ကစားသမားတဦးဖြစ်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ အားနည်းချို့ယွင်းချက်တွေ ရှိနေပါတယ်။ ၂၀၁၂-၁၃ English Premier League ပြိုင်ပွဲမှာလည်း မန်ချက်စတာယူနိုက်တက် နောက်ခံလူ အီဗရာကို လူမျိုးရေးခွဲခြားပြောဆိုခဲ့တဲ့အတွက် ၂၀၁၃-၁၄ ရာသီအစမှ ပွဲပယ်ပြစ်ဒဏ်ထိခဲ့ပါသေးတယ်။

အီတလီ ကစားသမား Giorgio Chiellini ကိုကိုက်ခဲ့တဲ့ ရုပ်သံ - http://www.youtube.com/watch?v=8W8VC-WY-V8

ချဲဆီးကစားသမား အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့တဲ့ ရုပ်သံ - http://www.youtube.com/watch?v=GopdzPxE2gk

PSV ကစားသမား Otman Bakkal ကိုကိုက်ခဲ့တဲ့ ရုပ်သံ - http://www.youtube.com/watch?v=na3jBn2jdS0

ဧရာဝတီ
 
 
 

ပြည်သူလိုလားတဲ့သမ္မတ



ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးဟာ ရတနာပုံနေပြည်တော် ကြီးကို ထီးသစ်၊ နန်းသစ်တည် ဆောက်လေသတဲ့။ ဒီလိုတည် ဆောက်ရာမှာ လူထုအားနဲ့ တည် ဆောက်တာဆိုတော့ လူတိုင်းပင် ပန်းဆင်းရဲကြတာပေါ့။ လူတိုင်း မအားကြဘူးတဲ့။ တစ်နေ့မှာတော့ ဘုရင်ကြီးရဲ့ ညီတော်အိမ်ရှေ့ မင်းသားက ပြည်သူ့ဆန္ဒကိုသိဖို့ အတွက်သာမန်ခရီးသွားပုံစံဝတ် စားပြီး တိုင်းပြည်အနှံ့ စနည်းနာ ဖို့ထွက်ခဲ့သတဲ့။

တစ်နေရာ အရောက်မှာ တော့ မင်းသားလေးက လှည်း သမားကို လမ်းကြုံလိုက်ပါရစေ ဆိုပြီး ခွင့်တောင်းတယ်။ လှည်း သမားကလည်း သာမန်ခရီးသွား ထင်ပြီး လှည်းပေါ်လိုက်ဖို့ခွင့်ပြု လိုက်တာပေါ့။ မင်းသားလေးက အကြံနဲ့ဆိုတော့ လှည်းသမားကို စကားစလိုက်တယ်။ ‘ဘယ်လိုလဲ လှည်းဆရာကြီးရဲ့၊ ရပ်ရွာအေး ချမ်းလို့ရောင်းပန်းဝယ်ပန်းသာ ပါစ’လို့ မေးတော့၊ ‘မမေးစမ်းပါ နဲ့ဗျာ၊ ခုအချိန်မှာ ကျုပ်တို့စီးပွားဖြစ် ဖို့မလွယ်ပါဘူး’လို့ ပြန်ဖြေသတဲ့။ မင်းသားလေးက ‘ဘာဖြစ်လို့လဲ’ လို့ဆိုတော့ လှည်းသမားက ‘ဘာ ဖြစ်ရမလဲ၊ ထီးနန်းအသစ်တည် တော့ ကုန်ကျစရိတ်ကများ၊ လူ ထုကမျှခံဆိုသလိုပဲ။ ကျုံးဆောက်၊ တူးမြောင်းဖောက်ရနဲ့ အလုပ်ရှုပ် ကြရပြီး အခွန်အတုတ်တွေလည်း များပါဘိ၊ လူထုအားလုံးဆင်းရဲ တွင်းနက်နေကြပြီဗျ’တဲ့။ဒီတော့ မင်းသားလေးက ‘ဒီ လိုဆိုလည်း ဘုရင်ကြီးကိုသတ်ပြီး သူ့ညီမင်းသားလေးကို ဘုရင်ပြု ခိုင်းရင်ကော’လို့ဆိုတော့၊ ‘ဘာ ထူးမှာလဲ၊ မင်းဆိုးမင်းညစ်တစ် မျိုးတည်းဖြစ်မှာပေါ့ဗျ။ မင်းဆို သမျှကွင်းရှောင် ထမင်းတောင် မစားချင်ဘူးဆိုသလိုဖြစ်နေပြီ ရောင်းရင်းရဲ့’လို့ပြောလိုက်သတဲ့။

မင်းသားလေးလည်း လှည်း သမားကို မိတ်ဆွေဖွဲ့၊ အမည်နေ ရပ်မေးပြီး လမ်းခုလတ်မှာပဲ ဆင်း သွားတော့တယ်။ လှည်းသမား လည်း ကိုယ့်ရပ်၊ ကိုယ့်ရွာကို ခရီး ဆက်ခဲ့တာပေါ့လေ။ ရွာရောက် ပြီး မကြာမီမှာပဲ လှည်းသမား လေးကို နေပြည်တော်က စာချွန် နဲ့တကွ ရှေ့တော်မှောက်ရောက် စေလို့ အခေါ်လွှတ်လိုက်သတဲ့။ လှည်းသမားလေးလည်း ငါတော့ မင်းဒဏ်သင့်ပြီထင်တယ်လို့တွေး မိပြီး သူ့မိန်းမကို ‘ရှင်မရေ၊ ငါ့ကို နန်းတော်က အခေါ်လွှတ်လို့ လိုက်သွားရမယ်။ ငါတိုင်းပြည်ထိ ပါးအောင် ငါဘာမှမလုပ်ခဲ့ဘူး။ ဒါပေမဲ့ ငါတို့ဒုက္ခရောက်နေတာ ကိုပဲ ပြောခဲ့တာပါ။ ငါပြန်မလာ လည်း လုပ်ငန်းတွေဦးစီးလုပ်ပေါ့ ကွာ’လို့ မှာကြားခဲ့ရှာတယ်။

လှည်းသမားလေးလည်း အိမ်ရှေ့မင်းသားလေးရှေ့မှောက် ရောက်တော့ မင်းညီမင်းသား အဝတ်အစားတွေနဲ့ ခမ်းနားနေတဲ့ မင်းသားလေးကို မမှတ်မိဘူးပေါ့။ ‘ငါ့ကိုမမှတ်မိဘူးလား၊ မင်းလှည်း ပေါ်မှာ မင်းပြောသမျှ ငါနား ထောင်ခဲ့ရတာလေ။ ဘာတဲ့၊ မင်း ဆိုရင် ထမင်းတောင်မစားချင်ဘူး တဲ့လား’ဆိုတော့မှ လှည်းသမား လည်း ကြောက်ရွံ့တုန်လှုပ်သွား ပြီး ‘ကျွန်တော်မျိုးမှားပါတယ်။ ကျွန်တော်မျိုးမလိမ္မာမို့ ခွင့်လွှတ် ပါ’လို့ ပျာပျာသလဲနဲ့ တောင်းပန် ရှာတာပေါ့။

လှည်းသမားရဲ့ အမူအရာ ကို သဘောကျသွားတဲ့ မင်းသား လေးက တဟားဟားနဲ့ အော်ရယ် ပြီး စကားဆိုသတဲ့။ ‘မောင်မင်း မမှားပါဘူး၊ မောင်မင်းရဲ့စကား အတိုင်း တိုင်းပြည်မှာ လူထုတွေ ခံစားနေကြရတာ ငါကိုယ်တော် စုံစမ်းလို့ သိတော်မူတယ်။ ဒီ အတွက် နောင်တော်ဘုရင်ကြီး လည်း သူ့တပည့်တွေလုပ်ရပ် ကြောင့် စိတ်မကောင်းဖြစ်တော် မူတယ်။ မောင်မင်းကိုခေါ်တာ အပြစ်ပေးဖို့ခေါ်တာမဟုတ်ပါ ဘူး။ နေပြည်တော်က တို့တစ်တွေ ကို အမှန်သိအောင်၊ ရင်ထဲက ဆန္ဒအတိုင်း မှန်ရာကိုလျှောက် တင်ခဲ့တဲ့ မောင်မင်းကိုချီးမြှင့်မလို့ ပါ’လို့ဆိုပြီး အသပြာတစ်ထောင် ချီးမြှင့်လိုက်တယ်။ လှည်းသမား လေးလည်း ဟုတ်တိုင်းမှန်ရာရင် ဖွင့်ခဲ့မိတာကြောင့် အသပြာတစ် ထောင်ရရှိလိုက်ပြီး နေရပ်ဆီကို ပျော်ရွှင်စွာနဲ့ ပြန်လာခဲ့တာပေါ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေးကိုဖတ်အပြီးမှာတော့ ကျွန်မရဲ့အတွေးမှာမြင်းလှည်း ကလေးက ရပ်မနေဘဲ ဆက် လက်ပြီး ခရီးထွက်ခွာမောင်းနှင် နေပါတော့တယ်။ သြော်.. ပုံပြင် ထဲက မင်းသားလေးနဲ့ ဘုရင်ကြီး တို့ရဲ့ စိတ်ထားလေးတွေက ဖြူ စင်လိုက်တာ၊ မင်္ဂလာရှိလိုက် တာ။ ရှင်ဘုရင်ကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပြစ်တင်နေတဲ့ သာမန် လက်လုပ်လက်စားပြည်သူတစ်ယောက်ကို စိတ်မဆိုးတဲ့အပြင်ဆုတောင် ချလိုက်သေးတယ်။ ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး မှန်ကန်တဲ့တရားလမ်းကြောင်းပေါ်မှာ နှလုံးသွင်းမှန်လို့သာ ဒီလို မှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်နိုင်တာ။ နို့မို့ဆိုရင်တော့ လှည်းသမားလေးရဲ့ ကံကြမ္မာက မတွေးရဲစရာပဲ။ ဒေါသကြီးတဲ့ဘုရင်ဆိုရင်တော့ ပါးအချက်တစ်ရာ၊ ကျောအချက်တစ်ရာ အရိုက်ခံရမလား၊ ပြည်နှင်ဒဏ်ပေးမလား၊ သေဒဏ်ပေးမလားပဲနော်။ ပြည်သူ၊ ပြည်သားတွေကလည်း ဘုရင်ကြီးရဲ့ စိတ်နေစိတ်ထားကို သိရှိလိုက်ရလို့ ပျော်ကြမှာပဲ။ သူတို့ရဲ့ဆန္ဒတွေကို အလေးထားတဲ့ ဘုရင်ကိုအရင်ကထက်ပိုပြီး လိုလားနှစ်သက်ကြမှာပဲ။ ပိုပြီးချစ်ခင်သွားကြမှာပါပဲ။ သူတို့ရဲ့ ဘုရင်ကြီး ကံတော်ကုန်မှာ၊ သက် တမ်းကုန်မှာ စိုးရိမ်နေကြမှာပါပဲ။ ဘုရင်ကြီးသက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းမေတ္တာတွေပို့သကြမှာပဲလို့ တွေးမိပြီး တော်လိုက်တဲ့ဘုရင်ကြီး၊ တော်လိုက်တဲ့မင်းသားလေးလို့ မုဒိတာတွေပွားနေမိပါတော့တယ်။

တစ်ဆက်တည်းမှာပဲ ကျွန်မ တို့ရဲ့ သမ္မတကြီးဆီ အတွေးတွေ ကရောက်သွားပါတယ်။ တစ် လောက ကေအင်န်ယူဗဟိုကော် မတီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင် က ကျွန်မတို့ရဲ့ သမ္မတကြီး ဦးသိန်းစိန်ကို နောက်ထပ်သမ္မတ သက်တမ်းမှာလည်း သမ္မတဆက်လုပ်ပါဦးလို့ ဆန္ဒပြုတောင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်က သမ္မတကြီးကို နှစ်သက်လိုလားတယ်ဆိုတာ သိရလို့ ဝမ်းသာမိတာပေါ့။ သမ္မတကြီး ကလည်း ပြည်သူက လိုလားမယ်၊ ပြည်သူကတောင်းဆိုမယ်ဆိုရင်တော့ ပြန်ပြီးတော့ စဉ်းစားပါမယ်လို့ အဖြေပေးထားပါတယ်။ သမ္မတကြီးပြောတာမှန်ပါတယ်။ ပြည်သူကလိုလားမှ၊ ပြည်သူက တောင်းဆိုမှ၊ ရှင်ဘုရင်လုပ်မယ် ဆိုတာ ဒီမိုကရေစီနည်းလမ်းကျ ပါတယ်။ ဒီမိုကရေစီနည်းလမ်းကျကျ စဉ်းစားဆုံးဖြတ်တဲ့သမ္မတကြီးရဲ့ သဘောထားက လေးစားစရာပါပဲ။

အဲဒီလို ပြည်သူကလိုလား ဖို့၊ ပြည်သူကတောင်းဆိုဖို့ဆိုတာ ကလည်း ဘယ်ရှင်ဘုရင်မှ မိုးနတ် မင်းဆီမှာ ဆုတောင်းနေလို့မရဘဲ ပုံပြင်ထဲက မင်းသားလေးနဲ့ ရှင် ဘုရင်လို ပြည်သူ့ဆန္ဒကို အလေး ထားပြီး အမှားကိုဝန်ခံရဲ၊ အမှန် ကိုရင်ဆိုင်ရဲတဲ့ သတ္တိထူးတွေရှိ နေဖို့လည်း အဓိကလိုတာပါပဲ လေ။

ရည်ညွှန်း။    ။ မြန်မာ့ရိုးရာပုံပြင် များ (ကြည်ဇော်)

7day


တင်ပါး၊ ရင်သားနဲ့ သုတ်ပိုး စသည်တို့ကို အာမခံထားတဲ့ နာမည်ကျော်များ



ဘဲလေးကချေသည် Tamara Rojo တစ်ယောက် သူမရဲ့ ခြေထောက်တွေကို အာမခံထားဖို့ ကြိုးပမ်းရာမှာ အာမခံကုမ္ပဏီက တစ်ပတ်ကို ပေါင် သုံးသောင်းတောင်းပြီး ပြန်တုံ့ ပြန်လိုက်ပါတယ်။ ဘဲလေးကချေသည် တွေဟာ ခြေထောက်ဒဏ်ရာရဖို့ များတာကြောင့် အခုလိုများပြားတဲ့ ပမာဏတောင်းလိုက်ရတယ်လို့  ဆိုပါတယ်။

တခြားနာမည်ကျော်တွေရဲ့ ထူးထူးဆန်းဆန်းအာမခံထားရှိမှုတွေကို ကြည့်ကြည့်ရအောင်။

၁။ Tina Turner

Tina Turner ကတော့ သူမရဲ့ ခြေထောက်တွေကို ပေါင် ၂ သန်းနဲ့ အာမခံထားခဲ့ပါတယ်။ သူမရဲ့ Golden Eye သီချင်းနာမည်ကို Golden Legs လို့ ပေးတာက ပိုကောင်းမယ်ထင်တယ်။



၂။ Rihanna

၂၀၀၇ ခုနှစ်မှာ Rihanna ကလည်း သူမရဲ့ Sexy ကျတဲ့ ခြေထောက်တွေကို ဒေါ်လာ တစ်သန်းနဲ့  အာမခံထားခဲ့ပါတယ်။



၃။ Ronaldo

ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ၂၀၀၉ ခုနှစ်မှာ သူ့ ရဲ့ အဖိုးတန်ဆုံး ခြေထောက်တွေကို ပေါင် သန်း ၈၀ နဲ့ အာမခံထားခဲ့ပါတယ်။



၎။ Mariah Carey

Gillette က ကျင်းပတဲ့ “ နတ်ဘုရားမတစ်ပါးရဲ့ ခြေချောင်းအလှ” အစီအစဉ်ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ၂၀၀၆ ခုနှစ်မှာ Mariah Carey ဟာ သူမရဲ့ ခြေချောင်းတွေကို ဒေါ်လာ ၁ ဘီလီယံနဲ့  အာမခံထားခဲ့လို့  ခြေထောက်အလှပိုင်ရှင်အားလုံးထဲမှာ တန်ဖိုးအကြီးမားဆုံး ခြေထောက်ဖြစ်ခဲ့ပါတယ်။



၅။ Keith Richards

The Rolling Stones အဖွဲ့ ရဲ့ ဂီတာသမား Keith Richards ကတော့ သူ့ ရဲ့ မှော်ဆန်လက်တွေတန်ဖိုးကို ပေါင် ၁ သန်းလို့ သတ်မှတ်ထားပါတယ်။



၆။ Madonna

ပေါ့ပ်ဘုရင်မ Madonna ကတော့ ယောင်္ကျားသားတွေကို ရင်ဖိုစေတဲ့ သူမရဲ့ ရင်သားနှစ်ဖက်ကို အာမခံထားခဲ့ပါတယ်။ ပေါင် ၁.၂ သန်းနဲ့ ပါ။



၇။ Julia Roberts

Julia Roberts ကတော့ သူမရဲ့ နာမည်ကျော်အပြုံးလေးကို ပေါင် ၁၈ သန်းနဲ့ အာမခံထားတယ်တဲ့ဗျာ။



၈။ Tom Jones

အဆိုတော် Tom Jones ကတော့ အထူးဆန်းဆုံးပဲလို့ ဆိုရမှာပဲ။ ရင်အုပ်ကအမွှေးတွေကို ပေါင် ၃.၅ သန်းနဲ့  အာမခံထားရှိပါတယ်တဲ့။ တစ်ချို့ က ပေါင် ၇ သန်းနဲ့  အာမခံထားထားတယ်လို့ တောင် ဆိုကြပါတယ်။ Samson လိုပဲ သူ့ ရဲ့ စွမ်းအင်တွေကို ရင်အုပ်အမွှေးတွေမှာ ကိန်းအောင်းနေလို့ ထင်တယ်။



၉။ Kylie Minogue

Kylie ကတော့ သူမရဲ့ အထင်ကရ တင်ပါးကို ပေါင် ၃ သန်းနဲ့ အာမခံထားပါတယ်။ အာမခံထားဖို့ စစ်ဆေးတဲ့ လူတွေတော့ ရင်ဖိုစရာပဲ။



၁၀။ David Lee Roth

Eddie Van Halen နဲ့ အတူ ကမ္ဘာကျော်ခဲ့တဲ့ ရော့ခ်တီးဝိုင်း Van Halen ရဲ့ အဆိုတော် David Lee Roth အာမခံထားတာကတော့ သိပ်မထူးဆန်းပါဘူး။ သူ့ ရဲ့ သုတ်ပိုးတွေကို ပေါင် ခြောက်သိန်းထဲနဲ့ ပါ။ ကလေးတွေ အများကြီး မတော်တဆရသွားရင် ဖခင်စရိတ်ကာမိအောင်လို့ ပါတဲ့ ။



ကဲ သင်ကော သင့်ရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းက တန်ဖိုးအရှိဆုံးလို့ ထင်လဲ။ အာမခံထားဖို့ ကော စိတ်ကူးမိရဲ့လား။

Ref: Mirror.co.uk
Trend Myanmar

ဗိုက်ဆာနေသော အမျိုးသားများသည် ခန္ဓာကိုယ်ကြီးပြီး ရင်သားထွားတဲ့ အမျိုးသမီးများကို ဆွဲဆောင်မှုရှိသည်ဟု ပိုထင်တတ်ကြောင်းဆို


လေ့လာမှုအသစ်တစ်ခုအရ ဆာလောင်နေတဲ့ အမျိုးသားတွေဟာ ခန္ဓာကိုယ်ပိုကြီးတဲ့ အထူးသဖြင့် ရင်သားပြည်ဖြိုးတဲ့ အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိတယ်လို့ ပိုထင်ကြကြောင်း သိရပါတယ်။ ယင်းတွေ့ရှိချက်ကို West minster University မှ Dr Viren Swami က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ၄င်းက ဆာလောင်မှုသည် လူတစ်ဦး၏ လက်ခံနိုင်စွမ်းကို ပြောင်းလဲစေပါတယ်။ ဒါကြောင့် အမျိုးသားများက ရင်သားအနည်းငယ်ဖွံ့ထွားသော အမျိုးသမီးများကို ဆွဲဆောင်မှုရှိတယ်လို့ လက်ခံလာကြ ပြီး၊ အမျိုးသမီးများအနေဖြင့်လည်း ခန္ဓာကိုယ် အနည်းငယ်ထွားသော အမျိုးသားများကို ပိုနှစ်သက်ကြကြောင်း တွေ့ရပါတယ်။ 
 
အဲဒီဖြစ်ရပ် ရဲ့ နောက်ခံအကြောင်းကတော့ ကမ္ဘာကြီးပေါ်မှာ စွမ်းအင်အရင်းအမြစ်တွေ ရှားပါးလာတာနဲ့အမျှ ဆန့်ကျင်ဘက်လိင်တွေဟာ အချင်းချင်း ခန္ဓာကိုယ်အနည်းငယ်ပို၍ ကြီးထွားသူကို နှစ်သက်လာကြပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ် အနည်းငယ်ထွားခြင်းက အစာလုံလုံလောက်လောက်ရခြင်းကို ညွှန်ပြလို့ပါပဲ””ဟု ရှင်းပြခဲ့သည်။ University of Edinburgh မှ Professor Gareth ကတော့ ယင်းကဲ့သို့ ဖြစ်ရ ခြင်းမှာ အစာဆာလောင်မှုနှင့် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုကို ထိန်းချုပ်သောဗဟိုမှာ တစ်နေရာထဲဖြစ်သောကြောင့်ဟု ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဆန့်ကျင်ဖက်လိင်တွေနဲ့ အဆွဲဆောင်နိုင်ဆုံးကတော့ ကြင်နာတတ်မှုပါပဲဟု ဖော်ပြခဲ့သည်။

အပိန်လေး
ref: Medindia
Health Updates Journal


ရွှေမန္တလာယာဉ်မောင်းအား ခရီးစဉ်အတွင်း ဖုန်းပြောသဖြင့် အသင်းမှ ရာသက် ပန်ထုတ်ပယ်


မန္တလေး၊ ဇွန် ၂၃- ရွှေမန္တလာအဆင့်မြင့် မော်တော်ယာဉ်အသင်းမှ ယာဉ် မောင်း တစ်ဦးသည် ဇွန် ၁၄ရက်က ရန်ကုန်မှ မန္တလေးသို့ ခရီးသည်များ တင်ဆောင်မောင်းနှင် ခဲ့ရာ ယာဉ်မောင်းစဉ်အတွင်း ဖုန်းပြောသဖြင့် အသင်း၏ စည်းကမ်းချက်များကို မလိုက် နာသောကြောင့် အသင်းမှ ယာဉ်မောင်း အဖြစ် ရာသက်ပန်ထုတ်ပယ်လိုက်ကြောင်း ရွှေမန္တလာ အဆင့်မြင့် မော် တော်ယာဉ် အသင်းမှ သိရသည်။

''ခရီးသည်တွေရဲ့အသက်က ယာဉ်မောင်းတဲ့သူတွေအပေါ်မှာ အများကြီး သက်ရောက်ပါတယ်။ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းပြောတဲ့ကိစ္စက စည်း ကမ်းချက် ၂၅ချက်ထဲမှာပါလို့ လုံးဝခွင့်မလွှတ်နိုင်တာပါ။ ယာဉ်မောင်းကနေ ရာသက်ပန် ထုတ်ပစ်ရတာက လဲ ယာဉ်မောင်းနေစဉ်အတွင်း ၎င်းရဲ့ဖုန်းကို ကိုင်တွယ်အသုံးပြုနေတာကို ခရီးသည်က တွေ့ရှိပြီးတော့ သူရဲ့လူမှု ကွန်ရက် Face Book စာမျက်နှာပေါ်မှာတင်တာ တွေ့လို့ အသင်းသားအဖြစ်က ထုတ် ပယ်လိုက်ခြင်းဖြစ်ပါတယ်။

ခရီးသွားပြည်သူ များအနေဖြင့် တာဝန်သိသိ တိုင်ကြားဖို့လိုသလို ပူးပေါင်းပါဝင် ဖို့ကိုလဲ ဖိတ်ခေါ်ပါတယ်''ဟု ရွှေမန္တလာ အဆင့်မြင့်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့အားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရောက်လိုက်တာနဲ့ ကားဆရာတွေ ရဲ့လက်ထဲကို ပုံအပ် ပြီး သွားလာရပါတယ်။ ခုလို စံနမူနာပြအဖြစ် ယာဉ်မောင်းတစ်ဦး စည်းကမ်း ဖောက် လို့ အရေးယူ တာတွေကို ကြိုဆိုလျက်ပါ။ နောင်လဲ ခရီးသွား နေတုန်း စည်းကမ်းဖောက် တဲ့ကားဆရာတွေ့ရင် သက်ဆိုင်ရာ ကားဂိတ်တွေ ကို အသိပေး အကြောင်းကြားပေးမှာဖြစ်ပါတယ်''ဟု မန္တလေးမှရန်ကုန် သို့ ခရီးသွားသည့် ပြည်သူတစ်ဦးက ပြောသည်။

M K K
[--Democracy today Daily Newspaper--]
#Democracytoday
Yangon Media Group


က ပြဖျော်ဖြေရင်း ဆီးထွက်ကျသူ အမျိုးသမီး


အမေရိကန် ပြည်ထောင်စု လာဗေးဂတ်စ်က လမ်းဘေး ကပြဖျော်ဖြေမှု တခု မှာ မထင်မှတ်ပဲ အမျိုးသမီး အကမယ်က အမျိုသားရဲ့ ခန္ဓာကိုယ်ပေါ်ကို ရှုးရှုးတွေ ပေါက်ချ လိုက်ပါတယ်။ အမျိုးသားလည်း သူ့ ကိုယ်
ပေါ် အမျိုးသမီးရဲ့ ဆီးတွေ ကျလာတော့ အံ့သြပြီး ထ ပြေးတော့တာပါဘဲ။ 

ဘေးမှာ ရပ်ကြည့်နေတဲ့ ပရိသတ်တွေလည်း အံ့သြမင်တက်ကုန်ကြတယ်။ ဒီ ဗွီဒီယိုဟာ အွန်လိုင်းပေါ် 
ရောက် လာတော့ ဝေဖန်မှု အမျိုးမျိုးကို တွေ့ရပါတယ်။ 

ရယ်စရာလို့ ပြောသူပြော၊ ရှက်စရာလို့ ဆိုသူဆို။ တချို့က အကမယ်ဟာ အရက်မူးနေတာဖြစ်မယ်၊ တချို့ ဆီး မထိန်းနိုင်တဲ့ ရောဂါ ရှိတာဖြစ်မယ်၊ တချို့က ဒါမျိုးက ဖြစ်တတ်ပါတယ်လို့ ဆိုသူလည်း ရှိတယ်။ အခြေအနေအမှန်ကိုတော့ ကာယကံရှင် အမျိုးသမီးသာသိပါလိမ့်မယ်။

  

အိမ့်သံစဉ်
by irrawaddy


ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ ထွက်ခွာရပြီးနောက် အီတလီနည်းပြ ရာထူးမှ နုတ်ထွက်

 
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှပင် အီတလီအသင်း ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဆီဇာရီ ပရင်ဒယ်လီသည် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ အီတလီသည် ဥရုဂွေးနှင့် ပွဲစဉ်တွင် (၁-၀)ဖြင့် အရေးနိမ်ခဲ့ပြီးနောက် အုပ်စုတတိယ နေရာသာရရှိပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း ဖြစ်သည်။
အင်္ဂလန်ကို ပွဲဦးထွက်တွင် (၂-၁)ဖြင့် အနိုင်ရခဲ့သော်လည်း အီတလီ အသင်းသည် ကော်စတာရီကာ၊ ဥရုဂွေးတို့ကို ဆက်တိုက်အရေးနိမ့်ခဲ့သည်။ ဥရုဂွေးနှင့် ပွဲစဉ်တွင် ပွဲချိန်(၅၉)မိနစ်၌ အီတလီ ကစားသမား ကလော်ဒီယို မာချီစီယို ထုတ်ပယ်ခံခဲ့ရပြီး (၈၁)မိနစ်တွင် ဒီယေဂိုဂေါ်ဒင်၏ သွင်းဂိုးကို အီတလီအသင်း ခွင့်ပြုလိုက်ရခြင်း ဖြစ်သည်။

အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျီယန်ကာလို အဘီတီက ပရင်ဒယ်လီ၏ နုတ်ထွက်မှုကို အတည်ပြုခဲ့သော်လည်း နည်းပြအနေဖြင့် ယင်းဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားစေလိုကြောင်း တိုက်တွန်းခဲ့သည်။ သို့သော်လည်း အဘီတီ ကိုယ်တိုင်ပါ ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်သည်။ ဖီအိုရင်တီးနားနှင့် ရိုးမားနည်းပြဟောင်း ပရင်ဒယ်လီက မိမိ၏ ဆုံးဖြတ်ချက်အတိုင်း အခိုင်အမာ ရပ်တည်မည်ဟု ယတိပြတ် ကြေညာခဲ့သည်။

“ကျွန်တော် ဘောလုံးအဖွဲ့ချုပ်နဲ့ စကားပြောပြီးပါပြီ။ ကျွန်တော့် နုတ်ထွက်စာကိုလည်း ပေးအပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ နည်းစနစ် ရွေးချယ်ခင်းကျင်းမှုတွေက အလုပ်မဖြစ်ခဲ့ဘူး။ ဒီအတွက် ကျွန်တော် တာဝန်ယူရပါမယ်။ ကျွန်တော် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ကတည်းက တစ်ခုခု အပြောင်းအလဲ ဖြစ်ခဲ့သလို ခံစားရတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ကျွန်တော်က အီတလီရဲ့ နည်းဗျူဟာ သတ်မှတ်ချက်တွေကို ရွေးချယ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒါက မအောင်မြင်ခဲ့တော့ ကျွန်တော် နုတ်ထွက်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ မဟုတ်ပါဘူး”ဟု ပရင်ဒယ်လီက ဆိုသည်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဘီတီက “ကျွန်တော့် ရာထူးနုတ်ထွက်မှုကို ကြေညာချင်ပါတယ်။ လာမယ့် အစည်းအဝေးမှာ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံပြီး ပရင်ဒယ်လီကို အသင်းမှာ ဆက်ရှိနေအောင် သူတို့ ဆွဲဆောင်နိုင်ဖို့ အကြံပေးပါမယ်။ ဒါပေမဲ့ ကျွန်တော် နုတ်ထွက်မယ့် ကိစ္စကတော့ ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက ဆုံးဖြတ်ပြီးသား ကိစ္စပါ”ဟု ပြောကြားသွားသည်။
_Ref: Skysport

by 7daydaily


ဖိနပ်ရေစိုမည်စိုးသဖြင့် လက်အောက်ငယ်သားကို ကုန်းပိုးခိုင်းသည့် တရုတ်အရာရှိ ရာထူးမှ ထုတ်ပယ်ခံရ

တရုတ်နိုင်ငံတွင် ရေကြီးရေလျှံနေသည့် ဒေသသို့ သွားရောက်စဉ် ရေစိုမည် စိုးသဖြင့် ဝန်ထမ်း တစ်ဦး၏ ကျောကုန်းထက်မှ လိုက်ပါခဲ့သော အစိုးရ အရာရှိတစ်ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရ သည်။

ပြည်သူ့ ဆက်ဆံရေး အရာရှိ တစ်ဦးဖြစ်သည့် ဝမ်ဂျွန်ဟွာသည် ရေကြီးပြီး ကျောင်းသူ ကျောင်းသားနှစ်ဦး သေဆုံးခဲ့သည့် ဒေသသို့ စစ်ဆေးရေး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဂွမ်ရှီမြို့ရှိ ပြည်သူ့ ဆက်ဆံရေး ဌာနမှ လက်ထောက် ဒါရိုက်တာဖြစ်သူ ဝမ်သည် ရွှံ့ရည်များ ပြည့်နှက်နေသည့် ဒေသတွင် ၎င်း၏ ဖိနပ်များ ရေစို မည်ကို စိုးရိမ်နေခဲ့သည်။

ထို့ကြောင့်လည်း ၎င်းကို လက်အောက်ဝန်ထမ်း တစ်ဦးက ကုန်းပိုးစေပြီးမှ လှည့်ပတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဝမ်က မိမိ၏ အရောင်နုနု သားရေရှူးဖိနပ် အပျက်စီး မခံနိုင်ဟု ပြောဆိုခဲ့ သေးကြောင်း လည်း သိရသည်။ လက်အောက်ငယ်သား ဒင်ရှန်ဘို၏ ကျောကုန်းထက် လိုက်ပါရင်း ရေကြီးရာ ဒေသ တွင် စစ်ဆေးနေသည့် ဝမ်၏ဓာတ်ပုံများ အင်တာနက်ပေါ် ပျံ့နှံ့လာသည့်နောက် ၎င်း၏ အပြုအမူကို တရုတ်ပြည်သူ အများအပြားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ယခုအခါတွင်မူ ဝမ်တစ်ယောက် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ ဝမ်၏ ကွင်းဆင်း စစ်ဆေးမှုကို မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံ တစ်ဦးဖြစ်သော ဟူပန်းက “ဒီလူ့ကို ကြည့်ရတာ မာန်တက်ပြီး စိတ်မပါ လက်မပါ ဖြစ်နေသလိုပဲ။

ဒီနေရာကို သူရောက်လာတာဟာ လူထုရဲ့ ထောက်ခံမှု ရချင်ရုံ သက်သက်ပဲ ဆိုတာ အရမ်းသိသာတယ်။ ဒါပေမဲ့ ဒီကလူတွေ အားလုံးက သူ့ရဲ့ သရုပ်မှန်ကို သဘောပေါက်ကုန်ကြတယ်။ သူ့လက်အောက်က ဝန်ထမ်းတစ်ယောက်ကို မြည်းတစ်ကောင်လို သဘောထား အသုံးချသွားတာပါ။ အဲဒီ ဝန်ထမ်းအတွက် ကျွန်တော် စိတ်မကောင်းဘူး။ တော်တော်လေး ရှက်သွားရှာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲများက ယင်းသတင်းကို ကြားသိပြီးနောက် ဝမ်ကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် ဇွန်လလယ် ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေသအချို့၌ ရေကြီးမှုများ ဖြစ်ပေါ်နေရာ အနည်းဆုံး (၁၄)ဦး သေဆုံးပြီး (၄)ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။ 
7Day News Journal

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်များ



အမျိုးသမီးများ၏ ဖက်ရှင်အမျိုးမျိုး ပြောင်းလဲ ဆန်းသစ်လာမှုတွင် ဖိနပ်များ၏ အခန်းကဏ္ဍကလည်း အဓိက နေရာမှ ပါဝင်ခဲ့သည်။

ဖက်ရှင်ရေစီးကြောင်း ခေတ်အဆက်ဆက် ဖြတ်သန်းလာမှုတွင် အမျိုးသမီးစီး ဖိနပ်များကို ဒီဇိုင်းအမျိုးမျိုး၊ ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ဖန်တီးချုပ်လုပ်လာခဲ့ကြသည်။

ကြွယ်ဝချမ်းသာသည့် အမျိုးသမီးများ၊ နာမည်ကျော် Celebrityများကမူ အဖိုးထိုက် ရတနာပစ္စည်းများ ထည့်သွင်းအလှဆင်ထားသည့် ဖိနပ်များကို ဂုဏ်ယူစွာ ဆင်မြန်းလာခဲ့သည့်နောက် ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် ဖိနပ်များကိုပင် ဖန်တီးဝတ်ဆင်လာကြသည်။

ကမ္ဘာ့သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးအဖြစ် ဖန်တီးချုပ်လုပ်ခဲ့သည့် အမျိုးသမီးဖိနပ် (၁၀)စုံကို စုစည်းဖော်ပြအပ်ပါသည်။

၁၀။ Stuart Weitzman Diamond Dream Stilettos



လှပခံ့ညားစွာ ဒီဇိုင်းဖန်တီးထားသည့် ဒေါက်မြင့်ဖိနပ်တွင် အဖြူရောင် စိန်ပွင့် (၁၄၂၀)ထိ ထည့်သွင်းပြီး အလှဆင် ချုပ်လုပ်ထားသည်။

ဝတ်ဆင်သူ၏ ခြေချင်းဝတ်ကို သိုင်းထားသည့် ဖိနပ်ကြိုးတွင် ပါရှိသည့် အဝိုင်းကွင်း အောက်ခံဘောင်များ အပေါ်၌ စိန်ပွင့်များကို မြှုပ်နှံထားခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်က အော်စကာ ဆုနှင်းသဘင်သို့ မင်းသမီး အေနီကာနိုနီရို့စ် တက်ရောက်ခဲ့စဉ်က အဆိုပါ ဖိနပ်များကို စီးနင်းဝတ်ဆင်ခဲ့ဖူးသည်။

ဖိနပ်တစ်ရန်၏ တန်ဖိုးမှာ ဒေါ်လာ ၅၀၀,၀၀၀ ထိ ကျသင့်ကြောင်းလည်း သိရသည်။

၉။ Original Ruby Slippers from “The Wizard of Oz”



The Wizard of Oz ဇာတ်ကားတွင် ထည့်သွင်းအသုံးပြုရန် သီးသန့်ချုပ်လုပ်ခဲ့သည့် ဖိနပ်လေးများ ဖြစ် သည်။

စုစုပေါင်း ဖိနပ်သုံးရန်သာ ချုပ်လုပ်ဖြစ်ခဲ့ပြီး ဖိနပ်တစ်ရန်မှာ အခိုးခံလိုက်ရပြီး ယနေ့တိုင် ပြန်မတွေ့တော့ ချေ။

အနီရောင်ဘော်ကြယ်များ ထိုးထားပြီး ကျောက်နီလေးများ စီခြယ်ကာ ဖိနပ်တစ်ဖက်စီတွင် မြကျောက်(၃) လုံးစီဖြင့် အလှဆင်ထားသည့် ဖိနပ်လေးများအနက် တစ်ရန်ကို Smithsonian အမျိုးသား သမိုင်းပြတိုက်၌ ပြသထားသည်။

အဆိုပါ ဖိနပ်ကလေးများ၏ တန်ဖိုးမှာ ဒေါ်လာ ၆၆၆,၀၀၀ မျှ ကျသင့်သည်။

၈။ Stuart Weitzman Retro Rose Pumps



Stuart Weitzman၏ နောက်ထပ် တန်ဖိုးကြီး ဖိနပ်လက်ရာ တစ်ခုဖြစ်ပြီး ဒေါ်လာတစ်သန်းမျှ ဈေးနှုန်းကျ သင့်သည်။

ဖိနပ်၏ ရှေ့ပိုင်း၌ တပ်ဆင်ထားသည့် နှင်းဆီပန်းပွင့်ကြီးများပေါ်တွင် အဖြူရောင်စိန်ပွင့် ၁,၈၀၀ မျှကို မြှုပ်နှံထားသည်။

ထို့အပြင် ဖိနပ်၏ ကိုယ်ထည်ကို သီးခြားအလှဆင်ရန် စိန်ပွင့် ၄၀၀ မျှကိုလည်း ထပ်မံ အသုံးပြုထားသေး သည်။

၇။ Stuart Weitzman Marilyn Monroe Shoes



ကျက်သရေရှိစွာ လှပနေသည့် အဆိုပါ ဖိနပ်လေးများ၏ အမည်ကို တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် ဟောလိဝုဒ်မင်းသမီး မာရီလင်မွန်ရိုး၏ အမည်ကို အစွဲပြုပြီး Stuart Weitzman က မှည့်ခေါ်ခဲ့သည်။

Swarovski က သွေးထားသည့် ရောင်စုံကျောက်များကို ဖိနပ်၏ရှေ့ဘက်ရှိ ပန်းပွင့်ကြီး၏ ဗဟိုတွင် ထည့် သွင်း တပ်ဆင်ထားသည်။ အဆိုပါ ကျောက်များသည် မွန်ရိုးဝတ်ဆင်ခဲ့သည့် နားဆွဲများမှ ကျောက်များဖြစ် ကြောင်းလည်း Stuart Weitzman က ကြေညာခဲ့သည်။

၂၀၀၅ ခုနှစ် အော်စကာ ဆုနှင်းသဘင်တွင် ရက်ဂျီနာကင်းက ယင်းဖိနပ်များကို ဂုဏ်ယူစွာ စီးနင်းခဲ့ဖူး သည်။ လေလံပွဲတစ်ခုတွင် ယင်းဖိနပ်များကို လက်လွှဲရောင်းချခဲ့ရာ ဒေါ်လာတစ်သန်းထိ ရရှိခဲ့သည်။

၆။ Stuart Weitzman Platinum Guild Stilettos

ဖိနပ်၏ ကြိုးများပေါ်တွင် အဖြူရောင် စိန်ပွင့် ၄၆၄ ပွင့်ကို ဒီဇိုင်းဖော် အလှဆင်ထားသည်။

ထူးခြားချက်မှာ အနုစိတ် အလှဆင်ထားသည့် စိန်ထည်များကို လည်ဆွဲ၊ လက်ကောက်ကြိုး အစရှိသည့် လက်ဝတ်ရတနာ ပစ္စည်းများအသွင် ပြောင်းလဲ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

၂၀၀၂ ခုနှစ်က အော်စကာဆုပေးပွဲသို့ တက်ရောက်ချိန်တွင် လော်ရာဟာရင်း စီးနင်းခဲ့ဖူးသော ဖိနပ်၏ တန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၀၉ သန်း ဖြစ်သည်။

၅။ Stuart Weitzman Ruby Slippers

စုစုပေါင်း ၁၂၀ ကရက် အလေးချိန်ရှိသည့် နာမည်ကျော် မြန်မာ့ပတ္တမြား ၆၂၄ ပွင့်ဖြင့် အလှဆင် ဖန်တီး ထားသော ဖိနပ်ဖြစ်သည်။

အကောင်းဆုံး ပိုးဖဲသားကို အသုံးပြုပြီး ဖိနပ်ကြိုးများကို ချုပ်လုပ်ထားကာ ပလက်တီနမ် သတ္တုတစ်ပေါင် ဖြင့် အနားသတ် ပံ့ပိုးထားသည်။

ထိုမျှ ပစ္စည်းကောင်းများ သုံးစွဲထားသည့် ဖိနပ်မျိုးသည် တစ်ရန်လျှင် ဒေါ်လာ ၁ ဒသမ ၆ သန်းမျှ ဈေးနှုန်း ကျသင့်နေခြင်းမှာ မဆန်းလှချေ။

၎။ Stuart Weitzman Tanzanite Heels


ငွေရောင်တောက်ပနေသည့် ဒေါက်ဖိနပ်များတွင် ပြာလဲ့နေသည့် Tanzanite ကျောက်ပွင့်များ ထည့်သွင်း တပ်ဆင် ချုပ်လုပ်ထားသည်။

အဆိုပါ ကျောက်များ၏ စုစုပေါင်း အလေးချိန်မှာ ၁၈၅ ကရက်ရှိပြီး ၂၈ ကရက် အလေးချိန်ရှိ အဖြူရောင် စိန်ပွင့်များကိုလည်း ပံ့ပိုးတပ်ဆင်ထားပြန်သည်။

လှပသလောက် တန်ဖိုးကြီးလှသည့် ယင်းဒေါက်ဖိနပ်မှာ တစ်ရန်လျှင် ဒေါ်လာနှစ်သန်း ဈေးနှုန်းကျသင့် မည် ဖြစ်သည်။

၃။ Stuart Weitzman Cinderella Slippers



နာမည်ကျော် စင်ဒရဲလားပုံပြင်မှ မင်းသမီးလေး စီးနင်းခဲ့သည့် ဖန်ခြေနင်း ဖိနပ်လေးကို စိတ်ကူးယဉ် ဖန်တီးထားသည့် Stuart Weitzman၏ လက်ရာဖြစ်သည်။

ဖိနပ်၏ အောက်ခြေကို အီတလီနိုင်ငံထုတ် အကောင်းဆုံး သားရေဖြင့် ချုပ်လုပ်ခဲ့ပြီး စိန်ပွင့်ပေါင်း ၅၆၅ ပွင့်ကို ဖိနပ်၏ ကြိုးများပေါ်တွင် အလှဆင် ထည့်သွင်းထားသည်။

ဒေါ်လာ(၂)သန်းတန် ဖိနပ်ကို အဆိုတော် အေလီဆန်ခရော့စ်က ဂုဏ်ယူစွာ ဝတ်ဆင်ပြီး ၂၀၀၄ ခုနှစ် အော်စကာ ဆုနှင်းသဘင်သို့ တက်ရောက်ခဲ့ဖူးသည်။

၂။ Stuart Weitzman Rita Hayworth Heels



အမေရိကန် ရုပ်ရှင်မင်းသမီး ရီတာဟေးဝေါ့သ်၏ လည်ဆွဲများကို အသုံးပြု အလှဆင်ထားသည့် ဖိနပ်ဖြစ် သည်။

ဖိနပ်၏ ရှေ့ပိုင်းတွင် အလှဆင်ထားရာ၌ စိန်ပွင့်များ၊ ပတ္တမြားနှင့် နီလာကျောက်များ ပါဝင်သည်။ အဆိုပါ ဖိနပ်ကို လက်ရှိတွင် ဟေးဝေါ့သ်နှင့် ပါကစ္စတန်မင်းသား အလီခန်းတို့မှ မွေးဖွားခဲ့သည့် မင်းသမီး ယက်စ်မင် အေဂါခန်းက ပိုင်ဆိုင်ထားသည်။

ဒေါ်လာသုံးသန်းနီးပါးမျှ တန်ဖိုးရှိသည့် အဆိုပါ ဖိနပ်ကို ကက်သလင်းယော့ခ်က ၂၀၀၆ ခုနှစ် အော်စကာ ပွဲတက်ဖက်ရှင်အဖြစ် ရွေးချယ်ဝတ်ဆင်ခဲ့သည်။

၁။ House of Harry Winston Ruby Slippers



ကမ္ဘာ့ဈေးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်၏ တန်ဖိုးမှာ ဒေါ်လာသုံးသန်းကျော်မျှ ကျသင့်သည်။ ကမ္ဘာကျော် ဂန္ထဝင်ရုပ်ရှင် The Wizard of Oz ၏ နှစ်(၅၀)ပြည့် ရွှေရတုကို ဂုဏ်ပြုသည့် အနေဖြင့် ဇာတ်ဝင်ခန်းပါ ပတ္တမြားခြေနင်း ဖိနပ်ကို House of Harry Winstonက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ပတ္တမြားပွင့် ၄,၆၀၀ ကို အသုံးပြုထားသည့် ဖိနပ်ကို နှစ်လကြာအောင် အနုစိတ် အလှဆင် ချုပ်လုပ်ခဲ့ရပြီး ပတ္တမြားပွင့်များ၏ စုစုပေါင်း အလေးချိန်သည် ၁,၃၅၀ ကရက်မျှ ရှိနေသည်။

ဖိနပ်၏ အပေါ်ပိုင်း အနားသတ်နှင့် ဖဲပြားနေရာတို့တွင် ၅၀ ကရက်မျှ အလေးချိန်ရှိသည့် စိန်ပွင့်များကို လည်း ဖြည့်တင်း တပ်ဆင်ထားသေးသည်။

အဆိုပါဖိနပ်ကို ၁၉၃၃ ခုနှစ်တွင် ရုံတင်သည့် Wizard of Oz ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ဖူးသည့် မင်းသမီး ဂျူဒီဂါလန်က ဝတ်ဆင်ခွင့် ရခဲ့ဖူးသည်။ 


_Top Teny
7Day Daily No.419 Tuesday, June 24, 2014


ကမ္ဘာ့ဖလားဘောလုံးပွဲ လောင်းကြေးရှုံးပြီး တရုတ်ကျောင်းသားတစ်ဦး တိုက်ပေါ်က ခုန်ချသတ်သေ


Angel on 2014-06-24 16:15

တရုတ်နိုင်ငံက ကောလိပ်ကျောင်းသား တစ်ဦးဟာ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဒေါ်လာ ၃၀၀၀ ကျော် ရှုံးပြီး နောက် တိုက်ပေါ်က ခုန်ချသတ်သေခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။

မျိုးရိုးနာမည် လင်း လို့ ပဲသိရတဲ့ ဒုတိယနှစ် ကျောင်းသားတစ်ဦးဟာ တက္ကသိုလ်ကျောင်းဝင်း အတွင်းမှာ ရှိတဲ့ အဆောက်အဦး ခုနှစ်ထပ်ကနေ ခုန်ချသတ်သေခဲ့တာပါ။

“ ကျွန်တော့်ကို အကျပ်မကိုင်နဲ့ ။ ကျွန်တော့်ကို အချိန်နှစ်ရက်ထပ်ပေး။ ခင်ဗျားငွေတွေကို ကျွန်တော် ပေးမယ်” လို့ ပြောနေတာ ကျွန်တော်ကြားခဲ့တယ်” လို့ မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့ပါ တယ်။

“ သူဖုန်းနဲ့ ၁၀ မိနစ်ကျော်လောက် စကားပြောနေခဲ့တယ်။ နောက် သူဖုန်းချပြီး ရပ်နေတယ်။ ချက်ချင်း ရုတ်တရက် သူခုန်ချသွားတယ်” လို့  သူမက ထပ်ပြောပြခဲ့ပါတယ်။

လင်း ကို Guangdong ဒေသ၊ Panyu ဆေးရုံကို ချက်ချင်းပို့ ဆောင်ခဲ့ပေမယ့် ဆရာဝန်တွေက အသက် မကယ်နိုင်ခဲ့ဘူး သတင်းစာမှာ ရေးသားထားပါတယ်။

လင်းရဲ့ အခန်းဖော် သူငယ်ချင်းက လင်းဟာ ယွမ်ငွေ နှစ်သောင်းနီးပါး (ဒေါ်လာ ၃၂၀၀)ကို ကမ္ဘာ့ဖလား ပွဲစဉ် ခုနှစ်ပွဲမှာ ရှုံးနိမ်ခဲ့တယ်လို့ ဆိုပါတယ်။

“ သူ ငွေတော်တော်များများ ချေးလိုက်တယ်လို့ ကျွန်တော်တို့ ကြားတယ်။ အတိုးကလည်း တော်တော် များတယ်” လို့ ကျောင်းသားက ပြောပြပါတယ်။

အစိုးရလုပ်ကိုင်တဲ့ ကမ္ဘာ့ဖလားနဲ့ ဆက်စပ် လောင်းကစားတွေရဲ့ ၀င်ငွေဟာ စနေနေ့ မှာတင် ယွမ်ငွေ လေးဘီလီယံ ရှိခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ရောင်းချခဲ့ရတဲ့ ယွမ်ငွေ ၂.၃ ဘီလီယံထက် ၂ ဆ နီးပါး ရှိနေပါပြီ။ 


Ref: yahoo.com
Trend Myanmar


ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာအဖြစ် တရုတ်နိုင်ငံမှ Tianhe-2 ရပ်တည်နေ



ကမ္ဘာပေါ်တွင် တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး စူပါကွန်ပျူတာများအနက် တရုတ်နိုင်ငံမှ Tianhe-2 သည် ထိပ်ဆုံးနေရာမှ ဦးဆောင်ရပ်တည်နေကြောင်း သိရှိရသည်။

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)အနက် (၂၀)ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်ပြီး စူပါ ကွန်ပျူတာ နည်းပညာ နယ်ပယ်တွင် တရုတ်၏ ခြေလှမ်းကျဲကျဲ ဝင်ရောက်လာမှုကို ထင်ဟပ်စေသည်။ သို့သော်လည်း ကမ္ဘာ့မြန်နှုန်း အမြင့်ဆုံး စူပါကွန်ပျူတာများ စာရင်းကို အမေရိကန်က အဓိက လွှမ်းမိုး ထားဆဲဖြစ်ပြီး အဆိုပါ (၅၀၀)စာရင်းတွင် အမေရိကန်မှ စူပါကွန်ပျူတာ (၂၃၃)လုံးထိ ပါဝင်နေသည်။

အဆင့်မြှင့် မွမ်းမံမှုများ ဆက်တိုက်ပြုလုပ်နေသည့်နောက် Tianhe-2သည် တစ်နှစ်တာအတွင်း အမြန်ဆုံး စူပါကွန်ပျူတာများ စာရင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ Tianhe-2 ကွန်ပျူတာ၏ တွက်ချက်မှု စွမ်းရည်သည် 33.86 petaflop/s (quadrillions of calculations per second)ထိ ရှိနေကြောင်းလည်း သိရသည်။

Tianhe-2ကို တရုတ်အစိုးရက ပိုင်ဆိုင်ပြီး အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်တွင် သုတေ သနနှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် တပ်ဆင်ထားရှိသည်။ လွန်ခဲ့သည့် (၅)နှစ်က IBM၏ Roadrunner စူပါကွန်ပျူတာက တွက်ချက်မှုစွမ်းရည် 1 petaflop/sထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း စူပါ ကွန်ပျူတာများ၏ မြန်နှုန်းသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ Roadrunnerသည် စွမ်းအင်သုံးစွဲမှု များပြားလွန်းသဖြင့် (၂၀၁၃)ခုနှစ်တွင် ရပ်နားသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စွမ်းဆောင်ရည် အမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)တို့၏ စုစုပေါင်း တွက်ချက်နိုင်သည့် စွမ်းရည်မှာ 274 petaflop/sထိ ရှိနိုင်မည် ဖြစ်သည်။ ယင်းစာရင်းတွင် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ (၇၆)လုံး၊ ဗြိတိန်မှ အလုံး(၃၀)၊ ပြင်သစ်မှ (၂၇)လုံးနှင့် ဂျာမနီမှ (၂၃)လုံးတို့လည်း ပါဝင်ကြောင်း သိရှိရ သည်။ 


_Ref: BBC
7Day Daily
No.419 Tuesday, June 24, 2014


မြန်မာ-ကိုရီးယား အိုင်တီစင်တာတွင် Andriod နည်းပညာသင်တန်းသစ်များ ဖွင့်လှစ်မည်



မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဖွင့်လှစ်ထားသော မြန်မာ-ကိုရီးယား အိုင်တီစင်တာတွင် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွက် Android နည်းပညာ သင်တန်းသစ်များ ဖွင့်လှစ်မည်ဖြစ်ပြီး တက် ရောက်လိုသူများ စာရင်းပေးထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Andriod Mobile Application များရေးသားရန် အခြေခံသင်တန်းဖြစ်သော Andriod Mobile Appli-cation Development Course ကို ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ငွေကျပ် ၇၀၀၀၀ ဖြစ်ကာ သင်တန်းကာလမှာ ရက် ၂၀ ခန့်ကြာမြင့်မည်ဖြစ်သည်။

“သင်တန်းတွင် Android ဖုန်းသုံး Application များ ရေးသားခြင်းနဲ့ရေးသားရာမှာ သိသင့်သိထိုက်တဲ့ အချက်တွေကို စာတွေ့လက်တွေ့ သင်ကြားပြသသွားမှာဖြစ်တယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်ကဖွင့်လှစ်ထားခဲ့သော Android Mobile Application Development Course များတွင် တက် ရောက်ပြီးသူများ ထပ်မံတက်ရောက်နိုင်မည့် နောက်ဆက်တွဲအဆင့်မြင့်သင်တန်းဖြစ်သော Android Game with Arduino Microcontroller (Basic Course) သင်တန်းကိုလည်း ဇွန် ၂၇ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကြေးမှာ ငွေကျပ် ၄၀၀၀၀ ဖြစ်ပြီး သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ကာ သင်တန်းများတွင် မြန်မာ-ကိုရီးယား အိုင်တီစင်တာ၏ ဖိတ်ကြားချက်အရ Korea Aerospace University မှဘွဲ့ရ၊ IT ပညာရှင်များနှင့် Korea ဆရာများကလာရောက် သင်ကြာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းများအတွက် လူဦးရေကန့်သတ်ထားပြီး နည်းပညာပြန့်ပွားရေး အစီအစဉ်အရ သင်တန်း ကြေးများကိုလည်း လျှော့ချပေးထားကြောင်း သိရသည်။ သင်တန်းအတွက် အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဖုန်း-၀၁-၆၅၂၃၀၇ သို့ ဆက်သွယ်စုံ စမ်းနိုင်ကြောင်း သိရသည်။

ကွန်ပျူတာအသင်းချုပ်တွင် အထက်ပါသင်တန်းများအပြင် Project Management Business Modeling, Database Modeling သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။ 

Democracy Today Daily


“သောက ကင်းဝေး နေနိုင်ရေး” (တက်တိုး)

“သောက ကင်းဝေး နေနိုင်ရေး” (တက်တိုး)စာအုပ်ကောင်းလေးပါ...အွန်လိုင်းပေါ်ကနေ ဖတ်ရတာမို့  တန်ဖိုးမဖြတ်နိုင်လောက်ပါပဲ....


စနေသား
www.sanayjoedar.co.vu
အားပေးမှုကို အထူးကျေးဇူးတင်လျှက်........


သံဃာကို သင်္ကန်းချွတ် ၊ လူဝတ်လဲစေတဲ့ ဖြစ်ရပ် (တက္ကသိုလ်ဘုန်းကြွယ်)


သံဃာကို သင်္ကန်းချွတ်
လူဝတ်လဲစေတဲ့ ဖြစ်ရပ်
ဇာတ်ထဲမှာ မဟုတ်
အတတ်ရဲစွာနဲ့ ယုတ်ပြလိုက်တာ
မျက်ဝါးထင်စွာ တွေ့မြင်ရပြီ တစ်ခါ
မြန်မာ့သမိုင်းမှာ
အမဲစက်ထင်သွားမည်သာ ... ။
ဆရာနဲ့ ဒကာ
ကြေကွဲစရာ ဒီမြင်ကွင်း
ထင်းခနဲ မြင်လိုက်တဲ့ခါ
ရင်မှာ တစ်ဆတ်ဆတ်နာ
ညစ်ပတ်လှတဲ့ ဒီဓလေ့
ဘ၀တကွေ့မှာ
ထပ်မတွေ့လိုတော့ပါ
ဗုဒ္ဓမြတ်စွာထံတော်ပါး
အမြဲဆုတောင်းနေတော့မှာ

တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၂၁၊ ၂၀၁၄)
 
The Express Times

အောင်ရင်ငြိမ်း အပြာဝတ္ထု ရေးသလား

ဝတ္တု, ဗီဒီယို, လိင်, စာနယ်ဇင်း, လွတ်လပ်ခွင့်
 အောင်ရင်ငြိမ်းရဲ့ ဝတ္ထု မျက်နှာဖုံး

ပြီးခဲ့တဲ့ ရက်ပိုင်းက ၀တ္တုသစ် တအုပ်ထွက်ပြီး ဆိုင်တွေပေါ် ရောက်ပါတယ်။
 ရေးသူက အောင်ရင်ငြိမ်း၊ ၀တ္တုနာမည်က “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” တဲ့။ စာအုပ် မျက်နှာဖုံး အပေါ်ဘက်မှာတော့ NC 18 ဆိုပြီးလည်း ဖော်ပြထားပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ဆိုတာမျိုးပေါ့။ ဒီ NC 18 ဆိုတဲ့ အသုံးအနှုန်းလေးကိုတော့ ဒီဂျစ်တယ် ဓာတ်ပြားစနစ်တွေ မပေါ်ခင် အရင် ဗီဒီယို ခွေငှားတဲ့ ခေတ်က အပြာကားတွေ (တရားမ၀င် လိင်ဆက်ဆံမှု ခွေတွေ) ကို ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ နောက်စာလုံးတလုံးက Not For Conservatives ပါတဲ့၊ အယူအဆ အဟောင်းသမားတွေအတွက် မဟုတ်ဘူးပေါ့ဗျာ။

 အင်း … အမှာစာ ရေးပေးသူတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ နိုင်ငံတကာ ရေးရာတွေကို ဘာသာပြန်လေ့ရှိတဲ့ စာရေးဆရာ “မင်းခက်ရဲ” နဲ့ စာရေးဆရာ “မလေး” ပါ။ ဒီ စာအုပ်အကြောင်း ဘာလို့ ပြောပြချင်တာလဲ။ စာအုပ်ဝေဖန်ရေး ရေးမလို့လား။ စာအုပ် ကြော်ငြာ လုပ်မလို့လား။ မဟုတ်ပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတဲ့ သက်တန်း ၂ နှစ်တာ ကာလအတွင်း ရေးသားဖော်ပြလာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမလို့ပါ။
လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်နဲ့ လူ့အဖွဲ့အစည်း အဆက်အစပ်အကြောင်း ဆွေးနွေးမလို့ပါ။ အပြာ (အပြာဆန်ဆန်မဟုတ်) ဒါမှမဟုတ် ညစ်ညမ်းတယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ရုပ်ပုံတွေ၊ စာသားတွေကို ပုံနှိပ်ထုတ်ဝေခွင့် ပြုသင့်နေပြီလား စတာတွေ ဆွေးနွေးသွားဖို့ပါ။

ဝတ္တုဆိုတော့ ဒြပ်မဲ့ ၀တ္တုတော့ မဟုတ်ပါဘူး။ ဇာတ်ကောင် ရှိသလို ဇာတ်လမ်းလည်း ရှိပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ရိုမန်းဘော့ထ် လို့ခေါ်တဲ့ လူတပိုင်း စက်တပိုင်း လူ၊ သူ့ ပတ်ဝန်းကျင်ကတော့ သူ့ကို လူအဖြစ်ပဲ သတ်မှတ်ထားတဲ့ သဘော။ မိန်းမရဖူးတယ်၊ ကလေးရဖူးပြီး ကွဲနေတဲ့သူ၊ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လိုက်လံ အိပ်စက် လိင် ဆက်ဆံနေတဲ့သူ။ အဲဒီအထဲမှာ ရိုးရိုး အမျိုးသမီးတွေ ပါသလို ၁၇ နှစ်အရွယ်၊ အရွယ်မရောက်သေးသူလည်း ပါ၊ အသက်ကြီးကြီး ယောက်ျား နဲ့ ကလေးတွေ ရထားတဲ့ အိမ်ထောင်သည် အမျိုးသမီးနဲ့လည်း အိပ်ရဲ့။ အဲ… အိပ်တဲ့အခန်း၊ ဆောရီး သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်းခေါ်တယ်။  အဲဒီအခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ် လိင်ဆက်ဆံကြတာဟာ အမှားကျူးလွန်တာ မဟုတ်ဘူးဆိုတာမျိုးလည်း အသေအချာ တရားဟောထားလေရဲ့။ နောက်ဆုံး နိဂုံးကျမှသာ တန်ဘိုးအဟောင်းတွေ အတွေးအခေါ် အဟောင်းတွေ ပြိုကျပြီး တန်ဘိုးသစ် အတွေးအမြင်သစ်တွေ ပြောင်းလဲမှုတွေကို မြင်တွေ့ရမယ် ဘာညာ သာရကာ နိဂုံးချုပ်ထားလေရဲ့။

ဒီနေရာမှာ ၀တ္တုကို တန်ဆာဆင်ထားတဲ့ ရိုမန်းဘော့ထ် ရဲ့ လိင်ဆက်ဆံပုံအကြောင်း ဖော်ပြထားတာတွေကို ထုတ်နှုတ် ကိုးကားရင် ကောင်းမလား မကောင်းဘူးလား စဉ်းစားရပါတယ်။ အစောဆုံး ဖေ့ဘုတ် စာမျက်နှာတင်သူ တယောက်ကတော့ မျက်နှာဖုံး နှစ်ခုကိုပဲ တင်ပြီး ဝေဖန်ပါတယ်။ အတွင်းက စာသားတွေ ဖော်ပြရင် သူ့ဝေါ ညစ်ညမ်းမှာ စိုးလို့တဲ့။ ဒါပေမယ့် ဝေဖန်ဆွေးနွေးသူတွေကလည်း မနည်းပါဘူး။ ဆွေးနွေးကြပါတယ်။ အမေရိကား ရောက်နေတဲ့ ဒါရိုက်တာ ချိုတူးဇော် တို့တောင် ပါလိုက်သေးရဲ့။ ခက်တာက သူတို့တွေက ဒီ ၀တ္တုထဲမှာ ဘယ်လို ရေးသားဖော်ပြထားမှန်း မသိကြဘူး။ ကျွန်တော်ကတော့ အသက် ၅၀ အရွယ်ရှိပြီ။ ကျနော့်တသက် တရားဝင် ပုံနှိပ်ဖော်ပြတဲ့ စာအုပ်စာတန်းတွေမှာ တကြိမ်မှ မတွေ့ဘူးတဲ့ အရေးအသားတွေ ဖော်ပြထားတယ်ဆိုတာ သိစေချင်တဲ့အတွက် ဘာပဲပြောပြော နမူနာ တချို့ ထုတ်နှုတ်ဖော်ပြပါမယ်။


“ သူ့ပေါင်နှစ်ဖက်ကြားထဲ ခေါင်းဝင်ပြီး ပစ္စည်းကို လျှာနဲ့ နမ်းဖို့ ဟန်ပြင်လိုက်တော့ ဘာမှမလုပ်ရသေးပဲ အရည်တွေ စိုရွှဲနေတာ တွေ့ရတယ်၊ သူ လိင်စိတ် နိုးကြားပြင်းထန်နေတဲ့ သဘောပါပဲ။ လျှာနဲ့ စ နမ်းလိုက်တဲ့ အချိန်မှာ သူ့ကိုယ်လုံးလေး တစ်ချက် တွန့်သွားပြီး အနမ်းခံရတဲ့ အရသာကို ခါးကော့ ခံစားနေပါတယ်။”

“ သူ့ရင်သားနှစ်ဖက်ကို လက်နဲ့ ဆုတ်ကိုင်ပြီး ကျွန်တော့်ပစ္စည်းကို သူ့ပစ္စည်းထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ သူ့ပေါင်တံ နှစ်ဖက်ကားလို့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်ထားပါတယ်။” (စာ- ၃၈)
“ အိပ်ယာပေါ်က ခေါင်းထောင်ထ၊ လက်ချောင်းတွေနဲ့ ကျွန်တော့်ပါးနှစ်ဖက်ကို ကိုင်ပြီး ကိုယ်ခန္ဓာကို သူ့ဆီ အတင်းဆွဲယူနေတယ်။ ကျွန်တော့်ပစ္စည်းကို ကြည့်လိုက်တော့ ငနဲက အကြောပြိုင်းပြိုင်းထ ထောင်မတ်လို့၊ ဒူးထောင်ကားထားတဲ့ သူ့ပေါင်တံ နှစ်ဖက်ကို အလိုက်သင့် တွန်းတင်ပြီး သူ့ပစ္စည်းထဲ ကျွန်တော့်ပစ္စည်း ထိုးသွင်းဖို့ ဟန်ပြင်လိုက်တယ်။” (စာ- ၆၃)
“ သူက လိင်မဆက်ဆံဖြစ်တာ ၄ နှစ်ကျော် ကြာမြင့်နေလို့ ထင်ပါရဲ့။

 သူ့ပစ္စည်းက တကယ့် ဆယ်ကျော်သက် အပျိုစင်လို ပြန်ဖြစ်နေပြီး ကျွန်တော့်ပစ္စည်းက သူ့အထဲမှာ ပြည့်ကျပ် ညှပ်နေတယ်လို့ ထင်မိတယ်။ သူကလည်း ဘ၀မှာ မေ့လျော့ထားရတဲ့ လိင်အရသာကို အပြည့်အ၀ ခံစားလို့။” (စာ- ၁၃၇)
အင်း … တော်လောက်ပြီထင်တယ်။ စာအုပ်ထဲမှာ ဒီထက် ပိုများပါတယ်။ အမယ် … အဲလို စာသားတွေကို ဒေါက်တာချက်ကြီး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဇာတ်လမ်းတွေလို သာမာန်ကာလျှံကာ ထည့်သွင်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာထရန် ရပ်ဆဲလ်၊ ဆီမွန်ဒီဗူးဗွား၊ အိုရှိုး၊ မိုက်ကယ်ဖူကိုး စတဲ့ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ ဒဿန ပညာရှင်တွေရဲ့ ဘာသာပြန် စာလုံး စာပိုဒ်တွေနဲ့ တအုပ်လုံး မွန်းမံ ချယ်မှုန်းထားတာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေလက်အောက် နှစ်ပေါင်း ၆၀ နီးပါး နေခဲ့ရပါတယ်။ လွတ်လပ်မှု မှန်သမျှ နင်းခြေ ခံခဲ့ရပါတယ်။ အခု အစိုးရသစ် သက်တန်း ၃ နှစ်တာ ကာလ အတွင်းမှာလည်း လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး မရကြသေးပါဘူး။ အာဏာအရပ်ရပ်ကို စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက မြဲမြဲမြံမြံ ချုပ်ကိုင်ထားမြဲ ရှိပါသေးတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့ ၂ နှစ်ကမှ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာပါ။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာနဲ့ အမျှ အရေးအသား ပေါင်းစုံ ပေါ်ထွက်လာခဲ့တာမှာ အခု ဖော်ပြပါ ၀တ္တုကလည်း တအုပ် အပါအ၀င်ပါ။
ကောင်းပါပြီ။ ဒါဟာ အနုပညာနဲ့ ဖော်ကျူးတဲ့ ၀တ္တု တစ်ပုဒ်လား။ လိင်ကိစ္စ ဆိုတာကတော့ တကယ့် လူ့ဘ၀ ထဲမှာ ရှိနေလေတော့ ဒါကို တနည်းနည်းနဲ့ ရေးသား ဖော်ပြကြတာပါပဲ။

 နိုင်ငံတကာမှာ ရှိခဲ့သလို မြန်မာ ၀တ္တုတွေမှာလည်း ရှိခဲ့တာပါပဲ။ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ အရှေ့က နေ၀န်းထွက်သည့်ပမာ လို ဂန္ထ၀င်မြောက် အထင်ကရ ၀တ္တုကြီးမှာလည်း ပါတာပါပဲ။ ဒါပေမယ့် ဒီလို ဖော်ပြတာမျိုးတော့ မဟုတ်ပါဘူး။ ဆုံးပါးသွားပြီဖြစ်တဲ့ စာရေးဆရာကြီး နတ်နွယ်ကလည်း “တံခွန်တိုင်မောင်နှမများ” ရာဇ၀င် ၀တ္တုမှာလည်း ဒီလို ဇာတ်ဝင်ခန်း ပါတာပါပဲ။ ဒါပေမယ့် “ ဇီးဖြူသီး စကောထဲ လှိမ့်သလို၊ လမ်းကြမ်းကြမ်းမှာ လှည်းစီးရသလို” ဆိုတာမျိုးလောက်ပဲ ရေးခဲ့ပါတယ်။ ဒါတောင် ညစ်ညမ်းတယ် ဆိုပြီး အပြင်းအထန် ဝေဖန်လို့ ဆရာနတ်နွယ် စိတ်ဆိုးခဲ့ပါသေးတယ်။

 ပြင်သစ်မှာလည်း “လေဒီချက်တာလီရဲ့ ချစ်သူ” မှာလည်း အဲလို အခန်းမျိုး ပါတာပါပဲ။ အဲဒီအတွက် ကာလတခု ပိတ်ပင်တာတောင် ခံခဲ့ရပါတယ်။ ဒါပေမယ့် အခု ၀တ္တုမှာ ရေးသလိုမျိုး မဟုတ်ပါဘူး။
အဲတော့ ဒီစာအုပ်ကို ဘယ်ခြင်းတောင်းထဲ ထည့်ရမှာပါလဲ။ အနုပညာနဲ့ ဖန်တီးတဲ့ ၀တ္တုစာရင်းထဲ ထည့်ရင်တော့ တကယ့် ရသ၀တ္တုရေးဆရာတွေ လက်ခံကြမှာ မဟုတ်ပါဘူး။ အဘိဓမ္မာ စာအုပ်ထဲ ထည့်ရလောက်အောင်လဲ ဘာ အသစ်မှ မတွေ့ရပါဘူး။ ဆေးပညာ စာ အုပ်ထဲလည်း ထည့်လို့ မရပါဘူး။ ပြောရရင် နိုင်ငံမှာ မုဒိန်းမှု ဖြစ်ပွားမှုနှုန်း မြင့်တက်နေချိန်၊ အဲဒီအထဲကမှ လူမဆန်တဲ့ သက်ငယ် မုဒိန်း အမှုတွေက ရာခိုင်နှုန်း အချိုးအစား အများကြီး ပါဝင်နေချိန် ပြည်သူတွေ ပူပန်သောက ရောက်နေချိန် ဒီ ၀တ္တု ထုတ်ဝေလာတာပါ။

ဒီလို ညစ်ညမ်းတာမျိုးတွေ ဖေ့ဘုတ်လို၊ အင်တာနက် ၀က်ဘ် ဆိုက်လိုမျိုးတွေမှာ လွယ်လွယ်ကူကူ ရှာဖတ်နိုင်တာပဲ။ ဓာတ်ပြားတွေလည်း အောလပုံ ၀ယ်လို့ ရနိုင်တာပဲ မဟုတ်ဘူးလား။ ဘာများ ထိန်းချုပ်ချင်သလဲ မေးခွန်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ညစ်ညမ်းမှုတွေဟာ သူ့နေရာနဲ့ သူ ရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်တိုင်းပြည်မှာမှ အိမ်ဦးခန်း ထားလေ့မရှိပါဘူး။

 လွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို လုံးဝ မပိတ်ပင်လိုပါဘူး။ လွတ်လပ်စွာ ရေးသားပါ။ ပြီးရင် လွတ်လပ်စွာ ဝေဖန်တာကိုလည်း ခံယူရပါမယ်။ ဒီနေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် အမုန်းတရားတွေပွားပြီး လူမျိုးတုန်း သတ်ကြ ဖြတ်ကြတဲ့ အဖြစ်မျိုး ရောက်သွားမှာမျိုးကို ဝေဖန် တားဆီးရမှာ ဖြစ်သလို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်တန်ဘိုး ပျက်စီးအောင်၊ ရာဇ၀တ်မှု ကျူးလွန်မှုကို အားပေးသလို ဖြစ်လာမှာမျိုးတွေကိုတော့ ဝေဖန်ရပါမယ်။ လိုအပ်ရင် တားဆီးရပါမယ်။
အရေးကြီးဆုံး အချက်က ဒီနိုင်ငံဟာ အရင် စစ်အာဏာရှင်တွေက ဖျက်ဆီးထားခဲ့လို့၊ ပညာရေးဟာ ဟိုးချောက်ထဲအထိ နိမ့်ကျ နေတဲ့ နိုင်ငံတနိုင်ငံပါ။ အဲလို အခြေအနေအောက်က ပြည်သူတွေကို ဘာလွတ်လပ်မှု၊ ညာလွတ်လပ်မှု ဆိုပြီး ခုလို ၀တ္တုတစ်အုပ် ထည့်ပေးတာကတော့ မသင့်တော်ပါဘူး။ စာအုပ်ရောင်းကောင်းချင်လို့၊ ညှို့မဂ္ဂဇင်းတုန်းကလို ငွေကြေး အမြတ်အစွန်းရချင်လို့ ဆိုရင်တော့ ခင်ဗျားတို့ သဘောပါပဲ။

ညစ်ညမ်းတဲ့ အကြောင်းပြောလို့ ညစ်ညမ်းတဲ့ အပြာကားတကား နဲ့ပဲ နိဂုံးချုပ်ပါမယ်။ နိုင်ငံခြား အပြာ ဗီဒီယို ဇတ်ကား တစ်ခုပါ။ ဇတ်လမ်းအစမှာ လူတစ်ယောက်ဟာ အမျိုးသမီး နှစ်ယောက်ကို မြေတိုက်ထဲ ဖမ်းခေါ်လာပါတယ်။ နောက် … အဲဒီ မြေတိုက်ထဲမှာ ချုပ်နှောင်ထားပြီး အမျိုးမျိုး ပြုကျင့်ပါတယ်။ တကားလုံး အဲဒီ အခန်းပါပဲ။ ဇာတ်လမ်းပြီးခါနီးမှာ ရဲက မြေတိုက်ထဲ ထိုးဖောက်ဝင်ရောက်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းပါတယ်။ ပြီးတော့ စာတန်းထိုးပါတယ်။ ရာဇ၀တ်ဘေး ပြေးမလွတ် တဲ့။ အခု အောင်ရင်ငြိမ်းရဲ့ ၀တ္တုဟာလည်း အဲဒီ ဗီဒီယို ဇာတ်ကားလို ဖြစ်လေမလားပဲ။ ကျနော် ကွန်ဆာဗေးတစ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ၀တ္တုကို အဲလိုပဲ မြင်ပါတယ်။ ဟော … ပြောရင်းဆိုရင်း ဒီဆောင်းပါးတောင် ညစ်ညမ်းဆောင်းပါး ဖြစ်မှန်းမသိ ဖြစ်သွားလေပြီလား မပြောတတ်တော့ပါဘူး။


(စည်သူအောင်မြင့်သည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

ဧရာဝတီ

ကမ္ဘာ့ဖလား ဘောလုံးပွဲ အတိတ်နှင့် ပစ္စုပ္ပန်

ကမ္ဘာ့ဖလား ဘောလုံးပွဲ, ဘရာဇီး, ဥရုဂွေး, မက္ကဆီကို, အီတလီ, ဂျာမနီ, ရော်နယ်ဒို, စပိန်, ၂၀၁၄
ဘရာဇီး နိုင်ငံတွင် ကျင်းပသည့် ၂၀၁၄ ကမ္ဘာ့ ဖလားပွဲ၌ မက်ဆီကို အသင်းနှင့် ဘရာဇီး အသင်းတို့ ဇွန် ၁၈ ရက်က ယှဉ်ပြိုင် ကစားရာတွင် ၀း ၀ ဂိုးဖြင့် သရေကျသွားသည် (ဓာတ်ပုံ – fifa.com)

ကမ္ဘာ့ဖလား ဘောလုံးပွဲ (၂၀၁၄) တွင် ပါဝင်ယှဉ်ပြိုင် နေကြသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံ လက်ရွေးစင် ဘောလုံးအသင်း များသည် ဇွန် ၁၈ ရက်နေ့တွင် ပထမကျော့ပွဲများ ကစားပြီးသွားကြပြီ ဖြစ်သည်။ ထင်မှတ်ထားသည့် နိုင်ပွဲများရှိခဲ့သလို မျှော်လင့်မထားကြ သော ရှုံးပွဲများလည်း ထွက်ပေါ်လာသည်ကို တွေ့ကြရသည်။

ကစားပြီးခဲ့သည့် ပွဲများအပေါ် အခြေခံ၍ ပြိုင်ပွဲ သုံးသပ်မှုများ မပြုလုပ်မီ ကမ္ဘာ့ဖလား ဘောလုံးပွဲနှင့် ပတ်သက်သော စိတ်ဝင်စား စရာ ကောင်းသည့် အချက်အလက် တချို့ကို တင်ပြလိုသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပသည့် ခုနှစ်များကို လေ့လာကြည့်လျှင် အုပ်စု ၅ အုပ်စု တွေ့ရသည်။
ပထမ အုပ်စုမှာ သုညဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၃၀ (ဥရုဂွေး)၊ ၁၉၅၀ (ဘရာဇီး)၊ ၁၉၇၀ (မက္ကဆီကို)၊ ၁၉၉၀ (အီတလီ)၊ ၂၀၁၀ (တောင်အာဖရိက)။

ဒုတိယ အုပ်စုမှာ ၂ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၆၂ (ချီလီ)၊ ၁၉၈၂ (စပိန်)၊ ၂၀၀၂ (တောင်ကိုရိးယားနှင့် ဂျပန်)။

တတိယ အုပ်စုမှာ ၄ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၃၄ (အီတလီ)၊ ၁၉၅၄ (ဆွစ်ဇာလန်)၊ ၁၉၇၄ (အနောက်ဂျာမနီ)၊ ၁၉၉၄ (အမေရိကန်)၊ ၂၀၁၄ (ဘရာဇီး) တို့ ဖြစ်သည်။

စတုတ္ထ အုပ်စုမှာ ၆ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၆၆ (အင်္ဂလန်)၊ ၁၉၈၆ (မက်ဆီကို)၊ ၂၀၀၆ (ဂျာမနီ)။

ပဉ္စမ အုပ်စုမှာ ၈ ဂဏန်းဖြင့် ဆုံးသည့် အုပ်စုဖြစ်သည်။ ၁၉၅၈ (ဆွီဒင်)၊ ၁၉၇၈ (အာဂျင်တီးနား)၊ ၁၉၈၈ (ပြင်သစ်) တို့ဖြစ်ကြသည်။

ယခု ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ၄ အုပ်စုထဲတွင် ပါဝင်နေသည်။
၁၉၃၄ ခုနှစ်တွင် အီတလီ၊ ၁၉၅၄ ခုနှစ်တွင် ဂျာမနီ၊ ၁၉၇၄ ခုနှစ်တွင် ဂျာမနီ၊ ၁၉၉၄ ခုနှစ်တွင် ဘရာဇီး အသင်းတို့ ပထမ ရခဲ့ကြ သည်။ သို့ဖြစ်ရာ ၂၀၁၄ ခုနှစ်တွင် ဥရောပမှ အသင်းတသင်းသာ ပထမရမည်ဟု ကမ္ဘာ့ဖလား ဘောလုံးပွဲ သုတေသီ တချို့က ရေးသားနေကြသည်။

ထိုအယူအဆနှင့် ဆန့်ကျင်ဘက် အယူအဆတခုကလည်း ပေါ်လာသည်။ ယင်းမှာ တောင်အမေရိကတိုက်တွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် တောင်အမေရိက တိုက်မှ နိုင်ငံများသာ ပထမ ရခဲ့သည်။ ဥရောပ အသင်းများ ပထမ မရခဲ့ဘူးသေး ဟူသော အယူအဆ ဖြစ်သည်။

တောင်အာဖရိက တိုက်၌ ကမ္ဘာ့ဖလား ဘောလုံးပွဲ ၄ ကြိမ် ကျင်းပခဲ့ဖူးသည်။ ၁၉၃၀၊ ၁၉၅၀၊ ၁၉၆၂၊ ၁၉၇၈ တို့တွင် ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပွဲတွင် ဥရုဂွေး၊ ၁၉၅၀ ပြည့်နှစ် ဘရာဇီး၊ ၁၉၆၂ တွင် ချီလီ၊ ၁၉၇၈ တွင် အာဂျင်တီးနား နိုင်ငံတို့တွင် ကျင်းပခဲ့သည်။ ၁၉၃၀ နှင့် ၁၉၅၀ ကမ္ဘာ့ဖလား ဘောလုံးပွဲများတွင် ဥရုဂွေး ပထမရသည်။ ၁၉၆၂ ချီလီပွဲတွင် ဘရာဇီး၊ ၁၉၇၈ အာဂျင်တီးနားပွဲတွင် အာဂျင်တီးနား အသင်းတို့သာ ပထမရခဲ့သည်။

ထိုနည်းတူစွာ ဥရောပတွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲများတွင် ဆွီဒင် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် တကြိမ်သာ ပထမ ရဖူးသည်။ ဥရောပတွင် ကျင်းပသည့် ၁၉၅၈ ခုနှစ်မှလွဲ၍ ကျန်ပြိုင်ပွဲများတွင် ဥရောပ အသင်းများ သာ ဗိုလ်စွဲခဲ့ဖူးသည်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တောင်အမေရိက တိုက်နှင့် ဥရောပတိုက်မှ ခွဲထွက် ကြားဒေသများဟု ဆိုရမည့် မြောက်အမေရိက တိုက်မှ မက္ကဆီကို၊ အမေရိကန်၊ အာရှတိုက်မှ တောင်ကိုရီးယားနှင့် ဂျပန် (ပူးတွဲ)၊ အာဖရိကတိုက်မှ တောင်အာဖရိက နိုင်ငံတို့တွင်သာ ကျင်းပခဲ့ဖူးသည်။ မက္ကဆီကို နိုင်ငံတွင် နှစ်ကြိမ် ကျင်းပခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလားပွဲတွင် ဘရာဇီးအသင်း ပထမရသည်။ ၁၉၈၆ ပြိုင်ပွဲတွင် အာဂျင်တီးနား ပထမရသည်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အမေရိကန် ပြည်ထောင်စု၌ ကျင်းပသည်။ ဘရာဇီး ပထမရသည်။ ၂၀၀၂ ကမ္ဘာ့ဖလား ဘောလုံးပွဲကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် ကျင်းပခဲ့သည်။ ဘရာဇီးပင် ပထမရသည်။ ၂၀၁၀ ပွဲကို တောင်အာဖရိက နိုင်ငံတွင် ကျင်းပသည့် စပိန်အသင်း ပထမဆုံး ပထမ ရသည်။

သို့ဖြစ်ရာ ကြားပွဲတွင် တောင်အမေရိတိုက် အသင်းများ အထူးသဖြင့် ဘရာဇီးအသင်းက အနိုင်များသည်ကို တွေ့ရသည်။ ဘောလုံးဝါသနာရှင်များ မေ့နေကြမည် ဖြစ်သည့် ကမ္ဘာ့ဘောလုံးပွဲ အတိတ်အကြောင်းကို ပြန်ပြောင်း တင်ပြခြင်း ဖြစ်ပါသည်။
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် အသင်း ၃၂ သင်းစလုံး ပွဲဦးထွက် တပွဲစီ ကစားပြီးခဲ့ကြပြီဖြစ်သည်။ ထင်မှတ်ထား သည့် အတိုင်း ရလဒ်များ ထွက်ပေါ်ခဲ့သလို မထင်မှတ်ထားသည့် ရလဒ်များလည်း ထွက်ပေါ်လာခဲ့သည်။ ကစားပြီးခဲ့သည့် ပွဲများကို အခြေခံ၍ အုပ်အလိုက် သုံးသပ်ကြည့်ချင်သည်။

အုပ်စု (က)
အိမ်ရှင်ဘရာဇီး၊ ခရိုအေရှား၊ မက္ကဆီကိုနှင့် ကင်မရွန်းတို့ပါသည်။ ဘရာဇီးက ခရိုအေးရှားကို ၃း၁ ဂိုးဖြင့် နိုင်သည်။ မက္ကဆီကိုက ကင်မရွန်းကို ၃း၁ ဂိုးဖြင့် နိုင်သည်။ ဇွန်၁၈ ရက်နေ့တွင် ဘရာဇီးနှင့် မက္ကဆီကိုတို့ ကစားခဲ့သည်။ သရေကျသည်။ ရှုံးသင်းနှစ်သင်းဖြစ် သည့် ကင်မရွန်းနှင့် ခရိုအေရှားတို့က ဇွန် ၁၉ ရက်နေ့တွင် ကစားကြမည် ဖြစ်သည်။

ယခုဆောင်းပါးရေးသည့် အချိန်အထိ မကစားရသေးပါ။ စာရေးသူကတော့ ခရိုအေးရှား အနိုင်ရဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ခရိုအေးရှားနှင့် မက္ကဆီကို တို့ ဇွန်လ ၂၄ ရက်တွင် အုပ်စုများ ပွဲသိမ်း ကစားကြရမည့် ပွဲမှ ထွက်ရှိလာမည့် အရှုံးအနိုင်ရလဒ်က အုပ် စု (က) ဒုတိယ နေရာအတွက် အဆုံးအဖြတ် မေးမည့် ပွဲ ဖြစ်သည်။ စာရေးသူကတော့ အုပ်စု (က) တွင် ဘရာဇီး (ပထမ)၊ ခရိုအေးရှား (ဒုတိယ) ရဖွယ်ရှိသည်ဟု ခန့်မှန်း ထားသည်။

အုပ်စု (ခ)
အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ စပိန်ကို ၂၀၁၄ ငွေတံဆိပ်ရှင် နယ်သာလန်က ၅း၁ ဂိုးဖြင့် အပြတ်အသတ် အနိုင် ရရှိသွားသည်။ ဘောလုံးဝါသနာရှင်များ အတွက် ထင်မှတ်မထားသော အရှုံးအနိုင်ရလဒ်ပင် ဖြစ်သည်။
ချီလီကလည်း သြစတြေးလျကို ၃း၁ ဂိုးဖြင့် နိုင်ထားသည်။ ဇွန်လ ၁၉ ရက်တွင် ကစားမည့်ချီလီနှင့် စပိန်ပွဲ တို့က တသင်းသင်း နောက်တဆင့်တက်မည့် ပွဲပင် ဖြစ်သည်။ စပိန်ရှုံးလျှင်ထွက်၊ နိုင်လည်း ရှေ့တဆင့်တက်မည့်ပွဲ ပင်ဖြစ်သည်။ ယင်းအုပ်စုမှ ဟော်လန် ခေါ် နယ်သာလန်က (ပထမ)၊ ချီလီနှင့် စပိန် တသင်းသင်း ဒုတိယရမည်။

အုပ်စု (ဂ)
အုပ်စု (ဂ) တွင် ကိုလံဘီယာ အသင်းက ဂရိကို ၃းဝ ဖြင့် နိုင်သည်။ ဂျပန်က အိုင်ဗရီကို့စ်ကို ၁း၂ ဖြင့် ရှုံးသည်။ လေးသင်းစလုံး ဗိန်မသာ လိန်မသာ ခပ်ညံ့ညံ့အသင်းများ ဖြစ်နေသည်။ ဂျပန်အသင်းမှ ကစားသမား တချို့ ဥရောပ တွင် အနေကြာ၍လားမသိ ဘူရှီဒိုစိတ် ပျောက်နေကြသည်။ ဇွန်၂၄ ရက်ကျမှပင် အဖြေထွက်မည့် အုပ်စုဟု ခန့်မှန်းရသည်။

အုပ်စု (ဃ)
အုပ်စုဖွဲ့စည်းမှု ထူးဆန်းသည့် အုပ်စုဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် နိုင်ငံ ၃ နိုင်ငံ ပါဝင်နေသည်။ အီတလီ (၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆)၊ ဥရုဂွေး (၁၉၉၃၊ ၁၉၅၁) နှင့် အင်္ဂလန် (၁၉၆၆) တို့ ဖြစ်ကြသည်။ ယင်း ၃ သင်းနှင့် ပြိုင်ရမည့် အသင်းက ဗဟို အမေရိကတိုယ်မှ ကော်စတာရီကာ အသင်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးပွဲတွင် ၀င်ခဲ့ဖူးရုံ အဆင့်သာ ရှိသည်။ လက်တွေ့ကစားတော့ ဥရုဂွေးကို ၃း၁ ဂိုးဖြင့်နိုင်သည်။ အင်္ဂလန် အသင်းကတော့ အီတလီ အသင်းကို ၂း၁ ဖြင့် ရှုံးထားသည်။ အီတလီက လက်ကျန်နှစ်ပွဲတွင် တပွဲနိုင်ရုံဖြင့် အုပ်စုတက်မည်။ အင်္ဂလန်အသင်း ကတော့ လက်ကျန်ကစားရန် ရှိသည့်နှစ်ပွဲ အနက်မှ တပွဲရှုံးလျှင် အုပ်စုမှ ထွက်ရမည်။

စိတ်ဝင်စားစရာ ကောင်းသည့် အုပ်စု ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံဟောင်း တသင်းကတော့ မုချ အုပ်စုမှ ထွက်ရမည်။ ကော်စတာရီကာ အသင်း ဆက်လက်ခြေစွမ်း ပြလျှင် ချန်ပီယံဟောင်း ၂ သင်းထွက်ခွာ နိုင်သည်။ ဇွန်လ ၂၀ ရက်တွင် ကစားမည့် အီတလီနှင့် ကော်စတာရီကာ၊ ဥရုဂွေးနှင့် အင်္ဂလန်တို့ပွဲများပြီးလျှင်တော့ အဖြေသိကြရမည် ထင်သည်။

အုပ်စု (င)
ကမ္ဘာ့ ချန်ပီယံဟောင်း ပြင်သစ်နှင့် ဆွစ်ဇာလန်၊ အီကွေဒေါ၊ ဟွန်ဒူးရပ်စ်တို့ နေရာလုကြ ရမည့် ပွဲဖြစ်သည်။ ပြင်သစ်က ဟွန်းဒူးရပ်စ် ကို ၃းဝ ၊ ဆွစ်ဇာလန်က အီကွေဒေါကို ၂း၁ ဖြင့် အဖွင့် ပွဲစဉ်များ၌ နိုင်ထားသည်။ ကမောက်ကမ ရလဒ်များ မထွက်ခဲ့လျှင် ပြင်သစ်နှင့် ဆွစ်ဇာလန်တို့ ၁၆ သင်း ရှုံးထွက်အဆင့် ရောက်မည်။

အုပ်စု (စ)
အုပ်စု (စ) တွင်လည်း ကမ္ဘာ့ ချန်ပီယံဟောင်း အာဂျင်တီးနား၊ နိုင်ဂျီးရီးယား၊ အီရန်နှင့် ယခု ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကျမှ စတင်ပါဝင်ယှဉ်ပြိုင် ခဲ့သည့် ဘော့စနီးယား အသင်းတို့ ပါဝင်သည်။ မက်ဆီခြေစွမ်းပြသော်လည်း ဘော့စနီးယား နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိသဖြင့်သာ ဘရာဇီး ၂း၁ ဂိုးဖြင့် နိုင်ရခြင်း ဖြစ်သည်။ ဂိုးမရှိ သရေကျထား သည့် အီရန်နှင့်နိုင်ဂျီးယားတို့ အိမ်ပြန်တော့မည့် အုပ်စုဖြစ်သည်။

အုပ်စု (ဆ)
အုပ်စု (ဆ) တွင် ရိုနယ်ဒိုနှင့် ပေါ်တူဂီအသင်း ဂျာမနီအသင်းကို ၄းဝ ဂိုးဖြင့် ပွဲဦးထွက် ရှုံးသည်။ အမေရိကန်က ဂါနာကို ၂း၁ ဂိုးဖြင့် နိုင်သည်။ ပေါ်တူဂီ အသင်းရှေ့တဆင့်တက်ရေး အတွက် ဂါနာနှင့် အမေရိကန် အသင်းကို အနိုင်ကစားမှ ဖြစ်မည်။ ဤအုပ်စုတွင် ဂျာမနီနှင့် အမေရိကန်တို့ အုပ်စု တက်နိုင်သည်။

အုပ်စု (ဇ)
ရုရှားနှင့် ဘယ်လ်ဂျီယံကို တောင်ကိုရီးယားနှင့် အယ်လ်ဂျီးရီးယား အသင်းတို့ ကျော်နိုင်ဖွယ် မရှိပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်း ၃၂ သင်း စလုံး ပထမအကျော့ ကစားခဲ့သည်များကို ကြည့်ရှုလေ့လာပြီး ဖြစ်နိုင်ခြေများကို သုံးသပ်တင်ပြရခြင်း ဖြစ်ပါသည်။
ကမောက်ကမ ရလဒ်များဖြင့် အုပ်စုလိုက် ရလဒ်များ ပြောင်းလဲသွားနိုင်ပါ သည်။ သို့ဖြစ်လျှင် ကြိုတင်ခန့်မှန်းထားချက်များ မှားသွားနိုင်ပါ သည်။ မှန်လျှင်လည်း မှန်နိုင်ပါသည်။ အထူး မှာကြားလိုသည်မှာ ကမ္ဘာ့ဘောလုံးပွဲကို အပျော်သက်သက် အားပေးကြသူများ အတွက် ရည်စူးပြီး ခန့်မှန်းချက်များ ပေးရခြင်းဖြစ်ကြောင်း အစီရင်ခံလိုက် ရပါသည်။     ။

ဧရာဝတီ

Air Asia က တောင်ကိုရီးယားနှင့် ဂျပန် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်

Air Asia, Air Asia X, လေကြောင်းလိုင်း, တောင်ကိုးရီးယား, ဂျပန်
ဆူးလေရှန်ဂီလာဟိုတယ်တွင် ယနေ့ ကျင်းပသော Air Asia X လေကြောင်းလိုင်း မိတ်ဆက်ပွဲ အခမ်းအနား (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)

ထိုင်းနိုင်ငံအခြေစိုက် Air Asia လေကြောင်းလိုင်းသည် Air Asia X အမည်ဖြင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပျံသန်းမည်ဖြစ်ပြီး မြန်မာခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဒွန် မောင်း လေဆိပ်မှ တဆင့် ချိတ်ဆက် လိုက်ပါစီနင်းနိုင်ကြောင်း Air Asia လေကြောင်းလိုင်းက ယနေ့ ဆူးလေ ရှန်ဂီလာ ဟိုတယ် တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

“မြန်မာကနေ ဘန်ကောက်အထိ လေယာဉ် အသေးနဲ့ ပျံမယ်။ ဘန်ကောက်ကနေမှ Air Asia X လေယာဉ် အကြီးနဲ့ ပြန်ပြောင်း စီးရမှာပေါ့။ ဘန်ကောက်- ဂျပန်ကလည်း မကြာခင် စတော့မယ်။ မနက်ဖြန်(ဇွန်လ ၁၇ ရက်နေ့) ဘန်ကောက်-တောင်ကိုရီးယား စပြီ” ဟု Asia Asia လေကြောင်းလိုင်း၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးဝေလင်းအောင်က ဆိုသည်။

Air Asia လေကြောင်းလိုင်းသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ သို့ ပျံသန်းမည့် ခရီးစဉ်ကို ဇွန်လ ၁၇ ရက်တွင် စတင် ပြေးဆွဲမည် ဖြစ်ပြီး ဂျပန်နိုင်ငံ တိုကျိုနှင့် အိုဆာကာ မြို့များ စတင်ပြေးဆွဲမည့် နေ့ရက်ကို လတ်တလော မသတ်မှတ် ရသေးကြောင်း၊ Air Asia X  လေကြောင်းလိုင်းသည် Airbus A 330-300 လေယာဉ် ၂ စီးဖြင့် ခရီးစဉ် များ ပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်များတွင် စုစုပေါင်း ထိုင်ခုံ ၃၇၇ခုံ ပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ ခရီးသွားသူ လေယာဉ်စီးခရီးသည် စုစုပေါင်း ၆၃၄၇၀ ကျော် ရှိခဲ့ကြောင်း Air Asia ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Air Asia လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ ခရီးစဉ်များအဖြစ် ရန်ကုန်-ဘန်ကောက်၊ မန္တလေး- ဘန်ကောက် ခရီးစဉ်များကို ပြေးဆွဲလျှက်ရှိပြီး ဆီးဂိမ်းပြိုင်ပွဲ ကာလများအတွင်းက နေပြည်တော်-ဘန်ကောက် ခရီးစဉ်များပါ တိုးချဲ့ပြေးဆွဲခဲ့သည်။

Air Asia X လေကြောင်းလိုင်းသည် Air Asia ပြေးဆွဲနေသော ခရီးစဉ်များအတွက် အားဖြည့်ရန် Air Asia Group ၏ မဟာမိတ် လေကြောင်းလိုင်း အဖြစ် တည်ထောင်ထားသော လေကြောင်းလိုင်းတခု ဖြစ်ကြောင်း Air Asia ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧရာဝတီ