12 Sept 2012
ကင်ဆာ နှင့်  ``အာလူးစိမ်း``

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများစိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကိုမှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။
သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။
သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြားအားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။
အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။
သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းကမဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကိုထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊
ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များလက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။
Ref: www.facebook.com
7 Sept 2012
နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်

အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတော်တို့ ဌာပနာထားရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာသန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Brent Huffman ဟာ လအတော်တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသနမှတ်တမ်းတင်လုပ်ကိုင်နေခဲ့ပါတယ်။ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရရှိထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်းကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်ထုတ်ပြီးဖြစ်နေပါပြီ။ ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ်နိုင်ဖို့အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့နီးကပ်လာနေပါပြီ။ ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်းဒေသနေရာကို စိတ်ဆိုးနေတဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခိုက်မှုတွေ လမ်းတလျောက်မိုင်ထောင်မှုတွေဖြင့်လည်းကြုံတွေ့ရပါတယ်။ တရုပ်ကုမ္မဏီရဲ့ ကြေးနီထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျက်ဆီးဆုံးရှုံးရတော့မယ့်အရေးကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည်ဟု Huffman ကစိတ်မကောင်းစွာဖြင့် CNN ရုပ်သံအင်တာဗျူးတွင်ပြောဆိုခဲ့ပါတယ်။
Ref: Facebook
ဘုရင်ကြီးရဲ့ အပြာရောင်သွား (သို့) Bluetooth အကြောင်း

" ဟေ့ . . မင်းဖုန်းက Bluetooth ကိုဖွင့်လိုက် . . ငါ့ ဖုန်းထဲက Ringtone အမိုက်စားလေးပေးမလို့ " အဲ့ဒီလို စကားမျိုးကို ကိုယ်တိုင်မပြောဖူး မကြုံဖူးရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ ပြောနေသံကို လူတော်တော်များများ ကြားဖူးပါလိမ့်မယ် ။ Bluetooth လို့ နာမည်ဆန်းဆန်းလေးပေးထားတဲ့ ကြိုးမဲ့ သတင်းအချက်အလက် လွှဲပြောင်းပို့ဆောင်ရေး နည်းလမ်းလေးတစ်ခုကို နည်းပညာခေတ်ကြီးထဲမှာ
အတော်လေး ရင်းနှီး ကုန်ကျပါပြီ ။Bluetooth Mouse , Bluetooth Headset , Bluetooth Keyboard စတဲ့ အပြာရောင်သွားလေးတွေကိုသင့် ပတ်ဝန်းကျင် တနေရာရာမှာတော့ တွေ့မြင်နေကျဖြစ်မှာပါ ။
အရင်ဆုံး Bluetooth ဆိုတဲ့ နာမည် အကြောင်းကို အရင်ပြောပါရစေ -
စကင်ဒီနေးဗီးယန်း ဘာသာစကား Blåtand/Blåtann ကို အင်္ဂလိပ်ဘာသာအဖြစ် ပြောင်းလဲထားတဲ့ ဒီ Bluetooth ဆိုတဲ့စကားလုံးဟာ ၁၀ ရာစုနှစ်များလောက်က ဒိန်းမတ်နိုင်ငံကို တစုတစည်းတည်းဖြစ်အောင် တည်ထောင်ခဲ့တဲ့ ဘုရင် Harald Blåtand ရဲ့အမည်ကို အတိုချုပ်ထားခြင်းဖြစ်ပါတယ် ။ ဒီ Bluetooth ဆိုတဲ့နာမည်ကိုအရင်ဆုံး စဉ်းစားမိတဲ့ Jim Kardach က စာရေးဆရာ Frans Gunnar Bengtsson ရေးတဲ့
The Long Ships about Vikings and king Harald Bluetooth ဆိုတဲ့ သမိုင်းဝတ္ထု တစ်အုပ်ကို ဖတ်ရာကနေ အကြံရသွားတယ်လို့ ဆိုပါတယ် ။ ဒဏ္ဍာရီတွေရဲ့ အဆိုအရတော့ အဲ့ဒီ ဘုရင်ကြီးဟာ Blueberry အသီးတွေကို ကြိုက်နှစ်သက်လို့ အမြဲစားရာကနေသူ့ ရဲ့ သွားတွေဟာ ပြာကုန်လို့ ဒီနာမည်တွင်သွားရတာပါတဲ့ ။
အက္ခရာတွေကို စုပေါင်းထပ်ပြီးရေးသားတဲ့ ရှေးခေတ်အရေးအသားတစ်ခု ကနေဆင်းသက်လာတဲ့ Bluetooth ရဲ့ Logo ကတော့ (Hagall) (ᚼ) နဲ့ (Bjarkan) (ᛒ) ဆိုတဲ့ စကားလုံးတွေကိုပေါင်းရေးထားတဲ့ Harald Bluetooth ဆိုတဲ့ အဓိပ္ပါယ်ပါ ။
ဒါဆို Bluetooth ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာဆက်ပြီး ကြည့်ရအောင် -
၁၉၉၄ မှာ Errison ဆိုတဲ့ Telecom ကုမ္ပဏီက စတင်တီထွင်ခဲ့တယ်လို့ ဆိုပါတယ် ။ အဲ့ဒီနောက်တော့ ၁၉၉၈ မှာ Errison ကုမ္ပဏီဟာ တခြား မိတ်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ Intel , Nokia , Toshiba တို့နဲ့ ပူးပေါင်းပြီး Bluetooth Special Interest Group (SIG) ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို နည်းပညာပြန့်ပွားဖို့ တည်ထောင်ခဲ့ပါတယ် ။ SIG ဟာ Bluetooth နည်းပညာ ပြန့်ပွားရေးကို သာ အဓိကထားတဲ့ အဖွဲ့အစည်းဖြစ်လို့ အခုဆိုရင် အသင်းဝင် ကုမ္ပဏီပေါင်း တစ်သောင်းခွဲလောက်တောင် ရှိနေပါပြီ ။
Bluetooth ရဲ့ အလုပ်လုပ်ပုံကတော့ ဒီလိုပါ ရေဒီယို နည်းပညာကို အသုံးပြုထားပြီး Frequency 2.4 - 2.485 GHz အတွင်းမှာ အလုပ်လုပ်တဲ့ Personal Area Network (PAN) လို့ ပညာရှင်များ အသိအမှတ်ပြုကြပါတယ် ။ ကွန်ပျူတာ နဲ့ ဖုန်း ဒါမှမဟုတ် ဖုန်း အချင်းချင်း သတင်း ဒေတာ အချက်အလက်တွေ ပေးပို့တဲ့နေရာမှာ အဓိက အသုံးပြုပါတယ် ။
SIG ထွက်ပေါ်လာပြီး ၂၀၀၀ ပြည့်နှစ်လောက်မှာမှ ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ခဲ့ပါတယ် ။ Version အမျိုးမျိုးနဲ့ အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ခဲ့တာဟာ အခုဆို Version 4 အထိတောင် ရောက်ခဲ့ပါပြီ ။ နာမည်ကြီး ဖုန်းအမျိုးအစားဖြစ်တဲ့ iPhone 4S မှာ Bluetooth 4.0 ကို အထောက်အပံ့ပေးထား ပါတယ် ။ ဗားရှင်းတွေ မြင့်လာတာနဲ့ အမျှ ပါဝါ စားသုံးမှု တွေကိုလည်း တဆင့်ပြီး တဆင့် လျော့ချနိုင်ခဲ့သလို အာရုံခံ တဲ့ အပိုင်းမှာလည်းပိုမို အဆင့်မြင့်လာပါတယ် ။ အခုဆိုရင် SIG အဖွဲ့အစည်းမှာ အသင်းဝင်တွေ များလာလိုက်တာ နည်းပညာလောကရဲ့ နာမည်ကြီး Apple တောင် Board of Directors ဖြစ်လို့ နေပါပြီ ။
အချုပ်ဆိုရရင်တော့ ဒီ Bluetooth ဟာ နည်းပညာ လောကအတွက် အထောက်အကူ အများကြီးဖြစ်ခဲ့သလို ကိုယ်ကျိုးမဖက်တဲ့ အဖွဲ့အစည်းများ ကောင်းမှုကြောင့် ဆက်လက်ပြီးလည်း ရှင်သန် တိုးတက် အသုံးဝင်နေမှာ မလွဲပါပဲ။
Cyra ( TSJ Tech Team )
Ref :http://
ရက် ၁၀၀ အတွင်း Samsung Galaxy S 3 အလုံးရေ သန်း ၂၀ ရောင်းချရ

ရက် ၁၀၀အတွင်း Samsung Galaxy S 3 ရောင်းချမှုဟာ သန်း ၂၀ အထိ ရှိတယ်လို့ သိရပါတယ်။
နောက်တစ်ခုထူးခြားချက်က လက်တလောက် ကာလမှာ အမေရိကန်နိုင်ငံရဲ့  ရောင်းအားအကောင်းဆုံး စမတ်ဖုန်းစာရင်းမှာလည်း Samsung Galaxy S 3 က နံပါတ် ၁ နေရာယူဆဲ ဖြစ်တယ်လို့ သိရပါတယ်။ တရားဥပေဒ ရင်ဆိုင်မှုအရ အမေရိကန်မှာ ရှုံးနိမ့်သွားပေမယ့် Samsung Galaxy S3 ရဲ့ ရောင်းအားဟာ ကျမသွားခဲ့ပါဘူး။
စတင် ရောင်းချတဲ့ မေလကုန်ပိုင်းကတည်းက ယနေ့တိုင် ရေပန်းစားနေတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါကြောင့် Samsung ဟာ အမေရိကန် တရားရုံးမှာသာ Apple ကို ရှုံးနိမ့်ခဲ့ပေမယ့် တောင်ကိုရီးယားအတွက် ဂုဏ်ယူရမယ့် World leading Electronics ကုမ္မဏီအဖြစ် တည်ရှိနေ ပါ သေးတယ်။
-----
Ref:
Aung Kham (TSJ Tech Team)
ကိုကာကိုလာ အသုံးပြုသည့် ဆဲလ်ဖုန်း - ကိုကာကိုလာဖုန်း

ဒီဇိုင်နာ Daizi Zheng က တီထွင်ဖန်တီးထားတာ ဆိုပြီး ပြီးခဲ့တဲ့ နှစ် ဇွန်လ ကတည်းက ရေပန်းစားခဲ့တဲ့ ဖုန်းဒီဇိုင်း ဖြစ်ပါတယ်။
ဓာတ်ခဲအနေနဲ့ ကိုကာကိုလာအချိုရေကို အသုံးပြုမှာ ဖြစ်ပြီး သဘာဝစွမ်းအင် ဆုံးရှုံးမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ထည့်လိုက်တဲ့ ကိုကာကိုလာမှာ ပါဝင်တဲ့ ကာဘွန်ဟိုက်ဒရိုက်တွေကနေ လျှပ်စစ်ဓာတ်ကို ထုတ်ယူမှာ ဖြစ်ပါတယ်။ ကိုကာကိုလာရယ်လို့မဟုတ်ပဲ သကြားဓာတ်များတဲ့ ဘယ်အချိုရည်တွေမဆို ထည့်သွင်းအသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။
ယင်းဖုန်းကို Nokia Green Phone လို့အမည်ပေးထားပြီး နိုကီယာကုမ္မဏီ ထုတ် ဖုန်းဖြစ်လာဖို့ Daizi Zheng ကမျော်လင့်ထားပါတယ်။ ဖုန်းက ဘက်ထရီအနေနဲ့ ကိုကာကိုလာအချိုရည်ကို အသုံးပြု ထားခြင်း ဖြစ်တဲ့အတွက် သာမန် လစ်သီယံ ဘက်ထရီအသုံးပြုတဲ့ ဖုန်းတွေထက် သုံး၊လေး ဆ ကြာရှည်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
----
Ref:
http://techspacejournal.blogspot.com/2012/09/blog-post_7.html
31 Aug 2012
သတင်းထောက်များအား ဇာဂနာ ညစ်ညမ်းစွာဆဲဆို + ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း

ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာနိုင်အောင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည်
ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်း သတင်းရယူနေသော ပြည်တွင်း ပြည်ပ
သတင်းထောက်များအားစွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊
ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းသို့ သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ
ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း ဝန်းပိတ်ဆို့နေကြသည့်
အတွက် ဒေါက်တာနိုင်အောင်နှင့် အဖွဲ့အား လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ
ဆဲဆိုခဲ့ခြင်းဖြစ်သည်။
''သူပြောတဲ့ အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့
ပြောတာ၊ ခင်ဗျား တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊
.""လီ"" ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်း
ထောက်တစ်ဦးက ပြောသည်။
''တကယ်တော့ သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က
ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။
မီဒီယာတွေက ပိတ်နေ တာကို အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့ ပြောရင်လည်း ရမှာပါ။
အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင် ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့
ကျွန်တော်မြင်တယ်။
မီဒီယာဘက်က တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့ ကြိုးစားကြတာပေါ့။
သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း ခုလိုပဲ ဖြစ်ခဲ့တာ''
ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ
ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။
''တို့သတင်းထောက်တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ
အာရုံ စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း ရှိနိုင်ပါတယ်။
ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို အဆဲခံရတာတွေအ
ထိတော့ မဖြစ်သင့်ဘူး။
အထူးသဖြင့် တစ်စုံတစ်ရာအ တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊
သူက လူကြီးပဲ၊ ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ
ကိုသီဟက ပြော သည်။
ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်း သတင်းရယူနေသော ပြည်တွင်း ပြည်ပ
သတင်းထောက်များအားစွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊
ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းသို့ သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ
ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း ဝန်းပိတ်ဆို့နေကြသည့်
အတွက် ဒေါက်တာနိုင်အောင်နှင့် အဖွဲ့အား လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ
ဆဲဆိုခဲ့ခြင်းဖြစ်သည်။
''သူပြောတဲ့ အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့
ပြောတာ၊ ခင်ဗျား တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊
.""လီ"" ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်း
ထောက်တစ်ဦးက ပြောသည်။
''တကယ်တော့ သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က
ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။
မီဒီယာတွေက ပိတ်နေ တာကို အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့ ပြောရင်လည်း ရမှာပါ။
အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင် ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့
ကျွန်တော်မြင်တယ်။
မီဒီယာဘက်က တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့ ကြိုးစားကြတာပေါ့။
သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း ခုလိုပဲ ဖြစ်ခဲ့တာ''
ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ
ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။
''တို့သတင်းထောက်တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ
အာရုံ စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း ရှိနိုင်ပါတယ်။
ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို အဆဲခံရတာတွေအ
ထိတော့ မဖြစ်သင့်ဘူး။
အထူးသဖြင့် တစ်စုံတစ်ရာအ တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊
သူက လူကြီးပဲ၊ ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ
ကိုသီဟက ပြော သည်။
Messenger news
ref: http://shwemyanmarmediagroup.blogspot.com
ဒါကတော့ 2/9/2012 နေ့မှာ ပြန်လည်ဖြည့်စွက်ထားတာပါ...။
လူရွှင်တော် ဦးဇာဂနာမှ မြန်မာဂျာနယ်လစ် ကွန်ယက်သို့ တောင်းပန်စာပေးပို့ခဲ့ပါသည်
သတင်းထုတ်ပြန်ရေးကော်မတီ ၊ မြန်မာဂျာနယ်လစ်ကွန်ရက် ။
ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း
၂၀၁၂ သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။ လေဆိပ်တွင် သတင်းရယူရန် စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပ
ဇာဂနာ
(မှတ်ချက် - နောက်တစ်ခါ လူကို လာတွန်းရဲရင်တွန်းကြည့် ......)
Ref:www.facebook.com
28 Aug 2012
24 Aug 2012
မစိုးရိမ်တိုက်သစ် နာယကဆရာတော် ၀ီရသူ (မစိုးရိမ်) ရဟန်းတော်နှင့် နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှစ၍ ရဟန်းပျိုများ၏ နိုင်ငံရေးတက်ကြွစွာဆောင်ရွက်မှုများ အင်တာနက်၊ ဂြိုဟ်တုစလောင်း စသည့်သတင်းများ၌ ကျယ်ပြန့်စွာ တွေ့ရှိရပေသည်။
ဒီမိုကရေစီကို ချစ်မြတ်နိုးခြင်း၊ လူ့အခွင့်အရေးကို လိုလားတောင့်တခြင်း၊ တရားဥပဒေစိုးမိုးရေးကို လိုလားတောင့်တခြင်း စသောအခြေခံအကြောင်းတရားများကြောင့် တစ်ပွင့်တည်းသောကြယ်၊ တစ်ခုတည်းသော အိမ်မက်ဖြစ်သည့် “အောင်ဆန်းသွေးဇာနည်” ကို အင်တိုက်အား တိုက် ထောက်ခံကြိုဆိုကြခြင်း ဖြစ်ပေသည်။
သို့သော် လူငယ် (ရဟန်းပျို) များဖြစ်သည့်အလျောက် စိတ်ခံစားမှုကိုဦးစားပေးကာ ပါးမှာစတေကာကပ်ခြင်း၊ နဖူးစည်းခြင်း၊ အလံကိုင် လွှင့်ခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဓာတ်ပုံများမြှောက်တင်ခြင်းများပြုလုပ်၍ လွန်လွန်ကဲကဲ အားပေးလာကြသည်ကိုလည်း တွေ့ရပေသည်။
မီဒီယာများကလည်း လွန်ကဲသောအားပေးမှုများကိုသာ ဦးစားပေးဖော်ပြကြသဖြင့် ကျန်ရဟန်းသံဃာများ ဂုဏ်သိက္ခာထိခိုက်ရလောက် အောင် ဣနြေ္ဒပျက်၊ အရှက်မဲ့စွာအားပေးမှုများကို တကမ္ဘာလုံးက သတိထားမိကြပေသည်။
“လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည်” ဟု ဆိုကြပါသည်။ ဘုရားလောင်းလည်း နိုင်ငံရေုးလုပ်ပါသည်။ ဓမ္မနှင့်အဓမ္မ၊ အနိုင်ကျင့်သူနှင့် အနိုင်ကျင့် ခံရသူ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံရသူ ဘက်နှစ်ဖက်တို့တွင် ဓမ္မဘက်၊ အနိုင်ကျင့်ခံရသူများဘက်၊ အဖိနှိပ်ခံရသူများဘက်မှ ရပ် တည်ကာ ဦးဆောင်ဦးရွက်ပြု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တော်လှန်ရင်ဆိုင်ခြင်းများပြုလုပ်ခဲ့သည့် ဇာတ်နိပါတ်တော်များ များစွာရှိပါ သည်။
ဘုရားလည်း နိုင်ငံရေးလုပ်ပါသည်။ ၀ိဋဋူဘ၀တ္ထုကို ကြည့်ပါ။ နှစ်ပြည်ထောင်မင်းတို့ မြစ်ရေကြောင့် စစ်ခင်းမည့်အရေးကိုကြည့်ပါ။ ရာ ဇောဝါဒဇာတ်ကို ကြည့်ပါ။ မင်းကျင့်တရားဆယ်ပါး ဟောကြားတော်မူခဲ့သည်ကို ကြည့်ပါ။ စရိယသုံးပါးတွင် ဉာတတ္ထစရိယသည် အမျိုး သားနိုင်ငံရေးဖြစ်ပြီး၊ လောကတ္ထစရိယသည် အမျိုးသားနိုင်ငံရေးထက်ကျယ်ပြန့်သည့် ပြည်သူ့နိုင်ငံရေးဖြစ်ပါသည်။
နိုင်ငံရေးလုပ်ရုံနဲ့ အာပတ်မသင့်ပါ။ ဂြိုဟ်တုစလောင်းထောင်ခြင်း၊ လိုင်စင်မဲ့ကားစီးခြင်း၊ အတိုးအပွားယူ၍ ငွေချေးခြင်း၊ အနေသနဖြင့် လာဘ်ရအောင်လုပ်ခြင်းတို့လို ဘုရားတားမြစ်ထားသည့်လုပ်ငန်းမဟုတ်ပါ။ ထို့ကြောင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့လို ရဟန်းသိက္ခာ ရဟန်းကျင့်ဝတ်နှင့်အညီ နိုင်ငံရေးလုပ်ကိုင်က ဘုရားအလိုတော်ကျမည်ဖြစ်ပါသည်။
ရဟန်းပျိုသံဃာများအနေဖြင့် ဓမ္မဘက်မှရပ်တည်သည်ကိုလည်းကောင်း၊ အဖိနှိပ်ခံပြည်သူ့ဘက်မှ ရပ်တည်သည်ကိုလည်းကောင်း၊ ဒီမိုက ရေစီသဘောထားအရ ကိုယ့်ဆန္ဒနှင့်ညီသော ပါတီခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင် မည်သည့်ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ ထောက်ခံကြိုဆိုအားပေးသည်ကိုလည်းကောင်း လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပါသည်။ သို့သော် လွတ်လပ်စွာနှင့် စည်းကမ်းပျက်စွာ၊ တက်ကြွစွာနှင့် သရုပ်ပျက်စွာ ခွဲခြားတတ်ရပါမည်။
ဝီရသူလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသော စာသင်သံဃာများ ငွေကြေးအခက်အခဲကြောင့် တက်ရောက်ခွင့်မရမည်ကို မလိုလား၍ ဒိုင်နာကား (၁၄) စီးငှား၍ ကြိုပို့စီစဉ်ပေးခဲ့ပါသည်။ ငွေလေးသိန်းခန့် ကုန်ကျပါသည်။ စည်းကမ်းမပျက်အောင်၊ ဆူပူမှုမဖြစ်အောင် မစိုးရိမ်နာယကများ၊ နာယကလောင်းလျာများက ကြပ်မတ်ဆောင်ရွက်ခဲ့သော ကြောင့် မစိုးရိမ်သံဃာ နာမည်မပျက်ခဲ့ပါ၊ အရှက်မရခဲ့ပါ။
ရဟန်းတော်များ နိုင်ငံရေးမလုပ်ကောင်းဟု အခိုင်အမာယူဆထားသော မျက်လုံးတစ်ဖက်ကန်းနေသည့် ဒေ၀ဒတ်ဂိုဏ်းသားများလည်း မြောက်များစွာရှိနေသဖြင့် ၎င်းတို့ထောက်ကွက်မရလေအောင် ကိုယ်ကျင့်သိက္ခာပြည့်ဝသောနိုင်ငံရေးကို ကိုယ်ကျင့်သိက္ခာပြည့်ဝစွာ ဆောင်ရွက်သင့်ပါသည်။ ရွှေဝါရောင်သံဃာတော်များ ရှေ့သွားရှိပါသည်။
အဓမ္မကို ဓမ္မဖြင့်၊ ဒေါသကို မေတ္တာဖြင့်၊ လက်နက်ကို ကလောင်ဖြင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ တော်လှန်ရေးဆင်နွှဲကာ အသက်ကိုစတေးသွားခဲ့သော ဘ၀ကိုစတေးသွားခဲ့သော၊ အမျိုးဘာသာသာသနာအတွက် သွေးစက်ချ၍ ပေးဆပ်သွားခဲ့သော အရှင် ကောင်း အရှင်မြတ်တို့ကို ငဲ့ညှာသင့်ပါသည်။
ရဟန်းတော်များအားလုံး ပြည်သူ့အတွက်၊ အမှန်တရားအတွက် အရှက်နှင့်သိက္ခာကို မစွန့်လွှတ်မူ၍ အသက်စွန့်ကာ ပေးဆပ်နိုင်ပါစေ။
ယုံကြည်ချက်နှင့် အသက်ရှင်ပါ။
ခံယူချက်နှင့် ရပ်တည်ပါ။
အသက်သွေးနှင့် ပေးဆပ်ပါ။
သရုပ်ပျက်နိုင်ငံရေးကို အားမပေးပါ။
ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ် – မန္တလေး
e-mail.wirathu2012@gmail.com
ဖုန်း ၀၉-၂၀၀၄၀၁၃
Ref: www.facebook.com
23 Aug 2012
ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် မဇ္ဈိမ သတင်း အမှန်ပြင်ရေး
သြဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
အင်္ဂလိပ်ပိုင်း ၀က်ဆိုက်စ် စာမျက်နာတွင် Anti Rohingya demonstration Held in Rangoon (ရိုဟင်ဂျာများကို ဆန့်ကျင် ဆန္ဒပြ) ဟု ခေါင်းစည်းတွင် အစပိုင်းတွင် ရေးသား ဖေါ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် Arakanese demonstrate against UN, INGOs ရခိုင်အမျိုးသားများက ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြ ဟု ရေးသား ဖေါ်ပြခဲ့သည်။
စာသားတွင်လည်း ရခိုင် ၅၀ ခန့်က ရိုဟင်ဂျာများကို ယူအန်နှင့် အိုင်အန်ဂျီအိုများက အကူအညီ ပေးနေမူများကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုခဲ့သည် အစား ရခိုင်အမျိုးသား ၁၀၀ ခန့်က ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ယူအန်နှင့် အိုင်အန်ဂျီအိုများ ဆန္ဒပြတောင်းဆိုဟု ပြန်လည် ပြင်ဆင် ရေးသားခဲ့သည်။
ယခုကဲ့သို့ ပြင်ဆင်ရေးသားပေးမူနှင့် ပတ်သက်ပြီး ဦးဆောင်လူပ်ရှားသူ ကိုစည်သူ၏ သဘောထားကို သိရှိနိုင်ရန် အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
ယနေ့ နိရဉ္စရာမှ လက်ခံ ရရှိသော စာတစ်စောင်တွင် သံဃာတပ်ပေါင်းစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ အဆိုပါ အမှားများ ရေးသား ဖေါ်ပြမူနှင့် ပတ်သက်ပြီး မဇ္ဈိမ တာဝန်ရှိသူများ အနေဖြင့် တောင်းပန်ရန်နှင့် မတောင်းပန်ပါက သံဃာတော်များ၏ သပိတ်မှောက်မူကို ခံရလိမ့်မည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။
၎င်းပြင် စာထဲတွင် သတင်းဌာနများ အနေဖြင့် ရိုဟင်ဂျာအသုံး အနုန်းကို မသုံးဖိုအတွက် ပန်ကြား အပ်ကြောင်းနှင့် နိုင်ငံတော်သမ္မတ သုံးခဲ့သည့် အသုံးအနူန်း ဘင်္ဂလီများဟုသာ သုံး သင့်ကြောင်း ဖေါ်ပြထားသည်။
Ref:http://www.narinjara.com
အံသြဖွယ်ရာ သခွားသီး အစွမ်းများ
၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။
၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။
၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။
၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။
၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။
၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွား ပါလိမ့်မယ်။
၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။
၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။
၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။
၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။
Ref: https://www.facebook.com/ko.pauk.35
မျက်ကပ်မှန်သုံးတဲ့ သူငယ်ချင်းများ သတိထားပါ
ဒီပုံကို သေချာကြည့်ပါ ... တော်တော်ကိုကြောက်ဖို့ ကောင်းပါတယ်
ဒါ ပိုးဝင်နေတဲ့... (မသန့်ရှင်းတဲ့)မျက်ကပ်မှန်တပ်ခြင်းရဲ့ အကျိုးဆက်ပါ ..... တခြားသူတွေ သိအောင် Share ပေးပါ......
(★မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည်သာသုံးပါ....
★မျက်ကပ်မှန်တစ်စုံကို 4လ မှ 6 လအတွင်း ပြောင်းလဲသုံးပါ .....
★မျက်ကပ်မှန် တပ်နေစဉ် မျက်သားထိခိုက်မှု ခမ်းခြောက်မှု နဲ့ ပိုးဝင်မှုတို့ ကို ကာကွယ်ရန် မျက်စဉ်းအမြဲခတ်(ဆောင်ထား)ပါ )
Ref : www.facebook.com
21 Aug 2012
သင့်ရင်သွေး သတိရပါ
အမျိုးသားတွေလည်း လှမ်းပြီးငွေချူနေကြတယ်။
လိုင်းပေါ်တစ်ယောက် အပြင်တစ်ယောက် ယူတော့တစ်ယောက်
ပြန်ပေးတော့တစ်ယောက် ဒီကြားထဲ အိမ်ထောင်သည် မိန်းမ ယောင်္ကျား
တစ်နိုင်ငံသွားစီးပွားရှာတယ် သွားတုန်းကမိသားစုဘဝ
ရည်မှန်းချက် အောင်မြင်အောင်
ပြည့်စုံအောင်သွားတာပါ မိသားစုနဲ့ အနေဝေးတော့ မိသားစု
ဖွဲစည်းထားတဲ့  မိသားစုကို မေ့သွားကြတယ် နိုင်ငံရပ်ခြားတိုင်းတပါး
သွားတုန်းကတော့ မိသားစုချမ်းသာ ပြည်စုံနေထိုင်စေချင်တဲ့ စိတ်နဲ့ သွားတာ
ဟိုရောက်တော့မိန်းမကဖောက်ပြန်...ယောင်္ကျားကဖောက်ပြန်..
နီးစပ်ရာသာယာ သူတို့ တဏှာထတာအရေးမကြီးဘူး
..မြန်မာပြည်ကမိသားစုကိုမေ့ ကိုယ့် မိသားစုကိုပြည်ပမှာရှိတဲ့  မိန်းမမှ
မြန်မာပြည်မှာ ကျန်ခဲ့ တဲ အမျိုးသားလင်ယောင်္ကျားကို ကွာရှင်းဖို့ လှမ်းပြော
ပြည်ပမှာရှိတဲ့ ယောက်ကျာင်္ကလည်း
မြန်မာပြည်မှာကျန်ခဲ့ တဲ့ မိန်းမအမျိုးသမီးကို ကွာရှင်းဖို့ ပြည်ပကနေလှမ်းပြောနဲ့ 
လက်မထပ်ပဲ တူတူနေကြတယ် အပျိုလူပျိုတွေရော အိမ်ထောင်သည်တွေရော
ဒီတော့ကြားက ကလေးတွေ ဒုက္ခ ရောက်ပြီ မိသားစုဆိုတဲ
့ဖွဲ့ စည်းပေါင်းစပ်မှုကိုမေ့နေကြပြီ မြန်မာပြည်ကနေထွက်ခွာတော့ မိသားစုကို
အားရရွှင်လန်းစွာနဲ့  ကျမ်းမာအောင်နေဖို့  ပြည့်စုံအောင်ထားဖို့မှာကြား လှမ်းပြော
အဆင်ပြေကြရဲ့ လား လို့ ပူပင် စိတ်ထားလို့  ပြည်ပကလည်းမှာ
ပြည်တွင်းကလည်းလွမ်း အပြန်အလှန်ပြောဆို နေကြတယ် ကြာလာတော့
မိသားစုကိုမေ့
အနေနီးတာသာယာတာလား သူတို့ တဏှာကြီးကြတာလားကြားထဲက
ကလေး သူငယ်တွေက ဘ၀မှာ သိမ်ငယ်စွာနဲ့  လောကမှာအလယ်မှာ
လူခြင်းတူတူ စိတ်ဓာတ် သိမ်ငယ်စွာ နေထိုင်ကြီးပြင်းရတော့မှာ
ကိုယ်မွေးထားတဲ့  သားသမီးလေးတွေ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရမှာ
ကိုယ်အပျော်နေတာ တကယ်အတည်နေထိုင်တာ အဝေးကအိမ်သူ
အိမ်သား မိသားစုကို စိတ်ဆင်းရဲအောင် စိတ်ပင်ပမ်းအောင် တစ်ယောက်နဲ့တစ်ယောက်
လှမ်းပြောဆိုနေတာ ကြတာ မြင်နေကြားနေတွေ့ နေရတယ် တချို့ မိသားစုကို
ပြန်မဆက်သွယ်တော့တာ ဘ၀ပျက်မှာ ကိုယ့်သား သမီးသတိနဲ့  ယှဉ်စိတ်ထားပြင်
အတွေးအခေါ်င်္စဉ်းစားနော် ပိုက်ဆံရှာလို့ ရတယ် ထမင်းမငတ်ဘူး
တဏှာနဲ့ ကြည့်ပြီး ပေါင်းရင်မိသားစု အသိုက်ပျက်တတ် တဏှာထနေကြတော့
စကားနားမထောင်ကျဘူး တပ်မက်မှုတွေများ နေကျတောသူတို့ အပူနှစ်ဖက်
မိဘတွေလည်းကူးတယ်။
ကြားထဲက ကလေးတွေလည်းကူးတယ် ဆွေမျိုးတွေလည်း ဒေါသဖြစ်တယ်
သူတို့ ၂ယောက် တဏှာကြီးလိုက် သေးလိုက်ဖြစ်တာ အရေးမကြီးဘူး
ကြားက ကလေးတွေ တန်ဖိုးမဲ့ တဲ သားသမီးဖြစ်မှာ
ခုလည်းတစ်ယောက် တစ်နေရာနေကြတာလေနော် အပိုတွေဘာလို့ ပြောနေကြမလည်း
တူတူညအိပ် စပ်ယှက်နေလို့ လား သားသမီးတွေနဲ့  လည်းကွဲနေတာကြတာလေ
ပေါင်းနေရလို့ လား တန်ဖိုးမဲ့ တဲ့ စကားတွေမပြောနဲ့ အသိတရားရှိအောင်
နားလည်သဘောပေါက်အောင် ရှင်းပြတာနော်။
်ဘာဖြစ်ဖြစ် ကိုယ့် မိသားစုဖြစ်တာနော် သူများမိသားစုမဟုတ်ဘူး မိသားစုဆိုတဲ့ 
သဘောကိုသေချာစဉ်းစား ချမ်းသာလည်းအထင်မကြီးဘူး ဆင်းရဲလည်းအထင်မကြီးဘူး
ပညာတတ်လည်းအထင်မကြီးဘူး
ပညာမဲ့လည်းအထင်မကြီးဘူးရာထူးဂုဏ်ထူးရှိလည်းအထင်မကြီးဘူး
သူတို့ ကို အထင်လည်းမသေးဘူး အသိတရားရှိတဲ လူကိုတော့
သူတောင်းစားဖြစ်ပေ့စေ* မ..မ * အထင်ကြီး တယ်လေးစားတယ်နော်
အသိတရားရှိတဲ့ လူက
လူဘ၀မှာ လူဖြစ်နေလည်း ပစ်စည်းဥစ္စာမချမ်းသာလည်းပညာမရှိလည်း
လူပြည်က နတ်ပြည်တမျှ သူနဲ့ ပတ်သက်တဲ့ လူနတ်သတ္တ၀ါမှန်သရွှေ
့သူကြောင့် စိတ်ချမ်းသာမှု ဖြစ်ရတယ်တဲ့ သူကြောင့်သူပတ်ဝန်းကျင်
သာယာစေတယ်
ငွေကျေးချမ်းသာ ပညာတတ်လည်း သူကအသိမရှိရင် ဂုဏ်ထူးရာထူးရှိလည်း
အလကားပဲတဲ့ သူကြောင့် သူ့ ပတ်ဝန်းကျင် မိဘဆွေမျိုးသားသမီးသူနဲ
့စပ်ဆက်ပတ်သက်မိ သမျှကို ငရဲတမျှ ပူလောင်စေတယ်တဲ့ 
ဘာကြောင့်လည်းဆိုတော့ သူကသူရူးလိုလူမျိုး လူပြည်ရောက်နေလည်း
ငရဲနမိတ်ပြလိုသူနဲ့ ပတ်သက်ဆက်စပ်သမျှ မိသားစု သတ္တ၀ါ အကုန်
ပူလောင်စေတယ်နော် ဒီတော့ ကိုယ်က အသိတရားရှိတဲ့ လူလား
အသိပညာမဲ့သူလား လူလို့ သာခေါ်နေတာ လူစစ်ရဲ့လားစဉ်းစားပေါ့
နော်ကိုယ်ကြောင့် မိဘ ဆွေမျိုး မိမိပတ်ဝန်းကျင်ကို တစ်ခါမှ စိတ်ရောလူရော
ဘယ်သူမှဒုက္ခမပေးပါနဲ့  ကိုယ်နဲ့ ပတ်သက် ဆက်စပ်တာမှန်သမျှအတတ်နိုင်ဆုံး
စိတ်ချမ်းသာ ကိုယ်ချမ်းသာအောင်ထားပါ မျက်ရည်ကျစရာရှိလည်း
ကိုယ်တစ်ယောက်ဘဲ မျက်ရည်ကျပါ။ပူစရာဘယ်သူမှမပေးပါနဲ့ 
သူများမကောင်းကြောင်းလည်းနားမထောင်ပါနဲ
ကိုယ်အကြောင်းလည်းလာစပ်စုရင်မပြောပါနဲ့ 
အသိုက်ပျက်တာ စရိုက်ပျက်တာလည်း မကြိုက်ဘူး
လူဘဝ
ခဏလေးမို့ 
ဘယ်သူလာလာ
ဖြူဖြူစင်စင်ချစ်ခင်ပါ
တန်ဖိုးရှိတယ် တန်ဖိုးသိတယ်ထင်လို့ ပြောတာနော် ဒီစာကိုသတိရတိုင်း ထုတ်ဖတ်ပေါ့
တတ်နိုင်ရင် ပတ်ဝန်းကျင်ပါပြ ငါ့မိသားစုကို
ငါလုပ်ကျွေးမယ်ဆိုတဲ့  စိတ်ထားဘဲထားလိုက်ပါ ပြစ်ထားတဲ့စိတ်
တစ်ကိုယ်ကောင်းစံခဲ့ ရင် မိမိရဲ့ မိသားစု အသိုက်ပျက်ပြီ
အနီးနားကစောင့်ရှောက်မှု့သားသမီးလေးတွေကို မပေးနိုင်ဘဲနဲ့ 
သားသမီးလေးတွေ အနီးကပ်ရှာဖွေကျွေးမွေးစောက်ရှောက်နေတဲ့လင် ဖြစ်စေ
မိမိမယားဖြစ်စေ အဝေးကနေ အပြစ်လှမ်းတင်နေ ကွာရှင်းခိုင်းလုပ်နေကြတာနော်
ခွေးမတောင် သားသမီး အန်ကျွေးသေးတယ် တစ်ရာသီဘဲ မိတ်လိုက်တယ်
လူထက် ခွေးကပိုတော်နေပြီ ခွေးထက်ယုတ်ညံတဲ့ လူမဖြစ်စေနဲနော်
သတိ
ပိုတယ်မရှိ
သင့်ကြောင့်
အပူ
မကူးပါစေနဲ့  :
မိသားစုကို စောင့်ရှောက်ထိမ်းသိမ်း ပါ။
ယခုလက်ရှိအချိန်တန်ဖိုးရှိတယ်။
သင့်ကြောင့်မိသားစုဘ၀ ပျက်စီး လစ်ဟင်းတယ်နော် လောလောဆယ်
ကလေးတွေကို အနီးကပ်စောင့် ရှောက်နေတဲ့ လူကပိုပင်ပမ်းပါတယ်
နားလည်တယ်နော် ......မ..မ.........ရေးသင့်တယ်ထင်လို့ ရေးတာပါ၊
ကြက်တောင်ရှင်မကသူ့ (--)ကိုမွေးကတည်းက
ကြက်တောင်နဲ့ ကလိမှအငိုတိတ်တယ်
ဘုရားရှင်လက်ထက်ထဲက
(သိရိမာ)ဆိုတဲ့ ပြည့်တန်ဆာမရှိသည်
ကောသလမင်းအိမ်မက်
ရှေ့ ကကြိုးကျစ် နောက်ကခွေးစား
အလကားစကားမဟုတ်ဘူး
ဘုရားဟောတာခု စင်္ကာပူ၊မလေးရှား၊ဒူဘိုင်း၊နိုင်ငံရပ်ခြားတိုင်းတစ်ပါး
ရောက်တာမကြာသေးဘူး
ယခုဘေးမှာမြင်နေရတာ ကြားနေရတာတွေ အဝေးတိုင်းတပါး
ရောက်တာမှမကြာသေး ဘူးလင်ကိုကွာရှင်းခိုင်းနေတာမြင်နေလို့ 
သိသင်တယ်ထင်လို့  ပြောထားတာပါ။
မိမိဘယ်အမျိုးအစားထဲပါလည်း။
စဉ်းစာစားပါ တွေးခေါ်ပါ။
မ.မ ရေးထားတာမုန်းလည်းမတတ်နိုင်ဘူး ရေးသင့်တယ်ထင်လို့ ပါ
ဘယ်သူမုန်းမုန်းပြုံးနေပါတယ် သိသင်တယ်ထင်လို့ ပါနော်......................။
( မိမိ မိသားစုက ရှာဖွေကျွေးမွေး စောင့်ရှောက်ပေးကမ်း ထိမ်းသိမ်း
အနစ်နာခံနေသောသူများအား ရှိပါသည်။
ထိုသို့ သောသူများအားမရည်ညွန်းပါ။ )
ကောင်းမှု့တစ်ခု နေ့စဉ်ပြု ကောင်းကျိုး ကိုယ်၌တည်ပါစေ။
တစ်ဦး တစ်ယောက် ကောင်းဖို့ရောက်မူ တစ်ယောက်သူမှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
လောကတံထွာလူတို့ ထံတွင်
အမှန်သဘော မရှိသောရှင့်
လောကီအစုတ် လူတို့ နှုပ်ကား
မဟုတ်လည်းပြော
ဟုတ်လည်းပြော၏....
(မာဏ္ဍဒေ၀ပျို့)
ညစ်ပေသော သင်၏ စိတ်ဓါတ် ကျွန်နုပ်၏ ဖိနပ်ချွပ်မှာ ထားခဲ့ ပါ။
မကျေနပ်လည်းမတတ်နိုင်ပါ။
ရေးတတ်သလိုရေးထားပါသည်။
တိုက်ဆိုင်မှု့ ရှိလျှင် မတတ်နိုင်ပါ။
သင့်ရင်သွေး သတိယပါ။
ရွှေမြို့တော်မှမ.မ
Ref: www.facebook.com
19 Aug 2012
အရက်နှင့်ဆေး တွဲဖက်မသုံးပါနှင့်

မည်သည့် ဆေးဝါးမျိုးကိုမဆို အရက်နှင့်တွဲဖက်မသုံးစွဲ မမှီဝဲသင့်ကြောင်း သုတေသန ပညာရှင်များက သတိပေးပြောကြားလိုက်သည်။ အရက်သည် တချို့သော ဆေးဝါးများ၏ မူလပမာဏကို သုံးဆခန့်မြင့်တက်သွားစေနို င်ခြင်းကြောင်း ဖြစ်သည်ဟုဆိုသည်။
ဆေးဝါးတချို့သည် ခန္ဓာကိုယ်အတွက် ဆေးဝါးရရှိနိုင်မှုကို သုံးဆခန့်မြင့်တက်စေနိုင် ကြောင်း ဓာတ်ခွဲစမ်းသပ်မှုများအရ သိရှိရသည်။ Monash Univorsity မှ ဆေးဝါးဗေဒတွဲဖက်ပါမောက္ခ Christel Bergstrom က ဦးဆောင်ပြုလုပ်သော သုတေသန၏ တွေ့ရှိချက်ဖြစ်သည်။
ဆေးဝါးများကို သတ်မှတ်ပမာဏ သုံးစွဲထားသော်လည်း အရက်သည် ခန္ဓာကိုယ်ရရှိနိုင်မှုကို သုံးဆခန့်မြင့်တက်စေနိုင် သည်ဟု Monash ကပြောကြားခဲ့သည်။ ဈေးကွက်အတွင်းမှ ဆေးဝါး ၅၀၀၀ ခန့်ကို စစ်ဆေးခဲ့သည်ဟု သိရသည်။
အရက်သည် မည်သို့မည်ပုံ ဆေးဝါးများ၏ ပျော်ဝင်နိုင်မှုကို အားကောင်းစေသည်ဆို ခြင်းနှင့် စွမ်းရည်သုံးဆ ပိုလာခဲ့သည်ဆိုခြင်းကို ရှာဖွေနိုင်ခဲ့ကြသည်။ စမ်းသပ်စစ်ဆေးခဲ့ပြီး ဆေးဝါး ၂၂ မျိုးအနက် ၆၀ ရာခိုင်နှုန်းကျော်မှာ အရက်ကြောင့် ပိုမိုပျော်ဝင်နိုင်စွမ်းရှိလာသည်။ လျင်မြန်စွာ ပျော်ဝင်နိုင်ကြသည်။ အက်စစ်သတ္တိရှိသော ဆေးဝါးများအပေါ် အကျိုးသက်ရောက်မှု ပိုကဲစေသည်ဟု ဆိုသည်။ သွေးခဲခြင်းကို ဆန့်ကျင်သည့် ဆေး warfarin ကင်ဆာရောဂါကုဆေး Tamoxifen နှင့် အကိုက်အခဲနှင့် အရောင်ကျဆေး Naproxan တို့သည်အက်စစ်သတ္တိရှိသော ဆေးဝါးများဖြစ်ကြ သည်။
အရက်နှင့်ဆေးဝါးများ တွဲစပ်မသောက်ကြရန် သုတေသနပညာရှင်များ၏ သတိပေး ချက်မှာ အလေးထားဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်သည်။
Health
ဆေးဝါးတချို့သည် ခန္ဓာကိုယ်အတွက် ဆေးဝါးရရှိနိုင်မှုကို သုံးဆခန့်မြင့်တက်စေနိုင် ကြောင်း ဓာတ်ခွဲစမ်းသပ်မှုများအရ သိရှိရသည်။ Monash Univorsity မှ ဆေးဝါးဗေဒတွဲဖက်ပါမောက္ခ Christel Bergstrom က ဦးဆောင်ပြုလုပ်သော သုတေသန၏ တွေ့ရှိချက်ဖြစ်သည်။
ဆေးဝါးများကို သတ်မှတ်ပမာဏ သုံးစွဲထားသော်လည်း အရက်သည် ခန္ဓာကိုယ်ရရှိနိုင်မှုကို သုံးဆခန့်မြင့်တက်စေနိုင် သည်ဟု Monash ကပြောကြားခဲ့သည်။ ဈေးကွက်အတွင်းမှ ဆေးဝါး ၅၀၀၀ ခန့်ကို စစ်ဆေးခဲ့သည်ဟု သိရသည်။
အရက်သည် မည်သို့မည်ပုံ ဆေးဝါးများ၏ ပျော်ဝင်နိုင်မှုကို အားကောင်းစေသည်ဆို ခြင်းနှင့် စွမ်းရည်သုံးဆ ပိုလာခဲ့သည်ဆိုခြင်းကို ရှာဖွေနိုင်ခဲ့ကြသည်။ စမ်းသပ်စစ်ဆေးခဲ့ပြီး ဆေးဝါး ၂၂ မျိုးအနက် ၆၀ ရာခိုင်နှုန်းကျော်မှာ အရက်ကြောင့် ပိုမိုပျော်ဝင်နိုင်စွမ်းရှ
အရက်နှင့်ဆေးဝါးများ တွဲစပ်မသောက်ကြရန် သုတေသနပညာရှင်များ၏ သတိပေး ချက်မှာ အလေးထားဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်သည်။
Health
Facebook
26 Jul 2012
ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ
ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့
အကြောင်းသိကောင်းစရာ
=====================
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ခရစ်နှစ်၂၀၁၂ခုနှစ် ယခုနှစ် သြဂုတ်လ ၂-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ခဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။
မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အသင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။
ထို့အပြင် ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည်
ထို့ကြောင့် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ စပ်ဆိုထားကြသည်
(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )
(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )
(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။
ref: facebook.com

































