25 Apr 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုသာ လိုလားတယ်(သူရ ဦးရွှေမန်း)

သူရ ဦရွှေမန်းကို ၂၀၁၂ ခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ညီလာခံတွင် တွေ့ရစဉ် 
(ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
 
 
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်တာမျိုးကိုပဲ လိုလားပြီး အသစ် ရေး ဆွဲတာမျိုး ကို မလိုလား ဘူးလို့ ယခင်စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့သူ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကကြီး သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ၂၀၀၈ ခုနှစ် လူထုဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးသူ ၉၃ ရာခိုင်နှုန်း ကျော်သော
မြန်မာနိုင်ငံသားတွေရဲ့ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ ကို လော လော ဆယ် လိုက် နာကြရမှာဖြစ်တယ်လို့လည်း သူက ပြောထားတာကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ဖော်ပြထားပါတယ်။ 

အခြေခံ ဥပဒေကို အသစ်ရေးဆွဲမယ်ဆိုရင် မလိုလားအပ်တဲ့ ကိစ္စတွေ ကြုံတွေ့ရမှာဖြစ်ပြီး အခြားနိုင်ငံတွေ မှာ လည်း ပြင်ဆင်၊ ပြောင်းလဲခဲ့တာတွေ ရှိသလို မိမိတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း 
ပြုပြင် ပြောင်းလဲရမယ့် အချက်တွေကိုသာ ပြုပြင် ပြောင်းလဲသွားရန်သာလိုတယ်လို့ သူရ ဦးရွှေမန်းက ဆိုပါတယ်။ 

ဒီလို ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးလုပ်ဆောင်တဲ့အခါမှာ မူတွေဘောင်တွေအတွင်းကပဲ ဆောင်ရွက်ဖို့ လိုပြီး တိုင်းပြည် ကောင်းစားရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ထောက်ခံသွားရမှာဖြစ်တယ်လို့ ရန်ကုန် တောင်ပိုင်း ခရိုင် ထွေ/ အုပ်ရုံးမှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ မြို့မိ၊ မြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်းက ပြောသွားပါကြောင်း အစိုးရ သတင်းစာတွေက ဆိုပါတယ်။


ဘင်္ဂါလီ အိမ်ထောင်စု ၆၀၀၀ ကျော် သန်းခေါင်စာရင်းပေးသွင်း




ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိးလို့ ပြော ဆိုနေသူတွေထဲက ဘင်္ဂါလီနာမည်ခံပြီး သန်းခေါင်စာရင်း ပြန်လည်အကောက်ခံတဲ့ အိမ်ထောင်စု ၆ဝဝဝ ကျော်ရှိနေပြီလို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က RFA ကို ဒီကနေ့ ပြောပါတယ်။ ဧပြီလ ၁၀ ရက်နေ့ နောက် ပိုင်း ပြန်လည်ကောက်ခံရာမှာ အခုလို ဘင်္ဂါလီနာမည် ကိုလက်ခံပြီး စာရင်းပေးသွင်းခဲ့တာဖြစ်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

“ဘင်္ဂါလီလူမျိုးတွေထဲမှာ တချို့က ရိုဟင်ဂျာ လို့ဖြေပြီးတော့ ရိုဟင်ဂျာလို့မရေးရင် အကောက်မခံဘူးဆိုပြီးတော့ ကျန်နေတဲ့ အဖွဲ့တွေရှိပါတယ်၊ သူတို့ရဲ့လူမျိုးအမည် မထည့်ဘဲနဲ့ အကောက်ခံလိုပါတယ်ဆိုပြီးတော့ ပြန်ပြီးတော့ကောက်ခံ တဲ့ အဖွဲ့တွေလည်းရှိတယ်၊ တချို့ကလည်း အိမ်ထောင်စုစာရင်းထဲမှာ ဘင်္ဂါလီအနေနဲ့ မှတ်တမ်းတင်ထားတယ်၊ သူတို့ရဲ့ white card တွေမှာလည်း ဘင်္ဂါလီဆိုတာပါတဲ့အတွက် ဘင်္ဂါလီနဲ့ ပြန်ပြီးကောက်ခံတာတွေရှိတယ်၊ အဲဒါတွေကို ကျနော်တို့က သန်းခေါင်စာရင်းကောက်တဲ့ကာလ ဧပြီလ ၁ဝ ရက်နေ့ နောက်ပိုင်းကစပြီးတော့ ကျနော်တို့ ဆက်တိုက်ကောက်လာတာ လူခြောက်ထောင်ကျော်လောက်တော့ ပြန်ပြီးတော့ကောက်ယူရပြီးဖြစ် ပါတယ်”

ဒါပေမဲ့  ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တွေမှာ ရိုဟင်ဂျာလို့ မရေးရင် အကောက်မခံတဲ့ အဖွဲ့တွေလည်း ကျန်နေသေးတယ်လို့ ပြောပါတယ်၊

သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်နေသေးတဲ့သူတွေထဲမှာ လူမျိုးအမည်မထည့်ပဲ ကွက်လပ်ထားပြီး ကောက်ခံမယ် ဆိုရင် အဲဒီကွက်လပ်နေရာမှာ အစိုးရက လူမျိုးနာမည်တစ်ခုခု ဖြည့်သွင်းတာတွေ ပြုလုပ်မှာမဟုတ်ကြောင်း အာမခံပေးဖို့ တောင်းဆိုနေတာတွေလည်းရှိတယ်လို့ ပြောပါတယ်၊

ဒီအခြေအနေတွေကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်တဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ဒီကနေ့ ထွက်ခွာသွားပြီလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

မတ်လ ၃၀ ရက်နေ့က နိုင်ငံတ၀ှမ်း သန်းခေါင်စာရင်း စတင်ကောက်ခဲခဲ့ရာမှာ ရခိုင်ပြည်နယ်နဲ့ နယ်မြေအေးချမ်းမှုမရှိတဲ့ ကချင်ပြည်နယ်ထဲက နေရာတချို့ကလွဲရင် ရာနှုန်းပြည့်နီးပါး ကောက်ခံနိုင်ခဲ့တယ်လို့ ဆိုပါတယ်၊ အစိုးရက သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်နေသေးတဲ့နေရာတွေအတွက် နောက်ထပ် သီတင်း ၈ ပါတ်တိုးပြီး ကောက်ယူနေတာလည်း ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။



အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဘယ်လောက် ဖြစ်မလဲ


photo:google

မြန်မာနိုင်ငံ မှ အလုပ်သမား တို့သည် ယခင် အစိုးရ လက်ထက် နှစ်ပေါင်းများစွာ အသံတိတ်နေခဲ့ ရာမှ လက်ရှိ အရပ်သား အစိုးရ လက်ထက် တွင် ၄င်းတို့၏ မကျေနပ်မှု များ၊ လိုအပ်ချက် များကို ပွင့်လင်းစွာ ထုတ်ဖော် လာခဲ့ကြသည်။ စားဝတ်နေရေး စရိတ် နှင့် ရရှိသည့် လုပ်ခလစာ မမျှတမှု သည် ၄င်းတို့ အတွက် အဓိက အခက် အခဲ ဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ မှသည် လက်ရှိ အချိန်အထိ အလုပ်သမား ဆန္ဒပြမှု များ ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲပင်။ ထိုအခြေအနေ တွင် အစိုးရက အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် နည်းဥပဒေ တို့ကို ၂၀၁၃ ခုနှစ်တွင် ပြဌာန်း ခဲ့သည်။ ထို့နောက် အနည်းဆုံး အခကြေးငွေကို ယခုနှစ် ကုန်တွင် သတ်မှတ်နိုင်မည် ဟုလည်း အစိုးရ က ကြေငြာ ထားသည်။ ထို့ကြောင့် အနည်းဆုံး အခကြေးငွေ အတွက် အလုပ်ရှင်။ အလုပ်သမားတို့ကြား ဆွေးနွေးမှု အခြေအနေ နှင့် အမျိုးသား ကော်မတီ မှ ဆောင်ရွက်မှုများကို မေးမြန်းဖော်ပြလိုက်ပါသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အတွက် နောက်ဆုံးလုပ်ဆောင်နေတဲ့ အခြေအနေကို သိလိုပါတယ်။

အမျိုးသား ကော်မတီရဲ့ အစည်း အဝေးတော့နှစ်ခါ လုပ်ပြီးပြီ။ မူအဖြစ် တော့ သတ်မှတ်ထားတာ ရှိတယ်။ ဥပမာ ကျွန်တော်တို့ အနိမ့်ဆုံး လုပ်ခ လစာသတ် မှတ်မယ် ဆိုရင် တစ်နိုင်ငံလုံး အနေနဲ့ သတ် မှတ်မ လား။ ဒေသအလိုက် သတ်မှတ် မလားဆိုတော့ ဒေသအလိုက် သတ်မှတ် တာကို လိုချင်တယ်လို့ တင်ပြ ထားတယ်။ ကျွန်တော် တို့ တင်ပြတာကို အလေးထားပုံ ရတယ်။ အခု ဒေသတွေမှာ ဆွေးနွေးပွဲ တွေ လုပ်နေတယ် ဆိုတော့ ဒေသအလိုက် သတ်မှတ် ဖို့က ဖြစ်လာပုံရတယ်။

CMP (လက်ခစား)လုပ်ငန်းတွေကို ဦးစား ပေးသတ်မှတ်မယ်လို့ သိရတယ်။ လက်ရှိ မှာ CMP လုပ်ငန်းတွေ ကို သတ်မှတ်ဖို့ ဘာတွေ လုပ်နေလဲ။


CMP ကို ဦးစားပေး သတ်မှတ် မယ်လို့ပြောထားတာရှိတယ်။ အဲဒါက ဘယ်လိုသတ်မှတ်ကြမလဲမသိဘူး။ ကျွန် တော်တို့ပြောထား တာက CMP မဟုတ် တဲ့ အခြား အလုပ်သမားတွေ ကလည်း ကျွန်တော် တို့နိုင်ငံ မှာ အများစုဖြစ်တယ်။ စိုက်ပျိုးရေး တို့၊ မွေးမြူရေး တို့ဆိုလည်း အများစုပဲ၊ CMP ကို ဦးစားပေးသတ် မှတ်မယ် ဆိုရင် တခြား လုပ်ငန်းတွေက မကျေ မနပ်ဖြစ်ကြမယ်။

CMP က အလုပ်ရှင်၊ အလုပ်သမားကိုယ် စားလှယ်တွေ ဆွေးနွေးပြီး နှုန်းတစ်ခု သတ်မှတ်ထားတယ်လို့ သိရတယ်။

ဟုတ်တယ်။ သူတို့ဆွေးနွေးထား တာရှိတယ်။ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ကလည်း မြို့နယ် ၄၆ ခုကို ဆင်းပြီး စစ်တမ်းကောက် ထား တဲ့ နှုန်း တစ်ခု ကို အမျိုးသား ကော်မတီကို တင်ထား တယ်။ အဲဒီနှုန်း ကတော့ တစ် ရက်ကို ကျပ် ၇ဝဝဝ ရမှ အဆင်ပြေ မယ်ပေါ့။ အမျိုးသား ကော်မတီ ကတော့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေက တက် လာမယ့် အနိမ့်ဆုံး လုပ်ခလစာ သတ် မှတ်ရေး အစီရင်ခံ စာကို မူတည်ပြီး ပြည် နယ်နဲ့တိုင်း က အလုပ်သမားတွေကို ဆက် သွယ်ပြီး မေးမြန်းရ မှာပေါ့။ အဲ လိုမေးပြီး မှ အတည်ပြုပေးမှာပါ။

နှုန်းကတော့ ထွက်မလာသေးဘူး။ တင် ထားတာတော့ ရှိတယ်။ ၇ဝဝဝ ဆို တော့ ဒီနှုန်းကို အလုပ်ရှင် ဘက်က သဘောတူ ပါ့မလား။

သူတို့ဘက်က သဘာဝ အရတော့ ဒါ ကန့်ကွက် မှာပဲလေ။ သူတို့ကတော့ နည်းနိုင်သမျှ နည်းအောင် သတ်မှတ် ချင်မှာပေါ့။ ကျွန်တော်တို့ ဆီမှာ ပညာ ရှင်တွေ ရှိတယ်။ သူတို့တွေက ဝိုင်းဝန်း ဆန်းစစ်ပြီးတော့ မှ ဒါဖြစ်သင့်လား၊ မဖြစ် သင့်လား ဆုံးဖြတ်ကြမှာပေါ့။

CMP လုပ်ငန်းတွေရဲ့ လက်ရှိအနေ။

CMP ကို မပြောခင် ဆောက်လုပ် ရေးလုပ်ငန်းတွေ မှာ တောင်တစ်ရက် ကို အနိမ့်ဆုံး ၄ဝဝဝ/ ၅ဝဝဝ ရကြတယ်။ စက်ရုံအလုပ်ရုံ CMP လုပ်ငန်းတွေက အခုမှ တစ်လကို ၇ဝဝဝဝ/၈ဝဝဝဝ ပေးတယ်။ အနိမ့်ဆုံး လုပ်ခ လစာမထွက် သေးလို့ လို့ပြောတယ်။ ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေတောင်ပေး နိုင် တာ ပြည်ပကို အိတ်စပို့ လုပ်နေတဲ့ CMP တွေက ဘာလို့ မပေးနိုင်ရတာလဲ။

၂ဝ၁၄ နှစ်ကုန် အပြီး အနည်းဆုံး အခ ကြေးငွေ သတ်မှတ်မယ် လို့ ပြောတယ်။ ဒါဖြစ်နိုင်ပါ့မလား။ ၂ဝ၁၄ အမီပြီးပါ့ မလား။

သတ်မှတ်နိုင်တယ် လို့ပဲ ပြောရမှာ ပေါ့။ ၂ဝ၁၄၊ ခြောက်လပိုင်း ကို လွှတ် တော်ကို တင်မယ်လို့ ဝန်ကြီး ကပြောထားတာ ရှိတယ် ဆိုတော့ ခြောက်လပိုင်း ကို အ ဖြေ တစ်ခုထွက်အောင် သူတို့လုပ်မှာပေါ့။

စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦး၏ ဖြေကြားချက်

အနည်းဆုံး အခကြေးငွေနှုန်းထား သတ် မှတ်ဖို့ အတွက် အလုပ်သမား အဖွဲ့တွေ က တစ်ရက် ၇ဝဝဝ ပေး ရမယ် ဆိုပြီး တင်တာ ရှိတယ်။ CMP လုပ်ငန်းတွေမှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်လို့ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ် တွေ ဆွေးနွေးနေ တာလည်း ရှိတော့ လက်ရှိ ဆွေးနွေးနေတဲ့ အခြေ အနေ လေး သိချင်ပါတယ်။

တစ်ဖက်က တိုးတောင်းတယ်။ တစ် ဖက်ကလည်း နည်းနိုင်သလောက် နည်း အောင် ပေးချင်တယ်။ အစိုးရက ကြား ဝင်မှပဲ ရမယ်။ အစိုးရက ဝင်မညှိရင် တော့ တစ်ဦးနဲ့ တစ်ဦး အငြင်း ပွားတာ တွေ ဖြစ်နေ မှာပဲ။ လက်ရှိမှာ အနည်းဆုံး အခကြေးငွေနှုန်း ထားတွေကို လွှတ် တော်ကို မတင်ရသေးဘူး။ အမျိုးသား လွှတ်တော် တို့၊ ပြည်ထောင် စု လွှတ်တော် တို့ကို တင်ရဦးမယ်။

CMP (လက်ခစား) လုပ်ငန်း အတွက်ဆွေး နွေးတာ တစ်ရက်ကို ၅၆ဝဝ ပေါ့။ အလုပ် သမားအဖွဲ့က တင်တာ ၇ဝဝဝပေါ့။ ဆိုတော့ ဒီနှုန်းတွေကို အလုပ်ရှင် ဘက် က ပေးနိုင် ဖို့ အခြေအနေကို သိချင်ပါတယ်။

၇ဝဝဝ ဆိုတော့ ၇ ဒေါ်လာ ကျော်သွားတာပေါ့။ နိုင်ငံအနေနဲ့ အဲဒီ လောက်ဖြစ်ရင်တော့ စက်ရုံ အများကြီး ပိတ်သွားလိမ့်မယ်။ အခုတောင်မှ Export မလုပ်နိုင် ဘူးလေ။ လျှပ်စစ် စရိတ်ကလည်း ကိုယ်ပိုင် မီးစက်နဲ့ လည်ရတော့ အခက် အခဲရှိတယ်။ လက်ရှိ ရနေတာ တစ်နေ့ကို ၂၅ဝဝ၊ တစ်နေ့ကို ၃၅ဝဝ ပေးရင်တောင် စက်ရုံ တချို့ ပိတ်သွား ရလိမ့်မယ့် အနေအ ထားရှိတယ်။ ဒါ့အပြင် တစ်နယ်နဲ့ တစ်နယ် လုပ်သား ခဈေးတွေ ကလည်း မတူဘူး။ အလုပ်ရှင် အလုပ်သမား ဆွေးနွေးတဲ့ အခါ နယ်က မိတ္ထီလာတို့ ဘာတို့ကဆို တစ်လ ခြောက်သောင်း ပေးပါ ဆိုတော့ သူတို့ဆီ မှာ သုံးလေးသောင်း နဲ့ရတယ်။ မပေးနိုင် ဘူး။ ဒါက အလုပ်ရှိရှိ မရှိရှိပေး ရတာပေါ့။ နေ့စားဆို တစ်ရက် ၃ဝဝဝ ပေးနိုင်တယ် ပေါ့။ ဆိုတော့ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရင် အဆင်ပြေမှာ မဟုတ်ဘူး။

CMP လုပ်ငန်းတွေကို ဦးစားပေး အနေနဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်မယ် လို့သိရတယ်ရှင့်။ တခြား ကဏ္ဍတွေလည်း ရှိတဲ့ အခါကျတော့ ဒီလုပ်ငန်းကို မှ ဘာကြောင့် ဦးစားပေး သတ်မှတ်ရတာလဲ။

အလုပ်သမား သပိတ်မှောက်တဲ့ ၉ဝ ရာခိုင်နှုန်း က သူတို့ပဲလေ။ လှိုင်သာ ယာမှာတောင် တစ်နေ့တည်းနဲ့ ခုနစ်မှု၊ ရှစ်မှုဖြစ်နေတာ။ CMP တွေပဲ ဖြစ် နေတာ။ တခြား စက်ရုံတွေက နည်းပါတယ်။ သူတို့တောင်း တဲ့နှုန်းကို လုပ်ငန်း ရှင်က မပေးနိုင်ဘူး။ အဲဒီတော့ သူတို့ကို နစ်နာကြေး အလုပ်ထုတ်ဖို့ ကျတော့လည်း လက်မခံဘူး။ ညှိပေးပါ ပဲပြောတယ်။ အနည်း ဆုံးအခကြေးငွေ ကို ဥပမာပေါ့။ တစ်လ တစ်သိန်းဆို တစ်သိန်း အစိုးရက သတ်မှတ် လိုက်ရင် သူတို့ ပိုလိုချင်လို့ ဆန္ဒပြတယ်။ အစိုးရက ဒီလောက် သတ်မှတ် ထားတယ်။ အဆင်မပြေရင် အဆင်ပြေတဲ့ ဆီသွား လုပ်၊ ဒီလိုမျိုးဖြေရှင်းလို့ ရတာပေါ့။

အလုပ်ရှင် အလုပ်သမား ညှိလို့ အဆင်မပြေ ဘူးလို့ အထက် မှာပြောသွားတယ်။ နှုန်း တစ်ခု သတ်မှတ် လိုက်လို့ စက်ရုံတွေ မလုပ်နိုင်လို့ ပိတ်သွားတဲ့ အခြေ အနေ တွေ ဖြစ်နိုင်တယ်လို့ ဆိုတဲ့ အခါကျတော့ ဘယ်လို ပုံစံမျိုးလုပ်ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ် လို့ ယူဆပါသလဲ။

အခု ရနေတာ ၂၅ဝဝ၊ ၂၅ဝဝ က နေပြီးတော့ ၃၅ဝဝ၊ နောင်နှစ် ၄၅ဝဝ ဒီလိုပဲ တစ်ဆင့်ပြီး တစ်ဆင့် တစ်ဆင့် တိုးမယ် ဆိုရင်တော့ လုပ်ငန်းရှင်တွေ ဘက်က ခံသာ တာပေါ့။ ဒီလိုမှ မဟုတ်ဘူး ၂၅ဝဝ ကနေ ၇ဝဝဝ တစ်ပြိုင်တည်း တက်သွားရင် စက်ရုံ တော်တော်များများ ပိတ်သွား ရလိမ့်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ် နှံ မှုတွေ လည်း လာတော့မယ် မထင်ဘူး။

Popular News Journal


“တံမြက်စည်းလှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ”



ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊ ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း
သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။ အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊ မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ သန့်ရှင်းရေးဝေယျာဝေစ္စဆောင် ရွက် တာတွေ သိရလို့ ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။

ဒါကြောင့် သူတို့လေးတွေ ပိုမိုကုသိုလ်ပွားနိုင်စေရန်အလို့ငှါ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှည်းရုံ နဲ့ ကောင်းကျိုးအလီလီခံစားရတဲ့ မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

သူ့နာမည်က “သကိံသမ္မဇ္ဇမထေရ်”လို့ ခေါ်ပါတယ်။ ၀ိပသီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်း ဟာ တစ်နေ့မှာ “သခွက်ဗောဓိပင်” ရှေ့ရောက်တဲ့အခါ ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့ တယ်။ နောက်ပြီး အဲအပင်အောက် မှာ ပြန့်ကျဲနေတဲ့ သစ်ရွက်တွေကို သန့်ရှင်းချင် စိတ်ပေါ်လာတာနဲ့ တံမြက်စည်းကိုင်ပြီး လှည်းခဲ့ပါတယ်။

တံမြတ်စည်းလှည်းခဲ့တာလေးကို စိတ်ထဲ အပြန်အလှန် အောက်မေ့ရင်း အပြန်မှာ စပါးကြီးမြွေနဲ့တွေ့လို့
အမျိုခံလိုက်ရပါတယ်။ သူဟာ ကောင်းတဲ့ အာရုံနဲ့ သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာ
နတ်သားသွားဖြစ်ခဲ့ပါတယ်။ နတ်စည်းစိမ်ကို ခံစားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ နောက်ကျူခြင်း မရှိ၊ အမြဲကြည်လင်နေခဲ့တယ်။ နုနာ၊ ၀ဲနာ၊ ပွေးနာ၊ ၀က်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့ အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။ စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ တည်ငြိမ်နေတယ်။
တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။ သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင် လုပ်နိုင်တယ်။
နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊ အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်၊ တွေဝေစရာအာရုံ၌ မတွေဝေရပါ။
တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့ “အပါယ်လေးပါး” လားရတယ်ဆိုတာ မရှိခဲ့ပါဘူး။

နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ အာသဝေါကုန်ခမ်းလို့ “ရဟန္တာ” ဖြစ်ရပါတယ်။

ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။ တစ်ကြိမ်တစ်ခါ စေတနာ ထက်သန်စွာ တံမြတ်စည်း လှဲခဲ့တာလေးတောင် ခုလို ကြီးမားတဲ့အကျိုးပေးတယ်ဆိုရင် အကြိမ်များ စွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး
စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။

ဒါ့အပြင် မိမိငယ်စဉ်က ရဖူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ ရေးတဲ့ ဆရာတော်ကိုတော့ မမှတ်မိတော့ပါ ဘူး။ “သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊ နတ်တို့လေးစား၊ သနားချစ်ခင်၊ ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊ နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်”တဲ့။ တံမြတ်လှည်းရခြင်းရဲ့ အကျိုးငါးပါးဖြစ်ပါ တယ်။

လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော ကြည်လင်ပါတယ်။ ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေ လို့ နတ်တွေလေးစားတယ်။ ချစ်ခင်စောင့်ရှောက်တယ်။ ဂုဏ်သတင်းတွေ သင်းပျံ့တယ်။ သေရင် နတ်ပြည်ရောက်တယ်။

ဒါကြောင့် မိတ်ဆွေများအားလုံး တံမြက်စည်းလှည်း ကုသိုလ်ယူခြင်းဖြင့် ကောင်းကျိုးတရားတွေ ရရှိနိုင်ကြပါစေ။

- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source


သွေးတိုးခြင်းအတွက် အကောင်းဆုံး လက်နက်



ဒန့်သလွန်သီးကို လူတိုင်း စားသုံးကြပေမယ့် ဒန့်သလွန်ရွက် ကတော့ စားသုံးသူနည်းပါတယ်။ ဒါပေမယ့် လည်း ဒန့်သလွန်ရွက်မှာ ဆေးဘက်ဝင် အာနိသင်တွေ များစွာပါ ရှိလို့ မိဘပြည်သူတွေ အတွက် မျှဝေပေးလိုက် ရပါတယ်။

ဒန့်သလွန်ရွက်ဟာ ဟင်းချိုအဖြစ် ချက်ပြီး သောက်နိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရှိသူများ ဒန့်သလွန်ရွက်ကို အရည် ညစ်ပြီး သောက်ပါက သွေးတိုးရောဂါကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။ ၎င်းဆေးနည်းဟာ ယခုမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးယခင် ကတည်းက ရှိပြီးသားဖြစ်တဲ့ သဘာဝ ဆေးကောင်း တစ်လက်ဖြစ်ပါတယ်။

ဒါကြောင့် သွေးတိုးရောဂါ ရှိသူများ ဒန့်သလွန်ရွက်ကို မှီဝဲပါလို့ တိုက်တွန်းလိုက် ပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ



ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့



ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥ အား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေး ကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ် သည်ဟု အကြံပြု တိုက်တွန်းခဲ့ကြသည်။

သုတေသန ပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါးသော်လည်း ပရိုတင်း ဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နို အက်စစ်ဓာတ်သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ် လူရွယ်များ အတွက် မရှိမဖြစ် အရေးပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။

ကြက်ဥတွင် ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ် ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများ အနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုးကျေးဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။

ကြက်ဥနှင့် ပတ်သက်၍ အရေးပါသော တွေ့ရှိမှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့် ပတ်သက်၍ အရေးပါသော ဓာတ်စာအရင်း အမြစ်တစ်ခု ဖြစ်သည်ဟု သုတေသန ပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ ကြောင်း သိရသည်။

X Gym Fitness Club - Myanmar


ကမ္ဘာ့ ဇိမ်အရှိဆုံး ထောင်


Angel on 2014-04-25 18:23

ပုံမှာ မြင်တွေ့ နေရတာက Bastoy ထောင်က အကျဉ်းသားတစ်ယောက်ပါ။ Bastoy ထောင် ဟာ နော်ဝေနိုင်ငံမှာ တည်ရှိပြီး ထောင်သားအများစုက လူသတ်တရားခံနဲ့ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ လူတွေ ဖြစ်ပါတယ်။ ဒီထောင်ဟာ ကမ္ဘာမှာ လုံခြုံရေးအနည်းဆုံးထောင်လည်းဖြစ်ပါတယ်။ နော်ဝေနိုင်ငံ၊ အိုစလိုမြို့ တောင်ဘက် ၄၆ မိုင်အကွာက Bastoy ကျွန်းပေါ်မှာ တည်ဆောက်ထားတာပါ။

ထောင်သားတွေဟာ သစ်လုံးအိမ်တွေမှာနေထိုင်ပြီး ထောင်ရဲ့ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြရပါတယ်။ အားလပ်ချိန်မှာ မြင်းစီး၊ ငါးမျှား၊ တင်းနစ်ရိုက်၊ နှင်းလျှောစီး စတဲ့ အားကစားတွေ ကြိုက်နှစ်သက်သလို လုပ်နိုင်ပါတယ်။ ဒီကျွန်းကို ရောက်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းက ဖယ်ရီလှေ တစ်မျိုးပဲရှိတာပါ။

ထောင်သားတွေမှာ ကိုယ်ပိုင်အခန်းသော့တွေရှိပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်။ အစောင့်တွေ ဟာ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့အပြင် ထောင်ခြံစည်းရိုးတောင်မရှိပါဘူး။

ထောင်သားတွေ မှာ အချိန်ပိုများစွာရှိပြီး Gym ကစားခန်းမမှာ အချိန်ဖြုန်းနိုင်သလို ကမ်းခြေမှာလည်း သွားရောက် အပန်းဖြေနိုင်ပါသေးတယ်။

ကျွန်းမှာ ထောင်သားဦးရေ ၁၁၅ ယောက်ကို ထိန်းသိမ်းထားပြီး ထောင်ဝန်ထမ်း ၆၉ ယောက်ရှိပါတယ်။ ညအချိန်တွေမှာ ထောင်စောင့် ငါးယောက်ပဲ ထားရှိပေမယ့် ထွက်ပြေးသူအကျဉ်းသားတစ်ယောက်မှ မရှိပါဘူး။

Bastoy ထောင်ကို ကမ္ဘာ့လူသားအဆန်ဆုံးထောင်၊ အလွတ်လပ်ဆုံး၊ဇိမ်အကျဆုံးထောင်အဖြစ် နာမည်ပေးထားကြပါတယ်။







Ref: Wikipedia.org
Trend Myanmar


စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း



(၁) ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ

စိတ်ဓာတ် ကျနေရင် အခန်းအောင်းပြီး အိပ်ရာထဲ ခွေမနေပါနဲ့။ ခပ်သွက်သွက် လမ်းထလျှောက်လိုက်ပါ၊ ဒါမှမဟုတ် ပြေးလိုက်ပါ.. ဒါဆိုရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ အထွက်တိုး လာပါလိမ့်မယ်။ စိတ်တင်းကျပ်နေရင်၊ ဖိစီးမှုများနေရင် စက်ဘီးစီးတာ၊ ပြေးစက်ပေါ် မှာ ပြေးတာ၊ ယောဂကျင့်တာတို့ကို ပြုလုပ်ပေးလိုက်ပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် အထွက် တိုးကာ စိတ်ဓာတ်ကျတာ သက်သာသွားပါလိမ့်မယ်။

(၂) အလေးမ လေ့ကျင့်ခန်း လုပ်ပါ

အလေးမတာက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို လျော့ပါးစေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ နည်းပါ။ အလေးမတာကြောင့် ကြွက်သားတွေ သန်စွမ်းကျစ်လျစ်ကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ကို ကောင်းစေပြီး ခန္ဓာကိုယ်ကို သန်စွမ်း ကျန်းမာစေပါတယ်။

(၃) နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ အချိန်ပေးပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။ ကာကွယ်မှုဆိုင်ရာ ဂျာနယ် ရဲ့ လေ့လာမှုအရ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ကို တည်ဆောက်ပြီးချိန်မှာ စိတ်ဓာတ်ကျစရာ အကြောင်းတွေ ရှိလာရင်တောင် စိတ်ဓာတ်ကျတဲ့ အတွေးမျိုး မဝင်စေဘူးလို့ သိရပါတယ်။

(၄) ဆေးဝါးအစား လေ့ကျင့်ခန်းကို အစားထိုး လုပ်ဆောင်ပါ

သင်က လတ်တလော အခြေအနေမှာ ယာယီ စိတ်ကျတဲ့ အခြေအနေအတွက် ဆေးဝါးတွေကို မှီဝဲနေတယ် ဆိုရင် ဒါမှမဟုတ် ကုသမှု ခံယူနေတယ်ဆိုရင် လေ့ကျင့်ခန်းကို တွဲလုပ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကာကွယ်မှုဆိုင်ရာ ဆေးဂျာနယ်မှ လေ့လာမှုအရ စိတ်ဓာတ်ကျနေသူတွေဟာ တစ်ပတ်မှာ အနည်းဆုံး သုံးနာရီ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဆေးကုတာနဲ့ ယှဉ်ရင် ပိုပြီး သိသိသာသာ သက်သာလာကြောင်း တွေ့ ရပါတယ်။

(၅) စိတ်ဓာတ်ကျမှု ပြန်မဖြစ်ရန် ပုံမှန် လေ့ကျင့်ခန်းလုပ်သော အလေ့အထ ဖန်တီးပါ

ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဓာတ်ကျတာကို တွန်းလှန်နိုင်ရုံသာမက စိတ်ဓာတ်ကျမှု ထပ်မံ မဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာက ဘဝမှာ နည်းအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေရင် အရာရာကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်မှု မရှိသလို စွမ်းအင်တွေလည်း ကျဆင်းကာ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကျဝေဒနာ မဖြစ်အောင် ကာကွယ်လိုက်ပါ။

X Gym Fitness Club - Myanmar


အစိမ်းရောင် ပန်းသီးဖျော်ရည်က ဝိတ်ကျစေနိုင်ပါတယ်



အစိမ်းရောင် ပန်းသီးဖျော်ာရည်ဟာ ကိုလက်စရောဓာတ်များကို လျော့ချပေးနိုင်တဲ့ အတွက် ဝိတ်ကျချင် သူများ အထူးပင် သောက်သင့်တဲ့ ဖော်ရည်တစ်မျိုး ဖြစ်ပါတယ်။

ဝိတ်ကျစေရုံတင် မကဘဲ ကျန်းမာရေး အတွက်ပါ အထောက်အကူ ပြုနိုင်ပါတယ်။ ခန္ဓာကိုယ် အတွက် ခွန်အားကို ဖြစ်စေလို့ နေ့စဉ်သောက်သင့်တဲ့ ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။

X Gym Fitness Club - Myanmar


ဆေးစားစရာမလိုဘဲ အမြန်ဝိတ်ချနည်း



ကျန်းမာရေးအတွက် ဘာဆေးမှ စားစရာ မလိုပဲ တကယ် ဝိတ်ချလို့ရပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းများကို လုပ်နိုင်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။

၁။ အသီး နဲ့ အရွက်ကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပုံမှန် ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကယ်လိုရီဓာတ် နည်းတဲ့ အစားအစာများ၊ သဘာဝ အက်ဆစ်ဓာတ်များတဲ့ အစားအစာမို့ အဆီတွေကို တိုက်ဖျက်ရာမှာ အင်မတန် အရေးပါတဲ့အစားအစာများ ဖြစ်ပါတယ်။

၂။ အငံဓာတ် များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အငံတင် မကပဲ အဆီအဆိမ့် ဓာတ်အရမ်း များတဲ့ အစားအစာများက ဝိတ်မြန်မြန် တက်စေ ပါတယ်။

၃။ နို့ထွက် အစားအစာများ ဖြစ်တဲ့ ချစ်၊ ထောပတ်နဲ့ နို့မလိုင် များက အမှန်တကယ် ရှောင်သင့်တဲ့ အစား အစာတွေထဲမှာ ပါဝင်ပါတယ်။ အသား ၊ ဟင်းရွက်မဟုတ် အစားအစာ များကလည်း ဝိတ်မတက်ရန် ရှောင် စား၊ လျော့စားဖို့လိုအပ်ပါတယ်။

၎။ ဟင်းခတ်အမွေးအကြိုက်များဖြစ်တဲ့ နံနံ၊ ကြက်သွန်၊ ဂျင်းနဲ့ အခြား ဟင်း ခက်၊ ဟင်းသီးဟင်းရွက် တို့ဟာလည်း ဝိတ်ကျဖို့ အထောက်အကူပြုတဲ့ အစားအစာ များဖြစ်တာမို့ နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ (ဥပမာ- ဂျင်းပြုတ်ရည် ပုံမှန်သောက်သုံးပေးခြင်း၊ ဂျင်းစိမ်းဟင်းရည်၊ နံနံပင် ဟင်းရည်များ ချက်ပြုတ်စားသောက်ခြင်း)

၅။ ကြက်ဟင်းခါးသီး၊ ဒန့်သလွန်သီးတို့ဟာဆိုရင်လည်း ကာဘွန်ဟိုက်ဒရိတ် ဓာတ်အင်မတန် များတဲ့ အစားအစာများ ဖြစ်ပြီး အဆီပိုဖယ်ရှားဖို့အတါက် အထောက်အကူပြုတာမို့ ဝိတ်ချတဲ့ ဆေးအချို့ တွေ မှာ တောင် ထည့်သွင်း အသုံးပြုတတ်တယ်လို့ သိရပါတယ်။

၆။ ဝိတ်မြန်မြန် ကျစေတဲ့ နောက်တစ်နည်းက ပျားရည်သောက်ခြင်းပါ။ မနက်အိပ်ယာထတိုင်း လက်ဘက်ရည် ဇွန်းတစ်ဇွန်းစာ ပျားရည်ကို လက်ဖက်ရည်ခွက်အရွယ် ထဲ ထည့်ပြီး ရေပူ (ရေနွေး) နဲ့ ဖျော်သောက် ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ မနက်တိုင်း ပုံမှန် သောက်သုံး ခြင်းဖြင့်လည်း ဝိတ်ကျနိုင်ပါတယ်။

၇။ ဂေါ်ဖီထုပ် (မုန်လာထုပ်) လို့ခေါ်တဲ့ Cabbage ကလည်း ကာဘွန်ဟိုက်ဒရိတ်ဓာတ် (သဘာဝရေဓာတ်) များတဲ့ အစားအစာ ဖြစ်ပြီး နည်းမျိုးစုံ ချက်ပြုတ်စားသောက်ခြင်းဖြင့် ဝိတ်ကျစေပါတယ်။

၈။ အားကစား ပြုလုပ်ခြင်းပါ။ အားကစား ပြုလုပ်ခြင်းကလည်း အင်မတန် အရေးကြီးပါတယ်။ အစား ကတော့ နည်းလမ်းကျအောင် စားသုံး ပေမယ့် လေ့ကျင့်ခန်း အားကစားမလုပ်ပဲ ထိုင်နေရင် အလကား ပါပဲ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း အစရှိ သဖြင့် မိမိနှစ်သာရာ အားကစား တစ်ခုကို ရွေးချယ်ပြီး တစ်စိုက် မက်မက် ကစားခြင်းဖြင့်လည်း ဝိတ်ကျစေပါတယ်။

၉။ နောက်တစ်ခုကတော့ သံပုရာရည်ပါ။ သံပုရာရည်မှာတောင်မှ ရေနွေးတဲ့ ဖျော်တဲ့ သံပုရာရည်က အဆီကျဖို့ ပိုမို အထောက်အကူ ပြုပြီး ပျားရည်နဲ့လည်း ရောစပ် သောက်သုံး နိုင်ပါတယ်။ မနက် အိပ်ယာ ထတိုင်း သောက်ခြင်းဖြင့် ဝိတ်ကျ စေနိုင် ပါတယ်။

၁၀။ အစားလျော့စားခြင်းပါ။ အစား ကို ပုံမှန်စားတဲ့ နှုန်းထက် တတ်နိုင် သလောက် လျော့ဖို့လိုပါတယ်။ လိုတာထက် ပိုလျော့တာမျိုး မဟုတ် ပါဘူး။ လိုအပ် သလောက်သာ စားသုံးခြင်းသာ ဖြစ်ပြီး သရေစာ စားသုံးမှုကို ရှောင် ရှား ရပါမယ်။ ထမင်းစားတဲ့ အချိန် တစ်ချိန်နဲ့ တစ်ချိန် နီးစပ်နေမှု ကို ရှောင် ပြီး အနည်းဆုံး လေးနာရီလောက်တော့ ခြားရ မှာ ဖြစ်ပါတယ်။ ညစာ စားသုံးမှုနေရာ မှာ အသီးအရွက်နဲ့ သစ်သီးဖျော်ရည် သောက် သုံးခြင်းဖြင့် လည်း ဝိတ်ကျစေတဲ့အပြင် အသားအရည်ပါ လှပလာစေနိုင်ပါ တယ်။

X Gym Fitness Club - Myanmar



ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ



ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက် စေနိုင်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီ ပိုမို လောင် ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့် ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါ တယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင် ပစ္စည်းတွေ ကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက် တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထ ကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာ တာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

 X Gym Fitness Club - Myanmar


ဝမ်းဗိုက်အဆီတွေ လျှော့နည်းစေဖို့



အသက် ၂၀ ကျော်လာပြီဆိုရင်ကို ဗိုက်ခေါက်လေးက ထွက်လာပြီနော်။ ၀တဲ့လူတွေဆို ပိုဆိုးတာပေါ့။ စားတာများပြီး လှုပ်ရှားမူနဲရင်၊ အထိုင်များရင် တခြားနေရာတွေထက် ဗိုက်မှာအရင် အဆီတွေစုလာ ပါလေရော။ ဗိုက်ခေါက်ထွက်လာပြီ ဗိုက်ပူလာပြီဆိုထဲက အ၀တ်အစားဆိုရင်လည်း ၀တ်ချင်တာ ၀တ်လို့ မရတော့ဘူး။ ဗိုက်ခေါက်ကို ထင်သာမြင်သာရှိမယ့် အ၀တ်အစားဆိုရင် ရှောင်နေရလို့လေ။ လူရှေ့သူရှေ့ ထွက်ရမှာကိုလည် ယုံကြည်မှုမရှိတော့ဘူး။ ယောကျာ်းလေးတွေက တော်သေးတယ်။ ရင်နှင်းတို့ မိန်းကလေးတွေက ပိုဆိုး.. ကျပ်ကျပ်ညပ်ညပ် ၀တ်ချင်ကြတာကိုး။ အဲဒီတော့ ချပ်ချပ်ရပ်ရပ် ဖြစ်ဖို့ လိုတာပေါ့။ ဒီတော့ ရင်နှင်းက နည်းလမ်းလေးတွေ ပေးမယ်။ မပျင်းဖို့တော့ လိုတာပေါ့။ အလှပဂေးတွေဖြစ် ဖို့ သေချာလေး လိုက်လုပ်ပေးနော်။

Eat A Low Fat Diet

ဗိုက်ပူစေတဲ့ အကြောင်းအရင်းက ၂ ခုပဲရှိတယ်။ စားသောက်မှုပုံစံ မှားယွင်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာ။ အဲဒီတော့ အဲဒီ ၂ ခုကို ပြင်ရမယ်ပေါ့နော်။ ၂ ခု လုံးကို ပြင်ရမှာနော်။ လေ့ကျင့်ခန်း ဘယ်လောက် လုပ်လုပ် တ၀တပြဲစားနေရင် ဘာမှထူးလာမှာမဟုတ်ဘူးလေ။ ဗိုက်အဆီအတွက် အဓိကကတော့ အစား အစာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို တော်သင့်ရုံပဲ စားမယ်ဆိုရင် လှုပ်ရှားမှု သိပ်မရှိရင်တောင် အချိန်အတိုင်းအတာ တစ်ခုအထိတော့ ဗိုက်အဆီတွေ တတ်လာမှာမဟုတ်ဘူး။ အဲဒီတော့ အစားအသောက်ပုံစံကို ပြောင်းပါ။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွတ်တွေ သစ်သီးဝလံတွေ များများစားပါ။ အသားဓာတ်အတွက်တော့ အဆီနဲတဲ့ ကြက်ရင်အုံသား၊ ပဲအမျိုးမျိုး ကိုစားပေးပါ။ ဆီကြော်တွေ၊ အဆာပြေအသင့်စားစရာတွေ၊ အနီရောင်အသားတွေကို မေ့လိုက်တာ အကောင်းဆုံးပါပဲ။ အရမ်းစားချင်ရင်တော့ နဲနဲလောက်ပဲစားနော်။ သုတေသနတွေအရ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကြက်သား၊ ငါး၊ ဥတွေ စားတဲ့သူတွေဟာ တခြားအစားအစာတွေကို စားသုံးသူတွေထက် ဗိုက်အဆီတွေ ပိုကျလွယ်တာကို တွေ့ရပါတယ်တဲ့။

Drink More Water

ရေများများသောက်ပါ။ ရေဟာ ရင်နှင်းတို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပိုလျှံတဲ့ပစ္စည်းတွေ၊ အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးတယ်လေ။ အဲဒီအခါ အသည်းမှာ ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်းတွေ စုပုံမနေတော့ဘဲ အသည်းက ကောင်းကောင်းအလုပ်လုပ်နိုင်တယ်။ အဆီတွေကို ချေဖျက်ပေးတဲ့ သည်းခြေရည်တွေ ကို ကောင်းကောင်းထုတ်ပေးနိုင်တော့ အဆီတွေလည်း ခန္ဓာကိုယ်ထဲမှာ စုပုံမနေတော့ဘူးပေါ့။ ရေတွေပဲ အများကြီးမသောက်ချင်ရင်လည်း သစ်သီးဖျော်ရည်တွေ သောက်လို့ရတယ်နော်။

Exercise

ကိုယ်လက်လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ဒါပေမယ့် အားကစားခန်းမကို တကူး တက သွားနေစရာမလိုသလို လမ်းကိုလည်း တစ်ရက်ကို တစ်မိုင်လောက်လျှောက်စရာမလိုပါဘူး။ လမ်းလျှောက်သွားလို့ရမယ့်နေရာကို ကားမစီးဘဲနဲ့ လမ်းလျှောက်သွားပါ။ ဖြစ်နိုင်ရင် လမ်းသွက် သွက်လျှောက်ခြင်း၊ ပြေးခြင်းနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ရေကူးတာကလည်း တစ်ကိုယ်လုံး က အဆီတွေကို ကျစေနိုင်တဲ့ လေ့ကျင့်ခန်းကောင်းတစ်ခုပါ။ ၀မ်းဗိုက်ကို အဓိကအသားပေး တဲ့ လေ့ကျင့်ခန်းတွေကတော့ အိပ်ထမတင်လေ့ကျင့်ခန်းနဲ့ ခါးလှည့်လေ့ကျင့်ခန်းတွေပါပဲ။ ကိုရီးယားမလေးလို သွယ်လျတဲ့ ခန္ဓာကိုယ် ဆိုတဲ့ ပို့စ်လေးကိုလည်း ဖတ်ကြည့်ပါအုံးနော်။

Avoid Skipping Meals

ညစာမစားတာမျိုးတွေ မလုပ်ပါနဲ့။ ခန္ဓာကိုယ်က ပုံမှန်စားနေမှ ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေက ပုံမှန်ဖြစ်စေပြီး အဆီတွေကိုလည်း ကောင်းကောင်းလောင်ကျွမ်းစေနိုင်မှာ ဖြစ်ပါတယ်။ လုံးဝမစားဘဲနေ မယ့်အစား အစားလျှော့စားပါ။ အသီးအရွက်တွေ စားပါ။

Quit Alcohol

ဘီယာဗိုက်ဆိုတာ ကြားဖူးတယ်ဟုတ် ? အရက်တွေ ဘီယာတွေသောက်ပြီး ဗိုက်ရွှဲလာတာလေ။ အရက် ဘီယာတွေမှာ အာဟာရညီမျှမှုမရှိတဲ့ ကယ်လိုရီတွေ အများကြီးပါတယ်။ ဒါကြောင့် ၀မ်းဗိုက်ပိုင်းမှာ အဆီတွေစုလာတာပါ။ ဒါကြောင့် ဖြတ်နိုင်ရင်ဖြတ် မဖြတ်နိုင်ရင် လျှော့နော်။

အဆီကျဆေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိတာမို့ သဘာဝအတိုင်း ကြိုးစားတာ အကောင်းဆုံးပါပဲ။ ရင်နှင်းကတော့ အားလုံးအတွက် လိုက်နာရအဆင်ပြေပြီး ထိလည်း ထိရောက်တဲ့နည်းတွေ ရှာပေးထားတာပါ။ ဒါပေမယ့် ဒီနည်းလေးတွေက ဗိုက်ကအဆီတွေကို လွယ်လွယ်မြန်မြန်နဲ့ ကျစေမှာမဟုတ်ပေမယ့် စိတ်ရှည်ရှည်နဲ့ လုပ်သွားမယ်ဆိုရင် လှလာမယ့်အပြင် ကျန်းမာလာမှာပါ။

X Gym Fitness Club - Myanmar


အညစ်အကြေးစွန်းပေမှုကနေ အလိုအလျောက်သန့် စင် နိုင်တဲ့ နည်းပညာသုံး ကမ္ဘာ့ပထမဆုံးကား ကို Nissan မိတ်ဆက်



Angel on 2014-04-25 14:42

ဂျပန်ကားကုမ္ပဏီ Nissan ဟာ အစွန်းအထင်းတွေ စွန်းပေမှုက ကာကွယ်ပေးနိုင်မယ့် နာနိုသုတ်ဆေး နည်းပညာကို ချပြခဲ့ပါတယ်။ ကားဆေးတဲ့လုပ်ငန်းတွေကို အဆုံးသတ်ပေးမယ့် နည်းပညာအဖြစ် ခန့်  မှန်းထားကြပါတယ်။

ဗြိတိသျှအင်ဂျင်နီယာတွေဟာ အဆန်းသစ်ဆုံးနည်းပညာတစ်ခုဖြစ်တဲ့ နာနိုသုတ်ဆေး နည်းပညာကို စမ်းသပ်နေတာ ဖြစ်ပြီး အစွန်းအထင်းတွေ ပစ္စည်းမှာ အမြဲမစွန်းပေသွားခင် ဖျောက်ဖျက်ပစ်နိုင်မယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။

ခရီးဝေးသွားမယ့်ယာဉ်မောင်းတွေ၊ ယာဉ်ကိုဆေးကြောရမှာပျင်းတဲ့လူတွေ၊ ကားရေဆေးလုပ်ငန်း မှာ ငွေကုန်ကြေးကျခံရမှာ ကြောက်တဲ့ ကားပိုင်ရှင်တွေအတွက် မကြာခင် ဒီနည်းပညာကို လက်ထဲ အရောက်ပို့  ဆောင်ပေးသွားမယ်လို့ Nissan က ကြေငြာထားပါတယ်။

လောလောဆည် ဒီနည်းပညာကို Nissan ကုမ္ပဏီထုတ် Nissan Note ကားမှာ စမ်းသပ်နေပြီး နောက် ကားမျိုးဆက်သစ်တိုင်းမှာ အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေဟာ အရည်နဲ့ အဆီ စွန်းထင်းမှုတွေက ကာကွယ်ပေးနိုင်မယ့် သုတ်ဆေးတစ်မျိုး ကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီး အသစ်ထုတ်လုပ်မယ့် Nissan Note supermini ကားတွေမှာ အသုံးပြု ထားပြီး ကမ္ဘာ့ပထမဆုံး အလိုအလျောက်သန့် စင်နိုင်တဲ့ကား အဖြစ် နာမည်တပ်ထားပါတယ်။ ဒီနည်းပညာကို Ultra-Ever Dry နည်းပညာလို့ နာမည်ပေးထားပြီး တရားဝင်မှတ်ပုံတင်ပြီးပြီဖြစ်ကြောင်း သိရပါတယ်။

Nissan Note ကားတစ်စီးရဲ့ ဘယ်ဘက်ခြမ်းမှာ သာမန်သုတ်ဆေး သုတ်ပြီး၊ ညာဘက်ခြမ်းမှာ နာနို သုတ်ဆေး အသုံးပြုထားတဲ့ ကားတစ်စီးနဲ့ လက်တွေ့ စမ်းသပ်ပြခဲ့တာကို အောက်မှာ ကြည့်ရှုနိုင်ပါ တယ်။

Ref: Dailymail.co.uk
Trend Myanmar




ပျောက်ဆုံးလေယာဉ် ရှာဖွေမှု နှစ်ပေါင်းများစွာ ကြာမြင့်ဖွယ်


ပါ့သ် ဧပြီ ၂၅

ပျောက်ဆုံးနေသော မလေးရှားခရီးသည်တင်လေယာဉ် ရှာဖွေသည့် လုပ်ငန်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ဖွယ်ရှိကြောင်း အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။
သြစတြေးလျနိုင်ငံ အနောက်ပိုင်းကမ်းလွန် ပင်လယ်၌ ပျောက် ဆုံးနေသော လေယာဉ်၏ အပျက်အစီးအပိုင်းအစများ ကို မောင်းသူမဲ့ ရေငုပ်သင်္ဘောတစ်စင်း အသုံးပြုရှာဖွေခဲ့ သော် လည်း အောင်မြင်မှုမရခဲ့ပေ။

အမေရိကန်ရေတပ်မှ မောင်းသူမဲ့ရေငုပ် သင်္ဘောဖြင့် အိန္ဒိယသမုဒ္ဒရာ အတွင်း ရက် သတ္တနှစ်ပတ်ကြာမျှ ပိုက်စိပ်တိုက်ရှာဖွေခဲ့ သော်လည်း မည်သည့်အပျက်အစီး အပိုင်း အစကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေ။
မလေးရှားလေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇ဝ ပျံသန်းလာသော လေယာဉ်သည် မတ် ၈ရက်က ပျောက်ဆုံး သွားခဲ့သည်။

ဘလူးဖင်-၂၁ အမည်ရှိ မောင်းသူမဲ့ရေငုပ် သင်္ဘောသည် ဧပြီ ၂၅ ရက်တွင် ပင်လယ်ရေ မျက်နှာပြင်အောက်၎ဒသမ၅ ကီလိုမီတာကျော် အနက်သို့ ၁၆ နာရီကြာမျှ ငုပ်လျှိုးကာ လေယာဉ်ပျက်ကို ပိုက်စိပ်တိုက်ရှာဖွေရန် စီစဉ်ထားသည်။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၂ဝဝ ခန့်အကွာ ပင်လယ်ရေအောက်ကြမ်းပြင်၏ ၁ဝ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိ နယ်မြေအတွင်း မောင်းသူ မဲ့ရေငုပ်သင်္ဘောက ပိုက်စိပ်တိုက်ရှာဖွေမည်ဖြစ်သည်။

ရိုက်တာ။
MOI Webportal Myanmar



အရမ်းခံစားတတ်တဲ့ လူဆိုတာ...



ဘာမဟုတ်တဲ့ပြသနာလေးတွေကို စိတ်ထဲမှာအရမ်းကြီး ခံစားနေတတ်တယ်...

သူနဲ့အဆက်သွယ်မရတဲ့အခါ စိတ်တွေကအရမ်း ပူနေတတ်ပြီး စိတ်ထဲမှာ အတွေးပေါင်းစုံတွေတွေး
နေတတ်ပါတယ်...

စိတ်ဆိုးလွယ်သလောက် စိတ်ပြေတာကလဲမြန်ပါတယ်...

စိတ်ဆိုးကြတဲ့အချိန်ဆိုရင် ငါချစ်သလောက် နင်မချစ်ဘူးလို့ စိတ်ထဲမှာတွေးနေတတ်ပါတယ်...

တစ်ယောက်တည်းကိုပဲချစ်ပြီး ကိုယ့်ကိုလဲ အများကြီး တန်ဖိုးထားခိုင်းစေချင်တယ်...

တစ်ခါတစ်လေ အဲဒီစိတ်တွေကြောင့် ကိုယ်ချစ်ရတဲ့ လူတစ်ယောက်နဲ့ ပတ်သက်လာရင် အရမ်းခံစားနေ
တတ်ပြီး မျက်ရည်ကျနိုင်အောင်အထိဖြစ်နေတတ်ပါတယ်...

Phoe Phyu
Credit to Poem
L.A.Colors Myanmar


ဒီသူငယ်ချင်း (၈)မျိုး ထဲက သင့်မှာဘယ်လိုသူငယ်ချင်းမျိုးရှိလဲ ?

 
 
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။


(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။


(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း


သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။


(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း


ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။


(၅) အားပေးဖော် သူငယ်ချင်း


ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။


(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း


သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။


(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။


(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

Credit:True War



အရက်လျှော့သောက်ခြင်း အကျိုး ၁၀ ပါး


ဒီစာက အရက်သောက်ဖို့ အားပေးတာမဟုတ်ပါ။ အရက်သောက်ရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက်ရင်တော့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အကြောင်းပါ။

အမျိုးသမီးတွေအတွက် ဆိုရင် တစ်ပါတ်ကို ၁၄ ယူနစ်၊ အမျိုးသားတွေဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှတတဲ့ ပမာဏလို့ ဆိုကြပါတယ်။

အကြမ်းဖျင်းအာဖြင့် ဆိုရရင် အမျိုးသားများက တစ်နေ့ကို ဘီယာ တစ်ပိုင့်ထက်၊ အမျိုးသမီးများက တစ်နေ့ကို ၀ိုင် (ခွက်အလတ်) တစ်ခွက်ထက်ပိုပြီး သောက်ရင် အကောင်းပါဘူး။ အများဆုံးသောက်ရင် တစ်နေ့ကို အမျိုးသားများက ၄ ယူနစ်၊ အမျိုးသမီးများက ၃ ယူနစ်ပါ့။ တခြားနေ့တွေမှာ ပိုပြီး လျှော့ရမှာပေါ

၁)အရက်နည်းနည်းလျှော့သောက်ရင် Diabetes Mellitus ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသွားလိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အရက် နည်းနည်းက Insulin အင်ဆူလင်ဓာတ်ကို အလုပ်ပိုလုပ်အောင် အားပေးတယ်။ များများသောက်ရင်တော့ ဆီးချို ပိုဖြစ်တာပေါ့။

၂)အရက်နည်းနည်းလျှော့သောက်ရင် Dementia သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေ နည်းသွားမယ်။ အရက်နည်းနည်းသောက်တဲ့ သူတွေက Small Infarcts ဦးဏှောက် သွေးကြောငယ်လေးတွေ ပိတ်တာကို တားဆီးစေတယ်။

၃)အရက်နည်းနည်းလျှော့သောက်ရင် မကောင်းတဲ့အဆီ Triglycerol တွေ မတက်တော့ဘူး။ ကောင်းတဲ့ အဆီ HDL တွေကို များစေတယ်။

၎)အရက်နည်းနည်းလျှော့သောက်ရင် Heart Failure နှလုံးအားပျော့အားနည်းရောဂါ ဖြစ်နိုင်ဖြေ နည်းသွားမယ်တာ့။အရက်နည်းနည်းသောက်တာက နှလုံးကို သွေးလျှောက်တာကို အားပေးပါတယ်။

၅)အရက်နည်းနည်းလျှော့သောက်ရင် Hypertension သွေးတိုးတာ လျှော့သွားမယ်။

၆)အရက်နည်းနည်းလျှော့သောက်ရင် Atrial fibrillation နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါဖြစ်ခြင်း နည်းသွားမယ်။

ရ)အရက်နည်းနည်းလျှော့သောက်ရင် Stroke လေဖြတ်တဲ့ရောဂါ ဖြစ်ဖို့လမ်းနည်းသွားနိုင်တယ်။

ဂ)အရက်နည်းနည်းလျှော့သောက်ရင် Gall stones သည်းခြေကျောက်၊ Kidney stones ဆီးကျောက်ရာဂါဖြစ်တာ နည်းသွားမယ်။

၉ )အရက်နည်းနည်းလျှော့သောက်ရင် အရိုးတွေ အားပိုကောင်းလာနိုင်တယ်။ များများသောက်ရင်တော့ အရိုးတွေ ပါးသွားမယ်။

၁၀)အရက်နည်းနည်းလျှော့သောက်ရင် သေချာတာကတော့ Liver အသည်းရဲ့  သက်တမ်းပိုရှည်ပြီး ကားတိုက် ဆိုင်ကယ်တိုက်တာတွေ နည်းသွားမယ်။

အရက်လျှော့သောက်ခြင်းဖြင့် သင့်မိသားစုကို စောင့်ရှောက်နိုင်ပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း ဖေ့စ်ဘွက်(ခ်)မှ