25 Apr 2014

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဘယ်လောက် ဖြစ်မလဲ


photo:google

မြန်မာနိုင်ငံ မှ အလုပ်သမား တို့သည် ယခင် အစိုးရ လက်ထက် နှစ်ပေါင်းများစွာ အသံတိတ်နေခဲ့ ရာမှ လက်ရှိ အရပ်သား အစိုးရ လက်ထက် တွင် ၄င်းတို့၏ မကျေနပ်မှု များ၊ လိုအပ်ချက် များကို ပွင့်လင်းစွာ ထုတ်ဖော် လာခဲ့ကြသည်။ စားဝတ်နေရေး စရိတ် နှင့် ရရှိသည့် လုပ်ခလစာ မမျှတမှု သည် ၄င်းတို့ အတွက် အဓိက အခက် အခဲ ဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ မှသည် လက်ရှိ အချိန်အထိ အလုပ်သမား ဆန္ဒပြမှု များ ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲပင်။ ထိုအခြေအနေ တွင် အစိုးရက အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် နည်းဥပဒေ တို့ကို ၂၀၁၃ ခုနှစ်တွင် ပြဌာန်း ခဲ့သည်။ ထို့နောက် အနည်းဆုံး အခကြေးငွေကို ယခုနှစ် ကုန်တွင် သတ်မှတ်နိုင်မည် ဟုလည်း အစိုးရ က ကြေငြာ ထားသည်။ ထို့ကြောင့် အနည်းဆုံး အခကြေးငွေ အတွက် အလုပ်ရှင်။ အလုပ်သမားတို့ကြား ဆွေးနွေးမှု အခြေအနေ နှင့် အမျိုးသား ကော်မတီ မှ ဆောင်ရွက်မှုများကို မေးမြန်းဖော်ပြလိုက်ပါသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အတွက် နောက်ဆုံးလုပ်ဆောင်နေတဲ့ အခြေအနေကို သိလိုပါတယ်။

အမျိုးသား ကော်မတီရဲ့ အစည်း အဝေးတော့နှစ်ခါ လုပ်ပြီးပြီ။ မူအဖြစ် တော့ သတ်မှတ်ထားတာ ရှိတယ်။ ဥပမာ ကျွန်တော်တို့ အနိမ့်ဆုံး လုပ်ခ လစာသတ် မှတ်မယ် ဆိုရင် တစ်နိုင်ငံလုံး အနေနဲ့ သတ် မှတ်မ လား။ ဒေသအလိုက် သတ်မှတ် မလားဆိုတော့ ဒေသအလိုက် သတ်မှတ် တာကို လိုချင်တယ်လို့ တင်ပြ ထားတယ်။ ကျွန်တော် တို့ တင်ပြတာကို အလေးထားပုံ ရတယ်။ အခု ဒေသတွေမှာ ဆွေးနွေးပွဲ တွေ လုပ်နေတယ် ဆိုတော့ ဒေသအလိုက် သတ်မှတ် ဖို့က ဖြစ်လာပုံရတယ်။

CMP (လက်ခစား)လုပ်ငန်းတွေကို ဦးစား ပေးသတ်မှတ်မယ်လို့ သိရတယ်။ လက်ရှိ မှာ CMP လုပ်ငန်းတွေ ကို သတ်မှတ်ဖို့ ဘာတွေ လုပ်နေလဲ။


CMP ကို ဦးစားပေး သတ်မှတ် မယ်လို့ပြောထားတာရှိတယ်။ အဲဒါက ဘယ်လိုသတ်မှတ်ကြမလဲမသိဘူး။ ကျွန် တော်တို့ပြောထား တာက CMP မဟုတ် တဲ့ အခြား အလုပ်သမားတွေ ကလည်း ကျွန်တော် တို့နိုင်ငံ မှာ အများစုဖြစ်တယ်။ စိုက်ပျိုးရေး တို့၊ မွေးမြူရေး တို့ဆိုလည်း အများစုပဲ၊ CMP ကို ဦးစားပေးသတ် မှတ်မယ် ဆိုရင် တခြား လုပ်ငန်းတွေက မကျေ မနပ်ဖြစ်ကြမယ်။

CMP က အလုပ်ရှင်၊ အလုပ်သမားကိုယ် စားလှယ်တွေ ဆွေးနွေးပြီး နှုန်းတစ်ခု သတ်မှတ်ထားတယ်လို့ သိရတယ်။

ဟုတ်တယ်။ သူတို့ဆွေးနွေးထား တာရှိတယ်။ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ကလည်း မြို့နယ် ၄၆ ခုကို ဆင်းပြီး စစ်တမ်းကောက် ထား တဲ့ နှုန်း တစ်ခု ကို အမျိုးသား ကော်မတီကို တင်ထား တယ်။ အဲဒီနှုန်း ကတော့ တစ် ရက်ကို ကျပ် ၇ဝဝဝ ရမှ အဆင်ပြေ မယ်ပေါ့။ အမျိုးသား ကော်မတီ ကတော့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေက တက် လာမယ့် အနိမ့်ဆုံး လုပ်ခလစာ သတ် မှတ်ရေး အစီရင်ခံ စာကို မူတည်ပြီး ပြည် နယ်နဲ့တိုင်း က အလုပ်သမားတွေကို ဆက် သွယ်ပြီး မေးမြန်းရ မှာပေါ့။ အဲ လိုမေးပြီး မှ အတည်ပြုပေးမှာပါ။

နှုန်းကတော့ ထွက်မလာသေးဘူး။ တင် ထားတာတော့ ရှိတယ်။ ၇ဝဝဝ ဆို တော့ ဒီနှုန်းကို အလုပ်ရှင် ဘက်က သဘောတူ ပါ့မလား။

သူတို့ဘက်က သဘာဝ အရတော့ ဒါ ကန့်ကွက် မှာပဲလေ။ သူတို့ကတော့ နည်းနိုင်သမျှ နည်းအောင် သတ်မှတ် ချင်မှာပေါ့။ ကျွန်တော်တို့ ဆီမှာ ပညာ ရှင်တွေ ရှိတယ်။ သူတို့တွေက ဝိုင်းဝန်း ဆန်းစစ်ပြီးတော့ မှ ဒါဖြစ်သင့်လား၊ မဖြစ် သင့်လား ဆုံးဖြတ်ကြမှာပေါ့။

CMP လုပ်ငန်းတွေရဲ့ လက်ရှိအနေ။

CMP ကို မပြောခင် ဆောက်လုပ် ရေးလုပ်ငန်းတွေ မှာ တောင်တစ်ရက် ကို အနိမ့်ဆုံး ၄ဝဝဝ/ ၅ဝဝဝ ရကြတယ်။ စက်ရုံအလုပ်ရုံ CMP လုပ်ငန်းတွေက အခုမှ တစ်လကို ၇ဝဝဝဝ/၈ဝဝဝဝ ပေးတယ်။ အနိမ့်ဆုံး လုပ်ခ လစာမထွက် သေးလို့ လို့ပြောတယ်။ ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေတောင်ပေး နိုင် တာ ပြည်ပကို အိတ်စပို့ လုပ်နေတဲ့ CMP တွေက ဘာလို့ မပေးနိုင်ရတာလဲ။

၂ဝ၁၄ နှစ်ကုန် အပြီး အနည်းဆုံး အခ ကြေးငွေ သတ်မှတ်မယ် လို့ ပြောတယ်။ ဒါဖြစ်နိုင်ပါ့မလား။ ၂ဝ၁၄ အမီပြီးပါ့ မလား။

သတ်မှတ်နိုင်တယ် လို့ပဲ ပြောရမှာ ပေါ့။ ၂ဝ၁၄၊ ခြောက်လပိုင်း ကို လွှတ် တော်ကို တင်မယ်လို့ ဝန်ကြီး ကပြောထားတာ ရှိတယ် ဆိုတော့ ခြောက်လပိုင်း ကို အ ဖြေ တစ်ခုထွက်အောင် သူတို့လုပ်မှာပေါ့။

စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦး၏ ဖြေကြားချက်

အနည်းဆုံး အခကြေးငွေနှုန်းထား သတ် မှတ်ဖို့ အတွက် အလုပ်သမား အဖွဲ့တွေ က တစ်ရက် ၇ဝဝဝ ပေး ရမယ် ဆိုပြီး တင်တာ ရှိတယ်။ CMP လုပ်ငန်းတွေမှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်လို့ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ် တွေ ဆွေးနွေးနေ တာလည်း ရှိတော့ လက်ရှိ ဆွေးနွေးနေတဲ့ အခြေ အနေ လေး သိချင်ပါတယ်။

တစ်ဖက်က တိုးတောင်းတယ်။ တစ် ဖက်ကလည်း နည်းနိုင်သလောက် နည်း အောင် ပေးချင်တယ်။ အစိုးရက ကြား ဝင်မှပဲ ရမယ်။ အစိုးရက ဝင်မညှိရင် တော့ တစ်ဦးနဲ့ တစ်ဦး အငြင်း ပွားတာ တွေ ဖြစ်နေ မှာပဲ။ လက်ရှိမှာ အနည်းဆုံး အခကြေးငွေနှုန်း ထားတွေကို လွှတ် တော်ကို မတင်ရသေးဘူး။ အမျိုးသား လွှတ်တော် တို့၊ ပြည်ထောင် စု လွှတ်တော် တို့ကို တင်ရဦးမယ်။

CMP (လက်ခစား) လုပ်ငန်း အတွက်ဆွေး နွေးတာ တစ်ရက်ကို ၅၆ဝဝ ပေါ့။ အလုပ် သမားအဖွဲ့က တင်တာ ၇ဝဝဝပေါ့။ ဆိုတော့ ဒီနှုန်းတွေကို အလုပ်ရှင် ဘက် က ပေးနိုင် ဖို့ အခြေအနေကို သိချင်ပါတယ်။

၇ဝဝဝ ဆိုတော့ ၇ ဒေါ်လာ ကျော်သွားတာပေါ့။ နိုင်ငံအနေနဲ့ အဲဒီ လောက်ဖြစ်ရင်တော့ စက်ရုံ အများကြီး ပိတ်သွားလိမ့်မယ်။ အခုတောင်မှ Export မလုပ်နိုင် ဘူးလေ။ လျှပ်စစ် စရိတ်ကလည်း ကိုယ်ပိုင် မီးစက်နဲ့ လည်ရတော့ အခက် အခဲရှိတယ်။ လက်ရှိ ရနေတာ တစ်နေ့ကို ၂၅ဝဝ၊ တစ်နေ့ကို ၃၅ဝဝ ပေးရင်တောင် စက်ရုံ တချို့ ပိတ်သွား ရလိမ့်မယ့် အနေအ ထားရှိတယ်။ ဒါ့အပြင် တစ်နယ်နဲ့ တစ်နယ် လုပ်သား ခဈေးတွေ ကလည်း မတူဘူး။ အလုပ်ရှင် အလုပ်သမား ဆွေးနွေးတဲ့ အခါ နယ်က မိတ္ထီလာတို့ ဘာတို့ကဆို တစ်လ ခြောက်သောင်း ပေးပါ ဆိုတော့ သူတို့ဆီ မှာ သုံးလေးသောင်း နဲ့ရတယ်။ မပေးနိုင် ဘူး။ ဒါက အလုပ်ရှိရှိ မရှိရှိပေး ရတာပေါ့။ နေ့စားဆို တစ်ရက် ၃ဝဝဝ ပေးနိုင်တယ် ပေါ့။ ဆိုတော့ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရင် အဆင်ပြေမှာ မဟုတ်ဘူး။

CMP လုပ်ငန်းတွေကို ဦးစားပေး အနေနဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်မယ် လို့သိရတယ်ရှင့်။ တခြား ကဏ္ဍတွေလည်း ရှိတဲ့ အခါကျတော့ ဒီလုပ်ငန်းကို မှ ဘာကြောင့် ဦးစားပေး သတ်မှတ်ရတာလဲ။

အလုပ်သမား သပိတ်မှောက်တဲ့ ၉ဝ ရာခိုင်နှုန်း က သူတို့ပဲလေ။ လှိုင်သာ ယာမှာတောင် တစ်နေ့တည်းနဲ့ ခုနစ်မှု၊ ရှစ်မှုဖြစ်နေတာ။ CMP တွေပဲ ဖြစ် နေတာ။ တခြား စက်ရုံတွေက နည်းပါတယ်။ သူတို့တောင်း တဲ့နှုန်းကို လုပ်ငန်း ရှင်က မပေးနိုင်ဘူး။ အဲဒီတော့ သူတို့ကို နစ်နာကြေး အလုပ်ထုတ်ဖို့ ကျတော့လည်း လက်မခံဘူး။ ညှိပေးပါ ပဲပြောတယ်။ အနည်း ဆုံးအခကြေးငွေ ကို ဥပမာပေါ့။ တစ်လ တစ်သိန်းဆို တစ်သိန်း အစိုးရက သတ်မှတ် လိုက်ရင် သူတို့ ပိုလိုချင်လို့ ဆန္ဒပြတယ်။ အစိုးရက ဒီလောက် သတ်မှတ် ထားတယ်။ အဆင်မပြေရင် အဆင်ပြေတဲ့ ဆီသွား လုပ်၊ ဒီလိုမျိုးဖြေရှင်းလို့ ရတာပေါ့။

အလုပ်ရှင် အလုပ်သမား ညှိလို့ အဆင်မပြေ ဘူးလို့ အထက် မှာပြောသွားတယ်။ နှုန်း တစ်ခု သတ်မှတ် လိုက်လို့ စက်ရုံတွေ မလုပ်နိုင်လို့ ပိတ်သွားတဲ့ အခြေ အနေ တွေ ဖြစ်နိုင်တယ်လို့ ဆိုတဲ့ အခါကျတော့ ဘယ်လို ပုံစံမျိုးလုပ်ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ် လို့ ယူဆပါသလဲ။

အခု ရနေတာ ၂၅ဝဝ၊ ၂၅ဝဝ က နေပြီးတော့ ၃၅ဝဝ၊ နောင်နှစ် ၄၅ဝဝ ဒီလိုပဲ တစ်ဆင့်ပြီး တစ်ဆင့် တစ်ဆင့် တိုးမယ် ဆိုရင်တော့ လုပ်ငန်းရှင်တွေ ဘက်က ခံသာ တာပေါ့။ ဒီလိုမှ မဟုတ်ဘူး ၂၅ဝဝ ကနေ ၇ဝဝဝ တစ်ပြိုင်တည်း တက်သွားရင် စက်ရုံ တော်တော်များများ ပိတ်သွား ရလိမ့်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ် နှံ မှုတွေ လည်း လာတော့မယ် မထင်ဘူး။

Popular News Journal


0 comments:

Post a Comment