27 Apr 2014

ကလေးဆိုတာ လူကြီးတွေကို ကြည့်ပြီး အတုယူတတ်ကြတယ်



ကလေးဆိုတာ လူကြီးတွေကို ကြည့်ပြီး အတုယူတတ်ကြတယ် လူကြီးလုပ်သူက ဘုရားရှိခိုးရင် ကလေးငယ်တွေကပါ လိုက်၍ရှိခိုးကြတယ် လူကြီးတွေ အရက်သောက်ပြရင် ကလေးငယ်တွေလဲ အတုမြင် အတတ်သင်ဆိုသလို လိုက်ပြီးသောက်ကြတယ် သမီးငယ်တွေလည်း အမေလုပ်သူကို အတုခိုးတတ်ကြတယ် အမေလုပ်သူက ပါးစပ်ပေါက်ကြမ်းရင် သမီးပါ လိုက်၍ ကြမ်းတမ်းလာကြတယ်

 ကိုယ့်သားသမီး လိမ္မာ ယဉ်ကျေးမူ ရှိစေဖို့သည် အုပ်ထိမ်းသူတွေပေါ် မူတည်နေပါတယ် လူကြီးလုပ်သူက အနေကောင်း အပြောကောင်း အလုပ်ကောင်းပြဖို့ အရေးကြီးပါတယ် မြတ်စွာဘုရားလက်ထက်က အနာထပိန်သဌေးကြီးရဲ့ သားငယ်လေး မောင်ကာဠက တရားနာဖို့ ဝါသနာမပါဘူးဖြစ်နေတော့ အဖေလုပ်သူက တရားနာပြတယ် ကောင်းမူတွေလုပ်ပြတယ်

 တရားနာတတ်လာအောင်လည်း မုန့်ဖိုးပေးပြီး ကျောင်းကို သွား တရားနာစေခဲ့တယ် မုန်းဖိုးရဖို့လေး အတွတ်နဲ့ တရားနာရင်း တရားထူးရသွားခဲ့တယ်လေ ဒါကြောင့် ကိုယ့်သား သမီး မလိမ္မာတာသည် သား သမီးတွေရဲ့ အပြစ်မဟုတ် အုပ်ထိမ်းသူရဲ့ အပြစ်သာဖြစ်တယ် ဗုဒ္ဓသာသနာ ပေါ်ပေါက်နေပြီး ယဉ်ကျေးလိမ္မာ သင်တန်းတွေ ဖွင့်ပေးနေပါလျတ် ကိုယ့်သား သမီး ကျောင်းကို မပို့ပေးနိုင်တာသည် တိုင်းပြည်အတွတ်ကော သာသနာအတွတ်ပါ နစ်နာစရာတွေသာ ဖြစ်ပါတယ်လို့ သူတော်စဉ်များအတွတ် အသိတရားတွေ တိုးပွားစေရန် အလိုငှာ တင်ပေးလိုက်ရပါသည်။ 

အရှင်တေဇနိယ(အုတ်ဖို)

www.ven-tejaniya.com


ယစ်မူးမှု (၃)မျိုး




မြတ်စွာဘုရားက ယစ်မူးမှု (၃)မျိုးကို ဖော်ပြထားတာရှိတယ်။ နံပါတ် (၁)
ယစ်မူးမှုက - "ယောဗ္ဗနမဒ" တဲ့၊ ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တက်တဲ့ မာန်မာန ယစ်မူးမှု၊ လူငယ်လူရွယ်တွေဆိုတာ သူရဲ့ နုပျိုမှုနဲ့ အားခွန်ဗလတွေ အပေါ်မှာအထင်ကြီးပြီး ယစ်မူးနေတက်တယ်။ ယစ်မူးနေပြီး ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့လျော့နေတယ်၊ အဲဒါကို "ယောဗ္ဗနမဒ" လို့ ခေါ်တယ်။

နုပျိုတဲ့အပေါ်မှာ ယစ်မူးမှု ဖြစ်တယ်၊ "ငါလုပ်ရင် ဘာမဆိုဖြစ်တယ်၊ ငါဟာ ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ သန်စွမ်းတယ်၊ ကျန်းမာတယ်၊ ငါ့မှာ မကျန်းမာခြင်းဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး၊ အိုမင်းရင့်ရော်မှုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး" ဆိုပြီး နုပျိုမှုအပေါ် အခြေခံပြီး ယစ်မူးမှု ဖြစ်တယ်။

ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့လျော့နေတယ်။
အကုသိုလ် အမှုတွေကို ပြုမိတက်တယ်။ အဲဒါ "ပမာဒ" လို့ ခေါ်တယ်။

နံပါတ် (၂) ယစ်မူးမှုက - "အာရောဂျမဒ" ။
ကျန်းမာသန်စွမ်းတဲ့ ပုဂ္ဂိုလ်ကလည်း ယစ်မူးတာပဲ။

"ဒို့ကတော့ ဆေးရုံဆေးခန်း ဘယ်တော့မှ မသွားရဘူး"။
တစ်ချို့ပြောတက်တယ်၊ "လျက်ဆားတောင်မှ မလျက်ဖူးဘူး။ ခေါင်းဆို တစ်ခါမှာ မကိုက်ဖူးဘူး။ ကျန်းမာတယ်၊ ဘာစားစား အစာကြေသွားတာပဲ။ ဘာနဲ့စားရ စားရ ဘယ်လိုနေရ နေရ ကျန်းမာတယ်" ဆိုပြီး ကိုယ့်ရဲ့ ကျန်းမာမှုအပေါ်မှာ ယစ်မူးပြီး "ငါလုပ်ရင် ဘာမဆိုဖြစ်တယ်" လို့ အတွေးရောက်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ မေ့နေတက်ကြတယ်။

တရားနှလုံးသွင်းရမှာ သတိမရဘူး၊ အဲဒါကို "အာရောဂျမဒ" လို့ ခေါ်တယ်။ အဲဒီ "အာရောဂျမဒ" နဲ့ ယစ်မူးတဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကိုလည်း ပြုလုပ်မိတက်တယ်။ အနည်းဆုံးတော့ ကုသိုလ်ကောင်းမှု အပေါ်မှာ မေ့နေတက်တယ်။

နံပါတ် (၃) ယစ်မူးမှုက - "ဇီဝိတမဒ"။ အသက်ရှည်တဲ့ ပုဂ္ဂိုလ်ကလည်း အသက်ရှည်မှုအပေါ် ယစ်မူးတယ်။

"တချို့တလေဟာ လူ့ပြည်မရောက်သေးဘူး၊ သေသွားကြပြီ၊ တချို့ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြပြီ၊ တို့မှာ အသက် (၇၀) (၈၀) (၉၀) ဘာမှ မဖြစ်သေးဘူး" ဆိုပြီး အသက်ရှည်မှု အပေါ် ယစ်မူး နေတက်ကြတယ်။ ကိုယ့်ကျတော့ မသေဘူးလို့ အထင်ရောက်တက်တယ်။ အဲဒီလို ဇီဝိတမဒရှိပြီးတော့ ကုသိုလ်ကောင်းမှုမေ့လျော့တက်တယ်။

ဒီယစ်မူးမှု သုံးမျိုးလုံးဟာ ပမာဒပဲ။ အဲဒီလို မယစ်မူးဘဲနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖို့ရန် သတိရနေတာကို အပ္ပမာဒ လို့ ခေါ်တယ်။

အဲဒီ အပ္ပမာဒတရားဟာ အလွန်အရေးကြီးလို့
မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီး အချိန်မှာ -

'အပ္ပမာဒေန သမ္ပာဒေထ' အပ္ပမာဒ နဲ့ မင်းတို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင် လုပ်ကြ၊ အပ္ပမာဒ ရှိပြီးတော့ ကိုယ်ကျင့်ရမယ့် သီလ သမာဓိ ပညာတွေ မမေ့ကြနဲ့၊ လုပ်ရမယ့် ကုသိုလ်တရားတွေ လုပ်ကြ၊ ယစ်မူး မေ့လျော့ပြီး မနေကြနဲ့လို့ မှားထားခဲ့တာပေါ့။

(ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)


ဝိပဿနာရှုစဉ် အနတ္တာနုပဿနာ ဖြစ်ပုံ


 
ဝိပဿနာဆိုတာ မြင်ဆဲ၊ကြားဆဲ၊ နံဆဲ၊ စားသိဆဲ ထိသိဆဲ ကြံသိဆဲမှာ ထင်ရှားပေါ်လာတဲ့ ဥပါဒါနက္ခန္ဓာတွေ ရှုပြီး သိရတာပါ။ ဒါပေမယ့် မြင်တိုင်း ကြားတိုင်း၊ တွေ.တိုင်း သိတိုင်း အကုန်လုံးကို စေ့စေ့စပ်စပ်လိုက်ပြီး ရှုဖို.ဆိုတာကတော့ အားထုတ်ခါစ ပုဂ္ဂိုလ်တွေမှာ မလွယ်ပါဘူး။ ဒါကြောင့် အထူးထင်ရှားတဲ့ အာရုံနဲနဲက စပြီး ရှုရတယ်။ထိုင်နေတဲ့အခါဆိုရင် ကိုယ်ထဲက ထောက်ကန်တောင့်တင်းနေတဲ့ သဘောကို စူးစိုက်ပြီး ထိုင်တယ်၊ထိုင်တယ်လို. ဒီလိုရှုမှတ်နေရင်လည်း ဖြစ်ပါတယ်။ ထိုင်တာတစ်မျိုးတည်းကိုသာ ရှုနေရတော့ လွယ်လွန်းအားကြီးတော့ ဝီရိယအားနည်းနေတယ် လို.ထင်ရင် တနေရာရာက ထိတာနဲ.တွဲပြီး ထိုင်တယ် ထိတယ်၊ ထိုင်တယ် ထိတယ်လို. ဒီလိုလဲ ရှုမှတ်နေရင် ဖြစ်ပါတယ်။

ဒါပေမယ့် ဝမ်းဗိုက်ရဲ. ပိန်တာ ဖေါင်းတာက ပိုပြီးထင်ရှားတတ်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက် ဖောင်းခိုက်မှာ ဖောင်းတယ်လို.၊ ဝမ်းဗိုက် ပိန်ခိုက်မှာ ပိန်တယ်လို. ရှုမှတ်နေရင် ဝမ်းဗိုက်ထဲမှာ တောင့်တာ တင်းတာ တွန်းကန်တာ လျှော့တာ လှုပ်ရှားတာတွေကို ထင်ရှားသိရပါတယ်။ အဲဒါတွေဟာ ဝါယောဓါတ်ရဲ. လက္ခဏာနဲ. ရသ ပစ္စုပဋ္ဌာန်တွေဘဲ၊ ဒါကြောင့် အဲဒါတွေကို ရှုပြီးသိတာဟာ ရုပ်နာမ်သဘောတရားများကို လက္ခဏာ ရသ စသည်တို.ဖြင့် သိမ်းဆည်းရ- ရှုသိရမယ်ဆိုတဲ့ ဝိသုဒ္ဓိမဂ် အဆိုနဲ.အညီ သိတာပါဘဲ။

ဒါကြောင့် ဘုန်းကြီးတို.က ရှုမှတ်အားထုတ်ခါစ ယောဂီအား ဖောင်းတာ-ပိန်တာကစပြီး ရှုမှတ်ဖို.ညွှန်ကြားပြသလာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဖောင်းတာ ပိန်တာ ၂-ခုတည်းသာ ရှုမှတ်ရတာတော့ မဟုတ်ပါဘူး၊ ဖောင်းတယ် ပိန်တယ်လို. ရှုမှတ်နေရင်း စိတ်ကူးကြံသိမှု ပေါ်လာရင် အဲဒါကို လဲ ရှုမှတ်ရတယ်။ ညောင်းတာ ပူတာ နာကျင်တာ အခံခက်တာ ပေါ်လာရင် အဲဒါကိုလည်း ရှုမှတ်ရတယ်၊ လက်ခြေကွေးတာ ဆန်.တာပေါ်လာရင် အဲဒါကိုလည်း ရှုမှတ်ရတယ်။ ထိုင်ရာမှထရင် အဲဒါကိုလည်း ရှုမှတ်ရတယ်။ လမ်းလျှောက်ရင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် ရှုမှတ်ရတယ်။ ဘာမှ အထူးမှတ်စရာမရှိတဲ့အခါမှာတော့ ဖောင်းတာ ပိန်တာကို မပြတ်ရှုမှတ်နေရတယ်။ ဒါဟာရှုမှတ်ပုံ အကျဉ်းပါဘဲ။

အခုပြောတဲ့အတိုင်း ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် ပေါ်ရာပေါ်ရာ မပြတ်ရှုမှတ်နေရင်း ကွေးထားတဲ့ လက် ခြေတို.က ညောင်းပူနာကျင်လာတဲ့အတွက် ဆန်.ချင် ပြင်ချင်လာတယ်၊ အဲဒါကို ဆန်.ချင်တယ် ပြင်ချင်တယ် စသည်ဖြင့် ရှုမှတ်ပြီး လက်ခြေတို.ကို မပြုပြင်သေးပဲ သည်းခံနိုင်သမျှ သည်းခံပြီး မှတ်မြဲ မှတ်နေရတယ်။ နောက်တစ်ခါ ဆန်.ချင် ပြင်ချင်လာရင်လည်း အဲဒါကို မှတ်ပြီး မဆန်.မပြင်သေးပဲ ရှုမှတ်မြဲ ရှုမှတ်နေရပြန်တယ်။ သည်းမခံနိုင်လောက်တဲ့ အခါကျတော့ ဆန်.တယ် ဆန်.တယ် စသည်ဖြင့် ရှုမှတ်ပြီး ဆန်.ရ ပြင်ရတယ်။ အဲဒီလို- ကိုယ်ထဲက မခံသာတဲ့အတွက် မကြာခဏ ပြုပြင်ပေးနေရတယ်၊ပြုပြင်ရဖန်များလာတော့ ရုပ်ရဲ.နှပ်စက်နေပုံ ထင်ရှားပေါ်လာတယ်။၁နာရီ၊ ၂နာရီ စသည် မလှုပ်မရှား မပြုပြင်ပဲ ငြိမ်ပြီးထိုင်နေချင်ပေမယ့် ကိုယ့်အလိုအတိုင်း မပြုပြင်ပဲ မနေနိုင်တာလည်း ထင်ရှားပေါ်လာတယ်။အဲဒီအခါမှာ ရုပ်ကိုယ်ဟာ မပြုပြင်ပဲ မနေနိုင်အောင် အမြဲနှိပ်စက် နေသောကြောင့်လည်း အတ္တကောင် ငါကောင် မဟုတ်ဘူး၊ သူ.အကြောင်းအားလျော်စွာ ဖြစ်နေတဲ့ သဘောတရားမျှပဲလို. သဘောကျလာတယ်၊ဒါလဲ အနတ္တာနုပဿနာဉာဏ်ဘဲ။

မပြုမပြင်ပဲ ကြာရှည်စွာ ထိုင်လည်းမနေနိုင်ဘူး၊အိပ်လည်းမနေနိုင်ဘူး၊ရပ်လည်းမနေနိုင်ဘူး၊ ဒါကြောင့် ကိုယ့်အလိုအတိုင်း မဖြစ်တဲ့ ရုပ်တရားတွေပဲ၊ အစိုးမရတဲ့ ရုပ်တရားတွေပဲ၊ အစိုးမရတဲ့အတွက် အတွင်းသားအတ္တကောင် ငါကောင်မဟုတ်ဘူး။သူ.အကြောင်းအားလျော်စွာ ဖြစ်နေတဲ့ သဘောတရားမျှပဲလို. သဘောကျလာတယ်၊ ဒါလည်း အနတ္တာနုပဿနာဉာဏ်ဘဲ။

ထိုင်ပြီးရှုမှတ်နေရင်းဖြစ်စေ၊ လှဲပြီးရှုမှတ်နေရင်းဖြစ်စေ အခင်းကြီး အခင်းငယ်ကိစ္စအတွက် မကြာမကြာ ထသွားပြီးသုတ်သင်ရတဲ့ အခါမှာလည်း ရုပ်ကိုယ်က နှိပ်စက်ပုံ၊ မိမိအလိုအတိုင်းမဖြစ်၍ အစိုးမရပုံ၊ အစိုးမရသောကြောင့် အနတ္တသဘောမျှဖြစ်ပုံ ထင်ရှားတယ်။ နောက်ပြီးတော့ ရုပ်အမူအရာတွေ ရှုမှတ်နေရင်း နှပ် တံတွေး သလိပ် မျက်ရည် ချွေးတို. ယိုထွက်ပြီး ရုပ်ကိုယ်က နှိပ်စက်နေပုံလဲ ထင်ရှားပါတယ်။ သန်.သန်.ရှင်းရှင်း ဖြစ်ချင်ပေမယ့် မိမိအလိုအတိုင်းမဖြစ်၍ အစိုးမရပုံ၊ အနတ္တဖြစ်ပုံလည်း ထင်ရှားပါတယ်။နောက်ပြီးတော့ ရေငတ်ပြီ အစာဆာပြီ နှိပ်စက်နေပုံလဲ ထင်ရှားတယ်။ အိုမင်းခြင်း၊မကျန်းမာခြင်း တို.ဖြင့် နှိပ်စက်ပုံလဲ ထင်ရှားတယ်။ ဒါတွေဟာ သာမာန်ပုဂ္ဂိုလ်တွေလည်း ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် မရှုမမှတ်ပဲ သိတာကတော့ အတ္တကောင်မကင်းပဲလဲ ရှိနေတတ်တယ်။ ရှုမှတ်နေရင်း ထင်ပေါ်ရာမှာတော့ အသက်ရှင်နေတဲ့ အဲဒီအတ္တကောင် မပါဘူး၊ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်သဘော တရားအနေဖြင့်သာ ထင်ရှားပါတယ်။

အခုပြောခဲ့တာဟာ အရိပ်အမြွက်မျှပါဘဲ။ရှုမှတ်နေတဲ့ ယောဂီမှာတော့ ရုပ်ကိုယ်က နှိပ်စက်နေပုံ၊ရုပ်ရှိနေလို. အစစအရာရာ အနှိပ်စက်ခံ နေရပုံ၊ ရုပ်ကိုယ်ကြီးက ကိုယ့်အလိုအတိုင်း မဖြစ်ပုံ၊ အစိုးမရလို. အနတ္တသဘောတရားမျှဘဲလို. သိပုံတွေဟာ အများကြီးပါပဲ။ အဲဒီလို ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထတယ် ကွေးတယ် ဆန်.တယ် စသည်ဖြင့် ကိုယ်အမူအရာတွေကို ရှုမှတ်နေရင်း ရုပ်ကနှိပ်စက်ပုံ ၊မိမိအလိုအတိုင်းမဖြစ်၍ အစိုးမရပုံ များကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်ပြီးတော့ မိမိကိုယ်ထဲက ရုပ်ဟာ ငါ့ကိုယ်ပဲ ငါပဲလို. ထင်ရပေမယ့် သူကနှိပ်စက်နေသောကြောင့် အတ္တကောင် မဟုတ်ဘူး။မိမိအလိုအတိုင်း မဖြစ်လို.အစိုးမရသောကြောင့်လည်း ငါ၏အတွင်းသားအတ္တကောင်မဟုတ်ဘူး၊ အတ္တကောင် အသက်ကောင် အနေဖြင့် ယူဆထင်မြင်လာခဲ့တာဟာ အမှားစင်စစ်ပဲ ၊အလိုအတိုင်းမဖြစ်လို. အစိုးမရလို. အနတ္တသဘောတရားမျှဘဲ လို. ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်သဘောကျလာတယ်။အဲဒါဟာ အနတ္တာနုပဿနာဉာဏ် အစစ်ပါဘဲ။

မဟာစည်ဆရာတော်ဘုရားကြီး၏ အနတ္တလက္ခဏသုတ် တရားတော်မှ ထုတ်နှုတ်မျှဝေပါသည်။

ဆန္ဒမွန်ဖြင့်


MyawadyNews


စက္ခုအာရုံအမြင် ကောင်းစေ အောင်

   

သက်ရှိသတ္တ၀ါ အားလုံးအတွက် အရေးကြီးဆုံးအစိပ်အပိုင်းသည
် “မျက်လုံးတစ်စုံ” ဖြစ်သည်ကို ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ ထို့ ကြောင့် လည်း ရှေးလူကြီးမျာက “ မျက်စေ့အဆုံး၊ နားအရှုံး ” ဟု မိန့် ဆိုခဲ့ကြလေ၏။ အတိတ်ကံအကျိုးပေးကြောင့် မွေးရာပါအမြင်ကွယ်ခြင်း၊ မျက်စေ့အားနည်းခြင်း၊ သူငယ်အိမ်စောင်း၍ အမြင်ချို့တဲ့ခြင်းကို မဆိုလိုသော်လည်း၊ ကျန်းမာရေးအခြေခံဗဟုသုတအားန ည်း၍ နေထိုင် စားသောက်မှု ပုံစံမမှန်ခြင်းနှင့် ဘေးပယောဂအမျိုးမျိုးကြောင့် စက္ခုအာရုံချို့ ယွင်းသွားခြင်းသည် ကာယကံရှင်အတွက် သာမက၊ နိုင်ငံ တော်အတွက်ပါ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပေသည်။

ကွန်ပြူတာကြောင့်မျက်စေ့မထိ ခိုက်ရလေအောင်

ကမ္ဘာနှင့်အ၀န်း အင်တာနက်ခေတ်ရေစီးကြောင်းနှ င့်အညီ အလုပ်ကြောင့်ဖြစ်စေ၊ အပျင်းပြေဖြစ်စေ၊ ဂိမ်းကစားသူများလည်း အင်တာနက် သုံးရင်း အချိန်ကုန်လွန်နေကြပြီး၊ ကလေးများက ဂိမ်းစွဲနေသလို၊ သက်လတ်ပိုင်းနှင့် အချို့ သက်ကြီးပိုင်းများလည်း အင်တာနက်စွဲလန်း မှုရောဂါ စွဲကပ်နေကြ၏။ ကွန်ပြူတာအသုံးများ၍ အမြင်အာရုံေ၀၀ါးခြင်း၊ မျက်လုံးအိမ်ခြောက်သွေ့လာကာ မျက်ရိုးကိုက်၊ မျက်ရည်ပူ ကျုခြင်း၊ လည်ပင်း-ပုခုံး-နောက်ကျောနာ ကျင်ခြင်း စသည်ဖြင့် မျက်စိကိုဒဏ်ပိစေသည်။ ထို့ ပြင် နောက်ဆက်တွဲ ဝေဒနာများအဖြစ်၊ ခေါင်းမူးခေါင်းကိုက်၍ ဇက်ကြောတက်ခြင်း နှင့် အရိုးကျီးပေါင်းရောဂါများဖြ စ်စေနိုင်၏။

ကွန်ပြုတာကြောင့် မျက်စေ့ထိခိုက်ခြင်းမှ သက် သာစေရန်

(၁) အလင်းလျှော့ချပေးသော Flat LCD Monitor ကိုသုံးပါ။
(၂) ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပါ။
(၃) ကွန်ပြူ တာမသုံးခင် ကွန်ပြူတာမျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့် လေးများကို အသေအချာသန့် စင်ပါ။
(၄) မျက်နှာ နှင့် ကွန်ပြူတာကို ၂-ပေခန့်  ကွာ ဝေးနေရပြီး၊ ကွန်ပြူတာမျက်နှာပြင်သည် သင့်မျက်လုံးနေရာထက်နိမ့်နေ ရမည်။
(၅) စာရိုက်မည်ဆိုပါလျှင်၊ စာရွက်များကို ကွန်ပြူတာ ဘေးတွင်ထောင်ထားပါ။ ကွန်ပြူတာလက်ကွက် အလွတ်မရပါက ဦးစွာ စာကိုသာကြည့်ရိုက်ပြီး၊ စာလုံးပေါင်း သတ်ပုံအမှန်စစ်ချိန်မှသာ ကွန်ပြူတာကိုကြည့်ပါ။
(၆) ထိုင်ခုံပေါ်တွင် ကွန်ပြူတာရှေ့ တည့်တည့် ခါးမတ်မတ်ထိုင်၍ ခြေဖ၀ါးကို အောက်သို့ အပြားလိုက်ချထားပါ။
(၇) အခန်းအလင်းရောင်သည် ကွန်ပြူတာနီးပါး လင်းနေရမည်ဖြစ်ပြီး၊ ပြူတင်းပေါက် နှင့် မျက်နှာချင်းဆိုင် မထိုင်မိပါစေနှင့်။
(၈) မျက်စေ့ အညောင်းပြေစေရန် ကွန်ပြူတာကို ၁၅-မိနစ် ကြည့်ပြီးတိုင်း အဝေးတစ်နေရာသို့  တစ်မိနစ်ခန့် ကြည့်ပါ။ နာရီဝက်ကြာတိုင်း မျက်တောင် အကြိမ် ၂၀-ခတ်ပါ။ ၁-နာရီကြာတိုင်း မျက်လုံးမှိတ်၍ ခေတ္တအနားပေးပါ။
(၉) လက်ဝါး နှစ်ဘက်ကို ပူနွေးလာသည်အထိ ပွတ်ပေးပြီး၊ မျက်လုံးပေါ် ဖွဖွလေးတင်ပါ။ လက်ချောင်းများကြားမှ အလင်းရောင် ၀င်မလာအောင် လက်ချောင်းများကို ကပ်ထားရပါမည်။

ကြိုတင်ကာကွယ်နည်းလမ်းများ။

" ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ " ဟူသော ဆောင်ပုဒ်နှင့်အညီ ဖြစ်လာမှကုသခြင်းထက်၊ မိမိအသိစိတ်ဖြင့် အောက်ပါနည်းလမ်းအသွယ်သွယ်တို့ ဖြင့် ကြိုတင်ကာကွယ်နိုင်တတ်ပါစေ

(၁) အနည်းဆုံး ၆-လတစ်ကြိမ် ဆရာဝန်ဖြင့် မျက်စေ့ စစ်ဆေးခံသင့်ပါသည်။
(၂) မျက်စေ့ တစ်ဘက် (သို့ မဟုတ်) နှစ်ဘက်စလုံး အမြင် အာရုံ ရုတ်တရက်မှုံဝါးသွားခြင်း၊ မီးအလင်းရောင်ကဲ့သို့ အလင်းများဖြာထွက်လာခြင်း၊ ရွေ့ လျားနေသော ရောင်စုံအစက်အပြောက်များ၊ (သို့ မဟုတ်) အမဲစက်များကို နေရာတိုင်းတွင် တွေ့ နေရခြင်း၊ ရုပ်ဝတ္တုများကို နှစ်ထပ်မြင်နေရခြင်း၊ မျက်လုံးတ၀ိုက်နာကျင်ခြင်း… စသည့် လက္ခဏာများ ပြလာပါက တတ်ကျွမ်းနားလည်သူဆရာန်နှင့်  အမြန်ဆုံး စစ်ဆေးမှုခံယူပါ။

(၃) ဆရာဝန်နှင့်ပြသပြီးနောက် တိကျမှန်ကန် သော မျက်စင်းဆေးရည်ကို ညွှန်ကြားချက်အတိုင်းစံနစ်တကျခပ်ပေးပြီး၊ မျက်စင်းဗူးကို ရေခဲသေတ္တာ (သို့ မဟုတ်) သန့် ရှင်း၍ အေးမြ သောနေရာတွင် သိမ်းပါ။
(၄) မျက်ကပ်မှန်တပ်ဆင်သူများသည် သန့် ရှင်းသောလက်ဖြင့် ကိုင်တွယ်အသုံးပြပါ။ တစ်နေ့ လျှင် အများဆုံး ၈-နာရီထပ်ပို၍ မတပ်ဆင်သင့်ပါ။ မျက်ကပ်မှန်တပ်ရ အိပ်စက်ခြင်း၊ မျက်လုံးကိုဖိ၍လက်ဖြင့် ပွတ်တိုက်ခြင်းမပြုရ။
(၅) ယခုအခါ ခရမ်းလွန်ရောင်ခြည် ပြင်းထန်သည့်အဆင့် ကျရောက်လျှက်ရှိရာ အထူးသဖြင့် နံက် ၁၀နာရီမှ ညနေ ၄-နာရီအတွင်း နေပူထဲထွက်သည့် အခါ UV ကာကွယ်သောရောင်ပြန်ထီး (သို့ မဟုတ်) မျက်လုံးဖုံးအုပ်စေသော လျှာထိုးဦးထုပ် ဆောင်းပါ။ အလင်းလှိုင်းဖြာ ထွက်မှုကို ထိန်းပေးပြီး၊ မျက်လုံးတ၀ိုက် လုံလောက်စွာကာကွယ်ပေးသည့် နေကာမျက်မှန်ကြီးကြီး တပ်ဆင်ပါ။
 
(၆) စက်ချုပ်ခြင်း၊ သိုးမွှေးထိုးခြင်း၊ စာရေးစာဖတ်ခြင်း၊ တီဗွီကြည့် ခြင်း စသည်ဖြင့် မျက်လုံးအာရုံစိုက်ရသောအလုပ်ကို အတတ်နိုင်ဆုံးလျော့ချ၍ ၀န်မပိအောင် ဂရုစိုက်ပါ။ မျက်စေ့စွေစောင်းမဖြစ်ရလေအောင် စာဖတ်သည့်အခါတွင်လည်း စာအုပ်ကိုဘေးတစောင်းဖတ်ခြင်းမပြုရ။
(၇) သစ်ခွဲစက်၊ ကျောက်ခွဲ စက်၊ ဂဟေဆော်ခြင်း၊ ရေကူးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ ရေလွှာလျောစီးခြင်း တို့ အတွက် မျက်လုံးအကာတပ်ဆင်ပါ။
(၈) ညအိပ်ယာဝင်ခါနီးတိုင်း ဒူးခေါင်းပေါ်မှ ရေလောင်းအိပ်ပါ။
(၉) ရေချိုးသည့်အခါ ဒူးခေါင်း၊ ပေါင်၊ ခါး၊ ပုခုံး၊ မျက်နှာ၊ ဦးခေါင်း စသည်ဖြင့် အောက်ခြေမှစ၍ အထက်ပိုင်းသို့  တစ်ဆင့်ပြီးတစ်ဆင့် ရေလောင်းပါ။

အမြင်အာရုံ ကြည်လင်စေရန်အတွက် မြန်မာ့ဆေးမြီးတိုများ

(က) ကွမ်းရွက်ကိုလက်ဖြင့် အသာချေ၍ နားထင်/ မျက်ရိုးတလျှောက် နှင့် မျက်ရည်အိတ်အောက်ဖက်တို့ တွင်ကပ်ပါ။
(ခ) သခွားသီးကို ပါးပါးလှီး၍ နားထင်၊ မျက်ခွံ နှင့် မျက်စေ့တ၀ိုက် ကပ်ပါ။
(ဂ) ညအိပ်ခါနီး ဆားကြမ်းနင်းခြင်း (သို့ မဟုတ်) ခြေဖ၀ါးကိုဆားဖြင့်ပွတ်ပြီးနောက် ဒူးခေါင်းမှ ရေလောင်းချပါ။
(ဃ) မျက်လုံးတ၀ိုက်တွင် မန်ကျည်းသီး အနှစ်ကို မျက်ကွင်းဆေးအဖြစ်လိမ်းကျံပါ။

အမြင်အာရုံပျက်စီးခြင်းနှင့်  ဆက်နွယ်သောရောဂါများမှာ

(၁) မျက်စေ့ပေါ်သို့ ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ကျခြင်း၊ အိပ်ရေးပျက်ခြင်း၊ စီးကရက်မီးခိုးငွေ့ များ၊ ကြွက်သား အားကောင်းဆေး၊ နာ တာရှည်ရောဂါများ၊ အလွန်အမင်းမောပမ်းနွမ်းနယ်ြ ခင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ သွေးတိုး၊ ကိုလက်စထရောများခြင်းတို့  ကြောင့် " မျက်စေ့အတွင်းတိမ် " ဖြစ်စေသည်။
 
(၂) ဟိုက်ပိုသိုင်းရွိုက်၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချို၊ စိတ်မချမ်းမြေ့ ခြင်း၊ ထုံး နှင့် ပေါင်းသတ် ဆေးစသောဓာတုဆေးတို့ မျက်လုံးထဲ မတော်တဆ၀င်ခြင်း၊ အဆီများသောအစားအစာများ နှင့် ကိုယ်လက်လှုပ်ရှားမှုနည်း၍ အညောင်း မိခြင်းတို့ ကြောင့် " ရေတိမ် " စွဲစေသည်။
 
(၃) ရေဓာတ်ခမ်းခြောက်ခြင်း၊ အရက်၊ ကဖိန်းဓာတ်များသော အစားအစာများ၊ ဆားကဲသော အစားအစာ တို့ ကြောင့် " မျက်စေ့ခြောက်၍ မျက်ရည်အိတ်ခမ်း " စေသည်။
 
(၄) မိမိမျက်စေ့နှင့် ပါဝါမကိုက်ညီသော မျက်မှန်ကို မှားယွင်း စွာ တပ်ဆင်အသုံးပြုခြင်းကလည်း အမြင်အာရုံပျက်စီးစေသည်။
 
(၅) ဆီးချို/လေဖြတ်ခြင်း/ ခန္ဓာကိုယ်ရှိ တစ်ရှုးများမကျောခြင်း/ ရေယုန်နာ ပေါက်ခြင်း/ အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာရှင်များအတွက် ထိုရောဂါများပြင်းထန်နေချိန်တွင် မျက်စေ့ပါဝါစမ်းသပ်ပါက အဖြေမှန်မထွက် နိုင်ချေ။

အကောင်းဆုံးဖြည့်စွက်စာများ

သင့်တင့်မျှတသော အစာအဟာရတို့ ကို ရွေးချယ်စားသုံးခြင်းကလည်း သင့်မျက်စေ့အတွက် အိမ်တွင်းသမားတော်အဖြစ် အားကိုးနိုင် သည်။ မျက်လုံးအတွက် သင့်တော်သည့် အစားအစာများကို ဖြည့်စွက်စာအဖြစ် စားသုံးပေးခြင်းဖြင့်  မျက်စိသွေးလည်ပတ်မှုကို အ ထောက်အကူပြုပေးကာ၊ မျက်စိအားကောင်းစေပြီး၊ ကြက်မျက်သင့်ရောဂါ၊ အတွင်းတိမ်နှင့် အသက်အရွယ်ကြီးရင့်၍ မျက်စေ့ကွယ်ခြင်း တို့ မှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။

(၁) ဗီတာမင်အေ ကြွယ်ဝသော ငါးကြီးဆီ၊ ကြက်ဥ၊ တိရိစ္ဆာန်အသည်း၊ ဘဲငန်းသား၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ ကစွန်းဥ၊ ကညွတ်၊ ပဲပင်ပေါက်၊ ပဲထောပတ်များ။
 
(၂) လူတိန်းနှင့် ဇီအာဇန်သင်း ဓာတ်ကြွယ်ဝသော ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာ၊ အစိမ်းရောင်ပဲသီးများ။
 
(၃) ဗီတာမင်စီဓာတ်ကြွယ်ဝသော ပန်းငရုပ်ပွ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ သခွားမွှေး။
 
(၄) ဘိုင်အိုဖလေဗိုနွိုက်ဓာတ် ကြွယ်ဝသော ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး၊ ချယ်ရီ၊ စပျစ်သီး၊ ဆီး(ဇီး)သီး။
 
(၅) ဗီတာမင်အီး ဓာတ်ကြွယ်ဝသော နေကြာစေ့၊ သစ် အယ်သီး၊ မြေပဲ၊ ထောပတ်သီး၊ မက်မွန်သီး၊ ဗန်ဒါစေ့။
 
(၆) စီလီနီယမ်ဓာတ်ကြွယ်ဝသော ပုစွန်၊ဂဏန်း၊ ကင်းမွန်(ပြည်ကြီးငါး)၊ ရေဘ၀ဲ၊ ဂုံးကောင်စသောပင်လယ်စာများ၊ • brazil nuts (ခေါ်) သုံးမြှောင့်ခွံမာသီးတစ်မျိုး၊ တစေး ဖြင့်အချဉ်ဖေါက်ထားသော နို့ ချဉ်၊ ဒိန်ချဉ်များ။
 
(၇) ဇင့်ဓာတ်ပါရှိသော ကမာကောင်(မုတ်ကောင်)၊ ဂျုံ၊ အစေ့အဆန်အမျိုးမျိုး။
 
(၈) အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝသော ဆယ်လ်မွန် ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ မက်ကရယ်ငါး (ခေါ်) ငါးသလောက်ယောက်ဖ၊ ငါးမည်းလုံး တို့ ဖြစ်သည်။

အမြင်အာရုံချို့ ယွင်းစေသော အစားအစာများမှာ

(၁) တညင်းသီး၊ မျှစ် (သို့ ) မျှစ်ချဉ် စသည့် အကြောတက်စေသော အစားအစာများ။
 
(၂) ဆားနှင့်သကြားကဲထားပြီး၊ အာဟာရ လုံးဝ မမြောက်သော သွားရည်စာများဖြစ်ကြသည့် ကွတ်ကီးစ်မုန့် အမျိုးမျိုး။
 
(၃) တိရိစ္ဆာန်နို့ ၊ ပဲနို့ ၊ ဟင်းရွက်ဆီတို့ ကို ဟိုက်ဒြိုဂျင်ဓာတ်ဖြင့် ပြုပြင်ပြောင်းလဲထားသည့် မာဂျရင်း (ခေါ်) ထောပတ်တုများ။
 
(၄) အာလူး (သို့ မဟုတ်) ကန်စွန်းဥ (သို့ မဟုတ်) ဌက်ပျောသီးတို့ ၏ မူလ သဘာဝဓာတ် ပျောက်အောင် အကျွတ်ကြော်ထားသော ဆီကြော်အစားအစာများ။
 
(၅) သကြား၊ သကြားလုံး နှင့် အချိုဓာတ်များ လွန်းသော သွားရည်စာများ ဖြစ်ကြသည်။
 
ပေါက်ပေါက်

ကြို့ထိုးတာကို ရပ်စေလိုလျှင်


 
ဒီနေ့ ထမင်းစားပြီးတော့ အခန့်မသင့် ကြို့ထိုးပါတယ်။ ဒါနဲ့ ရေများများသောက်တယ် မသက်သာဘူး။ သူငယ်ချင်းတစ်ယောက်က လန့်အောင်လာလုပ်တယ် မသက်သာသေးဘူး။ ပြီးတော့ သက်အောင့် ကြည့်တယ် မသက်သာဘူး။ ဒါနဲ့ အင်တာနက်မှာရှာကြည့်လိုက်တော့ အောက်ပါ အချက်ထဲက နားထဲကို လက်ချောင်းထည့်ပါ ဆိုတာ လုပ်ကြည့်သေးတယ် အဲ့ဒါလည်းမသက်သာသေဘူး။ နောက်ဆုံး နံပါတ် (၅) အချက် အတိုင်း "လျှာကို ဆွဲထားပါ" ဆိုတဲ့ အတိုင်းလုပ်ကြည့်မှ ကြို့ထိုးတာ သက်သာသွားပါတယ်။ မိတ်ဆွေများလည်း ကြို့ထိုးလာလျှင် သက်သာအောင် လုပ်လို့ ရမည့် နည်းလမ်းများကို အင်တာနက်မှာရှာတွေ့ထားတာလေး ပြန်ရှယ်လိုက်ပါတယ်။

ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကိုစိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်းတွေထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။
 

၁) အချိုစားပါ
ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။
 

၂) နားထဲ လက်ချောင်းထည့်ပါ
နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁၀ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ ဆောင်ရွက်ဖို့တော့ လိုပါတယ်။
 

၃) ရုတ်တရက် ထိတ်လန့်အောင်လုပ်ပါ
သင်ကြို့ထိုးနေချိန်မှာ ရုတ်တရက် အံ့သြစရာတွေ့တာ၊ လန့်သွားတာတွေက ကြို့ထိုးတာကိုရပ်တန့်စေ ပါတယ်။
 

၎) ရေများများသောက်ပါ
ရေကို အသက်မရှူဘဲ ဆက်တိုက် သောက်လိုက်တာကြောင့် ကြို့ထိုးတဲ့ ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။
 

၅) လျှာကို ဆွဲထားပါ
ကြို့ထိုးနေချိန်မှာ သင့်လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ ဆွဲထားတာကလည်း ကြို့ထိုးတာကို ရပ်တန့်သွား စေပါတယ်။
 

၆) သင့်အာခေါင်ကို နှိုးဆွပေးပါ
ဂွမ်းစအနည်းငယ်ကို သင့်အာခေါင်နားမှာ ထားပေးပါက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။
 

၇) အသက်ရှူ အောင့်ထားပါ
သင့်နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ရေထဲကို ခုန်ဆင်းသလိုမျိုး ခဏတာ အသက်ရှူအောင့်ထားပေးပါ။ ကြို့ထိုး တာ ရပ်တန့်သွားစေပါတယ်။
 

၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ
စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ် လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာ စေပြီး ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။
 

၉) လေဆေးသောက်ပါ
မဂ္ဂနီဆီယမ်ပါဝင်တဲ့ လေဆေးသောက်ပေးတာက ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။ မဂ္ဂနီဆီယမ်က အာရုံကြော နှိုးဆွမှုတွေကို လျော့နည်းစေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ လေဆေးတစ်ပြား ဒါမှမဟုတ် နှစ်ပြားကို ဝါးစားပါ။


ဒါတွေကတော့ ကြို့ထိုးနေသူတစ်ဦး သက်သာပျောက်အောင် ပြုလုပ်နိုင်တဲ့ အလွယ်ဆုံးနည်းလမ်းလေးတွေပါ၊ ကြို့မထိုးအောင် စားသောက်သင့်ပုံလေးတွေကို ပြောပြရမယ်ဆိုရင်ဖြင့်-
 

၁) အစာကို ဖြည်းဖြည်း စားပါ
အစာကို မြန်မြန်စားတတ်သူတွေဟာ အစာကို ကြေညက်အောင် မဝါးဘဲ မျိုချတတ်ကြပါတယ်။ အစာကို မြန်မြန်စားတာက လေတွေခိုအောင်းနေစေပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။
 

၂) အစားအလွန်အကျွံစားတာကို လျှော့ပါ
အစာကို အလွန်အကျွံ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ပြည့်ကျပ်ပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာလျှော့စားတာက ကြို့ထိုးတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။
 

၃) အစပ်များသော အစာများကို ရှောင်ပါ
အစပ်များတဲ့ တချို့အစားအစာတွေက အစာရေမျိုနဲ့ အစာအိမ်နံရံတွေကို နှိုးဆွတာကြောင့် အစာအိမ်ထဲမှ အက်စစ်တွေ အပေါ်ကို ဆန်တက်လာတတ်ပါတယ်။ အစာရေမျိုဆီကို အက်စစ်တွေ ဆန်တက်လာက ကြို့ထိုး တာကို ဖြစ်စေပါတယ်။
 

၎) အရက်လျှော့သောက်ပါ
အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ အရက်ကို များများနဲ့ မြန်မြန်သောက်တာက ရုတ်တရက် အစာမကြေတာကို ဖြစ်စေပါတယ်။ အရက်က အစာအိမ်နဲ့ အူလမ်းကြောင်းကို နှိုးဆွတာကြောင့် အစာရေမျို ရုတ်တရက် ကျယ်သွားပြီး ကြို့ထိုးတာကို ဖြစ်စေလို့ပါ။

ကျွန်တော်တစ်ညနေ ထမင်းစားအပြီး ကြို့ထိုးနေတာမို့ အသက်ရှုအောင့်ပြီးနေလိုက်မှ ပျောက်သွားတာနဲ့ တစ်ခါတလေ ကြို့ထိုးနေရင် ဘာတွေအလွယ်တကူလုပ်ပြီး သက်သာစေလဲဆိုတဲ့ ဖတ်ဖူးတဲ့နည်းလေးတွေကို ဗဟုသုတအဖြစ် မျှဝေရေးပေးလိုက်ပါတယ်။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ


အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ 

                          
နိုလ်ဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်
ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ " The Soup is too hot" လို့ စပြောပြီး သူစကားပြောတတ်ရဲ့ သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ “Because up to now everything was in order." ဖြစ်ပါတယ်။

၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွတ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။

၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။

၎။ အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီး နဲ့ ခြေအိတ်ဖြစ် ပါတယ်။

၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ "ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်"

၆။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ဦး (Adultery) ဖြစ်ပါတယ်။

၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ " အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ့ အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်" လို့ပြောဆိုခဲ့ဖူးပါတယ်။
 
MyawadyNews


ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်


ထိုမာတိကာပုဒ်၌ ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့ နည်း၊ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်၊ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်၊ တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်၊ နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်ဟူ၍ ရေအိုင်တို့သည် လေးမျိုးရှိကုန်၏၊

ဤအတူပင်လျှင်
ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည်
လောက၌ ထင်ရှား ရှိကုန်၏၊

လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊

၁... တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၂... နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၃... တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၎... နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
ဟူ၍ ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။

၁... တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူ သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ် ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်သည် တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် တိမ်လျက် နက်ယောင် ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၂... နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ် မရှိဘဲလျက် အမှန်တရားကို သိသော ပုဂ္ဂိုလ်သည် နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် နက်လျက် တိမ်ယောင် ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ် မရှိဘဲလျက် အမှန်တရားကို သိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏
ဟူ၍ မှတ်အပ်၏။

၃... တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်း မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည် ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည် ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ, အမှန်တရားကို လည်း မသိသော ပုဂ္ဂိုလ်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ, အမှန် တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ် အပ်၏။ (၃)

၎... နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရှု ကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်း ရှိ၏၊ ထိုကြည်ညိုဖွယ် ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည် ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည် ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန် သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ်လည်း ရှိ၍ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်သည် နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် နက်လည်းနက်၍ နက်ယောင်လည်း ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း ရှိ၍ အမှန် တရားကိုလည်း သိသော ပုဂ္ဂိုလ်ကိုထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။ 161

၎ - စတုက္ကပုဂ္ဂလပညတ်၊ မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။





ကိုယ့်ချစ်သူဟာ ရေရှည်လက်တွဲသွားဖို့ သင့်တော်တဲ့သူ ဟုတ်ရဲ့လား


 
ခုကိုယ်နဲ့တွဲနေတဲ့ ချစ်သူက မိသားစုတွေနဲ့ရော၊ သူငယ်ချင်းတွေနဲ့ပါ အဆင်ပြေတဲ့အပြင် သူ့အလုပ်အကိုင်နဲ့သူ တည်တည်ငြိမ်ငြိမ်လေးမို့ သူ့ကိုရေရှည်လက်တွဲသွားဖို့ စဉ်းစားနေပြီဆိုရင် သူကရော ကိုယ့်ကို အလေးထား၊ မထား ဒီလိုအချက်လေးတွေ ထည့်စဉ်းစားကြည့်ပါလား။

၁။သူက သူ့သူငယ်ချင်းတွေနဲ့ ကိုယ့်ကို ရင်းနှီးစေချင်တယ်ဆိုရင်

လမ်းကြုံလို့ မဟုတ်ပဲ ကိုယ့်ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ကိုယ့်ကို ရင်းနှီးစေချင်လွန်းလို့ ဒင်နာမှာ အားလုံးကိုဖိတ်ပြီး ကိုယ့်ကိုတွေ့ပေးတာမျိုး၊ ဒါမှမဟုတ်လည်း သူငယ်ချင်းအားလုံး ဆုံတဲ့နေ့မျိုးမှာ ကိုယ့်ကို ခေါ်သွားပြီး မိတ်ဆက်ပေးတာမျိုးဆိုရင် သူဟာကိုယ့်ကို တကယ်အလေးထားမှန်း သိသာပါတယ်။

၂။ကိုယ်ပြောသမျှ တော်တော်များများကို သူက မှတ်မိနေတတ်သူဆိုရင်

ကိုယ်က စနောက်ပြောလိုက်တာပဲဖြစ်ဖြစ်၊ အတည်ပြောလိုက်တာပဲဖြစ်ဖြစ် အားလုံး မဟုတ်တောင် တော်တော်များများကို သူက မှတ်မိနေတယ်ဆိုရင် ဒါဟာ သူကိုယ့်ကိုအလေးထားလို့ပါ။

၃။ ကိုယ့်မိဘတွေကို သူ့အကြောင်းခဏခဏ ပြောဖြစ်နေတယ်ဆိုရင်

အမှုမဲ့၊ အမှတ်မဲ့ပဲဖြစ်ဖြစ်၊ တမင်သက်သက်ပဲဖြစ်ဖြစ် သူ့ကောင်းကြောင်း ကိုယ့်မိဘတွေကိုပြောပြီး မိဘတွေဆီက အမှတ်တွေယူချင်နေပြီဆိုရင် ဒါဟာ ကိုယ့်မသိစိတ်ကရော၊ သိစိတ်ကပါ သူနဲ့ဘ၀ခရီးဆုံးထိ လက်တွဲသွားဖို့ စဉ်းစားထားနေတာကြောင့်ပါ။

၎။ကိုယ့်အလုပ်တွေကို အမြဲ စိတ်ဝင်စားတတ်သူဆိုရင်

သူက ကိုယ့်အလုပ်တွေကို ဘယ်လိုဖြစ်သင့်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာမျိုး အမြဲ အကြံပေးတတ်သူဆိုရင် ဒါကလည်း ကိုယ်ထည့်သွင်းစဉ်းစားပေးရမယ့် အကြောင်းပဲပေါ့။

၅။ပုံမှန်ဖုန်းခေါ်တတ်သူဆိုရင်

ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် မတ်ဆေ့ပို့တာမျိုး၊ ဖုန်းကနေ sms ပို့တာမျိုး မဟုတ်ဘဲ သူအပြင်ပဲရောက်ရောက်၊ ဘယ်သူတွေနဲ့ပဲရှိရှိ ကိုယ့်ဆီကို မပျက်မကွက် ပုံမှန်ဖုန်းခေါ်တတ်သူဆိုရင်တော့ ဒါဟာလည်း သူကိုယ့်ကို အလေးထားတယ်ဆိုတာ ပြသတာပါပဲ။

၆။ကိုယ့်ကိုအမြဲတမ်း အချိန်ပေးတတ်သူဆိုရင်

ကိုယ်နဲ့ပုံမှန်တွေ့နေကျ နေ့တွေအပြင် ကိုယ့်အတွက်ဆို အမြဲတမ်းအချိန်ပေးတတ်တဲ့သူ ဆိုရင်လည်း သူကိုယ့်ကို တန်ဖိုးထား ချစ်နေလို့ပါပဲ။

၇။ကိုယ့်မွေးနေ့အတွက် အလေးထား စီစဉ်တတ်သူဆိုရင်

ကိုယ့်မွေးနေ့မှာ ပြီးစလွယ် မွေးနေ့လက်ဆောင်လေး ပေးလိုက်တာမျိုးမဟုတ်ဘဲ ကိုယ်ပျော်ရွှင်ရအောင်၊ surprise ဖြစ်အောင် စီစဉ်ပေးတတ်သူဆိုရင်လည်း သူကိုယ့်အပေါ်ထားတဲ့ မေတ္တာဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။


MyawadyNews

ဘ၀မှာ တန်ဖိုးအရှိဆုံးအရာဟာ ဘာလဲ ?

 
  
ဒီမေးခွန်းလေးကို စဉ်းစားဖို့အတွက် အောက်ပါမေးခွန်းတွေကို အရင်ဆုံးဖတ်ကြည့်ရအောင်

၁ ။ ကိုယ့်ဘ၀မှာ ဂုဏ် ဒြပ်ငွေကြေးနဲ့ ကိုယ်လက်အဂါင်္နဲ့ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ
၂ ။ ကိုယ်လက်အဂါင်္နဲ့ အသက် နဲ့ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ
၃ ။ အသက်နဲ့ ကိုယ်ကျင့်သီလ နဲ့ တစ်ခုရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ

ကျွန်တော်တို့ နေနေကြတဲ့ပုထုဇဉ်လောကကြီးဟာတကယ်တော့ သိပ်ကို ရှုပ်ထွေး မှုနဲ့ပြည့်နှက်ပါတယ် ။ အထက်ပါ မေးခွန်းသုံးခုကို ယေဘူယျဖြေကြည့်မယ်ဆိုရင်

၁ ။ ကိုယ်လက်အဂါင်္ကိုပဲ အများစုရွေးချယ်ကြပါလိမ့်မယ

ဘာကြောင့်လည်းဆိုတော့ ကိုယ်လက်အဂါင်္ သန်စွမ်းနေသရွေ့ ငွေကြေးဥစ္စာ ဂုဏ်ဒြပ်တွေဆိုတာ အလွယ်တကူ ရှာဖွေနိုင်တယ်မဟုတ်လား ။ တစ်ခါတုန်း နိုင်ငံခြား မှာ အလုပ်လုပ်နေတဲ့အလုပ်သမားတစ်ယောက်ဟာ လုပ်ငန်းခွင်မှာ ထိခိုက်ဒါဏ်ရာရပါတယ် ။ သူ့ရဲ့ လက် ၂ ဆစ်ဟာတစ်ပတ်အတွင်း ခွဲစိတ်ရမယ့်အခြေအနေမှာရှိပါတယ် ။ အဲဒီ လက် ၂ ဆစ်ဟာ မခွဲစိတ်ရင် လက် ၂ ဆစ်လုံးဖြတ်ပစ်ရမှာဖြစ်ပါတယ် ။ တစ်ခုရှိတာက အဲဒီ လူ အလုပ်လုပ်နေတဲ့နိုင်ငံမှာ လျော်ကြေးဥပဒေရှိတယ် ။ လက်တစ်ဆစ်ကို သိန်း ၁၀၀ လက်၂ ဆစ်ဆိုတော့ သူသာ လက်ဖြတ်ဖို့ရွေးချယ်လိုက်ရင် သိန်း ၂၀၀ ရမှာပါ ။ ဒီတော့ အလုပ်သမားက စဉ်းစားတယ် သူ တစ်နှစ်လုံးလုပ်ရင်တောင် သိန်း ၁၀၀ မရဘူး ။ အခု လက်ကလေး ၂ ဆစ်ဖြတ်လိုက်တာနဲ့ သိန်း ၂၀၀ တောင်ရမှာဆိုတော့ လက်ဖြတ်ခံပြီး မြန်မာနိုင်ငံပြန်လာ ရင်းနှီးဖို့စဉ်းစားတယ် ဒါပေမယ့် သူ့ဘ၀မှာ ကိုယ်လက်အဂါင်္မပြည့်မစုံနဲ့လည်းသူမနေချင်ဘူး ။ ကိုယ့်လူတို့ဆိုရင်ရော ဘယ်လိုလုပ်မလဲ ။ တစ်ပတ်လုံးလုံးစဉ်းစားပြီးတဲ့အခါ နောက်ဆုံး အလုပ်သမားဟာ လက်ကို အဖြတ်မခံတော့ပဲ ငွေ သိန်း ၂၀၀ ကိုပဲ အဆုံးရှုံးခးံလိုက်တော့တယ် ။ သူ့အတွေးထဲမှာ ငွေကြေးဥစ္စာဟာ အချိန်မရွေးပြန်ရှာလို့ရတယ် လက် ၂ ဆစ်ကတော့ဘယ်တော့မှ ပြန်မရပဲ ထာဝဆုံးရှုံးသွားမယ့်အရာလို့ သတ်မှတ်ခဲ့လို့ပါပဲ ။

၂ ။ အသက်ကိုပဲ အများစု ရွေးချယ်ကြပါလိမ့်မယ်

ဒီမေးခွန်းက ရှင်းပါတယ် ဘယ်သူကမှ လက်တစ်ဆစ်ဖြတ်မလား အသေခံမလားဆိုရင် လက်တစ်ဆစ်ပဲဖြတ်ကြမှာပါ ။ အသက်က ပိုတန်ဖိုးရှိတာကိုး ။ လူ ၁၀၀မှာ လူ ၉၉ ယောက်က ဒီအဖြေကို ရွေးကြပါလိမ့်မယ် ။ ကဲ ဒါဆို ဥစ္စာပစ္စည်းထက် ကိုယ်လက်အဂါင်္က ပိုတန်ဖိုးရှိတယ် ကိုယ်လက်အဂါင်္ထက် အသက်က ပိုတန်ဖိုးရှိတယ်ပေါ့ ။

၃ ။ အသက်နဲ့ ကိုယ်ကျင့်သီလ ခင်ဗျား ဘာကိုရွေးမလဲ

အတော်စဉ်းစားရကြပ်တဲ့မေးခွန်းပါ ။ လူအများစု ပေါ့ ကျွန်တော်အပါအ၀င် အသက်တော့ အဆုံးမခံနိုင်ဘူး ကိုယ်ကျင့်သီလတော့တစ်ခါလောက် ဖောက်လိုက်ပါ့မယ်ဆိုတဲ့လူတွေ တော်တော်များပါလိမ့်မယ် ။ ကိုယ်ကျင့်သီလ ကို အသက်နဲ့ရင်းပြီး စောင့်ထိမ်းနိုင်တဲ့ လူ ဒီခေတ်ကြီးမှာ ရှိပါ့မလားဆိုတာ တွေးစရာတောင်သိပ်မလိုတော့ပါဘူး ။ အခု စာရေးသူကိုယ်တိုင် လည်း ဒီမေးခွန်းကို အကြိမ်ကြိမ်စဉ်းစားဖူးပါတယ် ။ တစ်ခါတုန်းက လူတစ်ယောက်က မေးဖူးတယ် ။ ကိုယ်ကျင့်တရားကို ဖောက်ဖျက်လိုက်လို့ ငွေသိန်း ၂၀၀၀ ရမယ် တစ်ခါလေးပဲ ဖောက်ဖျက်မယ် သိန်း ၂၀၀၀ ယူပြီး နောက်ပိုင်းအကျင့်သီလကို ပြန်ဆောက်တည်မယ် ကုသိုလ်တွေလုပ်မယ် အဲဒါဆို အဲဒီတစ်ခါဖောက်ဖျက်မိတဲ့အပြစ်ထက် သူနောက်ပိုင်းလုပ်မယ့်ကုသိုလ်က ပိုများနေရင် သူ တစ်ခါလောက်တော့ ကိုယ်ကျင့်သီလကို ဖောက်ဖျက်သင့်ပါသလားဆိုတဲ့မေးခွန်းပါပဲ ။ 


အတော်ဖြေရခက်တဲ့မေးခွန်းပါ ။ ကျွန်တော့်အမြင်ပြောရရင်တော့ဒါဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တွေကို ကိုယ်ဘယ်လို ခံယူသလဲဆိုတဲ့အပေါ်မူတည်မယ်ထင်ပါတယ် ။ ကိုယ်ကျင့်သီလကို အသက်ထက်ပိုတန်ဖိုးထားတဲ့လူတွေကတော့ ငတ်ရင်ငတ်ပါစေ ကိုယ်ကျင့်သီလကိုစောင့်ထိမ်းကျပါလိမ့်မယ် ။ အစွန်းထင်းခံမှာမဟုတ်ပါဘူး ။ ကိုယ်ကျင့်သီလဆိုတာ အသက်လောက် ဘ၀လောက် အရေးမကြီးဘူးလို့ ခံယူထားတဲ့သူတွေကတော့ ဖောက်ဖျက်ကြမှာပါ ။ တစ်ခုရှိတာက တစ်ခါဖောက်ဖျက်ပြီးတဲ့လူဟာ အကြိမ်ကြိမ်ဖောက်ဖျက်ဖို့ဝန်မလေးတတ်ကြတော့ပါဘူး ။ ဥပမာ အရက် တစ်ပုလင်းသောက်တဲ့လူဟာ နောက်ထပ်ပုလင်းပေါင်းများစွာ သောက်မိသလိုမျိုး ဆေးလိပ်တစ်လိပ်သောက်တဲ့လူဟာ နောက်ထပ်ဆေးလိပ်ပေါင်းများစွာသောက်မိသလိုမျိုးပေါ့ ။

ဒီတော့ ကိုယ်ကျင့်သီလကို စောင့်ထိမ်းဖို့ဆိုတာ အသက်ကို ဆုံးရှုံးခံရတာထက် ပိုခက်ခဲ ပိုအဖိုးတန်ပါတယ်လို့ ယေဘူယျကောက်ချက်ချရအောင် ။
ကျွန်တော့်ရဲ့ မူရင်း ရေးသားလိုတဲ့ ဘ၀မှာ တန်ဖိုးအရှိဆုံးအရာဆိုတာ

၁ ။ ကျန်းမာရေး ( မှန်ပါတယ် ဘုရားဟောတဲ့အထဲမှာလည်းပါတယ် ဂုဏ်ရှိတယ် ငွေရှိမယ် သုံးမကုန်အောင် ချမ်းသာတယ် ဒါပေမယ့် ကိုယ့်လူ ကျန်းမာရေးမကောင်းဘူးဆိုရင် အရာရာဟာ အလကားပါပဲ ငွေးပေးလို့ကုနိုင်တယ်ဆိုပေမယ့်ငွေပေးလို့မကုနိုင်တဲ့အရာတွေအများကြီးပါပဲ )

၂ ။ ချစ်ခြင်းမေတ္တာ ( သိပ်မှန်တယ် ငွေပေးတိုင်းလည်း လူတစ်ယောက်မေတ္တာ ကိုရချင်မှရလိမ့်မယ် ရလည်းအတုအယောာင်ပဲရလိမ့်မယ် ချစ်ခြင်းမေတ္တာဆိုတာ ငွေကြေးဥစ္စာနဲပမပတ်သတ်တဲ့ တန်ဖိုးရှိတဲ့အဖြည်ထည် အကြည်သက်သက်ပါ )

၂ ။ သီလ သမာဓိ ( ဒီအချက်ကလည်း မှန်ပါတယ် သီလသမာဓိဆိုတာ လည်းရှိသင့်တဲ့အချက်ပါ ဥပမာ ဗျာ ခင်ဗျားတို့ ကျွန်တော်တို့ ငွေတွေရှာနေတယ် အလုပ်တွေလုပ်ကြရတယ်ကိုယ့်မိသားစုအတွက် သားတွေသမီးတွေနောင်ရေးအတွက် ဒါပေမယ့် ဒီနေရာမှာ အကျယ်ချဲ့လေး ကျွန်တော်နည်းနည်းရှင်းပြချင်တယ် )

သင့်ဘေးကလူတွေ သင့်ကိုတကယ်ချစ်ကြသလား သူတို့ ထက်သင့်ကို ပိုချစ်ကြသလား ဆိုတာကို ပြန်စဉ်းစားကြည့်ရအောင် ။ ဥပမာ ခင်ဗျား သေသွားပြီဆိုပါတော့ ချစ်ပါတယ်ဆိုတဲ့သားသမီးတွေ မိဘတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ချစ်သူတွေ လင်ဖြစ်စေ မယားဖြစ်စေ ခင်ဗျားနောက်ကို ဘယ်သူ လိုက်ပါကြမှာလဲ ။ သူတို့အများဆုံးလိုက်ကြရင်ဖြင့် ရေဝေးအထိပါပဲ ။ ရေဝေးမှာ တောင် မီးခိုးလေးတွေ ထွက်တာကို ကြည့်ပြီးကားပေါ်ပြေးတတ်ကြမယ် နေရာမရမှာစိုးလို့ နေပူလို့တဲ့ ပရိတ်သတ်ရဲ့ ။ ဘယ်သူမှ မလိုက်ဘူးနော် ဘယ်သူမှ မလိုက်ဘူး ခင်ဗျားတစ်ယောက်တည်းပဲ အဲဒီခရီးကိုဆက်လျှောက်ရမှာ ။

ဒါကြောင့်ပြောတာ သူတပါးအတွက်လည်းရှာတာရှာတာပေါ့သားသမီးအတွက် မိသားစုအတွက် ဒါပေမယ့် ကိုယ့်အအတွက်လည်း ကိုယ် စိတ်ချမ်းသာအောင်နေပါဦး ကိုယ့်အတွက်လည်းကိုယ် သေရင်ပါသွားမယ့်အရာတွေလုပ်ပါဦးလို့ ရှေးလူကြီးက ဆုံးမခဲ့ကြတာပါ ။ မှန်တာပေါ့ ခင်ဗျားသေသွားရင်လေ .. ခင်ဗျားလုပ်တဲ့ ကုသိုလ် အကုသိုလ် ဒီ ၂ ခုပဲပါသွားမှာပါ ကျန်တာအားလုံးကို ခ၀ါချပြီး ဒီကမ္ဘာမှာထားခဲ့ရမှာပါ ။ ကုသိုလ်လုပ်တယ်ဆိုတာ တကယ်တော့ပေးဆပ်ခြင်းတစ်မျိုးပါပဲ ။ သူတစ်ပါးကိုပေးဆပ်လိုက်လို့ ကိုယ်ကြည်နူးသွားတာ အဲ့ဒါ အလိုလိုကုသိုလ်ရတယ်လို့ခေါ်တယ် ။ ကိုယ့်ကြောင့်သူတစ်ပါးစိတ်ချမ်းသာသွားတာ အဲဒါကုသိုလ်လို့ခေါ်တယ် ။ ကုသိုလ်များများလုပ်နိုင်ဖို့ဆိုတာကိုယ့်မှာသီလ သမာဓိ ဆိုတာလိုပါတယ် ။သီလဆိုတာ စောင့်ထိမ်းခြင်း သမာဓိဆိုတာ တည်ကြည်ခြင်း လေးနက်ခြင်းပဲဆိုကြပါစို့ ။

ဒီလောက်ဆို တန်ဖိုးအရှိဆုံးအရာတွေကိုသိလောက်ပြီထင်ပါတယ် တန်ဖိုးရှိအောင်လည်း ဘယ်လိုနေရမယ်ဆိုတာသိလောက်ပြီထင်ပါတယ် ။

ကျွန်တော့် ရဲ့ သူငယ်ချင်းတွေအတွက်ကျွန်တော်ပေးတဲ့လက်ဆောင်လို့မှတ်ယူကြပါ ။ တန်ဖိုးမရှိဘူးဆိုပြီး ကျော်သွားလို့လည်းရပါတယ် ။ အသုံးတည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ ဒီစာလေးရဲ့အနှစ်သာရကို ဖမ်းဆုပ်ကိုင်နိုင်ကြပါစေ ။

သက်တန့်ချို


MyawadyNews


စံပြုလောက်သော ဆေးဝါးဆိုသည်မှာ

                  
ဒေါက်တာ ဇော်လင်းအောင်

''တစ်ယူဇနာသော အရပ်၌ ဆေးဖက်မဝင်သော သစ်ပင် တစ်စုံတစ်ခုကို မတွေ့မြင်ပါ'' ဟု

သမားတော် ဇီဝက မိန့်ဆိုခဲ့ကြောင်း ဝိနည်းမဟာ ဝါစီဝရက္ခန္ဓကတ်၌ ဖော်ပြထားသည်။ ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ အရာဝတ္ထုများသည် လူသားတို့၏ ရှင်သန် ဖြစ်တည်မှုပေါ်တွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်း အားဖြင့် သက်ရောက် ပြုပြင်လျက်ရှိကြသည်။ သို့ရာတွင် လှပသော နှင်းဆီပန်းလေး တစ်ပွင့်၌ပင် ဆူးခက်များ ရှိနေသကဲ့သို့ လောက၌ အကောင်း၊ အဆိုး ဆန့်ကျင်ဘက် တရားများသည် သီးခြားစီ နေလေ့ မရှိ။ လူသားတို့၏ အသိပညာ၊ အတွေ့အကြုံတို့ဖြင့် စိစစ်ဝေဖန် အသုံးချတတ်မှသာ အသီးအပွင့်ကောင်းများ ရရှိခံစားနိုင်မည် ဖြစ်သည်။

ဝေဒနာရှင်များ၏ လက်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသော ဆေးဝါးများသည် အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ် မဝေဖန်၊ မပိုင်းခြားနိုင်ဘဲ သုံးစွဲမိပါက အန္တရာယ်ရှိသော အရာများပင် ဖြစ်သည်။ ခေတ်အ ဆက်ဆက် စံဆေးဝါးများ (Standard Drugs) ကို လေ့လာဖော်ထုတ်ခဲ့သော ဆေးသိပ္ပံပညာရှင်ကြီး များကလည်း ၎င်းဆေးများ၏ ကောင်းသော အချက်များကိုသာ ရည်ညွှန်းဖော်ထုတ်ခဲ့ခြင်း မဟုတ်ဘဲ ဆိုးသော အချက်များကိုလည်း စနစ်တကျ စိစစ် သတိပေး၍ လျှော့ချနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ဆေးဝါးဆိုသည်မှာ လိုအပ်သောသူ တစ်ဦး၏ ဇီဝကမ္မဖြစ်စဉ် သို့မဟုတ် ရောဂါဖြစ်စဉ်ကို ပြုပြင်ပြောင်းလဲ ပေးနိုင်ရန်၊ စူးစမ်း ဖော်ထုတ်ပေးနိုင်ရန် ကိစ္စတို့တွင်သုံးရန် သို့မဟုတ် သုံးရန်ရည်ရွယ်၍ ထုတ်လုပ်ထား သောအရာ၊ ထုတ်ကုန် တစ်မျိုးဟု ပညာရှင်တို့က ဖွင့်ဆိုထားသည်။

သို့ဆိုလျှင် လိုအပ်သော ဝေဒနာရှင် လူနာများအတွက် ဆေးပညာရှင်များ အားထားရလောက်သော စံဆေးဝါးများ (Standard Drugs) ကို မည်သို့မည်ပုံ ရရှိနိုင်ပါသနည်း။ သစ်ပင်များမှ (Cardiac Glycoside) ၊ တိရစ္ဆာန် တစ်ရှူးများမှ (Heparin) ၊ ပိုးမွှားသက်ရှိများမှ (Penicillin G) ၊ လူသားဆဲလ်များမှ (Urokinase) ၊ မျိုးရိုးဗီဇ တီထွင်ဆန်းသစ်မှုများ (Gene Technology) မှ (Human Insulin) စသော စံဆေးဝါးများကို ထုတ်လုပ်နိုင်သည် ဆိုသော်လည်း ၎င်းတို့ကို အန္တရာယ်ကင်းစွာဖြင့် ဆရာဝန်များ အသုံးပြုနိုင်သော စံအခြေ အနေ (Standard Drugs) သို့ရောက်ရန် ဆောင်ရွက်ရသော လုပ်ငန်းများမှာ စင်စစ်အားဖြင့် မလွယ်ကူ လှပေ။ ရှေးဦးစွာ ရောဂါ တစ်စုံတစ်ရာ၏ မူလဇာစ်မြစ် (Damage protein) ကို ပြုပြင်သက်ရောက်နိုင်သော အကြို ဆေးဝါးသစ် ဒြပ်ပေါင်းများ (Candidate Molecule (or) Compound) ကို ရှာဖွေ စိစစ်ပြီးသည်နှင့် ၎င်းတို့အား လက်တွေ့မကုသမီ အကြို စမ်းသပ်စစ်ဆေးခြင်း (Preclinical Testing) ပြုလုပ်ရသည်။ ၎င်းစစ်ဆေးခြင်းမှ အကြိုဆေးသစ်များ၏ ကိုယ်တွင်း ဇီဝသက်ရောက်မှု အချက်အလက်များကို ဖော်ထုတ် နိုင်သည်။ 
 
၎င်းတွင် အသေးစိတ်အားဖြင့် ကနဦး စစ်ဆေးမှုအဖြစ် ဇီဝဓာတုနှင့် ဆေးဝါးဗေဒဆိုင်ရာ လေ့လာ ခြင်းများ (Biochemistry and Pharmacology Essays) ၊ တိရစ္ဆာန် အသားစ၊ ကိုယ်တွင်း အစိတ်အပိုင်းနှင့် ဇီဝစနစ်များပေါ် စမ်းသပ်မှုများ (In vitro Tests) ၊ စမ်းသပ် တိရစ္ဆာန်အရှင်များပေါ်၌ စမ်းသပ်မှုများ (In vivo Tests) မှတစ်ဆင့် အကြို ဆေးအသစ်များ၏ အာနိသင် (Effects) ၊ ဆေးအချိန်အဆ (Dosage) နှင့် အဆိပ်သင့်မှု (Toxicity) ၊ အခြားဆေးများနှင့် အပြန်အလှန် သက်ရောက်မှု (Drugs Interaction) စသည် တို့ကို လေ့လာ ဖော်ထုတ်နိုင်သည်။ ထို့နောက် အရေးကြီးသော စမ်းသပ်ချက်များ ဖြစ်သည့်

(၁) ကာလ တို/ ရှည် အဆိပ်သင့်မှု (Acute/Chronic Toxicity Tests) ၊

(၂) မျိုးရိုးဗီဇ အဆိပ်သင့်မှု (Genotoxicity, Mutagenicity) ၊

(၃) ကင်ဆာ အဆိပ်သင့်မှု (Onco - or Carcinogenicity) ၊

(၄) မွေးရာပါ အဆိပ်သင့်မှု (Teratogenicity) စသော စမ်းသပ်ချက်များကို စနစ်တကျ လုပ်ဆောင်ရသည်။ အထက်ပါ အဆင့်များ ပြီးစီးချိန်တွင် အလွန်များပြားသော အကြို စမ်းသပ်ဆေးဝါးများ အနက်မှ အလွန် နည်းပါးသော ဆေးသစ်တချို့သာ လူသားများတွင် ဆက်လက်စမ်းသပ်ရန် (Potential Drug Compound) အဖြစ် သတ်မှတ်ပြီး ဖြစ်တော့သည်။

ထပ်ဆင့်၍ လက်တွေ့ကုသရန် ဆေးပေး စမ်းသပ်ချက်များ (Clinical Trials) ကို ဆောင်ရွက်ရာတွင် အဆင့်(၁) (Phase I) ၌ ရောဂါကင်းသောလူများ (Healthy Personal) တွင် စမ်းသပ်ခြင်း၊

အဆင့်(၂) (Phase II) ၌ ရွေးချယ်ထားသော သက်ဆိုင်ရာရောဂါ ဝေဒနာရှင်များပေါ်တွင် ဆေးအသစ် (Potential Drug) ၏ သက်ရောက်မှု၊ ကောင်းကျိုးနှင့်ဆိုးကျိုး နှိုင်းယှဉ်လျှင် ဆိုးကျိုး (Adverse Effect) သည် လက်ခံနိုင်လောက်သော အတိုင်းအတာထိ နည်းပါးမှု ရှိ၊ မရှိ စမ်းသပ်ခြင်း၊

အဆင့်(၃) (Phase III) ၌ ပိုမိုများပြားသော လူနာအုပ်စုများ ဖွဲ့စည်း၍ ဆေးအသစ်ကို ရှိနှင့်ပြီးသား ပြဋ္ဌာန်း ဆေးဝါးများနှင့် နှိုင်းယှဉ်ကုသ စမ်းသပ်ခြင်း စသော လုပ်ငန်းများကို ကျင့်ဝတ်ဆိုင်ရာ အာဏာပိုင် အဖွဲ့အ စည်းများ (Ethical Committee) ၏ စည်းမျဉ်းများ၊ သဘောတူညီချက်များ အတိုင်း လိုက်နာ ဆောင်ရွက် ရသည်။ ထိုအခြေအနေတွင် ခန့်မှန်း တစ်သောင်းကျော်သော စမ်းသပ်ဆေးများ အနက်မှ အဆုံးစွန်အထိ စမ်းသပ် စစ်ဆေးမှု ခံနိုင်သော ဒေါင်ဒေါင်မြည် ဆေးအသစ် တစ်ခုလောက်သာ အတည်ပြု ပေါ်ထွက် လာနိုင်တော့သည်။ ဆေးအသစ်ကို အတည်ပြုရာတွင် (Approval of New Drug) ကျန်းမာရေး အာဏာပိုင် အဖွဲ့အစည်းများ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာန (FDA) ၊ ဆေးဝါးနှင့် အဆိပ်သုတေသနဌာန များစသည်တို့မှ ပညာရှင်များက ကြီးကြပ်ကွပ်ကဲ၍ ဆောင်ရွက်ကြသည်။ အတည်ပြုပြီးနောက်

အဆင့်(၄) (Phase IV) စမ်းသပ်ချက်အရ ဈေးကွက်အတွင်းရှိ ကုမ္ပဏီ အမည်တပ် (Tradename) ထိုဆေး အသစ်ကို ထိန်းညှိ စောင့်ကြည့် အကဲခတ်ခြင်း (Regulatory Servillence) ၊ ဆက်လက် လုပ်ဆောင်ရပြီး လိုအပ်ပါက ဈေးကွက်မှ ချက်ချင်း ရုပ်သိမ်းခြင်း (Withdrawal) လုပ်နိုင်ရန် စီစဉ်ထားရသည်။ ဤသို့ဖြင့် ဆေးဝါး အသစ်တစ်ခု၏ ကုသမှုဆိုင်ရာ တန်ဖိုး (Therapeutic Value) ကို ၎င်း၏ ကောင်းကျိုး၊ ဆိုးကျိုး အချိုးအဆ၊ ရေရှည် အတွေ့အကြုံပေါ် မူတည်၍ သတ်မှတ်နိုင်မည် ဖြစ်သည်။

သို့ဆိုလျှင် ဤကဲ့သို့ ပညာရှင်ပေါင်းများစွာ ခက်ခက်ခဲခဲ ရှာဖွေ ဖော်ထုတ်ထားရပြီး အချိန်၊ ငွေကြေး အရင်းအနှီးများစွာ မြှုပ်နှံထားရသော စံဆေးဝါးများ (Standard Drugs) သည် နားမလည်၊ မတတ် ကျွမ်းသော သူတို့၏ လက်တွင်မူ ပျက်စီးဆုံးရှုံးမှု ဘေးအန္တရာယ်များ ရှိနေသော်လည်း ရောဂါအကြောင်း၊ ဆေးဝါးများ အကြောင်းကို နှစ်နှင့်ချီ၍ လေ့လာ တတ်ကျွမ်းအောင် သင်ယူအားထုတ်ခဲ့ကြသော ဆေး ပညာရှင် ဆရာဝန်/ ပါရဂူများ၏ လက်တွင်မူ တန်ဖိုး မဖြတ်နိုင်သော ကုသရေးလက်နက်များ ဖြစ်သော ကြောင့်ဝေဒနာရှင် လူနာများအား ဆေးအတွက် ဘေးမဖက်စေဘဲ သတိချပ်ကြရန် ရေးသားတင်ပြ လိုက်ရပါသည်။ ။
 
MyawadyNews


ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ


ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လိုပဲ Alliaceae အနွှယ်ဝင်ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ရဲ့ အာဟာတန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန်မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

(၁) သွေးကြောနံရံတွေကို အကာအကွယ်ပေးပါတယ်

ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက်တစ်မျိုး သိသိသာသာ ပါဝင်ပါတယ်။ ဒီဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၂) ဖောလိတ်ဓာတ်ကို ရရှိစေပါတယ်


ဖောလိတ်ရဲ့ Bioactive ပုံစံတစ်မျိုးဖြစ်တဲ့ 5-methyltetrahydrofolate ဟာ ကြက်သွန်မြိတ်ထဲမှာ ပါဝင်ပါတယ်။ ဖောလိတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ရုံသာမက သွေးထဲက ဟိုမိုစစ်စတင်းအဆင့်ကိုလည်း လျော့နည်းစေပါတယ်။ ဟိုမိုစစ်စတင်းအဆင့်များရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်နှုန်းကို တိုးစေရုံသာမက နှလုံးသွေးကြောကျဉ်းရောဂါလို နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ သင်စားတဲ့ အစာထဲ ကြက်သွန်မြိတ်ထည့်စားရင် သွေးတွင်း ဟိုမိုစစ်စတင်းအဆင့်ကို လျော့ကျစေပြီး နှလုံးနဲ့ သွေးကြောတွေ ကျန်းမာအောင် အကာအကွယ်ပေးပါတယ်။

(၃) အင်တီအောက်ဆီးဒင့် တစ်မျိုးလို လုပ်ဆောင်ပါတယ်

ကြက်သွန်မြိတ်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနော ပါဝင်တာကြောင့် နာတာရှည်ရောဂါနဲ့ အိုမင်းမှုကို ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်ကို တွန်းလှန်ပေးနိုင်ပါတယ်။ ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ Gallic Acid ပမာဏဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာထက် ပိုများပါတယ်။

(၄) နာတာရှည် ရောင်ရမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

ကြက်သွန်မြိတ်ဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေလောက် နာမည်မကြီးပေမယ့် နာတာရှည်ရောင်ရမ်းတဲ့ အခြေအနေကိုတော့ တွန်းလှန်နိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းမှုကြောင့် ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ ရိုးဆစ်ရောင်ရမ်းနာတို့ ဖြစ်နိုင်ပါတယ်။ ကြက်သွန်မြိတ်မှာ ပိုလီဖီနောနဲ့ Kaempferol တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၅) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိပါတယ်

ကြက်သွန်မြိတ်မှာ ဗီတာမင်စီ၊ B6၊ ဗီတာမင်ကေတို့အပြင် မဂ္ဂနိစ်နဲ့ သံဓာတ်တို့လည်း ကောင်းစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာ အနာကျက်စေပြီး ကော်လာဂျင် ဖြစ်ပေါ်စေပါတယ်။ ဗီတာမင် B6 ဟာ စွမ်းအင်သုံးစွဲရေးအတွက် အရေးပါပါတယ်။ ဗီတာမင်ကေက သွေးခဲမှု၊ အရိုးနဲ့ တွယ်ဆက်တစ်သျှူး တည်ဆောက်မှုတို့အတွက် အရေးပါပါတယ်။ မဂ္ဂနိစ်ဟာ ခန္ဓာကိုယ်ထဲက တုံ့ပြန်မှုတိုင်းအတွက် ကိုအင်ဇိုင်း အနေနဲ့ လုပ်ဆောင်သလို သံဓာတ်ဟာ ဟေမိုဂလိုဘင် ဖြစ်ပေါ်ရေးအတွက် အရေးပါပါတယ်။

(၆) နှလုံးကို ကာကွယ်ပေးပါတယ်

လေ့လာမှုတချို့အရ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လို Allium အနွှယ်ဝင် ကြက်သွန်မြိတ်ဟာ သွေးဖိအားကို အနည်းငယ် လျော့ကျစေပြီး သွေးခဲဖတ် ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးတာကြောင့် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LDL ကိုလည်း လျော့ကျစေပါတယ်။

(၇) အဆီကင်းပြီး ကယ်လိုရီနည်းပါးပါတယ်

ကြက်သွန်မြိတ်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး အဆီမပါတာကြောင့် ခါးအတိုင်းအတာ လျော့ကျလိုသူတွေ အနေနဲ့ ဟင်းလျာအရသာ တိုးအောင် ကြက်သွန်မြိတ် အနည်းငယ် ထည့်သင့်ပါတယ်။ ဒါဆိုရင် ဆား၊ ထောပတ် စတဲ့ အရာတွေ ထပ်ထည့်ဖို့ မလိုဘဲ ဟင်းလျာတွေ ကျန်းမာရေးနဲ့ ညီညွတ်ကာ အရသာရှိနေပါလိမ့်မယ်။

ကြယ်စင်


MyawadyNew



အိမ်တွင်းရေး ဆူပူမှုမရှိပဲ သာယာစေချင်ရင်

     
    ဘုရားပန်းကို အညှိုးမခံပါနဲ့..
 သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..
ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်
ရွတ်နေစရာမလိုပါဘူး..
ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်...
သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင်
အိမ်တွင်းရေး အေးချမ်းပါတယ်..

အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် .......
မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ
လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ်..
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ
မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ
တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်..

ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး
သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့..
ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင်
ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး "မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်"
လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်......
ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး......
ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ......

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး..
ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်)
မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ်......
သရဏဂုံရွတ်နေတဲ့အချိန်ကိုမြတ်စွာဘုရား
ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ်..
ရွတ်ပြီးသွားပြီဆိုတော့မှ "အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား" လို့စွန့်ပြီး စားပါတယ်..

ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်..
တစ်ချို့လူတွေက ဆွမ်းတော်စွန့်တာစားရင်ဘုန်းနိမ့်တယ်
ဉာဏ်ထိုင်းတယ်ဆိုပြီး မစားကြပါဘူး.....
တစ်ကယ်တော့ ဒီစကားဟာသထုံဘုရင် မနုဟာမင်းကို
အကြောင်းပြုပြီး ပေါ်လာတဲ့ စကားသာဖြစ်ပါတယ်..

မနုဟာမင်းဟာ စကားပြောရင် အာခံတွင်းကအရောင်ဝင်းဝင်း
တောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ဘုရင်တစ်ပါး ဖြစ်ပါတယ်..
သူဟာ လောကီအစီအရင်များနဲ့ စီမံထားတဲ့ ဆွမ်းတော်ကျကို
စားမိသည့်အတွက် အာခံတွင်းမှအရောင်များ ပျောက်ကွယ်သွားပါတယ်..
ဒီလိုဖြစ်ရတာဟာ ဆွမ်းတော်ကျစားခြင်းကြောင့် မဟုတ်ပါ..
လောကီအစီအမံကြောင့် သော်လည်းကောင်းထည့်ကျွေးသည့
မနောလင်ပန်း မသန့်ရှင်းသောကြောင့်လည်းကောင်း
ပျောက်ကွယ်ခဲ့ရခြင်းသာဖြစ်ပါတယ်..

နောက်တစ်ခုက မသိနားမလည်ကြတဲ့ကလေးတွေဘုရားရှင်အတွက်
ကပ်လှူထားတာတွေကိုယူစားမှာ စိုးတဲ့အတွက်ကြောင့်
လူကြီးမိဘတွေကမစားဝံ့အောင် ခြောက်လှန်တားမြစ်ထားခြင်း
ကြောင့်ဆွမ်းစွန့်ပြီးလည်းမစားဝံ့ မစားရဲဖြစ်သွားကြတာပါ..

ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွပြန်လာပြီးရင်
သပိတ်အတိုင်းဘုရားရှင်ကို ဆပ်ကပ်ပြီးမှ
သပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့..

ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ်ဘုန်းနိမ့်တယ်လို့
ကျမ်းဂန်များထဲမှာ မိန့်တော်မမူခဲ့ပါဘူး..လို့ ဆရာတော်များ၏တရားများ စာအုပ်များမှာနာဖူး ဖတ်ဖူးပါတယ်..

ဒီလောက်ဆို အတုမရှိမြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှ
စွန့်ပြီးစားတာဟာကောင်းမကောင်း သင့်မသင့် ဆိုတာကို
မိမိတို့၏ဦးနှောက် အသိဉာဏ်က ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်..
 


“သီလရှင်ကို ယောက်ျားများက ရှိခိုးကောင်း၊ မကောင်း ၊ သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်”



Q.အရှင်ဘုရား . . .သီလရှင်ကို တပည့်တော်တို့ ယောက်ျားများက
ရှိခိုးကောင်းပါသလားဘုရား။သီလရှင်နှင့် စကားပြောတဲ့အခါ တ ပည့်တော်လို့ သုံးသင့်သလား၊ ကျွန်တော်စသည်ဖြင့် သုံးသင့်သ လား သိချင်ပါသည်ဘုရား။
ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။
(မောင်စိုး)

A. သီလရှင်ကို ယောက်ျားများ ရှိခိုးကောင်းပါတယ်။ရှိခိုးခြင်းဖြင့် အပြစ်မဖြစ်သလို ကုသိုလ်ဖြစ်စေပါတယ်။ရှိခိုးတယ်ဆိုတာနှိမ့်ချတဲ့ သဘော၊ အရိုအသေပြုတဲ့ သဘောရဲ့သင်္ကေတ တစ်ခုပါ။ သီလရှင်မှ မဟုတ်ဘဲ ကိုယ့်ထက်အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူများ ကို အရိုအသေပေးတာ၊နိမ့်ချတာလည်း ကုသိုလ်ဖြစ်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ ရှိခိုးကိုးကွယ်မှုကို အနည်းငယ်ပြောလိုပါတယ်။ဗုဒ္ဓဘာသာဟာ “ပုဂ္ဂိုလ်”ကို ကိုး ကွယ်တာမဟုတ်ပါဘူး၊“ဂုဏ်”ကိုကိုးကွယ်တာပါ။ ပုဂ္ဂိုလ်မှာ ရှိတဲ့သီလ၊သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေကို အာရုံပြု ရှိခိုးကိုး ကွယ်တာပါ။ဒါကြောင့်လည်း သာသနာ့ဘောင် ရောက်လာတဲ့သားသမီးတွေကို မိဘတွေက ရှိခိုးရတာပါ။

လူတွေနေ့စဉ် စောင့်ထိန်းရတဲ့ သီလတွေထက်ကိုရင်၊ ရဟန်း၊ သီလရှင်များ စောင့်ထိန်းရတဲ့သီလတွေ က ပိုများပါတယ်။ အဲဒီသီလစတဲ့ ဂုဏ်တွေကြောင့်လူပုဂ္ဂိုလ်တွေက မိမိထက် ဂုဏ်အားဖြင့် သာလွန်တဲ့“ရဟန်း၊ သာမဏေ၊ သီလရှင်တွေ”ကို ရှိခိုးကြခြင်းဖြစ်ပါတယ်။သီလရှင်၊ အမျိုးသမီး ဆိုတဲ့ပုဂ္ဂိုလ်ကို မကြည့်ဖို့တော့ လိုပါတယ်။

မျက်မှောက်ခေတ် မြန်မာပြည်မှာ ရှိတဲ့သီလရှင်တွေဟာအနည်းဆုံး “ရှစ်ပါး သီလ”ကို စောင့်ထိန်းကြတဲ့အ ပြင်မြတ်စွာဘုရား တရားတော်တွေကို သင်အံလေ့ကျက်ပို့ချဟောပြောပေးနေတဲ့ သူများဖြစ်တဲ့အတွက် သူတို့ကိုလည်း တစ်နည်းအားဖြင့် “ဓမ္မစေတီထိုက်တဲ့သူ”များဟုဆိုနိုင်ပါတယ်။ ဒါကြောင့် သာမန်နေ့စဉ် ငါးပါးသီလတောင်လုံခြုံအောင် စောင့်ထိန်းဖို့ ခက်တဲ့လူပုဂ္ဂိုလ်တွေ ထက်စာရင်သီလ၊ သမာဓိ၊ ပညာ ဂုဏ်တွေမြင့်တဲ့ သီလရှင်ကိုရှိခိုးထိုက်ပါတယ်။ ပုဂ္ဂိုလ်ကို မကြည့်ပါနဲ့၊ဂုဏ်ကို အာရုံပြုပါ။ အမျိုးသမီးဆိုတဲ့ အစွဲလည်းမထားပါနဲ့။အဲလို အစွဲထားရင် ကိုယ့်အဒေါ်တွေ၊ အမတွေလည်းအမျိုးသမီးတွေပဲ သူတို့ ကိုတောင် သီတင်းကျွတ်၊နှစ်ကူးစသည်မှာ ကန်တော့ကြသေးတာပဲ။သီလရှင်ဆိုပိုတောင် ကန်တော့ကောင်းပါသေး
တယ်။ကန်တော့ခြင်းဖြင့် အပြစ်မဖြစ်ပါ။ကုသိုလ်တောင် ဖြစ်ပါသေးတယ်။

သီလရှင်ကိုလည်း စကားပြောတဲ့အခါမှာ “တပည့်တော်”လို့ သုံးသင့်ပါတယ်။တကယ်တော့ စကားအပြောအ ဆို ဆိုတာတွေက ပညတ်ချက်တွေပါ။သူနိုင်ငံ သူ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ဓလေ့ထုံးစံများ ဖြစ်နေတဲ့အတွက် ယဉ်ကျေးမှုအရသီးခြားသတ်မှတ်ချက်လေးတွေ ရှိနေတဲ့အပြောအဆိုလေးတွေလိုက်ပြီး သုံးသင့်ပါတယ်။ ဒါလည်းပဲ အပြစ်မဖြစ်ပါဘူး။

မြတ်စွာဘုရားရှင်တောင် ဘုရားဖြစ်ပြီး တရားဟောတဲ့အခါအရိုးစွဲနေပြီးဖြစ်တဲ့ အိန္ဒိယရဲ့ ဗြဟ္မဏ ဓလေ့ထုံးစံများကိုလိုက်ပြီးသုံးနှုန်း တရားဟောတာတွေ ရှိပါတယ်။
ဒါကြောင့် မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ သတ်မှတ်ချက်များဖြစ်တဲ့လူပုဂ္ဂိုလ်များနဲ့ သာသနာ့ဝန်ထမ်း များရဲ့ အသုံးအနှုန်းလေးတွေကိုလိုက်ပြီးသုံးသင့်ပါတယ်။ တစ်ဘက်ကလည်း ဒီလိုသုံးနှုန်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနှိမ့်ချရာ ရောက်သလိုကိုယ့်ထက်ဂုဏ်မြင့်တဲ့သူကို အရိုအသေပြုရာလည်းရောက်ပါတယ်။ ဒါကြောင့် သီလရှင်ကိုလည်း တပည့်တော်ဆိုတဲ့အသုံးအနှုန်းမျိုးဖြင့် သုံးနှုန်းပြောဆိုသင့်ကြောင်
အကြံပြုလိုက်ပါတယ်။

မေတ္တာဖြင့်
- ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)


ရန်ကုန်ဘူတာကြီး အဆင့်မြှင့်ဖို့ ကုမ္ပဏီများကို ရထားဝန်ကြီးဌာန တင်ဒါခေါ်ပြီ


နိုင်ငံတကာမှာ ပြည်သူအများစုဟာ ရထားကိုပဲ အဓိက ပို့ဆောင်ရေးအဖြစ် သုံးစွဲနေကြတာကြောင့် မြန်မာပြည်ရဲ့ အခြေခံလူထု သွားလာရေးအတွက် ဘူတာကြီးကို အရင်အဆင့်မြှင့်မယ်လို့ မီးရထားဝန်ကြီးက ပြောလိုက်ပါတယ်။ ဘယ်လိုမြှင့်ပြီး ဘယ်လောက်ကြာမှာလဲ။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်ရေးအတွက် ဆယ်နှစ်နီးပါး အချိန်ကြာနိုင်သလို ကျပ်ငွေ ၂.၅ ဘီလီယံ ကုန်ကျနိုင်တဲ့ ဒီစီမံကိန်းအတွက် ကုမ္ပဏီတွေ တင်ဒါလျှောက်နိုင်ပြီလို့ မီးရထားပို့ဆောင်ရေး ဒုတိယဝန်ကြီးက ဧပြီ ၂၆မှာ ပြောဆိုခဲ့ပါတယ်။

စိတ်ပါဝင်စားကြောင်း လျှောက်ထားတဲ့ ကုမ္ပဏီတွေကို လာမယ့် နိုဝင်ဘာ တတိယပတ်မှာ ရွေးချယ်မှာဖြစ်ပြီး မီးရထားဝင်းအတွင်း နေထိုင်သူတွေကို ပြောင်းရွှေ့ဖို့လည်း ညှိနှိုင်းပြီးလို့ အဲဒီလူတွေက ကျေနပ်ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့် တည်ဆောက်ဖို့အတွက် ရွေးချယ်ခံရမယ့် ကုမ္ပဏီဟာ တစ်ခုတည်း ဖြစ်ချင်မှ ဖြစ်မယ်လို့ ပြောဆိုခဲ့ပြီး တင်ဒါစိစစ်ရေးချယ်ရေးကိုလည်း နိုင်ငံတကာအဆင့်မီ အကြံပေးအဖွဲ့ထားပြီး လုပ်ဆောင်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Kamayut Media 


ရပေါ်မှာ မီးလောင် (ရုပ်/သံ)


ကြားရတာ ရေပေါ်မှာ လောင်တဲ့မီးဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဒါမေပယ့် တစ်ကယ်ရေပေါ်မှာလောင်တာပါ။ ဒါဆို သူ့နောက်ကွယ်မှာ အကြောင်းအရာ တစ်ခုတော့ ရှိရမှာပေါ့။

ဟုတ်ပါတယ် ဒါပေမယ့် ဘာကြောင့်လဲဆိုတာမပြောခင် ဖြစ်ပွားခဲ့တဲ့နေရာကို အရင်ပြောချင်ပါတယ်။ အီရတ်နိုင်ငံ ဘက္ကဒတ် မြောက်ပိုင်းက မြစ်လက်တက် တစ်ခုမှာ ဧပြီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

Islamic State of Iraq and ash Sham (ISIS) အကြမ်းဖက်အဖွဲ့က အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဆီပိုက်လိုင်းတွေကို ဖျက်ဆီးလိုက်ရာက ဆီပမာဏတော်တော်များများဟာ ၎င်းမြစ်လက်တက်ထဲကို ယိုဖိတ်ပြီး မီးလောင်ခဲ့တာပါ။ အီရတ်ဝန်ကြီးကတော့ ဒီကိစ္စကို ထိန်းသိမ်းလိုက်နိုင်ပါပြီလို့ ဆိုပါတယ်။ ဘယ်လောက်တောင်ဆိုးရွားလဲဆိုတာ ကိုယ်တိုင်ပဲ အောက်ပါ video မှာ ကြည့်လိုက်ပါဦး။

Credit:  (www.YgnNews.com)




ဦးပိုင်နှင့် MEC ကို သတ္တုလုပ်ကွက်များ ဦးစားမပေးတော့ဟုဆို


 ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ အပါအ၀င် သတ္တုတူးဖော်လုပ်ကိုင်ခွင့်များနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေးဦး ပိုင်လီမိတက်(ဦးပိုင်) နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ယခင်ကကဲ့သို့ ဦးစားပေးလုပ်ကိုင်ခွင့်   ပေးမည်မဟုတ် ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောသည်။

‘‘အရင်ကတော့ ဟုတ်ရင် ဟုတ်မယ်။ နောက်ပိုင်းကို တခြား ကုမ္ပဏီတွေနဲ့ တန်းတူလုပ်ကိုင် ခွင့်ကို ၀င်ရောက်အရွေးချယ်ခံရ မယ်’’ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက် ထက်က ပြည်တွင်းမှ သတ္တုတူး ဖော်သည့် ကုမ္ပဏီအများစုသည် စစ်တပ်အသိုင်းအ၀ိုင်းနှင့် ဆက် နွှယ်နေသော စီးပွားရေးလုပ်ငန်း ရှင်များ ဦးစီးလုပ်ကိုင်နေသည့် ဦးပိုင်နှင့် MEC အစရှိသော ကုမ္ပ ဏီများနှင့် ယှဉ်ပြိုင်ရပါက လုပ် ကိုင်ခွင့် အနည်းငယ်သာ ရရှိခဲ့ သောကြောင့် ယခုကဲ့သို့ အစိုးရ က မျှတစေရန် ပြန်လည်ပြင်ဆင် ပေးလိုက်ခြင်းဖြစ်သည်ဟု ဆို သည်။

လက်ရှိတွင် ဦးပိုင်နှင့် MEC ကုမ္ပဏီတို့ သတ္တုတူးဖော်ရေး လုပ်ကွက်များရှိသည့်  ဖားကန့် ဒေသမှ လုပ်ကွက်များ၊  မိုးကုတ် မိုင်းရှူးဒေသမှ ပတ္တမြားနှင့် နီလာ တူးဖော်ရေး လုပ်ငန်းများရှိ ၎င်း တို့ပိုင်လုပ်ကွက်များမှာ သက် တမ်းအားဖြင့် ကုန်ဆုံးနေပြီဖြစ်သောကြောင့် လက်ရှိကာလပေါက်ဈေးမပေးနိုင်ပါက အခြား ကုမ္ပဏီများသို့   လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောသည်။

  အဆိုပါ ဦးပိုင်နှင့် MEC ကုမ္ပဏီတို့၏  သက်တမ်းကုန် လုပ်ကွက်များမှာ  လစဉ် နိုင်ငံပိုင် သတင်းစာများမှ ခေါ်ယူလျက်ရှိ ပြီး လက်ရှိပေါက်ဈေးအတိုင်း ပေးနိုင်မည့် ကုမ္ပဏီများအနေဖြင့် လျှောက်ထားမှုအချို့ ရှိသော် လည်း ယခုထက်တိုင် အကြောင်း မပြန်သေးကြောင်း Golden Dragon သတ္တုတူးဖော်ရေး ကုမ္ပ ဏီမှ လုပ်ငန်းရှင် ဦးစိုင်းသီဟန် နိုင်က ဆိုသည်။

အချို့သော လုပ်ကွက်များ မှာ   ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ် ငန်းများဖြစ်ပြီး  တိုက်ပွဲဧရိယာ များတွင်  ပါဝင်နေခြင်းကြောင့် မူလပေါက်ဈေးအတိုင်း လုပ်ကွက် ကို လွှဲပြောင်းရယူနိုင်သော်လည်း တူးဖော်လုပ်ကိုင်ခွင့် မပေးသေး ၍ မည်သည့်လုပ်ငန်းရှင်ကမှ လုပ်ကိုင်ရယူလိုခြင်းမရှိကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြော သည်။

  ယခင်က ဦးပိုင်နှင့် MEC ကုမ္ပဏီတို့သည် အငြိမ်းစားသက်ကြီး  စစ်သားများအတွက်အထောက်အပံ့များ ပေးအပ်နေသည့် ကုမ္ပဏီဖြစ်သောကြောင့် အစိုးရ က ဦးစားပေးလုပ်ကိုင်ခွင့် မကြာခဏ ချထားပေးခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလေ့ရှိသည်။

7Day Daily


မက်လုံး


“မင်းဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ရင် အဖေမင်းကိုစက်ဘီးတစ်စီးကောင်းကောင်းဝယ်ပေးမယ်” ဟုဆိုသော အဖေ၏မက်လုံးပြစကားကြောင့် စာမှန်မှန်ကျက်တဲ့ကလေးကိုတွေ့ဖူးသည်။ အဖေ၏ မက်လုံးပြစကားကြောင့် သားဖြစ်သူမှာအားဖြစ်ပြီး ကြိုးစားခြင်းဟုဆိုရပါမည်။ တစ်ချိန်က ဂိမ်းဆိုင်မှ မထသော ကလေးသည်သူ့အဖေစကားကြောင့် ဂိမ်းကစားမည့်အချိန်တွင် ကျောင်းစာမှန်မှန်လုပ်၍ အောင်သွားပြီးစက်ဘီးဝယ်ပေးခဲ့ရသော ဖခင်တစ်ဦးကိုလည်း တွေ့ခဲ့ဖူးပါသည်။

“ငါ့တူမ ဒီနှစ်ဆယ်တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့ရင် ဦးလေးဆေးကျောင်းထားပေးမယ်” လို့ ဦးလေး၏မက်လုံးပြစကားကြောင့် ငါးဘာသာဂုဏ်ထူးနှင့် အောင်ခဲ့သောမဝိုင်းချစ်တစ်ယောက်ကို လည်းတွေ့ခဲ့ဖူးပါသည်။ မဝိုင်းချစ်သည် နံနက်ဘက်သူ၏အမေနှင့်အတူ ရပ်ကွက်အတွင်းတစ်လမ်းဝင် တစ်လမ်းထွက် ကုန်စိမ်းလိုက်ရောင်းပြီး ကျူရှင်မယူပါသော်လည်း မှန်မှန်စာရေးပြီးကျက်၍ဖြေဆိုခဲ့ရာ ငါးဘာသာဂုဏ်ထူးရသည့်အတွက် ၎င်းတို့နေသောရပ်ကွက်တွင်းမှ ရပ်မိရပ်ဖများသည်ရပ်ကွက်တွင်း သဒ္ဓါကြေးလိုက်ကောက်ပြီး ငွေဆယ်သိန်းကျော်နှင့် ဂုဏ်ပြုခံရသူဖြစ်သည်။

မဝိုင်းချစ်၏အောင်မြင်မှုသည် ၎င်းအတွက်ပင်မက သူ့အမေ၏ဘဝကိုပင် ပြောင်းလဲသွားစေပါသည်။ အဘယ်ကြောင့်ဆိုသော် မဝိုင်းချစ်အမေမှာ အစ်ကိုတစ်ယောက်ရှိပြီး ငွေကြေးချမ်းသာသူဖြစ်သည်။ ညီမဖြစ်သူမှာ သူမကြိုက်သည့်သူနှင့် ခိုးရာလိုက်ပြေးခဲ့မှုကြောင့် လုံးဝပစ်ထားခဲ့ပါသည်။ မဝိုင်းချစ်အ မေမှာ နယ်တွင်အိမ်စုတ်ကလေးနှင့်နေပြီး ကုန်စိမ်းရောင်းကာ ဆင်းဆင်းရဲရဲနေရသူဖြစ်သည်။ မဝိုင်းချစ်ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်သည်ဟုကြား၍ လာပြီးညီမ၏မိသားစုကို ရန်ကုန်သို့ ခေါ်ကာတိုက်နှင့်ထားသည်။ ယောက်ဖကိုလည်း အလုပ်ထဲထည့်ပြီး စောင့်ရှောက်ထားသည်ကို တွေ့ရပါသည်။ ဤသို့မက်လုံးပြစကားကြောင့် ကြိုးစားသူများအဖို့ထိရောက်သော လက်နက်တစ်ခုဖြစ် ကြောင်းအထင်းသားမြင်ရပါသည်။

သို့သော် အချို့သော မက်လုံးများ၏ အကျိုးသက်ရောက်မှုမှာ လူအချို့ကို ထိခိုက်နစ်နာသည်ကိုလည်း တွေ့ရပြန်ပါသည်။ ပမာဆောင်သော် ဟိုး…..တစ်ချိန်က အရက်ကြော်ငြာအချို့တွင် သူ၏အရက် (အဖျော်ယမကာ) ကိုမသောက်သောက်အောင် မက်လုံးပေးကြော်ငြာကြသည့်အတွက် ကျွန်တော့် အိမ်နားက ချာတိတ်တစ်ယောက် နှစ်နှစ်လောက် ပေါက်လိုပေါက်ငြား ဆက်သောက်ခဲ့ရာ ဆေးရုံ ရောက်သွားသည်ကို တွေ့ရပါသည်။ စီးပွားရေးသမားအချို့သည် ၎င်းတို့ပစ္စည်းအားမသုံးသုံးချင် အောင်မက်လုံးပေး ကြော်ငြာကြသည်မှာ သူ့အလုပ်သူလုပ်ခြင်း ဖြစ်သည့်အတွက် မပြောသာပါ။ သောက်သုံးသူတို့ကသာ ချင့်ချင့်ချိန်ချိန် သုံးဆောင်သင့်ပါသည်။

“ပြုံးတုံးတုံးနှင့် မြှုံးမိတဲ့ငါးပမာ” ဆိုသောစကားကို ကြားဖူးပါလိမ့်မည်။ မြှုံးထဲမိနေသော ငါးကပြုံးနိုင်ပါ့ မလားလို့ မေးဖွယ်ရာလည်းရှိပါသည်။ တံငါသည်သည် မြှုံးထဲတွင် အစာကို (မက်လုံးပြ) ထည့်၍ ငါးကိုဖမ်းယူရန်အကြံဖြင့် မြှုံးထောင်ခြင်းအမှုကိုပြုရာ ကိုရွှေငါးသည် တံငါသည်၏ မက်လုံးပေးဖြား ယောင်းထားသည်ကို မသိရှာပါ။ အဆိုပါအစာကိုစားလိုသောစိတ်ဖြင့် မြှုံးအတွင်းသို့ဝင်ခဲ့သည်။ မြှုံးအ တွင်းအစာများကို အားရပါးရစားသုံး၏။ ထိုအခါမြှုံးဘေးမှ အခြားငါးများလာရာတွင် မြှုံးအတွင်းမှငါး သည်ဒီအစာများကို သူတစ်ကောင်းတည်းသာ စားရသည်ဟု မာန်နှင့်ပြုံးတုံးတုံးလုပ်ပြသည်။ ဤသည် ကိုပညာရှိတို့က ပြုံးတုံးတုံးနှင့်မြှုံးမိတဲ့ငါးပမာလို့ မိမိကျရောက်လာမယ့် ဘေးကိုမသိပျော်သလိုနေသူ များကို ဆုံးမစကားတစ်ခုအဖြစ် ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါမြှုံးအတွင်းမှ ပြုံးတုံးတုံးလုပ်နေသော ငါးသည်တံငါသည် မြှုံးလာဖော်၍ ၎င်းအားခေါင်းထုမည်ကို မသိရှာဘဲပြုံးနိုင်ခြင်းဖြစ်သည်။

ယခုခေတ်မှာ မြှုံးထဲကငါးတွေများနေသည်ဟု ထင်ပါသည်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတို့သည်လည်း တောရောမြို့ပါ မြန်မာပြည်အနှံ့ ပျံ့နှံ့နေသည်မှာလည်း ခေတ်မီတိုးတက်သော နိုင်ငံတော်တည် ဆောက်ရာတွင် အဟန့်အတားများဖြစ်နေသည်ဟု မြင်ပါသည်။ လူငယ်လူရွယ်များသာမက လူကြီး သူမများအထိ အလောင်းအစား စိတ်ဓာတ်များ လွှမ်းမိုးနေခြင်းသည် ရင်လေးဖွယ်ဖြစ်ပါသည်။

ထို့ကြောင့် အချို့မက်လုံးကြော်ငြာများသည် အန္တရာယ်ကိုဖိတ်ခေါ်နေသည့် မက်လုံးများဖြစ်၍ သုံးဆောင်သူများကသာ ဆင်ခြင်သုံးဆောင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကြေးမုံသတင်းစာ-ဧပြီလ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်
မောက္ခ ပညာရေး