7 May 2014

အသက် 18 နှစ်ပြည့်မှ ဒေါင်းယူပါ (အချစ်နယ်ကျွံ For Android)

Cover art



အချစ်နယ်ကျွံ - screenshot   အချစ်နယ်ကျွံ - screenshot

  
Not for Under 18 Years.

အသက် (၁၈)နှစ် မပြည့်သူများ မဒေါင်းပါနဲ့ဗျာ။
 


(OR) 







ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများကြောင့် သေဆုံးခဲ့သူများအတွက် ရည်စူး၍ သဲပုံစေတီ တည်ဆောက်

အမြန်လမ်းမကြီးပေါ်တွင် သဲပုံစေတီ တည်ဆောက်ပြီးနောက် ထီးတင်နေသည်ကို မေ ၇ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ – အောင်ကျော်ထက်)
 
Written by:
အောင်ကျော်ထက်

 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသွားခဲ့သည့်သူများအတွက် ရည်စူး၍ သဲပုံစေတီတည်ဆောက်ခြင်းကို မေ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင် ၁၁၆ ၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သဲပုံစေတီတည်ဆောက်မှုကို ဖြူး မြို့နယ်၊ နတ်ရေကန် ဆရာတော်ဦးကေဘဏက ကြီးမှူး၍ ဖြူးမြို့နယ်ရှိ နာရေးကူညီမှုအသင်းများ ပူးပေါင်းကာ မကျွတ်မလွတ်သေးသူများအတွက် ရည်စူးကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးတော့ ခုလိုလုပ်တာ နှစ်ကြိမ်ရှိပြီ။ အရင်တုန်းကတော့ ဖြူးမြို့နယ်ထဲမှာရှိတဲ့ အရှေ့သုဿာန်မှာပဲ ကျွတ်လွတ်ပွဲပြုလုပ်ခဲ့တာ။ ဒီနှစ်တော့ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေများနေတဲ့ အမြန်လမ်းမပေါ်မှာ အမျှပေးဝေချင်တဲ့ စိတ်တွေဖြစ်ပေါ်လာလို့ ခုလိုလုပ်ဖြစ်တာ။ ၁၀ ရက် ညကျရင်တော့ မကျွတ်မလွှတ်သေးသူတွေအတွက် ဒါနပြုပွဲ ပြုလုပ်သွားမယ်”ဟု နတ်ရေကန် ဆရာတော်ဦးကေဘဏက မိန့်ကြားသည်။

ထိုသို့ သဲပုံစေတီတည်ဆောက်ပြီးနောက် မေ ၈ ရက်နှင့် ၉ ရက်တို့တွင် အမြန်လမ်းမကြီးတစ်လျှောက်  အသံချဲ့စက်ယာဉ်ဖြင့် မကျွတ်မလွတ်သေးသူများအားလုံးကို မေ  ၁၀ ရက် ညတွင် ပြုလုပ်မည့် အကျွတ်အလွတ် ဒါနပြုအမျှဝေပွဲသို့ လာရောက်ကြရန် လိုက်လံဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“၁၀ ရက် ည ၁၀ နာရီမှာ အမြန်လမ်းမကြီးတစ်လျှောက် မကျွတ်မလွတ်သေးသူတွေအတွက် အကျွတ်အလွတ် ဒါနပြုအမျှဝေပွဲ ပြုလုပ်သွားမယ်။ နောက်နေ့ မနက်ပိုင်းမှာတော့ အမျှဝေမှုတွေ ပြုလုပ်သွားမယ်”ဟု သဲပုံစေတီ တည်ဆောက်ရာ၌ လာရောက်ကူညီသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ယာဉ်တိုက်မှု ၂၃ မှုဖြစ်ပွားခဲ့ပြီး ၁၁ ဦးသေဆုံးကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလအတွင်း ယာဉ်တိုက်မှု ၄၀ ဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လတွင် ၄၄ မှု ဖြစ်ပွားခဲ့ပြီး ကိုးဦးသေဆုံးခဲ့ကာ ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီ လ(၁ ရက်မှ ၂၂ ရက်အထိ) ယာဉ်တိုက်မှု ၄၈ မှု ဖြစ်ပွားခဲ့ပြီး ၂၉ ဦးသေဆုံးခဲ့ကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။  

 News Eleven


ကားစလစ်ပေါက်ဈေး ကျပ် ၁၀၅ သိန်းထိရှိ


ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့်(၁က) အက္ခရာအပ်နှံမှု နည်းပါးနေသဖြင့် ပြင်ပတွင် စလစ်ပေါက်ဈေး ကျပ် ၁၀၅ သိန်းအထိ မြင့်တက်နေကြောင်း ပြည်တွင်းကားဈေးကွက်မှ စုံစမ်းသိရှိရသည်။

ပြင်ပတွင် အရည်ကျိုအပ်နှံ ရန်(၁က) ကားအစီးရေမှာ နှစ်သောင်းကျော် ရှိသော်လည်း လက်ရှိတွင် ကညနသို့ အစီးရေ ၈၀၀ ကျော်သာ အပ်နှံပြီးဖြစ်သောကြောင့် ဧပြီလနောက်ဆုံးပတ်မှ စတင်၍ စလစ်ပေါက်ဈေးမြင့်တက်လာခဲ့သည်။

သင်္ကြန်မတိုင်မီက ကားတင်သွင်းရာတွင် ပေးဆောင်ရသည့် အခွန်နှုန်းထားအများစု လျှော့ချလိုက်ခြင်းကြောင့် ပြည်ပမှ ကားတင်သွင်းသူများ အရှုံးပေါ်မည်စိုးသဖြင့် ရပ်နားမှုများ ရှိနေသည်။

‘‘စလစ်ကိုင်ထားတဲ့သူတွေက မရောင်းချင်သေးဘူး။ ဈေးတက်အောင် ထပ်စောင့်နေတာ’’ ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ကိုကျော်စွာစိုးကပြောသည်။

(၁က) အက္ခရာကို ဧပြီ ၄ ရက် တွင် စတင်လက်ခံခဲ့ကာ (၂က)ကိုမူ အောက်တိုဘာမှသာ စတင် လက်ခံခဲ့ပြီး ခြောက်လ ကြာမြင့်မှသာ အက္ခရာတစ်ခုချင်းစီ လက်ခံမည်ဆိုခြင်းကြောင့် ယင်းကာလတွင် စလစ်ဈေး ထပ်မံမြင့်တက်ရန် ဈေးကစားသူများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူများအသင်း ဒုဥက္ကဋ္ဌ ဦးမျိုးသန့်ကသုံးသပ်သည်။

စလစ်ဖြင့် တင်သွင်းရသော မော်ဒယ်မြင့်ကားများ၏ ဈေးနှုန်းမှာ ကျဆင်းမှုမရှိဘဲ ဆိပ်ကမ်းသို့ တင်သွင်းလာသည့် ကားများကို လုပ်ငန်းရှင်အများစုက  မထုတ်ယူသေးဘဲ စောင့်ကြည့်နေကြသည်။

လက်ရှိတွင် ပြည်တွင်းကားဈေးကွက်၌ ပြီးခဲ့သည့်နှစ်က ပရိုဘောက်စ်ယာဉ်များနှင့် နှစ်ကုန်ပိုင်းတွင် လူကြိုက်များပြီး အရောင်းအ၀ယ်ဖြစ်ခဲ့သည့် အေဒီဗန်နေရာတွင် CIF တန်ဖိုး အပြောင်းအလဲကြောင့် အခွန်သက်သာလာသည့် တိုယိုတာဘယ်တာ၊ ဟွန်ဒါဖစ်နှင့်  နစ်ဆန်းဝမ်း ဂရုတ်ကားများ အများဆုံးအရောင်းအ၀ယ် ဖြစ်နေကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းတစ်ဦးက ဆိုသည်။

ကျောက်မြောင်း သတိပဋ္ဌာန် ကားပွဲစားဝင်းတွင်မူ လုပ်ငန်းသုံး နှင့် ကျောင်းဖွင့်ရာသီအမီ ကျောင်းကားများအဖြစ် အသုံးပြုရန် ကိုရီးယား ဘွန်ဂိုနှင့် ခွေးဘီလူးဟိုက်ဂျက်များ နယ်အ၀ယ်လိုက်လာပြီး အိမ်စီးအနေဖြင့် ဟွန်ဒါဖစ်အင်းဆိုဒ်များ အရောင်းအ၀ယ်ဖြစ်နေသည်။

7day daily

ပါရာစီတမောလ် နဲ့ ပက်ပစီ ( ဖတ်ဖြစ်အောင်ဖတ်ပါ )


အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။အားလုံးသတိထားနိုင်အောင်
လို့ ပါ။

ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-

ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက် စင်္ကာပူကိုရောက်လာခဲ့ ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ တာတော့မဟုတ်ပါဘူး။

သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့ အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို
့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။

ယောက်ျားကလည်း သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ် တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။

နောက်နှစ်ဆိုရင် တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ 
ဆရာမလေးတစ်ယောက်ပျော်နေခဲ့တာပေါ့)

ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။

ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်းဆုံး ပါးသွားပါပြီ။

သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ် တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူ လွန်းလို
့ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။

ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို
့ဆေးရုံကိုပို့လိုက်ရပါတယ် အဲဒီဆေးရုံသွားတဲ့လမ်းမှာ ဘဲအသက်ဆုံးသွားခဲ့ပါတယ်။

အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအ ရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှ
ပက်စီကိုသောက်လိုက်တာ တခါတည်းအသက် ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။

ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေ
အဖြစ်ကြုံရတော့မယုံကြည်လို့မရတော့ ပါဘူး။

နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုး
တိုးပြောပေးပါ။

အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ ရင်တစ်ယောက်အသက် ကိုကယ်တင်ရာရောက်ပါတယ်။

ဘလော့တွေအားလုံးကဖြစ်ဖြစ် – ပြန့်ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။

လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။

 
Credit: original article owner & http://www.ygnnews.com



ရိုးသလိုနဲ့ ဆန်းပြားတတ်တဲ့ ခြေစွယ်ငုပ်နာ


ခြေစွယ်ငုပ်နာဆိုတာလူတိုင်းလိုလိုနဲ့ မစိမ်းတဲ့ဝေဒနာပါ။ ဒါပေမဲ့ ဒီဝေဒနာဟာ ရိုးမလိုနဲ့ ဆန်းတတ်ပါတယ်။ သမားရိုးကျပဲဆိုပြီးပေါ့ဆထားလို့မရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ခြေစွယ်ငုပ်နာ(Ingrown Nail) က
ခြေသည်း၊ လက်သည်းတွေဟာခြေမ၊ လက်မထောင့်ထိပ်စွန်းပိုင်းအသားနုထဲက မူမမှန်ကြီးထွား တိုးဝင်ရာကနေ ဖြစ်လာတဲ့ဝေဒနာတစ်ရပ်ပါ။ ခြေစွယ်ငုပ်နာ ဆိုပေမဲ့ ဒီဝေဒနာဟာ ခြေရောလက်ရော ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခြေမ၊ လက်မတွေမှာအဖြစ်များပြီးအမျိုးသားတွေမှာပိုအဖြစ်များတတ်ပါတယ်။ 
 
အသက်အရွယ်အားဖြင့် လူငယ်နဲ့ လူလတ်ပိုင်းအရွယ် (၁၅ နှစ်နဲ့ ၄၀ ကြား) မှာပိုဖြစ်ပါတယ်။ သူ့ကို ဆေးပညာအခေါ်အဝေါ်အရ Onychogryphosisor Unguis incarnatusလို့ ခေါ်ဝေါ်ပြီးသူ့ကိုအချိန်မီမကုသရင် အသားထဲ တိုးဝင်လာတဲ့ ခြေသည်း၊ လက်သည်းကြောင့် ရောဂါပိုးဝင်ပြီးအနာ ပြည်တည်၊ အနာရင်းပြီးခွဲစိတ်ကုသရတဲ့အထိ ပြဿနာကြီးတတ်တာမို့ ပေါ့သေးသေးမှတ်လို့ မရပါ။



ခြေစွယ်ငုပ်နာ ဖြစ်ရတာက

ခြေစွယ်ငုပ်နာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကအလုံပိတ်ဖိနပ် ကျပ်ကျပ် (ဥပမာ-ရှူးဖိနပ်၊ ထိပ်ပိတ်ဖိနပ်) စီးတာ၊ ခြေသည်းညှပ်ပုံမှားယွင်းတာ (အရမ်းတိုလွန်းအောင် ညှပ်တာ၊ ခြေသည်းပုံဖော်လွန်းတာ)၊ ခြေထောက် အားသုံး အားကစား(သို့) ကာယလှုပ်ရှားမှုတို့နဲ့ ခြေသည်း၊ လက်သည်း မှိုရောဂါပိုး ၀င်တာတွေကြောင့် ခြေစွယ်ငုပ်နာဖြစ်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ခြေထောက် ချွေးထွက် များတာ (ခြေဆီအထွက်များတာ) နဲ့ ခြေတောက် ဖောရောင်လွန်းတာ၊ ဆီးချိုသွေးချိုရောဂါတွေကြောင့် လည်းခြေစွယ်ငုပ်နာဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။

ခြေစွယ်ငုပ်နာဖြစ်ရင်

ခြေစွယ်ငုပ်နာ ဖြစ်တဲ့အခါ အဖြစ်အများဆုံးလက္ခဏာရပ်ကတော့ ခြေစွယ်ငုပ် နာဖြစ်တဲ့ ခြေမထောင့်စွန်းမှာနာကျင်တာ၊ နီရဲရောင်ရမ်းတာတွေက ထင်သာမြင်သာဖြစ်တဲ့ လက္ခဏာတွေပါ။ ပထမအဆင့် ခြေစွယ်ငုပ်နာ မှာခြေမထောင့်စွန်းမှာအနည်းငယ် နီရဲရောင်ရမ်းပြီးနာကျင်မှု ရှိပါတယ်။ ဒါပေမဲ့ ပြည်တည်တာမဟုတ်သလို အဖျားဝင်တာမျိုးလည်းမရှိပါဘူး။

ဒါပေမဲ့ ခြေစစွယ်ငုပ်နာဟာတဖြည်းဖြည်းကြာလာရင် ခြေစွယ်ငုပ်နာမှာ
 ပြည်တည်ပြီးနာကျင်မှုပိုလာနိုင်ပါတယ်။ အခန့်မသင့်လို့ ပိုးမွှားတွေဝင်သွားရင်တော့ အနာကပိုဆိုးပြီးအနာရင်းကာခြေမတစ်ခုလုံးရောင်ကိုင်းပြီး အဖျားပါဝင်တတ် ပါတယ်။ အကယ်၍ ဆီးချိုသွေးချိုလိုရောဂါအခံရှိခဲ့ရင်တော့ ပိုဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီးချိုသွေးချိုရောဂါကြောင့် သွေးလည်ပတ်စနစ်နဲ့ အာရုံခံစနစ်တွေ ချို့ယွင်းနေတာကြောင့် အနာပိုဆိုးမှ သိသလိုအနာလည်း ကျက်ခဲ တာကြောင့် ဖြစ်ပါတယ်။

ဘယ်လိုကုသလို့ရလဲ

ခြေစွယ်ငုပ်နာကုသနည်းမှာအနာအခြေအနေအလိုက် ကုသနည်းတွေကလည်း အမျိုးမျိုးရှိပါတယ်။

ကိုယ်ပိုင်စောင့်ရှောက်မှု(အိမ်တွင်းစောင့်ရှောက်မှု)

ဒါကတော့ အနာကိုအိမ်တွင်းဆောင့်ရှောက်မှုအဆင့်ပါ။ အနာကိုပိုမဆိုးအောင် နဲ့ ရောဂါပိုးမွှားတွေ မ၀င်ရောက်နိုင်အောင် ခြေစွယ်ငုပ်နာစဖြစ်ချိန်မှာ လုပ်ဆောင်ရမယ့် စောင့်ရှောက်မှုပါ။ ပထမဆုံးဆားသန့်ထည့်ထား တဲ့ ရေနွေးနွေးထဲမှာခြေထောက်ကိုတစ်နေ့ ၃-၄ ကြိမ် စိမ်ပေးပါ။ ခြေဆေး ပြီးရင် ခြေထောက်ကိုခြောက်သွေ့အောင် အ၀တ်သန့်သန့်နဲ့ သုတ်ပေးပါ။ ပြီးရင် ခြေစွယ်ငုပ်တဲ့ ခြေချောင်းက ခြေသည်းတစ်ဝိုက်ကို အနာသန့်စင်ဆေးရည်နဲ့ သန့်ရှင်းပေးပါ။ တို့နောက် လက်သည်းညှပ်ကို အရက်ပြန်နဲ့ သန့်စင်ပေးကာရှည်ထွက်ပြီး အရေပြားထဲနစ်ဝင်ခါစ ခြေစွယ်ကို အနည်းငယ် ကော်ထုတ်ပြီးညှပ်ပေးပါ။ သွေးထွက်ရင် ပိုးသတ်သန့်စင် ထားတဲ့ဂွမ်းစနဲ့ သုတ်ပါ။ သွေးတိတ်စေရန် ဂွမ်းစနဲ့ ခေတ္တဖိထားပါ။

ပြီးရင် အနာသန့်စင်ဆေးရည် (Antiseptic Solution) သို့မဟုတ် အနာသန့်စင်ဆေး ခရင်မ် (Antiseptic cream) တစ်မျိုးမျိုးကိုခြေမထောင့်စွန်းခြေစွယ်ငုပ်တဲ့နေရာ မှာလိမ်းပေးပါ။ အိမ်တွင်းမှဆိုရင် ခြေမကိုဂွမ်းနဲ့ ဖွဖွအုပ်ထားပေးပြီး အပြင်ထွက်မှသာဖုန်နဲ့ ပိုးမွှားတွေမ၀င်အောင် ပတ်တီးစနဲ့ ဖုံးအုပ်ပေးပါ။ အလွန်တင်းကျပ်စွာစည်းနှောင်ထားပါကအနာသို့ သွေးစီးဆင်းလည်ပတ်မှု မကောင်းဘဲအနာကျက်နှေးတတ်ပါတယ်။ အနာသန့်စင်ပြီးသွားရင်တော့ အနာကိုက်ခဲမှုမရှိအောင် အကိုက်အခဲပျောက် ရောင်ရမ်းကျဆေးတစ်မျိုးမျိုး (ဥပမာ- lbuprofen,paracetamol) သောက်သုံးပေးနိုင်ပါတယ်။ အကိုက်အခဲပျောက် ရောင်ရမ်းကျဆေးကိုသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးခံစားမှု လျော့နည်းအောင် အစာစားပြီးမှ သောက်ပါ။

ဆေးရုံ၊ ဆေးခန်းတွင် ခွဲစိတ်ကုသမှု

အကယ်၍ သင့်ရဲ့ခြေစွယ်ငုပ်ရာကသင်ကိုယ်တိုင် ဖြေရှင်းမနိုင်လောက်အောင် ဆိုးရွားပြင်းထန်လာရင်တော့ ဆေးရုံ၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။ ဒီလိုအခြေအနေမှာခြေသည်းတစ်ခုလုံးကို ခွဲစိတ်ကာခွာထုတ်သင့် ခွာထုတ်ရပါမယ်။ ဒီအဆင့်မှာခွဲစိတ်ဖယ်ရှားပြီးနောက် အကိုက်အခဲပျောက်ဆေး အပြင် ပဋိဇီဝ ပိုးသတ်ဆေး(Antibiotics)ကိုပါ မှီဝဲရမှာပါ။ မေးခိုင်ကာကွယ်ဆေး ကိုပါ ထိုးတားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်မှာဆီးချိုးသွေးချိုးရောဂါ၊ ခုခံအား ကျဆင်းရောဂါ (AIDS)နဲ့ ကင်ဆာကုထုံးခံယူနေသူဆိုရင် အနာကျက်နှေးပြီး အနာပိုးဝင်ဖို့ အခွင့်အလမ်းပိုများတာမို့ အနာကိုအထူးကြပ်မတ် ကုသစောင်ရှောက်မှုခံယူဖို့ လိုပါတယ်။

ခြေစွယ်ငုပ်နာမဖြစ်အောင်

၁။ ခြေသည်းကိုတိတိရိရိတစ်ဖြောင့်တည်းပုံသွင်းညှပ်ပါ။ ခြေသည်းကို အ၀ိုက် (အ၀ိုင်း) ဖြစ်အောင် မညှပ်ပါနှင့်။ အကယ်၍ သင့်မှာသွေးလည်ပတ်မှု မကောင်းစေနိုင်တဲ့ ပြဿနာအရင်းခံဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါနဲ့ သွေးကြော ဆိုင်ရာ ပြဿနာများရှိပါကခြေသည်းပုံသွင်းကျွမ်းကျင်သူများနှင့် ခြေသည်းညှပ်ဖို့ လိုပါတယ်။

၂။ ခြေသည်းကိုအရမ်းတိုအောင် မညှပ်ပါနှင့်။ ခြေသည်းကိုအရမ်းတို လွန်းအောင် ညှပ်တဲ့အခါ ဖိနပ်(သို့) ခြေဖျားထိပ်မှ ဖိအားကြောင့် ခြေထိပ် အသားနုထဲသို့ ခြေသည်းနစ်ဝင်ကြီးထွားဖို့ အားပေးတာမို့ ခြေသည်းကို အသားနဲ့ ထိကပ်နေအောင် မညှပ်ဘဲအရှည်နည်းနည်းချန်ထားပေးသင့်ပါတယ်။

၃။ အရမ်းကျပ်လွန်းတဲ့ဖိနပ် မစီးပါနှင့်။ အရမ်းကျပ်လွန်းတဲ့ အလုံပိတ်ဖိနပ်တွေ ကခြေသည်းတွေအပေါ် ဖိအားသက်ရောက်စေပြီး အသားနုထဲ ခြေသည်းနစ်ဝင်အောင် ပံ့ပိုးပေးတာကြောင့် ဖိနပ်ရွေးချယ်တဲ့အခါ နည်းနည်းချောင်တဲ့ ဖိနပ်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၎။ ခြေထောက်ကိုသန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ခြေထောက်မှာ ဖုန်မှုန့်တွေ ကပ်ငြိတဲ့အခါ၊ ချွေးတွေ၊ ခြေဆီတွေနဲ့ စိုစွတ်နေတဲ့အခါတွေ မှာခြေစွယ်ငုပ်နာကိုပိုဆိုးရွားစေပြီးအနာရင်းစေဖို့ အခွင့်အလမ်းများပါတယ်။ ဒါကြောင့် သင်ဟာအပြင် မကြာခဏသွားရသူ၊ ခြေဆီအထွက်များသူ ဆိုရင် ခြေထောက်ကိုမကြာခဏာဆေးကြောသန့်စင်ပြီးခြောက်သွေ့အောင် ထားပေးပါ။ ချွေးစုပ်တဲ့ ခြေထောက်လိမ်းပေါင်ဒါတွေလည်းရှိတာမို့ ခြေဆီအထွက်နည်းအောင်
 ပြုလုပ်လို့ရပါတယ်။

မှတ်ချက်။ ၂၀၁၄ ခုနှစ်၊မတ်လထုတ် ဇီဝကမဂ္ဂဇင်းစာအုပ်မှ သွန်းသော်တာ (B.NSc) ရေးသားသည့် ဆောင်းပါးအားကောက်နုတ်ဖော်ပြပါသည်။

MOI Webportal Myanmar


သံဝေဂရစဖွယ် မယားကိုစွဲလန်း၍ ပြိတ္တာဘ၀ရောက်သွားရှာသူတစ်ယောက်အကြောင်း


(ကိုစည်သူထွန်း Group ထဲမှာ share ထားပေးတဲ့ သံဝေဂ ရစရာ ဇာတ်လမ်းလေးပါ…)

လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုးအသိုင်းအ၀ိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေးစားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မကြောင့်မကျ မတောင့်မတ ဘ၀မျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက် နဲ့ ဘ၀ကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။

ဦးချမ်းသာက လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့်ခြွေရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ၀ိပသနာတရားစခန်းတွေကို လည်းမကြာခဏ အလျှင်းသင့်သလို ၀င်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီးနဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ အသက်ငါး ဆယ်ကျော်ကျော်အရွယ်လေးနဲ့ နားမကျန်းဖြစ်ပြီးဦးချမ်းသာ သေဆုံးသွားခဲ့ရရှာပါတယ်။

ဦးချမ်းသာ သေဆုံးပြီးနောက် လေး၊ငါးရက်လောက်အကြာမှာ မိမိယောက်ျား ဦးချမ်းသာ မကျွတ်မလွတ်ပဲ ပြိတ္တာဘ၀ကို ရောက်ရှိနေပြီး အိမ်မှာသာတွယ်ကပ်နေတယ်ဆိုတာကို ဒေါ်ခင်မီ ခံစားသိရှိနေခဲ့ပါတယ်။ ညဘက်အိပ်ရင်မိမိအနား တစ်စုံတစ်ယောက်ရှိနေသလိုခံစားချက် များအပြင် ဦးချမ်းသာ အသက်ရှိစဉ်က သုံးစွဲခဲ့တဲ့ရေ မွေးနံ့ကို ရရနေတတ်ပါတယ်။
 
 ရက်လည်တရားနာရင် ကျွတ်မှာပါလေဆိုပြီး ဒေါ်ခင်မီတွေးခဲ့ပေမဲ့ ရက်လည်တရားရားနာပြီး မိမိခင်ပွန်းဦးချမ်းသာကို အထူးနံမည်ဖိတ်ခေါ် တရားနာ၊ ရေစက်ချ အမျှဝေခဲ့ပေမဲ့ ဦးချမ်းသာရဲ့ အရိပ်အရောင်တွေဟာ ဆက်ပြီး ရှိနေ ဆဲပါပဲ။ ဒါနဲ့ တစ်လပြည့်တော့ တစ်ခါ ဦးချမ်းသာအတွက်ရည်စူးပြီး တရားနာ၊ ရေစက်ချပြီး အမျှဝေပြန်ပါတယ် ။ ဒီတစ်ခါလည်း ထူးမခြားနားပါပဲတဲ့။ ဒါနဲ့ မိမိချစ်လင်အတွက် ဘ၀ကူးကောင်းစေချင်သော စေတနာနဲ့ ဒေါ်ခင်မီအားမလျှော့ပဲ နှစ်လပြည့်မှာမှာလည်း ဘုရားသားတော် သံဃာတော်အရှင်မြတ်တွေကို ပင့်ဖိတ်ပြီး တရားနာ ၊ ရေစက်ချ အမျှဝေပြန်ပါတယ်။ 
 
ကျန်ကြားရက်တွေမှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအားနံနက် အာရုံဆွမ်းကပ်တိုင်း ဦးချမ်းသာအတွက် ရည်စူးပြီးနေ့စဉ် အမျှဝေဆုတောင်း ခဲ့ပေမဲ့ ဦးချမ်းသာကတော့ ဆက်ပြီးရှိနေမြဲရှိနေတုန်းပါပဲတဲ့။ ဦးချမ်းသာဆုံးပြီး သုံးလလောက်မှာတော့ ဒေါ်ခင်မီတစ်ယောက် စိတ်ပြေလက်ပျောက် အဖြစ် ရပ်ကွက်အတွင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ မြန်မာပြည်တွင်း ဘုရားဖူးဖို့လိုက်လာခဲ့ဖြစ်ပါတယ်။ ဒေါ်ခင်မီတစ်ယောက်ကတော့ ဘုရားလည်းဖူးရင်း မိမိခင်ပွန်းကိုလည်းထို ဘုရားဖူးရတဲ့ ကုသိုလ်တွေကို ရပါစေကြောင်း ဆုတောင်းပြီးအမျှဝေနေခဲ့ပါတယ်။ 
 
ထိုအချိန်က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်းမှာရှိတဲ့ မြေလတ်မြို့လေးတစ်မြို့မှာ ရှိတဲ့ ဆရာတော်ဘုရားကြီးကလည်း ပရိတ်ရွတ်ရင် ရာဝင်အိုးလောက်ရှိတဲ့ နှမ်းဆီတွေနဲ့ စဥ့်အိုးကြီးတွေအတွင်းမှ ဆီများဆူဝေကျလာတယ်ဆိုပြီး နံမည်ကျော်နေခဲ့ပါတယ်။ ထိုဆရာတော် ဘုရားကြီးရဲ့ ဂုဏ်သတင်းကလည်းတော်တော်လေးကြော်ကြား နေခဲ့ပါတယ်။ ဒါနဲ့ မြန်မာပြည်အထက်ပိုင်းရှိဘုရားများကို ဖူးအပြီးအပြန်ထိုဆရာတော်ဘုရားကြီးကိုလည်း ၀င်ရောက်ဖူးမျှော်ကြရန် စီစဉ်ခဲ့ကြပြီး အပြန်မှာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မိတ်ဆွေတွေအိမ်မှာ ကားကိုခဏအပ်ခဲ့ကြပြီး ဧရာဝတီမြစ်ကိုဇက်နဲ့ ဖြတ်ကာ ကူးလာကြပြီး ဆရာတော်ဘုရားကြီးဆီကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပါတယ်။ ဆရာတော် ဘုရားကြီးဆီဝင်ရောက်ဖူးမျှော်ကြရန် ခွင့်တောင်းကြပြီး ဆရာတော်ဘုရားကြီးသတင်းသုံးရာ ကျောင်းဆောင်အပေါ်ထပ်ကို တက်ခဲ့ကြပါတယ်။

သူတို့လူအုပ် ၀င်ဝင် လာခြင်း ဆရာတော် ဘုရားကြီးမှ မျက်လွှာကို ပင့်ကြည့်ပြီး “ အော်..အော်…ဒကာကြီးတို့လာတာ…ရှစ်ယောက်တောင်မှကိုး” လို့ ပြောလိုက်ပါတယ်။ ဒေါ်ခင်မီတို့ လည်းဇဝေဇ၀ါဖြစ်သွားကြပြီး မိမိလူတွေကိုပြန်ကြည့်လိုက်ပါတယ်။ အမှန်တော့ ဒေါ်ခင်မီတို့ ဘုရားဖူးထွက်လာကြတာ ခုနှစ်ယောက်တည်းသာရှိတာပါ။ ဒါနဲ့ ဒေါ်ခင်မိတို့ထဲက အသက်နဲနဲကြီးတဲ့သူတစ်ယောက်က လက်အုပ်ချီပြီး “မှန်လှပါ…တပည့်တော်တို့..ခုနှစ်ယောက်ပါ ဘုရား” လို့ ပြန်လျှောက်တော့ ဆရာတော် ဘုရားကြီးက လှေကားထိပ်က တံခါးနားကို လှမ်းကြည့်ပြီး “ဘုန်းကြီး မြင်တာတော့………နောက်တစ်ယောက် ထပ်ပါလာပါသေးတယ်” လို့ ပြန်မိန့်ပါတယ်။ ဒီတော့မှာ ဒေါ်ခင်မီလည်း သဘောပေါက်သွားပြီး မျက်ရည်သွင်သွင် ကျလာကာ “မှန်လှပါ………..တပည့်တော်မ ယောက်ျားကိုချမ်းသာဖြစ်ပါလိမ့်မယ် ဘုရား…တပည့် တော် အမျိုးသားဟာ လွန်ခဲ့တဲ့ သုံးလလောက်က ကွယ်လွန်သွားခဲ့တာပါ..တပည့်တော် စိတ်ထင် မကျွတ်မလွတ်ပဲ တပည့်တော်နောက်ကို လိုက်လိုက်နေတယ်လို့ ထင်ပါတယ် ဘုရား” ဟု လက်အုပ်ချီကာ လျှောက်ထားပြောဆိုပါတယ်။
 
 ဒီတော့မှ ဘုရားဖူးအဖွဲ့တွေလည်း မျက်စိပြူးကာ တစ်လမ်းလုံးနောက်က မမြင်ရတဲ့ပရ လောကသားလိုက်လာပါလား ဆိုတဲ့အသိနဲ့ ကြောက်လန့်ကုန်ကြပါတယ်တဲ့။ ဒါနဲ့ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကိုကြည့်ပြီး ဆက်မိန့်ပါတယ်။ “မပူပါနဲ့ ဒကာမကြီး..ဒီဒကာကြီးဟာ…ကျွတ်ချိန်တန်လို့ ..ဘုန်းကြီးဆီထိ ရောက် အောင် လိုက်လာနိုင်တာပဲ…ကဲ..ကဲ…ဒကာကြီးကို ဘုန်းကြီးမေးချင်တာရှိတယ်.. တရားလည်း ဟောချင်တယ်…ဒကာမကြီး သဘောတူလား” လို့ ပြန်မေးပါတယ်။
 
ဒီတော့ ဒေါ်ခင်မီလည်း ၀မ်းသာအားရ နဲ့ “သဘောမတူစရာမရှိပါဘူး..ဘုရား” လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဆရာတော် ဘုရားကြီးက တံခါးဘက်ကို လှမ်းကြည့်ကာ “ကဲ..ဒကာမောင်ချမ်းသာ…မင်းသင့်တော်တဲ့ သူတစ်ယောက်ယောက်ကတစ်ဆင့်.. စကားပြောကြတာပေါ့…မင်းအကြောင်းကို ကျန်တဲ့ သူတွေလည်းသိပြီး သံဝေဂ ယူနိုင် အောင် မင်းသင့်တော်မဲ့ စကားပြောနိုင်မဲ့တစ်ယောက်ယောက်ဆီကနေဆက်သွယ် ပြီး ပြောကြတာပေါ့” လို့ အမိန့်ရှိလိုက်ပြီး…အခန်းတွင်းမှာ ခဏတာမျှငြိမ်သက် တိတ်ဆိတ်သွားခဲ့ပါတယ်။

ဆယ်မိနစ်လောက် အချိန်လောက်ကြာမှ ဒေါ်ခင်မီရဲ့ ခန္တာကိုယ်ဟာ လှုတ်ရမ်းပြီး သိသိသာသာ တုန်ယင်လာခဲ့ပါတယ်။ ပြီးတော့မျက်ရည် ဖြိုင်ဖြိုင်ကျကာ ခေါင်းကြီးကိုအတင်း ငုံ့ပြီးထိုင်နေပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီကို လှမ်းကြည့်ပြီး “ဒကာကြီး…ရဟန်း သံဃာ ကိုတွေ့တာတောင် မရှစ်ခိုးတော့ဘူးလား” လို့ မိန့်တော့မှ ဆရာတော်ကြီးကို လှမ်းကြည့်ပြီး ဦးသုံးကြိမ်ချပြီး ကန်တော့ပါတယ်။ ဆရာတော် ဘုရားကြီးက “ဒီဘ၀မှာတောင် ရဟန်းသံဃာကို ကိုးကွယ်ရမှန်းသိသေးရင် ဒကာကြီးရဲ့အတိတ်ဘ၀ကပါရမီက လည်းနဲမှာမဟုတ်ဘူး…ဘာလို့ နိမ့်ကျတဲ့ ဒီလြိုပိတ္တာ ဘုံမှာရောက်နေရတာလည်း” လို့ ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီဘက်ကို လှည့်ပြီးမေးပါတယ်။ ဒေါ်ခင်မီက ဘာမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။
 
 နောက် ဆရာတော်ဘုရားကြီးက နောက်ထပ်ပြန်ပြီး ထပ်မေးကာမှ “ တပည့်တော်..ရောဂါသည်းတော့ ..အရင်က ကျင့်ခဲ့ဘူးတဲ့ ၀ိပသနာတရားတွေကို ပြန်ဆင်ခြင်ပြီး ခန္တာကိုယ်ကို ထွက်လေ၊ ၀င်လေနဲ့ သတိကပ်နေခဲ့ပါတယ် ဘုရား။ ဒါပေမဲ့ တပည့်တော်ရဲ့ အမျိုးသမီးက တပည့်တော်ရဲ့ လက်ကိုဆုတ်ကိုင်ပြီး အားပေးစကားပြောနေတဲ့ အချိန်မှာတော့ တပည့်တော်ရဲ့စိတ်ထဲမှာ ငါတော့ငါ့မိန်းမကို ခွဲခွာရတော့မယ်ဆိုပြီး ၀မ်းနည်းစိတ်ဖြစ်လာခဲ့တဲ့ အချိန်အခိုက်လေးမှာပဲ တပည့်တော် သေဆုံးခဲ့ပါတယ် ဇနီးကို စွဲလမ်းစိတ်နဲ့ ဇနီးသည်အနားက မခွာပဲတစ်ကောက်ကောက်လိုက် နေခဲ့ပါတယ် တပည့်တော်ကို အမျှဝေတာလည်း ကြားရပါတယ်..ဒါပေမဲ့..တပည့်တော် သာဓုခေါ် လိုက်ရင် ဇနီးနဲ့ဝေးရမှာ ကြောက်လို့သာဓုမခေါ်ခဲ့တာပါ…ဘုရား” လို့ ပြန်ပြီးလျောက်ပါတယ်။

ဒါနဲ့ဆရာတော်ဘုရားကြီးက ”ငါ့တောင်ပေါ်ကို တော်ရုံတန်ရုံ လာလို့ မရဘူး ဒကာကြီးလာလို့ရတယ်ဆိုတာ ဒကာကြီးရဲ့ ကုသိုလ်ကံအဟုန်က တော်တော်ကြီးခဲ့လို့ပဲ…” လို့ပြန်မိန့် ပြီးဦးချမ်းသာကို တရားဟောပါတယ်။ ခုလိုနိမ့်ကျတဲ့ ပြိတ္တာဘုံဘ၀ကို တွယ်မက်မနေရန်နဲ့ အရင်ဘ၀ကသာ ဇနီး မောင်နှံပေမဲ့ ခုဘ၀ခြားနေလို့ ဘာမှမဆိုင်တော့ ကြောင်း ရှင်ပြပြီးတရားဟောပါတယ်။ ဒါပေမဲ့ဇနီးသည်ကို တွယ်မက်နေတဲ့ ဦးချမ်းသာ ကို တော်တော်အချိန်ယူပြီး ဟောပြောလိုက်ရပါတယ်။

တစ်နာရီကျော်ကျော်လောက် ဟောပြောတရားပြ ပြီးချိန်မှာတော့ ဦးချမ်းသာက ပြိတ္တာဘ၀ကို စွန့်လွှတ်ပြီး သာဓုခေါ် ပါမည့်အကြောင်း ဇနီးသည်ကိုဆက်ပြီး မခင်တွယ်ပဲ နောက်ကဆက်မလိုက်တော့ပါဘူး ဆိုသည့်အကြောင်း..ကတိပေးကာ ဆရာတော်ဘုရားကြီးအားဦးသုံးကြိမ်ချပြီး ဦးချမ်း သာ၏ ၀ိဥာဉ်စွဲကပ်နေသော ဒေါ်ခင်မီမှာလည်း ထိုင်နေရာမှာ ဘေးကိုတစ်စောင်းလေးဖြည်းညှင်းစွာလဲကျကာ သတိခဏမျှမေ့သွားပါတယ်။ နောက်ဆယ်မိနစ်လောက်အကြာ မှ သတိပြန်လည်လာပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကို “ဒကာမကြီး…ဒကာမကြီးခင်ပွန်းအတွက် စိတ်မပူတော့နဲ့ ..ဒီနေ့ညနေ မြို့ထဲကိုဆင်းပြီး လှုဖွယ် ပစ္စည်းတွေနဲ့ ထီး၊ သင်္ကန်း၊ ဖိနပ်တွေ သွားဝယ်ပြီး သံဃာတော်တွေကို ဒကာကြီး မောင်ချမ်းသာကို ရည်စူးပြီးလှုလိုက်ပါ။
 
 ပြီးတော့ နံနက်အာရုံဆွမ်း ယာဂု ကိုလည်း ဒကာကြီး မောင်ချမ်းသာကိုရည်စုးပြီး ဘုရားရှင်နဲ့တစ်ကွ သံဃာတော်အရှင်မြတ်တွေကို လှုပေးပါ” လို့ပြန်မိန့်ပါတယ်။ ဒါနဲ့ ဒေါ်ခင်မီတို့ လူစုလည်း ကျောင်းကလူတွေခေါ်ပြီး လေးမိုင်လောက် ဝေးတဲ့ မြို့ထဲကို ဆင်းကာ လှုဖွယ်ပစ္စည်းတွေ ၀ယ်ကာ ထိုညက ကျောင်းမှာ ပဲ အိပ်လိုက်ကြပါတယ်။ နောက်နေ့ အာရုံဆွမ်း ယာဂုဆွမ်းကို ဘုရားကိုရည်စူးပြီးကပ်လှုကာ ဆရာတော်ဘုရားကြီးနဲ့ တစ်ကွသံဃာတော် များကိုအာရုံဆွမ်းကပ်လှုပြီး သင်္ကန်း စတဲ့ လှုဖွယ်ပစ္စည်း တွေနဲ့ ကပ်လှုပူဇော်ကာ ဦးချမ်းသာကို နံမည်တပ်၍ အမျှဝေပြီး သာဓု ခေါ်ကြပါတယ်။ ထူးဆန်းစွာပဲ သာဓု သုံးကြိမ်ခေါ်အပြီးမှာတော့ အမည်မဖော်နိုင်တဲ့ အမွှေးနံ့သင်းသင်းလေးက ကျောင်းတိုက်အပေါ်ထပ်တစ်ထပ်လုံးမွှေးနေ ခဲ့ပါတယ်။ 
 
ဆရာတော် ဘုရားကြီးက “ ဒကာကြီးတော့ ကောင်းရာဘုံဘ၀ ကိုရောက်သွားပါပြီ…ဒကာမကြီး” လို့ အမိန့်ရှိလိုက်ချိန်မှာတော့ ဒေါ်ခင်မီရဲ့ ရင်ထဲမှာ ၀မ်းသာ ၀မ်းနည်းခံစားချက်တွေနဲ့ မျက်ရည်တွေလည်လာပြီး ကိုချမ်းသာရေ နှုတ်ဆက်လိုက်ပါတယ် လို့တိုးတိုးလေးရေ ရွတ်ရင်း…………။ ကဲ….ရွာသူ ရွာသားတွေလည်း အသေမဦးခင် ဥဏ်ဦးကာ ကျွတ်တန်းဝင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ မှက်ချက်။ ဆရာတော်ဘုရားကြီးနှင့် ဦးချမ်းသာ ပြောသောစကားလုံးအမေးအဖြေ များတွင် အချို့အကြောင်းအရာများသည် ဆန်းကြယ်လွန်းသောကြောင့် မဖော်ပြတော့ ပဲ အကျဉ်းခြုံးကာ အတိုချုပ်ပြီးရေးလိုက်ပါသည်။ c

မောင်မိုးတိမ်



ဒီတဲမှာ သရဲ… နေတယ်လေ…


`ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´
မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အ
ဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံ တို့မှာရော
နှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း
တိတ်မည့်ပုံမပေါ်ပေ။ သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရ
မည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကအကျီင်္
ရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်း
လေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရ
မည်နည်း.. မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။

တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာ
ကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား
အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း
ဖြစ်နိုင်တယ် ´ ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော
အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။ အနားရောက်မှ တဲလေး
တစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။

အဆိုပါတဲလေး၏ အမိုးမှာကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့
နေမည်ဟု တဲ လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ
လိုက်ခြင်းဖြစ်သည်။ တဲမှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မ
ရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်း
လာသည်ဟုထင်ရပေသည်။ ထိုတဲအတွင်းမှာတစ်ညတာ တည်းခို
ရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါး
ဂျလက်ကို ဖွင့်ကာတဲ ထဲသို့ဝင်ခဲတယ်။

တဲအတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်
့ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။ ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည်
့လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်း
ငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။ ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး
အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။

ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော
မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။ ကျွန်တော်၏အတွင်းတွင်ခံ
ဝတ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကို ပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။
မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန်
ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။ ကျွန်တော်
့၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။ အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့်
ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။

ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီး
များက ၀င်းလက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။
ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊
ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာ
လှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။ တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့
့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့်
သွားခဲ့ တယ်။ ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထား
သည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ တဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော်
်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရ
သည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည်
သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး
လျှောက်၍သွားလေသည်။

သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွား
ရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထို
လူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ် လျှက်ရှိသည်ကို တွေရပေသည်။ အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျ
လျှက်ရှိပေသည်။ ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တို့က
မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။

ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုပြန်သည်။ ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။

`ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ
ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက
ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´

တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့်
အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည် မိုး
ရေကြောင့် ယိမ်းထိုးနေကြလေသည်။

ထိုလူစိမ်းက
`တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်
ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့နေတဲ့ အမြဲနေတဲ့သူ မရှိ
တော့ဘူး´

သို့သော် သ**********များနေထိုင်သည့် နေရာတို့
တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။

`ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´
သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကား
မဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင်
ချကာ
`ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´
ကျွန်တော်
်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။

`အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း
အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို
ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´

ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။
ဒီ့နောက်သူက ဆက်ပြီးပြောတယ်
`တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီ
တဲပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီ
တဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´

ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။ ကျွန်တော်က-
`ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မ
ဟုတ်ပါဘူး ´
`ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့

စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….
`ဟား..ဟား.
.ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´
ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့.သူက……
` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့်
…ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမ
ရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´

ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။
`ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။
မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´

ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေ
သည်။
`ဟား…ဟာ.း…ဟား…ဟား…ဟား´
သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။
သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။

`ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။

ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ………

`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်
တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´

ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ
သူပြောသမျှတွေသတိရ သွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။

( ဖတ်ရှုပေးကြတဲ့ သူငယ်ချင်းများအားလုံး ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ၊ နောက်ထပ် ဆက်ပြီး အားပေးကြပါဦး ခင်ဗျာ )

Credit by Ko Ye' Tayza Kyaw
ADMIN =) Htut Htet


ပရိသတ်များအား ဂစ်ကတိပြု


မန်ချက်စတာ ယူနိုက်တက်၏ ခမ်းနားသော အချိန် ကာလများကို ပြန်လည် ပိုင်ဆိုင်လာစေမည်ဟု အသင်း၏ ယာယီမန်နေဂျာ ရိုင်ယန်ဂစ်က ပရိသတ်များအား ကတိပြု ပြောကြားခဲ့သည်။

ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရပြီးနောက် ကစားသမား/မန်နေဂျာအဖြစ် အသင်းကို ထိန်းကျောင်း ကိုင်တွယ်ပေးနေသည့် ဝါရင့် ကစားသမားကြီးသည် ၎င်း၏ ဘောလုံးသမားဘဝ နှုတ်ဆက်ပွဲစဉ်ကို ယမန်နေ့ညက အိုးလ်ထရက်ဖို့ဒ် ပရိသတ် ရှေ့မှောက်တွင် ပါဝင်ကစားသွားခဲ့သည်။ ၎င်းပွဲထုတ်ခဲ့သည့် လူငယ်ကစားသမားလေး အချို့၏ စွမ်းဆောင်ရည်ကောင်းများဖြင့် ဟူးလ်စီးတီးကို (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်အပြီး၌ အသက်(၄၀)အရွယ် ဝေလသားကြီးက “ကျွန်တော် ပြောချင်တာက အသင်းကို ဆက်ပြီးတော့ အားပေးနေကြဖို့ ဆိုတာပါပဲ။ အနာဂတ်ကို ခင်ဗျားတို့ ရိပ်ဖမ်းသံဖမ်း မြင်ပြီးကြပြီ ဖြစ်မှာပါ။ ကျွန်တော်တို့ဟာ လူငယ်တွေကို အမြဲတမ်း အခွင့်အရေးပေးလေ့ရှိပြီး ဆွဲဆောင်မှု ပြည့်ဝတဲ့ ကစားဟန်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်”ဟု ပရိသတ်များအား ပြောဆိုခဲ့သည်။

၎င်းက “မကြာခင်မှာပဲ ကောင်းမွန်ခမ်းနားတဲ့ အချိန်တွေ ပြန်ရလာပါလိမ့်မယ်။ လောလောဆယ် အခြေအနေတွေက ခက်ခဲကြမ်းတမ်းလွန်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ထောက်ခံ အားပေးမှုတွေကို ပြောင်းလဲ မပစ်လိုက်ပါနဲ့။ လာမယ့်နှစ်ပိုင်းတွေမှာ ကျွန်တော်တို့ဟာ ခင်ဗျားတို့ဆီကို ပိုပြီး အားကောင်းတဲ့ အောင်မြင်မှုတွေ ဆောင်ယူလာပေးမှာ ဖြစ်ပါတယ်” ဟုလည်း ကတိပြုသွားခဲ့သည်။ ၎င်းက အသင်းအတွက် ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမားလေးများ ဖြစ်ကြသော တွမ်လောရင့်စ်နှင့် ဂျိမ်းစ်ဝီလ်ဆင် တို့၏ ပွဲဦးထွက် လှပမှုကိုလည်း ချီးကျူးသွားခဲ့သေးသည်။

“ချာတိတ်တွေ ကွင်းထဲမှာ အကောင်းဆုံး လုပ်ပြခဲ့တဲ့အတွက် ကျွန်တော်အရမ်းကို ပီတိဖြစ်မိပါတယ်။ ဝီလ်ဆင်က ကစားသမားကောင်း တစ်ယောက်ပါ။ စိတ်လှုပ်ရှားစရာ ကစားသမားမျိုးပေါ့။ သူဟာ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း အတူဆင်းဖြစ်ကတည်းက မျက်ကွယ်ပြုလို့ မရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ ဒီချာတိတ်နှစ်ယောက်လုံး သူတို့အသက် (၈)နှစ်ကတည်းက အသင်းကို ရောက်နေခဲ့တာပါ။ သူတို့တွေ ခြေစွမ်းပြနေတာကို မြင်ရတာ ပျော်စရာပါပဲ”ဟုလည်း ဂစ်က မှတ်ချက်ပြုသွားခဲ့သည်။

soccermyanmar


ဗိုက်အဆီကျချင်သူများ သိစေရန်



ဗိုက်ပူနေတဲ့ အခါ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကြည့်မကောင်းပါဘူး။ ဒီအတွက်
နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက် ပါတယ်။

(၁) နေ့တိုင်း မီးနစ် ၃၀ ခန့်ပြေးပါ။

(၂) ညစာကို နည်းနည်းပဲ စားပါ။

(၃) အိပ်ထမတင် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ပါ။

(၄) အသီးအရွက် များများစားပါ။

(၅) နံနက်စားကို များများစားပေးပါ။

(၆) သံပုရာရည် ကြိုက်နှစ်သက်ရင် မှီဝဲပေးပါ။

(၇) အထိုင်မများပါစေနဲ့။

 
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


သားလေးအတွက် ပေ ၁၈၀ ရှည်တဲ့ ရိုလာကိုစတာကို ကိုယ်တိုင်ဆောက်လုပ်ပေးခဲ့တဲ့ ဖခင်


 
Angel on 2014-05-07 18:20

အသက် ၅၀ အရွယ် Will Pemble ဆိုတဲ့ ဖခင်တစ်ယောက်ဟာ သူ့ ရဲ့သားလေးအတွက် အိမ်နောက်ဘက် ပန်းခြံထဲမှာ ရိုလာကိုစတာ တစ်ခုကို ခြောက်လအချိန်ယူ တည်ဆောက်ပေးခဲ့ပါတယ်။ ဒေသတွင်းမှာရှိတဲ့ အပန်းဖြေပန်းခြံတစ်ခုကနေ သူတို့ မိသားစု လည်ပတ်ပြီး ပြန်အလာမှာ သူ့ သားလေးက စီးစရာတစ်ခုခု လုပ်ပေးဖို့ အဖေကို ပူဆာခဲ့တာပါ။

Will Pemble ဟာ ဒီ စိတ်လှုပ်ရှားစရာဖန်တီးမှုကို တစ်ကိုယ်တော်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ၀က်ဘ်ဆိုဒ် ထောင်ခဲ့ပါသေးတယ်။ CoasterDad.com မှာ သူ့ ရဲ့ ရူပဗေဒပညာကို ခုံမင်မှုအကြောင်းနဲ့  ရိုလာကိုစတာဆောက်လုပ်ပုံအဆင့်ဆင့်ကို တင်ပြခဲ့ပါတယ်။

ဆယ်နှစ်အရွယ် သားငယ် Lyle ရဲ့ အကူအညီအနည်းငယ်နဲ့ အတူ သစ်သားတွေအသုံးပြုကာ ရိုလာကိုစကာကို အိမ်နောက်ဖက် ပန်းခြံထဲမှာ တည်ဆောက်ခဲ့တာပါ။ ဒီခြောက်လတာ အစီအစဉ် အတွက် ဒေါ်လာ ၃၅၀၀ ကျော် သုံးစွဲခဲ့ရပါတယ်။ အခုဆိုရင် ဆယ့်နှစ်နှစ်အရွယ် အမဖြစ်သူနဲ့ အတူ Lyle ဟာ ရိုလာကိုစတာကို အိမ်မှာတင် စီးနိုင်ပါပြီ။

“ ဒီနေ့ မှာတော့ ကျွန်တော်တို့ ရဲ့ အိမ်တွင်းဖြစ် ရိုလာကိုစတာလေးကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်နဲ့  အဆုံးသတ်နိုင်ခဲ့ပါပြီ။ ဒီ ရိုလာကိုစတာကို လုံးဝ လက်တွေ့ မောင်းနှင်လို့ ရပါတယ်။ တခြား ထပ်ဖြည့်စရာ လေးတွေနဲ့ ပြင်ဆင်စရာလေးတွေ နည်းနည်းတော့ ရှိသေးတယ်။

အခုဆို တခြားမိသားစုတွေကလည်း သူတို့ ကလေးတွေအတွက် ကိုယ်ပိုင်ရိုလာကိုစတာတွေ တည်ဆောက်ပေးဖို့ Will Pemble ကို တောင်းဆိုနေကြပါပြီ။

“ အရိုးသားဆုံးပြောရရင်တော့ ကျွန်တော် သူတို့ ကို ငြင်း လိုက်ဖို့ အကြောင်းပြချက်ကောင်းကောင်းလေး တစ်ခုတောင် ရှာမရပါဘူး။ ဒါကြောင့် ဒါဟာ တစ်ချိန်ချိန်မှာ ဖြစ်လာနိုင်ပါတယ်။”



Ref: Metro.co.uk
Trend Myanmar


သီချင်းနားထောင်ခြင်း၏ ကျန်းမာရေး ကောင်းကျိုး



 
(၁) စိတ်ဖိစီးမူကို ပြေလျော့စေတယ်။

(၂) စိတ်ကို ပျော်ရွှင်စေတယ်။

(၃) လူမူဆက်ဆံရေး အတွက် အထောက်အကူပြုစေတယ်။

(၄) နှလုံးကျန်းမာရေး အတွက် အထောက်အကူပြုစေတယ်။

(၅) အတွေးအခေါ် သစ်လေးတွေကို ရရှိစေတယ်။

(၆) ပိုမိုပြီး တက်ကြွစေတယ်။

(၇) စိတ်ကို ပြောင်းလဲစေနိုင်တယ်။

(၈) ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုစေတယ်။

 
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလိုင်စင်နှင့် ခွင့်ပြုမိန့်များအတွက် ကျပ်ငါးသိန်းခန့် လာဘ်ထိုးနေရဟု စစ်တမ်းတစ်စောင် ဖော်ပြ


ဆိပ်ကမ်းတွင် စုပုံထားသော ကွန်တိန်နာများကိုတွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

စီးပွားရေးလုပ်ငန်း လိုင်စင်နှင့် ခွင့်ပြုမိန့်အတွက် အနည်းဆုံး ကျပ်ငွေငါးသိန်းခန့် လာဘ်ထိုးနေကြရကြောင်း ၂၀၁၄ မြန်မာ့စီးပွားရေးစစ်တမ်းတွင် ဖော်ပြထားသည်။

ကုန်သည်/စက်မှုအသင်းချုပ်၊ အာရှနှင့် ပစိဖိတ်ဒေသစီးပွားရေး နှင့် လူမှုရေးကော်မရှင် (ESCAP) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (OECD) တို့ပူးပေါင်း၍ စီးပွားရေးလုပ်ငန်း ၃၀၀၀ ကို စစ်တမ်းကောက်ယူခဲ့သည်။ အဆိုပါစစ်တမ်းတွင် ထက်ဝက်ခန့်မှာ အမေရိကန်ဒေါ်လာ ၅၀၀ နှင့် ညီမျှသော မြန်မာကျပ်ငွေ ငါးသိန်းခန့်ကို လုပ်ငန်းလိုင်စင်နှင့် ခွင့်ပြုမိန့်များအတွက် ပေးနေရပြီး အချို့မှာ အမေရိကန်ဒေါ်လာ တစ်သောင်း (မြန်မာကျပ်ငွေ သိန်းတစ်ရာ)အထိ ပေးရမှုများရှိနေသည်ဟု စစ်တမ်းက ဆိုသည်။

‘‘ပုံမှန်လုပ်ငန်းတွေကတော့ ပေးစရာမလိုပါဘူး။ ထူးခြားတဲ့လုပ်ငန်းတွေမှာသာ ပေးရတာမျိုးပါ။ လူကြီး နဲ့တွေ့ရပြီဆိုရင်တော့ ထုံးစံအတိုင်း လက်ဆောင်ကတော့ ပေးရတာပေါ့’’ ဟု ပြည်ပသို့ ဆန်တင် ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ဆိုသည်။

ထို့အပြင် လိုင်စင်ခွင့်ပြုမိန့် များနှင့် ပတ်သက်သော လာဘ်ပေးလာဘ်ယူမှုများမှာ ပို့ကုန် ကဏ္ဍမှာထက် သွင်းကုန်များတွင် ပိုများနိုင်ကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

လိုင်စင်လျှောက်ထားရာတွင် စာရွက်စာတမ်းများ လိုအပ်ချက်အခက်ခဲများကြောင့် အောက်ခြေ ၀န်ထမ်း များကို ဘော်ဒါကြေးပေးရမှုများလည်း ရှိနေသည်။

၂၀၁၄ မြန်မာ့စီးပွားရေး စစ်တမ်းတွင် လိုင်စင်ခွင့်ပြုမိန့်များ နှင့် ပတ်သက်၍ စီးပွားရေးသမားများ ကြုံတွေ့နေရသော လာဘ်ပေးလာဘ်ယူမှုများအပြင် ကျွမ်းကျင်လုပ်သားရှားပါးမှု၊ နည်းပညာ ရှားပါးခြင်း တို့ကလည်း အဓိကအဟန့်အတားဖြစ်နေကြောင်း ပါရှိသည်။

စက်ရုံ၊ ရုံးနေရာများသို့ လမ်းပန်းဆက်သွယ်ရေးနှင့် မြေနေရာရရှိမှု အခက်အခဲ၊ ငွေကြေး အခက် အခဲနှင့် ချေးငွေအတိုးနှုန်းမြင့်မားမှု၊ လျှပ်စစ်မီး အပြည့်အ၀ရရှိရန် ခက်ခဲခြင်းတို့ကလည်း အတားအဆီးဖြစ်နေသည်။

ထို့အပြင် စိုက်ပျိုးရေး၊ ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သော ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ပုဂ္ဂိုလ်ရေး ၀န်ဆောင်မှုလုပ်ငန်းများတွင် စမ်းသပ်ပြုလုပ်မှုနှင့် ပတ်သက်၍လည်း အနည်းငယ်ကုန်ကျမှုရှိသည်။

ကျွမ်းကျင်လုပ်သား ရှားပါးမှုများမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး စစ်တမ်းတွင် စားသောက်ဆိုင် လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်လုပ်ငန်းတို့ တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုမှာ အမြင့်ဆုံးဖြစ်နေသည်။

အလုပ်သမားများကို ခွင့်ပေးမှုနှင့်ပတ်သက်၍ စစ်တမ်းတွင် ၁၅ ရာခိုင်နှုန်းခန့်မှာ အစိုးရရုံးပိတ်ရက်များ၌ ခွင့်မပေးကြပေ။ ခွင့်ရက် ၂၀ ကျော်ကို အဆင့်မြင့်သော စီးပွားရေးလုပ်ငန်းများတွင်သာ ပေးလေ့ရှိသည်။

မြန်မာနိုင်ငံရှိ လုပ်ငန်း ထက်ဝက်ကျော်မှာ ငွေကြေးအကူအညီများ လိုအပ်နေပြီး စစ်တမ်းကောက်ယူ ထားသောလုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်းမှာ ပြင်ပမှ ချေးငွေကို မှီခိုနေရသည်။

ဘဏ်စနစ်သုံးစွဲမှုနှင့်ပတ်သက်၍ လုပ်ငန်းစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော်သာရှိပြီး ၂၇ ရာ ခိုင်နှုန်းမှာ ဘဏ်စနစ်ကို မသုံးစွဲဘဲ ၅၀ ရာခိုင်နှုန်းမှာ ကာလတို ငွေစုစာရင်းသာ သုံးစွဲလျက်ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

7Day Daily


ညအိပ်ယာဝင်ခါနီးရင် မျက်နှာသစ်ဖို့ မမေ့ပါနဲ့



အလှအပကို မြတ်နိုးသူတွေ အတွက် လုပ်သင့်တဲ့ အမူအကျင့် တစ်မျိုး ဖြစ်ပါတယ်။ မိမိအသား အရေနှင့် ကိုက်ညီသော ခရင်လေးနဲ့ ညအိပ်ယာဝင်ခါနီးတိုင်း မျက်နှာသစ်ပေးမယ် ဆိုပါက အသားအအရည်ကို ပိုမိုဖြူဝင်စေပြီး ဝက်ခြံထွက်ခြင်း ကိုလည်း သက်သာ စေမှာပါ။

ဒါ့အပြင် မနက်အိပ်ယာထတဲ့ အခါ အဆီပြန်တတ်သူများ လုပ်ပေးသင့်ပါတယ်။ ဒီလို နေ့တိုင်း သစ်ပေးပါက မျက်နှာ အမာရွတ်များ အနာအဆာ များကိုလည်း လျော့ပါးသက်သာ စေမှာဖြစ်ပါတယ်။ တစ်နေကုန် ကပ်ညိနေတဲ့ အညစ်အကြေးများ ဒါမှမဟုတ် မိတ်ကပ်များကို အိပ်ယာဝင်ခါနီး မျက်နှာသစ်လိုက်တဲ့ အတွက် စိတ်ကိုလည်း ပေါ့ပါး လွတ်လပ်စေကာ ကျန်းမာရေး အတွက်ပါ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

မျက်နှာသစ်လိုက်လို့ စိတ်လန်းဆန်းသွားပြီး အိပ်ရတာလည်း ပိုမိုပြီး အိပ်ပျော်စေမှာ ဖြစ်ပါ တယ်။ ဒါကြောင့် အိပ်ယာဝင်ခါနီးရင် မျက်နှာသစ်ဖို့ မမေ့ပါနဲ့။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


နောက်ဆက်တွဲ မြေငလျင် လှုပ်နိုင်ခြေရှိ

ဓာတ်ပုံ-ဘန်ကောက်ပို့စ် 
 
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်တွင် တနင်္လာနေ့ ညနေပိုင်းက အင်အား ၆.၃ ပြင်းအားရှိ မြေငလျင် တခု လှုပ်ခတ် သွားခဲ့ပြီး နောက်ဆက်တွဲ ငလျင်ထပ်လှုပ်မည်ကို စိုးရိမ်ရကြောင်း ထိုင်း သတ္တုတွင်း ၀န်ကြီး ဋ္ဌာန တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။

Active Faults လို့ ခေါ်တဲ့ နောက်ထပ်မြေငလျင် ထပ်လှုပ်နိုင်ခြေရှိတဲ့ ငလျင်ကြောတွေထဲက တခုမှာ
နောက်ထပ် မြေငလျင် ထပ်လှုပ်ဖို့ အများကြီး အလားအလာရှိတယ်လို့ သတ္တုတွင်း ၀န်ကြီးဋ္ဌာနက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သီအိုရီအရ နောက်ဆက်တွဲ ငလျင်ကြီးတခု အခုလှုပ်ခတ်သွားတဲ့ ငလျင်ကြောတွေနားမှာက ငလျင်ကြော တခုခုမှာ ထပ်လှုပ်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။

ဒီကာလထဲမှာ ဖြစ်သွားတဲ့ နေရာနားက ငလျင်ကြော ၅ ခုကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ အဆိုပါ ဋ္ဌာန ဒုတိယအကြီးအကဲ Worasart Apaipong က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တနင်္လာနေ့က ချင်းရိုင်းနယ် ဖယောင်း ငလျင်ကြောမှာ ဗဟိုပြု လှုပ်ခတ်သွားတဲ့ အင်းအားပြင်းငလျင်
နောက်ဆက်တွဲ အဖြစ် အင်္ဂါနေ့ မနက်ပိုင်းကလည်း အကြိမ် ၁၀၀ ထက်မနည်း အင်အား အနည်းငယ် ရှိ မြေငလျင်များ ဆက်လက် လှုပ်ခတ်ခဲ့ပါတယ်။

ထိုင်း သတ္တုတွင်း ၀န်ကြီးဋ္ဌာနက အနီးကပ်စောင့်ကြည့်နေတဲ့ ငလျင်ကြော ၅ ခုကတော့ ချင်းမိုင်နဲ့ ချင်းရိုင် ခရိုင်နယ် တွင်းက မဲ့ကျန် ငလျင်ကြော၊ ချင်းရိုင်က လာအိုနိုင်ငံထိ ရှိတဲ့ မဲ့အင် ငလျင်ကြော၊ နန် ခရိုင် တွင်းက ပူဝ ငလျင်ကြော၊ ချင်းမိုင်ခရိုင်တွင်းက မဲသာ ငလျင်ကြောတွေဖြစ်ပါတယ်။

တနင်္လာနေက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ မြို့ကြီးတချို့ထိ သိသာစွာ ခံစားခဲ့ရပြီး ချင်းရိုင်နယ်တ၀ိုက် လမ်းပြတ်ရွေ့တာ၊ ချင်းရိုင်မြို့က ငွေကျောင်း အပါအ၀င် အဆောက်အဦးပြိုကျတာနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ လည်း ရှိခဲ့ပြီး ထိုင်းသတင်းတပုဒ် အဆိုအရ လူတဦးသေဆုံးတယ်လို့ သိရပါ တယ်။

ထိုင်းနိုင်ငံ ချင်းရိုင်မြို့မြောက်ဘက် ၆၉ မိုင်အကွာ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် တာလေမှာလည်း လွန်ခဲ့ တဲ့ ၂၀၁၁ ခုနှစ် မတ်လက အင်အားပြင် မြေငလျင် ၂ ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀ ကျော်သေ ဆုံးခဲ့ဖွယ်ရှိပါတယ်။ အစိုးရ မီဒီယာတွေကတော့ လူ ၇၀ ကျော်သာ သေဆုံးကြောင်း ကြေညာခဲ့တာပါ။

တာလေမြေငလျင်ဘေးကြောင့် အဲဒီနားတ၀ိုက်က မြန်မာစစ်တပ် ၀န်းတွေနဲ့ လူနေရပ်ကွက်တွေ၊ ကျိုင်းတုံမြို့နယ်ထဲ ကနေအိမ်၊ အဆောက်အဦတွေ ပျက်ဆီးခဲ့ပါတယ်။

တာလေ မြေငလျင် ဘေးဒဏ်သင့် ပြည်သူတွေကို ထိုင်းနဲ့ မြန်မာက ကူညီကယ်ဆယ်ရေးသမားတွေ ရာနဲ့ ချီပြီး သွား ရောက် ကူညီခဲ့ပေမယ့် ထိုစဉ်က မြန်မာအစိုးရက တားဆီး ကန့်သတ်မှုတွေ ရှိခဲ့လို့ ငလျင်ဒဏ် ခံရသူတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အတော်စိတ်ပျက်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကိုင်း ပြတ်ရွေ့ကြော၊ ဂွေးချိုပြတ်ရွေ့ကြော၊ မိုးမိတ်ငလျင်ကြော၊ ကဘော်ငလျင်ကြော၊
မြောက်ဦး ငလျင် ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖားပွန်ငလျင်ကြော၊နဲ့ ဘုရားသုံးဆု ငလျင်ကြော ဆိုတဲ့ မြေငလျင် ကြောတွေရှိ ကြပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့တဲ့ မြေငလျင်တွေကတော့ ၁၈၃၉ ခုနှစ် အင်းဝ မြေငလျင်၊ ၁၉၁၇ ခုနှစ် ပထမ ပဲခူး မြေငလျင်၊ ၁၉၃၀ ခုနှစ် ဒုတိယ ပဲခူးမြေငလျင်၊ ၁၉၇၅ ခုနှစ် ပုဂံမြေငလျင်တို့ ဖြစ်ပါတယ်။

လင်းသန့် ~
ဧရာဝတီ Blog


ရက်ပေါင်း (၁၀၀) အတွင်း လူ ၈ သိန်းသေဆုံးခဲ့ရသည့် ကြောက်မက်ဖွယ် လူမျိုးတုန်း သတ်ဖြတ်မှုကြီး

 
ရ၀မ်ဒါ နိုင်ငံ ၌ ၁၉၉၄ ခုနှစ် တွင် ဟူတူ
 အစွန်းရောက် များ၏ အညှာ အတာ
ကင်းမဲ့စွာ သတ်ဖြတ် မှုကြောင့် ရက်
 ပေါင်း ၁၀၀ အတွင်း လူ ၈၀၀၀၀၀ ခန့်
 သေဆုံး ခဲ့သည်။ လူနည်းစု တူ စီမျိုး
နွယ်စု ၀င်များ၊ နိုင်ငံရေး အ တိုက်အခံများအား လူမျိုး ဘာသာ မခွဲခြားဘဲ သတ်ဖြတ်မှု များကို ကျူးလွန် ခဲ့ခြင်း ဖြစ်သည်။
ဟူတူ ပြည်သူ့စစ်များက တူစီတွေကို ဘာကြောင့် သတ်ဖြတ်ခဲ့ကြတာလဲ။

ရ၀မ်ဒါနိုင်ငံသား (၈၅)ရာခိုင်နှုန်းမှာ ဟူတူများဖြစ်ကြသော်လည်း တူစီလူနည်းစု ၀င်များသည် နိုင်ငံအား လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းက လွှမ်းမိုး အုပ်ချုပ်ခဲ့ကြ သည်။ ၁၉၅၉ ခုနှစ်တွင် ဟူတူများ သည် တူစီ မင်း ဆက်အား ဖြုတ်ချခဲ့သောကြောင့် တူစီထောင်ပေါင်းများစွာသည် ယူဂန္ဓာ အပါအ၀င် အိမ်နီးချင်းနိုင်ငံများသို့ ထွက် ပြေးတိမ်းရှောင် ခဲ့ရသည်။

 ပြည်ပရောက် တူစီအုပ်စု တစ်ခုသည် ရ၀မ်ဒါ မျိုးချစ် တပ်ဦး (RPF) အမည် ရှိ သူပုန်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ရ၀မ်ဒါအား ၁၉၉၀ ပြည့်နှစ်တွင် ကျူးကျော်ခဲ့ ကာ ၁၉၉၃ ခုနှစ် တွင် ကျမှသာ ငြိမ်း ချမ်း ရေး သဘောတူစာချုပ် ချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဧပြီ (၆)ရက်နေ့ညတွင် ဟူတူ မျိုးနွယ်စုဝင် သမ္မတဂျူဗဲနယ်ဟာဗြာ ရီမာနာလိုက်ပါလာသော လေယာဉ်မှာ ပစ်ချ ခံခဲ့ရပြီး သမ္မတ လည်း သေဆုံးခဲ့ရသည်။ ဟူတူအစွန်းရောက်များက လေယာဉ်အား RPF က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး တူစီများ အား သတ်ဖြတ် ရန် ပြင်ဆင်မှုများ ကိုပြု လုပ်ခဲ့သည်။ ဟူတူ များသည် လူမျိုး ပြုတ်သတ်မှု များ ကျူးလွန်ရန် အတွက် လေ ယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း RPF က တုံ့ပြန် ပြောဆိုခဲ့သည်။

လူမျိုးပြုတ်သတ်ဖြတ်မှုများကို မည် ကဲ့သို့ ကျူးလွန်ခဲ့ကြသလဲ။

စနစ်တကျ ကျူးလွန်ခဲ့ကြသည်ဟု ဆို လို့ရသည်။ အစိုးရ အတိုက် အခံများ၏ စာရင်း ကို စနစ်တကျ ရေး ဆွဲ ပြီး ပြည်သူ့စစ်များ လက်ထဲသို့ လွှဲပြောင်း ပေးခဲ့သည်။ ပြည်သူ့ စစ် များသည် အတိုက်အခံများအား မိ သားစုဝင် များ မကျန်သတ်ဖြတ်ခဲ့ကြသည်။ အိမ်နီးချင်း များက သူတို့၏ အိမ်နီးချင်း များကို သတ် ဖြတ်ခဲ့ကြပြီး၊ ခင်ပွန်းများကလည်း တူစီဇနီး သည်များကို သတ်ဖြတ်ခဲ့ကြသည်။ ယင်း အချိန်တွင် မျိုးနွယ်စု ၀င်ဆိုင်ရာ မှတ်ပုံ တင် ကတ်များကို ထုတ်ပေးခဲ့ သောကြောင့် ဟူတူ များသည် တူစီများ နေထိုင် သော ရပ်ကွက် များဝန်းရံပြီး သတ်ဖြတ်မှုများကို စနစ်တကျ ကျူးလွန်ခဲ့ကြသည်။ ထို့ပြင် တူစီ အမျိုးသမီး များအား အဓမ္မ ခေါ်ဆောင်ခဲ့ပြီး လိင်ကျွန်များ အဖြစ် ခိုင်းစေခဲ့ကြသည်။

သတ်ဖြတ်မှုတွေရပ်တန့်အောင် လုပ်ဆောင်ခဲ့ကြသလား။

ကုလနှင့် ဘယ်လ်ဂျီယမ်တပ်ဖွဲ့ဝင်များ သည် ရ၀မ်ဒါတွင် တပ်စွဲ ထားသော်လည်း ကုလတပ်ဖွဲ့ဝင် များ သည် သတ်ဖြတ်မှုများကို တားဆီးခြင်း မရှိခဲ့ချေ။ ဆိုမာလီယာ တွင် အမေရိကန် တပ်ဖွဲ့ဝင် များ သေဆုံးခဲ့ပြီး နောက် အမေရိကန်အစိုးရသည် အာဖရိကလူမျိုးရေး ပြဿနာတွင် မပါဝင်ရန် ဆုံးဖြတ် ခဲ့ကြသည်။ ဘယ်လ်ဂျီ ယမ် စစ်သား ၁၀ ဦးသတ်ဖြတ်ခံခဲ့ ရပြီးနောက် ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် များနှင့် ဘယ်ဂျီယမ် စစ်သား များ သည် ပဋိပက ဇုန်များမှ ဆုတ်ခွါ ခဲ့သည်။ ဟူတူ အစိုးရ ၏ မဟာမိတ် ဖြစ်သည့် ပြင်သစ်သည် လည်း တပ်ဖွဲ့တစ်ခုကိုစေလွှတ်ခဲ့ပြီး သတ် ဖြတ်မှုမရှိသည့် ဇုန်တစ်ခုကို ဖန်တီးခဲ့သော် လည်း သတ်ဖြတ်မှုများ ကို တားဆီးနိုင်ခြင်း မရှိခဲ့ချေ။ ရ၀မ်ဒါ၏ လက်ရှိသမ္မတက ပြင်သစ် တပ်ဖွဲ့များသည်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြောင်း စွပ်စွဲပြော ဆိုခဲ့သည်။

ဘာဖြစ်လို့ အဲဒီလောက် ကြောက်စရာ ကောင်းခဲ့တာလဲ။

ရ၀မ်ဒါသည် အစဉ်အလာအားဖြင့် ချုပ်ကိုင်မှုကြီးမားသော လူ့အဖွဲ့အစည်း ဖြစ်သည်။ အောက်ခြေခရိုင် များမှ ဗဟိုအစိုးရ အထိ ပိရမစ်ပုံစံအဆင့်ဆင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းအချိန် က အာဏာရ ပါတီဖြစ် သည့် MRND တွင် အင်တဲရာဟမ်ဝဲအမည် ရှိ လူငယ်အဖွဲ့ခွဲရှိနေပြီး၊ ၄င်းအဖွဲ့အား သတ် ဖြတ်မှုများပြုလုပ်ရန် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲခဲ့သည်။ လက်နက်များနှင့် သတ်ဖြတ်ရမည့် သူများစာရင်းကို ဒေသ ဆိုင်ရာ အဖွဲ့ များ ထံသို့ ပေးပို့ခဲ့ပြီး၊ ယင်းအဖွဲ့ များကလည်း ၄င်းတို့နယ်မြေရှိ သတ်ဖြတ်ရ မည့်သူများကို တာဝန် ကျေ ပွန် စွာ သတ်ဖြတ် ခဲ့ကြသည်။ ဟူတူအစွန်းရောက်များသည် အသံလွှင့်ရုံ များကို တည်ထောင်ခြင်း၊ သတင်းစာ များ ထုတ်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ ပြီး၊ ပြည်သူများအား ပိုးမွှားများသို့မဟုတ် တူစီများကို သတ်ဖြတ်ရန် ၀ါဒဖြန့်ချိ မှု များ ပြုလုပ်ခဲ့သည်။ သတ်ဖြတ်ခံခဲ့ရသူများ၏ စာရင်းကို အသံလွှင့်ရုံက ပုံမှန်ထုတ်ပြန် ကြေညာခဲ့သည်။ ဘုန်း တော်ကြီးများနှင့် သီလရှင်များပင်လျှင် ဘုရားကျောင်းအတွင်း ခိုလှုံနေသူများကို သတ်ဖြတ်ခဲ့ကြသည်။

သတ်ဖြတ်မှုတွေ ဘယ်လိုပြီးဆုံးခဲ့သလဲ။

တူစီ၏ စုစည်းညီညွတ်သော RPF သည် ယူဂန္ဓာ စစ်တပ်၏ ထောက်ခံ မှုဖြင့် ရ၀မ်ဒါပိုင်နက်များကို တ ဖြည်းဖြည်းသိမ်း ပိုက်ခဲ့သည်။ ဇူလိုင် ၄ တွင် RPF သည် မြို့တော် ကီဂါလီသို့ ၀င်ရောက် ခဲ့သည်။ အရပ် သား များ နှင့် လူမျိုးပြုတ် သတ်ဖြတ်မှု များ ကို ကျူးလွန်ခဲ့သည့် ဟူတူ နှစ်သန်းခန့် သည် လက်စားချေ သတ်ဖြတ်ခံ ရ မည်ကို စိုးရိမ်သော ကြောင့် ယင်း အချိန်က ဇိုင်ရဲ ဟု ခေါ် ဆိုသည့် ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ကွန်ဂိုမှာ ဘာတွေဖြစ်ခဲ့သလဲ။

ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံတွင် ဆယ်စုနှစ်နှစ်ခုကြာ မတည်ငြိမ် မှု များနှင့် ရ၀မ်ဒါရှိ လူ မျိုး ပြုတ်သတ်ဖြတ်မှုများ ကြား တိုက်ရိုက်ဆက်စပ်မှုရှိခဲ့သည်။ လက်ရှိ အချိန်တွင် RPF အဖွဲ့ ဝင်များပါဝင်သော ရ၀မ်ဒါ အစိုးရသည် ဟူတူပြည်သူ့ စစ်များ အား လက် ခံထားသည်ဟု အကြောင်းပြပြီး ကွန်ဂို အား နှစ်ကြိမ်တိုင် တိုင် ကျူးကျော်ခဲ့သည်။ ထို့ ပြင် ရ၀မ်ဒါအစိုးရသည် ကွန်ဂိုရှိ တူစီတပ်ဖွဲ့ဝင် များအား လက်နက်များ ထောက်ပံ့ ပေးခဲ့သည်။

ရ၀မ်ဒါရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိနေလဲ။

RPF ခေါင်းဆောင်တစ်ဦးလည်းဖြစ် သလို ရ၀မ်ဒါ သမ္မတလည်းဖြစ်သည့် ပေါ ကာဂါမီသည် နိုင်ငံတွင်း စီးပွားရေးတိုးတက် အောင် လုပ်ဆောင်နိုင်ခဲ့သောကြောင့် ချီးကျူးခံခဲ့ရသည်။ ၄င်းသည် ရ၀မ်ဒါအား နည်းပညာ ဆိုင် ရာ ဗဟိုချက်တစ်ခုဖြစ်အောင် ကြိုးပမ်းခဲ့သည်။ သို့သော် ကာဂါမီသည် အတိုက်အခံများကို သည်း ခံလေ့မ ရှိ ဘဲ တချို့ အတိုက်အခံများ သတ်ဖြတ်ခံခဲ့ရကြောင်း စွပ်စွဲမှုများရှိခဲ့သည်။ လူမျိုးပြုတ် သတ်ဖြတ် မှုဖြင့် လူနှစ် သန်းခန့်အား ဒေသဆိုင်ရာ ခုံရုံးများနှင့် ဟူတူပြည်သူ့ စစ်ခေါင်းဆောင် များအား အိမ်နီးချင်း တန်ဇေးနီးယားရှိ ကုလခုံရုံးတွင် ကြားနာစစ်ဆေးခဲ့ကြသည်။ လက်ရှိအစိုးရသည် ရ၀မ်ဒါ၌ နောက်ထပ် သွေးမြေကျမှုများ ထပ်မံမ ဖြစ် ပွားစေရန် နိုင်ငံတွင်း လူမျိုးပြုတ်သတ်ဖြတ်မှုနှင့် ပတ် သက်ပြီး ဆွေးနွေး ပြောဆိုခွင့် မပေး ခဲ့ချေ။ သို့သော် ဆွေးနွေးပြောဆိုခွင့်ပိတ်ပင်ထား ခြင်းကြောင့် ပြန်လည်ရင်ကြားစေ့ရေး မဖြစ်နိုင် တော့ဘဲ ပိတ်ပင်မှုသည် တစ် ချိန်ချိန်တွင် ပြန်လည်အုံကြွလာနိုင်သည့် လူမျိုး ရေးတင်းမာမှုများကို ဟန်ဆောင်ဖုံးဖိထား ခြင်းသာဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။

Ref: Rwanda genocide: 100 days of slaughter:BBC

The Messenger


လင်ယောင်္ကျား သေဆုံးမှုအတွက် ဂရုဏာကြေး (၁၅၀၀၀)ကျပ်သာရပြီး လမ်းဘေးမှာ တောင်းရမ်းတဲ့ ဘ၀ရောက်ခဲ့ရသူ


သူမကိုစပြီး တွေ့လိုက်တာက ကျောက်ကုန်း
မီးပွိုင့်မှာ၊ တန်းစီနေတဲ့ ကားတန်းကြားမှာ
လသားအရွယ် ကလေးငယ်ကို ပွေ့ချီရင်း
သူမ၀မ်းရေး အတွက် တောင်းရမ်းနေရသူ၊


သူမလက်ထဲမှာ ချီထားတဲ့ လသားအရွယ် ကလေးကလည်း နေရောင်ပူပူအောက်မှာ လူးလွန့်ရင်း သူ့မအေ လက်ပေါ်မှာ တအီအီငိုယိုလျှက်။ သူမကတော့ အကျီင်္ခပ်ပါးပါး အနွမ်းနဲ့ လုံခြည်အနွမ်း တစ်စုံ ၀တ်ဆင်ရင်း ဦးထုတ်အဟောင်းလေးကို ခပ်ငိုက်ငိုက် ဆောင်းထားကာ ပလပ်စတတစ်အိတ် အမာနှစ်လုံးကို တံတောင်ဆစ်နား အထိရောက်မတတ် ချိတ်ဆွဲထားရင်း ကားများကြားမှာ ချွေးသံများဖြင့် တောင်းရမ်းနေလျက်။

ဒါပေမယ့် သူမဟာ တောင်းရမ်း သူစစ်စစ်များကဲ့သို့ အုပ်စုဖွဲ့ တောင်းရမ်းနေသူလည်း မဟုတ်သလို သူမ တောင်းရမ်းနေတာကလည်း လအနည်းငယ်သာ ရှိနေသေးကြောင်းနှင့် သူမအတွက်တော့ ကျောက်ကုန်း မီးပွိုင့်ဆိုတာ သူ့ရဲ့ ကိုယ်ပိုင် တောင်းရမ်းရာ နေရာတစ်ခုလို ဖြစ်လို့နေသည်။ ဒီလိုတောင်းရမ်းရင်းမှ တစ်နေ့တာ အတွက် သူမအဖို့ လုံလောက်သည်နှင့် သူမကလေးကို ချီကာ အိမ်ပြန်တော့သည်။ သာမာန်အားဖြင့် သူမကို ကြည့်လျှင်တော့ ငွေအရလွယ်လမ်းကို လိုက်ကာ တောင်းရမ်းစားသောက်၊ အိမ်ပြန်၊ ဒီလောက်ပင်။ သူမဘ၀မှာ စိတ်ဝင်စားစရာ မကောင်းသလို စိတ်ပျက်စရာ မြင်ကွင်းတစ်ခုလို့ ထင်မြင်စရာပင်။ သို့သော် သူမရဲ့ နောက်ကွယ်က အကြောင်းအရာတွေကတော့ အင်မတန်မှကို စိတ်ဝင်စားစရာ ကောင်းလှသည်။

သူမကတော့ အသက်(၂၀)အရွယ်သာ ရှိနေသေးသော မနှင်းဝေခိုင်ဆိုသူ ဖြစ်ကာ သူမရဲ့ဘ၀ အကြောင်းအစကိုတော့ အခုလို ပြောပြရင်း အစပြု ခဲ့ပါတယ်။

“ကျွန်မ ယောင်္ကျားသာ မသေခဲ့ရင် ကျွန်မတို့ မိသားစု အခုလိုဖြစ်မှာ မဟုတ်ဘူး၊ အခုလို တောင်းရမ်း ရတာ အရမ်းလည်း ကြောက်တယ်၊ စည်ပင်ရဲတွေ ဖမ်းမှာလည်း တအားကြောက်တယ်၊ တစ်ခါတလေတော့ အမျိုးသားကိုပဲ သတိရမိတယ်၊ သူက အုပ်သဲကျောက်တွေ သယ်တယ်၊ ကျွန်မမီးဖွားပြီးစ အချိန်မှာပဲ သူဆုံးတာ၊ အုတ်သဲကျောက်သယ်တဲ့ ကားပေါ်ကကျတယ်လို့ ပြောတယ်၊ အဲ့ဒီလို သေသွားလို့ဆိုပြီး အဲ့ဒီ အုတ်သဲကျောက် လုပ်ငန်းက ကျပ်(၁၅၀၀၀) လာပေးသွားတယ်။ နာရေးကိစ္စ သူတို့လုပ်မယ်လို့ လာပြောတယ်၊ အမျိုးသားနဲ့ ပတ်သက်သမျှ အဲ့ဒီလိုမျိုးပဲ သိလိုက်ရတယ်၊ ကိုယ့်မှာငိုရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး”လို့ ပြောပြပါတယ်။

လူတစ်ယောက်လုံး အလုပ်လုပ်ရင်း သေသည်ကို ပိုက်ဆံတစ်သောင်းခွဲဖြင့် တန်ကြေးပေးခဲ့သော ဖြစ်ရပ်မှာထူးဆန်းအံ့သြဖွယ် ကောင်းနေသလို၊ နေ့စားအလုပ်သမားများ အတွက် သူတို့၏ အသက်မှာ (၁၅၀၀၀)ကျပ်ပင် တန်သလော.. ဆိုသည်ကိုလည်း မေးခွန်းထုတ်စရာ ကောင်းနေသည်။ အုတ်သဲ ကျောက် ကားပေါ်မှ ပြုတ်ကျကာ အသက်ဆုံးပါး ခဲ့ရသည်ဟုဆိုသော သူမအမျိုးသားမှာ အရွယ်ကောင်း၊ အသက်(၂၀)ခန့်သာ ရှိနေသေးကာ အမည်မှာ ကိုဝေယံဦး ဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်မ အခုလို လုံးဝမတောင်းချင်ဘူး၊ ဘယ်တုန်းကမှလည်း ဒီအလုပ်လုပ်ရလိမ့်မယ်လို့ မတွေးမိခဲ့ဘူး၊ ဒါပေမယ့် ကျွန်မမှာ တစ်နှစ်နဲ့ခြောက်လ အရွယ် သားလေးကလည်း ရှိနေတယ်၊ သူကိုနို့မှုန့်တိုက်ဖို့ အတွက် ကျွန်မအခုလို ရှာရတာပါ။ ကျွန်မအတွက်က ထမင်း တစ်နပ်ကို ထမင်း(၁၀၀)၊ ဟင်း(၁၀၀)ဖိုးဆို လောက်ငှနေပါပြီ။ အခုလို တောင်းရင်းနဲ့ပဲ အိမ်မှာကျန်ခဲ့ရတဲ့ သားလေးကို စိတ်ပူနေရတယ်။ ဒါ့ကြောင့် ကျွန်မလည်း ညနေ(၂) နာရီလောက် အထိပဲ တောင်းတယ်၊ ပြီးရင် နို့မှုန့်တွေ ၀ယ်ပြီး အိမ်ပြန်ပြေးရတယ်”ဟု သူမ၏ နေ့စဉ် ဘ၀ တစ်ချို့တစ်ဝက်ကို ပြောပြခဲ့ပါတယ်။

သူမအား စတင် စကားပြောဖို့ စီစဉ်ချိန်မှာပဲ ထမင်းစားပါလားလို့ ပြောရင်း ဆိုင်ထဲခေါ်ပြီး ထမင်းကျွေးရင်း မေးမြန်းဖြစ်ခဲ့ပါတယ်။ သူမက စကားပြောရင်း ထမင်း တစ်လုပ်စားရင်း၊ သူမရဲ့ ပေါင်ပေါ်က ကလေးကို လှုပ်ကာချော့ရင်းဖြင့် အလုပ်များနေပါတယ်။ ဒါပေမဲ့ သူမဟာ သူမ စားနေသော အစားအသောက်ပေါ် စိတ်ဝင်စားမှု လုံးဝမရှိပဲ၊ သူမဘ၀ အကြောင်းကိုပဲ မမောတမ်းတွင်တွင် ပြောပြနေပါတယ်။

“အိမ်မှာ ကျန်ခဲ့တဲ့ သားလေးရော၊ သမီးလေးရော နို့မှုန့်ပဲစို့တာ၊ သူတို့နို့မှုန့်ဖိုးက အရမ်းများတယ်၊ တော်တော် မခံနိုင်ဘူး၊ ဒါပေမယ့် ကိုယ်ကနို့မှ မထွက်တာ သူတို့ကို အဲ့ဒီအာဟာရလေးတော့ ဆက်ကျွေးချင်လို့ မဖြတ်ပဲထားထားတာ၊ အိမ်မှာ သားလေးကို အိမ်နီးချင်းက ကြည့်ပေးတယ်၊ တစ်နေ့ တစ်ထောင်ကျော် ကလေး ကြည့်ခပေးရတယ်၊ ပြီးတော့ အိမ်လခကလည်း တစ်လ (၅၀၀၀) ပေးရပါတယ်၊ ကျွန်မတို့နားက တော်တော်များများက အဆင်မပြေကြသူတွေချည်းပဲ ဆိုတော့ အိမ်တွေမှာ အ၀တ်လျှော်ဖွတ်၊ လိုက်လုပ်ဖို့ ကျပြန်တော့လည်း အဲ့ဒီလို ခိုင်းမယ့်သူ မရှိဘူး”လို့ သူမက သားသမီးတွေနဲ့ သူမရဲ့ဘ၀ အကြောင်းကို ပြောပြနေချိန်မှာ အသက် (၃)လသာရှိ နေသေးသော သူမ ပေါင်ပေါ်က ကလေးဟာ မအေစားနေတဲ့ ထမင်းပန်းကန်ကို စိုက်ကြည့်ပြီး တအားကို အော်နေလို့ ကလေးငယ်ကို ထမင်း အနည်းငယ်ဝါးပြီး ပါးစပ်ထဲ ထည့်ပေးလိုက်မှပဲ ကလေးဟာ အံ့သြဖို့ကောင်းအောင် ချက်ချင်း တိတ်ဆိတ်သွားပြီး ခပ်ပြုံးပြုံးလေး ဖြစ်လာရင်းနဲ့ သူ့အမေကျွေးနေတဲ့ ထမင်းတွေကို အတင်းပဲ မျိုချနေပါတော့တယ်။

သူမ ဆက်ပြောပြခဲ့တဲ့ သူမဘ၀ရဲ့ အကြောင်းတွေကတော့ သူမရဲ့ အမျိုးသားဟာ သူမ မီးဖွားပြီး နှစ်ရက်မြောက်နေ့မှာပဲ ကွယ်လွန်ခဲ့တာဖြစ်တယ်။ ယင်းသတင်းကြောင့် သူမမှာ အထိတ်တလန့် ဖြစ်ပြီး နို့လည်သွားတော့ နို့တွေ လုံးဝ မထွက်တော့ဘူး။ သူမတို့ နေထိုင်တဲ့ နေရာက ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ (၁၃၃)ရပ်ကွက်၊ ဈေးအနီး အိမ်တစ်အိမ်ရဲ့ နောက်ဖေးမှာ အဖီအတွဲလေးဆွဲပြီး နေတာဖြစ်တယ်။ တစ်လကို (၅၀၀၀)ကျပ်နဲ့ သူမရဲ့ အမျိုးသားရှိကတည်းကပင် ငှားရမ်းနေထိုင်ခဲ့တာလို့ သိရပါတယ်။

“အခုနေတဲ့ အိမ်က အမျိုးသား မဆုံးခင် ကတည်းက သူငှားပေးထားတာ၊ တစ်လကျပ်(၅၀၀၀) ပေးရတယ်။ သူ့ပဲအားကိုးပြီး နေနေရတာ။ အခု ရန်ကုန်ရောက်တာမှ တစ်နှစ်ပဲ ရှိနေသေးတယ်။ သူရှိတုန်းကလည်း ဘယ်မှ သိပ်မသွားတတ်ဘူး။ အလုပ်လည်း မလုပ်တတ်ဘူး၊ အခုတောင် ကိုယ်နေတဲ့နေရာကနေ ဒီကိုကား တစ်ဆင့်တည်း ရောက်လို့လာတတ်တာ။ ဒီနေရာကနေ ဘယ်မှကို မသွားတတ်ဘူး။

သူရှိနေတုန်းက သူက တစ်နေ့ (၂၅၀၀) ဈေးသုံးပေးတယ်။ သားလေးနဲ့ ကိုယ့်အတွက်ပဲ ဆိုတော့ လောက်င..တယ်။ သူဆုံးသွားပြီ ဆိုတော့ တစ်ကယ်ကို ဘာလုပ်ရမှန်း မသိအောင် စိတ်ဆင်းရဲတာ။ ကိုယ်ကလည်း ကလေးမွေးထားတာ ရက်ပိုင်းပဲ ရှိနေသေးတော့ ထလည်း မထနိုင်။ ဘယ်မှလည်း မသွားနိုင်။ ပြီးတော့ ဆုံးပြီဆိုတာပဲ သိရပြီး သူ့ရဲ့နောက်ဆုံး မျက်နှာကို မမြင်လိုက်ရသလို၊ သူ့ဈာပနလည်း သူတို့က လုပ်ပေးမှာ ဆိုပြီး ပြီးသွားတယ်”လို့ ပြောပြရင်း မျက်ရည်များ လည်လာသူကတော့ မနှင်းဝေခိုင်ပဲ ဖြစ်ပါတယ်။

သူမဟာ ယခုမှ အသက်(၂၀)ထဲ ၀င်ရောက်စ ဖြစ်ပေမဲ့ လောကဓံရဲ့ ထုထောင်းခြင်းတွေကြောင့် ရောက်ရှိအသက်ထက် ပိုပြီးကြီးရင့်နေသလို ထင်ရပါတယ်။ သူမရဲ့ ကလေးနှစ်ယောက် အတွက် တတ်အားသရွှေ့ ရုန်းကန် ကျွေးမွေးသွားမယ်လို့ ထမင်းစားရင်းမှာပဲ သူမ ထပ်မံပြောပြခဲ့တဲ့ စကားကြောင့် နားထောင်နေရတဲ့ လူတောင်မှပဲ မျက်ရည်လည်လာခဲ့ရပါတယ်။

“ကျွန်မ အခုလို အသားဟင်းနဲ့ မစားရတာ ကျွန်မယောင်္ကျားဆုံးပြီး ကတည်းကပါ။ အခုလို စားရပြန်တော့ ကျွန်မ သားလေးကို သတိရလွန်းလို့ ကျွန်မ မျိုမကျဘူး။ တစ်ကယ်ကို စားမ၀င်တော့လို့ပါ”လို့ပြောရင်း တစ်ဝက်သာသာလောက် ကျန်နေသေးတဲ့ ထမင်းနှင့်ဟင်းကို ဒီအတိုင်း ထားပစ်ခဲ့တာကို တွေ့ရတယ်။

သူမ မပြန်ခင်မှာပင် နောက်ဆုံးသိလိုတဲ့ မေးခွန်းတစ်ခု အတွက် သူမအဖြေက စိတ်ဝင်စားစရာ ကောင်းသလို အဲ့ဒီလို ပြောပြနေချိန်မှာ သူမရဲ့ မျက်လုံးတွေဟာ သိသိသာသာ အရောင်တွေ တောက်ပလာတာကို မြင်တွေ့ခဲ့ရတယ်။

“ကျွန်မက ဈေးရောင်းတတ်တယ်။ ကျွန်မ သားသမီးတွေ အတွက် ဒီအလုပ်က သူတို့အတွက် မကောင်းနိုင်ဘူးဆိုတာ သိတယ်။ သူတို့ မသိတတ်ခင်မှာ ဒီအလုပ်ကို ပြောင်းပစ်ချင်တယ်။ အခုချိန်မှာ ကျွန်မက သားသမီးတွေ အတွက် ဘာမဆို ကြိုးစားလုပ်ချင်တယ်။ အခုလို အလုပ်လုပ်တာ အိမ်နားက လူတွေကို မပြောပြဘူး။ ကျွန်မ ဈေးရောင်းချင်တယ်။ ကျွန်မ မတောင်းစားချင်ဘူး”

သူ့ရဲ့ နောက်ဆုံးကြီးမားတဲ့ မျှော်လင့်ချက်ကတော့ ငွေကျပ် သောင်းဂဏာန်းလောက်နဲ့
 ဈေးသည်ဘ၀ကို ပြောင်းလဲပစ်ချင်တာပါပဲတဲ့… ။

နော်ရာမောင်

မျိုးသူနိုင် ပို့  ပေးပါသည်။

မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်စနစ်အတွက် အကြံပြုချက်များ တောင်းခံ


 ပြည်တွင်းတွင် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်စနစ်များနှင့် ပတ်သက်ပြီး ပြည်သူများဘက်မှ အကြံပြုလိုသည့် အချက်များကို မေ ၅ ရက်မှ ၁၉ ရက်အထိ ကောက်ခံသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက နိုင်ငံပိုင်သတင်းစာများကတစ်ဆင့် ကြေညာထားသည်။
မိုဘိုင်းအော်ပရေတာများက ဆင်းမ်ကတ်များ ရောင်းချရာတွင် ကျင့်သုံးမည့် အချက်အလက်များ အပေါ် အများပြည်သူဘက်က အကြံပြုတင်ပြနိုင်မည်ဖြစ်ပြီး အကြံပြုတင်ပြလွှာများကို www.mcit.gov.mm တွင် ရယူနိုင်မည်ဖြစ်ကာ မေလ ၁၉ ရက်၊ ညနေ ၄နာရီ ၃၀ မိနစ်နောက်ဆုံးထားပြီး အကြံပြုချက်များ ပေးသွင်း နိုင်မည် ဖြစ်သည်ဟု ဖော်ပြထားသည်။
 
 မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့် စနစ်နှင့်ပတ်သက်ပြီး လက်ရှိကျင့်သုံးနေသည့် အရောင်းစနစ်များကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ပြည်သူလူထုထံ ပေးအပ်နိုင်မည့် ၀န်ဆောင်မှုကို အမှန်အတိုင်း ကြို တင် တင်ပြထားသင့်သည်ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။၎င်းက “လက်ရှိအစိုးရကျင့်သုံးနေတဲ့ မိုဘိုင်းဆင်းမ်ကတ် ရောင်းတဲ့စနစ်တွေကို ပြုပြင်ပြောင်းလဲပစ်ရမယ်။ ဘယ် Service (၀န်ဆောင်မှု) လိုချင်ရင် ဈေးနှုန်းဘယ်လောက်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ ပြည်သူကို မျှော်လင့် ချက်ပေးထားပြီး ဖြစ်မလာရင် ယုံကြည်မှု လျော့သွားမယ်” ဟု ဆိုသည်။


ဒေသအလိုက် လိုအပ်သည့်ပမာဏကို တစ်ပြိုင်နက်ချထားနိုင်ရန်လိုအပ်ပြီး အရေအတွက်အကန့်အသတ် ဖြင့် ရောင်းချပါက အဆင်မပြေမှုများ ကြုံတွေ့နိုင်သည်ဟုလည်း ၎င်းက ဆက်လက်သုံးသပ်သည်။

“ရန်ကုန်အတွက် အရေအတွက် ဘယ်လောက် လိုသလဲ။ လိုအပ်တဲ့ ပမာဏကို တစ်ပြိုင်နက် ချပေးနိုင်ရ မယ်။ ရန်ကုန်က ဘယ်လောက်၊ ကျန်တဲ့နေရာတွေက ဘယ်လောက် ကန့်သတ်ချပေးနေဦးမယ်ဆိုရင် အဆင်မပြေဘူး။ လိုအပ်သလောက်ကို ဖွင့်ရောင်းနိုင်ရမယ်” ဟု ပြောသည်။

မိုဘိုင်းအော်ပရေတာများဘက်မှ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို လေ့လာပြီး တစ်နိုင်ငံလုံးအနှံ့ ၀န်ဆောင်မှုကောင်းများ ဖြန့်ကြက်ပေးနိုင်ရန် ဆောင်ရွက်သင့်သည်ဟုလည်း Samsung ကုမ္ပဏီက အကြီးတန်းဈေးကွက် ရှာဖွေရေးအရာရှိ ကိုသီဟလုလင်က သုံးသပ်သည်။

ကိုသီဟလုလင်က “ပြည်သူတွေဘက်ကို အကြံပြုချက် ကောက်တယ်ဆိုတာ အရမ်းကောင်းပါတယ်။ ဒါမှ အသုံးပြုသူတွေ ဘာတွေလိုအပ်တယ်ဆိုတာကို သိရမယ်။
 
 အော်ပရေတာတွေဘက်ကလည်း လိုအပ်တာ တွေကို ပြင်ဆင်နိုင်မယ်။ ဒေသတွင်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လေ့လာပြီး တစ်နိုင်ငံလုံးအနှံ့ ၀န်ဆောင်မှု ကောင်းတွေ ပေးနိုင်အောင် လုပ်ရပါမယ်။ ဆင်းမ်ကတ် အရောင်းကိုတော့ လွတ်လွတ် လပ် လပ်ဖွင့်ပြီး ရောင်းစေချင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။မြန်မာနိုင်ငံတွင် ဖုန်းအသုံးပြုမှု ၀န်ဆောင်ခ ကောက်ခံသည့်စနစ်ကို မိုဘိုင်းဖုန်းခေါ်ဆိုမှုနှင့် Data အသုံး ပြုမှု သီးခြားကောက်ခံသင့်သည် ဟုလည်း စီးပွားရေးဆောင်းပါးများ ရေးသားသူ ပညာရှင်တစ်ဦးက သုံး သပ်သည်။ “Service Plan ကို ခွဲခြားပြီး ကောက်ခံသင့်တယ်။ ဖုန်းသီးသန့်အသုံးပြုမှုနဲ့Data အသုံးပြုမှုက ခွဲခြားပြီး ကို ကောက်ရမှာ။ အများတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်ပြီး စီးပွားရေး အကျိုးရှိမယ့် ဈေးနှုန်းတစ်ခုကို သတ်မှတ် ရမယ်” ဟု ၎င်းက သုံးသပ်သည်။

Mizzima - News in Burmese