12 May 2014

ဗုဒ္ဓဝါဒရဟန်းသံဃာနှင့် မျိုးစောင့်ဥပဒေ

 
အမျိုးသားရေးဝါဒနဲ့ ဗုဒ္ဓဝါဒဟာ ဖြောင့် ဖြောင့်ကြီးဆန့်ကျင်ပါတယ်။ ဥပမာ-ဂေါတမဗုဒ္ဓနဲ့ ရှင် ဒေဝဒတ္တတို့ဟာသာကီဝင်မင်း မျိုးမှ ဆင်းသက်လာသူများဖြစ် ကြပြီး ဝမ်းကွဲညီအစ်ကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဘုရားရှင်က အဂ္ဂသာဝကနှစ်ပါး ကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ် ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင် မောဂ္ဂလာန်တို့ကိုသာ ရွေးချယ်ခဲ့ ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကိုမကြည့်ပါဘူး။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။

မြတ်စွာဘုရားရဲ့ တရား တော်မှာ အမျိုးမာန်၊ အမျိုးစွဲထား ဖို့ ဟောခဲ့တဲ့ တရားမပါဝင်ပါ ဘူး။ ရုပ်နာမ်ပရမတ်ကိုထွင်း ဖောက်မြင်တော်မူတဲ့ ဘုရားရှင် အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ပုဂ္ဂိုလ် သတ္တဝါပညတ်အမြင်အပေါ် အခြေခံတဲ့ လူမျိုးစွဲ၊ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။

အစွဲဆိုတာ တဏှာလောဘ ပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော် ဟာ တဏှာကင်းရာ၊ ကုန်ရာကို ကျင့်ဖို့ ဟောတော်မူခဲ့တဲ့ တရား တော်သာဖြစ်ပါတယ်။ တဏှာ ပွားကြောင်းကိုဖြစ်စေမယ့် မည် သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာမဟုတ်ပါဘူး။

မြတ်စွာဘုရားက သူ့ရဲ့ သာ ကီဝင်မင်းမျိုးအတွက်ကိုသာ ရည် ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။ မြတ်စွာဘုရားက ၃၁ ဘုံမှာရှိကြတဲ့ သတ္တဝါအား လုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ဝါဒက လူမျိုးတစ် မျိုးတည်း၊ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာတစ်ခုတည်းနဲ့သာ သက် ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။

အမျိုးသားရေးဝါဒကတော့ လူမျိုးတစ်မျိုးနဲ့သာ သက်ဆိုင်ပါ တယ်။ ဗုဒ္ဓဝါဒနဲ့ အမျိုးသားရေး ဝါဒကို မရောထွေးသင့်ပါဘူး။ အမျိုးသားရေးဝါဒစွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော်ဟုတ် သလား၊ မဟုတ်သလားဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလ သုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

ဝသလသုတ္တန်ကို မြတ်စွာ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းမှာ သီတင်းသုံးနေတော် မူစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာ တော်မူတဲ့ ဘုရားရှင်ကို အမျိုး ဇာတ်ကြောင့် မာန်မာနထောင် လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇဗြဟ္မ ဏရဲ့ ရဟန်းယုတ်၊ ဦးပြည်းယုတ် သူယုတ်မာစသည်ဖြင့် ရိုင်း စိုင်း ကြမ်းတမ်းစွာခေါ်ဝေါ်ပြောဆိုမှု ကိုအကြောင်းပြုပြီး ဟောတော် မူခဲ့ပါတယ်။

သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ယခင်မှစပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှု စနစ်အားကောင်းပြီး အမျိုးသား ရေးဝါဒအလွန်ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဝသလသုတ္တန်မှ အောက် ပါဂါထာနှစ်ဂါထာကို ထုတ်နုတ် ဖော်ပြလိုပါတယ်။

ကောဓနော ဥပနာဘိစ၊ ပါပမက္ခီစ ယောနရော

ဝိပန္နဒိဋ္ဌိမာယာဝီ၊ တံဇညာ ဝသလောဣတိ

‘‘အကြင်သူသည် အမျက် ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူး ကိုချေဖျက်တတ်၏၊ အယူပျက်စီး သူဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထို သူကို သူယုတ်မာဟူ၍ သိရာ၏’’

နဇစ္စာဝသလောဟောတိ၊ နဇစ္စာဟောတိ ဗြဟ္မဏော

ကမ္မုနာဝသလောဟောတိ၊ ကမ္မုနာဟောတိ ဗြဟ္မဏော

‘‘အမျိုးဇာတ်ကြောင့် သူယုတ်မာမဖြစ်နိုင်၊ အမျိုးဇာတ် ကြောင့် ဗြဟ္မဏမဖြစ်နိုင်၊ မိမိပြု သောအမှုကြောင့်သာလျှင် သူယုတ်မာဖြစ်ရ၏။ မိမိပြုသောအမှု ကြောင့်သာလျှင် ဗြဟ္မဏဖြစ်ရ၏’’

ဒေသနာအဆုံးမှာ အဂ္ဂိက ဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာ ဘုရားကိုလေးစားကြည်ညိုတဲ့ ဥပါသကာဒါယကာတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန် ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်း ထန်တဲ့ လူမျိုးဘာသာအယူဝါဒ ကိုလက်ခံကျင့်သုံးရန်သင့်၊ မသင့် လေးနက်စွာပြန်လည် ဆင်ခြင်စဉ်းစားသင့်ပါတယ်။

ပြင်းထန်တဲ့ လူမျိုးဘာသာအယူဝါဒမှ တစ်ဖက်စွန်းအမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကိုမကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့မြန်မာ ပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။

ပြင်းထန်တဲ့ လူမျိုးဘာသာ ဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဖြစ်စေသလား။ ဆိုး ကျိုးဖြစ်စေသလားဆိုတာ ကမ္ဘာ့ သမိုင်းမှာလည်း သက်သေပြခဲ့ ပြီးပါပြီ။ ယခုလည်း ဆီးရီးယား၊ အီရတ်၊ နိုင်ဂျီးရီးယား စတဲ့နိုင်ငံ တွေမှာ အပြစ်မဲ့သာမန်ပြည်သူ တွေဟာ ပြင်းထန်တဲ့ လူမျိုးဘာ သာအယူဝါဒရဲ့ သားကောင်ဘဝ ကို ကျရောက်နေကြရတဲ့ သတင်း တွေကို နေ့စဉ်လိုလို တွေ့မြင် ကြားသိနေရပါတယ်။

မြတ်စွာဘုရားရဲ့ သန့်စင် မွန်မြတ်တဲ့ တရားတော်ကို လူမျိုး စွဲ၊ ဘာသာစွဲဆိုတဲ့ တဏှာအစွဲနဲ့ အရောင်ဆိုးတဲ့ လုပ်ရပ်မှန်သမျှ ဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့၊ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံ တစ်နိုင်ငံဖြစ်ပါလျက်နဲ့ မငြိမ်း ချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာအဆင်း ရဲဆုံး၊ အမွဲတေဆုံးနိုင်ငံဖြစ်နေရ ခြင်းရဲ့ အဓိကတရားခံဟာ အာ ဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါ

ဒါန်အစွဲကြောင့်ပဲဖြစ်ပါတယ်။

အာဏာကိုမစွန့်နိုင်ဖြစ်နေ ကြတဲ့ စစ်အာဏာရှင်မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာ အပေါ် တပ်မက်မောတဲ့ တဏှာ ကိုစွန့်ဖို့ ဟောပြောပြသဆိုဆုံးမ ခြင်းသည်သာလျှင် သာသနာ့ဝန် ထမ်းရှင်ရဟန်းများရဲ့ တာဝန်ဖြစ် ပါတယ်။ ထိုတာဝန်ကို ထမ်း ဆောင်ခြင်းဟာ လက်ရှိမြန်မာ့ နိုင်ငံရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံးလည်းဖြစ်ပါ တယ်။

ယနေ့ ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများအတွက် ရည်ရွယ် ပြီး ပြဋ္ဌာန်းဖို့ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေဆိုတာ သူတို့အ တွက်လို၊ မလို။ အဓိကကျ၊ မကျ ဆိုတာ စနစ်တကျလေ့လာသုံး သပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။

ခေတ်ပညာတတ် ဘွဲ့ရတွေ တောင်ပါဝင်တဲ့ မြန်မာအမျိုး သမီးငယ်များဟာ ဘာကြောင့် ဟောင်ကောင်ကိုသွားပြီး အိမ် ဖော်လုပ်နေကြရပါသလဲ။ မြန်မာ အမျိုးသမီးငယ် အများစုကြုံတွေ့ နေရတဲ့ အဓိကပြဿနာက ဘာလဲဆိုတာ အရိပ်အမြွက်မျှ သိချင်ရင် အထည်ချုပ်စက်ရုံတစ် ရုံလောက်ကိုပဲ သွားကြည့်လိုက် ရင် အဖြေပေါ်မယ်ထင်ပါတယ်။ သူတို့အတွက် မျိုးစောင့်ဥပဒေလို၊ မလိုဆိုတာ သူတို့အနေနဲ့စဉ်းစား ဖို့ အချိန်ရကြမယ်မထင်ပါဘူး။

မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ် နေတော်မူကြတဲ့ ဆရာတော်၊ သံဃာတော်များစွာရှိကြပါတယ်။ ထိုဆရာတော်၊ သံဃာတော်များ ဟာ ရဟန်းသံဃာများနဲ့ လား လားမျှ မသက်ဆိုင်တဲ့ မျိုးစောင့် ဥပဒေဆိုတာကို မကြိုက်ပေမယ့် ရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူလိုတာကြောင့် ဒီကိစ္စ အပေါ်မှာ တစ်ခွန်းတစ်ပါဒမျှ မိန့် ကြားမှုမပြုကြတာပါ။

မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲကြိုးပမ်းနေကြတဲ့ ရဟန်း သံဃာတချို့ကိုမြင်ရတော့ နူရာ ဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို မငြိမ်းချမ်းနိုင်တဲ့နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသားနိုင်ငံကို ဆင်းရဲတွင်း နက်သထက်နက်အောင် တွန်းပို့ နေသလိုပါပဲ။

မျိုးစောင့်ဥပဒေဆိုတာ ထိုင် ခုံမြဲရေးပဓာနတရားလက်ကိုင် ထားကြတဲ့ စစ်အာဏာရှင်မျိုးဆက်အတွက်တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာသေချာပါတယ်။

Author: အရှင်စန္ဒိမာ(မွန်စိန်တောရ)
 
7DAY DAILY

အောင်မြင်ကျော်ကြားခဲ့သူများ၏ အဖိုးတန်အဆိုအမိန့် များ


 
အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။

သူတော်စင် ၀ိဝေကနန္ဒ

တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ်
လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။

ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား

အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။
- တခြားသူတွေထက် ပိုသိရမယ်
- တခြားသူတွေထက် ပို ကြိုးစားရမယ်
- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။

နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း
ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။

အလန် စထရိုက်

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။

ကရုဏာရှင် မာသာထရီဇာ

မြင်နေရတဲ့ တို့ရှေ့ ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့
အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။

စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်
အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက်
ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။

တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်

အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့
အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်။

ဂန္တ၀င် စာရေးဆရာကြီး လီယိုတော် စတွိုင်း

လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့တော့
တစ်ယောက်မှ မစဉ်းစားကြဘူး။``လူငယ်တစ်ယောက်အတွက် ကြီးပွားလမ်းဟာ မိမိတက်နိုင်တဲ့ နည်းလမ်းမှန်သမျှကို ပိုပြီး
တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ပဲ၊ အဲဒီလိုလုပ်တဲ့အခါ ငါ့ကို ဘယ်သူတွေ၊ ဘယ်အရာတွေက ဟန့်တားနှောက်ယှက်နေတယ်လို့ ဘယ်တော့မှ သံသယမဖြစ်ပါနဲ့ ။´´

လူအတော်များများက အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို သိကြသော်လည်း လူအနည်း
ငယ်ကသာ သူတို့ မည်သို့ ပြောင်းလဲသင့်ကြောင်း သိကြပေသည်။

အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း
လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တစ်ယောက်ကိုမှ မယုံရင်တော့
သိပ်ကို အန္တရာယ် ရှိနေပြီ။လူတိုင်း အတိုက်အခိုက်ဒဏ်ကို ခံနိုင်ကြသော်လည်း အာဏာဒဏ်ကို မခံနိုင်။ လူတစ်ယောက်
၏ သီလကို စမ်းသပ်လိုလျှင် အာဏာပေးလိုက်ပါ။

ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း

တကယ်လို့များ ဘ၀တစ်လျှောက်လုံး အမှားတစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခုကိုမှ
ဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။

မင်းသားကြီး ချားလ်စ်

ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့ - ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့
နှလုံးသားတို့ပဲ။ ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။

ဝန်စတန်ချာချီ

စွန်ဆိုတာ လေနဲ့အတူလိုက်သွားတာ မဟုတ်ဖူး။ လေကိုဆန်တက်တာဖြစ်တယ်။
“နိုင်ငံရေးသမားကောင်းဆိုတာ မနက်ဖြန် နိုင်ငံဘာဖြစ်မယ်
ဆိုတာခန့်မှန်းနိုင်ရမယ်။ အကယ်၍ ဖြစ်မလာခဲ့ရင် ဘာ့ကြောင့်ဖြစ်မလာခဲ့တာလဲဆိုတာ
အကြောင်းပြချက်ပေးနိုင်ရမယ်

ပိုက်သာဂိုလ်ရပ်

တိတ်တိတ်နေ ထောင်တန်။

ကွန်ဖြူးရှပ်

မိမိဖိနပ် ညစ်ပတ်နေသည်ကို မကြည့်ဘဲ သူတစ်ပါးအိမ်ခေါင်မိုးပေါ်က ဆီးနှင်းဖတ်ကို
အပြစ်မတင်ပါနှင့်။ “စဉ်းစားမှုမပါဘဲ ပညာသင်ခြင်းသည် အချည်းအနှီးမျှသာဖြစ်၍ ပညာမပါဘဲ
စဉ်းစားခြင်းသည်ကား အန္တရာယ်ကြီးပေသည်”

ဗိုလ်ချုပ်အောင်ဆန်း

ရာဇ၀င်ကိုဖတ်တာဟာ ရာဇ၀င်အတိုင်းမျှောလိုက်သွားဖို့ မဟုတ်ဖူး။ ရာဇ၀င်ကို
ဖန်တီးဖို့သာဖြစ်တယ်။

ဝီလဆင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဘဲ။

ပီမိုးနင်း

“လူမိုက်တို့သည် မိမိ၏အမှားမှ သင်ခန်းစာယူကြ၏ ။ လူလိမ်မာတို့သည် သူတစ်ပါး၏
အမှားမှ သင်ခန်းစာယူကြ၏” “တစ်စုံတစ်ရာကို ကြိုးစားကြံစည်၍ ဆုံးရှုံးခြင်းသည် တစ်စုံတစ်ရာကိုမှ
မကြိုးစားမကြံစည်ဘဲ ရခြင်းထက်မြတ်၏”

ဒေးကားနက်ဂျီ

လူတော်တစ်ယောက်ဆိုတာ မိမိထက်တော်တဲ့သူတွေကို မိမိအကျိုးအတွက်လုပ်ဆောင်ပေးရန်
ပြောဆိုတတ်ရတယ်။“လူမြင်လျှင် ပြုံးပါ”

လွိုက်ဂျုံး

“စိတ်နေဘုံဖျား ၊ လူနေချုံကြား”ဟုပြောခြင်းသည် နာစရာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဘုံဖျားသို့ စိတ်မရောက်လျှင်
ချုံကြားမှထွက်နိုင်မည်မဟုတ်ပေ။

ဟိုရှေးဖိုးကော

“လောက၌ မိမိကိုယ်ကို အချစ်ဆုံးသူသည် အရိုးသားဆုံးလူဖြစ်၍ အရိုးသားဆုံးလူသည်ကား
မိမိကိုယ်ကို အချစ်ဆုံးဖြစ်သည်”

အရစ်တိုတယ်

“ကျွန်တော်သိတာ တစ်ခုဘဲရှိတယ်။ အဲဒါ ကျွန်တော်ဘာမှမသိဘူးဆိုတာဘဲ

ဒီမောနေး

“ယဉ်ကျေးသိမ်မွေ့သူကားအခြားမဟုတ်။ တစ်စုံတစ်ယောက်သောသူက
တစ်စုံတစ်ခုသောအကြောင်းအရာကို လာရောက်ပြောဆိုသောအခါ ၄င်းအကြောင်းအရာသည်
မိမိသိပြီးဖြစ်ပါလျက် ငြိမ်သက်၍ စိတ်ပါဝင်စားစွာ နားထောင်သူပင်ဖြစ်သည်။”

ဗိုလ်ချုပ်ကြီး ပက်တန်

“မင်းတို့ခွေးမသားတွေ မင်းတို့တိုင်းပြည်အတွက်အသက်စွန့်တိုက်ရုံနဲ့
တိုက်ပွဲဆိုတာမနိုင်ဘူး။ တစ်ဖက်ခွေးမသားကို သူ့တိုင်းပြည်အတွက် အသက်စွန့်အောင်
လုပ်ပေးနိုင်မှ တိုက်ပွဲဆိုတာနိုင်မယ်”

ဘင်ဂျမင်ဒစ်ဆရေလီ

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။

ဟင်းရစ်အစ်ဆန်

လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေ
သည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း
မဖြစ်ပါနှင့်။

အီစွတ်

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။

ဆမ်းမာဆက်မော

သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများ
ဖြစ်တယ်။ (ဒီအချက်က ကျွန်တော်မကင်းဘူး)

လိုင်ဗွီ

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာ
လုံခြုံမှုအရှိဆုံးဖြစ်တယ်။

ဆာဖရန်စစ်ဘေကွန်

စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်
ထားသော လူတစ်ယောက်ဖြစ်စေတယ်။ မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်

နီကီတာခရုရှက်

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။

လူခရီးတပ်စ်

တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။

ရပ်ဝယ်ဒိုအီမာဆန်

သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။

ဂျော့ဖရီချော်ဆာ

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာဝင်ပေါက်ကြီးဖြစ်တယ်။အလုပ်မရှိတဲ့လူတစ်ယောက်
ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင် တယ်။

အဲဖရက်တင်နီဆင်

ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။

ဘလက်စတုံး

အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက
ပိုလို့ကောင်းသေးတယ်။

ဂျွန်ဒရိုင်းဒန်

သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။

ဂျွန်မီတန်

သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာင်္း
တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဒါလေးကတော့စဉ်းစားစရာပဲ)

ဟင်းရစ်အစ်ဆန်

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်ဆုံးလူဖြစ်တယ်။

ပလူးတက်

သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ်
ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။

ချားဒါဝင်

သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။

ဘင်ဂျမင်ဖရင်ကလင်း

အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ
အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။

စီဆာရို
လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။

အယ်လင်နွာရုစဗဲ့

ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။

အလက်ဇန်းဒါးပုတ်
ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာ လည်းကောင်းတယ်။
အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။

လောင်ဖဲလ်လိုး

စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌
လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။

ဗစ်တာဟူဂို

ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ် မှာ တင်းကျပ်နေတတ်သည်။

ဂျေ ၊ ဂျေ ၊ ရူးဆိုး

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။

သိုးဆောင်းစကားပုံ
ပညာရှိများနှင့်တစ်နာရီဆွေးနွေး ရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။

အဂ္ဂါး

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။

အင်္ဂလိပ်စကားပုံ

သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။

ဒီဖိုမင်း

စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ
ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်း
လိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား
ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့ အား မြေတောင်မြှောက်ရာ
ရောက်ပေသည်။

ဒေါက်တာဝီလျံအိုစလာ

စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှ
ကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှ
ကို လုံးဝလက်မခံပါနှင့်။

ဂရိုဗာဂရိဗ်လန်း

စနစ်တကျ မှတ်သားထားတဲ့ ရည်မှန်းချက်ရယ်၊ ဆင်းရဲမှုဆိုင်ရာ စိတ်ပျက်ဖွယ် ခံစားချက်တွေ
ရယ်ကို ပေါင်းစပ်လိုက်မှလူမှာ မှန်ကန်တဲ့ အား ပေါ်လာတက်တာပဲ ။
ဆာဝေါ်လ်တာစကော့

စကားပြောကောင်းသူသည် စာဖတ်သည်၊ စဉ်းစားသည်၊ နားထောင်သည်။ ထို့ကြောင့် သူ့တွင်
ပြောစရာ၊ အကြောင်းရပ်တစ်ခုခုရှိသည် ။

ဂျိမ်းစ်ဝှစ်ကွမ်းဘဲရီလေး၊ အမေရိကန်ကဗျာဆရာ

အခက်အခဲကြောင့် စိတ်ဓာတ်မကျခြင်း၊ ဇွဲဖြင့်ဆက်လက် လုပ်ကိုင်ခြင်းသည် အောင်မြင်ရေးအတွက်
အဓိကသော့ချက်ဖြစ်၏ ။

သောမတ်ကေအင်ပစ်၊ ဂျာမန်ဘုန်းတော်ကြီး

စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုဖြင့် ဖတ်ရာ၏ ပညာတက် သုခမိန်ကြီး
ဖြစ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါမှ မဖတ်ရာ ။

ခင်မောင်တိုး၊ မိုးမိတ်

မျှော်လင့်ချက် နှင့်တူသော ဆေး မရှိချေ။ မနက်ဖန်မှာ ပိုကောင်းမည်ဟု မျှော်လင့်နိုင်တာလောက်
ကြီးမားသော စိတ်ဓာတ် တက်ကြွမှုမရှိ ။ အားဆေးလည်း မရှိ ။စိတ်ကူးယဉ်ခြင်း၊ မျှော်လင့်ခြင်း၊ ပိုမိုကောင်းမွန်မှု ဖြစ်လာဖို့ရာ၌ မျှော်လင့်ခြင်းများသည် သတ္တိရှိစေသည်။ လေးလံသော ၀န်ထုတ်
ဝန်ပိုးများကို ပေါ့ပါးသွားစေသည်။ မှုန်ဝါးဝါးလျှောက်ရာလမ်းကို ကြည်လင် သွားစေသည်။

အိပ်ခ်ျ နော်မန် ရှဝါ့ဇ်ကော့ပ်

ခေါင်းဆောင်မှု ဆိုသည်မှာ မဟာဗျူဟာနှင့် သီလ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ခုသာ
ရနိုင်မည် ဆိုလျှင် မဟာဗျူဟာ (ရှိသူ) ထက် သီလ (ရှိသူ) ကို ဦးစားပေးပါ။

ဖရက်ဒ် အေ မန်းစ်ကေး

သူ့မှာ ရှိသော အသိဥာဏ်ပညာနှင့် စွမ်းရည်ထက် သာလွန်အောင် (လူအများကို) လုပ်ပေးလိုသူသည် အမြင့်မားဆုံး ခေါင်းဆောင် ဖြစ်သည်တဲ့ 

"လွင်သန္တာစိုး"


ဖွား၊ ပွင့် ၊ဟော၊ စံ ၊ဗျာဒိတ်ခံ မှတ်ရန် လမြတ်ကဆုန်




၁။ လေးသင်္ချေ ကမ္ဘာတသိန်းအထက်က ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်မှ ဘုရားစင်စစ်
ဧကန်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော် ခံယူတော်မူခဲ့သည့်နေ့သည် “ကဆုန်လပြည့်”။

၂။ ရောက်ရှိနေဆဲ ခရစ်နှစ် ၂၀၁၄ ခုမှ နောက်ပြန်ဆုတ်သော်..နှစ်ပေါင်း ၂၆၃၈ ခုနှစ်က ဂေါတမ ဗုဒ္ဓ အဖြစ်ပွင့်တော်မူမည့် ဘုရားလောင်း သိဒ္ဓတ္ထ ကို မွေးဖွားတော်မူခဲ့သည်မှာလည်
“ကဆုန်လပြည့်နေ့” ။

၃။ နှစ်ပေါင်း ၂၆၀၃ ခုနှစ်က ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်မှာလည်း ကဆုန်လပြည့် ။

၎။ နှစ်ပေါင်း ၂၆၀၂ ခုနှစ်က မဟာဗုဒ္ဓဝင်( Biography of Buddha ) ကို ကိုယ်တော်တိုင် 
ဟောပြခဲ့သည်မှာလည်း “ကဆုန်လပြည့်နေ့” ။

၅။ နှစ်ပေါင်း ၂၅၅၈ ခုနှစ်က ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်မှာလည်း ကဆုန်လပြည့်နေ့ပင် ဖြစ်ပါသည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် နေ့ထူး နေ့မြတ်ဖြစ်သည်။

-【အရှင်တိက္ခဥာဏာလင်္ကာရ - ယောနွယ် 】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


မြန်မာနိုင်ငံမှာ ဖြစ်ခဲ့သည့် ကမ္ဘာ့ပထမဆုံးလေယာဉ်အပိုင်စီးမှု အကြောင်း ရိုက်ထားသည့် ရုပ်ရှင်ထဲတွင် M-16 သေနတ်မသုံးထားပါ


အွန်လိုင်းတွင်ပျံ့နှံ့နေ သော လေယာဉ်အပိုင်စီးမှု ရုပ်ရှင်ဇာတ်ကား၏ ရုပ်ရှင်ပိုစတာ တွင်ပါဝင်သည့် M-16 လက်နက်များသည် ရိုက်ကူးရေးတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အချိန်ကရှိသော လက်နက်များကိုသာ ထည့်သွင်းရိုက်ကူးထားကြောင်း ဒါရိုက်တာအဏ်ထော်ဏီ(မော်လမြိုင်)က ပြော သည်။

အွန်လိုင်းတွင် ပျံ့နေသော ရုပ်ရှင်ပိုစတာ၌ သရုပ်ဆောင် များကိုင်ဆောင်ထားသည့် လက် နက်များသည် လေယာဉ်ပြန်ပေး ဆွဲသည့်အချိန်တွင်ရှိသော လက် နက်များ မဟုတ်သောကြောင့် ဝေဖန်မှုများရှိရာ ယင်းကိစ္စနှင့်ပတ် သက်၍ ဒါရိုက်တာအဏ်ထော်ဏီ က ‘‘အစ်ကို့တစ်ကားလုံးမှာ M-16 တစ်လက်မှ မပါပါဘူး။ စတင်းဂန်း၊ ဘရင်းဂန်း၊ အင်္ဂလိပ် စတင်း၊ ခြောက်လုံးပြူး ဒါတွေပဲ သုံးထားတယ်။ ပြည်ထဲရေးဝန် ကြီးက ခွင့်ပြုလို့ လက်နက်အစစ် တွေနဲ့ ရိုက်ထားတာ။ အဲဒီမှာပါ တဲ့ သေနတ်တွေက အစ်ကိုတို့ကို လုံခြုံရေးပေးတဲ့ Security အဖွဲ့ မှာ M-16 တွေ၊ ခေတ်မီလက် နက်တွေပါတယ်။ အဲဒါတွေကို အစ်ကို့ကားထဲက မင်းသားတွေ က ကိုင်ရိုက်ထားပြီး သူတို့ဟာ သူတို့ ပိုစတာတွေလုပ်ပြီး အင် တာနက်တင်ထားတာ။ သူတို့ပို စတာတွေကြည့်ပြီးတောင် ပြော လိုက်သေးတယ်။ ဒီသေနတ်တွေ မဟုတ်ဘူးလို့’’ ဟု ပြောသည်။

ယင်းရုပ်ရှင်ကို ပြီးခဲ့သည့် နှစ်ဒီဇင်ဘာမှစတင်၍ ငါးလခန့် အချိန်ယူကာ ရန်ကုန်၊ ကြာအင်း ဆိပ်ကြီးနှင့် ငွေဆောင်ဘက်တွင် သွားရောက်ရိုက်ကူးခဲ့ပြီး အမှန် တကယ် အပိုင်စီးခဲ့သော လေ ယာဉ်အမျိုးအစားဖြင့် ရိုက်ကူး ထားသလို လေယာဉ်မှူးနေရာ တွင်လည်း အမှန်တကယ်လေ ယာဉ်မောင်းသည့် နိုင်ငံခြားသား ပိုင်းလော့တစ်ဦးကို ထည့်သွင်း ရိုက်ကူးထားကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ပြောသည်။

ဇာတ်ကားရိုက်ကူးမှု အား လုံးပြီးစီးသွားပြီဖြစ်သောကြောင့် တည်းဖြတ်သည့် အပိုင်းကို ဆက် လက်လုပ်ဆောင်လျက်ရှိပြီး ကာ လာစနစ်၊ အသံစနစ်နှင့် အချော သတ်သည့် အပိုင်းကိုမူ ယိုးဒယား နိုင်ငံတွင်လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။

လေယာဉ်ပြန်ပေးဆွဲမှု နှစ် ပေါင်း ၆၀ ပြည့်သည့် ၂၀၁၄ ဇွန် လ ၂၅ ရက်တွင် အမှတ်တရအ ဖြစ် ယင်းရုပ်ရှင်အထူးပွဲ ပြသနိုင် ရန်ရည်မှန်းထားကြောင်း အဏ် ထော်ဏီက ပြောသည်။
 
7Day Daily


လမ်းလျှောက်ရင်းစမတ်ဖုန်း သုံးစွဲသူများတရုတ် (တိုင်ပေ) တွင် ဒဏ်ငွေဆောင်ရမည်



တရုတ် (တိုင်ပေ) နိုင်ငံတွင် လမ်းလျှောက်ရင်း စမတ်ဖုန်းသုံးစွဲသူများသည် ကားလမ်းဖြတ်ကူးစဉ် ၎င်းတို့ဖုန်းများကို ကားများထက် အာရုံစိုက်နေပါက ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

တရုတ် (တိုင်ပေ) နိုင်ငံတွင် မိုဘိုင်းဖြင့် အင်တာနက်သုံးစွဲသူ ၁၄ သန်းရှိကာ အစိုးရက ၎င်းတို့ကို ဖုန်းအလွန်အမင်း စွဲလန်းသူများအဖြစ် သတ်မှတ်ထားကြသည်။ ယခုအခါ တရုတ် (တိုင်ပေ) တွင် ဒဏ်ငွေကောက်ခံလိုက်ခြင်းဖြင့် ဖုန်းအလွန်အမင်းစွဲလန်းခြင်းကို တားဆီးခြင်းနှင့် ယာဉ်တိုင်မှုများကြောင့် သေဆုံးသည့် အရေအတွက်ကို လျော့ချနိုင်ရန် မျှော်လင့်နေသည်။ တရုတ် (တိုင်ပေ) ယာဉ်မောင်းများသည် ခြေကျင်လျှောက်သူများကို ဦးစားပေးလေ့မရှိကြောင်း စည်းကမ်းလိုက်နာမှုမရှိသော ယာဉ်အသွားအလာများသည် ခြေကျင်လျှောက်သူများကို အန္တရာယ်များစေကြောင်း အစိုးရ၏ဖော်ပြချက် အရသိရသည်။

ထို့ကြောင့် တရုတ် (တိုင်ပေ) တွင် ခြေကျင်လျှောက်သူများ လမ်းလျှောက်ခြင်းကို အာရုံမစိုက်ပါက ဒေါ်လာ ၁၀ အထိ ပေးဆောင်ရဖွယ်ရှိကြောင်း သိရသည်။

စိုးထက်Ref : Engadget

Internet Journal


၂၀၀၈ဖွဲ့စည်းပုံသည် ပူပြင်းတဲ့ရာသီဥတုထက်ဆိုးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(ဓာတ်ပုံ – ဟန်သစ်နိုင်)

နိုင်ငံနှင့်လူထုအတွက် မသင့်တော်သည့် အခြေခံဥပဒေအောက်တွင် နေထိုင်ရခြင်းသည် ပူပြင်းသည့် ရာသီဥတုအောက်တွင် နေထိုင်ရခြင်းထက် ပိုမို ဆိုးရွားသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စနေနေ့နံနက်ပိုင်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လူထု ဟောပြောပွဲတွင် ပြောကြားလိုက်သည်။

“မှန်ကန်တဲ့ ဥပဒေ အရိပ်အာဝါသ မရှိရင် ထပ်ထပ်ပြီးတော့ တစ်နှစ် မဟုတ်ဘူး၊  ဆယ်နှစ် မဟုတ်ဘူး၊ ဆယ်သက် ပင်ပန်းရပါလိမ့်မယ်၊
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းနိုင်တယ်ဆိုရင်တော့ ပြည်သူလူထုဟာ တကယ်ပဲ စစ်မှန်တဲ့  ဒီမိုကရေစီဥပဒေအောက်မှာ လုံလုံခြုံခြုံနဲ့နေသွားနိုင်မယ်”
ဟု   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် ပြည်သူ့အင်အားသည်အရေးကြီးသည့်အတွက် ပြည်သူများကိုရှင်းပြပြီးမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊
အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းစံထားနှင့်မကိုက်ညီသည့်အတွက်   တန်းတူညီမျှမှုမရှိကြောင်း၊
တိုင်းရင်းသားမျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတစ်ခုမှာ ညီညွှတ်မှု၊ အေးချမ်းမှုဖြစ်စေလိုလျှင် တန်းတူညီမျှမှုသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီမိုကရေစီအစိုးရတစ်ခုနှင့် အာဏာရှင်အစိုးရ တစ်ခုကြားထဲတွင် အကြီးမားဆုံး ကွာဟချက်မှာ ဒီမိုကရေစီအစိုးရသည် တာဝန်ယူမှုရှိပြီး၊
အာဏာရှင်အစိုးရသည် တာဝန်ယူမှုမရှိဘဲ လုပ်ချင်တာ လုပ်တတ်ကြောင်း၊
နိုင်ငံတစ်ခုတွင် အစိုးရတစ်ခုသည် တာဝန်ယူမှု တာဝန်သိတတ်မှုသည် အရေးကြီးသလို ပြည်သူများသည်လည်း  ကိုယ့်တာဝန်ကိုယ်သိတတ်မှ ကိုယ်လိုချင်သောနိုင်ငံတစ်ခုကိုထူထောင်နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။
 
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည့် ပုဒ်မများကို ဘာ့ကြောင့်  ဘယ်လိုပြင်ဆင်လိုသည် ဟူသော အသေးစိတ် အချက်အလက်များကို ပြည်သူများပွင့်လင်းမြင်သာမှုရှိစေရန် NLD  က စာအုပ်များထုတ်ဝေထားသဖြင့် လေ့လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ ဒေသတွင်း မြို့နယ်အများအပြားမှ ပြည်သူများ၊ NLD ပါတီဝင်များ စုစုပေါင်း ငါးသောင်းဝန်းကျင် တက်ရောက်ခဲ့ကြပြီး
၂၀၀၈   အခြေခံဥပဒေပြင်ဆင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန်ကိစ္စနှင့် ပတ်သက်၍
တက်ရောက်လာသူများကို ဆန္ဒကောက်ယူရာတွက် ၉၉ရာခိုင်နှုန်းနီးပါးက ပြင်ဆင်ရန် သဘောထားပေးခဲ့သည်။

 တက်ရောက်လာသူများ မေးမြန်းသည့် မေးခွန်းတချို့ကို  ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးခဲ့သည်။
 
ဟောပြောပွဲတွင် NLD ၏ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သော ဦးဝင်းမြင့်၊   ဦးအောင်ကြည်ညွှန်တို့ကလည်း ဟောပြော ဆွေးနွေးခဲ့ကြသည်။

MoeMaKha Media


URL ဖျောက်ရန် စီစဉ်ထားသော Google Chrome တွင် အားနည်းချက်ရှိဟုဆို


Google သည် Chrome တွင် URL များ ဖယ်ရှားရန် ပြောင်းလဲမှုများ ပြုလုပ်အပြီး တစ်ရက်အကြာတွင် လုံခြုံရေးကုမ္ပဏီ PhishMe မှ Chrome အားနည်းချက်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။

Google က အဆိုပါ feature ကို "oringin chip" ဟုခေါ်ကာ location bar နေရာမှ URL နေရာတွင် ဝက်ဘ်ဆိုက်၏ အဓိက domain ဗားရှင်းဖြင့် အစားထိုးထားသည်။ ဥပမာအားဖြင့် ဝက်ဘ်ပေါ်ရှိ စာမျက်နှာ နေရာအပြည့်အစုံကို ဖော်ပြထားသည့် လိပ်စာအပြည့် အစုံနေရာတွင် "cnet.com" ကို အစားထိုးဖော်ပြထားသည်။ Location bar ကို select ပြုလုပ်လိုက်လျှင် URL အပြည့်အစုံ ကို ဖော်ပြပေးမည်ဖြစ်ကာ လိပ်စာအပြည့်အစုံကို အသုံးပြုနိုင်သည်။ ၎င်း၏ oringin chip feature ကို အသုံးပြုလိုလျှင် Chrome browser အတွင်း စမ်းသပ်ထည့်သွင်း တည်ဆောက်ထားသည့် Chrome Canary တွင် activate ပြုလုပ်ရမည်ဖြစ်သည်။

PhishMe လုံခြုံရေးကုမ္ပဏီမှ သုတေသီများဖြစ်သော Aaron Higbee နှင့် Shyaam Sundhar က ၎င်း Feature သည် URL များကို ရှုပ်ထွေးအောင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် phishing တိုက်ခိုက်မှုအများစုသည် URL များကို မမှတ်မိအောင် ပြုလုပ်ထားကြပြီး လမ်းလွှဲထားလေ့ရှိသည်။ URL အပြည့်အစုံကို ဖျောက်ထားခြင်းသည် အန္တရာယ်ရှိသည့် URL ကို တရားဝင်ဝက်ဘ်ဆိုက်များမှ ခွဲခြားရန်ခက်ခဲမည်ဖြစ်ကြောင်း သိရသည်။

စိုးထက်
Ref: CNET
Internet Journal


အင်တာနက်မရရှိသော အဝေးရှိ ဖုန်းနှစ်လုံးအား တိုက်ရိုက်ကြားခံ ဆက်သွယ်ပေးနိုင်သည့်စနစ်



MyanTalk တွင် အင်တာနက်မှ ဖုန်းခေါ်ဆိုနိုင်သည့်အပြင် အင်တာနက်မရရှိသော အဝေးရှိ ဖုန်းနှစ်လုံးတို့အား တိုက်ရိုက်ကြားခံဆက်သွယ်ပေးနိုင်သည့် နည်းပညာဝန်ဆောင်မှုကိုပါ ထည့်သွင်းစီစဉ်ထားရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“MyanTalk အကောင့်ရှိသူက အင်တာနက်မရရှိတဲ့ အဝေးဖုန်းနှစ်လုံးကို ကြားခံဆက်သွယ်ပေးတဲ့ အင်တာနက်ဖုန်း ဆက်သွယ်မှု ဖြစ်ပါတယ်” ဟု ဆိုသည်။ အဆိုပါ Phone 2 Phone စနစ်အား အသုံးပြုနည်းအနေဖြင့် ပထမဦးစွာ မိမိ၏ Desktop (သို့) Laptop ကွန်ပျူတာတွင် MyanTalk Application အား ဖွင့်ရမည်ဖြစ်သည်။ ယင်းနောက် MyanTalk အကောင့်ဖြင့် Login ဝင်ရောက်ကာ Phone 2 Phone စနစ်သို့ သွားရောက်ရမည်ဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်ပြီးစီးပါက "Your own phone number" တွင် ဖုန်းခေါ်ဆိုမည့်သူ၏ ဖုန်းနံပါတ်အား ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ယင်းနောက် "Destination phone number" တွင် ဖုန်းလက်ခံမည့်သူ၏ ဖုန်းနံပါတ်အား ထည့်သွင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်များ ဆောင်ရွက်ပြီးစီးပါက Call Button ကို နှိပ်ကာ အင်တာနက်မရရှိသော ဖုန်းနှစ်လုံးသို့  ကြားခံဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။ Phone 2 Phone ဝန်ဆောင်မှုနှင့် ပတ်သက်၍ အခက်အခဲရှိပါက support@myantalk.com (သို့မဟုတ်) ဖုန်း ၀၉-၇၃၁၃၅၅၈၅ သို့ မေးမြန်းနိုင်ကြောင်း ဆိုသည်။ အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော VoIP ဝန်ဆောင်မှုတစ်ခုဖြစ်သည့် MyanTalk ဝန်ဆောင်မှုကို ယခုလမှ စတင်မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။ MyanTalk မှာ မိမိခေါ်ဆိုလိုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြိုးဖုန်းများနှင့် မိုဘိုင်းဖုန်းများသို့ ချိတ်ဆက်၍ ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားသော VoIP ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံအသီးသီးမှလည်း မြန်မာနိုင်ငံသို့ ဈေးသက်သာစွာဖြင့် အပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကာ MyanTalk အကောင့်တွင် မှတ်ပုံတင်လုပ်ရုံဖြင့် ပထမဦးဆုံး စမ်းသပ်ခေါ်ဆိုနိုင်ရန် မြန်မာကျပ်ငွေ ၁၀၀ ကို ထည့်သွင်းပေးထားကြောင်း၊ မိမိအသုံးပြုလိုသည့် ငွေပမာဏကို ကြိုတင်ထည့်သွင်းပေးရန်သာ လိုမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ဖုန်းအမျိုးအစားကိုမဆို MyanTalk အကောင့်ရှိပါက အွန်လိုင်း SMS ပေးပို့နိုင်ရန်လည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နေရာအနှံ့သို့လည်း မည်သည့်မိုဘိုင်းဖုန်း အမျိုးအစားကိုမဆို MyanTalk အကောင့်ဖြင့် အွန်လိုင်း SMS ပေးပို့နိုင်ကြောင်း ဆိုသည်။

ထွန်းထွန်း
Internet Journal



ဆာဗာ ၃ သိန်းကျော်တွင် Heartbleed အားနည်းချက် ရှိနေဆဲဟုဆို


အလွန်အရေးကြီးသည့် Heartbleed အားနည်းချက်ကို ပထမဦးဆုံး တွေ့ရှိခဲ့ပြီး တစ်လခန့်အကြာတွင် အဆိုပါ အားနည်းချက်ရှိသည့် ဆာဗာ ၃၀၀၀၀၀ ကျော်ရှိနေဆဲဖြစ်ကြာင်း လုံခြုံရေး သုတေသနပညာရှင် Robert David  Graham က ပြောကြားလိုက်သည်။

Graham ၏ ကမ္ဘာတစ်ဝန်း အင်တာနက် Scan ပြုလုပ်ချက်အရ ဆာဗာ ၁.၅ သန်းတွင် OpenSSL ၏ heartbeat feature ကို ဆက်လက်ထောက်ပံ့နေ ဆဲဖြစ်ကြောင်း၊ ၎င်းအနက် ဆာဗာ ၃၁၈၂၃၉ တွင် Heardbleed အားနည်းချက်များ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိန်းဂဏန်းအချက်သည် အတည်ပြုထားသည့် အချက်အလက်ဖြစ်ပြီး Graham ၏ စာရင်းတွင် မပါဝင်သည့် ဆာဗာများတွင် spam blocking နှင့် အစဉ်အလာကို ဆန့်ကျင်ထားသည့် OpenSSL တို့ကို အသုံးပြုထားကြောင်း ဆိုသည်။

သို့သော်လည်း Heartbleed အားနည်းချက် ပြင်ဆင်ထားသည့် အရေအတွက်နှင့် အဆိုပါ အားနည်းချက်ကြောင့် မည်မျှပျက်စီးမှုကြုံတွေ့ခြင်းနှင့် ပတ်သက်၍ အတိအကျမသိရသေးပေ။ သို့ရာတွင် Google ကဲ့သို့သော နာမည်ကျော်ဝန်ဆောင်မှု ကုမ္ပဏီများသည် ၎င်းတို့၏ ဆာဗာအများစုကို ချက်ချင်းပြင်ဆင်ခဲ့ကြောင်း သိရသည်။

Heartbleed အားနည်းချက်ရှိသည့် ဆာဗာသည် တိုက်ခိုက်သူက private key များခိုးယူခြင်း၊ password များကို ကြားဖြတ်ရယူခြင်းနှင့် session တစ်ခုလုံးကို တရားမဝင် ရယူအသုံးပြုခြင်းတို့ ပြုလုပ်နိုင်သည်။

နောင်နောင်
Ref: TheVerge
Internet Journal


ဆိုလာ စနစ်ကို အားပေးလာတဲ့ Google

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_8856.html
 
 
 
 

နေမင်းကြီးဆိုတာ ကျတော်တို့ လူသားတွေအတွက် အပူနဲ့အလင်းကို ပေးစွမ်းရုံမျှမက အခြား ဆိုလာပြားတွေကိုသုံးပြီး လူအထောက်အကူပြု ပစ္စည်းတွေကိုလည်းသုံးစွဲရတာ လွယ်ကူစေတာကို ကျတော်တို့ အားလုံး သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနှစ်တွေမှာ ဆိုလာ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းတွေဟာ ၀ယ်ယူမူတွေမှာ ပိုမိုသက်သာလာပြီး ပိုပြီး ပြည့်စုံလာစေလျက်ရှိပါတယ်။
 
 ဒီအတိုင်း သူအလိုလို ကျရောက်နေတဲ့နေရောင်ခြည်ကို အကျိုးရှိစွာခံယူပြီး အသုံးဝင်တဲ့ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလည်းခြင်းဟာ တကယ်တော့
ခက်ခက်ခဲခဲကြီးမဟုတ်ပေမဲ့ စွမ်းအင်ကို စုပ်ယူပေမဲ့ ဆိုလာပြားတွေကျ အကြီးကြီးတွေဆို ဈေးကသက်သာမှာ မဟုတ်ပါဘူး။ Google က ဒါကို သိပ်ကျေနပ်ပုံမရပါဘူး။ Little Box စိန်ခေါ်မူလို့ခေါ်တဲ့
ပြိုင်ပွဲတစ်ခုကို ဖွင့်လှစ်ကျင်းပပေးခဲ့ပါတယ်။ သေးငယ်ပြီး ဈေးနှုန်းချိုသာတဲ့ ဆိုလာပါဝါ အင်ဗျာတာတွေကို တီထွင်တည်ဆောက်ပြီး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဆုကတော့ ဒေါ်လာ (၁သန်း) ပေးထားပါတယ်။

လွယ်ကူတဲ့ ပြိုင်ပွဲတစ်ခုတော့မဟုတ်ပါဘူးလို့ သတိပေးထားပြီး တစ်စုံတစ်ယောက်ကသာ အသေးစားစကေးရှိတဲ့ ပါဝါ သေတ္တာလေးကို တီထွင်နိင်ခဲ့ပါမူ အီကို ဈေးနှုန်းသက်သာ စွမ်းအင်သက်သာတဲ့ ဒီလိုစက်တွေဟာ သင့်ရဲ့အိမ်ခေါင်မိုးပေါ်နဲ့ ကျေးလက်တောရွာတွေကို ရောက်ရှိနိင်လာတော့မှာ ဖြစ်ပါတယ်။

Aung Heine ...
Smart Pro Journal



သီရိလင်္ကာမှာ ငါးမိုးရွာသွားတဲ့ဖြစ်ရပ် သက်သေ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_9650.html
 
 


သီရိလင်္ကာနိုင်ငံမှာ ငါးမိုးရွာချသွားခဲ့
သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေ
ဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ ငါး
မိုးကြောင့် အံ့သြမင်တက် ခဲ့ရပါတယ်။
ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ၊မြက်ခင်း တွေနဲ့ အိမ်ခေါင်မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။ 
 
ငါးတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အသံ ကျယ်တွေကို ခရိုင်တစ်လျှောက်လုံး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီငါးတွေဟာ မုန်တိုင်းက မြစ်တစ်လျှောက် တိုက်ခတ်နေစဉ်မှာ ငါးတွေ မုန်တိုင်းနဲ့ ပါလာပြီး ကုန်းတွင်း မုန်တိုင်းဝင်ရောက် တဲ့အခါမှာ အားပျော့သွားပြီး မြေပြင်ပေါ်ကို ပြန်လည်ပြုတ်ကျလာတာဖြစ်တယ်လို့  သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

ဒါဟာ သီရိလင်္ကာမှာ ပထမဆုံး ငါးမိုးရွာတာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း သီရိလင်္ကာတောင်ပိုင်း မှာ အလားတူဖြစ်ရပ်မျိုးတစ်ကြိမ်ကြုံတွေ့ ခဲ့ရပါသေးတယ်။ အဲ့တုန်းကတော့ ပုဇွန်မျိုးရွာခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ ငါးတွေကို ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။

trend myanmar


ကမ္ဘာမှာ ပျော်စရာ အကောင်းဆုံး တိုင်းပြည်



ကမ္ဘာပေါ်မှာ ရှိတဲ့ တိုင်းပြည် နိုင်ငံတိုင်းမှာ သူ့သဘာဝ အလှအပနဲ့ ဖွံဖြိုးတိုးတက်မှုတွေက ပျော်စရာကောင်းအောင် ဖန်တီးပေးစွမ်းနိုင်ပါတယ်။ ဒါတွေတင်မကဘဲ တိုင်းပြည်မှာ နေထိုင်တဲ့ နိုင်ငံသားတွေရဲ့ စီးပွားရေး၊ ကျန်းမာရေး အစရှိတဲ့ အခြေခံဖွံဖြိုးတိုးတက်မှုတွေကလည်း အဲဒီနိုင်ငံ ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာ ပြောပြနိုင်ပါတယ်။
 
 ကဲ ဒီတော့ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်နိုင်ငံက ပျော်စရာ အကောင်းဆုံးလည်း ဆိုတာ ကြည့်ကြည့်ရအောင်နော်။ (နံပါတ် ၁၁ ကနေ နံပါတ် ၁ အထိ ပြောင်းပြန် ဖြော်ပထားပါတယ်။)

၁၁။ ဆွီဒင်

၁၀။ နယ်သာလန်

၉။ မက္ကဆီကို

၈။ ဖင်လန်

၇။ ၾသစေၾတးလ်

၆။ အိုင်စ္စလန်းဒ်

၅။သြစတြီးယား

၎။ ဒိန်းမတ်

၃။ကနေဒါ

၂။ နော်ဝေ

၁။ ဆွစ်ဇာလန် တို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေ ဘာကြောင့် မပါဝင်တာလဲ ဆိုတော့ တိုင်းတာတဲ့ အချက်တွေက

Life satisfaction score , Self-reported good health , Employees working long hours ,Disposable income , Life expectancy တို့ ဖြစ်တဲ့အတွက်လို့ သိရပါတယ်။

World-Myanmar News
ref: huffingtonpost


မြန်မာအလုပ်သမားများ ထိုင်း၊ မလေးရှား နိုင်ငံသားများနည်းတူ အခွင့်အရေးရမည်

မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခုတွင် တွေ့ရသည့် မြန်မာအလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ သွား အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံသားများနဲ့ တန်းတူ အခွင့်အရေးပေးမယ်ဆိုတဲ့ ကတိ ရခဲ့ကြောင်း အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

မေလ ၁၁ ရက်နေ့က အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန အလုပ်သမား လေ့ကျင့်ရေး ကျောင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ ဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမားအရေး တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ကတိပေးကြကြောင်း ဒုဝန်ကြီးက ရှင်းပြပါတယ်။

မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတဲ့အခါ သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ မရတာ၊ ခေါင်းပုံဖြတ်ခံရတာ၊ အကြမ်းဖက်ခံရတာ၊ ရောင်းစားခံရတာ စတဲ့ပြဿ  နာတွေ ရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီး နဲ့ အလုပ်သမား ဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

DVB Burmese 



သာသနာဖျက် ဆိုတေး


သာသနာဖျက် ဆိုတေး
**************************
မရေးချင်၊ မပြောချင်လို့ ငြိမ်ငြိမ်နေလေ၊ ရေးစရာ ပြောစရာတွေက တစ်ခုပြီးတစ်ခု တွေ့လေလေပဲ၊ အောက်ကပုံက အဆိုတော် (ဆိုတေး) ဆိုတဲ့သူ၊ ဒုလ္လဘရဟန်းဝတ်ပြီး ဓာတ်ပုံရိုက်တာတဲ့။ ကြည့်ပါဦး။ ဝိနည်းမသိ၊ စည်းကမ်းမသိ၊ လုပ်ချင်တိုင်းလုပ်၊ စော်ကားချင်တိုင်း စော်ကားနေတော့တာပဲ။ သာသနာမှာ ဒီလိုကောင်မျိုးတွေ မထားသင့်ပါ။ မရှိသင့်ပါ။ သာသနာကို နွားခြံလို သဘောထားပြီး ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လုပ်ချင်တိုင်းလုပ်နေကြတယ်။ ဓာတ်ပုံရိုက်တာကို အပြစ်လို့မပြောချင်ပါ။ 
 
ဒါပေမယ့် အပြစ်ကင်းအောင် ရိုက်ဖို့ပြောချင်ပါတယ်။ အများကြည်ညိုအောင် အများလေးစားအောင်၊ အများ သာဓုခေါ်ဆိုချင်အောင်၊ ရိုက်မယ်ဆိုရင် ဒီစကားပြောစရာမလိုပါ။ လူသိများတဲ့ တစ်ချို့ သူတွေ၊ ရာထူးကြီးသူတွေ၊ ဂုဏ်ကြီးသူတွေ၊ ချမ်းသာတဲ့သူတွေ သာသနာထဲဝင် ရဟန်းတက်တဲ့အခါ ဒါမျိုးတွေလုပ်လေ့လုပ်ထရှိတာ မကြာခဏ တွေ့နေရတယ်။ အားလုံးကိုမဆိုလိုပါ။ တစ်ချို့ကိုပြောတာပါ။

နောက်တစ်ကောင်ရှိသေးတယ်။ ရဲတိုက်၊ ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းပါတယ်ဆိုပြီး လိမ်ညာတဲ့သူ၊ သူ့ကို အင်တာဗျူး လုပ်တော့ ဝေ့လည်ကြောင်ပတ်ပြောသွားတယ်။ အမှန်က ဘာသာကူးပြောင်းတာမဟုတ်ဘူး။ အနုပညာလောကမှာ သူ့ကို အားပေးမှုအားကောင်းလာအောင် သက်သက်မဲ့ ဘာသာကူးပြောင်းတယ်ဆိုပြီး လိမ်ညာသွားတာ။ ဘုမသိ ဘမသိသူတွေကတော့ ရဲတိုက်ကိုအားပေးနေတုန်းပဲ။ ဒါရိုက်တာတွေလည်းပါတယ်။ အဆိုတော်တွေလည်းပါတယ်။ 
 
သရုပ်ဆောင်တွေလည်းပါတယ်။ ပြီးတော့ ခပ်ညံ့ညံ့ပရိတ်သတ်တွေလည်းပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလူထက်တော်တဲ့ ဗုဒ္ဓဘာသာဝင်သရုပ်ဆောင်တွေ၊ ပရဟိတလုပ်ဆောင်နေတဲ့ ဗုဒ္ဓဘာသာဝင် အနုပညာရှင်တွေ အများကြီးပါ။ အမေကျော်ပြီး ဒွေးတော် မလွမ်းစေချင်ပါ။ 
 
ရဲတိုက် ဆေးခြောက်အမှုနဲ့ ထောင်ကျတယ်ဆိုပြီး သတင်းထဲ ဖတ်ရတော့ စိတ်မကောင်းဘူးဆိုပြီးလည်းကောင်း၊ ဆေးခြောက်တစ်ကျပ်သားနဲ့ ထောင် ၆နှစ် ကျတာ မတန်ဘူးလို့ ပြောသူပြော ဝိုင်းပြီး နာနေလိုက်ကြတာ။ ထောင်ကျတာကို ဝမ်းသာလို့ပြောနေခြင်းမဟုတ်ပါ။ အကဲပိုလွန်းလို့ ပြောနေခြင်းပါ။ သူအပြစ်နဲ့ ထိုက်တန်တဲ့ အပြစ်ကိုခံရတာတောင် ဝိုင်းနာနေကြတာ တော်တော်ကို အံ့သြရပါတယ်။
 
 

11 May 2014

ညီမလေးတစ်ယောက်ကပြောပါတယ်. အရင်က အမေစုကို အကုန်လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တယ် အမေစုမှ အမေစု..တဲ့


ကျွန်တော်အရမ်းခင်တဲ့ ညီမလေးတစ်ယောက်ကပြောပါတယ်.... အရင်က အမေစုကို အကုန်လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တယ်. အမေစုမှ အမေစု..တဲ့

အခုကျတော့ အမေစု ကဘာမှမလုပ်နိုင်မှန်း သိသွားပြီတဲ့.. သူက..ကုလားတွေဘက်ကလိုက်တယ်.လို့ကြားတယ်..တဲ့ အဲဒါဘယ်လိုလုပ်မလဲ.....တဲ့..

__________________

ညီမလေးကို..ကျွန်တော် ဒီပိုစ့်ထဲကနေပဲ.. စိတ်ရှည်လက်ရှည်ဖြေကြားပေးလိုက်ပါ့မယ်....၊

ဒီမေးခွန်းကြောင့်......ကျွန်တော် သဘောပေါက်မိတာက. သာမန် ကိုယ့်အလုပ်ကိုပဲလုပ်ပြီး နိုင်ငံရေးစိတ်မ၀င်စားတဲ့သူအချို့ဟာ..မီဒီယာအချို့နဲ့ Social မီဒီယာတွေကတက်လာတဲ့ ၀ါဒဖြန့်မှုတွေနောက်ကို မျောပါနိုင်တဲ့အလားအလာရှိတယ်ဆိုတာ သဘောပေါက်လာပါတယ်၊

ဝါဒဖြန့်သူတွေနဲ့အာဏာရှင်တွေဟာ... လူထုခေါင်းဆောင်ရဲ့ ထင်ရှားမှုနဲ့ လူအများက
အာရုံစူးစိုက်မှုတွေကို အသုံးချပြီး အာဏာရှင်အုပ်စုဘက်ကို.. ပြည်သူတွေက မြားဦးမလှည့်အောင်
ပါးနပ်စွာ လှည့်ပတ်ကစားသွားကြပါတယ်
..၊


အဲဒီလိုပဲ နိုင်ငံတကာလူ့အခွင့်အရေးအိုင်ကွန်တစ်ခုဖြစ်တဲ့ ဒေါ်စုကို ပြည်သူအချို့ စိတ်နာစေဖို့အတွက်..
"လူ့အခွင့်အရေး Vs ဘာသာရေး "စစ်မျက်နှာကို မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ခဲ့ကြပါတယ်...
လူ့အခွင့်အရေး ညံ့ဖျင်းခဲ့လို့ သူတို့ကိုကမ္ဘာကအဖက်မတန်သလိုထားခဲ့တာကို
အခုထက်ထိ အညှိုးထားနေကြဟန် တူပါတယ်..၊

အဲဒီစစ်မျက်နှာမှာ ပွဲဆူစေဖို့ကတော့. ပြည်သူတွေစိတ်ထဲမှာ ဘာသာခြားတွေကို မုန်းတီးသွားစေမဲ့
အရေးအခင်းတွေကို ပက်ပက်စက်စက် ဖန်တီးခဲ့ကြတာပါပဲ။
ဘာသာရေးမုန်းတီးဓာတ်ခံရှိသူတွေပေါများလာရာမှ.. အဲဒီသူတွေထဲကို..စနစ်ကျနတဲ့ စကားတွေပဲပြောတတ်တဲ့.. ဒေါ်စုပါတီရဲ့...အာဘော်တစ်ခုကို ထည့်သွင်းပြီး လူတွေရဲ့မျှားဦးကို ဒေါ်စုဘက် လှည့်စေခဲ့ပါတယ်..

အဲဒီအတွက် အာဏာရှင်တွေထွက်ပေါက်ချောင်သွားသလို.. ဘင်္ဂံလီတွေကို ၀ှိုက်ကဒ်ပေးတာတွေ ၊ လွှတ်တော်ထဲကို နယ်စပ်ဒေသဖွား ဘင်္ဂံလီတွေထည့်သွင်းတာတွေစတဲ့ သမိုင်းတရားခံဖြစ်နိုင်တဲ့ အနေအထားတွေကိုပါ..
ပြည်သူက အာရုံမစိုက်နိုင်အောင်ဖြစ်ခဲ့ကြပါတယ်...၊

------------------------

နောက်တစ်ခုကတော့ ဒေါ်စုကလွှတ်တော်ထဲရောက်ပေမဲ့.. အာဏာရှိတာမဟုတ်သလို လုပ်ပိုင်ခွင့်ဆိုတာလဲ. သူရရှိထားတဲ့ လွှတ်တော်အမတ်အဆင့်နဲ့ တရာဥပဒေကော်မတီ
ဥက္ကဌ ရာထူးပဲရှိပါတယ်..၊ အစိုးရ၀န်ကြီးအဆင့် နဲ့တောင်မှ..လုပ်ပိုင်ခွင့် ၊အဆောင်အယောင်နဲ့
ရာထူးအဆင့်ခြင်းယှဉ်ရင်...ဆီနဲ့ရေ လိုကွာခြားသေးတာပါ..
အစိုးရကပေးတဲ့ ...အိမ်တစ်လုံးကားတစ်စီးတောင်မရှိလို့ နေပြည်တော်မှာ အိမ်ငှားနေရတာပဲကြည့်ပါလေ..
မြို့နယ်အုပ်ချုပ်ရေးမှုးအဆင့်တောင် အစိုးရဆီကရတဲ့ သင့်တော်တဲ့အဆောင်အယောင် ရှိပါသေးတယ်...

အစိုးရဌာနဆိုင်ရာအကြီးအကဲဖြစ်မှပဲ...သူလုပ်လို့ရနိုင်မှာတွေ အများကြီးပါ...
အဲဒါကြောင့်လဲ သမ္မတဖြစ်ချင်တယ်လို့ ပွင့်လင်းစွာပြောခဲ့တာပါပဲ.. သူပြောတာဒီ့ထက်ရှင်းတာမရှိပါဘူး..
အမေရိကန်စတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာလဲ.. သမ္မတလောင်းတိုင်းက ..ဒီလိုပဲပြောပါတယ်..
နိုင်ငံရေးပါတီထောင်အရွေးခံမှတော့..သမ္မတဖြစ်ချင်လို့ပေါ့ဗျာ...

"တိုင်းပြည်ကိုမလွဲမရှောင်သာအုပ်ချုပ်လိုက်ရပါတယ်"...ဆိုတဲ့ စကားမျိုးတွင်တွင်သုံးပြီး..နှစ် ၃၀ လောက် ဖိနှိပ်အုပ်ချုပ်လို့ အကုန်ရောင်းစားသွားတဲ့ သူမျိုးတွေကို ကြိတ်လေးစားနေတဲ့ အတန်းအစားတွေသာ...ဒေါ်စုရဲ့ပွင့်လင်းမှုကို ဝေဘန်ကြတာပါ..၊

အဲဒီတော့ အစိုးရအဖွဲ့ဝင်တွေကိုသာ... ယူထားတဲ့ရာထူးတွေ..ယူထားတဲ့အဆောင်အယောင်တွေနဲ့ တန်အောင် လုပ်ရမဲ့သူတွေမလုပ်သေးတာကို..အရင်ထောက်ပြသင့်ပါတယ်။

------------------------

ဒေါ်စုမှာရှိတာကတော့..သူ့အရည်အချင်းတွေပါပဲ.. နိုင်ငံတကာလေးစားမှု ၊ပညာတတ်ဆန်မှု ၊ဇွဲ..၊
အမြင်ကျယ်မှုနဲ့ ...ဆင်ခြင်တုံတရားဖြစ်ပါတယ်... မည်သည့်နိုင်ငံကိုမဆို ပွဲလယ်တင့်ပါတယ်..
သူပြောတဲ့စကားမှာ မှတ်သားစရာတွေရှိပါတယ်.. နာမည်ကြီး ကမ္ဘာ့တက္ကသိုလ်ကြီးတွေကကျောင်းသားတွေကအစ အလေးအနက်ထား သုံးသပ်ကြပါတယ်..
စင်ကာပူလိုစီးပွားရေးနိုင်ငံကြီးတစ်ခုကို သူမှတ်ချက်လေး
တစ်ခုချလိုက်တာနဲပဲ အဲဒါကိုသွက်သွက်ခါအောင်သုံးသပ်နေကြပါပြီ.၊

အဲဒီလိုသွားတဲ့နိုင်ငံတကာခရီးစဉ်တိုင်းမှာ.. နိုင်ငံတကာက သွားဖိတ်ကြားစီစဉ်လို့သွားရတာချည်းပါပဲ.. အစိုးရစရိတ်နဲ့ ပြည်သူ့ဘဏ္ဍာကို ဖြုန်းနေတယ်ထင်ပါသလား...၊

ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေ အထင်ကြီးအားကျပြီး စားဝတ်နေရေးပြေလည်အောင်သွားရောက်အလုပ်လုပ်ကိုင်တဲ့.နိုင်ငံတွေရယ်..
အာဏာရှင်တွေကိုယ်တိုင် ကျမ်းမာရေး ၊ပညာရေးကအစ၊ နေရေးထိုင်ရေးအထိ အမေကျော်ဒွေးတော်လွမ်းကာ သွားရောက်ခဲ့တဲ့..့  နိုင်ငံကြီးတွေကတောင်သူ့ကိုလေးစားမှတော့..

ကျွန်တော်တို့ ဟာ...နွားခြေရာခွက်ထဲကနေရုန်းထွက်သင့်ပါပြီ..

-----------------------------

ဒီလောက် ထက်မြက်နေတာကို ဘာလို့အစိုးရထဲမရောက်တာလဲ လို့မေးရင်တော့..

လွှတ်တော်ထဲမှာတောင် ၀ှိုက်ကဒ်ကိစ္စ အရေးယူဖို့စတဲ့အဆိုတွေတောင် ၀ိုင်းကန့်ကွက်ခံရတာ... တစ်ယောက်ကိုတစ်မဲသာပေးခွင့်ရှိတဲ့ဒေါ်စုပါတီရဲ့ အင်အားအနည်းငယ်က သူနိုင်စွမ်းရှိတာလေးတွေကိုပဲလုပ်လို့ရနိုင်မှာဆိုတာ သဘောပေါက်သင့်ပါတယ်..

အာဏာရှင်တွေဟာ...ဒေါ်စုကို သမ္မတဖြစ်စေချင်ဖို့နေနေသာသာ.. ၀န်ကြီးအဆင့်တောင်ဖြစ်စေချင်ကြမှာမဟုတ်ဘူးလို့ မြင်ပါတယ်.. ထက်မြက်တဲ့ဒေါ်စုသာဝန်ကြီးဖြစ်လို့ရှိရင်..၊ အတွင်းစည်းထဲရောက်သလိုဖြစ်ပြီး...
ဝန်ကြီးဌာနတွေမှာ ကြိတ်ရှင်းနေရတဲ့အာဏာရှင်ရဲ့အရှုပ်ထုတ်တွေကို မြေလှန်မှာကို အမှန်တကယ်ကြောက်ရွံ့နေကြမှာပါ...

ဥပမာ ၁၁ ဘီလျံကိစ္စသာတကယ်ရှိခဲ့ပါက.. ဒေါ်စု ဘဏ္ဍာရေးဝန်ကြီးဖြစ်ရင်ဘယ်လိုရှင်းမလဲ..

မြစ်ဆုံကိစ္စ.. .ဒေါ်စုသာ လျှပ်စစ်ဝန်ကြီးဖြစ်ရင်ဘယ်လိုဖြစ်သွားမလဲ..

သစ်တွေပြောင်နေတဲ့ကိစ္စ..ဒေါ်စုသာ သစ်တောဝန်ကြီးဖြစ်ရင်ဘယ်လိုဖြစ်သွားမလဲ..

ဂက်စ်ပိုက်လိုင်းတွေ၊ဂက်စ်ရောင်းရငွေတွေကိစ္စ. .ဒေါ်စု စွမ်းအင်ဝန်ကြီးဖြစ်ရင် ဘယ်လိုဖေါ်ထုတ်မလဲ..

တစ်ဒေါ်လာခြောက်ကျပ်ပ်နဲ့ ဖြတ်ပြီး နှစ်ပေါင်းများစွာ အိတ်ထဲထည့်နေတဲ့ ကိစ္စတွေကို..
ဒေါ်စုသာ စီပွားရေးဝန်ကြီးဖြစ်ရင်ဘယ်လိုအထုတ်ဖြေမလဲ..

ကြေးနီတောင်တွေသယံဇာတသိုက်တွေ၊ရတနာသိုက်တူးတာတွေကိစ္စ.. ဒေါ်စုသာ... သတ္တုတွင်းဝန်ကြီးဖြစ်ရင်..ဘယ်လိုမြေလှန်မလဲ..

ဦးပိုင်ကိစ္စတွေ၊ အောက်ခြေစစ်သားတွေဆင်းရဲတာတွေကို.. ဒေါ်စုသာစီးပွားရေးဝန်ကြီးဖြစ်ရင်၊
ကာကွယ်ရေးဝန်ကြီးဖြစ်ရင်..၊ ဘယ်လိုရှင်းထုတ်မလဲ...

အဲဒီ အခြေအနေတွေကို...၊
ဒေါ်စုပြောပြောနေတဲ့..တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှုရှိရေး နဲ့ လူ့အခွင့်အရေးစတဲ့ ပေတံတွေနဲ့တိုင်းတာနဲ့ကို...အကုန်..ခါဆင်းသွားမှာပါ..၊

အဲဒီလိုအနေအထားတွေကို.. ဘယ်သူကမတွေးပဲ...မကြောက်ပဲနေမှာလဲဗျာ..၊ တွေးလေ ကြောက်လေ..တွေးလေ လန့်လေပေါ့...

အဲဒီတော့ ဒေါ်စုဟာ..ဘယ်လောက်တော်တော်.. အာဏာရှင်တွေဟာ...ဒေါ်စုကို...
သမ္မတလို နိုင်ငံ့ဦးသျှောင်အဖြစ်ထားဖို့နေနေသာသာ.. ဘယ်သူက...၀န်ကြီးအဆင့်တောင်ဖြစ်စေချင်မှာလဲနော်..

----------------------

နောက်တစ်ခုကတော့...

တရုတ်ပြည်ရဲ့အိပ်မက်ပါ...
တရုတ်ပြည်ဟာအန္ဒိယသမုဒ္ဒရာဘက်ကိုထွက်တဲ့ထွက်ပေါက်ကို အိမ်မက်မက်နေခဲ့တာကြာပေါ့ဗျာ...၊
မြန်မာပြည်ရဲ့သယံဇာတကိုလဲ အလကားနီးပါးရသေးတယ်.. မြန်မာပြည်မြေကိုနင်းပြီး...ဒေသတွင်းမှာ သူ့သြဇာချဲ့ထွင်လို့လဲ ရသေးတယ်ဆိုတာ..ဘယ်လောက်တောင်.ရခဲ့တဲ့အခွင့်ရေးပါလဲ..၊

ကိုယ့်ခြံထဲက ရွေအိုးတွေကိုလဲ တူးသွားသေးတယ်..၊ ကိုယ့်ကိုလဲ...မုန့်ပဲသားရေစာလောက်ပဲပေးသေးတယ်..
ကိုယ့်အိမ်ဦးခန်းမှာလဲ..ထိုင်သေးတယ်.. ကိုယ့်ခြံကိုခြေကုတ်ယူပြီး..ပတ်ဝန်းကျင်ကိုလဲရန်ရှာလို့ရတယ်.. ဆိုတော့ကာ...မြန်မာပြည်ဟာ..တရုတ်ရဲ့ အလကားရတဲ့ အဖိုးတန်ဆုတစ်ဆုပါပဲ..၊

မြန်မာအစိုးရက...ညံ့ဖျင်းစွာနဲ့..သာမန်ဆိပ်ကမ်းတစ်ခုလို့ပဲမြင်ပေခဲ့မဲ့.. တရုတ်တွေရဲ့.စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖြစ်တဲ့....အနာဂတ်မှာ အိန္ဒိယသမုဒ္ဒရာကို..ခြိမ်းခြောက်နိုင်တဲ့. ရခိုင်ပြည်နယ်..၊ ကျောက်ဖြူဒေသကြီးကို ဈေးပေါပေါနဲ့ရပြီးတဲ့အချိန်မှာ.. အဲဒီ စိတ်ကူးယာဉ်အိပ်မက်ကြီး ရေရှည်တည်တံ့ရေးအတွက်. ကာကွယ်ဖို့လိုလာပါတယ်...

အဲဒါကတော့.နိုင်ငံတကာမှာဝင်ဆံ့တဲ့.ဒေါ်စုသာသမ္မတဖြစ်ရင်.. သူတို့ရဲ့အိပ်မက်တွေ ပျောက်သွားနိုင်မလား..ဆိုတဲ့ စိုးရိမ်မှုတွေပါပဲ..၊

အဲဒီအတွက်..ရခိုင်ဒေသနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ.. တရုတ်ရဲ့..စိတ်ကူးယာဉ်အိပ်မက်တွေကိုခြိမ်းခြောက်နိုင်ခြေရှိနေတဲ့.. ထက်မြက်တဲ့အမြင်ရှိတဲ့...ဒေါ်စုကို...လက်မခံပဲ မုန်းတီးနေမှ.. ဖြစ်မှာပါ...၊
အဲဒါကြောင့်..ဒေါ်စုနဲ့ NLD ကို စိတ်ဓာတ်ပြင်းထန်တဲ့ ဒေသခံတွေက.မုန်းတီးစေရေးအတွက်နည်းမျိုးစုံနဲ့
လုပ်ကြဦးမှာပါပဲ...၊

အဲဒါကိုနားလည်ကြဖို့လိုပါတယ်...၊

အမြင်ကျယ်ကျယ်နဲ့ သတိထားဖို့လဲလိုပါတယ်..

အနေအထားတွေက နိုင်ငံရေးတွေမဟာဗျူဟာတွေ ကိုယ်ကျိုးစီးပွားတွေ အများကြီးပါနေပါတယ်...၊

ကျွန်တော်တို့ရဲ့ ဒေါ်စုဟာ..
အာရှတိုက်တောင်ပိုင်းမှာရှိတဲ့..တရုတ်ရဲ့ မဟာဗျူဟာ ချိန်ခွင်လျာကို လှုပ်ခါသွားစေနိုင်သူတစ်ဦးဖြစ်မှန်းမသိဖြစ်နေပါတယ်

အဲဒါတွေကိုအမြင်ကျယ်ကျယ်နဲ့ နားလည်ရပါတော့မယ်..

----------------------------

သေချာတာကတော့..

မျက်မှောက်ခေတ်မှာ..မြန်မာနိုင်ငံသားတွေဂုဏ်တက်စေတာ ဒေါ်စုကြောင့်ပဲ ဖြစ်ပါတယ်..

သူမဟာ..နိုင်ငံတကာသွားတိုင်း သူ့ရဲ့အရည်အချင်းသတ်သတ်နဲ့ မြန်မာ့အမျိုးသမီးအ၀တ်အစား တွေကိုဝင်ဆင်တာကြောင့်..
မြန်မာကို ကမ္ဘာက ထူးခြားစွာသိရှိလက်ခံခဲ့သူပါ..

မြန်မာအမျိုးသမီးတွေရဲ့ ၀တ်စားပုံကို ကမ္ဘာက စိတ်ဝင်စားလာတယ်..
မြန်မာအမျိုးသမီးတွေ ကိုယ်တိုင်ကိုက.. မြန်မာရိုးရာ ၀တ်စုံအတွက် ပိုပြီးဂုဏ်ယူတတ်လာပါတယ်..

မြန်မာနိုင်ငံဟာ...အမှန်တကယ်ဆိုရင်.. အာဏာရှင်တွေအုပ်ချုပ်ထားတဲ့အတွက်...
စီးပွားရေးညံ့ဖျင်းပြီး.. မူးယစ်ဆေးဝါးထွက်ရှိမှုအများဆုံးနဲ့ အဂတိလိုက်စားမှု ကမ္ဘာ့ဒုတိယအဆင့် မှာရှိနေဆဲနိုင်ငံတစ်ခုပါ..

အဲဒီလိုနိုင်ငံတစ်နိုင်ငံကို.. ကမ္ဘာ့ချမ်းသာပြီး..အင်အားကြီးနိုင်ငံအဆင့်မပြောနဲ့
အာဆီယံအဆင့်နိုင်ငံလောက်ကတောင်.. ဆေးဖေါ်ကျောဖက်လုပ် ဖို့ဆိုတာ..
အမှန်အတိုင်းပြောရရင်...(၁၀)နှစ်လောက် သေကောင်ပေါင်းလဲ လုပ်ရင်ကို..
မဖြစ်နိုင်သေးတဲ့အခြေအနေပါ..

အဲဒီအနေအထား..အဆင့်အတန်းကို... သူမ အကျယ်ချုပ်ကလွှတ်ပြီး တစ်နှစ်အတွင်းမှာ..
ဒေါ်စုက ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်စွမ်းရှိခဲ့ပါတယ်..။တကမ္ဘာလုံးက လေးစားမှုနဲ့ သူမကိုနေရာပေးမှုက
အရမ်းကို အံ့သြစရာကောင်းလောက်အောင်ဖြစ်ခဲ့ပါတယ်။

သူမကိုနိုင်ငံတကာက လေးစားမှုတွေရဲ့နောက်မှာ.. မြန်မာလူမျိုး..ဆိုတာ ကပ်ပြီး ပါလာတာကို..
နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေ လက်တွေ့ကျေနပ်စွာနဲ့ လှိုက်လှိုက်လှဲ လှဲ ခံစားခဲ့ကြရမှာပါ..

-----------------------------

ပြီးရင်..သူမဟာ..ကမ္ဘာမှာ နာမည်တစ်လုံးနဲ့နေပါတယ်..၊ ပြောဆိုသုံးသပ်မှု မှန်ကန်ပါတယ်..၊
ပညာနဲ့ဆင်မြင်မှုရှိပါတယ်...၊ မျက်တောင်တဆုံးမက ကြည့်တတ်ပါတယ်။

ပြီးရင်..မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ် နှစ် ၅၀ အတွင်းမှာ. အရည်အချင်းပြည့်တဲ့ခေါင်းဆောင် အုပ်ချုပ်တာ..
အထူးသဖြင့်...ပညာတတ်ခေါင်းဆောင်အုပ်ချုပ်တာကို
မြန်မာပြည်သူတွေ မခံစားခဲ့ကြပါဘူး....

သူသာလုပ်ပိုင်ခွင့်ရှိရင်..ကျွန်တော်တို့လက်လှမ်းမမီနိုင်တဲ့ အုပ်ချုပ်မှု ယန္တယားကိုင်တွယ်ပုံတွေကို မြင်ရမှာဖြစ်ပါတယ်..၊
ကမ္ဘာ့တိုးတက်တဲ့ မိတ်ဆွေ နိုင်ငံတွေက..သူ့ဆီလာမှာဖြစ်ပါတယ်..

အဲဒီအချိန်မှာ..သူ့အရည်အချင်း သူ့သိက္ခာကြီးနဲ့..
ဘာမှဟုတ်တဲ့.ကုလားဦးစားပေးတာတို့ဘာတို့..ဆိုတာကြီးကို..
အလကားနေ..ဘယ်သူက လုပ်နေမှာလဲဗျာ..
သူတို့င်းပြည်အတွက် သူ့အလုပဲသူလုပ်မှာပေါ့..

လုပ်ချင်ရာလုပ်ပြီး..ထင်ရာစိုင်းခဲ့တဲ့..
နာမည်ပျက်တွေပွထနေတဲ့..
ကမ္ဘာက ၀ိုင်းပယ်ခံရတဲ့...၊
လူမိုက်အာဏာရှင်မှ
မဟုတ်ပေပဲ...နော်

-------------------------

ညီမလေးလဲ သဘောပေါက်မယ်လို့ထင်ပါတယ်ဗျာ..

(ပုရစ်)

..................

ဧရာဝတီ

စင်ကာပူဝန်ကြီးချုပ် တို့၏ မြန်မာနိုင်ငံအပေါ်ထင်မြင်ချက်

   
၁၉၆၀ ခုနှစ် ၀န်းကျင်(နှစ်အတိအကျ မမှတ်မိ)

မြန်မာနိုင်ငံကိုမီဖို့ စင်ကာပူ နိုင်ငံအနေနဲ့ နှစ်ပေါင်း ၂၀ မနားမနေ.. အလုပ်ကြိုးစား လုပ်မှ ရမယ်...၊ ဒါတောင်မှ မီနိုင် မမီနိုင် ဆိုတာ မသေချာပါဘူး.....
 
(လီကွမ်ယု ၊ စင်ကာပူဝန်ကြီးချုပ်)

 
၂၀၁၄ ခုနှစ်

မြန်မာနိုငံရဲ့ နေပြည်တော်အနီး လူဦးရေ တစ်သိန်းလောက်ရှိတဲ့ ပျဉ်းမနားမြို့ ရဲ့ မြင်ကွင်းကိုမြင်ရတာ ၁၉၅၀ ၊ ၁၉၆၀ ခုနှစ်လောက်က စင်ကာပူနိုင်ငံ နဲ့ ဆင်တူတာ ခံစားမိတယ်....။
 
(လီရှပ်လွန်း ၊ စင်ကာပူဝန်ကြီးချုပ်)

သြော်... မစ္စတာလီရှပ်လွန်းရယ်... ပျဉ်းမနားထက် အများကြီး ဆင်းရဲနွမ်းပါး နိမ့်ကျလွန်းနေတဲ့ ဒေသတွေ ကျုပ်တို့နိုင်ငံမှာ အများကြီးရယ်ပါ....။ $သုံးမကျတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ..၊ ကိုယ်ကျိုးရှာတဲ့ နိုင်ငံ့ခေါင်းဆောင် အာဏာရူးတွေကြောင့် နိုင်ငံတွင်းမှာရော...၊ နိုင်ငံတကာမှာပါ နိုင်ငံသားတွေ မျက်နှာငယ်ခဲ့ရတာ ကြာပေါ့...။ ပြောပေါ့... ခင်ဗျားပြောပေါ့....။ မှန်နေတာကိုး...၊ ဟို..ကိုးရီးယားကထဲကလိုပဲ “ပါးစပ်ဆယ်ပေါက်ရှိရင်တောင်မှ ပြန်ပြောစရာ စကားမရှိပါ....”
 
Ko Nay Myo


အနုပညာရှင်တို့ရဲ့ အမေများနေ့

Photo: အနုပညာရှင်တို့ရဲ့ အမေများနေ့

No.376 Monday, May 12, 2014
Author: ကြူကြူဟန်
Location: ရန်ကုန်

-မေလ ၁၁ ရက်သည် နိုင် ငံတကာကသတ်မှတ်ထားသော အမေများနေ့ဖြစ်သည်။ နိုင်ငံအ သီးသီး၌ အမေများနေ့ကို ဂုဏ်ပြု သောအားဖြင့် အခမ်းအနား၊ ပွဲ များ ပြုလုပ်လေ့ရှိသလို မြန်မာနိုင် ငံတွင်လည်း အမေများအတွက် ရည်ရွယ်ကာ အစီအစဉ်များကို တစ်ခုနှင့်တစ်ခုမတူအောင် ဈေး ၀ယ်စင်တာများနှင့် အခြားသော နေရာများတွင် ပြုလုပ်လေ့ရှိကြ သည်။

အနုပညာရှင်များကလည်း အမေများနေ့အမှတ်တရအဖြစ် ၎င်းတို့၏ အမေများအတွက် အ မှတ်တရစကားများ၊ ခံစားချက် များကို ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဝိုင်းစုခိုင်သိန်း

အမေများနေ့မှာ ၀ိုင်းစုမေကြီးနဲ့အတူ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အမေများအားလုံး ကျန်းမာသက်ရှည် စိတ်ချမ်းသာပါစေ။ နောင်တစ်ချိန်  အမေဖြစ်လာမယ့်သမီများ အားလုံးကိုယ်စား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ခင်လပြည့်ဇော်

သမီးအနားမှာ ဘယ်သူမှမရှိ ရင်နေပါ။ မေမေသာရှိနေရင် အ ရာအားလုံး ပြည့်စုံပါတယ်။ သမီး ကို ဘယ်သူတွေ ဘယ်လိုပဲပြော ပြော အမြဲအကောင်းမြင်ပြီး အား ပေးတာလည်း မေမေပဲရှိပါတယ်။ မေမေ သမီးအနားမှာ ကျန်းကျန်း မာမာနဲ့ သက်ဆုံးတိုင် အတူရှိနေ ပေးပါနော်။ မေမေ အမြဲပျော်ရွှင် ပါစေ။

ထားထက်ထက်

ဒီနေ့ ၁၁ ရက်ဟာ အမေများ နေ့ဖြစ်ပါတယ်။ အမေများအား လုံး၊ မိခင်လောင်းများအားလုံး စိတ်ချမ်းသာပျော်ရွှင်မှုတွေနဲ့အ တူ ချစ်ရသော သားသမီးများကို လည်း ယခုထက်ပိုပြီး အဆပေါင်း များစွာ တိုးလို့ ချစ်နိုင်ကြပါစေ။ ထားထက်တို့ကလည်း မေမေတို့ ကို အခုထက်ပိုပြီး အချစ်တွေပို ပေးပြီး အမြဲဂရုစိုက်ပြီး အေးချမ်း ပျော်ရွှင်တဲ့ ဘ၀လေးအဖြစ် ဖြတ် သန်းနိုင်အောင် ကြိုးစားသွားကြ မယ်နော်။ အရမ်း...အရမ်းချစ်ပါ တယ်။ မေမေ့ကို....။

စံရတီမိုးမြင့်

မွေးလာကတည်းက ဒီနေ့အချိန်ထိ မျက်နှာမငယ်ရစေဘဲ ကျွေး မွေးစောင့်ရှောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေ။ အ ချိန်တိုင်းဘေးမှာ အမြဲရှိနေတဲ့အ မေ့ကို ဒီနေ့မှထူးပြီး ကျေးဇူးတင် တာမျိုးမဟုတ်ပေမယ့် အမေများ နေ့လေးမှာ အမှတ်တရဖြစ်အောင် လို့ပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး မိသားစုအတွက် ကျေးဇူးဆပ်ခွင့် ကြုံခဲ့တယ်။ သမီးတစ်သက်လုံး ဘယ်လိုအခြေအနေမျိုးပဲ ကြုံရပါ စေ။ ကျေးဇူးဆပ်မှာပါ။ ဒီဘ၀ ဒီမေမေပေးလို့ ရခဲ့တာပါ မေမေ။

ခင်ဇာခြည်ကျော်

ချစ်သောမေမေ... သမီးရဲ့ ဘ၀မှာ သမီးအတွက် မဟာတံ တိုင်းကြီးလို မားမားမတ်မတ်ရပ် တည်ပေးတဲ့ မေမေ၊ ဘယ်အရာနဲ့ မှ အစားထိုးမရတဲ့ ကျေးဇူးရှင် မေ မေ့ကို အမေများနေ့မှာ သမီးရို သေစွာ ကန်တော့လိုက်ပါတယ်။ အရမ်းချစ်တယ် မေမေ။

ခင်ဝင့်ဝါ

Happy Mother Day ပါ။ သမီးအနားမှာ အမြဲတမ်း ဆုံးမ သွန်သင်စောင့်ရှောက်ပေးတဲ့ မေ မေ့ကို အရမ်းအရမ်းချစ်ပါ၏။

စန္ဒီမြင့်လွင်

Happy Mother Day မေကြီး။ တစ်သက်လုံး အတူတူနေရပါလို၏။

အောန်ဆိုင်း

ပရိသတ်ချစ်တဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်လာတယ်ဆို တာ မေမေ မွေးဖွားပေးခဲ့လို့ပါ။

Ar.T

အမေများနေ့မှာ ကျွန်တော့် မွေးမိခင်     ဒေါ်ခင်မြင့်ရီနဲ့တကွ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိခင်တွေ အားလုံး    စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ကမ္ဘာလောကကို ကောင်းကျိုး သယ်ပိုးနိုင်တဲ့ သားသမီးကောင်း များကို မွေးထုတ်ပြုစုပျိုးထောင် ပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။

Aye Chan Mon# Credit To :7Day News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemedia ကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

-မေလ ၁၁ ရက်သည် နိုင် ငံတကာကသတ်မှတ်ထားသော အမေများနေ့ဖြစ်သည်။ နိုင်ငံအ သီးသီး၌ အမေများနေ့ကို ဂုဏ်ပြု သောအားဖြင့် အခမ်းအနား၊ ပွဲ များ ပြုလုပ်လေ့ရှိသလို မြန်မာနိုင် ငံတွင်လည်း အမေများအတွက် ရည်ရွယ်ကာ အစီအစဉ်များကို တစ်ခုနှင့်တစ်ခုမတူအောင် ဈေး ၀ယ်စင်တာများနှင့် အခြားသော နေရာများတွင် ပြုလုပ်လေ့ရှိကြ သည်။

အနုပညာရှင်များကလည်း အမေများနေ့အမှတ်တရအဖြစ် ၎င်းတို့၏ အမေများအတွက် အ မှတ်တရစကားများ၊ ခံစားချက် များကို ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဝိုင်းစုခိုင်သိန်း

အမေများနေ့မှာ ၀ိုင်းစုမေကြီးနဲ့အတူ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အမေများအားလုံး ကျန်းမာသက်ရှည် စိတ်ချမ်းသာပါစေ။ နောင်တစ်ချိန် အမေဖြစ်လာမယ့်သမီများ အားလုံးကိုယ်စား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ခင်လပြည့်ဇော်

သမီးအနားမှာ ဘယ်သူမှမရှိ ရင်နေပါ။ မေမေသာရှိနေရင် အ ရာအားလုံး ပြည့်စုံပါတယ်။ သမီး ကို ဘယ်သူတွေ ဘယ်လိုပဲပြော ပြော အမြဲအကောင်းမြင်ပြီး အား ပေးတာလည်း မေမေပဲရှိပါတယ်။ မေမေ သမီးအနားမှာ ကျန်းကျန်း မာမာနဲ့ သက်ဆုံးတိုင် အတူရှိနေ ပေးပါနော်။ မေမေ အမြဲပျော်ရွှင် ပါစေ။

ထားထက်ထက်

ဒီနေ့ ၁၁ ရက်ဟာ အမေများ နေ့ဖြစ်ပါတယ်။ အမေများအား လုံး၊ မိခင်လောင်းများအားလုံး စိတ်ချမ်းသာပျော်ရွှင်မှုတွေနဲ့အ တူ ချစ်ရသော သားသမီးများကို လည်း ယခုထက်ပိုပြီး အဆပေါင်း များစွာ တိုးလို့ ချစ်နိုင်ကြပါစေ။ ထားထက်တို့ကလည်း မေမေတို့ ကို အခုထက်ပိုပြီး အချစ်တွေပို ပေးပြီး အမြဲဂရုစိုက်ပြီး အေးချမ်း ပျော်ရွှင်တဲ့ ဘ၀လေးအဖြစ် ဖြတ် သန်းနိုင်အောင် ကြိုးစားသွားကြ မယ်နော်။ အရမ်း...အရမ်းချစ်ပါ တယ်။ မေမေ့ကို....။

စံရတီမိုးမြင့်

မွေးလာကတည်းက ဒီနေ့အချိန်ထိ မျက်နှာမငယ်ရစေဘဲ ကျွေး မွေးစောင့်ရှောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေ။ အ ချိန်တိုင်းဘေးမှာ အမြဲရှိနေတဲ့အ မေ့ကို ဒီနေ့မှထူးပြီး ကျေးဇူးတင် တာမျိုးမဟုတ်ပေမယ့် အမေများ နေ့လေးမှာ အမှတ်တရဖြစ်အောင် လို့ပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး မိသားစုအတွက် ကျေးဇူးဆပ်ခွင့် ကြုံခဲ့တယ်။ သမီးတစ်သက်လုံး ဘယ်လိုအခြေအနေမျိုးပဲ ကြုံရပါ စေ။ ကျေးဇူးဆပ်မှာပါ။ ဒီဘ၀ ဒီမေမေပေးလို့ ရခဲ့တာပါ မေမေ။

ခင်ဇာခြည်ကျော်

ချစ်သောမေမေ... သမီးရဲ့ ဘ၀မှာ သမီးအတွက် မဟာတံ တိုင်းကြီးလို မားမားမတ်မတ်ရပ် တည်ပေးတဲ့ မေမေ၊ ဘယ်အရာနဲ့ မှ အစားထိုးမရတဲ့ ကျေးဇူးရှင် မေ မေ့ကို အမေများနေ့မှာ သမီးရို သေစွာ ကန်တော့လိုက်ပါတယ်။ အရမ်းချစ်တယ် မေမေ။

ခင်ဝင့်ဝါ

Happy Mother Day ပါ။ သမီးအနားမှာ အမြဲတမ်း ဆုံးမ သွန်သင်စောင့်ရှောက်ပေးတဲ့ မေ မေ့ကို အရမ်းအရမ်းချစ်ပါ၏။

စန္ဒီမြင့်လွင်

Happy Mother Day မေကြီး။ တစ်သက်လုံး အတူတူနေရပါလို၏။

အောန်ဆိုင်း

ပရိသတ်ချစ်တဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်လာတယ်ဆို တာ မေမေ မွေးဖွားပေးခဲ့လို့ပါ။

Ar.T

 
7Day News Journal