12 May 2014

ဖွား၊ ပွင့် ၊ဟော၊ စံ ၊ဗျာဒိတ်ခံ မှတ်ရန် လမြတ်ကဆုန်




၁။ လေးသင်္ချေ ကမ္ဘာတသိန်းအထက်က ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်မှ ဘုရားစင်စစ်
ဧကန်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော် ခံယူတော်မူခဲ့သည့်နေ့သည် “ကဆုန်လပြည့်”။

၂။ ရောက်ရှိနေဆဲ ခရစ်နှစ် ၂၀၁၄ ခုမှ နောက်ပြန်ဆုတ်သော်..နှစ်ပေါင်း ၂၆၃၈ ခုနှစ်က ဂေါတမ ဗုဒ္ဓ အဖြစ်ပွင့်တော်မူမည့် ဘုရားလောင်း သိဒ္ဓတ္ထ ကို မွေးဖွားတော်မူခဲ့သည်မှာလည်
“ကဆုန်လပြည့်နေ့” ။

၃။ နှစ်ပေါင်း ၂၆၀၃ ခုနှစ်က ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်မှာလည်း ကဆုန်လပြည့် ။

၎။ နှစ်ပေါင်း ၂၆၀၂ ခုနှစ်က မဟာဗုဒ္ဓဝင်( Biography of Buddha ) ကို ကိုယ်တော်တိုင် 
ဟောပြခဲ့သည်မှာလည်း “ကဆုန်လပြည့်နေ့” ။

၅။ နှစ်ပေါင်း ၂၅၅၈ ခုနှစ်က ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်မှာလည်း ကဆုန်လပြည့်နေ့ပင် ဖြစ်ပါသည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် နေ့ထူး နေ့မြတ်ဖြစ်သည်။

-【အရှင်တိက္ခဥာဏာလင်္ကာရ - ယောနွယ် 】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


0 comments:

Post a Comment