12 May 2014

UKမှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် အ၀တ်မပါ ဗလာ ပင်ပေါင်ရိုက်ပြိုင်ပွဲ


ပထမဆုံးအကြိမ် အိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ ပင်ပေါင်ရိုက်ပြိုင်ပွဲ ကတော့ တကယ့်ကို ထူးခြားပါတယ်။ အကြောင်းကတော့ ပြိုင်ပွဲဝင် အမျိုးသား/သမီးတွေကို သူတို့ရဲ့ မွေးနေ့နဲ့ အသင်းခွဲထားပြီး အ၀တ်မ၀တ်ရဘဲ ကိုယ်တုံးလုံးချွတ်ကာ ပါဝင် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါတယ်။


၁၉၀၁ခုနှစ် စားပွဲတင် တင်းနစ်ကို တီထွင်ခဲ့တဲ့ နေရာမှာပဲ တည်ထောင်ထားတဲ့ Bounce မှ ၀န်ထမ်းတစ်ဦးက sexy ကျတဲ့ မော်ဒယ်လ် ၇ ဦးကို “anything goes ” ဆိုတဲ့ အသစ်စက်စက် သီးသန့်ခန်းမှာ လာရောက် ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဆိုပါ သီးသန့်ခန်းဟာ စတုရန်းပေ တစ်သောင်းနှစ်ထောင့်ငါးရာ ကျယ်ဝန်းပြီး မည်သူမဆို စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုသူတွေကိုတော့ အ၀တ်အစားချွတ်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။

အဆိုပါ နေရာဟာ ဥရောပရဲ့ ပထမဆုံး social ping-pong အသင်း ဖြစ်လာခဲ့ပြီး  Farringdon နဲ့ Chancery Lane ဘူတာကနေ ၂မိနစ် လမ်းလျှောက်နိုင်တဲ့ အကွာအဝေးမှာ ရှိပါတယ်။

၂၀၁၂ခုနှစ် အိုလံပစ်ပြိုင်ပွဲ ပုံစံ အပါအ၀င် ပင်ပေါင်စားပွဲ ၁၇ခု ရှိပြီး ဧည့်သည် ၁၃၀ ထိုင်နိုင်တဲ့ စားသောက်ဆိုင်ပုံစံ သဖွယ် Bounce ကို မွမ်းမံခဲ့ပြီး ထူးခြားဆန်းပြားစေခဲ့ပါတယ်။

ကစားတဲ့နေရာ တ၀ိုက်ကိုတော့ ပေ ၄၀ အရှည်ရှိတဲ့ ဘားတစ်ခုနဲ့၊ ၇ပေ အကျယ်ရှိတဲ့ ထင်းမီးသီး ပီဇာဖုတ်စက်တစ်ခုတို့နဲ့ ၀ိုင်းရံထားပါတယ်။

ကစားသူများ အနေနဲ့ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်တဲ့ ဂျနီဖာလောရန့်စ်၊ ဂွင်းနက်ပထရို၊ ပီပါမစ်ဒယ်လ်၊ ကယ်ဗင်စပေ့စ် (သို့) အယ်လီမက်ဖာဆန် တို့ကိုလည်း တွေ့နိုင်ပါတယ်။ သူတို့အားလုံး ဒီနေရာကို လာလည်ဖူးတယ်လို့လည်း သိရပါတယ်။






ref: mirror.co.uk 

World-Myanmar News


0 comments:

Post a Comment