12 May 2014

၂၀၀၈အခြေခံဥပဒေကိုချိုးဖောက်လိုက်တဲ့ပြည်ခိုင်ဖြိုးပါတီ


ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုပြီး ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်လုပ်ပါတယ်။

အဲဒီဆန္ဒထုတ်ဖော်ပွဲဟာ ၂၀၀၈ခုနှစ်ထုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၁၀) နိုင်ငံရေးပါတီများ ကဏ္ဍအောက်ရှိ နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း ကဏ္ဍနှင့် ငြိစွန်းနေပါသည်။

ထိုကဏ္ဍရှိ ပုဒ်မ ၄၀၇(ဃ)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်းဟု ရေးသားဖော်ပြထားပြီး ပုဒ်မ ၄၀၈တွင် နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သောအဖွဲ့အစည်းကတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဟု ရေးသားဖေါ်ပြထားသည်။

ထိုသို့သော်အချက်အလက်များကြောင့် လေးမျက်နှာမြို့မှ ပြည်ခိုင်ဖြိုးအမတ်ဖြစ်သူ ဦးဘရီအား တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဦးဘရီက သူ့အနေဖြင့် တစ်ဖက်ကမ်းတွင်နေထိုင်သောကြောင့် ယင်းဆန္ဒပြပွဲကို မသိကြောင်းသာ ဖြေကြားခဲ့သည်။

လေးမျက်နှာမြို့နယ် ဆန္ဒပြပွဲသည် ပြည်ခိုင်ဖြိုးရုံးရှေ့မှစတင်ပြီး ထိုရုံးရှေ့တွင်ပင် အဆုံးသတ်သလို ဆန္ဒပြပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်နေသဖြင့် အဲဒီဆန္ဒပြပွဲက အခြေခံဥပဒေကို ချိုးဖောက်နေရာရောက်နေတဲ့အတွက် ပါတီတာဝန်ရှိသူတွေက တားမြစ်ခြင်းမပြုဘူးလားလို့ ဦးဘရီကို မေးခွန်းထုတ်တဲ့အခါမှာတော့ ဦးဘရီဘက်က ဖုန်းကိုချပစ်ခဲ့ပြိး စက်ပါပိတ်လိုက်သည်။

ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ခွင့်နှင့် ငြိစွန်းနေသော ပြည်ခိုင်ဖြိုးပါတီကြိးသည် ၂၀၁၅ ရွေးကောက်ပွဲကို ပြိုင်ခွင့် ရမရဆိုသည်မှာ စိတ်ဝင်တစား စောင့်ကြည့်ရတော့မည် ဖြစ်သည်။


 
credit to -မင်းမင်းလတ်
Khor Nyo

0 comments:

Post a Comment