29 May 2014

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပျက်အစီး အစအနတွေ ရှိနိုင်တယ်လို့ ယူဆပြီး နှစ်လလုံးလုံး လိုက်ရှာနေတဲ့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းက နေရာဟာ လေယာဉ်ပျက်ကျခဲ့တဲ့နေရာ မဖြစ်နိုင်တော့ကြောင်း သြစတြေးလျ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_3132.html
 
 


ပြီးခဲ့တဲ့ လတုန်းက သမုဒ္ဒရာ ရေပြင်အောက်မှာ ဖမ်းယူရရှိခဲ့တဲ့ အချက်ပြမှုဟာ လေယာဉ်ရဲ့ Black box က မဟုတ်ဘဲ အဲဒီလေယာဉ်ကို ရှာနေတဲ့ သင်္ဘောတစ်စင်းဆီက ပိုဖြစ်နိုင်တယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

အဲဒီ နေရာမှာ ရှာဖွေနေမှုတွေကို အခုအခါ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပြီး လေယာဉ်ရှာဖွေတဲ့ နေရာကို စတုရန်း ကီလိုမီတာ ၅သောင်း လောက်အထိ တိုးချဲ့ပြီး ရှာဖွေတော့မှာ ဖြစ်ပါတယ်။

အခုအခါ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် ရှာဖွေမှုကို သုညကနေ ပြန်စရတော့မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လူ ၂၃၉ ဦးကို တင်ဆောင်သွားတဲ့ မလေးရှား လေကြောင်းပိုင် ဘိုအင်းလေယာဉ်ဟာ မတ်လတုန်းက ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ကိုအသွား လမ်းမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

BBC Burmese

ရန်ကုန်လေဆိပ်တွင် တရားမ၀င်ကုန်ပစ္စည်းများကို အဖွဲ့လိုက် တင်သွင်းမှုများရှိနေ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_8624.html
 
 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှ တရားမ၀င်ပစ္စည်းများကို အဖွဲ့လိုက်တင်သွင်းမှုများ ရှိနေသည်ဟု လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိတစ်ဦးက မေလ ၂၈ ရက်တွင် မဇ်္ဈိမကို ပြောသည်။

တရားဝင်အခွန်မဆောင်ဘဲ ကုန်ပစ္စည်းများကို စီးပွားဖြစ် တရားမ၀င်တင်သွင်းသူများက အဖွဲ့လိုက် ပူး ပေါင်းကာ ဂေါက်ရိုက်ပစ်္စည်းများ၊ အလှကုန်များ၊ ကွန်ပျူတာ Hard disk နှင့် ကားပစ္စည်းများကို အများဆုံး တင်သွင်းနေခြင်းဖြစ်ပြီး အကောက်ခွန်နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီအဖွဲ့က လူဦးရေ ၂၀ ကနေ ၃၀ ထိရှိတယ်။ တစ်ခါသွားရင်တစ်ဖွဲ့အလှည့်ကျစီသွားကြတယ်။ သူတို့နိုင်ငံကူးလက်မှတ်တွေမှာ ထုထားတဲ့တုံးတွေက တစ်လကို အနည်းဆုံး အခေါက် ၂၀ လောက် ရှိတယ်။ သွားကြတာ၊ သွားပါများလို့ လေကြောင်းလိုင်းတစ်ခုမှာဆိုရင် မန်ဘာကတ်တွေတောင် ရထားလို့ ၀န်ပိုတောင် ၇၀ ကီလိုအထိ တင်ခွင့် သူတို့ရထားကြတယ်”ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ယင်းတရားမ၀င်ပစ်္စည်းများကို တင်သွင်းသူများသည် အဓိကအားဖြင့် စင်ကာပူနှင့် ဘန်ကောက်မှ ဆိုက် ရောက်သည့် လေကြောင်းလိုင်းများမှ အဓိကတင်သွင်း နေခြင်းဖြစ်သည်ဟု ဆိုသည်။

လေကြောင်းလိုင်းများသည် ၀ယ်ယူအားပေးသူများအတွက် ၀န်ဆောင်မှုများကိုသာ အဓိက ဆောင်ရွက် ပေးပြီး သယ်ဆောင်လာသည့် ပစ်္စည်းများအတွက်ကိုမူ သက်ဆိုင်ရာ အကောက်ခွန်နှင့် သယ်ဆောင်လာ သူတို့ကသာ တာဝန်ရှိသည်ဟု MAI လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမရသာက ရှင်းပြသည်။

တရားမ၀င်တင်သွင်းနေသည်ဆိုသည်နှင့်ပတ်သက်ပြီး လေဆိပ်အကောက်ခွန်ဌာန၏ ဦးစီးမှူး(၈)က “ကျွန်မတို့က တစ်နိုင်တစ်ပိုင်သယ်ခွင့်ရှိတော့ ဘယ်လိုမှ စစ်လို့မရဘူး။ personal အမည်ခံပြီး သယ်သွားတာလည်းရှိတယ်။ ဂေါက်ဆက်ဆိုတာတော့ ပြန်ဝင်လာရင် အရင်ကပါသွားလို့လား ဆိုပြီးတော့လည်း မေးလို့မရပါဘူး။ ဌ-မပေ တွေနဲ့လည်း စစ်တယ်။ အခွန်ကတော့ တက်နိုင်သလောက်စစ်နေတာပါပဲ။ ပေါင်းပြီးလုပ်တယ်ဆိုတာက မလိုလို့ ပြောတာနေမှာပါ” ဟု ပြောသည်။

မေလ ၂၇ရက်က လေဆိပ်တွင် လက်ကိုင်ဖုန်း၊ အလှကုန်များနှင့် ငှက်သိုက်ပုလင်းများကို ဖမ်းဆီးရမိသဖြင့် အခွန်ဦးစီးဌာနရုံးကို တင်ပြကာ ဒဏ်ငွေပေးသွင်းခိုင်းခဲ့သည်ဟု လေဆိပ် အကောက်ခွန်မှ ဦးစီးမှူး (၈)ကဆိုသည်။လေဆိပ်အကောက်ခွန်မှဖြတ်သန်းသူများသည် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ တန် စီးပွားဖြစ် မဟုတ်သည့် ကိုယ်ပိုင်အသုံးအဆောင်များ သယ်ယူခွင့်ရှိသည်။ သို့သော် တစ်နိုင်တစ်ပိုင် တန်ဖိုးကြီးပစ္စည်းများ သယ်ဆောင်နေခြင်းကို အကောက်ခွန်က တားမြစ်နိုင်ခြင်းမရှိဟု ဆိုသည်။
 
 ဟိန်းကိုစိုး
Mizzima Burmese

သက်သတ်လွတ်စားတဲ့ ကုသိုလ်ပျက်ပါသလား




အမေး။ ။သက်သတ်လွတ်စားတဲ့ အိမ်ရှင်မ တစ်ယောက်က မိသားစုတွေအတွက် အသားဟင်းချက်ပေးတာ သတ်သတ်လွတ်စားတဲ့
ကုသိုလ် ပျက်သွားသလားဘုရား။ တပည့်တော်သိတာက သတ်သတ်လွတ်စားတယ်ဆိုတာ သတ္တ၀ါတွေကို ဘေးမဲ့ပေးတယ်ဆိုတဲ့
စိတ်နဲ့ စားတယ်လို့ သိထားပါတယ်ဘုရား။ တပည့်တော် အသိ မှန်မမှန်ကို ဖြေပေးတော်မူပါဘုရား။

အဖြေ။ ။ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ် မရနိုင်တဲ့အတွက် ဘယ် အသားဟင်းဖြစ်ဖြစ် ချက်ပေးလို့ရပါတယ်။ အကုသိုလ် မဖြစ်ပါဘူး။ သက်သတ်လွတ်နဲ့ ပတ်သက်ပြီး သန်းခေါင်ယံ အမေးအဖြေ စာအုပ်မှာ ဖေါ်ပြထားပါတယ်။

ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် ပုညကြိယာဝတ္ထု ဆယ်ပါးအနက် ကြိုက်တာကို ရွေးချယ်ပြီး ပြုလုပ်လို့ရပါတယ်။ ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် သက်သတ်လွတ်စားပါလို့ မဟောထားပါဘူး။ တကယ်တော့ သက်သတ်လွတ် စားတာဟာ ရောဂါကင်းတဲ့ အကျိုးတော့ ရရှိပါတယ်။ တစ်ခါက ဆရာလေး တစ်ပါးပြောဖူးတယ်။
သူဟာ ၀ါတွင်းမှာ သက်သတ်လွတ်စားပါတယ်။ အသားနဲ့ စားတုန်းကထက် အခုရောဂါ ကင်းရှင်းနေတာကို တွေ့ရပါတယ်ဘုရား လို့ ပြောဖူးပါတယ်။
ပြီးတော့ ဆရာတော်ကြီး တစ်ပါးကလဲ သူတစ်ပါးက သက်သတ်လွတ် စားတာဟာ ဘာအတွက်လဲလို့ မေးလျှောက်ပါတယ်။ ဆရာတော်က “ သွားကြားထိုးရတာ သက်သာအောင် သက်သတ်လွတ် စားရတာဖြစ်တယ်”
လို့ မိန့်တော်မူဖူးပါတယ်။

ဒါကြောင့် ရောဂါကင်းဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားတတ်ဖို့လိုပါတယ်။
ဘာကြောင့်ဆိုရင် ကိုယ်စားတဲ့ အသားဟာ ကိုယ့်ရည်ရွယ်ပြီး သတ်တဲ့အသား မဟုတ်ရင် သက်သတ်လွတ်ပါတယ်။ နောက်တစ်ခုက သက်သတ်လွတ်စားခြင်းဖြင့် သတ္တ၀ါတွေကို ဘေးမဲ့ပေးရာ ရောက်ပါတယ် ..ဆိုတာနဲ့စပ်ပြီးပြောပါ့မယ်။
ဒီလို အသားမစားရုံနဲ့ သတ္တ၀ါတွေကို ဘေးမဲ့ပေးရာ မရောက်ပါဘူး။
တကယ်တမ်း သတ္တ၀ါတွေကို ဘေးမဲ့ပေးရာရောက်အောင် ပြုလုပ်ချင်တယ်ဆိုရင် ငါးပါးသီလထဲက ပါဏာတိပါတသိက္ခာပုဒ်အရ သူတစ်ပါးအသက် မသတ်ပဲ ရှောင်ကြဉ်လိုက်ရုံပါပဲ။
ဒါဆိုရင် ဘေးမဲ့ပေးရုံမက သီလစောင့်ထိန်းတဲ့အတွက် ကုသိုလ်တောင် ရပါသေးတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော
ဆိုဒ်မှာတစ်ဆင့်

ပြန်လည်ကူးယူပြီး
စာဖတ်သူ ဓမ္မမိတ်ဆွေများကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။

Credit to Than Than Khine.


ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ နိုင်ငံခြားသား ပိုမိုလာရောက်နိုင်ရန် ဈေးပိတ်ရက်များ လျှော့ချ


ဗိုလ်ချုပ်ဈေးအတွင်းသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်


ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ပိုမိုလာရောက်နိုင်ရန် ရုံးပိတ်ရက်ဖြစ်သည့် ခရစ္စမတ်နေ့၊ ကရင်နှစ်သစ်ကူးနေ့အပါအဝင် စုစုပေါင်းလေးရက်အား ယခုနှစ်မှစတင်၍ ဈေးပိတ်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ ကြေညာချက်အရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လာရောက်သော နိုင်ငံတော်ဧည့်သည်များ၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်ရန် ရည်ရွယ်၍ ယခင်နှစ် ပိတ်ရက်များအဖြစ် သတ်မှတ်ခဲ့သော ခရစ္စမတ်နေ့၊ ကရင်နှစ်သစ်ကူးနေ့၊ ဘဂ္ဂဒီးအစ်နေ့၊ ဒီပါဝလီနေ့များကို ယခုနှစ်မှစတင်၍ ဈေးဖွင့်ရက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလေးရက်မှလွဲ၍ ကျန်ရှိသည့် အများပြည်သူရုံးပိတ်ရက်များတွင် ဈေးပိတ်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးကို အပတ်စဉ် တနင်္လာနေ့တိုင်း ပုံမှန်ပိတ်လေ့ရှိသည်။

ရှေးဟောင်းဈေးကြီးတစ်ခုဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်ကြသည့် နေရာတစ်ခုဖြစ်လာပြီး နှစ်ပေါင်းများစွာ ကြာမြင့်မှုကြောင့် ယိုယွင်းမှုများရှိလာသော ဈေးကြီးအား ၂ဝ၁၁ နှစ်ကုန်ပိုင်းတွင် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၁၃ နှစ်ကုန်ပိုင်းမှစတင်၍ ဈေးကြီးအား ငွေကျပ်သိန်းပေါင်း ၃ဝဝဝ ကျော် အကုန်အကျခံ၍ အကြီးစားပြင်ဆင်ခဲ့ကြောင်း သိရသည်။

 ကျော်ထင်
Eleven Media


ထိုင်းစစ်ဗိုလ် နဲ့ ဗမာစစ်ဗိုလ် နှိုင်းယှဉ်ချက်



ထိုင်းစစ်ဗိုလ်တွေ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာတာ အနှစ် (၈၀) ကျော် ရှိပြီဖြစ်ပေမယ့် ထိုင်းစီးပွားရေးဟာ ရှင်သန်ကြီးထွားနေပါတယ်။ ဗမာစစ်ဗိုလ်တွေ အနှစ် (၅၀) ကျော် ကြီးစိုးတဲ့အခါမှာ မြန်မာပြည်ဟာ အာရှဒေသမှာ အောက်ဆုံးအဆင့်ရောက်သွားပါတယ်။ လူဦးရေနဲ့ တိုင်းပြည်အရွယ်အစား မတိမ်းမယိမ်းဖြစ်ပေမယ့် ၂၀၁၂ စာရင်းအရ ထိုင်းရဲ့  နိုင်ငံလုံးဆိုင်ရာ အသားတင်ထုတ်လုပ်မှု တန်းဖိုးဟာ မြန်မာထက် (၇) ဆ ပိုများပါတယ်။ လူတဦးချင်းရဲ့  ထုတ်လုပ်မှုနှုန်းမှာလည်း ထိုင်းကမြန်မာထက် (၇) ဆ ပိုများပါတယ်။ နိုင်ငံခြားငွေ လက်ကျန်မှာတော့ ထိုင်းအစိုးရက အဆပေါင်း (၂၀) ကျော် မြန်မာထက်ပိုများပါတယ်။

ထိုင်းနိုင်ငံရဲ့  စီးပွားရေးအခြေခံအဆောက်အအုံဟာ ခေတ်မီပြီး စက်မှုနဲ့ လက်ယာပို့ကုန်လုပ်ငန်း အားကောင်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားနှစ်သန်းခွဲကို အလုပ်ပေးထားနိုင်တဲ့ စီးပွားရေးစနစ် ဖြစ်ပါတယ်။ မြန်မာ့ပညာရေး အသုံးစရိတ်ဟာ တိုင်းပြည်ရဲ့  နှစ်စဉ်အသားတင် ထုတ်လုပ်မှုရဲ့  တစ်ရာခိုင်နှုန်းတောင် မရှိပေမယ့် ထိုင်းက (၄) ရာခိုင်နှုန်း ရှိပါတယ်။ တနည်းဆိုရင် မြန်မာရဲ့  ပညာရေး အသုံးစရိတ်ဟာ ဒေါ်လာသန်း (၇၀၀) သာရှိပြီး ထိုင်းအစိုးရပညာရေးစရိတ်က ဒေါ်လာသန်း (၂၇၀၀) ရှိပါတယ်။ ဗမာစစ်ဗိုလ်ကြီးစိုးတဲ့ အနှစ် (၅၀) ကျော်ကာလမှာ မြန်မာ့ပညာရေးအဆင့်အတန်း ထိုးကျသွားပါတယ်။

ထိုင်းစစ်တပ်ဟာ ရှင်ဘုရင်ကို ရန်ပြုနိုင်တဲ့ ပြည်တွင်အင်အားကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အစောပိုင်းမှာ မင်းဆွေမင်းမျိုးသာ ကြီးစိုးပါတယ်။ သာမန်စစ်သည်တွေ တက်လမ်းမရှိတဲ့အတွက် မင်းဆွေမင်းမျိုးကြီးစိုးတဲ့ ထိုင်းစစ်တပ်ကို ပြုပြင်ဖို့ ၁၉၁၂ ခုနှစ်မှာ အရာရှိငယ်တစုက စစ်အာဏာသိမ်းဖို့ ပထမဦးဆုံး ကြံစည်ခဲ့ပါတယ်။ မအောင်မမြင်ဖြစ်ခဲ့ပေမယ့် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ ခေတ်နဲ့မဆီလျော်တဲ့ အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်ကို ပယ်ဖျက်ပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ ဘုရင်စနစ်ကို ၁၉၃၂ မှာ တည်ထောင်သူဟာ ထိုင်းစစ်ဗိုလ်နဲ့ အရပ်သားဝန်ထမ်းတွေ ဖြစ်ပါတယ်။ အဲဒီကတည်းက အရပ်သားဝန်ထမ်းနဲ့ လက်တွဲတာဟာ ထိုင်းစစ်ဗိုလ်တွေရဲ့  အသွင်လက္ခဏာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ အာဏာရပြီးတာနဲ့ အရပ်သားအမှုထမ်းတွေကို အစေခံဘဝကို ပို့လိုက်ပြီး နေရာတကာမှာ အာဏာပြပါတော့တယ်။

ထိုင်းစစ်ဗိုလ်တွေရဲ့  ထူးခြားတဲ့ ဒုတိယအသွင်လက္ခဏာက နိုင်ငံရေးအမြင် ဖြစ်ပါတယ်။ တိုင်းပြည်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို အရပ်သားအဖွဲ့အစည်းတွေက ဖြေရှင်းနိုင်စွမ်းမရှိရင် ထိုင်းစစ်တပ်က ဝင်ရောက်ဖြေရှင်းပြီး ပြဿာနာကို ရှင်းပေးရမယ်လို့ ထိုင်းစစ်ဗိုလ်တွေက ယုံကြည်ပါတယ်။ ဒါကြောင့် ရေရှည်အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်တွေက မရည်ရွယ်ပါဘူး။ ဗမာစစ်ဗိုလ်တွေကတော့ နိုင်ငံရေး ဘန်းပြပြီး ရာသက်ပန် အာဏာသိမ်းနိုင်ဖို့ အာရုံစိုက်ပါတယ်။

ထိုင်းစစ်ဗိုလ်တွေရဲ့  ထူးခြားတဲ့ တတိယအသွင်လက္ခဏာကတော့ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအင်အားစုလို့ ယူဆတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီ ပြုပြင်ရေးလုပ်ပြီးတာနဲ့ တပ်စခန်းကို ပြန်လေ့ရှိပါတယ်။ ဗမာစစ်ဗိုလ်ကတော့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီးကတည်းက ယုံကြည်ချက်အမျိုးမျိုးကြေညာပြီး နိုင်ငံရေးလုပ်စားလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။

မကြာခဏ အာဏာသိမ်းတဲ့ အစဉ်အလာကြောင့် ထိုင်းစစ်ဗိုလ်တွေဟာ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်ကြပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ မှောင်ခိုလုပ်ငန်းစတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပိုရှာကြပါတယ်။ နယ်စပ်ကုန်သွယ်ရေးကြောင့် ချမ်းသာသွားတဲ့ ထိုင်းစစ်ဗိုလ်တွေ အများကြီးရှိပါတယ်။ နိုင်ငံခြားက စစ်ပစ္စည်းဝယ်ယူတဲ့အခါမှာလည်း ကော်မရှင်ရကြပါတယ်။ ဒါပေမဲ့ ထိုင်းစစ်ဗိုလ်တွေရဲ့  ကိုယ်ကျိုးရှာလုပ်ငန်းဟာ တိုင်းပြည်ကို အကြီးအကျယ် မထိခိုက်တဲ့အတွက် ထိုင်းစီးပွားရေး ရှင်သန်တိုးတက်နေပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ အရည်အချင်းမရှိပေမယ့် ဆိုရှယ်လစ်စနစ်မှာရော၊ ဈေးကွက်စနစ်မှာရော နေရာတကာ ချုပ်ချယ်ပြီး အာဏာပြတာကြောင့် တိုင်းပြည်ရဲ့  လူမှုစီးပွားရေးဘဝ ချွတ်ခြုံကျရပါတယ်။ ဗမာစစ်ဗိုလ်ဟာ နည်းမျိုးစုံသုံးပြီး တိုင်းပြည်ကို ကြီးစိုးနိုင်အောင် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

ဗမာလူမျိုးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ အနည်းဆုံး သဘောထား (၃) မျိုးလောက် ရှိပါတယ်။ ပထမသဘောထားက ဗမာကို မယုံသင်္ကာဖြစ်ပြီး၊ ဗမာဆန့်ကျင်ရေးကို အားပေးတာ ဖြစ်ပါတယ်။ အယုဒ္ဓယမြို့ တော် ဖျက်ဆီးခံရတာကို ထိုင်းနိုင်ငံသားတွေက မမေ့နိုင်ကြတဲ့အတွက် ဗမာကို တမင်နှိမ်ပြီးရေးတဲ့ စာအုပ်စာပေဆိုရင် ဟုတ်ဟုတ်မဟုတ်ဟုတ် ထိုင်းနိုင်ငံမှာ လူကြိုက်များပါတယ်။ ဗမာကို နှိမ်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကိုလည်း ထိုင်းနိုင်ငံမှာ ကြည့်သူများပါတယ်။ ဗမာစစ်အုပ်စုကို မကြိုက်ပေမယ့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ရိုသေလေးစားပြီး မြန်မာလူထုခံစားနေရတဲ့ အတိဒုက္ခကို စာနာထောက်ထားတာဟာ ဒုတိယသဘောထား ဖြစ်ပါတယ်။ ဒီလိုသဘောထားရှိသူတွေဟာ မြန်မာဒုက္ခသည်နဲ့ အတိုက်အခံလှုပ်ရှားမှုကို ကူညီကြပါတယ်။ တတိယကတော့ ဗမာအစိုးရ ဘာလုပ်လုပ် စီးပွားရေးအရ အမြတ်ရရင်ပြီးရောဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းတိုင်း ဒီမိုကရေစီအတွက် အနုတ်လက္ခဏာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ထိုင်းစစ်ဗိုလ်တွေဟာ ဗမာစစ်ဗိုလ်တွေလို ရာသက်ပန် ကြီးစိုးဖို့ စိတ်ကူးမရှိပါဘူး။ အချိန်တန်ရင် အစဉ်အလာအတိုင်း စစ်တန်းလျားကို ပြန်ကြမှာမို့ ယာယီဆုတ်ယုတ်တဲ့ သဘောသာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ နေပြည်တော် တည်ဆောက်ပြီး အခိုင်အမာ နေရာယူထားတာမို့ စစ်တန်းလျားပြန်ဖို့ဆိုတာ ဝေလာဝေး စိတ်ကူးထဲတောင် ထည့်ထားပုံမရသေးဘူးလို့ ယူဆရပါတယ်။

VOA


သေနတ်တစ်ချက် မဖောက်ရဘဲ မြန်မာနိုင်ငံနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်လာနိုင်ဟု အိုဘားမားပြော



မြန်မာနိုင်ငံသည် နောက်ကြောင်းပြန်မလှည့်ဘဲ အောင်မြင်ခဲ့လျှင် အမေရိကန်သည် သေနတ်တစ်ချက်မျှ မဖောက်လိုက်ရဘဲ လုပ်ဖော်ကိုင်ဖက်အသစ်ရလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ အိုဘားမားက ကြုံးဝါးလိုက်သည်။

“အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဖြစ်ထွန်းလာဖို့အတွက်၊ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှတွေ၊ ချော့ပြီးစည်းရုံးတာတွေနဲ့ တစ်ခါတစ်ရံမှာ လူသိရှင်ကြားဝေဖန်တာမျိုးတွေ ပြုလုပ်ပြီး၊ ကူညီထောက် ပံ့နေ ပါတယ်။ တိုးတက်မှုဟာ နောက်ပြန်ဆုတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အောင်မြင်သွားမယ်ဆိုရင် ကျွန်တော်တို့ဟာ သေနတ်တစ်ချက်မှမဖောက်လိုက်ရဘဲ မိတ်ဆွေ နိုင် ငံသစ်တစ်ခု ရလာပါလိမ့်မယ်” ဟု အိုဘားမားက ပြောသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ (West Point Military Academy) တွင် မေ ၂၈ ရက်က စစ်ရေး လေ့ကျင့်ကျောင်းသားများကို မိန့် ခွန်းပြောရာတွင် ပြောခြင်းဖြစ်သည်။

အိုဘားမား၏ မိန့်ခွန်းနှင့် ပတ်သက်၍ “ဒီလိုအချိန်မှာ ဒီလိုစကားမျိုးမပြောသင့်ဘူး။ အင်အားကြီး နိုင်ငံတွေ အားပြိုင်နေချိန်၊ ကျွန်းဆွယ်နိုင်ငံတွေ အားကောင်းနေချိန်မှာ အမေရိကန်က လုပ်ရင်ဖြစ်တယ် ဆိုတာမျိုး ပေါ့” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

ထို့ပြင် ဦးသန်းစိုးနိုင်က မြန်မာနိုင်ငံသည် “ တရုတ်ရင်ခွင်ထဲဝင်တာလည်း မကောင်းဘူး၊ အမေရိကန် ရင် ခွင်ထဲ ၀င်တာလည်း မကောင်းဘူး” ဟု ဆိုသည်။

“မြန်မာနိုင်ငံသားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အမေရိကန်ခေါင်းဆောင်မှုနဲ့ သံတမန်ရေး စွမ်းဆောင်ကြိုးပမ်း မှု တွေကြောင့် တစ်ချိန်ကပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းက မြန်မာခေါင်းဆောင်တွေဟာ မြောက်ကိုရီး ယား နဲ့ ခွဲခွာပြီး အမေရိကန်အပါအ၀င် မဟာမိတ်တွေနဲ့ထိတွေ့ဆက်ဆံမှု ပြုလာခဲ့ပါတယ်” ဟု အိုဘားမားက ဆိုသည်။

အိုဘားမားက မြန်မာနိုင်ငံကို တင်စားပြောဆိုရာတွင် အမေရိကန်ကို ရန်လုပ်နေသည့် “ပေကပ်ကပ်နဲ့ အာ ဏာရှင်နိုင်ငံတစ်ခု” ဟု ထည့်သွင်းပြောဆိုသည်။အိုဘားမား၏ ပြောဆိုချက်အရ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ် နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုလည်း ထောက်ခံနေသည်ဟု ဆိုသည်။

သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ လုပ်ဖောက်ကိုင်ဖက်ဖြစ်သွားနိုင်သည်ဟူသည့် အိုဘားမား၏ ပြော စကားနှင့် ပတ်သက်၍ “ ဒီစကားကတော့ အိုဘားမားက သူ့ကိုယ်သူ တော်တော် Over Confident (ယုံကြည်မှုလွန်ကဲခြင်း) ဖြစ်တာပဲဗျ။ ကျွန်တော်ကတော့ မကြိုက်ဘူး၊ မြန်မာနိုင်ငံ အပြောင်းအလဲမှာ အမေရိကန်ရဲ့ အကူအညီ အပြည့်အ၀မပါပါဘူး” ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဝင်းထွဋ်ဇော်ကမူ ““မြန်မာနိုင်ငံကို ဒီလိုမျိုး ဝေဖန်ဖို့ နည်းနည်းစောသေး တယ်လို့ ထင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ချော့မြူကာ ပြောရသည်များရှိသလို တစ်ခါတစ်ရံလည်း လူသိ ရှင်ကြား ထုတ်ဖော်ဝေဖန်ရသည်ဟုဆိုပြီး နောက်ပြန်လှည့်ကောင်းလှည့်သွား နိုင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ဟု အိုဘားမားက ဆိုသည်။

မြတ်ကျော်သူ| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ်။
Mizzima Burmese


သေနတ်တစ်လက်ကိုင်ပြီး လူထုဘက်ကရပ်သတဲ့




(တစ်)
အရှေ့တောင်အာရှမှာ ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကိုတက်သွားကြတဲ့ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်ဟာ တော်တော်ကလေး စောသဗျ။ တေးထားမှတ်ထားတဲ့ စာရွက်ကလေးတွေ ပြန်ကြည့်တော့ အခုလိုတွေ့ပါတယ်။

ဖိလစ်ပိုင် (၁၉၈၆)

တောင်ကိုရီးယား (၁၉၈၇)

တိုင်ပေ (၁၉၈၇)

မွန်ဂိုလီးယား (၁၉၉၀)

ကမ္ဘောဒီးယား (၁၉၉၁)

ထိုင်း (၁၉၉၂)

အင်ဒိုနီးရှား (၁၉၉၉) တဲ့။

ဒီအမှတ်အသားအတိုင်းဆို ရင်ဖြင့် ဖိလစ်ပိုင်ဟာ တော်တော် စောတဲ့ နိုင်ငံတစ်ခုပဲပေါ့။

ဖိလစ်ပိုင်ကိုကြည့်တဲ့အခါ အနှစ် ၂၀ လောက်ဟာ အမှောင် ကြီးပါ။ ၁၉၆၅ ကနေ ၁၉၈၆ အထိ။ အုပ်စိုးသူ အာဏာရှင်က ဖာဒီနန်မားကို့စ် (Ferdinand Marcos)။ အမေရိကန်ဒေါ်လာ ၅ ဘီလီယံချမ်းသာတယ်ဆိုတဲ့ မား  ကို့စ်။ ဇနီးသည် အီမယ်ဒါမားကို့စ် ဆီမှာ လေဒီရှူးအရန် ၂,၇၀၀ ရှိ တယ်ဆိုတဲ့ မားကို့စ်။ အတိုက် အခံသုံးသောင်းကျော်ကို သတ် ပစ်တယ်ဆိုတဲ့ မားကို့စ်။ အတိုက် အခံခေါင်းဆောင်တစ်ယောက် ဖြစ်သူ ဘီနင်နိုအကွီနို (Benigno Aquino)ကို ၁၉၇၂ ကနေ ၁၉၈၀ အထိ ထောင်ထဲထည့်ထားရုံသာ မက အမေရိကန်ကနေ ဆေးကု ပြီးပြန်အလာ မနီလာလေဆိပ်မှာ တွင် ပစ်သတ်စေခဲ့တဲ့ မားကို့စ် (၂၁-၈-၈၃)။ မတတ်သာလို့ ၁၉၈၆ ဖေဖော်ဝါရီ ၇ မှာ ရွေး ကောက်ပွဲလုပ်ပေးလိုက်တဲ့အခါ သူသတ်ပစ်ခဲ့သူရဲ့ဇနီး ကိုရာဇန် အကွီနို (Corazan Aquino) အနိုင်ရတာကို လက်မခံဘဲ သူသာရရှိကြောင်း ဇွတ်ကြေညာခဲ့သူမားကို့စ်။

အဲသည့်အချိန်မှာ အကြီး ကျယ်ဆုံးတိုက်ပွဲနဲ့ တိုးခဲ့ရသူက စစ်တပ်အကြီးအကဲ ရာမို့စ် (Ramos) ပါ။

(နှစ်)

ရာမို့စ်ဟာ အာဏာရှင် မားကို့စ်ခေတ်ရဲ့ လက်နက်ကိုင် တပ်များ အကြီးအကဲပါ။ ရှင်း ရှင်းပြောရရင် ကာကွယ်ရေးဦးစီး ချုပ်လို့ပဲ ဆိုကြပါစို့။

သူမနိုင်ဘဲနဲ့ ရွေးကောက်ပွဲ မှာ အနိုင်ရတာဟာ သူပါပဲလို့ အာဏာရှင်မားကို့စ်က ကြေညာ ချလိုက်တဲ့အခါ ထုံးစံအတိုင်း လူ ထုက လမ်းပေါ်ထွက်ချလာတော့ တာပါပဲ။ မနီလာမြို့တော်မှာ လူ ငါးသိန်းတဲ့ခင်ဗျ။ အာဏာရှင် စနစ်အလိုမရှိ။ ဒီမိုကရေစီရရှိရေး ဒို့အရေး။ လက်နက်ကိုင်ဝါဒကျ ဆုံးပါစေ စသည်စသည်။

ရာမို့စ်အကြီးကျယ်ဆုံးတိုက် ပွဲနဲ့ ကြုံရပါပြီ။ အဇ္ဈတ္တတိုက်ပွဲ။ ဘယ်ဘက်က ရပ်မလဲဆိုတဲ့ ပြဿနာ။ နိုင်ငံတော်ရဲ့ သယံဇာတ၊ ဓနဥစ္စာစည်းစိမ်ချမ်းသာတွေကို သူနဲ့ သူ့လူတစ်စုတို့အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေတဲ့ အာဏာရှင်မားကို့စ်ဘက်က ရပ်တည်မလား၊ ကျောက်စရစ် တောခေါင်ခေါင်မှာ အတောင် ကျွတ်တဲ့ကြိုးကြာ ရေရှာမရသလို ဖြစ်နေတဲ့ ပြည်သူလူထုဘက်က ရပ်တည်မလား။ အဲသည့်တိုက်ပွဲပါ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြော်အမြင်နဲ့ဆိုင်တဲ့ တိုက်ပွဲ။ လက်နက်ကိုင် တစ်ယောက်ရဲ့ ဉာဏ်ခံဘယ်လောက် ကြီး၊ မကြီးဆုံးဖြတ်ရတဲ့တိုက်ပွဲ။

တစ်ကမ္ဘာလုံးအံ့ဩသွားခဲ့ရ တယ်ခင်ဗျ။ အာဏာရှင်နိုင်ငံရဲ့ စစ်တပ်အကြီးအကဲက လူထု ဘက်ကနေ ရပ်တည်လိုက်ပါလေ သတဲ့။ ဖီဒယ်လ်ရာမို့စ် (Fidel Valdez Ramos)။

(သုံး)

ရာမို့စ်က United States Military Academy ကနေ ကျောင်းဆင်းတဲ့သူပါ။ အမေရိ ကန် စစ်ကျောင်းဆင်းလို့ဆိုပါ တော့။ မြို့ပြဆိုင်ရာ အင်ဂျင်နီ ယာ မဟာဘွဲ့ကိုရတာကလည်း အမေရိကန်ကပါပဲ။ University of illinois တက္ကသိုလ်တဲ့။

အမျိုးသား ကာကွယ်ရေး စီမံခန့်ခွဲမှုဘွဲ့ကိုတော့ ဖိလစ်ပိုင် ကနေပဲ ယူပါတယ်။ National Defense College of the Phili-ppines တဲ့။ MBA ဘွဲ့ကိုတော့ Manila University ကနေပဲ ယူပါ တယ်။ ဖိလစ်ပိုင်တက္ကသိုလ်ပါပဲ။

စစ်မှုထမ်းရာမို့စ်ဟာ အာ ဏာရှင် မားကို့စ်လက်ထက်မှာ လက်နက်ကိုင်တပ်များရဲ့ အကြီး အကဲဖြစ်နေပါပြီ။ Chief of Staff of the Armed Forces of the Philippines တဲ့။

လူထုနဲ့ အာဏာရှင်သမ္မတ ရင်ဆိုင်တိုက်ပွဲမှာ ဘယ်ဘက်က ဝင်ပါမလဲလို့ ဆုံးဖြတ်ခဲ့ရသူဟာ အဲသည့်ရာမို့စ်ပါ။

အများသိတော်မူပြီးကြတဲ့ အတိုင်း ပြည်သူ့တပ်မတော်ဟာ ပြည်သူကိုပဲ ကာကွယ်ရမယ်လို့ ရာမို့စ်ဆုံးဖြတ်လိုက်တာကအစ ၁၉၈၆ မှာ ဖိလစ်ပိုင်နိုင်ငံဟာ ဒီမိုကရေစီလမ်းမပေါ် ခပ်စော စော ခြေချနိုင်ခဲ့တာပဲမဟုတ်ဘူး လား။

(လေး)

ရှေ့နားမှာ ပြောထားခဲ့သလို ဖိလစ်ပိုင်ဟာ အလင်းကိုရောက် ရှိတာစောပါတယ်။ အဲသလို စော ဖို့အတွက် သူ့စိတ်တွင်းတိုက်ပွဲကို ရာမို့စ်တစ်ယောက် ခက်ခက်ခဲခဲ ဆင်နွှဲခဲ့ရတာပါ။

သေနတ်တစ်လက်၊ ကျည် ဆန်တစ်တောင့်နဲ့ တိုက်ပွဲတစ်ပွဲ ကို ဆင်နွှဲတဲ့အခါ ရန်သူ့စခန်းတစ် ခု၊ တောင်ကုန်းတစ်လုံး၊ မြို့ပျက် ရွာပျက်ကြီးတစ်နေရာရာကို သိမ်း ပိုက်ရကောင်း သိမ်းပိုက်ရနိုင်ပါ တယ်။

အမှားအမှန်ဘယ်ဘက်က ရပ်မလဲဆိုတဲ့ စိတ်တိုက်ပွဲမှာ ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ် အနိုင်ရလိုက်ပုံက ပြည်သူလူထု တစ်ရပ်လုံး၊ သမိုင်းမှတ်တမ်း တစ်ခုလုံး၊ ဓမ္မကိုမြတ်နိုးသူ ကမ္ဘာ သူ၊ ကမ္ဘာသားတို့ရဲ့ နှလုံးသား ကမ္ပည်းမော်ကွန်းတစ်ခုလုံး။   ။



မောင်သာချို
7day daily

မှိုစားမည်ဆိုလျှင် အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်


မိုးရာသီသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် အမျိုးမျိုးသောမှိုတို့ ဖူးပွင့်လာကြသည်။ သဘာဝ အလေ့ကျ ပေါက်သောမှိုနှင့် စီးပွားဖြစ်စိုက်ပျိုးသော မှိုဟူ၍ နှစ်မျိုးနှစ်စား တွေ့ရသည်။ မှိုတို့၏ အဆင်းသဏ္ဌာန် သည် မြင်ရသူအပေါင်းအား စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ရာသီပေါ်သီးနှံ ဖြစ်သည့်အပြင်

တစ်နှစ်မှ တစ်ကြိမ်တစ်ခါ သာ ပေါပေါများများ တွေ့ရ၍ လူတို့မက်မက်မောမော ရှိကြသည်။

လွန်ခဲ့သော ဘီစီရာစု နှစ်ပေါင်းများစွာ ကတည်းက တရုတ်လူမျိုးတို့သည် အစားအစာ အဖြစ်သော် လည်းကောင်း၊ ဆေးဝါးအဖြစ်သော် လည်းကောင်း မှိုကိုစတင် အသုံးပြုခဲ့ကြသည်ဟု သမိုင်းအထောက် အထားများအရ သိရသည်။ စား၍ရသော မှိုတို့တွင် ကျန်းမာရေးကို အထောက်အကူပြုသော အာဟာရဓာတ်နှင့် ဂုဏ်သတ္တိများစွာ ပါဝင်ပေ သည်။ မှိုတွင်ပါဝင်သော ရှုပ်ထွေးကစီဓာတ် (Polysaccharides) များသည် လူ၏ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေ သည်။ Triterpenes ဟုခေါ်သော စတီးရွိုက်နှင့်တူသည့် မော်လီကျူးငယ် များသည် ခန္ဓာကိုယ် ရောင်ရမ်းမှု ကို လျော့ပါးသက်သာ စေနိုင်သည်။ အမျိုးသမီးများတွင် မဟော်မုန်း (Estrogen)ကို ဖြစ်စေသည့် Aromatase အင်ဇိုင်းကို နှောင့်ယှက်ဟန့်တား နိုင်သဖြင့် ရင်သားကင်ဆာ ဖြစ်ပွားလာနိုင်မှုကို လျှော့ချပေးသည်။

အသီးအရွက် တော်တော်များများတွင် တွေ့ရလေ့မရှိသည့် ဘီဝမ်း၊ ဘီတူး၊ ဘီသရီးနှင့် ဘီဖိုက်တို့ကဲ့သို့ ဗီတာမင်ဘီ အုပ်စုများ မှိုတွင်ပါဝင်သည်။ ခန္ဓာကိုယ်၌ ကယ်လ်စီယမ် စုပ်ယူနိုင်ရန် လိုအပ်သော ဗီတာမင်ဒီအပြင် အရေးပါသော သတ္တုဓာတ်များ ဖြစ်သည့် ပိုတက်စီယမ်၊ ဖော့စ်ဖောရပ်၊ ဇင့်နှင့် မဂ္ဂနီဆီယမ်တို့ကို မှိုတွင်များစွာ တွေ့ရသည်။ ဆီလီနီယမ်ကဲ့သို့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းမျိုးပါ ပါဝင်ပေသည်။ အမျှင်ဓာတ်များစွာ ပါဝင်သော မှိုသည် တစ်အောင်စလျှင် ကယ်လိုရီ ၂ဝ သာ ပါဝင်သဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများနှင့် သင့်လျော်သည်။ အသားဓာတ် ပါဝင်သည့် အတွက်လည်း သက်သတ်လွတ် သမားများ စားသုံးရန်သင့်သည်။ ယခု အခါ အချို့မှိုမျိုးစိတ် တို့ကို ပဋိဇီဝ ပိုးသတ်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုလာကြသည်။ လင်ဇီးကဲ့သို့ မှိုမျိုးစိတ် များကိုလည်း ဈေးကွက်ဝင် အားဆေးများအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းမှာ မှို၏ အစွမ်းသတ္တိများ ပင်ဖြစ်ပေသည်။

မြန်မာလူမျိုးများသည် မှိုကို အမျိုးမျိုးကြော်ချက် စားသုံးကြသည်။ မှိုဆီပြန်ချက်၊ မှိုချဉ်စပ်ဟင်းဟူ၍ သီးသန့်တစ်မျိုး တည်း စားသုံးသည့်အပြင် ကန်စွန်းရွက်၊ ကင်ပွန်းချဉ်၊ အသားအမျိုးမျိုးတို့နှင့် ရောနှောချက်ပြုတ် စားသုံးလေ့ရှိ သည်။ မှိုနှင့်ရောစပ် ၍ မစားသင့်သော အစားအစာများလည်း ရှိသေးသည်။ ၎င်းတို့မှာ မှိုနှင့် ကြက်ဟင်းခါးသီး၊ မှိုနှင့်ခံသီး၊ မှိုနှင့်ပဲကျားလှော်၊ မှိုနှင့်ပျားရည်/ နို့ရည်၊ မှိုနှင့် ဖောင်စီးကဏန်း၊ မှိုနှင့်ယုန်သား၊ မှိုနှင့် ချေချေးခါးတို့ ဖြစ်သည်။ စား၍မရသော မှိုအချင်းချင်း (ဥပမာ-ကောက်ရိုးမှိုနှင့် ဖက်ဆွတ်မှို)ကိုလည်း တွဲဖက်၍ မစားသုံးသင့်ပေ။ စားသုံးရန်မှိုကို ဈေးမှဝယ်၍သော် လည်းကောင်း၊ ကိုယ်တိုင်ခူးဆွတ်၍ သော်လည်းကောင်း ရရှိကြသည်။ ကျေးလက်ဒေသများ၌ မိုးရာသီတွင် မှိုကိုဟင်းစား တစ်မျိုးအနေဖြင့် တောထဲတောင်ထဲမှ တကူးတက ရှာဖွေခူးဆွတ်ကာ နှစ်သက်စွာ စားသုံးကြသည်။ မှိုရသည့် မျက်နှာဖြင့် နဂိုဟင်းထက် မှိုဟင်းကို မက်မောကြသည်။

ထိုကဲ့သို့ မှိုကိုကိုယ်တိုင် ခူးယူစားသောက်သည့်အခါ လူကိုအန္တရာယ် မပေးသော၊ အဆိပ်အတောက် မဖြစ်သော မှိုဖြစ်ရန် အရေးကြီးသည်။ မြန်မာပြည်တွင် တွေ့ရများသော စား၍ရသည့်မှိုများမှာ တောင်ပို့မှို၊ ဖက်ဆွတ်မှို၊ ကောက်ရိုးမှို၊ ဆန်ကွဲမှို၊ နို့မှို၊ သစ်တုံးမှို၊ မှိုမွှေး၊ မှိုဥနှင့် စိုက်ပျိုးရေးမှိုတို့ဖြစ်သည်။ မမြင်ဖူး၊ မတွေ့ဖူးသော မှိုများကို ခူးယူ၍ မစားသုံး သင့်ပေ။ ကမ္ဘာပေါ်တွင် မှိုမျိုးကွဲပေါင်း ၄၅ဝဝဝ ခန့်ရှိသည့်အနက် ၂ဝဝဝ ကျော်သာ စား၍ရသော၊ လူကိုဘေးဥပဒ် မဖြစ်သော မှိုများဖြစ်သည်။ ၎င်းတို့အနက် အမျိုးပေါင်း ၂ဝ ကျော်ကိုသာ စိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိသည်။ သို့ဖြစ်ရာ စား၍ရသောမှိုနှင့် စား၍မရသောမှိုဟူ၍ ခွဲခြားတတ်ရန် မှာလည်း အလွန် အရေးကြီးသည်။

အဆိပ်အတောက်ပါသော မှိုတို့သည် အချိန်အခါမဟုတ်ဘဲ ဖူးပွင့်တတ်သည်။ အရောင်လှပ တောက်ပြောင်သည်။ အနံ့စူးရှ ဆိုးရွားသည်။ မှိုရိုးတံတွင် ကြီးမားတုတ်ခိုင်သော ''ခြေချင်း''ပါတတ်သည်။ မှိုထီးရွက် အပေါ်ဘက် မျက်နှာပြင် တွင် အစက်အပြောက်များ ပါတတ်သည်။ မှိုထီးရွက်နှင့် ခြေချင်းအကြားတွင် အကွင်းပို၊ အဖုပိုများပါ တတ်သည်။ မသန့်ရှင်း ညစ်ပတ်သော နေရာများ၊ အညစ်အကြေးများ အနီးတွင် ပေါက်တတ်သည်။ ၎င်းသွင်ပြင် လက္ခဏာများအပြင် အဆိပ်အတောက် ရှိကြောင်းကို စမ်းသပ်ကြည့်နိုင်သည်။ မှိုရိုးတံကို ချေကြည့် သည့်အခါ မည်းနက်သွား ပါက၊ နို့ရောင်အရည်များ ထွက်လာပါက အဆိပ်အတောက် ပါဝင်နိုင်သည်။

ဆားရည်ထဲတွင် အဆိပ်အတောက် ရှိသောမှိုကို ထည့်ကြည့်ပါက မှိုထီးရွက်၏ အောက်ဘက် မျက်နှာပြင်များ ပြာသွား၊ နက်သွားသည်။ ဆားရည်လည်း အရောင်ပြောင်းလဲသွားသည်။ မှိုဟင်းချက်သော အိုးထဲသို့ ငွေကြိုးမျှင် တစ်ခု ထည့်ကြည့်ပါက အဆိပ်အတောက်ရှိလျှင် ၎င်းငွေကြိုး၏ အရောင်မှာ အနက်ရောင်အဖြစ် ပြောင်းလဲသွား သည်။ အဆိပ်ရှိသော မှိုတို့တွင် သေမင်းဦးထုပ်ခေါ် Amanita halloides အုပ်စုဝင်မှိုသည် စားပြီးနာရီပိုင်း၊ ရက်ပိုင်းအတွင်း အသည်းနှင့် ကျောက်ကပ်များ ပျက်စီးသေဆုံးနိုင်သည်။ အချိန်မီ အသည်းနှင့် ကျောက်ကပ် အစားပြန်ထိုးနိုင်မှသာ အသက်ရှင်နိုင်မည် ဖြစ်သည်။ Psilocybin ကဲ့သို့ မှိုမျိုးနွယ်စု တို့သည်လည်း စားသုံးသည် သူအား အမြင်အကြား ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ စိတ်ကယောက် ကယက်ဖြစ်ခြင်း စသည်တို့ကို စားပြီး နာရီပိုင်းအတွင်း ခံစားရနိုင်သည်။ အခြားသော လူကိုအသက်အန္တရာယ် ထိခိုက်စေသည် အထိ ဒုက္ခပေးနိုင်သော မှိုအမျိုးအစားပေါင်း များစွာလည်း ရှိသေးသည်။

အများစုသော မှိုတို့သည် စားသုံးသူတို့နှင့် မတည့်သည့်အခါ အော့အန်ခြင်း၊ မျက်စိများပြာလာခြင်း၊ မူးဝေလာခြင်း၊ ရုတ်တရက် ပြင်းထန်စွာ ဝမ်းဗိုက်နာကျင်ခြင်း၊ ချွေးစေးများ၊ တံတွေးများ အလိုလိုထွက်လာခြင်း၊ နှလုံးခုန်နှုန်း အသက်ရှူနှုန်း မြန်လာခြင်း၊ ဝမ်းသွားခြင်းတို့ကို ဖြစ်စေနိုင်သည်။ မှိုအဆိပ်ပြင်းထန်ပါက အသက်ဆုံးရှုံးရသည် အထိ အန္တရာယ်ရှိသည်။

''အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုတ်“ ဟူသော စကားအရ အဆိပ်ရှိသော မှိုကို မှားယွင်းစွာ စားသုံးမိလျှင် အစားတစ်လုတ်ထဲနှင့်ပင် အသက်သေဆုံး သွားနိုင်သည်။ မှိုအဆိပ်သင့်ရခြင်း၏ အဓိကအကြောင်း ရင်းမှာ အဆိပ်ရှိသောမှိုကို စား၍ရသော မှိုဟုယူဆပြီး စားသုံးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ''ဥစ္စာကံစောင့် အသက် ဥာဏ်စောင့်'' ဟူသည့်အတိုင်း စား၍ရသောမှိုနှင့် အဆိပ်ရှိသော မှိုတို့ကို အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်၍ စားသုံးရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

မြ၀တီ


ကမ္ဘာ့ဖလားကို ကြိုဆိုသည့် လမ်းဘေးအရုပ်ကြီးများ


ကမ္ဘာ့ဖလားကို ကြိုဆိုသည့် လမ်းဘေးအရုပ်ကြီးများ
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်မှ ခြေစစ်ပွဲအောင်သော အသင်းများတွင် တရုတ်နိုင်ငံ
မပါဝင်ခဲ့ချေ။ သို့သော်လည်း တရုတ်နိုင်ငံသားများ အနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှ ပွဲကြီးပွဲကောင်းများအတွက် ကြိုတင်တက်ကြွ ရူးသွပ်နေပြီ ဆိုသည်ကိုမူ လမ်းဘေးတစ်နေရာမှ အရုပ်ကြီးများက သက်သေပြလျှက် ရှိသည်။

အင်္ဂလန် တိုက်စစ်မှူး ဝိန်းရွန်နီ၊ ဥရုဂွေးမှ လူးဝစ်ဆွာရက်ဇ်၊ ဂျာမနီမှ ဘက်စတိန်း ရှဝိန်းစတိုင်ဂါနှင့် မီဆွတ်အိုဇေးလ်တို့ အပါအဝင် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နာမည်ကျော် ကစားသမား အချို့၏ ရယ်ရွှင်ဖွယ် ကာတွန်းရုပ်ကြီးများကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ဟောင်ကောင်မြို့ လမ်းဘေးတစ်နေရာတွင် တွေ့ရှိနေရပြီ ဖြစ်သည်။




ယင်းရုပ်တုကြီးများကို ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးဂုဏ်ပြုကာ ထုလုပ်ထားခြင်း ဖြစ်သည်။ ယင်းပုံတူ ရုပ်တု၏ မူလရည်ညွှန်းရာ ကစားသမားများသည် အာရှတလွှားနှင့် ဟောင်ကောင်တွင် လူသိများသူများလည်း ဖြစ်နေသည်။ ရုပ်ပြောင်ဖန်တီးထားသည့် အရုပ်ကြီးများတွင် ရှုပ်ထွေးကောက်ကွေးနေသည့် ဆံပင်အုံကြီးကြောင့် လူအများ သတိပြုမိလေ့ရှိသည့် ဘယ်လ်ဂျီယံ ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီ၊ အင်္ဂလန် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်တို့လည်း အပါအဝင် ဖြစ်သည်။

ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်သော်လည်း ရွန်နီ၏ အသားအရောင်မှာ အညိုဘက်သို့ သိသိသာသာ ကူးပြောင်းနေပြီး ရှဝိန်းစတိုင်ဂါ၏ ဆံပင်မှာလည်း အနက်ရောင် ဖြစ်နေသည့် အချက်များမှာမူ ပြင်ပနှင့် ကွဲလွဲနေသည့်အတွက် ဝေဖန်မှု အချို့လည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။

planet


ဘ၀မှာ အကောင်းဆုံးကတော့ လွတ်လပ်မှု….ဆိုတဲ့ လက်ဝှေ့မယ်


သြစတြေးလျ၊ မေ ၂၉

သြစတြေးလျလက်ဝှေ့မယ် လော်ရန်အီးဂဲလ် ရဲ့ ညှို့အားပြင်းရိုက်ချက်တွေကတော့ လက်ဖျားခါ လောက်ပါတယ်။ သူက အိမ်ထောက်ဘက်ရှာဖွေတဲ့ ၀က်ဘ်ဆိုက်တစ်ခုအတွက် ဓါတ်ပုံတွေရိုက်ကူးပေးခဲ့
တာဖြစ်ပြီး ကြည့်ရတာ အချစ်ကြိုးဝိုင်းပေါ်မှာအလဲထိုးရမယ့် ပြိုင်ဘက်ကို ရှာဖွေနေပုံပါပဲ။ ပရော်ဖက်ရှင် နယ်လက်ဝှေ့နဲ့ ရေလွှာလျှောစီးကစားသမား လော်ရန်ဟာ ၂၀၁၃ ခုနှစ်မှာ ရပ်ဘီကြယ်ပွင့် တော့ဒ်ကာနေး နဲ့ လမ်းခွဲခဲ့သလို လက်ဝှေ့သမား လပ်ဗ်မိုးအန်ဒူနဲ့လည်း တွဲခုတ်ခဲ့ပါသေးတယ်။

လော်ရန်ဟာ အိမ်ထောက်ဘက်ရှာဖွေတဲ့ ၀က်ဘ်ဆိုက်အတွက် အ၀ါနဲ့အဖြူကြား အတွင်းခံ ၀တ်စုံ နဲ့ ဓါတ်ပုံရိုက်ကူးပေးပို့ခဲ့တာဖြစ်ပြီး “ဘ၀မှာ အကောင်းဆုံးကတော့ လွတ်လပ်မှုပါပဲ” လို့လည်း ရေးသားခဲ့ ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ကသြစတြေးလျထုတ် Maxim မဂ္ဂဇင်းအတွက်ညှို့အားပြင်းဓါတ်ပုံတွေရိုက်ကူးပေး ခဲ့တဲ့ လော်ရန်ဟာ အဲဒီမဂ္ဂဇင်းရဲ့ မေလအတွက် အမေရိကန်ထုတ်မှာလည်း သရုပ်ဖော်ပုံရိုက်ကူးခံခဲ့ပါသေး တယ်။


အသက် ၂၆ နှစ်သာရှိသေးတဲ့သူဟာ လက်ဝှေ့ရေးမှာလဲ ခေသူတစ်ဦးမဟုတ်ပါဘူး။ ၂၀၁၃ မှာ သြစတြေးလျအမျိုးသမီး လိုက်ဝိတ်တန်းချန်ပီယံဖြစ်လာခဲ့ပြီး ထိုးသတ်ထားတဲ့လက်ဝှေ့ပွဲ ၁၂ ပွဲမှာ ရှစ်ပွဲအနိုင်ရကာ အလဲထိုးပွဲက သုံးပွဲပါဝင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် ရေလွှာလျှောစီးပြိုင်ပွဲ မှာလည်း တတိယရခဲ့ပေမဲ့ ၂၀၀၈ မှာ ဖခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အဲဒီအားကစားနည်းကနေ အနားယူခဲ့ပါတယ်။

ရည်ညွှန်း Dailymail

ဝေဘုန်းလူ
Mizzima – News in Burmese


လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး


တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး(H7N9) သည် တရုတ်နိုင်ငံ အတွင်း တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာပြီး လတ်တလောတွင် ကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း နီးကပ်နေသော ကွမ်းဇီးပြည်နယ်သို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။ H7N9 သည် မြန်မာနိုင်ငံ အပါအ၀င်အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိရန်အလွန် နီးစပ်နေကြောင်း ဘန်ကောက်အခြေစိုက် FAO တိရစ္ဆာန်ကျန်းမာရေးအစီ အစဉ်မှ ဒေါက်တာတိုနီဝီယံကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်  H7N9 အတွက် ကြိုတင်ပြင်ဆင် ရန် ဦးစားပေးနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAOက သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ မေလ ၂၆ရက်ထုတ် အသားကဏ္ဍသတင်းလွှာတွင် ထပ်မံဖော်ပြထားသည်။

‘‘ဗိုင်းရပ်စ်ပိုးရှာဖွေဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီးမွေးကု ဦးစီးဌာနဓာတ်ခွဲခန်းများအနေနဲ့ အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ FAO အဖွဲ့အနေနဲ့ တတ်စွမ်းသမျှဦးစားပေးပံ့ပိုးသွားမယ်လို့သိရပါတယ် ’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လူနှင့်တိရစ္ဆာန်အပြန်အလှန်ကူးစက်နိုင်သော H7N9 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံFAOကိုယ်စားလှယ်ရုံး၊ အမေရိကန်အကူအညီပေးရေးအဖွဲ့(USAID)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့်ရောဂါကာကွယ်ရေးစီမံကိန်း(Prevent Project) အဖွဲ့များမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သတိပေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့ သတိပေးစကားပြောကြားနိုင်ရန်အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများသည် ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးမြို့များရှိ ကြက်၊ ဘဲဈေးများနှင့်မွေးမြူရေးဇုန်များ၏ ကုန်ထုတ်လုပ်မှုပုံစံများကို ကွင်းဆင်းလေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။

‘‘ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများကျရောက်မယ့် အန္တရာယ်လျော့ပါးရေးအစီအမံတွေကို အားဖြည့်ဆောင်ရွက်သွား မယ်လို့ ဆွေးနွေးသွားမယ်။ ကြက်၊ ဘဲဈေးနဲ့ မွေးမြူရေးဇုန်တွေမှာ ဆောင်ရွက်မယ့် အစီအမံတွေနဲ့ပတ်သက်ပြီး မွေးမြူရေးအဖွဲ့ချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးမျှော်လင့်တယ်လို့လည်းဆွေး နွေးခဲ့ကြတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ လူသို့မကူးစက်နိုင်ရန် အသားတိုးကြက်ထုတ်လုပ် မွေးမြူရောင်းချသူများအဖွဲ့က ခေတ်မီကြက်သတ်စက်ဖြင့် ကြက်သားထုတ်လုပ်သည့်စနစ်သို့ ကူးပြောင်းနိုင်မည့် နည်းဗျူဟာတစ်ရပ်ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။

7day daily



မြန်မာပြည်မှာ လုပ်ကိုင်မယ့် နိုင်ငံတကာဘဏ်တွေကို ဗဟိုဘဏ် ရွေးချယ်တော့မယ်


နိုင်ငံခြားဘဏ်တွေကို လိုင်စင်ချပေးဖို့ ဗဟိုဘဏ်ဥက္ကဌဦးဆောင်တဲ့ ကော်မတီတစ်ခု သမ္မတရုံးညွှန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ခန့်မှန်းခြေ နိုင်ငံခြားဘဏ် ၄ဝလောက်ထဲက ၁ဝခုကို ၂ဝ၁၄နှစ်ကုန်မှာ ရွေးချယ်နိုင်ဖို့ လျှောက်လွှာတွေ လက်ခံနေပါပြီ။ မြန်မာပြည်မှာ နိုင်ငံခြားဘဏ်တွေ ဖွင့်နိုင်တော့မှာလား။

ပြည်ထောင်စုလွှတ်တော်အနေနဲ့ ကုမ္ပဏီအက်ဥပဒေ၊ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေတွေကို အတည်ပြုပြီးမှ အကောင်အထည်ဖော်ချင်တဲ့ သဘောရှိတယ်လို့ ပထမပုဂ္ဂလိကဘဏ် ဥက္ကဌ ဒေါက်တာစိန်မောင်က ဆိုပါတယ်။

နိုင်ငံတကာဘဏ်တွေ ဖွင့်လှစ်ပြီး ငွေကြေးဝန်ဆောင်မှုတွေပေးလာရင် ပြည်တွင်းဘဏ်တွေ မထိခိုက်အောင်နဲ့ ရင်းနှီးမြှုပ်နှံမှု အဟန့်အတားမဖြစ်အောင် လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ပြည်တွင်းဘဏ်တွေက နိုင်ငံတကာဘဏ်တွေကို ယှဉ်ဖို့ဆိုတာ ရေရှည်မှာ ထိခိုက်နိုင်တာကြောင့် ဗဟိုဘဏ်က စည်းမျဉ်းတွေချပေမယ့် လက်တွေ့အကောင်အထည်ဖော်မှရမယ်လို့ ဆိုပါတယ်။

နိုင်ငံခြားဘဏ်တွေဝင်လာမှာ တစ်ချို့ကကြောက်ပေမယ့် မူဝါဒကောင်းရင် နှစ်ဖက်အကျိုးရှိနိုင်တာမို့ သူကတော့ ကြိုဆိုတယ်လို့ ဒေါက်တာလှညွန့်က ပြောပါတယ်။ နိုင်ငံခြားဘဏ်တွေက ပြည်တွင်းဘဏ်လုပ်ငန်း ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးလို့ ဆိုပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာကျင်းပတဲ့ Global Political Risk Summit 2014 ကို IMF၊ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေက မေလ ၂၉ရက်နေ့မှာ တက်ရောက်ခဲ့ပါတယ်။ မြန်မာပြည်ကုန်သွယ်မှုနှုန်းမြင့်ဖို့အတွက် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု တိုးတက်ရမှာမို့ နိုင်ငံတကာဘဏ်တွေဝင်လာရင် အထောက်အကူ ဖြစ်မယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

ဗဟိုဘဏ်ကတော့ နိုင်ငံခြားဘဏ်တွေကို ခွင့်ပြုလုပ်ကိုင်ရမယ့် ပုံစံနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း ချပြထားတာ မရှိသေးပါဘူး

Kamayut Media


Sexy Pose အကြမ်းကြီးတွေကို အားသန်တယ်ဆိုတဲ့ Bay Bay

 
 ခိုင်ဇာသွင်

အနုပညာအလုပ်ကို Photo မော်ဒယ်အနေဖြင့် လုပ်ကိုင်နေသည့် Bay Bay (ဘေးဘေး)က ဓာတ်ပုံ ရိုက်ကူးရာတွင် ချစ်စဖွယ် ဟန်အမူ အရာထက် အလန်းစား၊ အမိုက်စား ဖြစ်သည့် Sexy Pose အကြမ်းကြီး များ ရိုက်ကူးခြင်းကို နှစ်သက်ပြီး အားသန်ကြောင်း ပြောသည်။

လက်ရှိမှာတော့ Bay Bay က Photo မော်ဒယ်ပဲ စိတ်ဝင်စားတယ်။ တခြား MTV ကို စိတ်မ၀င်စားဘူး။ ဇာတ်လမ်းတွေမှာလည်း ကိုယ့် အတွက် နေရာရ မရကိုကြည့်ရင်း မရိုက်ဖြစ်ဘူး။ ညီမက Cute ပုံစံထက် Sexy ဘက် ကို ပိုသဘောကျတယ်။ Srxy ဆိုတာက အကြမ်းစား ချည်းပဲ ရိုက်ရတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဆိုရင် ရိုင်းချင်ရိုင်းသွားလိမ့်မယ်။ ရင်၊ တင် အသားပေးရိုက်တာ၊ Body Art ရိုက်တာတွေပေါ့။ အရမ်းအ သက်ဝင်တယ်။ Bay Bay ကို ဓာတ်ပုံဆရာတွေက လာချိတ်ရင်တော့ အဲဒီလို ရိုက်ဖြစ်တယ်။ ရိုးရိုးလေးတွေ ရိုက်ဖို့ သိပ်ပြီး Feel မလာတော့ လက်မခံဖြစ်ဘူး။
 
 တကယ့် Sexy Pose အကြမ်းကြီး တွေ အားသန်တယ်။ အဲဒါကြောင့်လည်း ဝေဖန်တာတွေ ပြန်ကြားရတယ်။ Sexy Pose မှာ ဆိုရင်လည်း ကိုယ့်ပုံတွေကို မဟုတ် တဲ့ Site တွေမှာ တွေ့တယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ ပုံစံမျိုးကို Feel ထည့်ပြီး ရိုက်တာမဟုတ်ဘူး။ 
 
ကိုယ်ပေး ချင်တဲ့ မက်ဆေ့ခ်ျက လုံးဝအမိုက် စား Hotest Sexy ပုံစုံမျိုး ပြချင်တယ်။ နောက်ပိုင်းမှာ ကြမ်းတမ်း တဲ့ ကောမန့်တွေနဲ့ ပြန်ကြားတယ်။ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ ကိုတော့ သိတဲ့သူက သိမှာပဲ။ အခြားသော Feel ဖြစ်နေတာမျိုး မရှိဘူး။ ကိုယ်တိုင် လက်ခံပြီးမှ ရိုက်လိုက်တဲ့ ပုံစံဆိုတော့ ငြင်းစရာလည်းမရှိဘူးလေ။ အဲဒီ လိုလက်ခံထားပါ တယ်။
 
 Bay Bay က အမိုက်စားဆိုတာကို ပြချင်တာ လေ။ကြမ်းတမ်း တဲ့ ကော မန့်တွေကိုလည်း Feel မထားဘူး။ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျကို သွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီလို Pose ရိုက်တာကို ၀ါသနာပါလို့ပါ ဟု Bay Bay က ပြောသည်။ Bay Bay သည် Photo မော်ဒယ် တစ်ဦး ဖြစ်သော ကြောင့် အမိုက်စား၊ အလန်းစား Sexy Pose များသာ လက်ခံရိုက်ကူးမည်ဖြစ်သော်လည်း ခန္ဓာကိုယ် ကြော်ငြာသည့် Sexy Pose များကို ရိုက်ကူး သွားမည် မဟုတ်ကြောင်း ပြောသည်။

The Messenger

မူးယစ်ဆေး အလွန်အကျွံ သုံးမှုကြောင့် ဆေးလွန်သူများကို ကယ်ဆယ်နိုင်ရန် နယူးယောက် ရဲများ ဖြေဆေးဆောင်ရမည်


နယူးယောက်ခ်

ရည်မွန်အောင်

နယူးယောက်ခ်မြို့၌ မကြာသေးမီနှစ်များတွင် ဟီရိုးအင်းနှင့် ဆက်စပ်ပြီး လူသေဆုံးမှု များပြား လာ နေသောကြောင့် မြို့ရှိ ရဲအရာရှိ များသည် ဟီရိုးအင်း အလွန်အကျွံ သုံးစွဲထား သူများအား အချိန်မီ အသက် ကယ်နိုင်ရေး အတွက် ဖြေဆေးများကိုပါ တစ်ပါတည်း သယ်ဆောင်ကာ တာဝန်ထမ်း ဆောင် ရတော့မည်ဖြစ်ကြောင်း သိရသည်။

အခြားသော မြို့နယ်များတွင် ဟီရိုး အင်းဖြေဆေးများကြောင့် လူပေါင်းများစွာ၏ အသက်ကို ကယ်ဆယ်နိုင် ခဲ့သည့် သက်သေများရှိ နေပြီ ဖြစ် ကြောင်း နယူးယောက်ခ်မြို့၏ ရှေ့နေချုပ် အဲရစ်ရှနိုက်ဒါမန်က ပြောဆိုခဲ့ သည်။ နယူးယောက်ခ်မြို့ ၌ ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း ဟီရိုးအင်း အလွန် အကျွံသုံးစွဲမှု ဖြင့် သေဆုံး သူဦးရေသည် (၇၁) ရာခိုင်နှုန်း တိုးတက်များပြားလာခဲ့ကြောင်း မြို့အရာရှိ များက ပြောဆိုခဲ့သည်။

ဖြေဆေးဆိုင်ရာ ပစ္စည်း တစ်ခုစီတွင် ဆေးထိုး ပြွန်နှစ်ခုနှင့် နာလိုဇွန်ရှုသွင်းသည့် ကိရိယာနှစ်ခုတို့ ပါဝင် မည်ဖြစ်ပြီး၊ ပစ္စည်း တစ်ခုစီအတွက် ဒေါ်လာ(၆၀) စီ ကုန်ကျမည် ဖြစ်ကာ ပစ္စည်းသက်တမ်း မှာ နှစ်နှစ် ဖြစ်ကြောင်း သိရသည်။

နယူးယောက်ခ်ပြည်နယ်တွင် ၎င်း ပစ္စည်းများဝယ်ယူအသုံးပြုနိုင်ရေးအတွက် နယူးယောက်ခ်ပြည်နယ်သည် ရာဇ၀တ်မှု ကျူးလွန်သူများထံမှ ပိတ်သိမ်းထားသည့် ဒေါ်လာ (၁ ဒသမ ၂) သန်းကို အသုံးပြုမည် ဖြစ် သည်။ ဖြေဆေးများကြောင့် ယမန်နှစ်တွင် နယူးယောက်ခ်မြို့ရှိ ဆက်ဖော့ခ်အရပ်၌ လူ (၅၆၃)ဦးတို့၏ အသက်ကို ကယ်တင် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ရှေ့နေချုပ်က ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့ဝင် များအား ဖြေဆေး များသယ် ဆောင်ခိုင်းသည့် အစီအစဉ်ကို မက်ဆာချူး ဆက်ပြည်နယ် ကွင်စီအရပ်တွင် စတင်ခဲ့ခြင်း ဖြစ် ပြီး ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များသည် လူ (၂၁၁)ဦးတို့ကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်သည်။

Source:BBC
The Messenger


လူငယ်များအတွက် နေရာအခက်အခဲ

 
မြန်မာနိုင်ငံမှာ လူငယ်ဖြစ်ရတာ အခွင့်အရေး အတော်ဆုံးရှုံးပါတယ်။ ယုံကြည်ရာကို ပြောဆိုရဲတဲ့ အခွင့် အရေး မရကြရှာပါဘူး။ ကိုယ်မယုံကြည်တာကို ငြင်းဆန်ရဲတဲ့ စိတ်အင်အားမျိုးလည်း မရှိကြရှာပါ ဘူး။ မျှော်လင့်ချက်တွေ တလက်လက် တောက်ပနေတဲ့ အနာဂတ်ကိုလည်း မပိုင်ဆိုင်ရပါဘူး။

ကိုယ်ဘယ်လောက် ကြိုးစားကြိုးစား နေရာတစ်ခုကို ကိုယ်ကျင့်တရားနဲ့ အရည်အချင်းပေါ် မူတည်ပြီး သတ် မှတ်တာ မဟုတ်တဲ့အတွက် ကိုယ်ကျင့်တရား ပျက်ယွင်းပြီး အရည်အချင်း မရှိတဲ့ လူကြီးတွေ အောက်မှာ လည်း နှိပ်ကွပ် ခံကြရရှာပါတယ်။ ပညာကောင်းကောင်းကို လူငယ်တိုင်း မသင်ကြရရှာပါဘူး။ လက်ညိုးထောင် ခေါင်းညိတ်၊ မေးခွန်း ပြန်မမေးရသော ပညာဆိုးဆိုး များကိုသာ သင်ကြားကြရရှာပါတယ်။ တစ်ယူသန်သောသူ၊ အစွဲအလမ်းကြီးသောသူ၊ ပြောသမျှ ယုံသောသူ၊ ဘာပြောပြော မယုံသောသူ တို့ ဖြစ်ခဲ့ပြီး စဉ်းစား ချင့်ချိန်နိုင်တဲ့ လွတ်လပ်တဲ့စိတ်နဲ့ လူငယ်မျိုး ဖြစ်မလာခဲ့ကြပါဘူး။

ဒီလိုစနစ်ဆိုးထဲမှာ ရုန်းကန်လှုပ်ရှားရင်း ကြိုးစားနေတဲ့ လူငယ်တွေလည်း တွေ့ရပါတယ်။ ဒီလိုမြင်ရရင် စာရေးသူရဲ့စိတ်ထဲမှာ ကြက်သီး တဖြန်းဖြန်းထရင်း မျက်ရည်ဝဲလာတဲ့အထိ ကျေနပ် အားတက်မိပါတယ်။ ဒီလို လူငယ်လေးတွေအတွက် အာမခံချင်တဲ့စိတ်၊ တာဝန်ယူချင်တဲ့ စိတ်လေး ပေါ်မိပါတယ်။ ကြိုးစားစမ်း လူငယ်လေးရေ...မင်းအတွက် ရှေ့အနာဂတ်ဟာ လှပနေတယ်၊ မင်းအတွက် တစ်နေရာရှိတယ်၊ မင်းရဲ့ ကြိုးစားမှုဟာ ငါတို့ တိုင်းပြည်အတွက် အချည်းအနှီး မဖြစ်စေရဘူး။ မင်းရဲ့ စိတ်ကူးဉာဏ်တွေအတိုင်း အကောင်အထည် ဖော်နိုင်ဖို့၊ နိုင်ငံတော် တိုးတက်ဖို့ မင်းကို နေရာတစ်ခု ပေးမယ်လို့ ပိုင်ပိုင်ကြီး ပြောချ လိုက်ချင်တဲ့ စိတ်ပေါ်လာမိတယ်။ ဒါပေမဲ့ လူငယ်လေးရယ်၊ ငါ့ကိုယ်ငါလည်း ရှက်မိပါတယ်။ ငါမင်းကို ဘာမှလုပ်မပေး နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်လည်း ပြန်ဝင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆောင်းပါးလေး ရေးဖြစ် တာပါ။

လူတစ်ဦးတစ်ယောက်က လုပ်ပေးနေမှ လူငယ်များ နေရာရမှာလား၊ အဲဒီလူ သေသွားရင် ဘယ်လိုလုပ် မလဲ။ လုပ်ပေးနိုင်တဲ့ နေရာကို ရောက်နေတဲ့သူကရော လူငယ်များကို နေရာပေးရမှန်း မသိရင် ဘယ်လို လုပ်ကြမလဲ။ ဒီလိုအတွေးတွေ ဝင်လာမိတယ်။ စနစ်တစ်ခု ကောင်းကောင်းမွန်မွန် ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရင် ဘယ်သူသေသေ၊ ဘယ်သူနေနေ လူငယ်များ သူ့အခွင့်အရေးသူ ရကြပါ လိမ့်မယ်။ ဘယ်လို စနစ်ကောင်း ဖြစ်မလဲ။ အတွေးပြောင်းလိုက်ရုံပါပဲ။ ရာထူးနဲ့ ငွေကြေးကို ဦးညွတ်နေတဲ့ စိတ်ဓာတ်တွေကို ပြောင်းလိုက်ကြရမှာ ဖြစ်ပါတယ်။ လူငယ်များ ကိုယ်တိုင် ပြောင်းကြပါ။ ရာထူးကို ဦးစားပေးတော့ ရာထူးရပြီးရော နည်းလမ်းပေါင်းစုံသုံး၊ ကိုယ့်ထက် အရည်အချင်း ရှိသူများကို ကျော်ခွနင်း၊ ကိုယ့်ကို ရာထူးပေးနိုင်သော လူကြီးကို အတင်းဖား၊ ဒီလိုနဲ့ ရာထူးရတော့ ငွေကြေးကို မဟုတ်တရုတ် နည်းလမ်းနဲ့ရှာ၊ ကိုယ်ကျင့်တရားပျက်၊ ငွေရပြီးရောလုပ်။ ဒီလိုနဲ့ လူကြီး ဖြစ်လာကြတော့ ကိုယ်လုပ်သည် များကို ပြန်လည် ထောက်ပြမည့်သူ မရှိအောင် လက်ညှိုးထောင် ခေါင်းညိတ် Complain မရှိသူ ခိုင်းရာ လုပ်သူများကို နေရာပေး။ ဒီလိုနဲ့ လူတော်လေးတွေအတွက် နေရာပျောက် လာခဲ့တာပေါ့။

ဒီတော့ ကျွန်တော်တို့ လူငယ်တွေ ရာထူး (အာဏာ) နဲ့ ငွေကြေးကို ဦးမညွတ်ကြပါနဲ့၊ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းကိုသာ ဦးညွတ်လိုက်ပါ။ မြန်မာပြည်ရဲ့ ဌာနဆိုင်ရာပေါင်းစုံ ရာထူးပေးရေးစနစ်မှာ မူတွေ အများကြီး ထားပါတယ်။ ဒီလိုမူတွေ အများကြီးထားတော့ စည်းစနစ် ကျသွားပြီလား၊ ဒီလိုမဟုတ်ပါဘူး ကိုယ်ပေးချင်တဲ့ သူကို ပေးလို့ရသွားတာပဲ ဖြစ်ပါတယ်။ ကိုယ်ပေးချင်တဲ့သူကို မူဝါဒ တစ်ခုနဲ့ ကိုက်ရင် ပေးလိုက်ပါတယ်၊ ဒီလိုပဲ မပေးချင်တဲ့ သူကိုတော့ မူဝါဒတစ်ခုနဲ့ မကိုက်ညီလို့ မပေးတော့ပါဘူး။ တကယ်လိုအပ်တာက ကိုယ်ကျင့်တရားနဲ့ အရည်အချင်းပါပဲ။ ဒါကြောင့် ကိုယ့်ထက် ရာထူးကြီးတဲ့သူ ကိုယ်ကျင့်တရား မကောင်းရင် မလေးစားပါနဲ့၊ အရည်အချင်း မရှိရင် မလေးစားပါနဲ့။

တကယ်လို့ လူငယ်များက ကိုယ်ကျင့်တရားနဲ့ အရည်အချင်းကိုသာ လေးစားနိုင်မယ်လို့ ကြွေးကြော်လိုက်ပြီ ဆိုပါစို့၊ ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေ ကောင်းလာပါလိမ့်မယ်၊ အရည်အချင်း မရှိတဲ့သူတွေ ရှိအောင် ကြိုးစားလာပါလိမ့်မယ်။ လူဆိုတာ သြဇာရှိချင်တဲ့ သူတွေချည်းပဲလေ။ အလေးစားခံချင်တဲ့ သူတွေ ချည်းပဲလေ။ ဒီတော့ အခန့်သား ဘာမှမလုပ်ရဘဲတော့ အလေးစား မခံချင်ပါနဲ့။ ထို့အပြင် ကိုယ့်ထက် ငယ်သူများကလည်း အလေးစား ခံရဖို့အတွက် ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားကြတော့မည်၊ အရည်အချင်း ရှိအောင် ကြိုးစားကြတော့မည်။ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားသာ ကောင်းပါစေ၊ ဘယ်လောက်ငယ်ငယ် လေးစားလိုက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ငယ်ငယ်နဲ့ ဗိုလ်ချုပ် ဖြစ်တာပဲလေ။ ဘုရားလည်း ၃၆ နှစ် ဘုရား ဖြစ်ခဲ့တာပဲ။ ဒီလိုပြောင်းလိုက်ရုံနဲ့ စနစ်တစ်ခု ပြောင်းသွားမလားဆိုပြီး သံသယ ရှိနိုင်ပါတယ်။ ပြောင်းသွားမယ်လို့ ရဲရဲကြီး အာမခံပါတယ်။ ဒါကလည်း အကြောင်းရှိလို့ပါ။ အချိန်တော့ အနည်းငယ် လိုအပ်ပါတယ်။

လူငယ်များကို Knowledge Management ဆိုသော အတွေးအခေါ်နှင့် ဥပမာပေး တင်ပြချင်ပါတယ်။ အရင်တုန်းကတော့ Time Management နဲ့ Man Management ဆိုတာ ခေတ်စားပါတယ်။ အခုကတော့ Knowledge Management ကပိုခေတ်စားလာပါတယ်။ Knowledge Management ကဘာလဲဆိုတော့ Sharing your knowledge ပါ။ ဟိုအရင် နည်းပညာခေတ် လူတစ်ယောက် အလုပ်မှာ သြဇာရှိဖို့၊ နေရာရဖို့ ဆိုရင် သူဘယ်လောက် သိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် လူတွေဟာ သိဖို့ ကြိုးစားကြ ပါတယ်။ ပြီးရင် ကိုယ်သိတဲ့ဟာကို သူများကို မပြောပြကြပါဘူး၊ ပြောလိုက်လို့သူများ သိသွားရင် ကိုယ်နေရာ မရမှာကို ပူပန်ပါတယ်။ ကိုယ့်သြဇာ ကျသွားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် လူတွေဟာ ကိုယ်သိသမျှကို မပြောပြချင်ကြပါဘူး။ ဒီလိုနဲ့ ခေတ်က အိုင်တီခေတ်ကို ပြောင်းလာပါတယ်။ လူတွေရဲ့ ကိုယ်သိတာကို မပြောချင်တဲ့စိတ်က အလုပ် မဖြစ်တော့ပါဘူး။ နိုင်ငံတစ်ခုအတွက် ကုမ္ပဏီ တစ်ခုအတွက် လူတစ်ယောက်တည်း သိတာက မလုံလောက်တော့ပါဘူး။ ဒါကြောင့် လူတွေကို အမြင်ပြောင်းအောင် စည်းရုံးကြပါတယ်။ သိတာဟာ သြဇာမဟုတ်တော့ဘဲ ကိုယ်သိတာကို သူများအသုံးချလို့ ရအောင် ပြောပြပေးခြင်းသာလျှင် သြဇာ ကြီးမားတဲ့သူ ဖြစ်စေတယ် ဆိုတဲ့အတွေးကို ပြောင်းပေးလိုက်ပါတယ်။ ဒါကြောင့် Knowledge Management မှာ You Should share your knowledge ပါ။ ဒါကြောင့် ဒီဘက်ခေတ်မှာ Share လုပ်နိုင်လေ သြဇာကြီးတဲ့သူ ဖြစ်လေပါ။

ဒါလေးကို ဥပမာယူပြီး ကျွန်တော်တို့ လူငယ်တွေ ပြောင်းလဲကြရအောင်ပါ။ ကိုယ်ကျင့်တရားနဲ့ အရည် အချင်းကိုသာလျှင် လေးစားမယ်လို့ ကြွေးကြော်လိုက်ရင် နောင်ငါးနှစ်လောက်မှာ ကိုယ်ကျင့်တရား မကောင်းဘဲ၊ အရည်အချင်း မရှိဘဲ နေရာရလာတဲ့သူ မရှိသလောက် ရှားသွားပါလိမ့်မယ်။ ၁၀ နှစ်လောက် ကြာရင်တော့ လုံးဝပျောက်ကွယ် သွားပါလိမ့်မယ်။ ဒါပေမဲ့ လူငယ်များအနေနဲ့ ကိုယ်ကျင့်တရားဆိုတာ ဘာလဲ၊ အရည်အချင်းဆိုတာ ဘာလဲဆိုတဲ့ သတ်မှတ်ချက် များကိုတော့ ဝိုင်းဝန်း ဆွေးနွေးကြဖို့ တင်ပြချင် ပါတယ်။ ဒီနေရာမှာ လူငယ်များ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားကို ကွဲပြားဖို့ လိုအပ်ပါတယ်။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်း။ သူဟာ ကျင့်ဝတ်များကို လိုက်နာနေသော ယဉ်ကျေးတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကျင့်တရား အရာမှာ ထောက်ကွက် မရှိလောက်အောင် ပြီးပြည့်စုံပါတယ်။ စကားလုံးတွေ ယဉ်ကျေးပြီး အတွေးအခေါ် မိုက်ရိုင်းမနေဖို့ လိုပါတယ်။ ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေးကို အလျဉ်းသင့်လို့ လူငယ်များကို တင်ပြချင်ပါတယ်။ ကောက်ညှင်းကို မုန်းတယ်၊ ဆန်နဲ့ မှားမှာစိုးလို့။ ခရမ်းရောင်ကို မုန်းတယ်၊ ဟင်္သာပြဒါးနဲ့ မှားမှာစိုးလို့ (ဟင်္သာပြဒါးဆိုတာ တော်ဝင်မင်းသမီးတွေ သုံးတဲ့အရောင်ပါ)။ လူတွေက ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ ကျင့်ဝတ် ပြည့်စုံသူကို မုန်းတယ်၊ ကိုယ်ကျင့်တရား တကယ်ကောင်းတဲ့သူနဲ့ မှားမှာစိုးလို့တဲ့။ ဒီလိုဆိုရင်တော့ ဘုရားတုတွေ ပေါ်မလာနိုင်ပါဘူး။

တချို့လူငယ်များ ကြည့်လိုက်တာနဲ့ တော်တယ်ဆိုတဲ့ အငွေ့အသက် ရတဲ့လူငယ်တွေ နယ်ပယ်အသီးသီး မှာ ရှိပါတယ်။ ဒီထက်မက ရိုးသားတယ်ဆိုတဲ့ အငွေ့အသက်ပါ ပေါင်းလိုက်ရင်တော့ လူငယ်များအ တွက် နေရာ မခက်ခဲနိုင်တော့ပါဘူး။ ရပြီးသား နေရာလည်း မိမိ၏ အနေအထိုင် အပြောအဆို မတတ် မှုကြောင့် နောင်လာ၊ နောက်သား လူငယ်များ လမ်းပိတ် သွားသလိုမျိုး မဖြစ်သင့်ပါဘူး။ တခြားသူနဲ့ ယှဉ်ပြိုင်ရင် မိမိရိုးသားရင် ရိုးသားသလောက် အနိုင်ရပါတယ်။ မိမိကိုယ်ကိုယ် အောင်နိုင်ချင်ရင်တော့ မိမိသည်းခံနိုင်စွမ်းအပေါ် မူတည်ပါတယ်။ လူငယ်တွေရဲ့ အားသာတဲ့ အရင်းအမြစ်ကတော့ ရိုးသားမှုပါပဲ။ ဒီဂုဏ်ကို အပွန်းမခံကြပါနဲ့။ ဒါပေမဲ့ စနစ်ဆိုးရဲ့ တိုက်စားမှုဒဏ်ကို လူငယ်များ ခံစားရတဲ့အတွက် မရိုးသား တဲ့ လူငယ်လေးတွေကိုလည်း စိတ်မကောင်းစွာ တွေ့နေရပါတယ်။ ဒီလို မြင်လိုက်ရရင်လည်း မဆီမဆိုင် ဝမ်းနည်းမိပြန်ရော။

မြန်မာပြည်မှာ လူငယ်များ နေရာအရဆုံး နယ်ပယ်တွေလည်း ရှိပါတယ်။ သရုပ်ဆောင် နယ်ပယ်နဲ့ ဂီတနယ်ပယ်များ ဖြစ်ပါတယ်။ ဒါတောင် လူငယ်တွေ သရုပ်ဆောင်ပညာ ပိုမိုကောင်းမွန်ပြီး ရုပ်ပိုချော လာကြလို့ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ဒီနေရာမှာ လူငယ်တွေ မတိုးနိုင် ဖြစ်သွားပါမယ်။ သဘာဝကပေးတဲ့ ကံကောင်းခြင်း လက်ဆောင်များပါပဲ။ ဂီတနယ်ပယ်မှာလည်း ထိုနည်းတူပါ။ ယခုခေတ် လူငယ်တွေ ရေး တာရော၊ ဆိုတာရော တိုးတက် လာကြပါတယ်။ အရင်ကရေးတဲ့သူက မဆိုနိုင်၊ ဆိုတဲ့သူက မရေးနိုင်၊ သံစဉ်ကတော့ ကော်ပီကူး၊ ဒီလိုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဆိုတော် ကြက်ဖရဲ့ တချို့တွေက ‘မျက်နှာလည်း မသစ်တတ်ပါ’ ဆိုတဲ့ အတွေးအခေါ် စာသားမျိုး၊ ဂျေမီရဲ့ ‘ကဲသာကဲ မင်းဂရုမစိုက်နဲ့’ ဆိုတဲ့ လွတ်လပ်လိုတဲ့ လူငယ် စိတ်ခံစားချက်မျိုး၊ မိစန္ဒီရဲ့ ရဲတိုက်လို မျက်လုံးနဲ့ ညှို့၊ စိုင်းစိုင်းလို ၅ ပေ ၉၊ နေတိုးလို အသားအရေမျိုး ဆိုတဲ့ ဖွဲ့နွဲ့မှုပုံစံက ဇင်ယော်တောင် မျက်ခုံးမျိုး သမင်မျက်လုံး ဆိုတာထက်တော့ လူနှင့်ပိုတူသည်ဟု ယူဆသည်။ တေးရေးဆရာ ထူးအိမ်သင် ရေးပြီးတော့ ကိုလေးဖြူတို့ အုပ်စုလိုက် သီဆိုထားသော ဉာဏ်ပညာရယ်၊ ချစ်ခြင်း တရားရယ် (love and wisdom) ဟူသော ဗုဒ္ဓဘာသာကို ထင်ဟပ်ထားသော စာသားဖန်တီးမှု၊ နောက်တစ်ခု သဘောကျတာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘အတ္တအရေခွံကို ချွတ်လိုက်မှ အနုပညာ လုပ်ရတာ ပိုလွတ်လပ်လာတယ်’ ဆိုတဲ့စာသား၊ တခြားနယ်ပယ်မှာ ကြိုးစားနေတဲ့ လူငယ်များ ရှိရင် အမှာပါးလိုက် ချင်ပါတယ်။ ရိုးသားကြပါလို့။ ဒါမှ လူငယ်များ မိမိရပြီးသား နေရာကို မပျောက်မပျက် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘာပယောဂမှ မပါဘဲ လူငယ်များ မကြိုးစား၊ မရိုးသားရင်တော့ လူငယ်များ အပြစ်ပါ။ ရိုးသားကြိုးစား နေပါ လျက်နဲ့ အခွင့်အရေးကောင်း၊ အခွင့်အလမ်း ကောင်းတွေ မဖန်တီးပေးနိုင်ရင် လူကြီးများရဲ့ အသိနိမ့်ကျ မှုနဲ့ လောဘကြီးမှုပါ။ လူငယ်များကို တင်ပြချင်တာကတော့ လေးစားထိုက်သူကို မလေးစားခြင်းဟာ အသိတရား ကင်းမဲ့ရာ ရောက်ပါတယ်။ လူကြီးများ အတွက်ကတော့ အလွန်အကျူး အထူးအကဲ အရိုသေ အလေးစား ခံချင်ခြင်းသည် ကိုယ်ချင်းစာတရား မရှိရာ ရောက်ပါတယ်။ ကိုယ်တိုင် ကြိုးစား ရုန်းကန်နေရတဲ့ ဘဝမို့ ဒီစာလေးလောက်ပဲ ရေးနိုင်တဲ့အတွက် နေရာခက်ခဲနေတဲ့ လူငယ်များကို အားနာပါကြောင်း။

The Voice Journal


မိုးရာသီအတွက် အသားအရည် ထိန်းသိမ်းနည်းလေးများ



ခရမ်းလွန်ရောင်ခြည်အပူဒဏ်ကြောင့် မိုးကိုမျှော်လိုက်ရတာ… မိုး..မိုး…ရွာလိုက်ပါတော့ မိုး။ ဟော… ခုတော့ မိုးစရွာပါပြီ။ အပူ ဒဏ်လည်း အတော်အတန်လျော့ပြီမို့  ယခင် တနွေ လုံးအိပ်ရေးပျက်ခဲ့ရသမျှ ညဘက်မှာ အိပ်ပျော်လာနိုင်ကြပါပြီ။ လေပြေလေ ညှင်း မိုးသက်ရ နံ့ လေး တိုက်ခတ်လာပြီးနောက် တဖြောက်ဖြာက်ကျတဲ့ မိုးရေစက်လေးတွေက ပူလောင်မှုကိုေ လျာ့ပါးကာ အေးချမ်းမှုကို အထိုက် အလျောက်ပေးစွမ်းနိုင်တာ အမှန်ပါ။ သို့ သော် သိပ္ပံပညာရှင် သုတေသီများရဲ့  အဆိုအမိန့် အရ၊ နွေအ လွန်မိုးဦးစ မုတ်သုန်ရာသီရောက်တဲ့အခါ ထိုမိုးရေ စက်တွေမှာပါလာတဲ့ သဘာဝအက်ဆစ်ပျော့များ နှင့် စိုထိုင်းထိုင်းထိတွေ့ မှုက အသားအရေ နှင့် ဆံသားတွေကို ပျက်စီးစေတတ်ပါတယ်တဲ့။ ဒါကြောင့် အောက် ပါနည်းလမ်းလေးတွေသုံးပြီး မိုးတွင်းတတွင်း လုံး အသားအရေကို စောင့်ရှောက်ကြရအောင်။

(၁) ဗွက်ထတဲ့ ဖိနပ်စိုတွေသာမက၊ ရေစိုစိုအ၀တ်တွေက အသားအရေအတွက် ယားနာမှို ပိုးတွေဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါ ရေခပ်နွေးနွေးဖြင့်ရေချိုးပါ။ မှိုပိုးမွှား အန္တရာယ်မှ ကာ ကွယ်ပေးနိုင်တဲ့ ကာဘော်လိပ်ဆပ်ပြာ(သို့ မဟုတ်) ဒတ်တော ကိုယ်တိုက်ဆ ပ်ပြာ မျိုးတွေသုံးပါ။ အနံ့ အသက်ကောင်းပြီး သန့် ရှင်းခြောက်သွေ့ တဲ့ မျက်နှာသုပ်ပုဝါသုံး ပါ။ ရေချိုးပြီး တဲ့ အခါမှာလည်း လိုအပ်ရင် ယားနာပျောက် ကိုယ်လိမ်းပေါင်ဒါ(သို့ မဟုတ်) ကရင်မ်လိမ်းပါ။

(၂) မိုးရေထဲမှာပျော်ဝင်နေတဲ့ အက်ဆစ်ပျော့က အသားအရေကို ခြောက်သွေ့ ယားယံစေ ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီး အသားလှဆီ (သို့ မဟုတ်) အစိုဓာတ်ထိန်းပေးတဲ့ ညလိမ်း ကိုယ်လိမ်း ကရင်မ်တစ်ခုခု လိမ်းပါ။

(၃) ၀က်ခြံပေါက်လေ့ရှိသူတွေမှာ မိုးရာသီလေထုစိုထိုင်းမှုတွေကြောင့် ၀က်ခြံပိုမိုပွားလာစေ တတ်ပါတယ်။ ဒါကြောင့် ဗီတာမင်စီ ကို အခြေခံ၍ ဖော်စပ်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ြ ပာမျိုး ကို ရွေးချယ်သုံးပြီး မျက်နှာပေါ်က မိတ်ကပ်ချေးညှော်တွေကို ကုန်စင်အောင်ဖျက်ပါ။ (အချဉ် သီးများများစားရင်း ရေ ပိုသောက်ပေးပါ)

(၄) မိုးနှင့်အတူပါလာတဲ့ ရေခိုးရေငွေ့  နှင့် လေအငွေ့ အသက်တွေက မျက်နှာအဆီပြန်ပြီး ၀က်ခြံေ ပါက်သော အသားအရေ ပိုင်ရှင်များကို ကောင်းကျိုးမဖြစ်စေပါဘူး။ ဒါကြောင့် ထိုအသား အရေပိုင်ရှင်များ အဖို့ မုန်သုတ်ရာသီမှာ မျက်နှာသန့် စင် Toner အရည်ကို မဖြစ်မနေသုံးစွဲေ ပးသင့်ပါတယ်။ (အယ်လ် ကိုဟောပမာဏနည်းတဲ့ Toner အမျိုးအစားကို ရွေးချယ်တတ်ပါစေ)

(၅) မုတ်သုန်ရာသီရဲ့  ဘေးထွက်ဆိုးကျိုးက ခြောက်သွေ့ တဲ့အသားအရေကို ရေဓာတ်ခမ်းခြောက်စေ သလို၊ အဆီပြန်တဲ့ အသား အရေကို စိုထိုင်းမှုဖြစ်စေပြီး…ဥပမာ လေအေးစက်(အဲကွန်း) ထဲ တနေကုန် အလုပ်လုပ်ရသော ထိုအသေားအရေပိုင် ရှင်များမှာ အရေပြားယားယံမှုဖြစ်စေပါ တယ်။ ဒါကြောင့် ရေ ဓာတ်များတဲ့ ညလိမ်း မျက်နှာလိုးရှင်းကရမ်မ်ကို လိမ်းအိပ်သင့်ပါတယ်။

(၆) နွေရာသီကုန်ပြီမို့ ၊ နေလောင်ကာ Sunscreen လိမ်းစရာမလိုတော့ဘူးရယ်လို့  အတွေး မမှားသင့် ပါဘူး။ တနေ့ တခြား ယိုးယွင်းလာတဲ့ အိုဇုန်းလွှာပြဿနာက၊ မိုးရွာပြီးလို့ နေ ထွက်လာ တာနဲ့ တပြိုင်နက် ခရမ်းလွန်ရောင်ခြည် UVA-UVB တို့  ပါလာတာကြောင့် နေ့ ဖက်မှာ SPF ၂၀ ပါတဲ့ နေလောင်ကာ ကရင်မ်လိမ်းပေးနိုင်မှ တန်ကာကျပါလိမ့်မယ်။ (အရောင်ဖျော့ တော့ တဲ့ ထီးမျိုးမသုံးသင့်ပါဘူး။ ခရမ်း လွန်ရောင်ခြည်ကာကွယ်တဲ့ ရောင်ပြန်ထီး( သို့ မဟုတ်)အရော င်ရင့်ရင့်ထီး ကိုသာသုံးပေးပါ)

(ရ) မိုးရေထဲမှာပါတဲ့ သဘာဝအက်ဆစ်ပျော့ ဓာတုပစ္စည်းက ဆံသားတွေကိုခြောက်သွေ့ ပျက် စီးေ စ နိုင် တာကြောင့်၊ ရေစိုနေတဲ့ ဆံပင်ကို သုံးနေကျရှမ်ပူဖြင့် ခေါင်းလျှော်ပစ်ပါ (သို့ မဟုတ်) မျက်နှာသုပ်ပုဝါ သန့် သန့် ဖြင့် မိုးရေတွေကုန်စင်ခြောက် သွေ့  အောင်သုပ်ပါ။

(၈) သားရေပိုက်ဆံအိတ်တွေက မိုးသည်းတဲ့အခါ အထဲကိုအစိုပြန်စေပါတယ်။ ဒါကြောင့် မိုးကာသားလို မျိုး ရေစိုခံ ပိုက်ဆံအိတ် ဒီဇိုင်းလှလှလေးတွေ ပြောင်းကိုင်လိုက်ပါ။

(၉) မိုးရေကြောင့် အလှမပြယ်ရလေအောင် ရေစိုခံမိတ်ကပ်၊ ရေစိုခံပေါင်ဒါ(သို့ မဟုတ်) ကရင်မ် ပပ်ဖ်၊ ရေစိုခံနှုတ်ခမ်းဆိုဆေး၊ ရေစိုခံ အိုင်းလိုင်နာလေးတွေ ရွေးသုံးမှ စိတ်ချရမယ်နော်။

(၁၀) နောက်ပြီး မိုးရေတွေစိုရွဲသွားတဲ့အခါ အိမ်ကဆွတ်လာတဲ့ရေမွှေးရနံ့ ပြယ်သွားမှာစိုးသူများ အတွက်၊ အိတ်ဆောင် ရေမွှေး ပုလင်း သေးသေးလေးတွေ ဆောင်ထားဖို့ လိုပါလိမ့်မယ်။

(၁၁) ထီးဖွင့်ချိန်တောင်မရဘဲ ဗြုန်းဆိုမိုးရွာချလိုက်တဲ့အခါမျိုးမှာဖြစ်စေ၊ လေရောမိုးရော တိုက် ခတ် တာကြောင့် ထီးမလုံတဲ့အခါ ဖြစ်စေ စိုနေတဲ့ ဆံပင်နဲ့ လက်မောင်းတွေကို ရေသုတ်ဖို့  အိတ်ဆောင်တစ်ရှုး ထုပ်ကလေးပါ ဆောင်ထားသင့်ပါတယ်။

(၁၂) ဥပမာ…ဘတ်စ်ကားပေါ်ရောက်တဲ့အခါ၊ ရေစိုရွှဲနေတဲ့ထီးက မိမိကိုရောသူတပါးကိုပါ အနှောင့် အယှက်ဖြစ်စေနိုင်တာ ကြောင့် ပိုက်ဆံအိတ်ထဲမှာ ကျွတ်ကျွတ်အိတ် တစ်လုံးလောက်ေ ဆာင် ထားပြီး ရေစိုထီးကိုခေါက်သိမ်းထားလို့ ရပါတယ်။

(၁၃) မိုးအေးတဲ့အစိုဓာတ်က ဖုန်းဘတ္တရီတွေကိုကြောင်စေပါတယ်။ ဒါကြောင့် ဘတ္တရီ ၁-တုံးေ လာက် အပိုဆောင်ထားတော့ နောင်ရေးစိတ်အေးရတာပေါ့။

(၁၄) ရာသီဥတုကူးပြောင်းစမှာ အအေးမိ-နှာစေး-ချောင်းဆိုး စတဲ့ ကူးစက်ရာသီဖျားတွေဖြစ်လေ့ ရှိ တာ မို့ ၊ ပိုက်ဆံအိတ်ထဲမှာ ဖျားနာကိုက်ခဲပျောက်ဆေးပြားလေး အရံသင့်ဆောင်ထားသင့်ပါ တယ်။ (ဗီတာမင် စီက ကိုယ်ခံစွမ်းအားကိုကောင်းစေလို့  ခုလိုမိုးရာသီမှာ ဗီတာမင်စီဆေးပြားေ လးတွေ တစ်နေ့  ၂-ကြိမ် သောက်ရင်း အချဉ်ဓာတ်ပါတဲ့ သဘာဝသစ်သီးလေးတွေ စား ပေး သင့်ပါတယ်)

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk


အယ်လ်နီညို ဆိုတာ ဘာလဲ



၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လတိုင်အောင် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်တော့မယ်လို့ မိုးလေ ၀သပညာရှင်များ သတိပေး ပြောဆိုနေကြပါပြီ။ ဒီနေရာမှာ.. အယ်လ်နီညို ရာသီဥတု၊ သဘောသဘာဝနှင့် ပတ်သက်လို့ ကျနော့် စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရစရာ၊ ကြိုတင်ပြင်ဆင်စရာများကို စဉ်းစား ဆုံးဖြတ်နိုင်ရန် ကျနော့်ရဲ့ "အာကာသနှင့် စကြ၀ဠာ" ပေ့ခ်ျမှ တင်ဆက်ပေးသွားပါ့မယ်။

အယ်လ်နီညိုအကြောင်း မပြောခင်မှာ ကျနော်တို့ကမ္ဘာအကြောင်း နည်းနည်းပြောချင်ပါတယ်။ ကမ္ဘာပေါ်မှာ အလွယ်တကူ စီးဆင်းနိုင်တဲ့ ရေ နဲ့ လေ အရာနှစ်ခုဟာ အပူချိန်ကို လိုက်ပြီး ပူရာမှ အေးရာ၊ အေးရာမှ ပူရာသို့ ဖြတ်သန်းစီးဆင်းကြပါတယ်။ ကမ္ဘာမြေကြီး လည်ပတ်နေမှုကြောင့် သူတို့ရဲ့ စီးဆင်းမှုဟာ အရှေ့မှ အနောက်သို့ ရွေ့လျား စီးဆင်းကြပါတယ်။ ဒီအပူချိန်အပြောင်းအလဲဟာ နေ ရဲ့ အပူချိန်ကြောင့် ပြောင်း လဲ ဖြစ်ပေါ်လာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အီကွေတာ ရပ်ဝန်းဒေသတွေမှာပေါ့။

အီကွေတာမှာ ဖြစ်ပေါ်တဲ့အပူချိန်ကြောင့် ထိုနေရာမှာရှိတဲ့ လေဟာ ပွ တက်လာပြီး အေးတဲ့နေရာကို စီးဆင်း တိုက်ခတ်ပါတယ်။ လေရဲ့ တိုက်ခတ်စီးဆင်းမှု၊ အပူချိန်ပြောင်းလဲမှုတို့နဲ့အတူ ပြောင်းလဲ စီးဆင်းနေ တာကတော့ ရေသမုဒ္ဒရာ များဘဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အပူစီးဆင်းနိုင်မှုဟာ ကျနော်တို့ ကမ္ဘာမှာ ရာသီ ဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါတယ်။ ပူပြင်းတဲ့နေရာတွေမှာ မိုးရွာသွန်းမှုကို ဖြစ်စေတယ်၊ အေးတဲ့နေ ရာတွေကို အနွေးဓါတ်တွေဖြစ်ပေါ်စေပါတယ်။ ဒါဟာ ပုံမှန်အခြေအနေပါ။

နောက်တစ်ခုက ကျနော်တို့ ကမ္ဘာမှာ အကျယ်ပြန့်ဆုံးသော သမုဒ္ဒရာဟာ ကမ္ဘာရဲ့ ၂၈% ကို စိုးမိုးထားတဲ့ ပစိဖိတ်သမုဒ္ဒရာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာရေထုရဲ့ အနွေးဓာတ်ဟာ ကမ္ဘာအနှံ့ လေထုကို လည်ပတ် တိုက်ခတ်စေသော အင်အားတစ်ရပ် ဖြစ်ပြီး ပုံမှန်ထက် အပူချိန်ပိုလာလျှင်တော့ မိုးလေ၀သအခြေအနေများ ကို ကမောက်ကမ ဖြစ်စေပါတယ်။

>>အယ်လ်နီညို

သမုဒ္ဒရာမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ပိုတက်လျှင်ကိုဘဲ အယ်လ်နီညို ပေါ်ပေါက်တယ်လို့ သတ်မှတ်ကြပါတယ်။

အယ်လ်နီညိုဖြစ်စဉ်သည် ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ပေါ်လေ့ရှိပြီး တစ်ခါ ဖြစ်လျှင် ၉ လမှ ၁၈ လ အထိ ကြာမြင့်ပါတယ်။ ၁၉၉၇-၉၈ ခုနှစ် အယ်လ်နီညိုကြောင့် ၁၉၉၈ ခုနှစ်တွင် စံချိန်တင် ပူခဲ့ပြီး မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၀၆-၀၇ ခုနှစ်အတွင်း အယ်လ်နီညို ဖြစ်ပေါ်စဉ်က အပူချိန်ဟာ ပုံမှန်ထက် ၀ ဒသမ ၉ ဒီဂရီ စင်တီဂရိတ် မြင့်တက်ခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ မှာတော့ ပုံမှန် ထက် ၁.၆ ဒီဂရီ စင်တီဂရိတ်အထိ တက်ခဲ့တယ်လို့ စားရင်းဇယားများအရ သိရှိရပါတယ်။

အယ်လ်နီညို ပေါ်ပေါက်လျှင် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ဗဟိုပိုင်းနှင့် အရှေ့ပိုင်း (တောင်အမေရိကတိုက်) မှာ မိုးပိုရွာပြီး ရေကြီး၊ ရေလျှံတတ်ပါတယ်။ ဒါပေမယ့် သြစတေးလျမြောက်ပိုင်း၊ အင်ဒိုနီးရှား ဖိလစ်ပိုင် နဲ့ ကျနော်တို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှဒေသ၊ အရှေ့အာဖရိကနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွေမှာတော့ ပုံမှန်ထက် ခြောက်သွေ့တဲ့ အခြေအနေများနှင့် ကြုံရလေ့ရှိပါတယ်။

အရှေ့အာရှနှင့် မြောက်အမေရိကတွင် ဆောင်းတွင်း အအေးပေါ့သွားမှာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်မှာတော့ မုန်တိုင်းအရေအတွက် ပိုလာကာ အတ္တလန်တိတ်သမုဒ္ဒရာတွင်မူ မုန်တိုင်း ဖြစ်ပေါ်မှု နည်းသွားတတ်ပါတယ်။ အယ်လ်နီညိုဟာ နိုဝင်ဘာမှ ဧပြီလအတွင်း အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒီဇင်ဘာလမှာ အားအကောင်းဆုံးဖြစ်မယ်လို့ သတ်မှတ်ထားကြပါတယ်။

>>>လာနီညာ

အယ်လ်နီညိုနှင့် ဆန့်ကျင်ဘက် အခြေအနေကို လာနီညာလို့ ခေါ်ပါတယ်။ လာနီညာ၏ လက္ခဏာမှာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အရှေ့ဘက်တို့တွင် ရေအပူချိန် ကျပြီး ကုန်သည်လေ အားကောင်း တဲ့အတွက် အရှေ့တောင်အာရှ အပါအ၀င် အချို့ဒေသများတွင် မိုးပိုရွာတတ်ပါတယ်။ လာနီညာသည်လည်း ပျမ်းမျှ ၂ နှစ်နှင့် ၇ နှစ်လျှင် တစ်ကြိမ် ပေါ်ပြီး တစ်ခါ ပေါ်လျှင် ၉ လမှ ၁၈ လ ကြာမြင့်တတ်ပါတယ်။




ကိုးကား။ ။ အာလူးလေး (အယ်လ်နီညို ဆိုတာ။ source/ changingclimate asia) , Myanmar Astronomy Blog Post (http://myanmarastronomy.blogspot.com/2008/10/earth.html)

အာကာသနှင့် စကြ၀ဠာ