29 May 2014

Sexy Pose အကြမ်းကြီးတွေကို အားသန်တယ်ဆိုတဲ့ Bay Bay

 
 ခိုင်ဇာသွင်

အနုပညာအလုပ်ကို Photo မော်ဒယ်အနေဖြင့် လုပ်ကိုင်နေသည့် Bay Bay (ဘေးဘေး)က ဓာတ်ပုံ ရိုက်ကူးရာတွင် ချစ်စဖွယ် ဟန်အမူ အရာထက် အလန်းစား၊ အမိုက်စား ဖြစ်သည့် Sexy Pose အကြမ်းကြီး များ ရိုက်ကူးခြင်းကို နှစ်သက်ပြီး အားသန်ကြောင်း ပြောသည်။

လက်ရှိမှာတော့ Bay Bay က Photo မော်ဒယ်ပဲ စိတ်ဝင်စားတယ်။ တခြား MTV ကို စိတ်မ၀င်စားဘူး။ ဇာတ်လမ်းတွေမှာလည်း ကိုယ့် အတွက် နေရာရ မရကိုကြည့်ရင်း မရိုက်ဖြစ်ဘူး။ ညီမက Cute ပုံစံထက် Sexy ဘက် ကို ပိုသဘောကျတယ်။ Srxy ဆိုတာက အကြမ်းစား ချည်းပဲ ရိုက်ရတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဆိုရင် ရိုင်းချင်ရိုင်းသွားလိမ့်မယ်။ ရင်၊ တင် အသားပေးရိုက်တာ၊ Body Art ရိုက်တာတွေပေါ့။ အရမ်းအ သက်ဝင်တယ်။ Bay Bay ကို ဓာတ်ပုံဆရာတွေက လာချိတ်ရင်တော့ အဲဒီလို ရိုက်ဖြစ်တယ်။ ရိုးရိုးလေးတွေ ရိုက်ဖို့ သိပ်ပြီး Feel မလာတော့ လက်မခံဖြစ်ဘူး။
 
 တကယ့် Sexy Pose အကြမ်းကြီး တွေ အားသန်တယ်။ အဲဒါကြောင့်လည်း ဝေဖန်တာတွေ ပြန်ကြားရတယ်။ Sexy Pose မှာ ဆိုရင်လည်း ကိုယ့်ပုံတွေကို မဟုတ် တဲ့ Site တွေမှာ တွေ့တယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ ပုံစံမျိုးကို Feel ထည့်ပြီး ရိုက်တာမဟုတ်ဘူး။ 
 
ကိုယ်ပေး ချင်တဲ့ မက်ဆေ့ခ်ျက လုံးဝအမိုက် စား Hotest Sexy ပုံစုံမျိုး ပြချင်တယ်။ နောက်ပိုင်းမှာ ကြမ်းတမ်း တဲ့ ကောမန့်တွေနဲ့ ပြန်ကြားတယ်။ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ ကိုတော့ သိတဲ့သူက သိမှာပဲ။ အခြားသော Feel ဖြစ်နေတာမျိုး မရှိဘူး။ ကိုယ်တိုင် လက်ခံပြီးမှ ရိုက်လိုက်တဲ့ ပုံစံဆိုတော့ ငြင်းစရာလည်းမရှိဘူးလေ။ အဲဒီ လိုလက်ခံထားပါ တယ်။
 
 Bay Bay က အမိုက်စားဆိုတာကို ပြချင်တာ လေ။ကြမ်းတမ်း တဲ့ ကော မန့်တွေကိုလည်း Feel မထားဘူး။ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျကို သွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီလို Pose ရိုက်တာကို ၀ါသနာပါလို့ပါ ဟု Bay Bay က ပြောသည်။ Bay Bay သည် Photo မော်ဒယ် တစ်ဦး ဖြစ်သော ကြောင့် အမိုက်စား၊ အလန်းစား Sexy Pose များသာ လက်ခံရိုက်ကူးမည်ဖြစ်သော်လည်း ခန္ဓာကိုယ် ကြော်ငြာသည့် Sexy Pose များကို ရိုက်ကူး သွားမည် မဟုတ်ကြောင်း ပြောသည်။

The Messenger

0 comments:

Post a Comment