29 May 2014

နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ Popularity ဆုရခဲ့တဲ့ မေမြတ်နိုး



ကိုရီးယားနိုင်ငံတွင် ပြု လုပ်လျက်ရှိသော နိုင်ငံတကာအ လှမယ်ပြိုင်ပွဲ‘Miss Asia Pacific World 2014’၏ Talent Show ၌ Popularity ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် မေမြတ်နိုးက ရရှိခဲ့ကြောင်းသတင်း ရရှိသည်။

Talent Show တွင်မေမြတ် နိုးသည် ကိုရီးယားသီချင်းသီဆို ယှဉ်ပြိုင်ခဲ့ရာ ကြည့်ရှုသူပရိသတ် များနှင့် အကဲဖြတ်ဒိုင်များနှစ်သက် ခဲ့၍ Popularity Award ကိုရရှိခဲ့ ခြင်းဖြစ်သည်။

‘‘ဆုရတဲ့အတွက် အရမ်းဝမ်း သာဂုဏ်ယူမိပါတယ်။ အဘက် ဘက်ကနေ ကူညီပေးတဲ့သူတွေ အားလုံး ကို ကျေးဇူးတင်မိပါ တယ်။ သူတို့ကြောင့် ဒီဆုရတာ ပါ’’ဟု မေမြတ်နိုးကပြောသည်။

အဆိုပါပွဲအတွက် ဆုငါးဆု ချီးမြှင့်ခဲ့ရာတွင် မြန်မာနိုင်ငံမှတစ် ဆုဆွတ်ခူးခဲ့ပြီး Best Costume Design ဆုကို ဆလိုဗက်ကီးယား အလှမယ်၊ Korea Wave Starဆု ကို ဘူလ်ဂေးရီးယားအလှမယ်၊ World Starဆုကို အီကွေဒေါအ လှမယ်၊ Best Personal Talent ဆုကို အာမေးနီးယားအလှမယ်တို့ က ရရှိခဲ့ကြသည်။

‘‘ဖိုင်နယ်ပွဲအတွက်ကို အ ကောင်းဆုံးကြိုးစားဖို့ ရည်ရွယ် ထားပါတယ်။ မြန်မာနိုင်ငံအတွက် ယုံကြည်မှု ထားပြီးတော့အ ကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ မြန်မာပြည်က ပရိသတ်တွေ အ ဘက်ဘက်က ထောက် ပံ့ပေးနေတာသိပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ မြတ်နိုးကို ဆုရ အောင်ဆုတောင်းပေးကြပါလို့။ ဒီထက်မကထောက်ပံ့ပေးပါလို့’’ ဟု မေမြတ်နိုးကပြောသည်။

Misssology ၀က်ဘ်ဆိုက်၌ မဲပေးရာတွင်လည်း မေမြတ်နိုးက ပထမနေရာ၌ ရပ်တည်လျက်ရှိ ကာ ဖိလစ်ပိုင်နိုင်ငံအလှမယ်က ဒုတိယနေရာမှနေ၍ ယှဉ်ပြိုင်နေ သည်။ အဆိုပါဝက်ဘ်ဆိုက်မှ ချီးမြှင့်မည့် People Choice ဆု မည်သူရရှိမည်ကို ဖိုင်နယ်နေ့တွင် သိရမည်ဖြစ်သည်။

ပြိုင်ပွဲကာလအတွင်းက တောင်ကိုရီးယားနိုင်ငံ၏ နည်းပ ညာကုမ္ပဏီ တစ်ခုဖြစ်သည့် Pangyo Techno Valley ကမေ မြတ်နိုးအား ၎င်းတို့ကုမ္ပဏီ၏ သံ တမန်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ သည်။

7Day Daily

0 comments:

Post a Comment