29 May 2014

Microsoft က Skype Translator ကို ပြသ



Microsoft က Skype တွင် Voice Call များပြောဆိုသည့် အခါ ဘာသာပြန်ပေးနိုင်သည့် Skype Translator ဆော့ဝဲ ကို ပြသလိုက်ပါသည်။ Microsoft ၏ CEO ဖြစ်သူ Satya Nadella က ဘာသာစကား မတူညီသည့်လူများ Skype တွင် ဖုန်းပြောဆိုသည့်အခါတွင် အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်ပေးနိုင်သည့် စွမ်းဆောင်ချက်ကို သူတို့၏ Skype နှင့် Translator တို့က တီထွင်လိုက်ကြောင်း Code Conference တွင် ကြေညာပါသည်။ ထို့အတွက် ဘာသာစကား မတူသူများသည် Skype တွင် အလွယ်တကူ စကားပြောဆိုနိုင်မည် ဖြစ်သည်။

ယခုပြသသည့် ဆော့ဝဲသည် Beta အဆင့်သာရှိသေးပြီး အချောသတ် ဗားရှင်းကို ယခုနှစ်နှောင်းပိုင်း တွင် ဖြန့်ချီမည် ဖြစ်ကြောင်း ၊ ရောင်းတန်းဝင် အဆင့် ဗားရှင်းကို နှစ်နှစ်ခွဲ အတွင်း ဖြန့်ချီနိုင်မည်ဟု မျှော် လင့်ကြောင်း Nadella က ပြောပါသည်။ အဆိုပါ စွမ်းဆောင်ချက်ကို အခမဲ့ ရရှိမည် မဟုတ်ဘဲ ၀ယ်ယူ အသုံးပြုရမည် ဖြစ်သည်။ ယခုအချိန်တွင် English နှင့် German ဘာသာစကားများကို အထောက် အပံ့ပေးပါသည်။ နောက်ပိုင်းတွင် အခြားဘာသာစကားများကို အသုံးပြုနိုင်မည် ဖြစ်သည်။

Microsoft သည် အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်နို်င်သည့် နည်းပညာကို တီထွင်နေသည့် တစ်ခု တည်းသော နည်းပညာ ကုမ္ပဏီ မဟုတ်ပါ။ ဂျပန် Wireless Carrier တစ်ခုဖြစ်သည့် NTT Docomo က ဂျပန် မှ အင်္ဂလိပ် သို့ အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်နိုင်သည့် ၀န်ဆောင်မှုကို ၂၀၁၁ ခုနှစ်တွင် ပြု လုပ်ပေးခဲ့ပါသည်။ Google ကလည်း Voice Chat များကို ဘာသာပြန်နိုင်ရန် ပြုလုပ်နေပြီး စာသားများကို ဘာသာပြန်ပေးနိုင်သည့် Google Translate App ကို ပြုလုပ်ပေးထားပါသည်။ Microsoft ၏ Skype သည် တစ်လလျှင် လူသန်းပေါင်း သုံးရာ အသုံးပြုကြပြီး တစ်နေ့လျှင် မိနစ်ပေါင်း ၂ ဘီလီယမ် ဖုန်းပြောဆိုကြ သည့် လူသုံးများသည့် ဆက်သွယ်ရေး ၀န်ဆောင်မှုဖြစ်ပါသည်။

သူရ
Myanmar Digital Life Journal


0 comments:

Post a Comment