29 May 2014

ဘ၀မှာ အကောင်းဆုံးကတော့ လွတ်လပ်မှု….ဆိုတဲ့ လက်ဝှေ့မယ်


သြစတြေးလျ၊ မေ ၂၉

သြစတြေးလျလက်ဝှေ့မယ် လော်ရန်အီးဂဲလ် ရဲ့ ညှို့အားပြင်းရိုက်ချက်တွေကတော့ လက်ဖျားခါ လောက်ပါတယ်။ သူက အိမ်ထောက်ဘက်ရှာဖွေတဲ့ ၀က်ဘ်ဆိုက်တစ်ခုအတွက် ဓါတ်ပုံတွေရိုက်ကူးပေးခဲ့
တာဖြစ်ပြီး ကြည့်ရတာ အချစ်ကြိုးဝိုင်းပေါ်မှာအလဲထိုးရမယ့် ပြိုင်ဘက်ကို ရှာဖွေနေပုံပါပဲ။ ပရော်ဖက်ရှင် နယ်လက်ဝှေ့နဲ့ ရေလွှာလျှောစီးကစားသမား လော်ရန်ဟာ ၂၀၁၃ ခုနှစ်မှာ ရပ်ဘီကြယ်ပွင့် တော့ဒ်ကာနေး နဲ့ လမ်းခွဲခဲ့သလို လက်ဝှေ့သမား လပ်ဗ်မိုးအန်ဒူနဲ့လည်း တွဲခုတ်ခဲ့ပါသေးတယ်။

လော်ရန်ဟာ အိမ်ထောက်ဘက်ရှာဖွေတဲ့ ၀က်ဘ်ဆိုက်အတွက် အ၀ါနဲ့အဖြူကြား အတွင်းခံ ၀တ်စုံ နဲ့ ဓါတ်ပုံရိုက်ကူးပေးပို့ခဲ့တာဖြစ်ပြီး “ဘ၀မှာ အကောင်းဆုံးကတော့ လွတ်လပ်မှုပါပဲ” လို့လည်း ရေးသားခဲ့ ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ကသြစတြေးလျထုတ် Maxim မဂ္ဂဇင်းအတွက်ညှို့အားပြင်းဓါတ်ပုံတွေရိုက်ကူးပေး ခဲ့တဲ့ လော်ရန်ဟာ အဲဒီမဂ္ဂဇင်းရဲ့ မေလအတွက် အမေရိကန်ထုတ်မှာလည်း သရုပ်ဖော်ပုံရိုက်ကူးခံခဲ့ပါသေး တယ်။


အသက် ၂၆ နှစ်သာရှိသေးတဲ့သူဟာ လက်ဝှေ့ရေးမှာလဲ ခေသူတစ်ဦးမဟုတ်ပါဘူး။ ၂၀၁၃ မှာ သြစတြေးလျအမျိုးသမီး လိုက်ဝိတ်တန်းချန်ပီယံဖြစ်လာခဲ့ပြီး ထိုးသတ်ထားတဲ့လက်ဝှေ့ပွဲ ၁၂ ပွဲမှာ ရှစ်ပွဲအနိုင်ရကာ အလဲထိုးပွဲက သုံးပွဲပါဝင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် ရေလွှာလျှောစီးပြိုင်ပွဲ မှာလည်း တတိယရခဲ့ပေမဲ့ ၂၀၀၈ မှာ ဖခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အဲဒီအားကစားနည်းကနေ အနားယူခဲ့ပါတယ်။

ရည်ညွှန်း Dailymail

ဝေဘုန်းလူ
Mizzima – News in Burmese


0 comments:

Post a Comment