28 Apr 2014

လျှပ်စစ်မီးမရရှိသည့် ဘူတာရုံငယ် ၁၀၀ ခန့်အား ဆိုလာစနစ်ဖြင့် မီးရရှိစေမည်


ရထားပို့ဆောင်ရေးဝန်ကြီးဌာနက်အောက်ရှိ လျှပ်စစ်မီးမရရှိသေးသော ဘူတာရုံငယ် ၁၀၀ ခန့်ကို ဆိုလာ အလင်း ရောင်ဖြင့် လျှပ်စစ်မီးပေးဝေနိုင်ရေးအတွက်အလှူရှင်ကုမ္ပဏီတစ်ခုက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
 
ဘူတာရုံငယ်များမှာ ညအချိန်တွင် လျှပ်စစ်မီးမရရှိသည့်အတွက် မီးရထားဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲရှိနေခြင်းကြောင့် ဆိုလာစွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်သည့် ဂလောရပ်စ်မြန်မာကုမ္ပဏီလီမိတက်မှ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လှူဒါန်းပွဲကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက ရန်ကုန်ဘူတာကြီးရှိ စခန်းသာဧည့်ခန်းမ၌ ကျင်းပခဲ့ပြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကာ အလှူရှင်က လှူဒါန်းသည့် ဆိုလာစွမ်းအင်ဖြင့် မီးပေးဝေသည့် စနစ်ပေါင်း ၁၀၀ ခန့်ကို လက်ခံယူခဲ့သည်။ ဆိုလာ စွမ်းအင်ဖြင့် လျှပ်စစ်မီးရယူရာတွင် တစ်စုံလျှင်ဝပ်အား ၂၀ ရှိပြီး မီးတစ်လုံးထွန်းညှိပါက ၁၂ နာရီကြာ အထွန်းခံခြင်း ကြောင့် ဘူတာရုံငယ်များအတွက် အဆင်ပြေ စေမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ အတွင်းရှိ လျှပ်စစ်မီးမရရှိသည့် ဘူတာရုံ ၁၀၀ ခန့်ကိုယနေ့တွင် စတင်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
   
Today Myanmar

0 comments:

Post a Comment