1 May 2014

ထိုင်း၌အလုပ်ရမည်ဟု ပြော၍ မလေးရှားတွင် ပြည့်တန်ဆာ အဖြစ်ခိုင်းစေခဲ့သူ များကို အမှုဖွင့်


ရှမ်းပြည်နယ်၊ ကျောက်မဲ မြို့နယ်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦးကို ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး ထိုင်းနိုင်ငံမှတစ် ဆင့် မလေးရှားနိုင်ငံသို့ ခေါ်ဆောင်ကာ ပြည့်တန်ဆာ အဖြစ် ခိုင်းစေခဲ့သဖြင့် ခေါ်ဆောင်သူနှင့် ခိုင်းစေသူများကို ဧပြီ ၂၆ ရက်နေ့က ကျောက်မဲမြို့မ ရဲစခန်းမှ လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ် ဧပြီ ၂ ရက်နေ့တွင် အမျိုးသမီးငယ်အား ကျောက်မဲမြို့၊ ၂ ရပ်ကွက်နေ ဒေါ်မြ ၀င်း၊ ၅၄ နှစ်(ဘ) ဦးသောင်းဖေ နှင့်ဒေါ်မြ၀င်း၏သမီး မအေးနောင့်(ခ) ထားထားဝင်းတို့မှ ထိုင်းနိုင်ငံရှိ စား သောက်ဆိုင်၌အလုပ်ရမည်၊ တစ်လ လျှင်ငွေကျပ် (၄/၅)သိန်းခန့်ရမည်ဟု ပြောဆိုစည်းရုံးကာ ကျောက်မဲမှ မန်္တလေးသို့ ကားဖြင့်ခေါ်ဆောင်သွား ပြီး မန်္တလေးမှတာချီလိတ်သို့ လေ ယာဉ်ဖြင့်တင်ပေးလိုက်ကြောင်း သိရ သည်။

တာချီလိတ်လေဆိပ်တွင် ထားထားဝင်း ချိန်းဆိုပြောထားသည့် အမည်မသိ အမျိုးသမီးတစ်ဦးမှ လာ ရောက်ကြိုဆိုပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ပို့ဆောင်ခဲ့ကြောင်း၊ ထိုင်း နိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံ၊ ဖူချီ မြို့သို့ ဆက်လက်ခေါ်ဆောင်သွားပြီး မအေးတာလန်(ခ)အေးစန်္ဒာ(ယခင် ကျောက်မဲမြို့တွင်နေထိုင်ခဲ့ဖူးသူ) ဖူချီ မြို့၊ မလေးရှားနိုင်ငံနေသူမှ ပြည့်တန် ဆာအနှိပ်ခန်းများတွင် ၀င်ရောက် လုပ်ကိုင်စေခဲ့ပြီး ရရှိငွေအား မအေး တာလန်မှထိန်းသိမ်းကာ လစာအဖြစ် ပြန်ပေးမည်ဟု ပြောဆိုခဲ့ကြောင်းကို လည်းသိရသည်။

ပြည့်တန်ဆာအလုပ် မလုပ်လို၍နေရပ်သို့ ပြန်ပို့ခိုင်းရာ မအေးတာလန်ကခေါ်ဆောင်လာသည့် စရိတ်ငွေ ကျပ်(၃၅)သိန်းပေးမှသာ ပြန်ပို့ပေးနိုင်မည်ဟု ပြောဆိုသဖြင့် ပြည့်တတန်ဆာအဖြစ်ခိုင်းစေခံရသည့် အမျိုးသမီးငယ်မှ ကျောက်မဲမြို့ရှိ ၄င်း ၏မိခင်ထံဖုန်း၊ အင်တာနက်များဖြင့် ဆက်သွယ်ပြောကြားချက်များကြောင့် မိခင်ဖြစ်သူက လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(လားရှိုး) နှင့်ဆက်သွယ်၍ ၄င်း၏သမီးကို ပြန် လည်ကယ်တင်ပေးနိုင်ရေးအကူအညီ တောင်းခံခဲ့ကြောင်းသိရှိရသည်။

တပ်ဖွဲ့စု(လားရှိုး)က အဆို ပါဖြစ်စဉ်အားစိစစ်ခဲ့ရာ လူကုန်ကူး မှုကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် အမျိုးသမီးငယ်အား ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုစည်းရုံး၍ မလေးရှား နိုင်ငံ၊ ဖူချီးမြို့ရှိ ပြည့်တန်ဆာ/အနှိပ် ခန်းသို့ပို့ဆောင်၍ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ကြသော ဒေါ်မြ၀င်း၊ ကျောက်မဲမြို့၊ မအေးနောင့်(ခ)မထားထားဝင်း၊ကျောက် မဲမြို့နှင့် မအေးတာလန်(ခ) အေးစန်္ဒာ (ယခုမလေးရှားနေ)တို့အား အရေးယူ ပေးရန် တပ်ဖွဲ့စု(လားရှိုး)မှ တရား လိုပြုလုပ်တိုင်တန်းသဖြင့် ဧပြီ ၂၆ ရက်နေ့တွင် ကျောက်မဲမြို့မရဲစခန်း မှ(ပ)၂၀/၂၀၁၄၊လူကုန်ပုဒ်မ ၂၈(က) ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်းခံရသူ အမျိုးသမီးငယ်အား ကယ်တင်ရရှိရေး မလေးရှားနိုင်ငံရှိမြန်မာသံရုံးနှင့် ဆက် သွယ်ဆောင်ရွက်လျက်ရှိပြီး မအေး တာလန်(ခ)အေးစန်္ဒာအားဖမ်းဆီးရမိ ရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စိတ် (တာချီလိတ်)တို့မှပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

၁-၅-၂၀၁၄ နေ့ထုတ် First Weekly ဂျာနယ်မှ
 
The First Media Group

0 comments:

Post a Comment