1 May 2014

အစာအိမ် အောင့်ပြီးနာလာလျှင် ဒါတွေ သတိထား



၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

၂။ အရက်သောက်ပါက ခေတ္တရပ်ထားပါ။ ကဖိန်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို လျှော့သောက် ပါ။ ၄င်းတို့သည် အက်စစ်ဓါတ်ကို ပိုမိုမြင့်တက်စေပြီး အစာအိမ်ကို ပို၍ နာကျင်စေပါသည်။

၃။ အစာကို တစ်ထိုင်တည်း အ၀မစားပဲ အဆာပြေရုံသာ စားပါ။ တစ်နေ့ကို ၅ကြိမ်၊ ၆ ကြိမ်ခန့် စားပေးပါ။ အချိန်ယူ၍ အစာကြေအောင် အေးဆေးစွာ စားပါ။

၎။ စိတ်ပူစရာ၊ ပူပန်စရာ သောကများကို လျှော့ချပါ။ စိတ်ဖိစီးမှုများလျှင် အစာအိမ်နှင့် ဆက်စပ်နေသောကြောင့် စိတ်ဖိစည်းမှုနည်းအောင် နေပါ။

၅။ နို့ထွက်ပစ္စည်းများ၊ ချောကလက်များ၊ အသားငါးတို့၏ အဆီများ၊ အကြော်များ စတဲ့ အဆီပါသော အစားအစာများကို လျှော့စားပါ။

၆။ အစာစားပြီးချိန်၊ ညဖက်အနားယူ အိပ်စက်ချိန်တို့မှာ အစာအိမ်နာလာပါက အန္တရာယ်ကြီးနိုင်သည့် အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လူတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

ကျန်းမာရေးသတင်းများ


0 comments:

Post a Comment