1 May 2014

Facebook ပေါ်တွင် အငြင်းပွားကြပြီးနောက် သူငယ်ချင်းကို ဓားဖြင့် ၆၅ ချက်ထိုးသတ်



အသက် ၁၆ နှစ်အရွယ်ရှိ အီရန်ဒီ အဲလီဇဘတ် ဂူတီရက်ဇ်ဆိုသူသည် ကမ္ဘာကျော်ဆိုရှယ်ကွန်ရက် Website တစ်ခုဖြစ်သည့် Facebook ပေါ်တွင် သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူက မတော်တရော်ပုံ များနှင့် စာများတင်လိုက်သဖြင့် စိတ်ဆိုး ဒေါသထွက်ကာ ယင်းသူငယ်ချင်းအား ဓားဖြင့် မသေမချင်း ၆၅ ချက်ထိုးသတ်ခဲ့ကြောင်း ဗြိတိန်နိုင်ငံထုတ် Metro သတင်း တွင်ဖော်ပြထားသည်။

ဂူတီရက်ဇ်၏ သူငယ်ချင်းဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိ အေနဲလ်ဘေ့ဇ်သည် သူမ၏ ဝတ်လစ်စား လစ်ပုံများကို Facebook ပေါ်တွင် တင်ထား ကြောင်း သတင်းများရရှိပြီးသည့်နောက် အလွန်ဒေါသ ထွက်သွားကြောင်း၊ သို့သော် ဂူတီရက်ဇ်က အခြားဆိုရှယ်ကွန်ရက်တစ်ခုဖြစ်သော Twitter ပေါ်မှ “ငါစိတ်ထိန်းဖို့ ဘယ်လောက်ပဲကြိုးစားသည်ဖြစ်စေ နင့်ကို သုံးခါပြန်လောက်သတ်ချင်စိတ်တွေ ဝင်နေမိ တယ်” ဟုတုံ့ပြန်ရေးသားခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

အေနဲလ်ဘေ့ဇ်သည် သူမသူငယ်ချင်းက နောက်ပြောင်ရေးသည်ထင်ခဲ့ကြောင်း၊ တစ်ပိုင်းတွင် ဘေ့ဇ်သည် ဂူတီရက်ဇ် စိတ်ဆိုးပြေလောက်သည်ထင်ပြီး မက္ကဆီကို၊ ဂူမာချီရပ်ကွက်အတွင်းရှိ သူမ၏နေအိမ်သို့ အလည်ခေါ်ခဲ့ရာမှ အသတ်ခံ လိုက်ရခြင်းဖြစ်ကြောင်း Metro သတင်းတွင်ရေးသားထားသည်။

ဂူတီရက်ဇ်က ဘေ့ဇ်၏နေအိမ် မီးဖိုးချောင်ထဲတွင် ဘေ့ဇ်အားဓားဖြင့် ၆၅ ချက်ထိုးသတ်ပြီးနောက် သွေးများ ကိုသုတ်ကာ ပြန်ထွက်သွားခဲ့ကြောင်း၊ သူမသည် ဟန်ဆောင်ဖုံးကွယ်ပြီး သူငယ်ချင်းဖြစ်သူ၏ အသုဘ သို့တက်ရောက်လာချိန်တွင် ရဲများက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း မက္ကဆီကို ရဲဌာနပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

မောက္ခပညာရေး Magazine


0 comments:

Post a Comment