26 May 2014

အွန်လိုင်း အောင်ဘာလေထီဖွင့်နိုင်ရန် စတင်စီစဉ်ဆောင်ရွက်နေ


ဂျွန်ချစ်ငြိမ်း| တနင်္လာနေ့၊ မေလ ၂၆ ရက် ၂၀၁၄ ခုနှစ်

မြန်မာနိုင်ငံတွင် လက်ရှိအောင်ဘာလေထီစနစ်ကို e Lottery (အွန် လိုင်းထီ)စနစ်ဖြင့် တိုးချဲ့ကာ အကောင်အထည်ဖော်နိုင်ရန် စတင်ဆောင်ရွက်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောဆိုလိုက်သည်။

တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် မေ၂၄ ရက်က ပြုလုပ်ခဲ့သည့် အခွန်အကောက်ဆိုင်ရာ ဆပ်ကော်မတီ ကိစ္စရပ်များ တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“e Lottery စနစ်နဲ့ ပတ်သက်တဲ့ နည်းဥပဒေကိုလည်း ရေးဆွဲပြီးတော့ ပြည်ထောင်စုဥပဒေချုပ်ထံ တင်ပြ ထား ပြီးဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

သို့သော် မည်သည့်အချိန်တွင် စတင်နိုင်မည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ e Lottery စနစ်ကျင့် သုံးသွားပါကလည်း လက်ရှိ Paper Lottery အောင်ဘာလေ ထီလက်မှတ်စနစ်ကို ဖျက်သိမ်းသွားမည် မဟုတ်ပေ။

e Lottery စနစ် လုပ်ကိုင်လိုသည့် ကုမ္မဏီများသည် မြို့နယ်အလိုက် လျှောက်လွှာတင်ကာ အခွန်ဦးစီးဌာန ၏ ဘဏ်ငွေစာရင်းတွင်Deposite တင် ထားရမည်ဖြစ်ပြီး စာရင်းရှိ ငွေကြေး ပမာဏအလိုက် ထီထိုးကံ စမ်းသွားနိုင် မည်ဖြစ်သည်။

လက်ရှိတွင် အောင်ဘာလေထီ လက်မှတ်တစ်စောင်၏ အစိုးရရောင်း ဈေးမှာ ၂၀၀ ကျပ်ဖြစ်သည်။

အောင် ဘာလေထီပေါက်စဉ်ကိုwww.myanmarelottery.com မှ တစ်ဆင့်တိုက်နိုင်သည်။

Mizzima Burmese


0 comments:

Post a Comment