26 May 2014

သန်းခြောက်ဆယ်အထက်မှာ တပ်မတော်သားများ ရှိသလား

 နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုး ဆန္ဒပြုပွဲတွင် ပြည်သူကို စကားပြောကြားစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ရာမည) 

နေပြည်တော်၊ မဇ္ဈိမ။ ။ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅%ပါနေတော့ သူတို့မပါဘဲ ပြင်လို့မရဘူး။ မြန်မာနိုင်ငံမှာ ပြည်သူ သန်းခြောက်ဆယ်လောက်ရှိပြီး တပ်မတော်သားက ငါးသန်းလောက်ရှိတယ်လို့ သိထားတယ်။ ဒါကြောင့် ပြည်သူသန်းခြောက်ဆယ်ရဲ့ အထက်မှာ ငါးသန်းက ရှိနေသလား ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ် အဖွဲ့ချုပ်ရုံးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဝန်ထမ်းများ ပုဒ်မ ၄၃၆ပြင်ရေး လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

နေပြည်တော်၊ မဇ္ဈိမ။ ။ “အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲမှာ ဝန်ထမ်းတွေလည်း လက်မှတ်ဝင်ထိုးလို့ရတယ်။ ဒါဟာ ဥပဒေနဲ့ မညိစွန်းဘူး။ အဲဒါကို လက်မှတ်ထိုးဖို့ တားမြစ်တယ်ဆိုလို့ရှိရင် ဒါဟာ ဥပဒေချိုးဖောက်တာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ပုပ္ဗသီရီမြို့နယ်တို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများတွင် ပုဒ်မ ၄၃၆ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ပြည်သူလူထုအား ပြောကြားခဲ့သည်။

မဇ္ဈိမသတင်းဌာန

၄၃၆ ပြင်ဆင်ရေးအတွက် နေပြည်တော်ကောင်စီအတွင်းရှိ သီရိလေးမြို့နယ်ရှိ NLDရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားလိုက်လံ ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ယနေ့ မေလ ၂၇ရက် နံနက်တွင် တစ်ပြည်နက် ပြုလုပ်ခဲ့သည်။

0 comments:

Post a Comment