26 May 2014

တပ်မတော်ကို စိန်ခေါ်ပြောဆို မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ကော်မရှင်သတိပေး

ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်း အတွင်းပြုလုပ်သော အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်

အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲများ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်ကို စိန်ခေါ်ပြောဆို မှုများသည် အခြေခံ ဥပဒေက ခွင့်ပြုထားသည့် အတိုင်းအတာကို ကျော်လွန်နေသည့် အတွက် သတိပြု ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်အား သတိပေး အကြောင်းကြားစာ ပေးပို့လိုက်သည်။

လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေခြင်းသည်အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပါဝင်နေရခြင်းဖြစ်ပြီး မေလ ၁၈ရက်တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စိန်ခေါ်သည့်အသုံးအနှုန်းများ သုံးနှုန်းပြောဆိုခြင်းသည် အခြေခံဥပဒေက ခွင့်ပြုထား သည့်ဘောင်ကို ကျော်လွန်ရာရောက်ကြောင်း မေလ ၂၂ရက် ရက်စွဲဖြင့် ပေးပို့သည့် သတိပေးအကြောင်းကြားစာတွင်ဖော်ပြထားခြင်းဖြစ်သည်။

Author: မင်းဟိန်းကျော်
7Day Daily

0 comments:

Post a Comment