21 May 2014

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများအား ၂၀၁၄ခုနှစ် မေလတွင် ဆက်လက်ဖြန့်ဖြူး ရောင်းချပေးမည့်အစီအစဉ်

Photo: ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများအား ၂၀၁၄ခုနှစ် မေလတွင် ဆက်လက်ဖြန့်ဖြူး ရောင်းချပေးမည့်အစီအစဉ်
Wednesday, May 21, 2014

၁။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန်နှင့် အဆင်ပြေချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်စေရန် အတွက် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်း SIM Card များအား တစ်ကတ်လျှင် ၁၅၀၀ိ/- ကျပ်နှုန်းဖြင့် တစ်လလျှင် ဖုန်းအလုံးရေ ၃၅၀၀၀၀ ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ လစဉ်ခွဲဝေဖြန့်ဖြူးပေးခဲ့ပြီး ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရောင်းချပေးလျက်ရှိပါသည်။

၂။ ယင်းသို့ ရောင်းချပေးခဲ့ရာတွင် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဧပြီလအထိ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးသို့ တန်ဖိုးနည်း CDMA 800 MHz တယ်လီဖုန်း ၂၄၉၀၀၀၀ လုံး၊ GSM တယ်လီဖုန်း ၁၅၄၉၇၀၀လုံးနှင့် WCDMA တယ်လီဖုန်း ၆၁၀၃၀၀လုံး စုစုပေါင်း တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်း ၄ ဒသမ ၆၅ သန်း ရောင်းချပေးခဲ့ပါသည်။ အဆိုပါ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများ အပါအဝင် တစ်နိုင်ငံလုံးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းပေါင်း ၈ ဒသမ ၄၅ သန်းကျော် ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။

၃။ ယခုအခါတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ဖြန့်ဖြူးရောင်းချခြင်း တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် အထူးအစီအစဉ်အနေဖြင့် တယ်လီဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ကြိုတင်ပေးသွင်းထားသော CDMA 800 MHz/ GSM / WCDMA မိုဘိုင်းဖုန်း SIM Card များကို တစ်ကတ်လျှင် ၁၅၀ဝိ/- နှုန်းဖြင့် ၂၀၁၄ ခုနှစ် ဧပြီလမှစတင်၍ တစ်လလျှင် ၄၀၀၀၀၀ သို့ တိုးမြှင့်ဖြန့်ဖြူး ရောင်းချပေးလျက် ရှိပါသည်။ အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပြည်သူများအတွက် ပုံမှန်ရောင်းချပေးနေသည့် အစီအစဉ်တွင် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ကြသော သက်ပြည့်ပင်စင် ခံစားနေသည့် အငြိမ်းစား ဝန်ထမ်းများအတွက်လည်း ဆက်လက် ထည့်သွင်း ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပါသည်။

၎။ ၂၀၁၄ ခုနှစ် မေလတွင် တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို ဆက်လက်ဖြန့်ဖြူးရောင်းချရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိတပ်ဆင်ပေးထားသော ရေဒီယိုစခန်းများ၏ လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသော အခြေအနေများ အပေါ်မူတည်၍ ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အောက်ပါအတိုင်း အချိုးကျခွဲဝေပေးရန် လျာထားတွက်ချက်ထားရှိပါသည်။

MOI Webportal Myanmar 
 
 ၁။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန်နှင့် အဆင်ပြေချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်စေရန် အတွက် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်း SIM Card များအား တစ်ကတ်လျှင် ၁၅၀၀ိ/- ကျပ်နှုန်းဖြင့် တစ်လလျှင် ဖုန်းအလုံးရေ ၃၅၀၀၀၀ ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ လစဉ်ခွဲဝေဖြန့်ဖြူးပေးခဲ့ပြီး ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရောင်းချပေးလျက်ရှိပါသည်။

၂။ ယင်းသို့ ရောင်းချပေးခဲ့ရာတွင် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဧပြီလအထိ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးသို့ တန်ဖိုးနည်း CDMA 800 MHz တယ်လီဖုန်း ၂၄၉၀၀၀၀ လုံး၊ GSM တယ်လီဖုန်း ၁၅၄၉၇၀၀လုံးနှင့် WCDMA တယ်လီဖုန်း ၆၁၀၃၀၀လုံး စုစုပေါင်း တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်း ၄ ဒသမ ၆၅ သန်း ရောင်းချပေးခဲ့ပါသည်။ အဆိုပါ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများ အပါအဝင် တစ်နိုင်ငံလုံးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းပေါင်း ၈ ဒသမ ၄၅ သန်းကျော် ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။

၃။ ယခုအခါတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ဖြန့်ဖြူးရောင်းချခြင်း တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် အထူးအစီအစဉ်အနေဖြင့် တယ်လီဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ကြိုတင်ပေးသွင်းထားသော CDMA 800 MHz/ GSM / WCDMA မိုဘိုင်းဖုန်း SIM Card များကို တစ်ကတ်လျှင် ၁၅၀ဝိ/- နှုန်းဖြင့် ၂၀၁၄ ခုနှစ် ဧပြီလမှစတင်၍ တစ်လလျှင် ၄၀၀၀၀၀ သို့ တိုးမြှင့်ဖြန့်ဖြူး ရောင်းချပေးလျက် ရှိပါသည်။ အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပြည်သူများအတွက် ပုံမှန်ရောင်းချပေးနေသည့် အစီအစဉ်တွင် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ကြသော သက်ပြည့်ပင်စင် ခံစားနေသည့် အငြိမ်းစား ဝန်ထမ်းများအတွက်လည်း ဆက်လက် ထည့်သွင်း ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပါသည်။

၎။ ၂၀၁၄ ခုနှစ် မေလတွင် တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို ဆက်လက်ဖြန့်ဖြူးရောင်းချ ရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိတပ်ဆင်ပေးထားသော ရေဒီယိုစခန်းများ၏ လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသော အခြေအနေများ အပေါ်မူတည်၍ ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အောက်ပါအတိုင်း အချိုးကျခွဲဝေပေးရန် လျာထားတွက်ချက်ထားရှိပါသည်။

MOI Webportal Myanmar


0 comments:

Post a Comment