2 May 2014

တင်းတိပ်ကို ဘယ်လိုဖျောက်ရမလဲ ?



အများအားဖြင့် အမျိုးသမီးတွေက အမျိုးသားများထက်ပို၍ တင်းတိပ်ပေါက် တတ်ကြပြီး၊ မျက်နှာ အလှအပကို ဖျက်ဆီးသည့် တင်းတိပ်ပေါက်မှာကို စိုး ထိတ်နေကြရပါတယ်။

တင်းတိပ်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့၊ မျက်နှာသန့် ရှင်းမှုမရှိခြင်း၊ မသန်ု့  ရှင်းသောမျက်နှာသုပ်ပုဝါ(သို့ မဟုတ်)တို့ ဖတ် ပုဝါ(သို့ မဟုတ်)ကရင်မ်ပပ်ဖ်ရေမြှုံ့ တို့  ကိုသုံးစွဲခြင်း၊ မသန့် ရှင်းသောလက်ဖြင့် ပွတ်သပ်ကိုင်တွယ်ခြင်း၊ မိမိနဲ့ ဓာတ်မတည့် သည့် ဓာတုပစ္စည်းများပါဝင်သော မိတ်ကပ်များလိမ်းကျံခြင်း၊ နေလောင်ခြင်း၊ ဓမ္မတာမ မှန်ဘဲ သွေးပုပ်သွေးညစ်များကြွင်းကျန်ခြင်း၊ နံ့  သာဖြူလိမ်းခြင်း စသည်တို့ ကြောင့် တင်း တိပ် စွဲနိုင်ပါတယ်။ ပင်ကိုယ်မျက်နှာအသားအရေခြောက်သွေ့ သူများမှာ တင်း တိပ်ပေါက် ဖို့  ရာနှုန်းပြည့်နီးပါးသေချာနေပါပြီ်။ ခန္ဓာကိုယ်အပူဓာတ်များသည့် အမျိုး သမီး များ သွေးမဆုံးခင် နှင့် သွေးဆုံးပြီးစအချိန်တွေမှာ တင်းတိပ်ပေါက်လေ့ ရှိပြီး၊ သွေးဆုံးပြီးနှစ် အတန်ငယ်ကြာတဲ့အခါမှာတော့ သူ့ အလိုလိုပျောက်သွားတတ် ပါတယ်။

တင်းတိပ်ဖျောက်နည်း။

လက်တကမ်းမှာ အလွယ်တကူရရှိနိုင်တဲ့ အောက်ဖော်ပြပါ သဘာဝကုထုံးလေးတွေက ဓာတုပစ္စည်းမပါရှိတာကြောင့် ဘေးထွက် ဆိုးကျိုးမရှိဘဲ တင်းတိပ်ပျောက်စေနိုင်ပါ တယ်။ သို့ သော် ဘယ်နည်းကိုဘဲသုံးသုံး ဇွဲရှိဖို့ တော့လိုအပ်ပါတယ်။

(၁) ဒန္တသုခအရွက်စိမ်းရည်(သတ္တုရည်)နှင့် သနပ်ခါးရောစပ်၍ အိပ်ရာဝင်တိုင်းလူးအိပ် ပါ။ ညစဉ်လိမ်းကျံခြင်းဖြင့် ရက်ပိုင်းအ တွင်း တင်းတိပ်ပျောက်ကင်းသွားပါလိမ့်မယ်။

(၂) သန့် ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်ဆစ် ဆုပ် စာခန့် ကို ထန်းလျက် (၇)လုံးခန့် နှင့် သုံးခွက်တစ်ခွက်တင်ကျို၍၊ ဆူလာတဲ့အခါ အိုးထဲကိုဆားအနည်းငယ်ခပ်ထည့်ပါ။ ချိုချဉ်ချဉ်အရသာအရည်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင်ပျောက်သွားပါ လိမ့်မယ်။

(၃) မျက်နှာကို သန့် ရှင်းစွာဆေးကြော၍ ရေသုပ်ပြီးနောက်၊ သန့် ရှင်းသော အုန်းမှုတ် ခွက်အခွံကို ကျောက်ပျဉ်သန့် သန့် ပေါ် မှာ ရေအစား သံပုရာရည်ဖြင့်သွေး၍ သနပ်ခါး လိမ်း သကဲ့သို့ လိမ်းပါ။ တင်းတိပ် နှင့် ၄င်းဆေးရည်တို့ ထိတွေ့ တဲ့အခါ၊ အနည်း ငယ် စပ်ဖျဉ်းဖျဉ်းခံစားရပါလိမ့်မယ်။ အရောင်က၀ါလွန်းတာကြောင့် ညအိပ်ယာဝင်ခါနီးမှာ လိမ်း ၍အိပ်ပါ။ (စပ်ဖျဉ်းဖျဉ်း ခံစားမှုကို သီးခံ၍ တစ်လခန့် လိမ်းပေးခြင်းဖြင့် လက်တွေ့ ပျောက် ကင်းနိုင်ပါတယ်)

(၄) ကြက်သွန်နီကိုထောင်း၍ ရလာတဲ့အရည်ကို ရှာလကာရည် ရောစပ်ပြီး ညင်သာ စွာလိမ်းပါ။

(၅) ထောပတ်သီး အမှည့်ထဲက၊ အစေ့ဝိုင်းဝိုင်းကြီးကို အရိပ်ထဲမှာအခြောက်လှန်း ပါ(နေပူထဲမလှန်းရ)။ ခြောက်သွေ့ သွားတဲ့အခါ ညအိပ်ယာ ၀င်ခါနီးတိုင်းသွေး၍၊ မျက်နှာကိုစင်ကြယ်စွာ ဆေးကြောသုတ်သင်ပြီးနောက် သနပ်ခါးလိမ်းသကဲ့သို့ လိမ်း အိပ်ပါ။ တင်းတိပ်တွေ ပျောက်ရုံသာမက၊ မျက်နှာအသားအရည် နုချောလာပါလိမ့်မယ်။

(၆) မျက်နှာကိုသန့် စင်အောင် ဆေးကြောပြီးနောက် ဖရဲသီးအောက်ခံအဖြူသားကို ဓား(သို့ မဟုတ်)ဇွန်းဖြင့် ပါးပါးလှီး၍ မျက်နှာ ပေမှာ နာရီဝက်ခန့် ကြာအောင် တင် ထားပေးပါ။

(၇) သနပ်ခါးသွေးပြီးနောက် သိန္ဓောဆားကို စပါးစေ့တစ်စေ့ခန့်ရောစပ်ပြီး တင်းတိပ် ရှိသောနေရာကို တစ်နေ့တစ်ကြိမ် နေ့စဉ် လိမ်းပေးပါ။

(၈) သနပ်ခါးသွေးတဲ့အခါ၊ ပင်လယ်ရေမြှပ်ကို အနည်းငယ်ထည့်သွေး၍ ရရှိတဲ့သနပ်ခါး ရည်ဖြင့် တင်းတိပ်ရှိသော နေရာတဝိုက် ကို တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (ပင် လယ်ရေမြှပ် ကို ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်)

(၉) မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီးနောက်၊ သနပ်ခါးသွေးတဲ့အ ခါ ကျောက် ချဉ် ကို မုန့်ညှင်းစေ့ တစ်စေ့ခန့်ထည့်သွေး ပြီး လိမ်းပေးပါ။ နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါတယ်။(မျက်နှာပေါ်ရှိ တင်းတိပ်များသာမက၊ အစက် အပြောက်များ နှင့် မျက်နှာအရေပြား ကြမ်းတမ်းမှုကိုပါ သက်သာပျောက် ကင်းစေနိုင်ပါတယ်)

(၁၀) သန့်စင်လတ်ဆတ်သော နနွင်းတစ်တက်ကို ရေအစား နွားနို့အနည်းငယ်နှင့်သွေး ၍၊ ရရှိသောဆေးရည်ကို တင်းတိပ်ရှိ သော နေရာတစ်ဝိုက်မှာ လိမ်းပေးပါ။ တစ်နေ့ သုံးကြိမ် လိမ်းပေးသင့်ပါတယ်။

(၁၁) ကွမ်းရွက်ကို ပါးပါးလှီးဖြတ်တောက်၍ ရေအနည်းငယ်နှင့်ပြုတ်ပါ။ အအေး ခံပြီးနောက် ကွမ်းရွက်ပြုတ်ရည် ၂-ဆ၊ ပျားရည် ၁-ဆ ရောစပ်၍ ပုလင်းနှင့်ထည့်ပါ။ ထိုကွမ်းရွက်ပေါင်းဆေးရည်ကို နံက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိမ်းပေးပါ။ လိမ်းခါနီးတိုင်း၊ မျက်နှာကို သန့် စင်စွာ ဆေးကြော၍ ပုလင်းကိုလှုပ်ပြီးမှ လိမ်းပါ။

(၁၂) နံနံစေ့ကိုပြုတ်၍ ရလာတဲ့ဆေးရည်ကိုအအေးခံကာ ညအိပ်ယာဝင်တိုင်း မျက်နှာကိုလိမ်းပေးပါ။ (တင်းတိပ်သာမက၊ မှဲ့ ခြောက် နှင့် ဆားဝက်ခြံများကို သိသိသာသာ လျော့ပါးသွားစေပါတယ်)

(၁၃) နန်းလုံးကြိုင် အသီး ၁-ဆ၊ ဂုံမင်းသီး ၁-ဆတို့ကို ကျွမ်းအောင်မီးဖုတ်၍ အမှုန့်ပြုလုပ်ပါ။ ပြီးရင် ထိုအမှုန့် တွေ မြုပ်သွားတဲ့ အထိ၊ နှမ်းဆီစစ်စစ် နှင့် ရောစပ်၍ ပုလင်းထဲထည့်ထားပါ။ အသုံးပြုခါနီးတိုင်း ပုလင်းကိုလှုပ်ပြီး တင်းတိပ်ရှိသော နေရာတွေ ပေါ်လူးပေးပါ။


MyawadyNews


ကန်တော့ခြင်းနှင့် ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များ

     

 
 
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း၊ကုသိုလ်ရလို၍ ကန်တော့ခြင်း ဟုနှစ်မျိုးရှိသည်။
(ကန်တော့ဆိုသည်မှာ အကုသိုလ်ကို ကန် ကျောက်၍ ကုသိုလ်ကို တော့ယူခြင်းကို ဆိုလိုပါသည်။)

"ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များမှာ"
(က) အပါယ်လေးပါး
အပါယ်ဟူသည်မှာ ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှုပြုခွင့်မရသော
အရပ်ကို အပါယ်ဘုံဟုခေါ်သည်။
အပါယ်ဘုံသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံဟု (၄)မျိုးရှိသည်။
 
(ခ)ကပ်သုံးပါး
၁။ သတ္ထန္တရကပ်- လက်နက် အမျိုးမျိုးဖြင့် သေကြေပျက်စီးရသော ခေတ်ကာလ။
၂။ ရောဂန္တရကပ်- အနာရောဂါအမျိုးမျိုးဖြင့် သေကြေပျက်စီးရသော ခေတ်ကာလ။
၃။ ဒုဗ္ဘိက္ခန္တရကပ်- အစာအာဟာရ ငတ်မွတ်ခေါင်းပါး ရှားပါး ငတ်ပြတ် သဖြင့်သေကြေပျက်စီးရသော ခေတ်ကာလ။
( သတ္ထ ၊ ရောဂ ၊ ဒုဗ္ဘိက္ခ၊ မှတ်ကြ ကပ်သုံးပါး)
 
(ဂ) ရပ်ပြစ်ရှစ်ပါး
၁။ ဘုရားပွင့်ဆဲကာလ ငရဲ၌ ဖြစ်ရခြင်း
၂။ တိရစ္ဆာန်ဘဝ ဖြစ်ရခြင်း
၃။ ပြိတ္တာ အသူရကာယ်ဘဝ ဖြစ်ရခြင်း
၎။ ရုပ်တရားသာရှိ၍ နာမ်တရားမရှိသော အသညသတ်ဗြဟ္မာ၊
နာမ်တရားသာရှိ၍ ရုပ်တရားမရှိသော အရူပဗြဟ္မာဘုံ၌ ဖြစ်ရခြင်း
၅။ ပစ္စန္တရာဇ် တိုင်းစွန်နယ်ဖျား ဇနပုဒ်၌ ဖြစ်ရခြင်း
၆။ မိစ္ဆာဒိဋ္ဌိဝါဒရှိနေသူဖြစ်ခြင်း(ဗုဒ္ဓဝါဒမှတပါးအခြားအယူကိုယူနေခြင်း)
၇။ တရားတော်ကို နားလည်နိုင်သောÓဏ်မရှိသူဖြစ်ခြင်း
၈။ ဘုရားမပွင့်သောအခါ လူဖြစ်ရခြင်း။
 
(ဃ) ရန်သူမျိုး ငါးပါး
(၁) ရေ (၂) မီး (၃) သူခိုး (၄) အမွေခံ သားဆိုး သမီးဆိုး (၅) မင်းဆိုး
 
(င) ဝိပတ္တိတရား လေးပါး
၁။ ကာလဝိပတ္တိ- လူအများ အကျင့်စာရိတ္တ ဖောက်ပြန်ပျက်စီးသော အချိန်အခါဖြစ်ခြင်း
၂။ ဂတိဝိပတ္တိ- အပါယ်လေးပါးတို့၌ ဖြစ်ရခြင်း
၃။ ဥပဓိဝိပတ္တိ- ရုပ်ဆင်းအင်္ဂါ ချို့ယွင်းပျက်စီးခြင်း
၎။ ပယောဂဝိပတ္တိ- ကိုယ်မှု နှုတ်မှုကို ပယောဂဟုဆို၏။ အသိအလိမ္မာမရှိ, သတိ ဝီရိယလည်းမရှိဘဲ ပြုမှု၊ပြောမှု ကြံစည်မှုကို ပယောဂဝိပတ္တိဟုခေါ်ပါသည်။
 
(စ) ဗျသနတရား ငါးပါး
၁။ ဉာတိဗျသန- ဆွေမျိုးများ သေကြေပျက်စီးခြင်း
၂။ ဘောဂဗျသန- စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
၃။ ရောဂဗျသန- အနာရောဂါဖြစ်ခြင်း
၎။ ဒိဋ္ဌိဗျသန- မိစ္ဆာအယူကို ယူခြင်း
၅။ သီလဗျသန- အကျင့်သီလ ပျက်စီးခြင်း
 
(အရှင်စန္ဒဇောတိ (သာသနာနွယ်)
နှလုံးသားအာဟာရ
 
MyawadyNews


တပ်မိသားစုများပင် တပ်ပိုင်မြေကျူးကျော်မှုဖြင့် တရားစွဲခံနေရ


မျိုးမင်းထွန်း-ဧရာဝတီတိုင်း (မြစ်မခ) ၊ ပုသိမ်၊

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ် ရွာသစ်ကုန်းရွာတွင် နေထိုင် သည့် အငြိမ်းစားတပ်မိသားစုငါးစုနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်း ဆောင်နေဆဲ မိသားစုတစ်စုကို အမှတ် ၃ဝ၈ ခြေလျင်တပ်ရင်းပိုင်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပု သိမ်မြို့အမှတ်(၂) ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

ရွာသစ်ကုန်းကျေးရွာသည် အ မှတ် ၃ဝ၈ ခြေမြန်တပ်ရင်း၏ ရှေ့ ကားလမ်းတစ်ဖက်တွင်ရှိပြီး ကျေးရွာ တွင် အိမ်ခြေ ၁၈ဝ ခန့်ရှိရာမှ တပ် ပိုင်မြေအတွင်း ကျရောက်နေသည်ဆို သည့် နေအိမ်သုံးလုံးနှင့် ဥယျာဉ်သုံးခု အတွင်းရှိ ခြံမြေအချို့နှင့် လယ်မြေ များကို ကျူးကျော်သည်ဟုဆိုကာ ပုဒ်မ- ၄၄၇ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။

''ခလရ ၃ဝ၈ က တပ်ထောက် ဗိုလ်ကြီးဘော်နီစိုးက တရားလိုလုပ်ပြီး ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားတာ ပါ။ အခုက စစ်ဆေးပြီး ဥပဒေအကြံ ပေးကို ဧပြီ ၂၆ ရက်မှာ တင်ပေးရမှာ ပါ''ဟု ပုသိမ်မြို့ အမှတ်(၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှုဖွင့်ထားခံရသည့် နေအိမ် အားလုံးသည် ယခင်တပ်မတော်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူ ခဲ့သူများ၊ ရှေ့တန်းတွင် တာဝန်ထမ်း ဆောင်၍ တိုက်ပွဲကျခဲ့သူများ၏ မိသား စုများ၊ ရှေ့တန်းတွင် မိုင်းကြောင့် ခြေ တစ်ဖက်ဆုံးရှုံးခဲ့သူ၏ မိသားစုများနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်း ဆောင်ဆဲ စစ်သည်မိသားစုများပါဝင် ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလလယ် ခန့်မှစတင်၍ အဆိုပါမြေနေရာများ အား တပ်ပိုင်မြေများဟုဆိုကာ ဖယ် ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး ယင်းမြေယာများ ပေါ်တွင် တပ်ပိုင်မြေဆိုသည့် ကျောက် စာတိုင်များအား လာရောက်စိုက်ထူခဲ့ ခြင်းဖြစ်သည်ဟု အမှုဖွင့်ခံထားရသူ များထံမှ သိရသည်။

''မတ် ၃၁ရက် နေ့လယ်ပိုင်းက သံတူရွင်းတွေ၊ ရဲတင်းတွေ၊ ဓားတွေ၊ လွှတွေအစုံနဲ့ အင်အားသုံးပြီး အိမ်တွေ ကို စဖျက်နေတုန်း ဘာကြောင့်လဲမသိ ဘူး။ မဖျက်တော့ဘဲ သူတို့စိုက်ထားတဲ့ ကျောက်တိုင်တွေကို တစ်တိုင်နဲ့တစ် တိုင် ကြိုးတွေဆွဲပြီးပြန်သွားတယ်။ ကျွန် တော်တို့အိမ်တွေကို ဖျက်တာနဲ့ပတ် သက်ပြီး ရဲစခန်းမှာအမှုသွားဖွင့်တယ်။ ရဲက မှတ်တမ်းပဲယူထားတယ်။ အမှုဖွင့် မပေးဘူး''ဟု ပုဒ်မ-၄၄၇ ဖြင့် တရား စွဲခံထားရသူ တပ်ကြပ်သိန်းလှအောင် က ပြောသည်။

အဆိုပါဖျက်သိမ်းစေရန် အမှုဖွင့် ခံထားရသူ အိမ်ထောင်စုများမှာ ဆင်းရဲ ချို့တဲ့သော အိမ်ထောင်စုများဖြစ်ပြီး ¤င်း တို့ဘက်မှ နေအိမ်များကို ဖျက်ဆီးရန် ကြိုးစားသဖြင့် ပြန်လည်အမှုဖွင့်ရန် ပြင်ဆင်ရာတွင်လည်း တပ်မှအရာရှိ ကြီးများက ခေါ်ယူခြိမ်းခြောက်မှုများ ပြုလုပ်သဖြင့် ဒုတိယသမ္မတ ဦးÓဏ် ထွန်းထံသို့ တိုင်ကြားစာများ ပို့ထား ကြောင်း ¤င်းတို့က ဆိုသည်။

အဆိုပါ မိသားစုခြောက်ဦးအ နက် ငါးဦးအား ပုသိမ်မြို့အမှတ်(၂) ရဲစခန်းတွင် (ပ) ၅၃/ ၂ဝ၁၄၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုဖြင့် အမှု ဖွင့်ထားပြီး အမှုစစ်အရာရှိ ဒုရဲအုပ် သိန်းမင်းဦးက တရားစွဲဆိုခံထားရသူ များအား စစ်ဆေးလျက်ရှိကြောင်းသိ ရသည်။

Yangon Times Journal 
 အတွဲ ၁၀ ၊ အမှတ် ၁၆


"ပြည်သူတွေရင်ထဲက မေ့မရနိုင်တဲ့ ဒဏ်ရာ" မကြာမီ ထုတ်လွှင့်ပြသသွားပါမည်


"ပြည်သူတွေရင်ထဲက မေ့မရနိုင်တဲ့ ဒဏ်ရာ" မကြာမီ ထုတ်လွှင့်ပြသသွားပါမည်။


Eleven Media Group 


MAI လေကြောင်းလိုင်း ၀န်ထမ်းနှစ်ဦးနှင့် ဖုန်းကုမ္ပဏီ ဒါရိုက်တာကို မှောင်ခိုမှုဖြင့် စသုံးလုံးက အမှုဖွင့်


ဇော်ဇော်ထွေး၊ ဖြိုးဝေလင်း

ဖုန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးနှင့် MAI လေကြောင်းလိုင်းမှ ဌာနခွဲမန်နေဂျာအဆင့်ရှိ ၀န်ထမ်းနှစ် ဦးပါ စုစုပေါင်းလေးဦးကို တရားမ၀င်ကုန်ပစ္စည်းတင်သွင်းမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က အမှုဖွင့်တိုင်ကြားထားရာ မင်္ဂလာဒုံရဲစခန်းက ဧပြီ ၂၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Mobile Mother ကုမ္ပဏီ မန်နေဂျင်း ဒါရိုက် တာ ဦးသက်ပိုင်ဖြိုး၊ Custom Agent ကိုဇေယျာမိုးနှင့် MAI လေကြောင်းလိုင်းမှ Cargo ဌာနခွဲမန်နေဂျာ ကိုဇော်မျိုးအောင်၊ လုံခြုံရေးမန်နေဂျာ ကိုဇော်မင်းလတ်တို့အပြင် ကယ်ရီသမား ကိုမြတ်အောင်ခိုင် ဆိုသူ တို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

အမှုတွင် ဦးသက်ပိုင်ဖြိုးသည် အထက်ပါ သုံးဦးနှင့် ပူးပေါင်းသဘောတူညီချက်ဖြင့် ၂၀၁၃ ဇွန်လခန့်မှစ၍ တစ်လလျှင် သုံးကြိမ်နှုန်းဖြင့် မိုဘိုင်းဖုန်းဟန်းဆက်များနှင့် ဆက်စပ်ပစ္စည်းများကို တရားမ၀င်တင် သွင်းခဲ့ သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်က ဆိုက်ရောက်လာသည့် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း MAI ခရီးစဉ်အမှတ် 8M -232 လေယာဉ်တွင် ကျပ်သိန်းပေါင်း ၃,၀၀၀ တန်ဖိုး ရှိ မိုဘိုင်းဟန်းဆက် ၆၂၅ လုံး၊ 16GB မန်မိုရီကတ် ၂၇၃ ခု၊ 8GB မန်မိုရီကတ် ၁,၀၀၀ခု၊ Blue tooth နား ကြပ် ၅၀ ခုတို့ကို စစ်ဆေးတွေ့ရှိထားသည်။
အဆိုပါ ပစ္စည်းများကို ကယ်ရီသမားဖြစ်သူ မြတ်အောင်ခိုင်မှ ခရီးဆောင်အိတ်များ၊ စက္ကူပုံးများတွင် ထည့်၊၍တင်သွင်းခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အထက်ပါ လူငါးဦးတို့ကို စသုံးလုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးစိုး လွင်က တရားလိုပြုလုပ်တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၁၈၈/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အရေးယူရန် တရားလိုဖြစ်သူ ဦးစိုးလွင်ကပင် စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စဖြင့်ပတ်သက်၍ MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်အေးမရသာက “ဒီကိစ္စဖြစ်ခဲ့တာတော့ ဟုတ်ပါတယ်။ အဓိကတော့ ဟိုဘက်က သွင်းလာတဲ့အချိန်မှာ တာဝန်ကျနေတဲ့ လေကြောင်းဝန်ထမ်းတွေကို ထိတာပါ။ ဒီ ကိစ္စဖြစ်ဖြစ်ချင်းမှာပဲ ကျွန်မတို့လေကြောင်းလိုင်း ၀န်ထမ်းတွေ ကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာပါ”ဟု ဆိုခဲ့သည်။
ထို့ပြင် MAI လေကြောင်းလိုင်းအနေဖြင့် ယင်းတို့လေကြောင်းလိုင်းကို အသုံးပြု၍ တရားမ၀င်ပစ္စည်းများ တင်သွင်းနိုင်ခြင်း မရှိစေရန် လေကြောင်းလိုင်းဝန်ထမ်းများကို သင်တန်းပို့ချမှုများ ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။
 
Mizzima


အမျိုးသားများ ၀တ်ရန် သီးသန့် ဘရာစီယာ ထုတ်လုပ်၊ ၀တ်ဆင်ရတာ အရသာ အလွန်ကောင်းကြောင်းဆို


ဂျပန် ကုမ္ပဏီ တစ်ခု ဟာ အမျိုး သား တွေ ၀တ်ဆင် ဖို့ ဘရာ စီယာ နဲ့ အ တွင်း ခံ ဘောင်း ဘီ တွေ သီးသန့် ထုတ် လုပ် လိုက် တာမို့ အငြင်းပွား ဖွယ် ရာဖြစ်ခဲ့ ကြောင်း သိရ ပါ တယ်။ အမျိုး သား တွေဝတ်ဆင်ဖို့ ထုတ်လုပ် လိုက် တဲ့ ဘရာစီယာ နဲ့ အတွင်းခံ ဘောင်းဘီ ဟာ အမျိုး သမီး တွေ ၀တ်ဆင် တဲ့ ဒီဇိုင်း ပုံစံအတိုင်း ပြုလုပ် ထား တာ ဖြစ်ပါ တယ်။ ဒီပစ္စည်း ကို Wish Room ကုမ္ပဏီ က စတင် မိတ် ဆက် ရောင်းချ ခြင်းဖြစ် ပြီး ဂျပန် နိုင်ငံ က စတိုး ဆိုင် တွေ မှာ ၀ယ် ယူ ရရှိ နိုင် မှာ ဖြစ် ပြီး၊ ဘရာ စီယာ နဲ့ အ တွင်း ခံဘောင်း ဘီ တစ်စုံ ရဲ့ တန်ဖိုး က ပေါင် (၁၁ ဒသမ ၅၀) က နေ ပေါင် (၁၈) အ ထိ ရှိ မှာ ဖြစ် ပါ တယ်။ အမျိုးသား တွေ ဘရာ စီယာ ၀တ် ဆင် တာ ဖြစ်ရိုး ဖြစ်စဉ် မဟုတ် ပေမယ့် အမျိုး သမီး တွေ လို ထူး ခြား တဲ့ အတွေ့ အကြုံ ရ စေဖို့ ထုတ်လုပ် ခဲ့ခြင်း ဖြစ် ပါ တယ်။ ဒီ ကုမ္ပဏီ ဟာ ၂၀၀၈ မှာ အမျိုး သား အတွင်း ခံ ဘောင်း ဘီ တွေ ထုတ် လုပ် ခဲ့ပြီး အမျိုး သမီး အတွင်း ခံ ဘောင်း ဘီ တွေ ကို လည်း ရောင်း ချ ခဲ့ ဖူးတယ်လို့ သိရပါ တယ်။ Wish Room ကုမ္ပဏီ ရဲ့ တာဝန် ရှိသူ တစ်ဦး က ဘရာ စီယာ ၀တ် ဆင် ထား တဲ့ ခံစား မှု မျိုး က ဘယ် အရာ နဲ့မှ မတူ ကြောင်း၊ ဒီ အရသာ ဟာ အလွန် ကောင်း ကြောင်း ပြော ကြား သွား ခဲ့ ပါ တယ်။ အ မျိုး သား တွေ အတွက် သီးသန့် ထုတ်လုပ် ထားတဲ့ ဘရာ စီယာ အပေါ် စိတ်ဝင် စား မှု ပိုမို လာ လိမ့် မယ် လို့ ကုမ္ပဏီ က မျှော်လင့် ထား ပါ တယ်။
 
The Messenger


မြန်မာ့ဆက်သွယ်ရေး အင်တာနက်သုံးစွဲမှု မြင့်မားရန် Bandwidth (၁ဝဝ) အထိ တိုးချဲ့ဆောင်ရွက်မည်ဟု ဆို



မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှု ကောင်းမွန်တိုးတက်ရေးအတွက် အင်တာနက် Bandwidth ပမာဏကို ၁ဝဝ အထိရောက်အောင် ဆောင် ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

''လတ်တလောအနေနဲ့ Bandwidth တိုးချဲ့ဖို့ အတွက် ဆောင်ရွက်ရ မယ့်အပိုင်းတွေကို လုပ်နေပါတယ်။ ဆောင်ရွက်ရမယ့် အပိုင်းတွေ ပြီးသွားရင်တိုးချဲ့မယ့်အပိုင်းကို လုပ်သွားမှာပါ''ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း အဝေးဆက် ကြောင်းဌာနမှ အရာရှိတစ်ဦးကပြောသည်။

Bandwidth တိုးချဲ့မည့်အပိုင်းတွင် လုပ်ဆောင်မည့်ပမာဏကို အဆင့် လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ပြိုင်နက် တည်းဆောင် ရွက်သွားမည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။

''ရနိုင်သလောက်တော့ တိုးချဲ့သွားမှာပါ။ Bandwidth တိုးမယ့်အပိုင်းမှာ လည်း လက်ရှိဆက်သွယ်ရေး အော်ပရေတာတွေ တိုးချဲ့ယူတာမျိုးမဟုတ် ဘဲ မြန်မာ့ဆက်သွယ် ရေးသီးသန့်အနေနဲ့ တိုးချဲ့မှာပါ''ဟု ၎င်းက ဆက်ပြောသည်။

တိုးချဲ့မည့်ပမာဏကို လက်ရှိအဓိကချိတ်ဆက်ထားသည့် SEA-ME-WE 3 အပြင် ကုန်းတွင်းဆက်ကြောင်းများ၊ အခြားဆက်ကြောင်းများမှ ယူဆောင်သွား မည်ဖြစ်ပြီး ဆက်ကြောင်းသစ်များကိုအကောင် အထည် ဖော်ဆောင်ရွက်ကာ တိုးချဲ့ဆောင်ရွက်မှုများပြီးမြောက်ပါက ထုတ်ပြန်ကြေညာပေးမည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအင်တာနက် Bandwidth ပမာဏမှာ ၂၇.၃၆ ဝန်းကျင်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းအပြီးတွင် အဆိုပါပမာဏ ကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းအနေဖြင့်
အင်တာနက်စနစ်အတွက် ဖိုင်ဘာဆက်ကြောင်း SEA-ME-WE 3 အပြင် စင်ကာပူမှ အဓိကထားလုပ် ဆောင်မည့် ဖိုင်ဘာဆက်ကြောင်းသစ် SEA-ME-WE 5 ဆက်ကြောင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီထားသည်ဟု ဆက်သွယ်ရေးမှ သိရသည်။

အောင်ဇော်

Popular Myanmar News Journal


ဆီးချို သွေးချို သမားများ စိတ်ပူရန် မလိုတော့ပါ



တကယ်ကို ကောင်းပြီး ဆေးစွမ်းထက်လို့ ပြန်လည်ကာ မျှဝေပေးလိုက် ရပါတယ်။ အဲဒါကတော့ ရုံးပတီးဖြင့် အရည်ဖြင့် ဆီးချို သွေးချိုရောဂါကို ပျောက်အောင် ကုသနိုင်ခြင်းပင် ဖြစ်ပါတယ်။

အသုံးပြုပုံလေးကို ရှင်းပြပါ့မယ်။ ရုံးပတီသီး ၄ ထောင့် (သို့) ၅ ထောင့်ကို ထိပ်ပိုင်းနှင့် အရင်ပိုင်းကို ဖြတ် လိုက်ပါ။ ပြီးနောက် ဖန်ခွက်တစ်ခုထဲသို့ ထည့်လိုက်ပါ။ ညအိပ်ခါနီး အချိန်ရောက်တာနဲ့ ထိုရုံးပတီး ကို ရေစိမ်လိုက်ပါ။ နံနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ သောက်ပေးပါ။

တစ်ကြိမ် နှစ်ကြိမ် သောက်လိုက်တာနဲ့ ဆီးချို သွေးချိုများ သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


1 May 2014

ဦးသိန်းစိန်အစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆိုမည်

 
နေပြည်တော်၊ မဇ္ဈိမ။ ။ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို အယုံအကြည်မရှိဟုဆိုကာ အားလုံးနှုတ်ထွက်ပေးရန် မေလ တတိယပတ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုမည်ဟု မန္တလေးမြို့မှ ရှေ့နေကြီး ဦးစိန်လှက မဇ္ဈိမကို ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၁၃ ဧပြီလ ၃၀ ရက်တုန်းက သမ္မတက စက်မှု၊ စိုက်ပျိုး၊ စီးပွားထူးချွန်ဆုတွေပေးခဲ့တဲ့အထဲမှာ လယ်မြေဧက လေးသိန်းမတရားသိမ်းပြီး ဒေသခံတောင်သူတွေကို နှိပ်စက်နေတဲ့၊ တရားမ၀င်သစ်တွေ ခိုးထုတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးလည်းပါတယ်။ အဲဒီလို သစ်ခိုးထုတ်နေတာကို အချက်အလက် အထောက်အထားအပြည့်အစုံနဲ တိုင်ကြားခဲ့ပေမယ့် ကွင်းဆင်းစစ်ဆေးတာ၊ အရေးယူတာ မရှိပါဘူး။ မရှိတဲ့အပြင် သူခိုးစားရိုးကမ်းသလို အဲဒီလုပ်ငန်းရှင်ကို ထူးချွန်ဆုချီးမြှင့်ခဲ့တာကြောင့် ဒီအဆိုကို ကျွန်တော်တင်ပြသွားမှာ" ဟု ၎င်းက ပြောသည်။

ယမန်နှစ်က ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ ထူးချွန်ဆုချီးမြှင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ သစ်ခွဲစက်တည်ထောင်ထားသူ ဂရိတ်ဝေါကုမ္ပဏီနှင့် ဟွန်ဒါမြန်မာကုမ္ပဏီပိုင်ရှင်ကို ဆုချီးမြှင့်ခဲ့ခြင်းကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့နုတ်ထွက်ပေးရန် မေလ တတိယအပတ်၌ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲလုပ်ရန် စီစဉ်ထားသည်။ သို့သော် တော်ဝင်နှင်းဆီတွင် အဆင်မပြေပါက အခြားနေရာတစ်ခုတွင် ပြုလုပ်ရန် ရွေးချယ်နေဆဲဖြစ်ပြီး သတင်းစာရှင်းလင်းပွဲအတွက် မေလ ၁ရက်က နေပြည်တော်တွင် ခွင့်ပြုမိန့် လာရောက်တောင်းခံခဲ့သည်။

ယင်းကဲ့သို့ သမ္မတအပါအဝင် အစိုးရအဖွဲ့ နုတ်ထွက်ရန် ရှေ့နေကြီး ဦးစိန်လှက သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ နှုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခွင့်ကို ၂၀၁၃ခုနှစ်ကတည်းကပင် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ပေ။

“၂၀၁၃ ခုနှစ် ကိုးလပိုင်းမှာ ဒီအဆိုလုပ်ဖို့ ထီးချိုင့်မြို့နယ်မှာ နှစ်ကြိမ်၊ နေပြည်တော်မှာ တစ်ကြိမ်ခွင့်ပြုချက် တောင်းခဲ့တယ်။ မရခဲ့ပါဘူး" ဟု ရှေ့နေကြီး ဦးစိန်လှက ပြောသည်။

ရှေ့နေကြီး ဦးစိန်လှသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်နှင့် ၂၀၁၂ ခုနှစ်တွင် မဟာအောင်မြေမြို့နယ်တို့တွင် တစ်သီးပုဂ္ဂလအမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၈၉ခုနှစ်၌ ပုဒ်မ ၅(ည)ဖြင့် ရှေ့နေလိုင်စင်အသိမ်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်တွင် လိုင်စင် ပြန်လည်ရရှိခဲ့သည်။

စိုးသန်းလင်း
Mizzima - News in Burmese


တစ်နေ့တာမှာ နှလုံးရောဂါ အဖြစ်ပွားဆုံးအချိန်


 
နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေ တစ်နေ့တာမှာ အဖြစ်ပွားဆုံးအချိန်ကို သုတေသနပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တစ်နေ့တာမှာ အဖြစ်ပွားဆုံးအချိန်ကတော့ မနက် ၆နာရီခွဲ အချိန်ဖြစ်တယ်လို့ သိရှိရပါတယ်။ သုတေသနကို ဦးဆောင်ခဲ့တဲ့ Oregon Health and Science University မှ သုတေသီတွေကတော့ ဒီအချိန်မှာ သွေးတွင်းပရိုတင်းပမာဏတွေ အမြင့်ဆုံးရောက်ရှိနိုင်ပြီး သွေးခဲတွေကို ပျော်စေတဲ့ ကိုယ်ခန္ဓာဖြစ်စဉ်တွေဟာလည်း အနှေးကွေးဆုံး ဖြစ်နေလို့ပဲဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။

““ဒီသုတေသနမှာ သွေးလှည့်ပတ်မှုစနစ်၊ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီတွေရဲ့ ဆက်စပ်မှုဟာ နှလုံးရောဂါအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ ဖော် ထုတ်နိုင်ခဲ့ပါတယ်။ 


မနက်ခင်းမှာ မြင့်တက်လာတဲ့ သွေးတွင်းပရိုတင်း ပမာဏကို ပူးပေါင်းပါဝင်သူတွေမှာ တိုင်းတာနိုင်ခဲ့ပြီး ရလဒ်များအရ အခု လိုတွေ့ရှိခဲ့ပါတယ်”” လို့ သုတေသီ ခေါင်းဆောင် Frank Scheer က ပြောကြားခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးထဲမှ Plasminogen activator inhibitor-1(PAI-1)ဆိုတဲ့ ပရိုတင်းဟာ မနက်၆နာရီခွဲအချိန်မှာ အမြင့်ဆုံးဖြစ်ပြီး အဲဒီပရိုတင်းဟာ သွေးကြောတွင်းမှာ သွေးခဲပိတ်ဆို့ခြင်းကို တားဆီးနိုင်မှုတွေကို ပိတ်ပင်တဲ့ ပရိုတင်းဖြစ်ပါတယ်။

PAI-1 ဟာ အ၀လွန်ခြင်း၊ ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါ အခံရှိသူတွေမှာ မြင့်တက်လာမယ်ဆိုရင် နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းကို ခံစားရဖို့ ၈၀%သေချာကြောင်း Frank Scheer က ရှင်းပြထားပါတယ်။ ဒီသုတေသနကို Journal of Blood မှာ ဖော်ပြထားတာဖြစ်ပါတယ်။
 
သက်ကို
 
ref;ANI

MyawadyNews



သူဘာလို့ ငါ့ထက်သာနေရတာလဲ ?

 
 (အရမ်းကောင်းတဲ့ မှတ်သားစရာ ပညာပေးစကားဖြစ်ပါတယ်)

တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။

" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"

သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။

မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "

မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။
 
သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။
ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့ 


 
MyawadyNews



ဂျင်းဘောင်းဘီကို ခါးအောက်လျောကျဝတ်ဆင်တက် တဲ့ ယောကျာ်းလေးများ၊မိန်းကလေးများ သိစေဖို့

Myawady News's photo.

ဂျင်းဘောင်းဘီကို ခါးအောက်လျောကျဝတ်ဆင်တက် တဲ့ ယောကျာ်းလေးများ၊မိန်းကလေးများ သိစေဖို့

ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်ဟာ အမေရိကန် နိုင်ငံမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။

တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့ စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့
ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။အမျိုးသားချည်းသက်သက် ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ယောက်နှင့်တစ်ယောက် အပျော်တမ်း ဖော်ချွတ်
ဆက်ဆံလိုသူများ (အများအားဖြင့် အခြောက်များ) သည် ဂျင်းဘောင်းဘီကို တင်ပေါ်တင်ရုံမျှသာ ဝတ်ဆင်ပါသည်။

ယင်းသို့ဝတ်ဆင်မှုမှာ အကျဉ်းသားထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား တွေ့မြင်သူ အကျဉ်းသားများမှာလည်း
သဘောပေါက်ပြီး အပြန်အလှန် လိင်တူဆက်ဆံခြင်းများ ရှိကြတယ်လို့ သိရှိကြသည်။ ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မသင့်တော်သောအမူကိစ္စတို့ကို ပြုလုပ်ပါသည်။

ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ My Butt Available To Be Penetrated By Other Inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။

ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျောကျဝတ်ဆင်သူ လူငယ် အမျိုးသမီး၊အမျိုးသားတို့ အား
ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ကဲ သူငယ်ချင်းတွေ အားလုံး အဲ့လို ၀တ်ဆင်လို့ကော ကိုယ့်ကိုကိုယ် လှတယ်လို့ ထင်နေပါသလား.......?။
 
 
Ref : http://drshweeaimsi.blogspot.com
 

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပထမဆုံးအကြိမ် အကျွတ်အလွတ်ဒါနပွဲ ပြုလုပ်မည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပထမဆုံးအကြိမ် အကျွတ်အလွတ်ဒါနပွဲ ပြုလုပ်မည်
Written by  သန်းဖေသား

မန္တလေး၊ ဧပြီ ၃၀

ယာဉ်မတော်တဆမှု များကြောင့် သေဆုံးသူ မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းတွင် အကျွတ်အလွတ် ဒါနပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဒါနပွဲကို မေလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့တို့တွင် အမြန်လမ်း (ဖြူးမြို့နယ်) မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ပြုလုပ်မည်ဖြစ်ပြီး ပင့်သံဃာတော် ငါးပါးက ယင်းနေရာ တစ်ဝိုက်ရှိ တောစောင့်နတ်၊ တောင်စောင့်နတ်များကို ဆုတောင်းအမျှဝေခြင်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ဒီအမြန်လမ်းဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီးတွေ ခုတ်လဲပစ်လိုက်လို့ သူတို့တစ်တွေ နေစရာ မရှိတာနဲ့ အခုလို အနှောင့်အယှက် ပေးနေသလား တွေးမိတယ်။ သူတို့တစ်တွေ မကျွတ်မလွတ် ဘဝနဲ့ ရှိနေကြလိမ့်မယ် ယုံကြည်လို့ ဒီအမျှဝေပွဲတော် ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးမိုးခိုင်က ရှင်းပြသည်။

ယင်းပွဲအစီအစဉ်အဖြစ် မေလ ၁၀ ရက်နေ့ ည၈ နာရီအချိန်တွင် အစားအစာ ကျွေးမွေးခြင်း၊ တောစောင့်နတ်၊ တောင်စောင့်နတ် အပေါင်းတို့အား တောင်းပန်ခြင်းများ ပြုလုပ်ကာ မေလ ၁၁ ရက်နေ့ နံနက်စောစောအချိန်တွင် အမျှပေးဝေခြင်း၊ သစ်ပင်အစားထိုး စိုက်ပျိုးခြင်းများ ဝိုင်းဝန်း ဆောင်ရွက်သွားရန် စီစဉ်ထားပြီး အဆိုပါ အကျွတ်အလွတ် ဒါနပွဲသို့ လိုက်ပါပြုလုပ်လိုသူ၊ ပါဝင်လှူဒါန်း လိုသူများအနေနှင့် ဒေါက်တာ မိုးမိုးခိုင် ဖုန်း ၀၂-၇၅၁၁၄၊ ၀၉-၂၀၅၁၁ ၂၂ ၊ မမိုးလေး ၀၉-၄၀၂၅၄၆၀၇၅ တို့ထံ ဆက်သွယ်နိုင်ပြီး မေလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့တော်မှ စတင်ထွက်ခွာမည်ဖြစ်ရာ စိတ်ပါ ဝင်စားသူတိုင်း မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကြိုတင် ဆက်သွယ်နိုင်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ ထပ်မံသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သော ၂၀၁၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားပြီး စုစုပေါင်း ၅၇ ဦး သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

Aye Chan Mon# Credit To : THE VOICE WEEKLY> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

မန္တလေး၊ ဧပြီ ၃၀

ယာဉ်မတော်တဆမှု များကြောင့် သေဆုံးသူ မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းတွင် အကျွတ်အလွတ် ဒါနပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဒါနပွဲကို မေလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့တို့တွင် အမြန်လမ်း (ဖြူးမြို့နယ်) မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ပြုလုပ်မည်ဖြစ်ပြီး ပင့်သံဃာတော် ငါးပါးက ယင်းနေရာ တစ်ဝိုက်ရှိ တောစောင့်နတ်၊ တောင်စောင့်နတ်များကို ဆုတောင်းအမျှဝေခြင်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ဒီအမြန်လမ်းဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီးတွေ ခုတ်လဲပစ်လိုက်လို့ သူတို့တစ်တွေ နေစရာ မရှိတာနဲ့ အခုလို အနှောင့်အယှက် ပေးနေသလား တွေးမိတယ်။ သူတို့တစ်တွေ မကျွတ်မလွတ် ဘဝနဲ့ ရှိနေကြလိမ့်မယ် ယုံကြည်လို့ ဒီအမျှဝေပွဲတော် ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးမိုးခိုင်က ရှင်းပြသည်။

ယင်းပွဲအစီအစဉ်အဖြစ် မေလ ၁၀ ရက်နေ့ ည၈ နာရီအချိန်တွင် အစားအစာ ကျွေးမွေးခြင်း၊ တောစောင့်နတ်၊ တောင်စောင့်နတ် အပေါင်းတို့အား တောင်းပန်ခြင်းများ ပြုလုပ်ကာ မေလ ၁၁ ရက်နေ့ နံနက်စောစောအချိန်တွင် အမျှပေးဝေခြင်း၊ သစ်ပင်အစားထိုး စိုက်ပျိုးခြင်းများ ဝိုင်းဝန်း ဆောင်ရွက်သွားရန် စီစဉ်ထားပြီး အဆိုပါ အကျွတ်အလွတ် ဒါနပွဲသို့ လိုက်ပါပြုလုပ်လိုသူ၊ ပါဝင်လှူဒါန်း လိုသူများအနေနှင့် ဒေါက်တာ မိုးမိုးခိုင် ဖုန်း ၀၂-၇၅၁၁၄၊ ၀၉-၂၀၅၁၁ ၂၂ ၊ မမိုးလေး ၀၉-၄၀၂၅၄၆၀၇၅ တို့ထံ ဆက်သွယ်နိုင်ပြီး မေလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့တော်မှ စတင်ထွက်ခွာမည်ဖြစ်ရာ စိတ်ပါ ဝင်စားသူတိုင်း မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကြိုတင် ဆက်သွယ်နိုင်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ ထပ်မံသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သော ၂၀၁၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားပြီး စုစုပေါင်း ၅၇ ဦး သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

THE VOICE WEEKLY

Facebook ပေါ်တွင် အငြင်းပွားကြပြီးနောက် သူငယ်ချင်းကို ဓားဖြင့် ၆၅ ချက်ထိုးသတ်



အသက် ၁၆ နှစ်အရွယ်ရှိ အီရန်ဒီ အဲလီဇဘတ် ဂူတီရက်ဇ်ဆိုသူသည် ကမ္ဘာကျော်ဆိုရှယ်ကွန်ရက် Website တစ်ခုဖြစ်သည့် Facebook ပေါ်တွင် သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူက မတော်တရော်ပုံ များနှင့် စာများတင်လိုက်သဖြင့် စိတ်ဆိုး ဒေါသထွက်ကာ ယင်းသူငယ်ချင်းအား ဓားဖြင့် မသေမချင်း ၆၅ ချက်ထိုးသတ်ခဲ့ကြောင်း ဗြိတိန်နိုင်ငံထုတ် Metro သတင်း တွင်ဖော်ပြထားသည်။

ဂူတီရက်ဇ်၏ သူငယ်ချင်းဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိ အေနဲလ်ဘေ့ဇ်သည် သူမ၏ ဝတ်လစ်စား လစ်ပုံများကို Facebook ပေါ်တွင် တင်ထား ကြောင်း သတင်းများရရှိပြီးသည့်နောက် အလွန်ဒေါသ ထွက်သွားကြောင်း၊ သို့သော် ဂူတီရက်ဇ်က အခြားဆိုရှယ်ကွန်ရက်တစ်ခုဖြစ်သော Twitter ပေါ်မှ “ငါစိတ်ထိန်းဖို့ ဘယ်လောက်ပဲကြိုးစားသည်ဖြစ်စေ နင့်ကို သုံးခါပြန်လောက်သတ်ချင်စိတ်တွေ ဝင်နေမိ တယ်” ဟုတုံ့ပြန်ရေးသားခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

အေနဲလ်ဘေ့ဇ်သည် သူမသူငယ်ချင်းက နောက်ပြောင်ရေးသည်ထင်ခဲ့ကြောင်း၊ တစ်ပိုင်းတွင် ဘေ့ဇ်သည် ဂူတီရက်ဇ် စိတ်ဆိုးပြေလောက်သည်ထင်ပြီး မက္ကဆီကို၊ ဂူမာချီရပ်ကွက်အတွင်းရှိ သူမ၏နေအိမ်သို့ အလည်ခေါ်ခဲ့ရာမှ အသတ်ခံ လိုက်ရခြင်းဖြစ်ကြောင်း Metro သတင်းတွင်ရေးသားထားသည်။

ဂူတီရက်ဇ်က ဘေ့ဇ်၏နေအိမ် မီးဖိုးချောင်ထဲတွင် ဘေ့ဇ်အားဓားဖြင့် ၆၅ ချက်ထိုးသတ်ပြီးနောက် သွေးများ ကိုသုတ်ကာ ပြန်ထွက်သွားခဲ့ကြောင်း၊ သူမသည် ဟန်ဆောင်ဖုံးကွယ်ပြီး သူငယ်ချင်းဖြစ်သူ၏ အသုဘ သို့တက်ရောက်လာချိန်တွင် ရဲများက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း မက္ကဆီကို ရဲဌာနပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

မောက္ခပညာရေး Magazine


အစာအိမ် အောင့်ပြီးနာလာလျှင် ဒါတွေ သတိထား



၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

၂။ အရက်သောက်ပါက ခေတ္တရပ်ထားပါ။ ကဖိန်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို လျှော့သောက် ပါ။ ၄င်းတို့သည် အက်စစ်ဓါတ်ကို ပိုမိုမြင့်တက်စေပြီး အစာအိမ်ကို ပို၍ နာကျင်စေပါသည်။

၃။ အစာကို တစ်ထိုင်တည်း အ၀မစားပဲ အဆာပြေရုံသာ စားပါ။ တစ်နေ့ကို ၅ကြိမ်၊ ၆ ကြိမ်ခန့် စားပေးပါ။ အချိန်ယူ၍ အစာကြေအောင် အေးဆေးစွာ စားပါ။

၎။ စိတ်ပူစရာ၊ ပူပန်စရာ သောကများကို လျှော့ချပါ။ စိတ်ဖိစီးမှုများလျှင် အစာအိမ်နှင့် ဆက်စပ်နေသောကြောင့် စိတ်ဖိစည်းမှုနည်းအောင် နေပါ။

၅။ နို့ထွက်ပစ္စည်းများ၊ ချောကလက်များ၊ အသားငါးတို့၏ အဆီများ၊ အကြော်များ စတဲ့ အဆီပါသော အစားအစာများကို လျှော့စားပါ။

၆။ အစာစားပြီးချိန်၊ ညဖက်အနားယူ အိပ်စက်ချိန်တို့မှာ အစာအိမ်နာလာပါက အန္တရာယ်ကြီးနိုင်သည့် အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လူတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

ကျန်းမာရေးသတင်းများ


ထိုင်း၌အလုပ်ရမည်ဟု ပြော၍ မလေးရှားတွင် ပြည့်တန်ဆာ အဖြစ်ခိုင်းစေခဲ့သူ များကို အမှုဖွင့်


ရှမ်းပြည်နယ်၊ ကျောက်မဲ မြို့နယ်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦးကို ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး ထိုင်းနိုင်ငံမှတစ် ဆင့် မလေးရှားနိုင်ငံသို့ ခေါ်ဆောင်ကာ ပြည့်တန်ဆာ အဖြစ် ခိုင်းစေခဲ့သဖြင့် ခေါ်ဆောင်သူနှင့် ခိုင်းစေသူများကို ဧပြီ ၂၆ ရက်နေ့က ကျောက်မဲမြို့မ ရဲစခန်းမှ လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ် ဧပြီ ၂ ရက်နေ့တွင် အမျိုးသမီးငယ်အား ကျောက်မဲမြို့၊ ၂ ရပ်ကွက်နေ ဒေါ်မြ ၀င်း၊ ၅၄ နှစ်(ဘ) ဦးသောင်းဖေ နှင့်ဒေါ်မြ၀င်း၏သမီး မအေးနောင့်(ခ) ထားထားဝင်းတို့မှ ထိုင်းနိုင်ငံရှိ စား သောက်ဆိုင်၌အလုပ်ရမည်၊ တစ်လ လျှင်ငွေကျပ် (၄/၅)သိန်းခန့်ရမည်ဟု ပြောဆိုစည်းရုံးကာ ကျောက်မဲမှ မန်္တလေးသို့ ကားဖြင့်ခေါ်ဆောင်သွား ပြီး မန်္တလေးမှတာချီလိတ်သို့ လေ ယာဉ်ဖြင့်တင်ပေးလိုက်ကြောင်း သိရ သည်။

တာချီလိတ်လေဆိပ်တွင် ထားထားဝင်း ချိန်းဆိုပြောထားသည့် အမည်မသိ အမျိုးသမီးတစ်ဦးမှ လာ ရောက်ကြိုဆိုပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ပို့ဆောင်ခဲ့ကြောင်း၊ ထိုင်း နိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံ၊ ဖူချီ မြို့သို့ ဆက်လက်ခေါ်ဆောင်သွားပြီး မအေးတာလန်(ခ)အေးစန်္ဒာ(ယခင် ကျောက်မဲမြို့တွင်နေထိုင်ခဲ့ဖူးသူ) ဖူချီ မြို့၊ မလေးရှားနိုင်ငံနေသူမှ ပြည့်တန် ဆာအနှိပ်ခန်းများတွင် ၀င်ရောက် လုပ်ကိုင်စေခဲ့ပြီး ရရှိငွေအား မအေး တာလန်မှထိန်းသိမ်းကာ လစာအဖြစ် ပြန်ပေးမည်ဟု ပြောဆိုခဲ့ကြောင်းကို လည်းသိရသည်။

ပြည့်တန်ဆာအလုပ် မလုပ်လို၍နေရပ်သို့ ပြန်ပို့ခိုင်းရာ မအေးတာလန်ကခေါ်ဆောင်လာသည့် စရိတ်ငွေ ကျပ်(၃၅)သိန်းပေးမှသာ ပြန်ပို့ပေးနိုင်မည်ဟု ပြောဆိုသဖြင့် ပြည့်တတန်ဆာအဖြစ်ခိုင်းစေခံရသည့် အမျိုးသမီးငယ်မှ ကျောက်မဲမြို့ရှိ ၄င်း ၏မိခင်ထံဖုန်း၊ အင်တာနက်များဖြင့် ဆက်သွယ်ပြောကြားချက်များကြောင့် မိခင်ဖြစ်သူက လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(လားရှိုး) နှင့်ဆက်သွယ်၍ ၄င်း၏သမီးကို ပြန် လည်ကယ်တင်ပေးနိုင်ရေးအကူအညီ တောင်းခံခဲ့ကြောင်းသိရှိရသည်။

တပ်ဖွဲ့စု(လားရှိုး)က အဆို ပါဖြစ်စဉ်အားစိစစ်ခဲ့ရာ လူကုန်ကူး မှုကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် အမျိုးသမီးငယ်အား ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုစည်းရုံး၍ မလေးရှား နိုင်ငံ၊ ဖူချီးမြို့ရှိ ပြည့်တန်ဆာ/အနှိပ် ခန်းသို့ပို့ဆောင်၍ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ကြသော ဒေါ်မြ၀င်း၊ ကျောက်မဲမြို့၊ မအေးနောင့်(ခ)မထားထားဝင်း၊ကျောက် မဲမြို့နှင့် မအေးတာလန်(ခ) အေးစန်္ဒာ (ယခုမလေးရှားနေ)တို့အား အရေးယူ ပေးရန် တပ်ဖွဲ့စု(လားရှိုး)မှ တရား လိုပြုလုပ်တိုင်တန်းသဖြင့် ဧပြီ ၂၆ ရက်နေ့တွင် ကျောက်မဲမြို့မရဲစခန်း မှ(ပ)၂၀/၂၀၁၄၊လူကုန်ပုဒ်မ ၂၈(က) ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်းခံရသူ အမျိုးသမီးငယ်အား ကယ်တင်ရရှိရေး မလေးရှားနိုင်ငံရှိမြန်မာသံရုံးနှင့် ဆက် သွယ်ဆောင်ရွက်လျက်ရှိပြီး မအေး တာလန်(ခ)အေးစန်္ဒာအားဖမ်းဆီးရမိ ရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စိတ် (တာချီလိတ်)တို့မှပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

၁-၅-၂၀၁၄ နေ့ထုတ် First Weekly ဂျာနယ်မှ
 
The First Media Group

'နိုင်ငံရေး၊ နိုင်ငံ့အရေး' (သူရဦးရွှေမန်း ရေးသည်)


နိုင်ငံရေးလုပ်တာ - အများအတွက်၊ တိုင်းပြည်အတွက် ဖြစ်တယ်။ ဒီလိုခံယူလုပ်ဆောင် ရင်း နိုင်ငံရေးလုပ်တာကောင်းတယ်။ ဒီလိုဆိုရင် သူတို့ကိုနိုင်ငံရေးမလုပ်ရ၊ လုပ်ခွင့်မပြုဘူး ဆိုရင် မတရားဘူး၊ မမျှတဘူး။ သူတို့လည်း ပါဝင်ခွင့်မရဘူးဆိုရင် ကျေနပ်မှာမဟုတ်ဘူး။ ကန့်သတ်ပိတ်ပင်တားဆီးနေလျှင် ခံမှာမဟုတ်ဘူး။ အာဏာနဲ့တားဆီးလုပ်ဆောင်ထားလျှင်လည်း ဆန့်ကျင်နေမှာပဲ။ ဥပဒေနှင့်ပိတ်ပင်ထားလည်း လွတ်မြောက်အောင်ရုန်းထွက်မှာပဲ။
နိုင်ငံသားလေ - နိုင်ငံသားတစ်ယောက်၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို ပေးရ မယ်။ လေးစားရမယ်။ သူ့မှာလည်း နိုင်ငံတော်ကိုကာကွယ်ဖို့၊ ချစ်မြတ်နိုးဖို့၊ အကျိုးပြုဖို့တာဝန် တွေ ရှိတာပဲ။ ကိုယ်ပဲချစ်မယ်၊ ကိုယ်ပဲချစ်တယ်၊ ကိုယ်ပဲကာကွယ်ခွင့်ရှိတယ်လို့ပြောဖို့ လုပ်ဆောင် နေရင် တရားမျှတမှုမရှိဘူး။ မမှန်ကန်ဘူး။

တရားမျှတမှုမရှိတဲ့ တွေးခေါ် ဆောင်ရွက်မှုတွေဟာ လူ့အဖွဲ့အစည်းကို ဒုက္ခဖြစ်စေတယ်။ လွန်စွာမှ အကျည်း တန်အရုပ်ဆိုးတယ်။ တကယ်တော့ ဒါတွေသင်ခန်းစာတွေရှိပြီးဖြစ်တယ်။ မှားတဲ့လွဲတဲ့ လမ်းကြောင်းကို မလိုက်မိဖို့ လိုတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခု နှစ်မှာ လွတ်လပ်ရေးရတယ်။ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တယ်။ ၁၉၆၂ ခုနှစ်မှ ၂ဝ၁ဝ/ ၂ဝ၁၁ ခုနှစ်အထိ အာဏာရှင်ဆန်သော အုပ်ချုပ်မှု (အမိန့်ပေးအမိန့်ခံအုပ်ချုပ်မှု) များရှိခဲ့တယ်လို့ ကမ္ဘာက ဆိုခဲ့ကြ တယ်။ မြန်မာပြည်သူအချို့လည်း ထို အထဲမှာ ပါကြတယ်။

အမိန့်ပေးနိုင်ခဲ့သော အကြီးအကဲ ဟောင်းများဟာ နိုင်ငံကိုချစ်တာအမှန်၊ နိုင်ငံကို ကောင်းစားစေလိုတာအမှန်။ အရည်အချင်းလည်းရှိကြတယ်။ အတွေ့ အကြုံလည်ြး<ွကယ်ဝတယ်။ အင်အား လည်းတောင့်တင်းတယ်။ အုပ်စုလည်း ကောင်းကောင်းရှိတယ်။
စေတနာကောင်း၊ ရည်ရွယ်ချက် ကောင်း၊ အရည်အချင်းကောင်းများရှိ သော်လည်း ပြည်သူကရွေးကောက် ထားသော အစိုးရမဟုတ်၍ ပြည်သူ အများစုကလက်မခံ၊ ကမ္ဘာက မကြိုက် တော့ စေတနာနှင့်ရည်ရွယ်မျှော်မှန်း ချက်အတိုင်း ဖြစ်မလာဘဲ ဆင်းရဲတဲ့ နိုင်ငံ၊ ဒုက္ခပင်လယ်ဝေတဲ့နိုင်ငံဖြစ်လာ တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ အမျိုးသားညီညွတ်ရေးများ ဆုံးရှုံး ခဲ့ရတယ်။ နစ်နာတော့ တိုင်းရင်းသား ပြည်သူများ၊ မိမိနိုင်ငံသားများ။ ဒါကြောင့် ကမ္ဘာမပြောနဲ့၊ အာရှ-အရှေ့တောင် အာရှတွင်ပင် သူများနှင့်တန်းတူရှိဖို့ ကြိုးစားရဦးမယ်။
တို့မြန်မာတွေကတော့ အမြဲတမ်း မြန်မာတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ နိုင်ငံဂုဏ်အတွက် ပြောကြ၊ လုပ်ကြ၊ ကြိုးစားကြတယ်။ မရောင်ရာဆီလူး၊ အနာနှင့်ဆေးတည့်အောင်မပေးနိုင်၊ မအပ်စပ်တာတွေရှိနေပေမယ့် အာဏာ ရှိသူနှင့် အခွင့်အရေးပေးနိုင်သူများ နောက်ပါနေပြီး တိုင်းပြည်တိုးတက်ရေး လမ်းကြောင်းကိုပိတ်ဆို့စေသလို မှုန် ဝါးဝါးလည်းဖြစ်စေတယ်။

ဒီကိစ္စတွေပြင်ဆင်ဖို့၊ ပြုပြင်ပြောင်းလဲ ဖို့ အကောင်းဆုံးအချိန်ဟာ ဒီအချိန်ပဲ။ ဒီအချိန်မှာ နိုင်ငံခေါင်းဆောင်ပိုင်းက အတိတ်သင်ခန်းစာတွေကို ရယူပြီး လက်ငင်းအခြေအနေအရ နိုင်ငံကောင်း ဖို့၊ ပြည်သူအများအကျိုးရှိဖို့အတွက် အမှန်အတိုင်း ရဲရဲတွေး၊ ရဲရဲဆုံးဖြတ် ပြီး၊ ရဲရဲလုပ်နိုင်ကြဖို့ လိုပါတယ်။ ကိုယ် နှင့်ကိုယ့်အဖွဲ့ထဲက ယုံကြည်ရသူ တစ် ယောက်စနှစ်ယောက်စ၏ အကြံအစည် လေးနဲ့လုပ်နေတာထက် ကိုယ်နှင့် သဘောထားတူတူ မတူတူ အမှန်ကို ပြောဝံ့သူ၊ ပါတီတူ ပါတီကွဲထဲက အဓိကကျသူနှင့် ညှိနှိုင်းအဖြေရှာလျှင် မြန်မာတို့၏ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် လှပစေမှာဖြစ်ပါတယ်။

တစ်နေရာရာမှာ အကြီးအကဲတစ်ဦး က ပြောခဲ့ပါတယ်။ အသိခေါက်ခက် အဝင်မနက်ကြဖို့၊စကားကို စကားအဖြစ် မထားဘဲ အလုပ်နှင့်လက်တွေ့နယ်ပယ် မှာလုပ်ကြဖို့လိုပါတယ်။အလွန်ချစ်စရာ ကောင်းတဲ့ ပြည်သူတွေ ယနေ့ အလွန် တရာ သနားစရာကောင်းလှပါတယ်။ ကိုယ်အာဏာရဖို့အတွက် ပြည်သူတွေ ကို ပုံစံအမျိုးမျိုးနှင့်သုံးခဲ့တယ်။ ကိုယ် သြဇာသက်ရောက်ဖို့ အဖွဲ့အစည်းတွေ ကို အမည်ခံပြီးသုံးခဲ့ကြတယ်။
ကျွန်တော်တို့ညီညွတ်ရင် ညီညွတ် သလောက် ပြည်သူတွေအကျိုးဖြစ်ထွန်း လာမှာ ဖြစ်ပါတယ်။ အလွန်မှန်တဲ့ စကားဖြစ်လို့ စကားနောက်တရားပါဖို့ ဆိုလျှင် ဆွေးနွေးကြရမယ်၊ တိုင်ပင်ကြ ရမယ်၊ ညှိနှိုင်းကြရမယ်။

တကယ့်အချိန်ကောင်းပါ။ ဆွေးနွေး မယ်၊ ညှိနှိုင်းမယ်ဆိုတာ ဘာကြောင့် လက်မခံချင်တာလဲ။ စေတနာမှန်သော ပုဂ္ဂိုလ်များရဲ့ စေတနာမှန်သောစကား နှင့် လုပ်ရပ်တွေ အလိုအပ်ဆုံးအချိန်ပါ။ ဒီအလုပ်တွေကို တခြားဘယ်သူကမှ လာလုပ်လို့၊ ဝင်လုပ်လို့မှမရဘူး။ ဘယ် နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ ဝင်လုပ်လို့ မရဘူး။ တကယ့်သတ္တိရှိရမယ့်အချိန်။ ဤသို့သာ ဆောင်ရွက်မယ်ဆိုရင် အလို ချင်ဆုံးသောအရာ၊ အလိုချင်ဆုံးသော ဆုများရရှိမှာဖြစ်ပါတယ်။

လွန်ခဲ့သော နှစ် ၂ဝကျော်က ရေပန်းစားခဲ့တဲ့ စကားလေးတစ်ခုရှိ တယ်။''ညှိတတ်ရင်ပြေလည်ပါတယ် တဲ့'' ဒီနေ့ဒီအချိန်မှာလည်း ဒီအတိုင်း ပါပဲ။ သေးသေး ကြီးကြီး ငယ်ငယ် ညှိတတ်ရင် ပြေလည်ပါတယ်။ မိမိနိုင်ငံ တစ်နိုင်ငံသာမက ကမ္ဘာတွင် မယ့်ကိစ္စ။
ဒီမိုကရေစီကျင့်စဉ် ရင့် သန်ဖို့ အချိန်တစ်ခုလိုတာ မှန်တယ်။ လိုအပ်ချက်ကို အချိန်နှင့်ပဲ တိုင်းတာရ မယ်။ အလုပ်တစ်ခုကို လုပ်သင့်တာ မလုပ်မိရင်လည်း မှားတာပဲ။ လုပ် သင့်တာတွေရှိနေပြီ၊ သိနေပြီ၊ လုပ်ကြဖို့ လိုတယ်။

ဒီမိုကရေစီ မရင့် သန်လျှင် ရင့်သန် အောင် လုပ်ရ မယ်။ ဒီမို ကရေစီက
ကျင့်စဉ်မို့လို့ ကျင့်စဉ်
အတွက် လေ့ကျင့်ပေးရ မယ်။ လေ့ကျင့်ရဲရမယ်။ တာဝန်ယူရဲရမယ်။ လမ်း ကြောင်းက သွေဖည်မယ် ဆိုလျှင်လည်း သွေဖည်သူ ကိုစနစ်ကလည်းကောင်း၊ ပြည်သူကလည်းကောင်း ဒဏ်ခတ်ပါလိမ့်မယ်။
အလေ့အကျင့် ကောင်းတွေပျိုးထောင် ဖို့ လိုတယ်။ Practice make Perfect လို့ လည်း မှတ်သားဖူးပါတယ်။ Practice became behavior, Behavior became character အကျင့်က အပြုအမူဖြစ်လာ တယ်။ အပြုအမူက အကျင့်စရိုက်ဖြစ် လာတယ်။အကျင့်စရိုက်က ယဉ်ကျေးမှု ဖြစ်လာတယ်။ ဒါကြောင့် အကျင့်ကောင်း တွေ အစပြုပေးဖို့ လို တယ်။ ကောင်း သော လုပ်ငန်း အတွက် အစပြု ခြင်းဟာနောက် ကျခြင်းမရှိသလို စောလွန်းခြင်း ဖြစ် တယ်လို့လည်း ဆို မရဘူး။

ဒါကြောင့် လုပ်သင့်တာလုပ် ကြရလိမ့်မယ်။ လုပ်သင့်တာ ကို လုပ်ရမယ့် အချိန်မှာမလုပ် မိလို့ မှားခဲ့ရင် တိုင်းပြည်နစ်နာ ဆုံးရှုံးမယ်။ ပြည်သူ များ၏ဘဝ၊ပြည်သူများ၏ဆန္ဒ၊ပြည်သူ များ၏ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးမယ် ဆိုလျှင် ပြည်သူ့ ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်ကို ဖြည့် ဆည်းပေးရမယ်။
ဒီမိုကရေစီဆိုတာ Latin ဘာသာ အရဒီမို+ကရာတီးယား Demo- ပြည်သူ့ Kratia ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ပြည်သူများပါဝင်ဖို့ ပြည်သူအားလုံး ပါဝင်ဖို့လိုတယ်ဆိုတဲ့ သဘောရတယ်။ ပြည်သူအားလုံး၏ဆန္ဒ တညီတညွတ် တည်းဖြစ်ဖို့ ခက်ခဲတယ်။ ကွဲပြားခြား နားတဲ့ အယူအဆ၊ ဆန္ဒတွေကို ညှိနှိုင်း ဆွေးနွေးကြပြီး အများစုလိုလားလက်ခံ တဲ့ အယူအဆနှင့်ဆန္ဒကိုလိုက်ပါဆောင် ရွက်ရတယ်။ အနည်းစု၏ ဆန္ဒကို လည်း အလေးထားလက်ခံပြီး ဆွေးနွေး မှု၊ အချေအတင်ပြောဆိုမှု၊ ပြောဆို ထိန်းကျောင်းမှုတွေနဲ့ ပြည်သူ့အရေး၊ နိုင်ငံ့အရေးအတွက် ဆောင်ရွက်သွား ကြရမယ်။ ဒါကြောင့် ဒီမိုကရေစီစနစ် ဆိုတာ အားလုံးပါဝင်ကြရမယ်။ အနိုင်ရ အဖွဲ့အစည်း၊ အနိုင်ရပါတီ၊ အနိုင် မရတဲ့ အဖွဲ့အစည်း၊ အနိုင်မရတဲ့ပါတီနဲ့ ပြည်သူများပါဝင်ရမယ်။
 
 နိုင်ငံ့အရေး ကို နိုင်ငံသားအားလုံးပါဝင်ဆောင်ရွက် ခြင်းကို နိုင်ငံရေးလို့ခေါ်ပြီး နိုင်ငံ့ အရေးကို နိုင်ငံသားများနဲ့ဖွဲ့စည်း ထားတဲ့ နိုင်ငံရေးပါတီများက ဦး ဆောင် လုပ်ဆောင်ကြရတယ်။ အနိုင်ရပါတီများသာ နိုင်ငံ့ အရေးကို ပိုမိုဆောင်ရွက်ခွင့် ရှိမှာ ဖြစ်ပါတယ်။ အနိုင် မရတဲ့ ပါတီများကလည်း အနိုင်ရပါတီ၏ နိုင်ငံ့ အရေး ဆောင်ရွက်မှု များအပေါ်ဝေဖန်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ဆွေးနွေး ခြင်းများဖြင့် ပြန် လည်ထိန်းကျောင်း မှုများကို ပြုလုပ် နေခြင်းသည် ကောင်းမွန် သော နိုင်ငံ ရေး လုပ်ဆောင်ချက် နှင့်ဖြစ်စဉ်များကို ဆောင် ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

- နိုင်ငံရေးကို နိုင်ငံသားတိုင်း စိတ် ဝင်စားကြရမယ်။
- နိုင်ငံရေးပါတီတိုင်းသည် အမျိုး သားရေး နိုင်ငံရေးကိုပါ ထည့် သွင်းဆောင်ရွက်ကြရမယ်။
- အာဏာရှင်နိုင်ငံဟု ခေါ်ဆိုသမုတ် ကြသော နိုင်ငံများတွင်ပင်လျှင် နိုင်ငံရေးပါတီများက ဦးဆောင်နေ ကြတယ်။

- ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေး ကွက်စီးပွားရေးစနစ်တွင် နိုင်ငံရေး ပါတီများကသာ ဦးဆောင်ကြရမှာ ဖြစ်တယ်။
- သင်သည် နိုင်ငံသား၊ နိုင်ငံ့အရေး ကို စိတ်ဝင်စားပါ။

နိုင်ငံရေးကို စိတ်မဝင်စားဘူး။ စားဝတ်နေရေး၊ လူမှုရေးကိုပဲ စိတ်ဝင် စားတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး ကိုပဲ လိုချင်တယ်ဆိုကြသူများသည် လည်း တကယ်တော့ထိုကဲ့သို့ လိုချင် သည်ဆိုသော အကြောင်းအရာကိစ္စများ သည် နိုင်ငံ့အရေး၊ နိုင်ငံရေးပင်ဖြစ်ပါ တယ်။ နိုင်ငံ့အရေး(သို့မဟုတ်) အမျိုး သားအရေးသည် အရေးကြီးသည်ဟု ဆိုလျှင် နိုင်ငံ့အရေးကို ဆောင်ရွက်ကြရ မယ်။ နိုင်ငံရေးကို စိတ်ဝင်စားကြဖို့ လိုတယ်။ နိုင်ငံ့အရေး၊ အမျိုးသား အရေးကို ကောင်းစွာဆောင်ရွက်နိုင် ပါမှ နိုင်ငံရေးကို စိတ်မဝင်စားကြသော နိုင်ငံသားများ၏ စားဝတ်နေရေး၊ လူမှု ရေးကို ကောင်းကောင်း ဆောင်ရွက် ပေးနိုင်မှာဖြစ်ပါတယ်။

သူရဦးရွှေမန်း ရေးသည်

The Union Daily