6 May 2014

အရက်ကို အသင့်ဖျော် အမှုန့်ထုပ်ပုံစံဖြင့် အမေရိကတွင် ရောင်းချတော့မည်


အမေရိကန်နိုင်ငံ၏ အရက်အရောင်းဆိုင် အချို့တွင် Palcohol ဟုအမည်ရသည့် အသင့်ဖျော် အရက်မှုန့်ထုပ်များ ရောင်းချတော့မည်ဟု သိရသည်။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် အခြေစိုက်သည့် အဆိုပါ Palcohol ကုမ္ပဏီ ထုတ် အရက်မှုန့်ထုပ်များမှာ ဖျော်စပ်သောက်သုံးရန် လွယ်ကူပြီး ရေနှင့်အချိုရည်များတွင် အလွယ်တကူ ပျော်ဝင်နိုင်ကြောင်း သိရသည်

အသင့်ဖျော် အရက်မှုန့်ထုပ်များကို သံပုရာ အရသာ၊ ဗော့ကာအရက်အရသာ အစရှိသည့် အရက်အရသာ ခုနှစ်မျိုး ထုတ်လုပ်ထားပြိး အရသာအမျိုးအစားပေါ်မူတည်ပြီး တစ်ထုပ်လျှင် ၁၀ ဒေါ်လာမှ ဒေါ်လာ ၂၀ ထိကျသင့်နိုင်ကြောင်း သိရသည်။ ယင်းအရက်မှုန့်ကို တီထွင်ခဲ့သည့် မက်ဖီးလစ်က အသင့်ဖော်ျအရက်မှုန့်ထုပ်များကို တောင်တက်ခြင်း၊ ခရီးသွားခြင်းနှင့် ပျော်ပွဲစားထွက်ရာတွင် လေးလံသော ပုလင်းများဖြင့် သယ်ယူရန် အခက်အခဲကို အဓိက ဖြေရှင်းရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ အလေးချိန်ပေါ့ပါးသော အသင့်ဖျော် အရက်မှုန့်ထုပ်များကြောင့် ခရိးသွားလာရာတွင် သက်တောင့် သက်သာ သွားလာနိုင်မည် ဖြစ်ပြီး မတော်တဆ ဖန်ပုလင်းကွဲခြင်းမျိုးကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကိစ္စများကို ကြိုတင်ကာကွယ် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

အသင့်ဖျော် အရက်မှုန့်ထုပ်များကို အမေရိကန် နိုင်ငံ၏ ပြည်နယ်တစ်ခုချင်းစီတွင် ချမှတ်ထားသော အရက်သေစာ ဥပဒေများပေါ် မူတည်၍ ခွင့်ပြုချက်ရရှိထားသော ပြည်နယ်များတွင်သာ ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ဖျော်စပ်သောက်သုံးရန် အဆင်ပြေပြီး အလွယ်တကူ သယ်ယူသွားနိုင်သော Palcohol  အရက်မှုန့်များကို နှစ်သက်သဘောကျ၍ ၀ယ်ယူသောက်သုံးရန် စောင့်ဆိုင်းနေသူများ ရှိသကဲ့သို့ အဆိုပါ အရက်မှုန့်ထုပ်များကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးသက်ရောက်မှုများ အပေါ် စိုးရိမ်နေသူများလည်း ရှိကြောင်း သိရသည်။

World-Myanmar News
သံသာ


0 comments:

Post a Comment