6 May 2014

ယနေ့တပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဟု ကာချုပ်ပြော


ယနေ့ မြန်မာ့ တပ်မတော် သည် မည်သည့် အဖွဲ့အစည်း၊ လူ မျိုးစု တစ်စုကိုမှ ကိုယ်စားပြုခြင်း မရှိဘဲ တိုင်းရင်းသားများဖြင့် ဖွဲ့ စည်းထားသည့် ပြည်ထောင်စု တပ်မတော်သာဖြစ်ကြောင်း တပ် မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။

မေလ ၅ ရက်က နေ ပြည်တော်တွင် ပြုလုပ်ခဲ့သော နယ်ခြားစောင့်တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ၀င်များအား ဂုဏ်ထူးဆောင်ပြန် တမ်းဝင် အရာရှိအဖြစ် ခန့်အပ် သည့် အခမ်းအနား၌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယနေ့တပ်မတော် သည် ပြည်ထောင်စုဖွားတိုင်းရင်း သားများဖြင့် ဖွဲ့စည်းတည် ထောင်ထားသည့် အမိနိုင်ငံတော် ကို ကိုယ်စားပြုသည့် မြန်မာ့ တပ်မတော်သာဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၊ မည်သည့်လူမျိုးစု တစ်ခုတည်းကိုမှ ကိုယ်စားပြုခြင်း မရှိဘဲ တိုင်းတစ်ပါး၏ လက်စေ ခံလည်း မဟုတ်ကြောင်းကို အတိ အလင်းပြောကြားလိုကြောင်းနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုများဖြင့် ဖွဲ့စည်းထား သော မြန်မာ့တပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဖြစ် ကြောင်း ပြောကြားသည်။

ထို့အပြင်တပ်မတော်စတင် ဖွဲ့စည်းချိန်မှ ယနေ့အချိန်အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ မိမိ တို့၏ အသိစိတ်ဓာတ်ဖြင့် ပါဝင် အမှုထမ်းနေကြသော တပ် မတော်ဖြစ်ပြီး တိုင်းရင်းသားများ ထဲမှ တပ်မတော်တွင် ဦးစီးချုပ်၊ တိုင်းမှူးနှင့် အထက်အဆင့်မြင့် တာဝန် ထမ်းဆောင်နေသူများ လည်းပါရှိကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဆက် လက်ပြောသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များကမူ လက်ရှိ တပ်မတော်သည် ဖက်ဒ ရယ်ပြည်ထောင်စုစနစ်နှင့် မကိုက်ညီဘဲ လူမျိုးစုတစ်ခုတည်း ကြီးစိုးနေရာယူထားကြောင်း အစဉ်တစိုက်ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

တိုင်းရင်းသားအားလုံး ပါ ၀င်သည့် ပြည်ထောင်စုတပ်မ တော်၏  ရပ်တည်ချက်၊ တည်ရှိ မှုနှင့် ဖွဲ့စည်းမှုများကို မဟုတ်မ မှန်စွပ်စွဲပြောဆိုနေမှုများ၊ မှေး မှိန်အောင်ပြုလုပ်နေမှုများ၊ သွေး ခွဲနေမှုများကို တပ်မတော်အနေ ဖြင့် လက်မခံနိုင်ကြောင်း ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

Author: အောင်ခိုင်၊ ဇွဲဉာဏ်
7Day Daily

0 comments:

Post a Comment