6 May 2014

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ရှင် များကို အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်း ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်

Photo: ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ရှင် များကို အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်း ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်
Tuesday, May 6, 2014

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုန် တို့သည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တာဝန် ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာကြရာ လားရှိုးမြို့သို့ ရောက်ရှိကြပြီး လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ ကျင်းပသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယ သမ္မတ၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် အလှူရှင် Excellence Medicare & pharmaceutical Co.,Ltd. မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ အေးအေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာတွင် ယခု အစီအစဉ်သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ သွားရောဂါ ဝေဒနာ အမျိုးမျိုး ခံစားနေကြရသည့် ဝေဒနာရှင်များ အတွက် အခမဲ့ အထူးစမ်းသပ် ခွဲစိတ် ကုသမှု ပေးနိုင်စေရန် စီစဉ် ထားခြင်း ဖြစ်ပါကြောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ သည် မွေးရာပါ ဖြစ်သည် နှင့်အညီ မွေးဖွားလာက တည်းကပင် ကျန်းမာရေး မှာရော လူမှုရေးမှာပါ သောက အမျိုးမျိုး ဒုက္ခအဖုံဖုံ ပေးလာသည့် ဝေဒနာ ဖြစ်ပါကြောင်း။

ထိုသို့ စိတ်ရောကိုယ်ပါ ဒုက္ခပေးသည့် ရောဂါ ဝေဒနာများကို စမ်းသပ်ကုသမှု ပေးကြမည့် အထူးကု ဆရာဝန်၊ ဆရာမများ အဖွဲ့ကို လည်းကောင်း၊ ကုသမှု ဆိုင်ရာ ကုန်ကျစရိတ် အဝဝကို ကျခံပေးသည့် စေတနာရှင် မိသားစုအား လည်းကောင်း၊ စမ်းသပ်ခွဲစိတ် ကုသမှု ကိစ္စ အားလုံး အောင်မြင်စေရန် ကူညီဆောင်ရွက် ပေးကြ သည့် ဌာနဆိုင်ရာ၊ လူပုဂ္ဂိုလ် အားလုံးအား အထူးကျေးဇူးတင် ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ခွဲစိတ်ကုသမှု ခံယူကြမည့် ဝေဒနာရှင် လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကြသည်။

ထိုမှတစ်ဆင့် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင် များသည် လားရှိုးမြို့မှ ရဟတ်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာလာကြရာ ကွမ်းလုံမြို့သို့ ရောက်ရှိကြပြီး ကွမ်းလုံမြို့ နယ် သံလွင်ဦး ခန်းမ၌ ''ဝ''ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အထောက် အကူ ပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာ၌ ယခင်က ဤဒေသများသည် နယ်မြေ မအေးချမ်းသဖြင့် စိတ်တထင့်ထင့်ဖြင့် ခရီးသွား ခဲ့ရသည့် ဒေသပင် ဖြစ်ပါကြောင်း။

ယခုအခါ ယင်းဖြစ်ရပ်များ ကျော်လွန်ဖြစ်သန်း လာကာ နယ်မြေ အခြေအနေမှာလည်း အေးချမ်းနေပြီ ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းမွန်နေပြီ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရန်သာ လိုပါတော့ကြောင်း၊ နယ်စပ်ဝင်ပေါက်နှင့် နီးသည့်မြို့နယ်များ ဖြစ်သည့်အတွက် မူဆယ်၊ ရွှေလီကဲ့သို့ နယ်စပ် ကုန်သွယ်ရေးကို ပိုပြီး အဆင့်မြင့် လာစေရန် ပိုပြီးအား ကောင်းလာစေရန် ဆောင်ရွက်နိုင် ပါမှသာ ဤဒေသ ပိုမို တိုးတက်နိုင်မှာ ဖြစ်ပါကြောင်း။

ယခုအခါ တရုတ်နိုင်ငံမှ ခရီးသွားများ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက်လည်ပတ်နေပြီ ဖြစ်သည့်အတွက် ကွန်လုံ-ဟိုပန် ဒေသခံများလည်း အိမ်နီးချင်း တရုတ်နိုင်ငံ ဘက်မှ ခရီးသွား ကုမ္ပဏီများနှင့် ဆက်သွယ်ကာ ခရီးသွား လုပ်ငန်း စမ်းသပ်ဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း။

မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုးကန့်စာ အပြင်၊ မြန်မာစာ၊ အင်္ဂလိပ်စာကို နိုင်ငံတကာ အဆင့်မီ လာစေရန် အလေးထား သင်ကြားကြပါရန် တိုက်တွန်း လိုပါကြောင်း၊ သို့မှသာ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ဒေသအတွင်း လိုအပ်ချက်များ ဖြစ်သည့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များ၊ ပို့ဆောင်ရေး ဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊''ဝ'' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထူးက မြို့တော်ခန်းမ တိုးချဲ့တည်ဆောက်ရေး ဆိုင်ရာများကို လည်းကောင်း ရှင်းလင်တင်ပြကြသည်။

ထို့နောက် ကွမ်းလုံ၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်တို့မှ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ များက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ် မီးနှင့် သောက်သုံးရေ ရရှိရေး ဆိုင်ရာများ၊ နှစ်ရှည်သီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေချေးပေးနိုင်ရေး ဆိုင်ရာများ၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာများ၊ ကျန်းမာရေး ဆိုင်ရာ အခြေခံ လိုအပ်ချက်များနှင့် ကျန်းမာ ရေး မြှင့်တင် ပေးနိုင်ရန်အတွက် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက် ပေးစေလိုသော ကိစ္စရပ်ဆိုင်ရာများ၊ ဆက်သွယ်ရေး ဆိုင်ရာကဏ္ဍ တိုးတက်မြင့်မား လာစေရေး ဆိုင်ရာများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်း လင်း တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးသောင်းတင်နှင့် ဦးအောင်သန်းဦး တို့က ဒေသတွင်း လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်း ဆိုင်ရာများ၊ ဆက်သွယ်ရေး တိုးတက် ကောင်းမွန် လာစေရေး ဆိုင်ရာများ၊ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရယူ သုံးစွဲနိုင်စေရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေထုတ်ချေး ပေးနိုင်ရေးလုပ်ငန်း ဆိုင်ရာများ၊ ဒေသဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာများ၊ ဆက်လက်၍ တိုးမြှင့်ချေးငွေများ ထုတ်ချေး ပေးနိုင်ရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဆက်လက် အကောင် အထည် ဖော်ဆောင်ရွက် သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ဤဒေသ အသီးသီးမှ လိုအပ်သည့် တင်ပြချက်များ အပေါ် တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်ကို ကျေနပ် သဘောပေါက် လိမ့်မည်ဟု ယုံကြည် ပါကြောင်း၊ အခြေခံ အဆောက်အအုံ ကဏ္ဍ တိုးတက်မြင့်မား လာစေရေးအတွက် ရေရရှိရေး၊ မီးရရှိရေးနှင့် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွား ဘဝ အတတ် နိုင်ဆုံး တိုးတက်မြင့်မား လာစေရန် အခြားနယ်မြေ ဒေသများသို့ သွားရောက်လေ့လာ အတုယူ၍ ယခုထက်ပိုမို အားစိုက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ် ဥာဏ သိပ္ပံရပ်ကွက် ရတနာသီရိ ရှမ်းကျောင်းသို့ ရောက်ရှိပြီး ကွမ်းလုံမြို့နယ် သံဃနာယက အဖွဲ့ အကျိုးတော်ဆောင် ရတနာသီရိ ရှမ်းကျောင်း ဆရာတော် ဥူးနန္ဒာ သီရိအား ဖူးမြော်ကြည်ညို ကြကာ ဒုတိယ သမ္မတ နှင့်ဇနီးတို့က လှူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် CB Bank ၊ KBZ ဘဏ်လီမိတက်၊ အေးရှားဝေါလ် ကုမ္ပဏီ လီမိတက်၊ နယူး စတားလိုက်(တ်) ကုမ္ပဏီ လီမိတက်၊ ကတ်ပီတယ် ဒိုင်းမွန်းစတား ဂရု(ပ်) ကုမ္ပဏီ လီမိတက်တို့မှ စုပေါင်း၍ ကျောင်းတည်ဆောက်ရေး အတွက် အလှူငွေ ကျပ်သိန်း(၂၂ဝ)ကို တာဝန်ရှိသူ များထံ ပေးအပ်လှူဒါန်းသည်။

ထိုမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ကွမ်းလုံမြို့မှ ပြန်လည်ထွက်ခွာ လာကြရာ လားရှိုးမြို့သို့ ညနေပိုင်းတွင် ရောက်ရှိကြပြီး လားရှိုးမြို့ အမှတ်(၁)ရပ်ကွက် တွဲဖက် ပြည်နယ် မီးသတ် ဦးစီးဌာနတွင် ကျင်းပသည့် ဟန်နား ကျေးရွာနှင့် ဆောင်ကြဲကျေးရွာ တို့အတွက် မီးငြိမ်းသတ်ယာဉ် နှစ်စီး ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။

ရှေးဦးစွာ ဟန်နားကျေးရွာနှင့် ဆောင်ကြဲကျေးရွာ တို့အတွက် မီးငြိမ်းသတ်ယာဉ် နှစ်စီးအား ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က တိုင်းရင်းသား ခေါင်းဆောင် ဦးလွယ်မောင်းထံ လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် မီးငြိမ်းသတ် ယာဉ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။

မြ၀တီ
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုန် တို့သည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တာဝန် ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာကြရာ လားရှိုးမြို့သို့ ရောက်ရှိကြပြီး လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ ကျင်းပသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် များအား အခမဲ့ စမ်းသပ် ခွဲစိတ် ကုသပေးခြင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယ သမ္မတ၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် အလှူရှင် Excellence Medicare & pharmaceutical Co.,Ltd. မန်နေးဂျင်း ဒါရိုက်တာ ဒေါက် တာ အေးအေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာတွင် ယခု အစီအစဉ်သည် ရှမ်းပြည်နယ် မြောက် ပိုင်း အတွင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ သွားရောဂါ ဝေဒနာ အမျိုးမျိုး ခံစားနေကြရသည့် ဝေဒနာရှင်များ အတွက် အခမဲ့ အထူးစမ်းသပ် ခွဲစိတ် ကုသမှု ပေးနိုင်စေရန် စီစဉ် ထားခြင်း ဖြစ်ပါကြောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ သည် မွေးရာပါ ဖြစ်သည် နှင့်အညီ မွေးဖွားလာက တည်းကပင် ကျန်းမာရေး မှာရော လူမှုရေးမှာပါ သောက အမျိုးမျိုး ဒုက္ခအဖုံဖုံ ပေးလာသည့် ဝေဒနာ ဖြစ်ပါကြောင်း။

ထိုသို့ စိတ်ရောကိုယ်ပါ ဒုက္ခပေးသည့် ရောဂါ ဝေဒနာများကို စမ်းသပ်ကုသမှု ပေးကြမည့် အထူးကု ဆရာဝန်၊ ဆရာမများ အဖွဲ့ကို လည်းကောင်း၊ ကုသမှု ဆိုင်ရာ ကုန်ကျစရိတ် အဝဝကို ကျခံပေး သည့် စေတနာ ရှင် မိသားစုအား လည်းကောင်း၊ စမ်းသပ်ခွဲစိတ် ကုသမှု ကိစ္စ အားလုံး အောင်မြင်စေရန် ကူညီဆောင် ရွက် ပေးကြ သည့် ဌာနဆိုင်ရာ၊ လူပုဂ္ဂိုလ် အားလုံးအား အထူးကျေးဇူးတင် ရှိပါကြော င်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ခွဲစိတ်ကုသမှု ခံယူကြမည့် ဝေဒနာရှင် လူနာများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကြသည်။

ထိုမှတစ်ဆင့် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင် များသည် လားရှိုးမြို့မှ ရဟတ်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာ လာကြရာ ကွမ်းလုံမြို့သို့ ရောက်ရှိကြပြီး ကွမ်းလုံမြို့ နယ် သံလွင်ဦး ခန်းမ၌ ''ဝ''ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ တိုင်းနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အထောက် အကူ ပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာ၌ ယခင်က ဤဒေသများသည် နယ်မြေ မအေးချမ်းသဖြင့် စိတ်တထင့်ထင့်ဖြင့် ခရီးသွား ခဲ့ရသည့် ဒေသပင် ဖြစ်ပါကြောင်း။

ယခုအခါ ယင်းဖြစ်ရပ်များ ကျော်လွန်ဖြစ်သန်း လာကာ နယ်မြေ အခြေအနေမှာလည်း အေးချမ်းနေပြီ ဖြစ် ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းမွန်နေပြီ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရန်သာ လို ပါတော့ကြောင်း၊ နယ်စပ်ဝင်ပေါက်နှင့် နီးသည့်မြို့နယ်များ ဖြစ်သည့်အတွက် မူဆယ်၊ ရွှေလီကဲ့သို့ နယ်စပ် ကုန်သွယ်ရေးကို ပိုပြီး အဆင့်မြင့် လာစေရန် ပိုပြီးအား ကောင်းလာစေရန် ဆောင်ရွက်နိုင် ပါမှသာ ဤဒေသ ပိုမို တိုးတက်နိုင်မှာ ဖြစ်ပါကြောင်း။

ယခုအခါ တရုတ်နိုင်ငံမှ ခရီးသွားများ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက်လည်ပတ်နေပြီ ဖြစ်သည့် အတွက် ကွန်လုံ-ဟိုပန် ဒေသခံများလည်း အိမ်နီးချင်း တရုတ်နိုင်ငံ ဘက်မှ ခရီးသွား ကုမ္ပဏီများနှင့် ဆက်သွယ်ကာ ခရီးသွား လုပ်ငန်း စမ်းသပ်ဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း။

မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုးကန့်စာ အပြင်၊ မြန်မာစာ၊ အင်္ဂလိပ်စာကို နိုင်ငံတကာ အဆင့်မီ လာစေရန် အလေးထား သင်ကြားကြပါရန် တိုက်တွန်း လိုပါကြောင်း၊ သို့မှသာ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ဒေသအတွင်း လိုအပ်ချက်များ ဖြစ် သည့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များ၊ ပို့ဆောင်ရေး ဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊''ဝ'' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထူးက မြို့တော်ခန်းမ တိုးချဲ့တည်ဆောက်ရေး ဆိုင်ရာများကို လည်းကောင်း ရှင်းလင်တင်ပြကြသည်။

ထို့နောက် ကွမ်းလုံ၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်တို့မှ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီများနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ များက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ် မီးနှင့် သောက်သုံးရေ ရရှိရေး ဆိုင်ရာများ၊ နှစ်ရှည်သီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေချေးပေးနိုင်ရေး ဆိုင်ရာများ၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက် သွားနိုင်ရေး ဆိုင်ရာများ၊ ကျန်းမာရေး ဆိုင်ရာ အခြေခံ လိုအပ်ချက်များနှင့် ကျန်းမာ ရေး မြှင့် တင် ပေးနိုင်ရန် အတွက် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက် ပေးစေလိုသော ကိစ္စရပ်ဆိုင်ရာများ၊ ဆက်သွယ်ရေး ဆိုင်ရာကဏ္ဍ တိုးတက်မြင့်မား လာစေရေး ဆိုင်ရာများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်း လင်း တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက် တာ ဇော်မင်းအောင်၊ ဒေါက်တာ ဒေါ် သိန်းသိန်းဌေး၊ ဒေါက် တာ ဝင်းမြင့်၊ ဦးသောင်းတင်နှင့် ဦးအောင်သန်းဦး တို့က ဒေသတွင်း လိုအပ်လျက် ရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်း ဆိုင်ရာ များ၊ ဆက်သွယ်ရေး တိုးတက် ကောင်းမွန် လာစေရေး ဆိုင်ရာများ၊ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရယူ သုံးစွဲနိုင်စေရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေ ထုတ်ချေး ပေးနိုင်ရေးလုပ်ငန်း ဆိုင်ရာများ၊ ဒေသဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ပူးပေါင်းလုပ် ကိုင် ဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာများ၊ ဆက်လက်၍ တိုးမြှင့်ချေးငွေများ ထုတ်ချေး ပေးနိုင်ရေး ဆိုင်ရာ များကို ရှင်းလင်း တင်ပြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင် ရွက် လျက် ရှိသည့် ကိစ္စရပ်များ၊ ဆက်လက် အကောင် အထည် ဖော်ဆောင်ရွက် သွား မည့် အစီ အမံ များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ဤဒေသ အသီးသီးမှ လိုအပ်သည့် တင်ပြချက်များ အပေါ် တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်ကို ကျေနပ် သဘောပေါက် လိမ့်မည်ဟု ယုံကြည် ပါကြောင်း၊ အခြေခံ အဆောက်အအုံ ကဏ္ဍ တိုးတက်မြင့်မား လာစေရေးအတွက် ရေရရှိရေး၊ မီးရရှိရေးနှင့် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွား ဘဝ အတတ် နိုင်ဆုံး တိုးတက်မြင့်မား လာစေရန် အခြားနယ်မြေ ဒေသများသို့ သွားရောက်လေ့လာ အတုယူ၍ ယခုထက်ပိုမို အားစိုက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ် ဥာဏ သိပ္ပံရပ်ကွက် ရတနာသီရိ ရှမ်းကျောင်းသို့ ရောက်ရှိပြီး ကွမ်းလုံမြို့နယ် သံဃနာယက အဖွဲ့ အကျိုးတော်ဆောင် ရတနာသီရိ ရှမ်းကျောင်း ဆရာတော် ဥူးနန္ဒာ သီရိအား ဖူးမြော်ကြည်ညို ကြကာ ဒုတိယ သမ္မတ နှင့်ဇနီးတို့က လှူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် CB Bank ၊ KBZ ဘဏ်လီမိတက်၊ အေးရှားဝေါလ် ကုမ္ပဏီ လီမိတက်၊ နယူး စတားလိုက်(တ်) ကုမ္ပဏီ လီမိတက်၊ ကတ်ပီတယ် ဒိုင်းမွန်းစတား ဂရု(ပ်) ကုမ္ပဏီ လီမိတက်တို့မှ စုပေါင်း၍ ကျောင်း တည်ဆောက်ရေး အတွက် အလှူငွေ ကျပ်သိန်း(၂၂ဝ)ကို တာဝန်ရှိသူ များထံ ပေးအပ်လှူဒါန်းသည်။

ထိုမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ကွမ်းလုံမြို့မှ ပြန်လည်ထွက်ခွာ လာကြရာ လားရှိုးမြို့သို့ ညနေပိုင်း တွင် ရောက်ရှိကြပြီး လားရှိုးမြို့ အမှတ်(၁)ရပ်ကွက် တွဲဖက် ပြည်နယ် မီးသတ် ဦးစီးဌာနတွင် ကျင်းပသည့် ဟန်နား ကျေးရွာနှင့် ဆောင်ကြဲကျေးရွာ တို့အတွက် မီးငြိမ်းသတ်ယာဉ် နှစ်စီး ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။

ရှေးဦးစွာ ဟန်နားကျေးရွာနှင့် ဆောင်ကြဲကျေးရွာ တို့အတွက် မီးငြိမ်းသတ်ယာဉ် နှစ်စီးအား ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က တိုင်းရင်းသား ခေါင်းဆောင် ဦးလွယ်မောင်းထံ လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် မီးငြိမ်းသတ် ယာဉ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။

မြ၀တီ


0 comments:

Post a Comment