19 Jun 2015

“ကျွန်မကနှင်းဆီပါမောင်” ရုပ်ရှင် အွန်လိုင်းပေါ်ရောက်မှု ဖော်ထုတ်အရေးယူမည်

ရန်ကုန်မှာ ရုံတင်ပြသနေတဲ့ နာမည်ကြီး “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီး အင်တာနက်မှာ ပျံ့နှံ့နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ မရရအောင်ဖော်ထုတ်ပြီး အရေးယူ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။   ရုပ်ရှင်ကို Myanmar Celebrities အင်တာနက်စာမျက်နှာမှာ အပိုင်း ၄ ပိုင်းခွဲ တင်ထား တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံးနဲ့...