ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်)နှင့် ရွှေညဝါဆရာတော် ဦးပညာသီဟ နှစ်ပါးကို နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ တားမြစ်ချက်များ ထုတ်ပြန်လိုက်သည်။
ဆရာတော်ဦးသုမင်္ဂလအား ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ၂၀၁၂ ဒီဇင်ဘာ ၈ရက်နေ့အထိ တရားဟောခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ထုတ်ပြန်စာအရ သိရသည်။
“အခုထိတော့ ဘုန်းဘုန်းဆီကို ဘာညွှန်ကြားချက်မှ မရောက်သေးဘူး”ဟု ဆရာတော်ဦးသုမင်္ဂလက ဆိုသည်။ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က ဦးသုမင်္ဂလကို ထေရဝါဒပိဋကတ်တော်နှင့် မညီသောစာသားများကို ထည့်သွင်းဟောပြောခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားဟောကြားခွင့်...