27 Feb 2013

ဘုရားရှင်၏ ဂုဏ်တော်(၉)ပါး




ဘုရားရှင်၏ ဂုဏ်တော်(၉)ပါး
==================
(၁) အရဟံ-ကိလေသာကင်း၍
ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓေါ-
သစ္စာလေးပါးတရားကို ဆရာမရှိ
ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-
အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(၄) သုဂတော-
ကောင်းသောစကားကိုသာ
ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။

(၅) လောက၀ိဒူ-
လောကသုံးပါးကို အကုန်အစင်
သိမြင်တော်မူသော မြတ်စွာဘုရား။

(၆) အနုတ္တရောပုရိသဒမ္မသာရထိ-
ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင်
ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

(၇) သတ္ထာဒေ၀မနုဿာနံ-
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏
ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

(၈) ဗုဒ္ဓေါ-
သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊
သူတပါးတို့ကိုလည်း သိအောင်
ဟောပြတော်မူသော မြတ်စွာဘုရား။

(၉) ဘဂ၀ါ-
ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား-

ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဦးခိုက်ပူဇော်ရန်

Credit ►အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ

Ref: www.facebook.com


0 comments:

Post a Comment