တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး K-pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲတခုကို ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ဧပြီ ၃၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ခ တွေကိုတော့ ကျပ်ငွေ တစ်သိန်းကနေ စ သတ်မှတ်ထားတယ်လို့ မန်းသီရိ တေးသံသွင်း အရောင်းကောင်တာက စုံစမ်းသိရပါတယ်။
ဒီပွဲကို မြန်မာနိုင်ငံ တိုက်ကွမ်ဒို ဥက္ကဋ္ဌဖလားနဲ့ ဥက္ကဋ္ဌရန်ပုံငွေပွဲ အဖြစ် ဖော်ကျွန် အင်တာနေရှင် ကုမ္ပဏီ (Fortune International)က ကျင်းပတာ ဖြစ်ပြီး လက်မှတ်ခအဖြစ် ကျပ် ၁ သိန်း၊ ၇ သောင်း၊ ၅ သောင်း၊ ၄ သောင်းကနေ ၁ သောင်း ၅ ထောင်အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
K-pop အဖွဲ့မှာ နာမည်ကျော် တင့်တ်(Tint)၊ ဒန်လ် ရှာလ်ဘက် (Dal Shabet)၊ မိန်းကလေးနေ့ (Girl Day) နဲ့ မြန်မာကြိုက် ကိုရီးယား ဂီတပညာရှင် တချို့ ပါဝင်မယ်လို့ သိရပါတယ်။
DVB Burmese
0 comments:
Post a Comment