အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD နှင့် ၈၈ မျိုးဆက်
ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်းတို့ ပူးပေါင်း ကောက်ယူသော
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် အရေ အတွက်မှာ
နှစ်ရက် အတွင်း သုံးသိန်း နီးပါး ရရှိ ခဲ့ကြောင်း NLD မှ သတင်းရရှိသည်။
လက်ရှိ အချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊
စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် တို့တွင်
ကောက် ခံရရှိခဲ့ပြီး ဖြစ်ပြီး၊ လက်မှတ်ပေါင်း နှစ်သိန်း ရှစ်သောင်းကျော်
ရရှိ ခဲ့ကြောင်း သိရသည်။ ပြည်နယ် နဲ့ တိုင်းဒေသကြီးမှာ ရှိတဲ့ ကျေးရွာတွေ
ကတော့ လက် မှတ်ရေးထိုးတာ တစ်ရက် နောက်ကျတော့ ချက်ချင်း လက်မှတ်တွေ
စာရင်းစစ်ဖို့တော့ ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်နယ်နဲ့
တိုင်းဒေသကြီးတွေ မှာရှိတဲ့ ကျေးရွာတွေ တော်တော် များများကိုတော့ စာအုပ်တွေ
ပေးပို့ထားတယ် ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ဗဟို
ပြန်ကြားရေး အဖွဲ့ ဝင် ဦးထင်လင်းဦးက The Messenger သတင်းစာသို့ ပြောသည်။
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှု ပထမနေ့တွင်ပင် လက်မှတ်ပေါင်း တစ်သိန်းကျော်ရှိခဲ့ပြီး၊ ဒုတိယ မြောက် နေ့တွင် အစိုးရ ၀န်ထမ်း များလည်း ပါဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း NLD မှ သိရသည်။ အစိုးရ ၀န်ထမ်းများတွင် ကျောင်း ဆရာ၊ ဆရာမများ အများစု ပါဝင်ကြောင်း သိရသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် လက်မှတ် ကောက်ခံရန် အတွက် လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း နှင့် တိုင်းရင်းသား အဖွဲ့ အစည်း များက အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် များအား ကောက်ခံရာတွင် လက်မှတ်အရေ အတွက်ကို မည်မျှရရှိရမည်ဟု သတ်မှတ်ထားခြင်း မရှိဘဲ ရရှိလာသော လက်မှတ်စာရင်းများ အား နေ့စဉ် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းနှင့် NLDတို့ ပူးပေါင်း ကောက်ခံမှုကို မေလ (၂၇) နေ့မှ ဇူလိုင်လ (၁၉) ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၄၃၆ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အနုပညာရှင်များ ကိုယ် တိုင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆုမင်းကို
Messenger News Journal

0 comments:
Post a Comment