မကွေးတိုင်းဒေသကြီး နတ် မောက်မြို့နယ် တံခွန်တိုင်ကျေး ရွာတွင် ဝက်မကြီးတစ်ကောင်မှ နှာမောင်းပါ ဝက်မလေးတစ် ကောင်၊ မျောက်မျက်နှာနှင့်ဆင် သည့် ဝက်မလေးတစ်ကောင်နှင့် ပုံမှန်ဝက် အထီးနှစ်ကောင် မွေးဖွား ခဲ့ကြောင်း ယနေ့နံနက် ၇ နာရီတွင် သိရသည်။
''ဒီဝက်မကြီးအသက်ကနှစ်နှစ် ရှိပြီ။ အရင်သားပေါက်တုန်းက ပုံမှန်ဝက်ထီး ငါးကောင်နဲ့ဝက် မလေးငါးကောင် စုစုပေါင်း ၁ဝ ကောင်မွေးတယ်။ အရမ်းလဲထွား တယ်။ မနေ့ကတော့ ဒုတိယသား ပေါက်တဲ့အချိန်က ညနေ ၄ နာရီခွဲ မှာ စမွေးတယ်။ ပုံမှန်ဝက်အထီး လေးနှစ်ကောင်မွေးပြီး တစ်နာရီ ကျော်မှ နောက်ထပ်မွေးလာတာ က ဆင်နှာမောင်းနဲ့ဝက်မလေး မွေးတယ်။ ဆက်ပြီး မျောက် မျက်နှာနဲ့ဝက်မလေးထပ်မွေးတယ်။ ဒီသတင်းလဲ လူတွေကြားကြရော လာကြည့်လိုက်တာ မနည်းဘူး။
မြို့ပေါ်ကလူတွေတောင်မနေဘူး။ လာကြည့်သွားကြတယ်''ဟု ဝက်ပိုင်ရှင်ဦးထွန်းထွန်းထိုက်က ပြောသည်။
''ဝက်တွေမွေးတဲ့အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် မိုးဦးစပြီးရွာ တယ်။ တော်တော်တော့ ထူးဆန်း တယ်''ဟု ဒေသခံတစ်ဦးကပြော သည်။
ထူးဆန်းစွာမွေးသောနှာမောင်း နှင့်ဝက်မလေးသည် မွေးဖွားပြီး တစ်နာရီကျော်ခန့်တွင် သေဆုံး သွားကာ မျောက်မျက်နှာနှင့်ဆင် သည့် ဝက်မလေးတစ်ကောင်နှင့် ပုံမှန်ဝက်အထီးလေးနှစ်ကောင် သည် အသက်ရှင်နေသော်လည်း မွေးဖွားချိန်တွင် လူများဝိုင်းအုံ ကြည့်ခြင်းကြောင့် ဝက်မကြီးသည် ကြောက်စိတ်များဝင်ပြီးဝက်ကလေး များကို နို့တိုက်ကျွေးရန်ပင်အနား အကပ်မခံ သဖြင့် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
The Union
0 comments:
Post a Comment