ကမ္ဘာလှည့်ခရီးသည်များအတွက် ပဲရစ်က အထင်ကရတံတားတစ်ခုဖြစ်တဲ့ တံတားအကာ
သံဇကာများတွင် သော့ခတ်ထားလေ့ရှိသည့် ထိုတံတားအကာဟာ
သော့များ၏အလေးချိန်ကြောင့် ကွာကျခဲ့ကြောင်း သိရသည်။
ကံကောင်းသည်မှာ ကွာကျသော တံတားအကာ အရံမှာ မြစ်ထဲသို့ ပြုတ်ကျခြင်း မဟုတ်ဘဲ တံတားပေါ်သာ ပြုတ်ကျခြင်းဖြစ်သည့် အတွက် အလွန်အသွားအလာများသော ထိုမြစ်အတွင်းက သဘောင်္ာတွေ ၊ လှေတွေ ၊ ခရီးသွးတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ခြင်းဖြစ်သည်။
ထိုတံတားသို့ လာရောက်လည်ပတ်သူများဟာ အချစ်သင်္ကေတ အနေနဲ့ သော့ပေါ်တွင်စာရေး သော့ခတ်ပြီး သော့ကို မြစ်ထဲပစ်ချလေ့ရှိကြပြီး ထိုတံတားဟာ ကမ္ဘာလှည့်ခရီးသည်များအား ပဲရစ်မြို့၏ တခုတ်တရ ဆွဲဆောင်နိုင်စွမ်းရှိသော နာမည်ကြီးတံတားလည်း ဖြစ်သည်။
ယခုအခါ ထိုတံတားအား ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
Source : Dailymail

0 comments:
Post a Comment