2 Aug 2014

ooredoo ဆင်းကဒ်အလုံအလောက်ချပေးထားသည့်အတွက် ကျပ်၁၅၀၀ထက်ပိုပေး မ၀ယ်ကြရန် ကုမ္ပဏီမှ ပြောကြား


ရန်ကုန်- သြဂုတ် ၂
ဆင်းကဒ်များအားအလုံအလောက်ချပေးထားသည့်အတွက်ကျပ်(၁၅၀၀)ထက်ပိုမိုပေး၍မ၀ယ်ကြရန်
အဆိုပါကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် Ross Cormack
က ယနေ့ ပြုလုပ်သည့် ooredoo ဆင်းကဒ်များစတင်မိတ်ဆက်သည့်အခမ်းအနားတွင်ပြောသည်။

 
"ဒီဆိုင်မှာဈေးကြီးနေလို့ ရှိရင်နောက်တစ်ဆိုင်ပြောင်းဝယ်ကြပါ၊ဆိုင်တွေလည်းခြေလှမ်းအနည်းငယ်
လှမ်းယုံနှင့်တွေ့ မှာပါ၊ဒါကြောင့်ဘယ်သူမှပိုမ၀ယ်ကြပါနဲ့ "ဟု၎င်းက
ဆက်ပြောသည်။

 
လက်ရှိတွင် ooredoo ဆင်းကဒ်များကိုရန်ကုန်မြို့ ၊မန္တလေးမြို့ နှင့်နေပြည်တော်တို့ တွင်စတင်ရောင်းချပေးလျှက်ရှိရာ
အချို့ သောဆိုင်များမှာသတ်မှတ်ထားသည့်ကျပ်(၁၅၀၀)
တန်နှုန်းထက်ပို၍ဈေးတင်ကာရောင်းချလျှက်ရှိနေကြောင်းဈေးကွက်အ
တွင်းမှသိရသည်။ AZ


Popular Myanmar News Journal 
 

0 comments:

Post a Comment